ဒိဋ္ဌိပြုတ် နေ့အလုပ်ပေးတရားတော်
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
ဟောကြားဆုံးမတော်မူသော
ဒိဋ္ဌိပြုတ်
နေ့ အလုပ်ပေး တရားတော်
၁၃၂၂ ခု၊ နယုန်လဆန်း ၃ ရက်
(၂၇-၅-၆၀)(ခန့်မှန်း)
အပါယ်လေးပါး သွားစေတတ်တာ
မဂ်လေးပါးမှာ သောတာပတ္တိမဂ်က ရှေးဦးစွာ မဂ်ဘဲ၊ ရှေးဦးစွာ မဂ်က နည်းနည်းကလေး သတ္တိညံတာနဲ့ ဒကာ ဒကာမတွေ မှတ်ထားကြပါတဲ့၊ အပါယ်လားစေတတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ သီလတဗ္ဗ အရာမာသ လောဘ ဒေါသ မောဟ ခြောက်ခု လို့မှတ်ပါနော် (မှန်ပါ့) အပါယ်ကိုလားစေတတ်တဲ့ ဒိဋ္ဌိဝိစိကိစ္ဆာ (မှန်ပါ့)။
သီလဗ္ဗတ ပရာမသ ဆိုတာက ဒကာ ဒကာမတွေမှာ မရှိပါဘူး၊ ဗုဒ္ဓဘာသာ ဖြစ်နေတော့ မရှိတော့ဘူး၊ ပြီးတော့ အပါယ်ကိုသွားစေတတ်တဲ့လောဘ၊ အပါယ်ကိုသွားစေတတ်တဲ့ဒေါသ၊ အပါယ်သို့ သွားစေတတ်တဲ့ မောဟ လို့ ဆိုတော့ ဪ ဒီခြောက်ခုကို ဒကာ ဒကာမတို့ သောတာပတ္တိမဂ်က ပယ်လိုက်တယ်။
ဒါကြောင့် “စတူဟာပါ ယေဟိစ၊ ဝိပ္ပမုတ္တော” စတူဟာ ပါယေဟိစ = အပါယ်လေးပါးတို့မှလဲ၊ ဝိပ္ပမုတ္တော = လွတ်တယ်ကွတဲ့၊ ခြောက်ခုပယ်လိုက်တာ (မှန်ပါ့)။
ဒီခြောက်ခုကို သောတာပတ္တိမဂ်ရတော့ ဒုက္ခချုပ်တဲ့ နိဗ္ဗာန်ကို မြင်တဲ့ဉာဏ်က ပယ်လိုက်တယ် (မှန်ပါ့) ဒီဉာဏ်လဲ ဝမ်းထဲရောက်ပါရော အနုသယသဘောနဲ့ အမြစ်တွယ်ပြီး သကာလ နေတဲ့ ပြိုင်ဘက်လဲ သတ္တိထွက်မလာဘဲနေတဲ့ ခြောက်ခု ဟာ မောင်းနိုင်ပြုတ်သွားတယ် (မှန်ပါ့)။
ဘယ်နှစ်ခုပြုတ်သွားသတုံး
ဒကာ ဒကာမတွေ ဘယ်နှစ်ခုပြုတ်သွားသတုံး (ခြောက်ခုပြုတ်သွားပါတယ်) ဒါဖြင့် အပါယ်လေးပါး သွားစေတတ် တာဘယ်နှစ်ခုပါလိမ့် (ခြောက်ခုပါ ဘုရား)။
ခြောက်ခုလို့မှတ်ထားလိုက်တော့ ဪ အပါယ်လေးပါးကြောက်လို့ရှိရင်ဖြင့် အပါယ်လေးပါးရောက်တဲ့တရားကို ဝမ်းထဲမှာ မဂ်နဲ့ ဖယ်ထုတ်မှသာလျှင် ကိုစောမောင် လွတ်သွားတယ် (မှန်ပါ့)။
ဒီအတိုင်း အပါယ်ကြောက်ပါတယ်လို့ ငရဲလဲ မသွားချင်ပါဘူး၊ တိရစ္ဆန်လဲ မသွားချင်ပါဘူး၊ ပြိတ္တာလဲ မသွားချင် ပါဘူး၊ အသူရကာယ်လဲမဖြစ်ချင်ရုံနဲ့လဲ ကိုစံလှ မပြီးသေးပါဘူး (မှန်ပါ့)။
ဖြစ်ကြောင်းတရားကို ဝမ်းထဲမှာ ပယ်ပစ်လိုက်လို့ရှိရင်တော့ ဖြစ်စရာမြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
ဒါဖြင့် အပါယ်သွားစေတတ်တဲ့တရား ဘယ်နှစ်ပါးပါလိမ့် (ခြောက်ပါးပါ ဘုရား) ဒိဋ္ဌိဝိစိကိစ္ဆာ သီလဗ္ဗတ ပရမာသ၊ ဒီဘက်က သုံးခု၊ အပါယ်သွားစေတတ်တဲ့ လောဘ ဒေါသ မောဟ ဘယ်နှစ်ခုပါလိမ့် (ခြောက်ခုပါ ဘုရား)။
ဒါမဂ်ရမှ ပြောင်စင်သွားမယ်ဆိုတာ ဒကာ ဒကာမတို့ အကဲခတ်ကြည့်စမ်း (သောတာပတ္တိမဂ်ရမှပါ ဘုရား) မဂ်မရ သေးလို့ရှိရင် သူတို့သည် ဒကာ ဒကာမတို့ တခု ကိုစောမောင်တို့ မြင်ပါတယ်၊ မောင်နိုင်တို့မြင်ပါတယ်၊ မျိုးစေ့ကလေးတွေ ဟာ မြေထဲမှာ မြှုပ်နေတာ ရှိတာဘဲ (မှန်ပါ့)။
မိုးကလေးနဲ့တွေ့ရင်တော့ အညွန့်ကလေးတွေ အညှောင့်ကလေးတွေ ထွက်လာကြတာဟာ နဂိုရ်က မမြင်ရပါဘူး (မှန်ပါ့) မြင်ရရဲ့လား (မမြင်ရပါ ဘုရား)။
မိုးကလေးတွေကျလာတော့ ဒကာ ဒကာမတို့ ဟိုနေရာက အရွက်ကလေးနှစ်ခုနဲ့၊ ဟိုနေရာက အရွက်ကလေးသုံး ခုနဲ့ မြေထဲက ထွက်ထွက်လာကြတယ် (မှန်ပါ့) ဒါဖြင့် သူမြေထဲငုတ်နေလို့ပေါ့ဗျာ (မှန်ပါ့)။
သူတို့ခြောက်ခုဟာ ငုတ်နေတယ်
ဒီမှာလဲ ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျောင်းဒကာ ဘုရားဒကာ ဖြစ်ပြီးတော့နေလို့၊ ဘုရားရှိခိုးနေလို့ ဒကာ ဒကာမတို့ ဘုရားရှစ်ခိုးပြီး ဆွမ်းကလေး ကွမ်းကလေး ကျွေးနေလို့ သူတို့ခြောက်ခုဟာ မောင်နိုင်ရဲ့ ငုတ်နေတယ် (မှန်ပါ့) ငုတ်ပြီး သကာလ နေတဲ့တရား ဘယ်နှစ်ပါးပါလိမ့် (ခြောက်ပါးပါ ဘုရား)။
ခုနေကပြောခဲ့တဲ့ သူ့အာရုံနဲ့တိုက်ဆိုင်ပြီ ဆိုမှဖြင့် ဒီ ဒိဋ္ဌိတို့ ဝိစိကိစ္ဆာ သီလဗ္ဗတ ပရာမာသတို့၊ အပါယ်သွားစေတတ် တဲ့ လောဘ ဒေါသ မောဟတွေဟာ တခါတည်း သူ့အာရုံနဲ့တွေ့ရင် ဒီခြောက်ခုဟာ ဝုန်းကနဲ ပေါ်လာတာဘဲ (မှန်ပါ့) ပေါ်လာသည်နဲ့ တပြိုင်နက်တည်း ဒကာ ဒကာမတွေ သူတို့က ပဋိစ္စသမုပ္ပါဒ် စလာတာဘဲ (မှန်ပါ့)။
ကိုစံလှ ဘာလုပ်သလဲ (ပဋိစ္စသမုပ္ပါဒ် စလာပါတယ် ဘုရား)။
ကြပ်ကြပ်သတိထား နားထောင်ပါ ဒကာ ဒကာမတွေ အပါယ်သို့သွားစေတတ်တဲ့ လောဘကို မပယ်သေးလို့ရှိရင် လဲ သူ့သားအာရုံနဲ့ တိုက်ဆိုင်၊ သမီးအာရုံနဲ့ တိုက်ဆိုင်လာရင် ဒီလောဘ ဟာအပါယ်ကျလောက်အောင် သွားရတဲ့ လောဘ လဲရှိတယ်နော် (မှန်ပါ့)။
အပါယ်ကျ လောက်အောင် သွားတဲ့ လောဘလဲရှိတယ် (မှန်ပါ့) သောတာပတ္တိမဂ် မရသေးလို့ရှိရင်ဖြင် အပါယ်ကျ စေတတ်တဲ့ လောဘလဲ သူက ခေါင်းဆောင် လုပ်ပြီး ထွက်လာတာဘဲ (မှန်ပါ့) ကိုစံလှ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အနုသယသဘောနဲ့ ကိန်းအောင်းနေတယ်
ဒါဖြင့် ဒကာ ဒကာမတို့ ဝမ်းထဲမှာ ဒီဥစ္စာ အနုသယ သဘောနဲ့ ကိန်းအောင်းနေတယ်၊ အပါယ်ချဖို့ရာ အလုပ်ကို သူတို့အခွင့်ကြုံလာရင် ချလိမ့်မယ်၊ ဒါဖြင့် သူတို့ကို မောင်နိုင်တို့ ကိုစောမောင်တို့ ကိုစံလှတို့က အမြစ်ပြတ်အောင်လုပ်ဖို့ အရေးကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
ဘာလုပ်ဖို့ အရေးကြီးပါလိမ့် (အမြစ်ပြတ်အောင် လုပ်ဖို့ အရေးကြီးပါတယ်) အမြစ်ပြတ်အောင်လုပ်ဖို့ အရေးကြီးတယ် ဆိုတော့ သူတို့၏အမြစ်ကိုရှာကြစို့ (မှန်ပါ့)။
ဒီခြောက်ခုသည် ဒိဋ္ဌိဝိစိကိစ္ဆာ ပယ်လိုက်ရင် (လေးခု ပါသွားပါတယ်) လေးခု ပါသွားတယ်ဆိုတော့ ဒကာ ဒကာမတို့ ဒီနှစ်ခု ပယ်ဖို့ရာ အရေးကြီးတယ်၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာပယ်ရမလဲ (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ရပါမယ်)။
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ ပယ်ရမယ်၊ ဒါမပယ်သေးလို့ရှိရင်ဖြင့် ဥပရိ မိဖုရားကြီးသေတော့ တိရစ္ဆာန်ဘုံသွားပြီး နောက်ချေးပိုးထိုး ဖြစ်တယ်၊ ဒါမပယ်ရင် (မှန်ပါ့) ဒါပယ်တဲ့အလုပ်မလုပ်ရင် (မှန်ပါ့)။
ဒါဖြင့် စိတ်ချလက်ချ ဒကာ ဒကာမတွေက နေချင်ကြလို့ရှိရင် ဆရာဘုန်းကြီးက အကူအညီပေးပြီး နေကြတော့ ဟေ့လို့ ပြောမှာဘဲ (မှန်ပါ့)။
အခုတော့ဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိကလဲမပြုတ်သေး၊ ဝမ်းမြောက်စရာတွေကလဲ မကုန်သေးတော့ စိတ်ချလက်ချ မနေကြနဲ့၊ ယနေ့ ယောကျာ်းကောင်းစင်စစ်၊ နက်ဖြန် ခွေးဖြစ်နိုင်တယ် သေလို့ရှိရင် (မှန်ပါ့)။
ကိုစောမောင် ယနေ့ ယောကျာ်းကြီး တဖါးဖါးနဲ့ နက်ဖြန် စုတေမနေ သေလွန်တော့ ခွေးဝမ်းထဲသွားပြီး ခွေးဖြစ်နိုင် တယ် (မှန်ပါ့)။
ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ မပယ်လို့
ဘာမပယ်လို့ပါလိမ့် (ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာ မပယ်လို့ပါ ဘုရား) ကိုစံလှ ဒါအရေးကြီးလို့ပြောတာနော် (မှန်ပါ့)။
နောက် ဒကာ ဒကာမတွေ ဒါမပယ်သ၍ ကာလပတ်လုံး ကျောင်းဆောက်နေဦး၊ ဘုရားတည်နေကြပါ ဒကာ ဒကာမတို့ ဒါကတော့ ဝမ်းထဲမှာ ရှိနေသေးလို့ရှိရင်ဖြင့် ကျောင်းဆောက်တာလဲ တခြား၊ ဘုရားတည်တာက တခြား သုဂတိ သွားမှာဘဲ၊ သုဂတိကနေ ပြန်ပြီး သူတို့နှစ်ခုက အပါယ်လေးပါး ဆွဲချမှာဘဲ (မှန်ပါ့ ဘုရား) ကိုစံလှ စိတ်ချရရဲ့လား (စိတ်မချ ရပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီအရေးသည် ဒကာ ဒကာမတို့ ထမင်းမစားနိုင် ကားမဝယ်နိုင်တဲ့အရေးဟာ ဒါလောက်မကြီးပါဘူး ကိုစောမောင် (မှန်ပါ့) ဒီနှစ်ခုမပယ်နိုင်တဲ့အရေးဟာ အကြီးဆုံးထားပါ (မှန်ပါ့)။
ဘာကြောင့်တုံး လို့ဆိုတော့ ငရဲမျိုးစေ့နှစ်ခု ဝမ်းထဲမှာ ရှိနေတော့ ငရဲကောင် ဖြစ်လိမ့်ဦးမယ်လို့ မောင်နိုင် မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အပါယ်လေးပါးမျိုးစေ့ရှိနေသေးတော့ အပါယ်လေးပါး ရောက်နိုင်သေးတယ်ဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။
အဲ့ဒီတော့ ထမင်းမစားရလို့ အပါယ်မရောက်ပါဘူး၊ ကားမစီးရလို့ အပါယ်မရောက်ပါဘူး၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒါနှစ်ခုမပယ်နိုင်ရင်တော့ဖြင့် ရောက်ကြရလိမ့်မယ် (မှန်ပါ့) ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပယ်မှ ကိစ္စပြီးမယ်နော် (မှန်ပါ့ ဘုရား)။
သူတို့နှစ်ခုလဲ ပယ်လိုက်ပါရော ကိုစောမောင် အပါယ်ကျစေတတ်တဲ့ လောဘ ဒေါသ မောဟ ကုန်ပြန်တာဘဲ၊ သူတို့ နှစ်ခု ခေါင်းဆောင်ဖြုတ်လိုက်တာကိုး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒီအထဲကမှ ဒကာ ဒကာမတို့ အင်္ဂုတ္ထိုရ်ပါဠိတော်ကလာပြန်လို့ အို ဒိဋ္ဌိဖြုတ်ပါကွ၊ ဝိစိကိစ္ဆာအလိုလို ပါသွားပါတယ် တဲ့၊ ဟောဒီတစ်ခုဘဲ ဖြုတ်ရမယ် (မှန်ပါ့)။
ဒိဋ္ဌိဖြုတ်လိုက်ရင် ဘာတဲ့တုန်း
အင်္ဂုတ္ထိုရ်ပါဠိတော်က ဒိဋ္ဌိဖြုတ်လိုက်ရင် ဘာတဲ့တုန်း (ဝိစိကိစ္ဆာပါသွားပါတယ်) ဪ ဒါဖြင့် ဒီတစ်လုံးကလေးဖြုတ် ဖို့အရေးဟာ တို့အရေးဘဲ၊ သူ့ဖြုတ်လိုက်ရင် အပါ်ယ်လေးပါးလွတ်သွားပြီ၊ အထက်သံသရာကနေပြီး နိဗ္ဗာန်သွားရုံဘဲ ဆိုတာ အထူးသေချာပါတယ် (မှန်ပါ့)။
ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဧကော ဓမ္မောဆိုတဲ့ တလုံးကိုဖြင့် ဒါကလေး ပယ်နိုင်တဲ့နည်းကိုလဲ ဆရာဘုန်းကြီးကလဲ ရေရေလည်လည်ပြောပါမယ်၊ ဒကာ ဒကာမတွေကလဲ တရားနာရင်း ခန္ဓာကိုယ် ဉာဏ်စိုက်လိုက်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
နည်းကတော့ ဘုန်းကြီးပြောတဲ့စကာ နားထောင်တာပေါ့ဗျာ ဉာဏ်ကတော့ ဘယ်စိုက်ရမလဲ (ခန္ဓကိုယ် စိုက်ရပါမယ် ဘုရား)။
အဲ ဒီလိုကျတော့ကို ဘုရားလက်ထက်က တရားနာရင်း သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များက ဘုရား တရားဟောတာ ကိုတော့ သူနားကစိုက်တယ်၊ နားကစိုက်လို့ နားကကြားတယ်၊ သူ့ဉာဏ်က ခန္ဓာထဲမှာ ဒိဋ္ဌိသတ်တယ်၊ ဒါကြောင့် သောတာပန် တည်သွားတာ (မှန်ပါ့)။
ဒါဖြင့် သောတာပန်တည်မှသာလျှင် မောင်နိုင်ရေ အပါယ်လေးပါး လွတ်မယ်ဆိုတော့ သောတာပန်တို့ရတဲံ နိဗ္ဗာန် ဘာနိဗ္ဗာန်ပါလိမ့်မတုံး ဆိုတော့ ဒိဋ္ဌိပြုတ်တဲ့ နိဗ္ဗာန်လို့ မှတ်လိုက် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
သောတာပန်တို့ ရောက်တဲ့ နိဗ္ဗာန်ဟာ ဘာနိဗ္ဗာန်ပါလိမ့် (ဒိဋ္ဌိပြုတ်တဲ့နိဗ္ဗာန်ပါ) ဒိဋ္ဌိပြုတ်တဲ့ နိဗ္ဗာန်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)။
ဒိဋ္ဌိပြုတ်တဲ့နိဗ္ဗာန်
ဒိဋ္ဌိပြုတ်တဲ့နိဗ္ဗာန်ကို ရတယ် ကိုစောမောင် (မှန်ပါ့ ဘုရား) သေသေချာချာမှတ်ကြစမ်းပါ (မှန်ပါ့)။
ဒကာ ဒကာမတို့ နဂိုရ်တုန်းက အပါယ်သွားတဲ့တရား ဘုန်းကြီး ဘယ်နှစ်ပါးရှင်းပြခဲ့သလဲ (ခြောက်ပါးပါ ဘုရား) ခြောက်ပါးထဲကမှ တခါ အရေးမကြီးတာတွေ ဖြုတ်လိုက်ပြန်တော့ အရေးကြီးတာက ဒိဋ္ဌိဝိစိကိစ္ဆာကျန်နေတယ် (မှန်ပါ့ ဘုရား)။
အဲ့ဒါတောင်မှလဲ ဝိစိကိစ္ဆာမပြုတ်ချင်နေပါ၊ ဒိဋ္ဌိပြုတ်ရင် ဝိစိကိစ္ဆာ အတွဲလိုက်ပါသွားပါတယ်ဆိုသဖြင့် တလုံးတည်း ဖြုတ်ရမယ် (မှန်ပါ့) တလုံးတည်း ဖြုတ်လိုက်တာနဲ့ အပါယ်လေးပါးတံခါးပိတ်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဒီ တလုံးတည်းဖြုတ်လိုက်တာနဲ့ ဘာဖြစ်သတုံး (အပါယ်တံခါးပိတ်ပါတယ်)။
ဒါဖြင့် ဒီတလုံးတည်းဖြင့် ဘုရား နည်းသာပေးပါတော့၊ ဖြုတ်တဲ့နည်းကို တပည့်တော်တို့ကို ပေးသာပေးပါတော့၊ ကိုယ့်ငရဲမီးကို ကိုယ်ငြိမ်းပါတော့မယ်၊ ကိုယ့်ဝမ်းထဲမှာရှိတဲ့ ငရဲမီးကို ငြိမ်းပါတော့မယ်၊ တခါတည်း တပည့်တော်တို့ ဖြုန်းတီး ပစ်လိုက်ပါတော့မယ်ဆိုလို့ရှိရင် ဒိဋ္ဌိတချက်ပယ်လိုက်ရင် မျိုးစေ့ကုန်သွားမှာဘဲ (မှန်ပါ့ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိကိုပယ်လိုက်ရင် (မျိုဲးစေ့ကုန်သွားပါမယ်) ဘာမျိုးစေ့ပါလိမ့် ဒကာ ဒကာမတို့ (အပါယ်မျိုးစေ့ပါ ဘုရား) အပါယ်မျိုး စေ့ကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မှတ်လိုက်ကြစမ်းပါနော် (မှန်ပါ့ ဘုရား) အပါယ်မျိုးစေ့ဆိုတာကော သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒါဖြင့် ဒီမျိုးစေ့ရှိလျက်နဲ့ ဒကာ ဒကာမတွေက လှူနေတယ် တန်းနေတယ်ဆိုတော့ လှူတန်းတာဟာ အကျိုးရှိ ပါတယ် ကိုစောမောင်ရဲ့ (မှန်ပါ့)။
ခံစား စံစားပြီး သူဆွဲချမယ်
ကျောင်းဆောက် ဘုရားတည်တာတွေဟာလဲ အင်မတန်ကျေးဇူးရှိပါတယ်၊ လူ့ပြည် နတ်ပြည် သွားမှာတွေပါဘဲ၊ သုဂတိသွားနိုင်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
သို့သော် ဒိဋ္ဌိဝမ်းထဲက မဖြုတ်ခဲ့လို့ရှိရင် ဟိုအကျိုးပေးတွေ ခံစား စံစားပြီး သူဆွဲချမယ် (မှန်ပါ့) သူက ဆွဲချလိမ့်မယ်နော် (မှန်ပါ့)။
အဲ့ဒီတော့ စိတ်ချ လက်ချ ကျုပ်တို့ ဒီဟာဖြုတ်ပြီးမှ လုပ်လိုက်လို့ရှိရင် အထက်ကတော့ အောက်ပြန်မဆင်း၊ အထက်သို့သာတက်ပြီး နိဗ္ဗာန်ဝင်ရုံဘဲရှိတယ်ဆိုတော့ ကိုပေါ် ဒါဖြုတ်ရလိမ့်မယ် (မှန်ပါ့)။
အားလုံး တရားတပွဲလုံး သတိပေးလိုက်ပါတယ်၊ အရေးအကြီးဆုံး ဘာဖြုတ်ရမှာပါလိမ့် (ဒိဋ္ဌိဖြုတ်ရမှာပါ ဘုရား) ဒိဋ္ဌိဖြုတ်လိုက်ရင် ကျန်ငါးခုပါသွားပြန်ပြီ (မှန်ပါ့ ဘုရား) ခေါင်းဆောင် ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား)။
ဒါဖြင့် သောတာပန်တည်တဲ့ ပုဂ္ဂိုလ်များဟာ အပါယ်လေးပါးတံခါးပိတ်ပြီး မဖြစ်ကောင်းတဲ့ ခြောက်ဋ္ဌာနကို မဖြစ်လိုက် တာသည် ဘယ်ဟာဖြုတ်လိုက်လို့ပါလိမ့် (ဒိဋ္ဌိဖြုတ်လိုက်လို့ပါ ဘုရား)။
ဒကာ ဒကာမတို့ ဘာဖြုတ်သတုံး (ဒိဋ္ဌိဖြုတ်ပါတယ် ဘုရား)။ ကဲ ဒါဖြင့် ဒိဋ္ဌိဖြုတ်တဲ့အရေးလောက် ကြီးတဲ့ အရေးဟာ ဖြင့် မရှိဘူးဆိုတဲ့ ဥစ္စာကို စောစောစီးစီး သိထားဖို့ အရေးကြီးတယ် (မှန်ပါ့)။
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) သောတာပန်တည်ချင်ရင် ဘာဖြုတ်ရမတုံး (ဒိဋ္ဌိဖြုတ်ရပါမယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီဒိဋ္ဌိသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ခန္ဓာထဲသူရောက်ပြီး သကာလ နေတာဟာ ဘယ့်နှယ့်ကြောင့်ဒိဋ္ဌိဆိုတဲ့ အမှန်တရား ခန္ဓာထဲမှာ ရောက်နေပါလိမ့်မလဲလို့ မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
သူဟာခန္ဓာထဲမှာ မျိုးစေ့အဖြစ်နဲ့နေတဲ့ဥစ္စာ သူသည်ကားလို့ဆိုရင် ခန္ဓာထဲမှာ မျိုးစေ့အဖြစ်နဲ့ ရောက်ရောက် ရောက်ရောက် နေပါလိမ့်မယ်၊ ဘဝပေါင်းများစွာ ခန္ဓာရယ်လို့ဖြစ်ရင် သူပါလာတာဘဲ (မှန်ပါ့)။
သူက ပါပါ ပါပါပြီးလာတာ ဘယ့်နှယ့်ကြောင့် ပြောင်းပါလိမ့်မတုံး၊ ဒီဒိဋ္ဌိ ပါပါ ပါပါလိမ့်မတုံး လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ခန္ဓာငါးပါးကိုမသိရာကလာတယ်
လိုတဲ့အခါကျတော့ ဒကာ ဒကာမတွေ တဲ့၊ ခင်ဗျားတို့ ခန္ဓာငါးပါးကိုမသိရာကလာတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုစောမောင် ဘယ်ကလာသတုံး (ခန္ဓာငါးပါး မသိရာကလာပါတယ်) ခန္ဓာငါးပါးက ခန္ဓာငါးပါး မသိတာက ဒိဋ္ဌိ တွဲနေတဲ့ မောဟ (မှန်ပါ့) ငဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) အဲ့ဒီ ခန္ဓာငါးပါးဘဲလို့ မသိတာက (ဒိဋ္ဌိတွဲနေတဲ့ မောဟပါ ဘုရား)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမသိခြင်းကြောင့် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဘယ်ကလာပါသတုံး (ခန္ဓာငါးပါးကလာပါတယ်) ခန္ဓာငါးပါးကို ခန္ဓာငါးပါးရယ်လို့ မသိမှုကလာသည် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်းယနေ့ ခန္ဓာငါးပါးက လာတယ်ဆိုတော့ ခန္ဓာငါးပါးကို သိတဲ့ပုဂ္ဂိုလ်မှာလာတာလား၊ မသိတဲ့ပုဂ္ဂိုလ်မှာ လာတာလား (မသိတဲ့ပုဂ္ဂိုလ်မှာ လာတာပါ ဘုရား)။
ဪဒါဖြင့် ဒကာ ဒကာမတို့ သိအောင် ပြောပေးမည့် ကလျာဏမိတ္တ၊ ကလျာဏ = ကောင်းတာ၊ မိတ္တ = အဆွေခင် ပွန်း၊ ကောင်းသော ဆရာသမား၊ ကောင်းသော အဆွေခင်ပွန်းနဲ့ တွေ့လိုက်ပြီဆိုမှဖြင့် ခန္ဓာရယ်လို့ ခင်ဗျားတို့ဉာဏ်ထဲမှာသိ၊ မခိုင်တာ မမြဲတာ သိလို့ရှိရင် ဒီခန္ဓာဟာ ရှိကိုမရှိဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒိဋ္ဌိဘယ်ကလာပါလိမ့်
ဒါဖြင့် ဒိဋ္ဌိဘယ်ကလာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာမသိမှုက လာပါတယ် ဘုရား)။
ခန္ဓာကို မသိမှုက လာတယ်ဆိုတော့ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာသိအောင် ပြောပေးမည့်ဆရာများ ခင်ဗျား တို့ရှာကြစမ်းပါ (မှန်ပါ့)။
ဒီဆရာနဲ့တွေ့ရင် ဒီဒိဋ္ဌိပြုတ်တယ်၊ ဒီဒိဋ္ဌိပြုတ်ရင် သူနဲ့တွဲတာငါးခုပြုတ်တယ် (မှန်ပါ့ ဘုရား) ပြုတ်သည်နဲ့ တပြိုင်နက် တည်း အပါယ်လေးပါးနဲ့ ကျုပ်တို့နဲ့ အိုးစားကွဲတယ် (မှန်ပါ့ ဘုရား) ဘယ်တော့မှ မဖြစ်တော့ဘူး ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ ဘယ်ကလာသလဲ (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ဪ ခန္ဓာငါးပါး မသိမှုက လာတယ်။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးမသိသ၍ ကာလပတ်လုံး ကျုပ်တို့ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့) မပြုတ်သ၍ ကာလ ပတ်လုံး ကျုပ်တို့မှာ အပါယ်ရောက်စေတတ်တဲ့မျိုးစေ့ ဝမ်းထဲမှာ မရှိဘူးလို့ ဘယ်တော့မှ မဆိုနိုင်ဘူး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီအရေဒဟာဖြင့် အင်မတန် အရေးဘဲလို့ တရားတပွဲလုံး မှတ်နိုင်ကြပြီလား (မှတ်နိုင်ပါပြီ ဘုရား) ဒိဋ္ဌိပြုတ်ဖို့ အရေးဟာလေ (အကြီးဆုံး အရေးပါ ဘုရား) အကြီးဆုံး အရေးဆိုတာ နောက်က ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချ ပါ (ချပါတယ် ဘုရား)။
ဘာဖြုတ်ဖို့အရေးတုံး (ဒိဋ္ဌိဖြုတ်ဖို့အရေးပါ ဘုရား) ဒိဋ္ဌိဟာ ဘာမသိလို့လာပါလိမ့် (ခန္ဓာငါးပါးမသိလို့ပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး၏အကြောင်း ကောင်းကောာင်း မသိလို့ လာတာဘဲဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ပြီး သကာလ နေတော့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တယ်၊ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တယ်တော့ တစ်သိန်းလောက် လူတွေ သေလို့ရှိရင် တစ်ယောက်လောက်သုဂတိရောက်တယ်၊ အပါယ်ချည်း သွားကြတာဘဲ ကိုစောမောင် (မှန်ပါ့)။
အို ကိုစောမောင် သဗ္ဂညုတဉာဏ်တော်နဲ့ လူတွေသေတာကို ရှောက်ကြည့်တယ်နော် (မှန်ပါ့ ဘုရား) လူသေတာ တောင်တစ်သိန်းမှာ တစ်ယောက်လောက်သာ နတ်ရွာ သုဂတိ ရောက်တယ် တဲ့၊ ကျန်တဲ့ တစ်သိန်းမှာ တစ်ယောက်လျော့ တွေကဖြင့် ဒကာ ဒကာမတို့ အကုန် အပါယ်သွားကြတာဘဲ (မှန်ပါ့) ဘယ်သူပါလိမ့်မလဲလို့ သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့် လိုက်တဲ့အခါကျတော့ ဪ ဒိဋ္ဌိဘဲ တဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူကပို့လိုက်တာပါလိမ့်
ဘယ်သူကပို့လိုက်တာပါလိမ့် (ဒိဋ္ဌိက ပို့တာပါ ဘုရား) ဒိဋ္ဌိက ပို့လိုက်တယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကိုစံလှရေ ဘာအရေးကြီးတယ်ဆိုမလဲ (ဒိဋ္ဌိ အရေးကြီးပါတယ် ဘုရား) ဒိဋ္ဌိအရေးကြီးတယ်ဆိုတာ ပေါ်လာပြီ နော် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ သေသေချာချာပြောမလို့၊ သူဟာဒါလောက်အပြစ်ကြီးတယ်လို့ ဒကာ ဒကာမတို့ သိစေ ချင်လွန်းလို့ အေးအေးဆေးဆေးနားလည်ပါးလည်ရှိအောင် ပြောနေတယ်ဆိုတာ မှတ်မိကြစမ်းပါ (မှန်ပါ့) သဘောပါပြီလား (ပါပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ်ရသေးလို့ ရှိရင်ဖြင့် ခင်ဗျားတို့မှာ အပင်းမကျတဲ့ ဝေဒနာသည်လို့သာမှတ်ပေတော့ (မှန်ပါ့)။
အပင်းမကျသေးတဲ့ဝေဒနာသည်ဟာ ကိုစောမောင် သူ့မှာဖြင့် ရောဂါပျောက်ပြီလို့ ဆိုလို့ရပါ့မလား (မရပါ ဘုရား) ဘာကြောင့်တုံး (အပင်းမကျသေးလို့ပါ ဘုရား) အပင်းမကျသေးလို့။
ဒီမှာလဲ ခင်ဗျားတို့ အပင်းမကျသေးဘဲနဲ့ ကျောင်းဒကာ ဘုရားဒကာ အမျိုးမျိုးအဖုံဖုံတွေ ခင်ဗျားတို့ ဂုဏ်ယူပြီး နေငြားသော်လဲ ဒီအပင်းကြွလာရင် အပါယ်ရောက်မှာဘဲ (မှန်ပါ့) အပင်းမှ မကျဘဲကိုး၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စဉ်းစားတယ်၊ ဪ လူတစ်သိန်းသေရင် တစ်ယောက်သာ သုဂတိရောက်ပြီး ကျန်တဲ့တစ်သိန်း တစ်ယောက်လျော့တွေဟာသည် အကုန်အပါယ်လေးပါးသွားကြတယ်၊ လက်သည် ဘာပါလိမ့်မလဲလို့ ကြည့်လိုက်တော့ ဘုရားက ဘာမြင်သတုံး (ဒိဋ္ဌိမြင်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဒိဋ္ဌိကို အရင်ဖြုတ်လိုက်၊ မဖြုတ်လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျုပ်တို့သည် ကျောက်ခဲရေ ကျ ည့ွှန့်ဖုံးစရာသာရှိ၍ ပြန်တက်တော့မှာ မဟုတ်ပါဘူး ဒီ ဒိဋ္ဌိရှိ၍ (မှန်ပါ့) ကိုစောမောင် ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။
ဘယ်တရားအဆိုးဆုံးလဲ
ကဲ ဒကာ ဒကာမတို့ အဆိုးတကာ့အဆိုးဆုံးထဲမှာ ဘယ်တရားအဆိုးဆုံးလဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိကို ဒကာ ဒကာမတို့ ဘယ်မဂ်မှ ပယ်နိုင်သတုံး (သောတာပတ္တိမဂ်ကပါ ဘုရား)။
ကောင်းပြီ ဒါဖြင့် သောတာပတ္တိမဂ်မရသေးသ၍ကာလပတ်လုံး ဒိဋ္ဌိအပင်း ဝမ်းထဲက ဘယ်တော့မှ မကျဘူး (မှန်ပါ့ ဘုရား) ဒါကြောင့် ဒိဋ္ဌာနုသယလို့ ဘုရားက ဟောလိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဘာလို့ဟောသလဲ (ဒိဋ္ဌာနုသယလို့ ဟောပါတယ် ဘုရား) ဒိဋ္ဌိ က = ဒိဋ္ဌိ၊ အနုသယ က = ကိန်းနေတယ်လို့ ပြောတာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိက ဘာတုံး (ဒိဋ္ဌိပါ ဘုရား) အနုသယက ဘာတုံး (ကိန်းနေတယ်ပြောတာပါ ဘုရား)။
အဲ့ဒါကြောင့် ဒိဋ္ဌာနုသယလို့ နာမည်ပေးလိုက်တယ်၊ အနုသယကိန်းနေတယ်၊ မင်းတို့က ဘုရားရှိခိုးနေတယ်၊ သူ့ဝမ်းထဲ မှာ သတ္တိရှိနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) မင်းတို့က ကျောင်းဆောက်နေတယ် သူက ဝမ်းထဲကရွှေ့ရဲ့လား (မရွှေ့ပါ ဘုရား)။
မရွှေ့ဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ဘုရားရှိခိုးနေလို့ ဗုဒ္ဓဘာသာ စင်စင်ကြယ်ကြယ် ဖြစ်ပြီလို့ သွားမယူနဲ့ဦး ဒိဋ္ဌိအပင်းမကျသေးဘူး၊ သူက မဂ်လာမှ ပယ်မှာကိုးဗျ (မှန်ပါ့) မဂ်မှတပါး သူ့ကို နိုင်တဲ့တရားက (မရှိတော့ပါ ဘုရား)။
ကိုစံလှ ကျေကျေနပ်နပ် သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် ဘာရားရှိခိုးနေတော့ ဒီအပင်း ဝမ်းထဲက ကျပြီလား (မကျပါ ဘုရား) ဒကာကြီး လှိုင် ကျပါ့မလား (မကျပါ ဘုရား)။
မကျဘူး၊ သံယုတ်ပါဠိတော်မှာ ဘုရားကိုယ်တော်တိုင် ဟောထားတာရှိတယ်၊ ပဇဟန ဝါရ ဆိုတာရှိတယ်၊ သူ့ကို မပယ်နိုင်ဘူးကွ တဲ့၊ ပုထုဇဉ်ဟာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပုထုဇဉ်က ပယ်နိုင်ရဲ့လား (မပယ်နိုင်ပါ ဘုရား) မပယ်နိုင်တော့ သောတာပတ္တမဂ်ရအောင် လုပ်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒိဋ္ဌိဖြုတ်တဲ့အရေးလောက်ကြီးတဲ့ အရေးဟာဖြင့် မရှိဘူးဆိုတဲ့ဥစ္စာကို စောစောစီးစီး သိထားဖို့ အရေးကြီး တယ် (မှန်ပါ့)။
သောတာပန်တည်ချင်ရင် ဘာဖြုတ်ရမတုံး
ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) သောတာပန်တည်ချင်ရင် ဘာဖြုတ်ရမတုံး (ဒိဋ္ဌိဖြုတ်ရပါမယ်) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒီဒိဋ္ဌိသည်ကား လို့ဆိုလို့ရှိရင်ဖြင့် ခန္ဓာထဲသူရောက်ပြီး သကာလ နေတာဟာ ဘယ့်နှယ့်ကြောင့် ဒီဒိဋ္ဌိဆိုတဲ့ အမှားတရား ခန္ဓာထဲမှာ ရောက်နေပါလိမ့်မလဲဆို မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
သူဟာ ခန္ဓာထဲမှာ မျိုးစေ့ အဖြစ်နဲ့ နေတဲ့ဥစ္စာ သူသည်ကား လို့ဆိုရင် ခန္ဓာထဲမှာ မျိုးစေ့အဖြစ်နဲ့ ရောက်ရောက် ရောက်ရောက်နေပါလိမ့်မလဲ၊ ဘဝပေါင်းများစွာ ခန္ဓာရယ်လို့ဖြစ်ရင် သူပါလာတာဘဲ (မှန်ပါ့)။
သူက ပါပါ ပါပါ ပြီးလာတာ ဘယ့်နှယ့်ကြောင့်ပြောင်းပါ လိမ့်မတုံး ဒီဒိဋ္ဌိ ပါပါ ပါပါလိမ့်မတုံး လို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
လိုတဲ့အခါကျတော့ ဒကာ ဒကာမတွေ တဲ့၊ ခင်ဗျားတို့ ခန္ဓာငါးပါးကို မသိရာကလာတယ် (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုစောမောင် ဘယ်ကလာသတုံး (ခန္ဓာငါးပါး မသိရာက လာပါတယ်) ခန္ဓာငါးပါးက ခန္ဓာငါးပါ မသိတာက ဒိဋ္ဌိတွဲနေ တဲ့ မောဟ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးက ဘာပါလိမ့် (ခန္ဓာငါးပါးပါ ဘုရား) အဲ့ဒီ ခန္ဓာငါးပါးဘဲလို့ မသိတာက (ဒိဋ္ဌိနဲ့ တွဲနေတဲ့ မောဟပါ ဘုရား)။
အဲ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာမသိခြင်းကြောင့် ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း
ဪ ဒိဋ္ဌိဖြစ်ခြင်း၏အကြောင်း ယနေ့ ခန္ဓာငါးပါးက လာတယ်ဆိုတော့ ခန္ဓာငါးပါးကို သိတဲ့ ပုဂ္ဂိုလ်မှာလာတာလား၊ မသိတဲ့ပုဂ္ဂိုလ်မှာလာတာလား (မသိတဲ့ပုဂ္ဂိုလ်မှာလာတာပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သိအောင်ပြောပေးမည့် ကလျာဏမိတ္တ၊ ကလျာဏ = ကောင်းတာ၊ မိတ္တ = အဆွေ ခင်ပွန်း၊ ကောင်းသော ဆရာသမား၊ ကောင်းသော အဆွေခင်ပွန်းနဲ့ တွေ့လိုက်ပြီဆိုမှဖြင့် ခန္ဓာရယ်လို့ ခင်ဗျားတို့ ဉာဏ်ထဲမှာ သိ၊ မခိုင်တာမမြဲတာ သိလို့ရှိရင် ဒီဒိဋ္ဌိဟာ ရှိကိုမရှိဘူး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒိဋ္ဌိ ဘယ်ကလာပါလိမ့် ဒကာ ဒကာမတို့ (ခန္ဓာမသိမှုက လာတာပါ ဘုရား)။
ခန္ဓာကိုမသိမှုက လာတယ်ဆိုတော့ ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာသိအောင် ပြောပေးမည့် ဆရာများ ခင်ဗျား တို့ ရှာကြစမ်းပါ (မှန်ပါ့)။
ဒီဆရာနဲ့တွေ့ရင် ဒီဒိဋ္ဌိပြုတ်တယ်၊ ဒီဒိဋ္ဌိပြုတ်ရင် သူနဲ့တွဲတာ ငါးခုပြုတ်တယ် (မှန်ပါ့ ဘုရား) ပြုတ်သည်နဲ့ တပြိုင်နက် တည်း အပါယ်လေးပါးနဲ့ ကျုပ်တို့နဲ့ အိုးစားကွဲတယ် (မှန်ပါ့ ဘုရား) ဘယ်တော့မှ မဖြစ်တော့ဘူးဆိုတာဆုံးဖြတ်ချ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ ဘယ်ကလာသလဲ (ခန္ဓာငါးပါးကလာပါတယ် ဘုရား) ဪ ခန္ဓာငါးပါး မသိမှုကလာတယ်။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါး မသိသ၍ကာလပတ်လုံး ကျုပ်တို့ ဒိဋ္ဌိမပြုတ်ဘူး (မှန်ပါ့) မပြုတ်သ၍ ကာလပတ် လုံး ကျုပ်တို့မှာ အပါယ်ရောက်စေတတ်တဲ့မျိုးစေ့ ဝမ်းထဲမှာမရှိဘူးလို့ ဘယ်တော့မှ မဆိုနိုင်ဘူး (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့် ဒီအရေးဟာဖြင့် အင်မတန် အရေးဘဲလို့ တရားတပွဲလုံး မှတ်နိုင်ကြပြီလား (မှန်နိုင်ပါပြီ ဘုရား) ဒိဋ္ဌိ ပြုတ်ဖို့အရေးဟာလေ (အကြီးဆုံးအရေးပါ ဘုရား) အကြီးဆုံးအရေးဆိုတာ နောက်က ဒကာ ဒကာမတွေ ဆုံးဖြတ်ချက်ချပါ (ချပါတယ် ဘုရား)။
ဘာဖြုတ်ဖို့အရေးတုံး (ဒိဋ္ဌိဖြုတ်ဖို့အရေးပါ ဘုရား) ဒိဋ္ဌိဟာ ဘာမသိလို့ပါလိမ့် (ခန္ဓာငါးပါးမသိလို့ပါ ဘုရား) ဒါဖြင့် ခန္ဓာငါးပါး၏အကြောင်း ကောင်းကောင်းမသိလို့ လာတာဘဲဆိုတဲ့ အဓိပ္ပာယ်ဟာ ရှင်းသွားပြီ (ရှင်းသွားပါပြီ ဘုရား) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဘုရားဖြစ်ပြီး သကာလ နေတော့ သဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တယ်ြ ွသဗ္ဗညုတဉာဏ်နဲ့ ကြည့်လိုက်တော့တစ်သိန်းလောက်လူတွေသေလို့ရှိရင် တစ်လောက်လောက် သုဂတိရောက်တယ်၊ အပါယ် ချည်းသွားကြတာဘဲ ကိုစောမောင် (မှန်ပါ့)။
တစ်သိန်းမှာတစ်ယောက်
အို ကိုစောမောင် သဗ္ဗညုတဉာဏ်တော်နဲ့ လူတွေသေတာကို ရှောက်ကြည့်တယ်နော် (မှန်ပါ့ ဘုရား) လူသေတာ တောင် တစ်သိန်းမှာတစ်ယောက်သာ နတ်ရွာ သုဂတိ ရောက်တယ်တဲ့၊ ကျန်တဲ့ တစ်သိန်းမှာ တစ်ယောက်လျော့တွေကဖြင့် ဒကာ ဒကာမတို့ အကုန်အပါယ်သွားကြတာဘဲ (မှန်ပါ့) ဘယ်သူပါလိမ့်မလဲလို့ သဗ္ဗညုတဉာဏ်တော်နဲ့ ကြည့်လိုက်တဲ့ အခါကျတော့ ဪ ဒိဋ္ဌိဘဲ တဲ့၊ ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်သူက ပို့လိုက်တာပါလိမ့် (ဒိဋ္ဌိက ပို့တာပါ ဘုရား) ဒိဋ္ဌိက ပို့လိုက်တယ်ဆိုတာ သေချာကြပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ကိုစံလှရေ ဘာအရေးကြီးတယ်ဆိုမလဲ (ဒိဋ္ဌိအရေးကြီးပါတယ် ဘုရား) ဒိဋ္ဌိအရေးကြီးတယ်ဆိုတာ ပေါ်လာပြီနော် (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ သေသေချာချာပြောမလို့၊ သူဟာ ဒါလောက် အပြစ်ကြီးတယ်လို့ ဒကာ ဒကာမတို့ သိစေချင်လွန်းလို့ အေးအေးဆေးဆေး နားလည်ပါးလည် ရှိအောင် ပြောနေတယ်ဆိုတာ မှတ်မိကြစမ်းပါ (မှန်ပါ့) သဘောပါပြီ လား (ပါ ပါပြီ ဘုရား)။
အပင်းမကျတဲ့ ဝေဒနာသည်
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိမဖြုတ်ရသေးလို့ရှိရင်ဖြင့် ခင်ဗျားတို့မှာ အပင်းမကျတဲ့ ဝေဒနာသည်လို့သာမှတ်ပေတော့ (မှန်ပါ့)။
အပင်းမကျသေးတဲ့ ဝေဒနာသည်ဟာ ကိုစောမောင် သူ့မှာဖြင့် ရောဂါပျောက်ပြီလို့ ဆိုလို့ရပေါ့မလား (မရပါ ဘုရား) ဘာကြောင့်တုံး (အပင်းမကျသေးလို့ပါ ဘုရား) အပင်းမကျသေးလို့။
ဒီမှာဘဲ ခင်ဗျားတို့ အပင်းမကျသေးဘဲနဲ့ ကျောင်းဒကာ ဘုရားဒကာ အမျိုးမျိုးအဖုံဖုံတွေ ခင်ဗျားတို့ ဂုဏ်ယူပြီး နေငြားသော်လည်း ဒီအပင်းကြွလာရင် အပါယ်ရောက်မှာဘဲ (မှန်ပါ့) အပင်းမှ မကျဘဲကိုး၊ ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတွင် ဘုရားသခင် ကိုယ်တော်မြတ်ကြီးက စဉ်းစားတယ်၊ ဪ လူတစ်သိန်းသေရင် တစ်ယောက်သာ သုဂတိရောက်ပြီး ကျန်တဲ့ တစ်သိန်း တစ်ယောက်လျော့တွေဟာသည် အကုန် အပါယ်လေးပါးသွားကြတယ်၊ လက်သည် ဘာပါလိမ့်မလဲလို့ ကြည့်လိုက်တော့ ဘုရားက ဘာမြင်သတုံး (ဒိဋ္ဌိမြင်ပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဒိဋ္ဌိကို အရင်ဖြုတ်လိုက်၊ မဖြုတ်လိုက်လို့ရှိရင်ဖြင့် ခင်ဗျားတို့ ကျုပ်တို့သည် ကျောက်ခဲ ရေကျ ညွှန်ဖုံးစရာသာရှိ၍ ပြန်တက်တော့မှာမဟုတ်ပါဘူး၊ ဒီ ဒိဋ္ဌိရှိ၍ (မှန်ပါ့) ကိုစောောင် ဘယ်လောက်ဆိုးသလဲ (ဆိုးပါတယ် ဘုရား)။
ကဲ ဒကာ ဒကာမတို့ အဆိုးတကာ့ အဆိုးဆုံးထဲမှာ ဘယ်တရားအဆိုးဆုံးလဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား) ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိကို ဒကာ ဒကာမတို့ ဘယ်မဂ်မှ ပယ်နိုင်သတုံး (သောတာပတ္တိမဂ်မရသေးသ၍ ကာလပတ်လုံး ဒိဋ္ဌိအပင်း ဝမ်းထဲက ဘယ်တော့မှမကျဘူး (မှန်ပါ့ ဘုရား) ဒါကြောင့် ဒိဋ္ဌာနုသယလို့ ဘုရားက ဟောလိုက်တယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိန်းနေတယ်လို့ပြောတာ
ဘာလို့ဟောသလဲ (ဒိဋ္ဌာနုသယလို့ ဟောပါတယ် ဘုရား) ဒိဋ္ဌိ က = ဒိဋ္ဌိ၊ အနုသယ က = ကိန်းနေတယ်လို့ပြောတာ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိက ဘာတုံး (ဒိဋ္ဌိပါ ဘုရား) အနုသယက ဘာတုံး (ကိန်းနေတယ်ပြောတာပါ ဘုရား)။
အဲ့ဒါကြောင့် ဒိဋ္ဌာနုသယလို့ နာမည်ပေးလိုက်တယ်၊ အနုသယ ကိန်းနေတယ်၊ မင်းတို့က ဘုရားရှိခိုးနေတယ်၊ သူ့ဝမ်းထဲမှာ သတ္တိရှိနေတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား) မင်းတို့က ကျောင်းဆောက်နေတယ် သူက ဝမ်းထဲက ရွှေ့ရဲ့လား (မရွှေ့ပါဘုရာ)။
မရွှေ့ဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ကို ဘုရားရှိခိုနေလို့ ဗုဒ္ဓဘာသာ စင်စင်ကြယ်ကြယ် ဖြစ်ပြီလို့ သွားမယူနဲ့ဦး ဒိဋ္ဌိအပင်း မကျသေးဘူး၊ သူက မဂ်လာမှ ပယ်မှာကိုးဗျ (မှန်ပါ့) မဂ်မှတပါး သူတို့ နိုင်တဲ့တရားက (မရှိတော့ပါ ဘုရား)။
ကိုစံလှ ကျေကျေနပ်နပ်သဘောကျပြီလား (ကျပါပြီ) ဒါဖြင့် ဘုရားရှိခိုးနေတော့ ဒီအပင်းဝမ်းထဲက ကျပြီလား (မကျပါ ဘုရား) ဒကာကြီး လှိုင် ကျပါ့မလား (မကျပါ ဘုရား)။
မကျဘူး၊ သံယုတ်ပါဠိတော်မှာ ဘုရားကိုယ်တော်တိုင် ဟောထားတာရှိတယ်၊ ပဇဟန ဝါရ ဆိုတာရှိတယ်၊ သူ့ကို မပယ်နိုင်ဘူးကွ တဲ့၊ ပုထုဇဉ်ဟာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ပုထုဇဉ်က ပယ်နိုင်ရဲ့လား (မပယ်နိုင်ပါ ဘုရား) မပယ်နိုင်တော့ သောတာပတ္တိမဂ်ရအောင် လုပ်ရပါမယ်) ဒါကတော့ ဆရာအရင် သမားအရင်းမို့ ချောက်ဟောနေတဲ့တရားလဲ မဟုတ်ဘူး၊ မြှောက်ဟောနေတဲ့တရားလဲ မဟုတ်ဘူး၊ အရေးကြီးလို့ ပြောနေတယ်လို့သာမှတ်ပေတော့ (မှန်ပါ့)။
ချောက်ဟောတာလဲမဟုတ်ဘူး
ချောက်ဟောတာလဲမဟုတ်ဘူး၊ မြှောက်ဟောတာကော (မဟုတ်ပါ ဘုရား) ဘယ့်နှယ့်ပြောတာတုံး (အရေးကြီးလို့ ပြောနေတာပါ ဘုရား) အရေးကြီးလို့ပြောနေတယ်လို့ဘဲ ခင်ဗျားတို့ လေးစားစွာ မှတ်ရုံဘဲရှိတယ် (မှန်ပါ့)။
အခုဘုရားရှိခိုးနေတော့ မောင်နိုင် သူက ဘယ့်နှယ့်တုံး (ဒိဋ္ဌိမကွာပါ ဘုရား) ဟင်း အပင်းကျရဲ့လား (မကျပါ ဘုရား) မကျလို့ရှိရင် ဘုရားရှိခိုးတာက တခြား၊ သူက အပါယ်သွားမည့် အပင်းမကျ တာတော့ တခြား (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲ့ဒါသိနေတော့ ဪ ဘုရားရှိခိုးတာလဲ ဘုရားရှိခိုးတဲ့ကုသိုလ်က အကျိုးပေးတာကတမျိုး၊ သူ့မပယ်သေးသ၍ ကာလပစ်လုံး၊ အပါယ် ငရဲမျိုးစေ့တွေကလဲ သူ့မပယ်သေးသမျှကာလပတ်လုံး မင်း ဘာလုပ်နေနေကွာ ငါတနေ့နေ့ဆွဲချမယ် ဆိုတာက သူကလဲ ကြိမ်းမောင်းလျက်က တခြား (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အရေးကြီးလို့ ကြီးတယ်လို့ ဟောတဲ့တရားကိုဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးကလဲ သေသေချာချာ ရှင်းလင်းပေးပါပြီ၊ လူတစ်သိန်းသေတာ တစ်ယောက်သာ သုဂတိသွားတာကို င်မြင်တယ်ဆိုတာက အရမ်းပြောနေတဲ့စကား ဟုတ်ပါရဲ့လား (မဟုတ်ပါ ဘုရား) တကယ်မြင်လို့ပြောနေတယ်ဆိုတာကော ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
အရေးကြီးတဲ့တရားကို အရေးကြီးသလို မြင်ပြီဟေ့
အဲ့ဒီတွင်မှ နတ်တွေကော လူတွေကော ဘယ်လိုဟောလိုက်သတုံးဆိုတော့ ငါ အရေးကြီးတဲ့တရားကို အရေးကြီးသလို မြင်ပြီဟေ့ဆိုပြီး သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ ဟောတော်မူတယ်၊ ကိုစောမောင် နတ်တွေကော လူတွေကော အကုန်ဟောတော့ တာဘဲ (မှန်ပါ့) ဒီပြင်ဟာ မဟောဘဲနဲ့ ဒိဋ္ဌိဖြုတ်ဖို့ရာ ဟောလိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာဟောပါလိမ့် (ဒိဋ္ဌိဖြုတ်ဖို့ရာဟောပါတယ်) ဘယ်လိုများဟောလိုသတုံးလို့မေးတော့မှ သံယုတ် ပါဠိတော်မှာ သူကိုယ်တိုင် ဟောလိုက်တာက
သတ္တိယာ ဝယဩမဋ္ဌော၊ ဒယှ မာနောဝ မတ္ထကေ။
သက္ကာယဒိဋ္ဌိ ပဟာနာယ၊ သတော ဘိက္ခုပရိဗ္ဗဇေ။(သဂါထာဝဂ္ဂပါဠိ၊ ၁၂)
လူတစ်သိန်းသေလို့ တစ်ယောက်လောက်သာ သုဂတိရောက်ပြီး ကျန်တာတွေ အကုန် အပါယ်သွားတာဆိုတော့ ဟာ ဒုဂ္ဂတိပို့တဲ့ လက်သည်မိပြီ၊ သူ့သတ္တိဘဲ၊ ငါ၏ချစ်သားတွေ ငါ၏ သားသမီးတွေ ငါကျင့်ခဲ့တာက ဉာတတ္ထစရိယ = လောကတ္ထ စရိယ = လောကလူတွေကိုလဲ အပါယ်မကျအောင် နိဗ္ဗာန်ရောက်အောင် ကျင့်လာခဲ့တဲ့ဥစ္စာကို ကာကွယ်ရတော့မှာဘဲဆို ပြီး၊ သတ္တိယာဝိယ ဩမဋ္ဌော ဆိုတဲ့ ပါဠိဂါထာကိုဟောတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီပါဠိအဓိပ္ပာယ်က ဘာပါလိမ့်မတုံးဆိုလို့ရှိရင် မောင်နိုင်ကို တစ်ယောက်သောပုဂ္ဂိုလ်က မုန်းတာနဲ့ လှံချွန်နဲ့ အဝေး ကနေ ပစ်ထိုးလိုက်တယ်၊ ရင်ဝလှံစူးနေတယ်၊ မောင်နိုင်နဲ့ တည့်နေတယ်ဆိုရင်ဖြင် ဝေးကလဲ ဝေးသေးတယ်၊ တည့်အောင်လဲ လှံချွန်ကြီးက လာနေတယ်ဆိုရင်ဖြင့် မောင်နိုင် အတင်းရှောင်လိမ့်မယ် ဆိုတာတော့ အထူးမပြောရဘူး၊ အမြန်ဆုံးရှောင်မလား အနှေးဆုံးရှောင်မလားဆိုတာ ပြောစမ်း (အမြန်ဆုံးရှောင်မှာပါ ဘုရား)။
အဲ့ဒီထက် မြန်မြန်လုပ်ပါ
အဲ့ဒါရှောင်တာထက်ပိုမိုပြီး သူ့ကို အရင်နှင်ပစ်ရမယ်ကွတဲ့ (မှန်ပါ့) အဲ့ဒီထက် မြန်မြန်လုပ်ပါ တဲ့၊ လှံထိုးမိလို့ သေတာက တစ်ဘဝသေတာ၊ သူမဖြုတ်ရင် သူက အပါယ်လေးပါးကို အကြိမ်ပေါင်းများစွာ ချမည့်တရား (မှန်ပါ့) ဒီတော့ လှံထိုးမိတာကို ပိုမိုပြီးရှောင်သည်ထက် သူ့ကိုအမြန်ဆုံးရှောင်ရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
လှံထိုးမိတာရှောင်တာထက် (အမြန်ဆုံး ရှောင်ရပါမယ်) ပိုမိုပြီး မြန်အောင်ရှောင်ရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဦးခေါင်းမှာ ဒကာ ဒကာမတို့ ဒကာ ဒကာမတွေက ဆီကလေး ဘာကလေး လိမ်းထားတော့ ဘေးက မီးကလေး လွင့်လာတော့ မီးနဲ့ဆီနဲ့ တွေ့တော့ မီးထတောက်တယ်၊ ဦးခေါင်းမီးလောင်ရင် ဒကာ ဒကာမတို့ အမြန်ငြိမ်းပါလိမ့်မယ်ဆိုတာ ဖြင့် လူတိုင်းအလုပ်ပါဘဲ (မှန်ပါ့)။
အဲ့ဒီထက် မြန်မြန် ဒိဋ္ဌိဖြုတ်ပါတဲ့ (မှန်ပါ့) တစ်သိန်းသေလို့ တစ်ယောက် သုဂတိသွားတာမှတပါး ကျန်တာတွေ အပါယ်ရောက်တာ သူ့သတ္တိဘဲဆိုတာ သိလို့ အဖြုတ်ခိုင်းတာ (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုရားတောင်မှ ရေငုံမထားနိုင်အောင် ဖွင့်ပြောခဲ့တဲ့ စကားဖြစ်နေပြီ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရေငုံထားတာလား ဖွင့်ပြောတာလား (ဖွင့်ပြောတာပါ ဘုရား) ရင်ဝ လှံစူး ဦးခေါင်းမီးလောင်တာထက် အမြန်ဆုံး နှင်ပစ်ပါကွတဲ့ ကိုစံလှ (မှန်ပါ့)။
အမြန်ဆုံး ဘာလုပ်ရမတုံး (နှင့်ပစ်ရပါမယ်) အမြန်ဆုံးနှင့်ပစ်ရမယ်ဆိုတော့ ကိုစောမောင် ဒီ့ထက်မြန်တဲ့နည်းတော့ မရှိဘူး (မရှိပါ ဘုရား)။
ရင်ဝလှံစူးတာကို နှေးနှေးဖြုတ်ချင်ဖြုတ်
ရင်ဝလှံစူးတာကို နှေးနှေးဖြုတ်ချင်ဖြုတ်၊ ရင်ဝ လှံစူးတာလဲ ခပ်နှေးနှေးပယ်ချင်ပယ်ဦးကွ၊ ဒိဋ္ဌိလောက်ရေးမကြီးဘူး ပြောတာ (မှန်ပါ့)။
ဦးခေါင်းမီးလောင်တာ တဖြေးဖြေးမှ ငြိမ်းချင်ငြိမ်းဒိဋ္ဌိလောက် အရေးမကြီးဘူးကွ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီကတစ်ဘစ တစ်ခါသေမှာ၊ သူက အကြိမ်ပေါင်းများစွာ အပါယ်ကျမှာ (မှန်ပါ့)။
ကိုစောမောင် ဘာကြောက်စရာကောင်းသတုံး (ဒိဋ္ဌိကြောက်စရာကောင်းပါတယ်) ဒိဋ္ဌိကြောက်စရာကောင်းတယ် ဆိုတာ ဒကာ ဒကာမတွေ ပေပြီလား (ပေါ်ပါပြီ ဘုရား)။
အဲ့ဒါကြောင့် ဒကာ ဒကာမတွေ ယနေ့တရားမှာဖြင့် အရေးကြီး ကြီးသလိုဘဲ၊ ချောက်လဲ မချောက်ဘူး၊ မြှောက်လဲ မပြောပါဘူး၊ အရေးကြီးလို့ ကြီးတယ်လို့ ပြေနေတဲ့တရားကိုသာလျှင် လေးလေးစားစား မှတ်ဖို့ဘဲ (မှန်ပါ့) သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
ကောင်းပြီ ဒီဒိဋ္ဌိဟာ မောင်နိုင် ဘာမသိလို့လုပါလိမ့် (ခန္ဓာငါးပါး မသိလို့လာပါတယ်) ဒါကြောင့်
ခန္ဓာ အဝိဇ္ဇာ ဖဿစ၊ သညာကက္ကော အောနိသော။
ဒုမ္မိ တ္တော ပရတော့ ဃောသော၊ ဒိဋ္ဌိဋ္ဌာနာနိ အဋ္ဌဓာ။
ဆိုပြီး ဒိဋ္ဌိဖြစ်ခြင်းအကြာင်း ရှစ်ပါးတောင် ရှိသဟေ့ တဲ့၊ (မှန်ပါ့) သို့သော် လိုရင်းကတော့ ခန္ဓာမသိလို့ လာတာချည့်ဘဲ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘယ်ကလာပါလိမ့် (ခန္ဓာမသိလို့ လာပါတယ် ဘုရား)။
ခန္ဓာသိတဲ့ပုဂ္ဂိုလ်က အင်မတန်ရှားတာ
ဘယ်မှာတုံး ဒကာ ဒကာမတို့ ခန္ဓာသိတဲ့ပုဂ္ဂိုလ်က အင်မတန်ရှားတာဘဲ (မှန်ပါ့) ရှားတာပေါ့ မောင်နိုင်ရေ ငါမှတ်ထားတယ်ဆိုလို့ရှိရင်ဖြင့် သညာက္ခန္ဓာလို့ သိသေးရဲ့လား (မသိပါ ဘုရား)။
ငါစားကောင်းလိုက်တာလို့ဆိုပြန်တော့လဲ ဝေဒနာက္ခန္ဓာက ကောင်းတာကိုပင်လျှင် ငါဘဲထင်နေပြန်တော့ ဝေဒနာက္ခန္ဓာ သိသေးရဲ့လား (မသိပါ ဘုရား)။
ငါတွန်းလွှတ်လိုက်တာကွ ဆိုတော့ ဒကာ ဒကာမတို့ စေတနာက တွန်းတာကို စေတနာကိုဘဲ ငါထင်နေပြန်တော့ သင်္ခါရက္ခန္ဓာမှန်း သိသေးရဲ့လား (မသိပါ ဘုရား)။
ငါ ဒေါသဖြစ်လာလို့ရှိရင်တော့ကွာ မရဘူးဟေ့ အစရှိသည်နဲ့ ပြောကြတာဟာ ဒကာ ဒကာမတို့ စိတ်ကို ငါထင်နေတာတွေကော မပါဘူးလား (ပါ ပါတယ် ဘုရား)။
ငါလေကွာ လေးလုံးခြောက်ဖက်တော်တော်နဲ့ မသေနိုင် သေးပါဘူးဆိုတော့ရုပ်ကို ငါထင်နေတယ် (မှန်ပါ့) တော်တော် နဲ့ မသေနိုင်ပါဘူး တဲ့၊ လေးလုံးခြောက်ဖက် ဝဖြိုးနေတာဘဲ တဲ့၊ မသေသေးပါဘူး၊ ငါတော်တော်နဲ့ မသေဘူး တဲ့၊ ရုပ်ကို ငါထင်နေတာဘဲ (မှန်ပါ့)။
အဲ့ဒီတော့ ခန္ဓာသိတာလား၊ ခန္ဓာကို ငါလုပ်နေကြတာလား (ခန္ဓာကို ငါလုပ်နေကြတာပါ) ဒါဖြင့် ခန္ဓာက ခန္ဓာ ဟုတ်လား (မှန်ပါ့) သိတဲ့သဘောက ငါဆိုတော့ ခန္ဓာကြောင့် ဘာဖြစ်သတုံး (ဒိဋ္ဌိဖြစ်ပါတယ်) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာမသိလို့ ဘာဖြစ်ပါလိမ့်
ဒါဖြင့် ခန္ဓာမသိလို့ ဘာဖြစ်ပါလိမ့် (ဒိဋ္ဌိဖြစ်ပါတယ်) ဒါဖြင့် ဒါတွေကို အကုန် ငါထင်နေလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခန္ဓာရယ်လို့မသိတော့ ငါဟူသော ဒိဋ္ဌိက ဝင်ပူးပြီး သကာလ နေတော့ ဒကာ ဒကာမတို့ ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်တယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သတ်မှတ်ကြမယ် (ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်ပါတယ် ဘုရား) ခန္ဓာမသိလို့ ဒိဋ္ဌိဖြစ်ရတယ်ဆိုတော့ ဒကာ ဒကာမတို့ မနာလား ဗျာ (နာပါတယ် ဘုရား)။
အဲ့ဒီတော့ ခန္ဓာငါးပါးကို အနိစ္စတရားရယ်လို့ မသိတော့ ဘာလာဖြစ်သတုံး (ဒိဋ္ဌိဖြစ်ပါတယ် ဘုရား)။
ဒိဋ္ဌိဖြစ်တော့ ဒိဋ္ဌိဆိုတာ ဒကာ ဒကာမတို့ ဒိဋ္ဌိတဏှာဘဲ (မှန်ပါ့) ကိုစောမောင် ဘာတဲ့ (ဒိဋ္ဌိတဏှာပါ ဘုရား) ဒိဋ္ဌိ တဏှာလို့ တခါဘယ်က ဟောလိုက်ပြန်သတုံးဆိုတော့
ဒိဋ္ဌိ ဗန္ဓန ဗန္ဓာသေ၊ တဏှာ သော တေန ဝုယှရေ။
တဏှာ သော တေန ဝုယှန္တာ၊ နတေ ဒုက္ခာပ မုစ္စန္တိ။
ဆိုပြီး သကာလ ဟောပြန်တော့ ဪ ဒိဋ္ဌိကသာ ဖွဲ့ချည်နှောင်တုပ်ထားလို့ရှိရင် တဏှာရေထဲမှာ မျောပြီး သကာလ အပါယ်လေး ပါးမှာ မြှုပ်ရတော့မယ်ဆိုတာ ဘုရားက ဟောပြန်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အပါယ်လေးပါးဇာတိ
ကောင်းပြီ ဒါဖြင့် ဒီဒိဋ္ဌိဟာ တဏှာဘဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် တဏှာလာလို့ရှိရင် မောင်နိုင်တို့ ပဋိစ္စသမုပ္ပါဒ် ဘုရားမပွင့်လဲရှိတဲ့တရား သူ့နောက်ကဘာလိုက်မလဲ (ဥပါဒ်န် လိုက်ပါမယ်) ဥပါဒါန်နောက်က ဘာလိုက်မလဲ (ဇာတိပါ) ဇာတိဆိုတော့ ဘာဇာတိလို့ မောင်နိုင်တို့ ထင်ကြသတုံး ကဲ ဆိုကြပါစို့ အပါယ်လေးပါးဇာတိ (မှန်ပါ့)။
ဘယ့်နှယ့်ဆိုကြမလဲ (အပါယ်လေးပါးဇာတိပါ ဘုရား) မောင်နိုင်ရှေ့ကကြည့်စမ်း၊ သူ့ရှေ့ကအကောင်းတစ်ခုမှပါ ပါရဲ့လား (မပါ ပါ ဘုရား) တဏှာ ဥပါဒါန် ကံ ဒီကံပေါ်မှာလဲ ဥပါဒါန်က အုပ်ချုပ်တယ် (မှန်ပါ့) ဥပါဒါန်ပေါ်မှာ ဒိဋ္ဌိ တဏှာက အုပ်ချုပ်တယ် (မှန်ပါ့)။
ကိုစံလှ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား) ကံပေါ်မှာဘယ်သူအုပ်ချုပ်သတုံး (ဥပါဒါန် အုပ်ချုပ်ပါတယ်) ဥပါဒါန်ပေါ် ဘယ်သူက အုပ်ချုပ်သတုံး (ဒိဋ္ဌိအုပ်ချုပ်ပါတယ် ဘုရား)။
ဒီ တဏှာတွဲအုပ်ချုပ်နေတော့ သူက အကုသိုလ် အုပ်ချုပ်ခံနေရတဲ့တရားက အကုသိုလ်၏ ဩဇာခံဖြစ်နေတယ် (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အကုသိုလ်၏ ဩဇာခံဖြစ်နေတော့ အပါယ်လေးဘုံဘဲ သူပေးရမယ် (မှန်ပါ့)။
ကဲ ဘယ်ကလာတာတုံး၊ အပါယ်လေးဘုံ ပဋိသန္ဓေအဖြစ်သို့ သွားနေပြီ၊ အပါယ်ကျသွားပြီဆိုတော့ လက်သည်အရင်း သာရှာပေတော့ မောင်နိုင် (တဏှာ ဒိဋ္ဌိပါ ဘုရား) ဒိဋ္ဌိ တဏှာဘဲ၊ ကိုစံလှ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီ ဒိဋ္ဌိတဏှာကလဲ ဘယ်ကလာပါလိမ့်မတုံးလို့ တခါမေးပါဥိး (ခန္ဓာငါးပါးက လာပါတယ်) ဟော ခန္ဓာငါးပါး မသိတာက (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်ကလာသတုံး (ခန္ဓာငါးပါး မသိတာက လာပါတယ်) ခန္ဓာမသိတာက လာတယ်ဆိုတော့ ရှင်းမနေသေးဘူးလား (ရှင်းနေပါတယ် ဘုရား)။
ဪ ဒါဖြင့် လူတစ်သိန်းသေလို့ရှိရင် ဒီချည့် သွားကြတယ်ဆိုတာ ၁ – ၂ – ၃ သူတို့သုံးခု စီမံချလိုက်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကိုယ့်ခန္ဓာကို ခန္ဓာရယ်လို့လဲမသိ၊ အနိစ္စ ဒုက္ခ အနတ္တရယ်လို့ကော (မသိပါ ဘုရား) ဒုက္ခသစ္စာရယ်လို့ကော (မသိပါ ဘုရား)။
ဒိဋ္ဌိတွဲနေတဲ့ မောဟ
မသိတာက ဘယ်သူတုံး ဆိုတော့ ဒိဋ္ဌိတွဲနေတဲ့ မောဟ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ) ငါ့ကိုယ် ငါ့ဟာ ထင်နေတာ ဘယ်သူပါလိမ့် (ဒိဋ္ဌိပါ) မသိလို့ ငါ့ကိုယ် ငါ့ဟာ ထင်နေတာဟဲ့ (မှန်ပါ့) ကိုစောမောင် ကျေနပ်ပြီလား (ကျေနပ် ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှင်းရှင်းလင်းလင်းနဲ့ ဖြစ်စဉ်ကိုက်ပြောကြပါစို့၊ ဟောဒီခန္ဓာငါးပါးသမားက ခန္ဓာငါးပါးလို့ မသိတော့ မမာလာတယ်၊ ငါတော့ဖြင့် ခက်တော့မှာဘဲ မလာဘူးလား (လာပါတယ် ဘုရား)။
ငါတော့ ခက်တော့မှာဘဲဆိုတော့ ဘာလာသတုံး၊ ဒိဋ္ဌိတဏှာလာတယ် (မှန်ပါ့) ဒိဋ္ဌိတဏှာ ဘာဖြစ်လို့ လာပါလိမ့် မတုံး လို့ မေးလို့ရှိရင် ကိုယ့်ကိုယ်နဲ့ကိုယ် မခွဲချင်တဲ့ဥပါဒါန်ကြောင့် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား) မခွဲချင်တဲ့ ဥပါဒါန်ကြောင့် ဥပါဒါန်နောက်က မလိုဘူးလား (လိုက်လာပါတယ် ဘုရား)။
ဥပါဒါန်က လိုက်လာတဲ့အခါကျလို့ရှိရင်ဖြင့် ကာယံ ဝစီကံတွေက မကောင်းတာတွေက မလာပေဘူးလား (လာပါ တယ် ဘုရား) မကောင်းတဲ့ကံ လာမလား ကောင်းတဲ့ကံ လာမလား (မကောင်းတဲ့ကံလာမှာပါ ဘုရား)။
ဒါဖြင့် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဘာဇာတိပါလိမ့် (အပါယ်ဇာတိပါ ဘုရား) အပါယ်လေးပါးဇာတိဆိုတော့ ကိုစောမောင် လူတစ်သိန်းသေလို့ တစ်ယောက်မရောက်ဘူးဆိုတာ သေသေချာချာပြပြီ (မှန်ပါ့) ခန္ဓာငါးပါးကို ငါထင်နေတဲ့ ဒိဋ္ဌိကြောင့် (မှန်ပါ့) ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ် ဘုရား)။
ငါ မကယ်နိုင်တော့ဘူးလား၊ ဒီအတိုင်း ပြောကြတာဘဲ၊ ငါ့ကို ပစ်ထားကြတော့မလား တဲ့ (မှန်ပါ့) ခန္ဓာငါးပါးကို ဘာလုပ်လိုက်သလဲ (ငါလုပ်ပစ်လိုက်ပါတယ် ဘုရား) အဲ့ဒီတော့ ဒိဋ္ဌိ တဏှာ မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ့ဒီတော့ သေတဲ့လူအပေါင်းဟာ ခင်ဗျားတို့ လူမမာတွေနားမှာလဲ ဒီလးတွေ မကပ်ဘူးတဲ့လူ မရှိဘူး၊ ကိုယ့်မျိုးကိုယ့်ဆွေ ဖြစ်လာကြရင် ကပ်ကြတာဘဲ၊ မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။
ဟိုမှာလဲ လူမမာက ဘယ်အသုံမျိုး ထွက်လာသတုံးဆိုတော့ ငါတော့ ဒီတောင်က တက်မှာမဟုတ်ဘူး တဲ့ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား) ငါ ဒီတောင်က မတက်ဘူးတဲ့အပြင် ငါ့ရှိတဲ့အမွေကလေးယခုက ဝေမှထင်ပါရဲ့၊ မလာဘူးလား (လာပါတယ် ဘုရား) ဒိဋ္ဌိချည့်လာနေတာဘဲ (မှန်ပါ့ ဘုရား)။
ဘာတွေချည့်လာနေသတုံး
မောင်နိုင် ဘာတွေချည့်လာနေသတုံး (ဒိဋ္ဌိချည့်လာနေပါတယ် ဘုရား) ဒီ့ပြင်စကားကိုပါသေးရဲ့လား (မပါ ပါ ဘုရား)။
ပြီးတော့ တခါ ငါ့ သဂြိုလ်တို့ ဘယ်လောက်ထား၊ ငါ့သား ငါ့သမီးတို့ ဘယ်လောက်ထား၊ ဘာပြောနေတာတုံး (ဒိဋ္ဌိပြောပြောနေပါတယ် ဘုရား) ဒိဋ္ဌိ ပြောပြောနေတယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အဲ့ဒါကို စောမောင်ကြီးတို့က လူလည်လုပ်ပြီး သတိရရှာတယ် ကြွားချင်ကြွားနေတာ၊ ဘာသတိတုံး သူ့ဟာက (ဒိဋ္ဌိ ပါ ဘုရား) မိစ္ဆာသတိဗျ (မှန်ပါ့)။
မောင်နိုင် ဘာပါလိမ့် (မိစ္ဆာသတိပါ ဘုရား) မိစ္ဆာသတိဖြစ်နေတာကြီးကို ခင်ဗျားတို့က ဪ ဒီ့ပြင်လူနဲ့ စာရင် တော်သေးရဲ့ပေါ့ဘုရား၊ နောက်တော့ လျှောချတယ်၊ ဒီ့ပြင်လူနဲ့စာရင် တော်သေးရဲ့ဆိုတော့ ဒကာ ဒကာမတို့ အင်မတန်မဆိုး ဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် အဲ့ဒီမသာ ဘယ်သွားမတုံး မေးကြစမ်း (အပါယ်သွားမှာပါ ဘုရား) ဒီလိုမသာပေါင်း ဘယ်လောက်များ သတံဲုးမေးတော့ (မရေမတွက်နိုင်ပါ ဘုရား)။
ဒါဖြင့် တစ်သိန်းတစ်ယောက်ဆိုတာများ ရာခိုင်နှုန်းတစ်သိန်းမှာ ၁ ရတယ်ဆိုတော့ ကိုစောမောင် ယုံတော့ (ယုံပါတယ် ဘုရား) ဘယ်သူ့သတ္တိပါလိမ့် (ဒိဋ္ဌိသတ္တိပါ ဘုရား) ဒိဋ္ဌိက ဘာမသိလို့ ဒီဒိဋ္ဌိဖြစ်ပါလိမ့် (ခန္ဓာမသိလို့ပါ ဘုရား)။
ခန္ဓာငါးပါးကို အနိစ္စ ဒုက္ခ ခန္ဓာငါးပါးလို့လဲမသိ၊ အနိစ္စ ဒုက္ခလို့ကော (မသိပါ ဘုရား) ဒုက္ခသစ္စာလို့ကော (မသိပါ ဘုရား) အဲ့ဒီလိုမသိလို့ ဒီဒိဋ္ဌိဝင်တာ (မှန်ပါ့ ဘုရား) ဝင်လာတော့ ပဋိစ္စသမုပ္ပါဒ်ကလဲ ကိုစောမောင် ဘုရားမရှိခင်က ရှိနေတဲ့ တရားဗျ၊ တဏှာ ဥပါဒါန် ကံ ဇာတိ၊ ဒါ ဘယ်နည်းနဲ့မှ ဒကာ ဒကာမတို့ ရှောင်လွဲလို့ ဒကာ ဒကာမတို့ ရပါ့မလား (မရပါ ဘုရား) ကောင်းကောင်းသဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ဒါဖြင့် ဒါ အပြစ်ဖြစ်နေတယ်လို့ဆိုတာ ဒကာ ဒကာမတွေ လေးစားစွာမှတ်လိုက် (မှန်ပါ့) ဪ တယ်ထူးတဲ့ တရားပါလား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဦးခေါင်းမီးလောင်နေတာ ဖြေးဖြေးမှ ငြိမ်းချင်ငြိမ်း
ဒါဖြင့် ဘုရားက ရင်ဝလှံစူးတာ ဖြေးဖြေးမှ နှုတ်ချင် နှုတ်ကွ၊ ရင်ဝ လှံကြီးလာနေတာ ဖြေးဖြေးမှ ရှောင်ချင်ရှောင်ကွ၊ ဦးခေါင်းမီးလောင်နေတာ ဖြေးဖြေးမှ ငြိမ်းချင်ငြိမ်း၊ ဒိဋ္ဌိအရင်ဖြုတ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား)။
ကဲ ဒါဖြင့် သာမညအရေးမို့ပြောတာလား၊ အလွန့်အလွန်ကြီးတဲ့အရေးမို့ ပြောတာလား (အလွန့်အလွန် ကြီးတဲ့ အရေးမို့ ပြောတာလား (အလွန့်အလွန် ကြီးတဲ့အရေးမို့ ပြောတာပါ ဘုရား) သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ဒီနေ့တရားမှာဖြင့် ဒကာ ဒကာမတို့ မြှောက်လဲ မဟောဘူး၊ ချောက်လဲ မဟောဘူး၊ အရေးကြီးတာ ကြီးသလိုပြောတယ်ဆိုတဲ့စကားဟာ (မှန်ပါပြီ ဘုရား)။
နောက်က ဒကာ ဒကာမတွေ အရေးကြီးတာ ကြီးသလိုပြောနေတယ်၊ ခင်ဗျားတို့က မကြီးရမှာကြီးနေလို့ (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က သားလူလားမြောက်တာ အရေးကြီးတယ်ဆိုတော့ ဒိဋ္ဌိပြောတာ ယုံနေတာဘဲ (မှန်ပါ့) ဒိဋ္ဌိက သားလုပ် ထားတော့ကို ဒကာ ဒကာမတို့ သားအတွက်ခက်တယ် ပြောနေတာဘဲ (မှန်ပါ့ ဘုရား) ဒိဋ္ဌိက သမီးလုပ်ထားတော့ (သမီးအတွက် ခက်တယ်ပြောပါတယ် ဘုရား)။
အဲ့ဒါကြောင့် ကျုပ်တော့ သူတော်ကောင်းအလုပ် မလုပ်နိုင်သေးဘူး၊ အပါယ်သွားတော့မယ်လို့ ပြောလိုက်တာ (မှန်ပါ့) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ ကောင်းကောင်းရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတွေ အရေးကြီးနေတာက အရေးကြီးမည့်နေရာ ကြီးတာလား၊ အပါယ်သွားမှာ နောက်ကျတာကြောင့် ကြီးတာလားလို့ မေးဖို့ကောင်းတယ် (အပါယ်သွားဖို့ အရေးကြီးနေတာပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အမယ်လေး ဆိုးဝါးလွန်းလို့ပြောပါတယ် ဒကာ ဒကာမတို့ ဆိုးဝါးလွန်းလို့ပြောပါတယ် (မှန်ပါ့) သဘောပါကြပြီလား (ပါ ပါပြီ ဘုရား)။
အပါယ်သွားတယ်၊ ဘယ်သူ့ကြောင့်တုံး
သဘောပါလို့ရှိရင်ဖြင့် လူတစ်သိန်းမှာ တစ်ယောက်သာလျှင် သုဂတိသွားတယ်၊ ကျန်လူတွေ အပါယ်သွားတယ်၊ ဘယ်သူ့ကြောင့်တုံး (ဒိဋ္ဌိကြောင့်ပါ ဘုရား) ဒိဋ္ဌိ ဘယ်က လာသတုံး (ခန္ဓာငါးပါးက လာပါတယ် ဘုရား) ခန္ဓာငါးပါး မသိတာက လာတယ်၊ သိနေရင်တော့မလာဘူး (မှန်ပါ့)။
ဒါဖြင့် ဒီမသိမှုကို ဘယ်လောက်အရေးတကြီးဖြုတ်ရမှာတုံးဆိုတော့ ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်တာကို ရှောင်ခွဲတာ သည်ထက် သူ့အရေးတကြီးလုပ်ပါ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ရင်ဝလှံစူး၊ ဦးခေါင်းမီးလောင်တာထက် သူ့ကို ပိုပြီးမြန်ပါ (မှန်ပါ့ ဘုရား) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဒါ ဘုန်းကြီးက ပြောတာလား ဘုရားက ဟောတာလား (ဘုရားကဟောတာပါ ဘုရား)။
အဲ့ဒီတော့ ခင်ဗျားတို့က သားလူလားမြောက်၊ သမီး အိမ်ထောင်ချထားဖို့အရေးက ကျန်နေတယ်ဆိုပြီး ကိုယ့်အရေးကို ဂရုမစိုက်နဲ့ (မှန်ပါ့)။
ကိုစောမောင် ဘယ်လောက် ဆိုးဝါးနေသတုံး (ဆိုးဝါးပါတယ် ဘုရား) ငါ အပါယ်သွားခံမယ်၊ သူတို့ လူလားမြောက်တာ အရေးကြီးမယ်ဆိုတော့ အဓိပ္ပာယ်ကော မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
ငါတော့ဖြင့် အပါယ်လေးပါးက မတက်ချင်နေပါစေတော့ သူ့ကို လူလားမြောက်ရစ်ပြီး သကာလ သူတို့စားဖို့ သောက်ဖို့ ပြည့်စုံရင် တော်ရောပေါ့၊ သူတိုွှလိမ္မာရင် တော်ရောပေါ့ အစရှိသည်နဲ့ဆိုတော့ ဪ အပါယ်ကျခံမိုက်တာ ဘယ်သူပါလိမ့် မတုံးလို့ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) အမေ အဖေတွေဘဲလို့ဖြေရမယ် (မှန်ပါ့ ဘုရား) မဖြေထိုက်ဘူးလား၊ (ဖြေထိုက် ပါတယ် ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့က ဘာဘဲလုပ်လုပ် ဘုရားက တနေ့ကပြောတဲ့ ခလေး လူငယ်လူမမယ်လို့ဘဲ တွေ့တဲ့ တုတ်ချောင်းကို ကောက်မျိုတာဘဲ (မှန်ပါ့)။
လေးဘက်သွားခလေးသည် ဘာလုပ်လေ့ရှိပါလိမ့်
လေးဘက်သွားခလေးသည် ဘာလုပ်လေ့ရှိပါလိမ့် (တုတ်ချောင်း ကောက်မျိုလေ့ရှိပါတယ် ဘုရား)။
ဒါဖြင့် လေးဘက်သွား သွားလို့ရှိရင် တွေ့ရာကို ကောက်ပြီး ကိုစောမောင် မျိုလိုက်တာဘဲ၊ ပါးစပ်ထဲ ထည့်လိုက်တာဘဲ၊ အဲ့ဒါ အမေမိဘက ဖယ်ပေးချင်ပေး မပေးရင် သူကတော့ ဖြင့် ထွက်သက်ဝင်သက်ပိတ်ပြီး သေချင်သေ သူ့ဝတ္တရားကတော့ ဖြင့် တွေ့ရာကို ကောက်စားလိုက်တဲ့ ခလေးထုံးစံက ရှိတယ် (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲ့ဒါ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်က ကြည့်နေရမှာလား၊ သူ ငိုချင်ငို သွေးထွက်ချင်ထွက်ပါးစပ်ထဲက ဆွဲထုတ်လို့ အပြင်ဘက်ရောက်အောင်တော့ လုပ်ရလိမ့် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒီမှာလဲ ဆရာသမားက ခင်ဗျားတို့က ဆွမ်းတွေ ကွမ်းတွေ ကျွေးပြီးကိုးစားထားတဲ့ ပုဂ္ဂိုလ်ကျတော့ ခင်ဗျားတို့က သားရေး သမီးရေး ကြည့်ကြည့် မကြည့်ကြည့် ဒီဒိဋ္ဌိတော့ ခင်ဗျားတို့က မျိုထားတယ်၊ ဒါ သွေးပင်ထွက်ထွက် မကြိုက်ချင်နေ ကြိုက်ချင်ကြိုက် ဒီဒိဋ္ဌိဖြုတ်ပေးရမယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခုနင်က ခလေးတွေ သနားလို့ရှိရင်ဖြင့် ဪ ဒီ တုတ်ချောင်းကလေး ပါးစပ်ထဲဝင်နေတာ ယူလိုက်ရင် ဒီကျောက်ခဲကလေး ယးလိုက်ရင် သူငိုမှာစိုးနေလို့ရှိရင် ဒီအမေ ဒီအဖေ မိုက်တယ် (မှန်ပါ့ ဘုရား) မမိုက်ပေဘူးလား (မိုက်ပါတယ် ဘုရား) သေတာကြိုက်လို့ အဓိပ္ပာယ်က ရောက်တယ် (မှန်ပါ့) မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။
သေတာကြိုက်လို့ဆိုတဲ့ အဓိပ္ပာယ်က မောင်နိုင် မရောက်ပေဘူးလား (ရောက်ပါတယ်) အဲ့ဒီတော့ မျိုတာကိုကြိုက်တာ နဲ့ အသေကိုကြိုက်တဲ့အဓိပ္ပာယ်ရောက်တယ် (မှန်ပါ့) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ဒီဒိဋ္ဌိဆွဲထုတ်ရမယ် ဒီနေ့ (မှန်ပါ့) ကိုစံလှ ကြိုက်ကြိုက် မကြိုက်ကြိုက် ဘာဖြစ်ရမတုံး (ဆွဲထုတ်ရပါမယ် ဘုရား) ခင်ဗျားတို့က အပါယ်ရောက်အောင် သေခြင်းဆိုးဖြစ်မှာကိုး (မှန်ပါ့ ဘုရား) အဲ့ဒီတော့ ဒီဒိဋ္ဌိဆွဲထုတ်သင့် – ထုတ်သင့် (ထုတ်သင့်ပါတယ် ဘုရား)။
မိမိဆရာသမားက အသိဉာဏ်ရှိတဲ့ပုဂ္ဂုလ်နဲ့တူတယ်၊ ခင်ဗျားတို့က တွေ့ရာမျိုနေတာဘဲ (မှန်ပါ့) ငါ့သားဆိုပြီး မျိုလိုက်၊ ငါ့သမီးဆိုပြီးမျိုလိုက်၊ ငါ့မြေး ငါ့ကျောက်ဆိုပြီး မျိုလိုက်၊ မျိုတာတွေက တွေ့ကရာကောက်မျိုနေတာဗျ (မှန်ပါ့) ကိုစောမောင် လေးဖက်သွားခလေးနဲ့ တူနေပြီ (မှန်ပါ့)။
အဲ့ဒီတော့ သူမျိုတာတွေ ကြည့်လိုက်ပြန်လို့ရှိရင် သူ့အတွက် ဝင်သက်က ပိတ်ပြီး သူသေဖို့ရှိတော့တယ် (မှန်ပါ့) အပါယ်လေးပါး ရောက်ဖို့ချည့်ဘဲလို့ တိုးတိုးပြောတော့ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။
ဒါကြောင့် ဒီဒိဋ္ဌိကို အရေးတကြီး ဖြုတ်ပါဆိုတာ ဘုရားက ခလေးငိုတာ ကြည့်မနေနဲ့ ဆွဲသာထုတ် (မှန်ပါ့) ဒီ အဓိပ္ပာယ်တွေပြောတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌိဖြုတ်ကြစို့ဆိုတော့
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်ကြစို့ဆိုတော့ (မှန်ပါ့ ဘုရား) ဒိဋ္ဌိဖြုတ်ကြစို့ဆိုတော့ (မှန်ပါ့) မဖြုတ်ရင် မဖြစ်ရင် အလုပ်ထဲမှာဖြင့် အပါအဝင်ဖြင့် အကြီးဆုံး အရေးကြီးတာဘဲ (မှန်ပါ့) ဆိုထိုက်ပြီလား (ဆိုထိုက်ပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဘုရားကလဲ ဘယ်လောက် မြန်မြန်ထုတ်ရမယ်ဆိုတာ သူ့ကိုယ်တော်တိုင် နှုတ်က ဖွင့်ဟပြီး သကာလ နှစ်ခွန်းမပြောဘဲနဲ့ တစ်ခွန်းနဲ့ အမှန်ပြောတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်တော့ အမြန်ထုတ်မှဘဲ ကျုပ်တို့အရေး ပြီးတော့မယ် (မှန်ပါ့_ ကိုစံလှ သေချာပြီလား (သေချာပါပြီ ဘုရား)။
ကဲ ခင်ဗျားတို့ ဒီ့ပြင်ဟာတွေ အကုန် ချိတ်ထား၊ ဟုတ်ပြီလား (မှန်ပါ့) ဒီ့ပြင်လှူချင်တာ၊ ပေးချင်တာ၊ ကမ်းချင်တာ၊ တန်းချင်တာ မပြည့်စုံဘူး၊ မပြည့်စုံရင် အသာထား သားတွေ သမီးတွေက မလိမ္မာဘူး (အသာထား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အိမ်တွေ တိုက်တွေ ဘာတွေ မတည်ရသေးဘူး၊ ကားတွေ ဘာတွေ မဝယ်ရသေးဘူး၊ အသာထားပါ၊ သဘောကျပြီလား (ကျပါပြီ) ဘာလုပ်ရမလဲ (ဒိဋ္ဌိဖြုတ်ရပါ့မယ်) ဒိဋ္ဌိဖြုတ်ရမယ်ဆိုတာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
အဲ့ဒီတော့ တစ်ကြောင်းတည်းပြောနေတယ်လို့ မအောက်မေ့နဲ့၊ အရေးကြီးတာကို ဘုရားက ကြီးတယ်ပြောလို့ ကြီးတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အိမ်တွေ တိုက်တွေ ဘာတွေ မတည်ရသေးဘူး၊ ကားတွေ ဘာတွေ မဝယ်ရသေးဘူး၊ အသာထားပါ၊ သဘောကျပြီလား (ကျပါပြီ) ဘာလုပ်ရမလဲ (ဒိဋ္ဌိဖြုတ်ရပါ့မင်္ယ) ဒိဋ္ဌိဖြုတ်ရမယ်ဆိုတာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
အဲ့ဒီတော့ တစ်ကြောင်းတည်းပြောနေတယ်လို့ မအောက်မေ့နဲ့၊ အရေးကြီးတာကို ဘုရားက ကြီးတယ်ပြောလို့ ကြီးတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲ့ဒီတော့ ဒါဖြင့် တစ်ကြောင်းတည်းစကားရယ်လို့ ခင်ဗျားတို့က ဆင်ခြေလဲပြီး သကာလ မနေပါနဲ့ဆိုတာကိုလဲ ခင်ဗျားတို့အတွက် သတိပေးပါတယ် (မှန်ပါ့)။
ဒိဋ္ဌိမဖြုတ်ရင် ဘာမျိုးစေ့ ဝမ်းထဲရှိမယ်
ကိုစံလှ အရေးအကြီးဆုံး ဘာလုပ်ရမတုံး (ဒိဋ္ဌိဖြုတ်ရပါ့မယ်) ဒိဋ္ဌိမဖြုတ်ရင် ဘာမျိုးစေ့ ဝမ်းထဲရှိမယ် (ငရဲမျိုးစေ့ ဝမ်းထဲရှိပါတယ် ဘုရား)။
ဘာလှူလှူ ဘာတန်းတန်းနေ ဒီမျိုးစေ့ ပျောက် မပျောက် (မပျောက်ပါ ဘုရား) ကိုစောမောင် ပျောက်ပါ့မလား (မပျောက်ပါ ဘုရား) ဒိဋ္ဌိက မဂ်နဲ့ပယ်မှ ပျောက်တယ် (မှန်ပါ့ ဘုရား)။
မပုတို့ ဘာနဲ့ပယ်မှ ပျောက်သတုံး (မဂ်နဲ့ပယ်မှ ပျောက်ပါတယ် ဘုရား) ဒီအတိုင်း ပျောက်ပါစေသတည်းဆိုလို့ (မပျောက်ပါ ဘုရား)။
ခင်ဗျားတို့ကလဲ ဘုရားရှေ့သွားပြီး အပါယ်လေးပါးမှ လွတ်ရပါလို၏ တဲ့၊ အင်း ဒိဋ္ဌိတော့ မဖြုတ်ဘူး။
ဤဆွမ်း ဤကွမ်း ဤကံတွေကြောင့် အပါယ်လေးပါးမလားရဘဲနဲ့ နိဗ္ဗာန်ရောက်ရပါလို၏ ဒီမျိုးစေ့ကဝမ်းထဲက ပြုံးတယ်၊ မပြုံးဘူးလား (ပြုံးပါတယ် ဘုရား)။
သူက ဒီဆုတောင်းသမားကြောင့် ပြုတ်ရမှာလား တဲ့၊ သူ့နိုင်တဲ့ မဂ်လာမှ ပြုတ်ရမှာလား (သူ့နိုင်တဲ့ မဂ်လာမှ ပြုတ်မှာပါ ဘုရား) ဒီတော့ သူက ပြုံးတာပေါ့ (မှန်ပါ့)။
သူ့နိုင်တဲ့ မဂ်လာမှ ပြုတ်မှာ
သူက ဒီဆုတောင်းသမားကြောင့် ပြုတ်ရမှာလား တဲ့၊ သူ့နိုင်တဲ့ မဂ်လာမှ ပြုတ်ရမှာလား (သူ့နိုင်တဲ့မဂ်လာမှ ပြုတ်မှာပါ ဘုရား) ဒီတော့ သူက ပြုံးတာပေါ့ (မှန်ပါ့)။
မင်းကောင်းတာလဲ မင်းကောင်းတာ တခြားပေါ့ကွာ ငါပြုံးတာလဲ တခြားထဲကပါဘဲ၊ ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒါလောက် ရေရေလည်လည် အကွက်ကျကျ ပြောလို့ရှိရင် ဘာအရေးကြီးတယ်ဆိုတာဖြင့် ကောင်းကောင်းပေါ်ပြီ (ပေါ်ပါပြီ) ဘာအရေးကြီးသတုံး (ဒိဋ္ဌိဖြုတ်ဖို့အရေးကြီးပါတယ် ဘုရား)။
ထမင်းမစားရသေးတာ အသာထားပါ၊ သားတွေ ရှင်မပြုရသေးတာ (အသာထားပါ) သမီးကလေး နေရာမချရသေးတာ (အသာထားပါ) တိုက်မတည် ကားမဝယ်ရသေးတာကကော (အသာထားပါ) ဘာအရေးကြီးပါလိမ့် (ဒိဋ္ဌိဖြုတ်ဖို့ အရေးကြီးပါတယ်) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါ ဘုန်းကြီးပြောတာလား၊ ဘုရားဟောတာလား (ဘုရားဟောတာပါ) ရင်ဝလှံစူးတာက ဖြေးဖြေးနှုတ်ချင်နှုတ်၊ ဦးခေါင်းမီးလောင်တာ ဖြေးဖြေး ငြိမ်းချင်ငြိမ်း၊ သူ့ကို မြန်မြန်ဖြုတ်တဲ့ (မှန်ပါ့) ဆိုတော့ သူ့ကို အရေးတကြီးလုပ်ရမယ်ဆိုတဲ့ အဓိပ္ပာယ်က သံယုတ်ပါဠိတော်မှာ နတ်တွေကိုလဲ ဟောထားတယ်၊ လူတွေကိုဟောတဲ့တရား (မှန်ပါ့ ဘုရား) သဘောပါကြ ပြီလား (ပါ ပါပြီ ဘုရား)။
ဒိဋ္ဌိဖြုတ်နည်း နိဿယကိုသာ အရေးတကြီးရှာတော့
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိဖြုတ်နည်း နိဿယကိုသာ အရေးတကြီးရှာတော့ (မှန်ပါ့) ဒိဋ္ဌိချုပ်သွားရင် ဒိဋ္ဌိနိရောဓ နိဗ္ဗာန်ဘဲ (မှန်ပါ့)။
ဒိဋ္ဌိချုပ်သွားရင် (ဒိဋ္ဌိ နိရောဓ နိဗ္ဗာန်ပါ) ဒိဋ္ဌိ နိရောဓ နိဗ္ဗာန်၊ ကဲ ဒကာ ဒကာမတို့ အကွက်ကိုကျလို့ (မှန်ပါ့ ဘုရား)။
ကိုစောမောင် ဘယ့်နှယ့်ဆိုပါ့မလဲ (ဒိဋ္ဌိနိရောဓနိဗ္ဗာန်ပါ) ဒါဖြင့် ဒိဋ္ဌိဖြုတ်ချင်လို့ရှိရင် ပထမ နိဗ္ဗာန်ကို ရပြီတဲ့ ဒါပြောတာ (မှန်ပါ့)။
နိဗ္ဗာန်လေးမျိုးရှိတယ်၊ သောတာပန်ရတဲ့နိဗ္ဗာန် ကိုစောမောင် (မှန်ပ့ါ) သကဒါဂါမ်ရတဲ့ (နိဗ္ဗာန်ပါ) အနာဂါမ်ရတဲ့ (နိဗ္ဗာန်ပါ) ဘုရားရဟန္တာရတဲ့ (နိဗ္ဗာန်ပါ) နိဗ္ဗာန်ဘယ်နှစ်မျိုးရှိသလဲ (လေးမျိုးရှိပါတယ်) ဒိဋ္ဌိဖြုတ်ရင် ပထမ နိဗ္ဗာန်ရောက်တယ် (မှန်ပါ့) ဒကာ ဒကာမတွေ သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
အဲ့ဒါကြောင့် ခင်ဗျားတို့ ဒီ့ပြင်ဟာ အသာချိပ်ထားပြီးဒီအရေးကို အကြီးဆုံးထား (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဘာလုပ်ကြမယ် (ဒိဋ္ဌိဖြုတ်ဖို့ အရေးတကြီးထားရပါမယ် ဘုရား) ဒိဋ္ဌိက ဘယ်ကလာပါလိမ့် (ခန္ဓာငါးပါးကိုမသိတာက လာပါတယ်) မသိရာက လာတယ်ဆိုတော့ ဘုန်းကြီးက သိအောင်လုပ်ပေးမှာပေါ့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခန္ဓာငါးပါးကို မသိတာက လာတယ်ဆိုတော့ သိအောင်လုပ်ပေးရုံဘဲ (မှန်ပါ့) ဒကာ ဒကာမတို့ ခန္ဓာငါးပါးကို မသိတာက လာတယ်ဆိုတော့ စာသိနဲ့သိလို့လဲ ဒိဋ္ဌိက မချုပ်ဘူး (မှန်ပါ့) စာဆိုတာ ရေးဖတ်တာကိုး ကိုစောမောင် ကိုရင် ကလေးတွေ စာပြန်နေတာ မရှိဘူးလား (ရှိပါတယ် ဘုရား)။
သွားမေးတော့ ဘာသိတုံး (စာသိပါ) အဲ့ဒါနဲ့ မပြုတ်ဘူးတဲ့၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
စာသိနဲ့ မပြုတ်လို့ရှိရင်ဖြင့် ပိဋကတ်နဲ့ သိရုံလောက်အသိ မျိုးနဲ့ မရဘူး (မှန်ပါ့) ရိပ်မိပြိလား (ရိပ်မိပါပြီ) ဘာနဲ့ သိမှ ပြုတ်ရမှာတုံး ဆိုတော့ ပစ္စက္ခသိရောက်မှ ပြုတ်မယ် (မှန်ပါ့ ဘုရား)။
ပစ္စက္ခသိရောက်မှ ပြုတ်မယ်
ဘာသိရောက်မှ တုံး (ပစ္စက္ခသိရောက်မှပါ) ကျုပ်မျက်လုံးအောက်မှာကို ဖြစ်သွားရှာတာလို့ ဒီအခြေအနေရောက်ရမယ် (မှန်ပါ့) ပစ္စက္ခသိကို ကိုစောမောင် ကိုစံလှ ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား)။
ကျုပ်မျက်စိအောက်မှာကို ဝိဉာဏ်ချုပ်သွားတာလို့ သိရသလို ကျုပ်မျက်စိအောက်မှာ ဗိုင်းကနဲ လဲတာလို့ သိရသလို ဒကာ ဒကာမတို့ အဲ့ဒီဉာဏ်မျက်စိအောက်မှာ သိရမယ် (မှန်ပါ့)။
ခန္ဓာကိုသိ ခန္ဓာကိုသိဆိုပေမဲ့ ဘယ်အသိပါလိမ့်မတုံးဆိုတော့ ဉာဏ်မျက်စိအောက်မှာ သိရမှာ (မှန်ပါ့) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
မျက်လုံးနဲ့ မြင်လို့ မသိပါဘူး၊ နားနဲ့ကြားလို့ (မသိပါ ဘုရား) ဉာဏ်နဲ့သိမှ (အသိပါ ဘုရား) အဲ ဉာဏ်နဲ့ သိသည်နဲ့ တပြိုင်တက်တည်း သူက နဂိုရ်က မိစ္ဆာဒိဋ္ဌိနဲ့ ဉာဏ်နဲ့သိလိုက်တော့မှ ဒီနေရာမှာ သမ္မာဒိဋ္ဌိသွားဖြစ်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ ခုနေက အနီနေရာမှာ အစိမ်းသွားဖြစ်တယ် (မှန်ပါ့)။
ကဲ ဉာဏ်နဲ့ သိလိုက်တော့ကို ဒကာ ဒကာမတို့ ခုနေက မိစ္ဆာဒိဋ္ဌိနေရာမှာ ဘာလာဖြစ်သတုံး (သမ္မာဒိဋ္ဌိ လာဖြစ်ပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိဖြစ်တော့ ဒကာ ဒကာမတို့ သိတဲ့အတိုင်း သူက သမ္မဒိဋ္ဌိဆိုတော့ မိစ္ဆာဒိဋ္ဌိသတ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား) ဒါဖြင့် တဏှာနိရောဓာ ဥပါဒါန နိရောဓော မဖြစ်ဘူးလား (ဖြစ်ပါတယ်) ဥပါဒါနနိရောဓော (ကမ္မနိရောဓော) ကမ္မနိရောဓာ (ဇာတိနိရောဓော) လွတ်ပြီ၊ မလွတ်သေးဘူးလား (လွတ်ပါပြီ ဘုရား)။
အပါယ်လေးပါး သေသေချာချာလွတ်နေပြီ ဒကာ ဒကာမတို့ (မှန်ပါ့) မလွတ်သေးဘူးလား (လွတ်ပါပြီ) သဘောကျ ပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ပစ္စက္ခသိကလေးရအောင် ကျုပ်တို့ အရေးတကြီးလုပ်ရတော့မယ် ဆိုတဲ့ဥစ္စာကိုဖြင့် ကိုစောမောင် အထူး ဂရုစိုက်ရလိမ့်မယ် (မှန်ပါ့)။
ပစ္စက္ခမျက်မှောင်အောက်ကို ဒီခန္ဓာရောက်ဖို့
ဒီဘက်က ဒကာ ဒကာမတွေ ဘယ်လိုအောက်မေ့ကြမလဲ (အထူးဂရုစိုက်ရပါမယ်) အထူး ဂရုစိုက်ရလိမ့်မယ်ဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ သေသေချာချာ ပြောနေလို့ရှိရင် သေသေချာချာ နားထောင်ပြီး သေသေချာချာကျင့်လို့ သေသေချာချာ ပစ္စက္ခမျက်မှောင်အောက်ကို ဒီခန္ဓာရောက်ဖို့ရာ မောင်နိုင် သိပ်အရေးကြီးတာဘဲ (ကြီးပါတယ် ဘုရား) သဘောပါပြီလား (ပါ ပါပြီ ဘုရား)။
ကိုမြင့် ဒီရေးဟာ သိပ်အရေးကြီးတယ် (မှန်ပါ့ ဘုရား) နောက်က ဒကာ ဒကာမတွေ ကိုယ်အရေးကြီးကြောင်း ကောင်းကောင်း သိပြီလား (သိပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် မိစ္ဆာဒိဋ္ဌိ ငါ့သာ ငါ့သမီး ငါ့ခန္ဓာ ဆိုတာ မိစ္ဆာဒိဋ္ဌိ (မှန်ပါ့) မိစ္ဆာဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်ထားလို့ရှိရင် အပါယ်လေးပါး လွတ်ပါတယ်လို့ ဘုရားက မဟောဘူးလား (ဟောပါတယ် ဘုရား)။
ကြည့်လေ ခုနေက ဒီနေရာမှာ နဂိုရ်က တန်းပြတာက ဒိဋ္ဌိ တဏှာလို့ မပြောခဲ့ဘူးလား (ပြောခဲ့ပါတယ် ဘုရား) အဲ့ဒါ မိစ္ဆာဒိဋ္ဌိ၊ သဘောကျပြီလား (ကျပါပြီ ဘုရား) ဒီတဏှာလာရင် ဒီဥပါဒ်န်က နေပါ့မလား (မနေပါ ဘုရား) ဒီကကော ဖြုတ်လို့ရပါ့မလား (မရပါ ဘုရား)။
ကဲ ဒါဖြင့် မိစ္ဆာဒိဋ္ဌိဟာ ဒီခန္ဓာမသိလို့ဖြစ်တာ၊ ခန္ဓာကို ကျုပ်တို့က ခန္ဓာလဲသိ ဖြစ်ပျက်လဲသိလို့ရှိရင် သမ္မဒိဋ္ဌိဖြစ်မဖြစ် (ဖြစ်ပါတယ် ဘုရား) ဒီသမ္မာဒိဋ္ဌိဖြစ်တော့ သမ္မဒိဋ္ဌိဆိုကတည်းက မိစ္ဆာဒိဋ္ဌိသေပြီ (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒိဋ္ဌိ တဏှာ ချုပ်သွားသောကြောင့် ဥပါဒါန်က (ချုပ်ပါတယ် ဘုရား) ကံကကော (ချုပ်ပါတယ် ဘုရား) ကံချုပ်ရင် အပါယ်ဇာတိတွေ ကိုစောမောင် (ချုပ်ပါတယ် ဘုရား)။
ဒါဖြင့် အပါယ်မလွတ်ဆိုတာ အပြောလား အမြင်လားဆိုတာသာ အကဲခတ် (အမြင်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် လုပ်ထိုက်တယ် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (လုပ်ထိုက်ပါတယ် ဘုရား)။
ရှေ့ထားရမှာလား နောက်ထားရမှာလား
လုပ်ထိုက်တယ်ဆိုတာ ဒီအလုပ်က ရှေ့ထားရမှာလား နောက်ထားရမှာလား (ရှေ့ထားရမှာပါ ဘုရား)။
ခေါင်းကိုက်တာ တောင်မှ နက်ဖြတ်မှ ဆေးသောက်ချင်သောက်ပါ ကိုစောမောင်၊ ညကျမှ သောက်ချင်သောက်ပါ၊ ငါ့ခေါင်းကိုက်တယ် ဆိုတာကလေးတော့ အရင် ဖြုတ်ပေး၊ ဝေဒနာကို ဖြစ်ပျက်ရှုပေး (မှန်ပါ့) အဲ့ဒါ အရင် ဖြုတ်ပစ်ရမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ခေါင်းကိုက်တဲ့ ဝေဒနာကလေး ဘာလုပ်မလဲ (အရင်ဖြုတ်ရပါမယ် ဘုရား) နောက်မှ ခင်ဗျားတို့ ခေါင်းကိုက်ဆေးတွေ ကို စားချင်စားပါ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူ့ကိုဖြစ်ပျက်ရှု၊ ဒါ ဝေဒနာက္ခန္ဓာ၊ ဖြစ်ပြီးပျက်တဲ့ ဓမ္မဘဲဆိုတာ မြန်မြန်ရှုရင် သူဘာဒိဋ္ဌိဖြစ်မလဲ (သမ္မာဒိဋ္ဌိဖြစ်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိဖြစ်တော့ ခုနင်က ဥပါဒါန်ကကော (ချုပ်ပါတယ် ဘုရား) ကံက (ချုပ်သွားပါတယ် ဘုရား) အပါယ်လေးပါး တံခါး (ပိတ်ပါတယ် ဘုရား)။
အပါယ်လေးပါး အကုန်ပိတ်တယ် ကိုစောမောင်၊ ဒါ ပစ္စက္ခဖြစ်သွားလို့နော် (မှန်ပါ့)။
ပစ္စက္ခဖြစ်ဆိုတဲ့ ဥစ္စာကတော့ ဝေဒနာဘဲ၊ ဝေဒနာပေမဲ့ ပေါ်တုန်း ဝေဒနာ ပျက်တော့ အနိစ္စ၊ ဒီလိုနှစ်ချက်သိပေးရမယ် (မှန်ပါ့)။
ပေါ်တာက (ဝေဒနာပါ ဘုရား) ပျက်တာက (အနိစ္စပါ ဘုရား) ဟာ ဒါဖြင့် ဖြစ်ပျက်ဘဲ။
ပေါ်တာက (ဝေဒနာပါ ဘုရား) ပျက်တာက (အနိစ္စပါ ဘုရား) ဘယ်သူ အနိစ္စတုံး ဆိုလို့ရှိရင် ဝေဒနာကလေးဟာ ဖြစ်လဲဖြစ်တယ် ပျက်လဲပျက်တယ်၊ ဒီလိုရှုပေးလိုက်တဲ့အခါကျတော့ သူ ဘာဒိဋ္ဌိဖြစ်သွားသလဲ (သမ္မာဒိဋ္ဌိ ဖြစ်သွားပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိဖြစ်သွားကတည်းကိုက
သမ္မာဒိဋ္ဌိဖြစ်သွားကတည်းကိုက ခုနေက မိစ္ဆာဒိဋ္ဌိ တဏှာကြောင့် မိစ္ဆာဒိဋ္ဌိဥပါဒါန်ဖြစ်ရတယ် (မှန်ပါ့) ကိုစောမောင် ဓမ္မနိယာမက ဒီအတိုင်း မလာဘူးလား (လာပါတယ် ဘုရား)။
အခုတော့ သမ္မာဒိဋ္ဌိဖြစ်သွားတော့ သူက သမ္မာဒိဋ္ဌိပါဆိုတော့ ဥပါဒါန်ဖြစ်မှာလား ချုပ်မှာလား (ချုပ်မှာပါ ဘုရား) ဥပါဒါန်ချုပ်ရင် ဥပါဒါန်ကြောင့် ဖြစ်တဲ့ကံကကော (ချုပ်ရပါမယ် ဘုရား)။
ချုပ်ရတော့ ကံချုပ်နေတော့ အကျိုးပေးက ကျုပ်ချည့် ဖြစ်ဦးမယ်ဆိုလို့ ရပါ့မလား (မရပါ ဘုရား)။
မရနိုင်ဘူးဆိုတော့ ဒကာ ဒကာမတို့ ဒီဥစ္စာခန္ဓာကို ပစ္စက္ခသိချလိုက်တယ် (မှန်ပါ့) ဪ ဖြစ်လဲ ဖြစ်တယ် ပျက်လဲ ပျက်တယ်လို့ သိချလိုက်တယ် (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြစ်လဲဖြစ်တယ် ပျက်လဲပျက်တယ်လို့ ဝေဒနာ ပေါ်တိုင်းပေါ်တိုင်း ငါ မဟုတ်ပါဘူး၊ ဒီဥစ္စာဖြစ်ပျက်သဘော အနိစ္စ သဘောပါလို့ ခင်ဗျားတို့က သိတိုင်း သိတိုင်း သမ္မာဒိဋ္ဌိဝင်ဝင် ဖြစ်နေတယ် (မှန်ပါ့ ဘုရား) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲ့ဒီတော့ ဒကာ ဒကာမတို့ ဒါ ခင်ဗျားတို့ အလှူအတန်းပေးနေလို့လဲ ပစ္စက္ခသိရောက်ပါ့မလား (မရောက်ပါ ဘုရား) ပစ္စက္ခသိဆိုတာ ကိုယ့်ဉာဏ်ထဲက သမ္မာဒိဋ္ဌိဖြစ်ပြီး ဒါသိရမှာကိုးဗျ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ဆက်သွားရင်
ဒါဖြင့် ဒီအရေးသည် ဒကာ ဒကာကမတို့ ရင်ဝလှံစူးဦးခေါင်းမီးလောင်တာထက် အရေးကြီးပေးပါ ဆိုတဲ့ ဥစ္စာ မတော်လို့ မိစ္ဆာဒိဋ္ဌိဖြစ်ရင် ပဋိစ္စသမုပ္ပါဒ်ဆက်သွားရင် ဒီရောက်ချေရဲ့ဆိုတာ မြတ်စွာဘုရား သိပ်စိုးရိမ်တယ် (မှန်ပါ့) တနေ့ ဘယ်နှစ်ကြိမ်ရောက်မှန်းလဲမသိဘူး (မသိပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲ့ဒီတော့ ကျုပ်တို့မှာ ဒကာ ဒကာမတို့ ကံတွေက စုထားတာမနည်းဘဲ ဖြစ်ပြီး သကာလ နေတော့ သမ္မဒိဋ္ဌိဖြစ်မှဘဲ ဒီကံတွေအလကားဖြစ်မယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာသုံးပါးကို ပေါ်တိုင်း ပေါ်တိုင်း ခင်ဗျားတို့ သုခ ချမ်းသာကလေး ပေါ်ရင်လဲ အင်း ချမ်းသာတာမဟုတ်ပါဘူး၊ ဒါ အနိစ္စပါ၊ ပစ္စက္ခသိကျတော့ ချမ်းသာတာလဲ မဟုတ်ဘူး၊ ပေါ်တိုင်း ပျက်တာဘဲရှိတယ် (မှန်ပါ့)။
ပစ္စက္ခသိကျတော့ ဘယ်လိုသိပါလိမ့် (ပေါ်တာနဲ့ ပျက်တာဘဲ ရှိပါတယ် ဘုရား) ဒုက္ခဝေဒနာကလေးကော နာကျင်တာ လား ပေါ်တာပျက်တာလား (ပေါ်တာပျက်တာပါ ဘုရား) ဥပေက္ခာ ဝေဒနာလဲ မျက်လုံး နား နှာခေါင်း လျှာထဲမှာ ကြည့်လိုက် တဲ့အခါ ဥပေက္ခာလား ပေါ်တာပျက်တာလား (ပေါ်တာပျက်တာပါ ဘုရား) အပျက်သာ ရှိတယ်လို့ သိတဲ့ သမ္မာဒိဋ္ဌိမဝင်ဘူုးလား ဝင်သလား (ဝင်ပါတယ် ဘုရား)။
သမ္မာဒိဋ္ဌိလာကတည်းကိုက
သမ္မာဒိဋ္ဌိလာကတည်းကိုက ခုနင်က မိစ္ဆာဒိဋ္ဌိကြောင့် ဥပါဒန်ကံလိုက် (မှန်ပါ့) သမ္မာဒိဋ္ဌိလာကတည်းကိုက မိစ္ဆာဒိဋ္ဌိကို ဖြုတ်ချလိုက်တယ် (မှန်ပါ့)။
ဘာဖြုတ်ချသလဲ (မိစ္ဆာဒိဋ္ဌိဖြုတ်ချပါတယ် ဘုရား) မိစ္ဆာဒိဋ္ဌိကို ဖြုတ်ကတည်းက မိစ္ဆာဒိဋ္ဌိတဏှာ မချုပ်သေးဘူးလား (ချုပ်ပါတယ် ဘုရား) သမ္မာဒိဋ္ဌိ အလောဘ မလာသေးဘူးလား (လာပါတယ် ဘုရား)။
အဲ မိစ္ဆာဒိဋ္ဌိ တဏှာချုပ်တော့ ဒိဋ္ဌိ အလောဘ လာတဲ့ အတွက် အလောဘ ဆိုကတည်းက ဥပါဒါန်ကျေးဇူး ပြုသေးရဲ့လား (မပြုပါ ဘုရား) ဥပါဒါန်မှ မလာဘဲနဲ့ ကံလာသေးရဲ့လား (မလာပါ ဘုရား) ကံမှ မလာဘဲနဲ့ အပါယ်လေးပါး ဇာတိတွေ လာချင်ပါတယ်ဆိုလို့ (မရပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတွေ ဒီဝေဒနာသုံးပါးလှည့်ရှု၊ စိတ်ပေါ်ရင် စိတ်ပေါ်ရာရှုဆိုလို့ရှိရင် ဒိဋ္ဌိ မပြုတ်ဘူးလား (ပြုတ်ပါတယ် ဘုရား) အပါယ်လေး တံခါးပိတ်တယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အခုတော့ ဝတ္တုမပါသေးဘူး၊ ဒါ လုပ်နည်းကိုသာပြနေတာနော် (မှန်ပါ့) နက်ဖြန် ဒီဒိဋ္ဌိဆက်ပုံကို ဒီထက် ရှင်းရှင်း ပြောပေးမယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။