12708

မာတိကာသို့

မှားသောအကျင့်နှင့် မှန်သောအကျင့်

လက်တွ့ဝိပဿနာ

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

မင်္ဂလာတိုက်ကျောင်း၌ ဟောကြားတော်မူအပ်သော

မှားသောအကျင့်နှင့် မှန်သောအကျင့် ကျင့်ကြသူများ

လက်တွ့ဝိပဿနာ

နေ့အလုပ်ပေး တရားတော်

(၈-၈-၅၈)

လက်တွေ့ဝိပဿနာ

ခန္ဓာကိုယ်ကြီး၏ ဖြစ်စဉ်ကိုသိမှ ခန္ဓာကိုယ်ထဲမှာ အဖြစ်အပျက်ကို ဖမ်းဖို့ရာ၌ အခုလို ပါးစပ်ပြောနဲ့ ပြောပြီး သကာလ နေတာတွေလဲ မှတ်မိကြပါတယ်၊ သို့သော် ဘယ်နေရာကနေပြီး သကာလ ပျောက်တယ်၊ ဘယ်နေရာက ဖြစ်တယ်ဆိုတဲ့ဥစ္စာ သေသေချာချာ မသိရသေးတဲ့အတွက် အခုတော့ လက်တွေ့ဝိပဿနာကိုပဲ ဒကာ ဒကာမတွေကို သနားသောအားဖြင့် ပြပေးမယ်လို့ စိတ်ထဲမှာ ပေါ်ပေါက်လာတယ် (မှန်ပါ့ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ လက်တွေ့ဝိပဿနာကိုပဲ ဒီအချိန် ကြိုးစားပါဆိုတာကို မေတ္တာရပ်တယ် (မှန်ပါ့)။

ဒီဟာကို မမှတ်မိတော့ပါဘူး၊ လက်တွေ့ဝိပဿနာကိုဖြင့် မကြိုးစားတော့ပါဘူးဆိုရင် ရမ်းရှု မှန်းရှု ဖြစ်နေမှာ စိုးရတယ် (မှန်ပါ့)။

အဲဒီကဲ့သို့ ရမ်းရှု မှန်းရှုဖြစ်နေမှာစိုးတဲ့အတွက် ဒကာ ဒကာမတွေက ခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့်မလဲလို့ မေးလို့ရှိရင် ပဋိစ္စသမုပ္ပာဒ် တရားကြီးပဲလို့ မှတ်ပါ (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်ကြီးဟာ ဘာပါလိမ့် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ်တရားကြီးကို အားလုံးမှတ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

၎င်းခန္ဓာကိုယ်ကြီးအဆုံးဟာ ဘယ်တော့မှ ဆုံးမှာတုန်းလို့မေးလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်ဆုံးမှ ဆုံးမှာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် ခန္ဓာကိုယ်ကြီးသည်ကားလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ် အစဉ်အတိုင်းဖြစ်နေတဲ့ ခန္ဓာကိုယ်ကြီးလို့ မှတ်လိုက် စမ်းပါ (မှန်ပါ့)၊ နိဗ္ဗာန်ဆိုတာ ပဋိစ္စသမုပ္ပါဒ် အကုန်ပျောက်တာကိုဆိုသည် (မှန်ပါ့)။

ပဋိစ္စသမုပ္ပါဒ် ဆက်နေတာဟာ ခန္ဓာကိုယ်ကြီး၊ ပဋိစ္စသမုပ္ပါဒ် ပျောက်သွားတာ နိဗ္ဗာန် (မှန်ပါ့)၊ ဒါကြောင့် ပဋိစ္စသမုပ္ပာဒ်ကိုပဲ သေသေချာချာ ပြပါမယ် (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်ကို ပြတော့မယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပာဒ်ကို ပြတော့မယ်ဆိုတော့ ဘုရားက ဘယ်အကြောင်းကြောင့် ပြခိုင်းမယ်ဆိုတော့ အကြောင်းဖော်ပြပါဦးမယ် (မှန်ပါ့ ဘုရား)။

ဘုရားက ဘယ်အကြောင်းကြောင့်တုန်းဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားလာနေကြတဲ့ ဒကာ ဒကာမ တွေဟာ မိစ္ဆာပဋိပဒါ မှားသောအကျင့်ကို ကျင့်နေတာဟေ့တဲ့။ ပဋိစ္စသမုပ္ပါဒ်ကို ဖြတ်အောင်လုပ်နေတဲ့ပုဂ္ဂိုလ်ဟာ သမ္မာပဋိပဒါ။ အမှန်အတိုင်းကျင့်နေတဲ့ ပုဂ္ဂိုလ်တဲ့ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားလာနေကြတဲ့ ဒကာ ဒကာမတွေဟာဖြင့် မှားသောအကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်တွေကို မှတ်လိုက်ပါတော့ (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ်သွားတဲ့အတိုင်း သွားနေကြရင် ဘာဆိုကြပါမယ် (မှားသောအကျင့် ကျင့်နေကြပါတယ် ဘုရား) မှားသောအကျင့်ကို ကျင့်နေကြတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ကြီးဟာဖြင့် ရှိနေတာပဲ၊ သို့သော် တပည့်တော်ကို ဒီဟာကို ဖြတ်နေပါတယ်ဆိုရင် မှန်သောအကျင့် ကျင့်နေတဲ့ ပုဂ္ဂိုလ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပါဒ်အတိုင်း သွားနေကြရင်း မှားသောအကျင့်ကို ကျင့်နေတဲ့ပုဂ္ဂိုလ်လို့ မှတ်လိုက်စမ်းပါ၊ တိုတိုမှတ်ချင် တော့ သံသရာဆက်နေတာသည် ပဋိစ္စသမုပ္ပာဒ်အတိုင်း သွားနေတဲ့ပုဂ္ဂိုလ် (မှန်ပါ့ ဘုရား)။

သံသရာဖြတ်တဲ့ ဝိပဿနာအလုပ် လုပ်နေတဲ့ ပုဂ္ဂိုလ်ဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်ရောက်တဲ့အကျင့်ကို ကျင့်နေ တာပဲ၊ ဒါကြောင့် မှန်သောအကျင့်လို့ ဆိုထိုက်ပါတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဒီ ပဋိစ္စသမုပ္ပါဒ်ကို နေ့တိုင်းပြပြီး သကာလ ဒကာ ဒကာမတွေ ရှင်းသည်ထက် ရှင်းသွားအောင် ဪ တို့လုပ်နေလဲ ကျေးဇူးဟာ တကယ်ခရီးပေါက်လို့ ရောက်လို့ပါလား ဆိုတာလဲ ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ အခြေအနေရောက်အောင် ကျေးဇူးများမှာ ဖြစ်လေသောကြောင့် အိမ်မှာနေလို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) ဒါ မှားသောအကျင့်ပဲ (မှန်ပါ့)။

အိမ်မှာနေရင် ဘာလုပ်နေကြပါလိမ့်

အိမ်မှာနေရင် ဘာလုပ်နေကြပါလိမ့် (မှားသောအကျင့်ကို ကျင့်နေပါတယ် ဘုရား) ပဋိစ္စသမုပ္ပာဒ် ဆက်နေသော ကြောင့် ဘာအကျင့်လို့ဆိုကြမယ် (မှန်သောအကျင့်ပါ ဘုရား)။

ဒါဖြင့် မှန်သောအကျင့် ကျင့်မှသာလျှင် သစ္စာဆိုက်၏၊ မှားသောအကျင့်ဆိုလို့ရှိရင် အဝိဇ္ဇာနယ်ပယ်မှ နေရ လိမ့်မယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျုပ်မအားလို့ ဘုန်းကြီးတရားကို ပဋိစ္စသမုပ္ပါဒ် တရားတော်ကြီးကို မနာရဘူးဆိုလို့ရှိရင် မှားသောအကျင့်ကို ကျင့်နေသကိုးလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

မအားလို့ မလာနိုင်တဲ့ပုဂ္ဂိုလ် ဘယ်လိုဆုံးဖြတ်ချက်ချပါ့မယ် (မှားသောအကျင့် ကျင့်နေလို့ပါ ဘုရား)။

ပဋိစ္စသမုပ္ပာဒ်တရားကို လာနာပြီး သကာလ ဪ ဒီလိုဖြတ်နေရပါကလားလို့သိသော ပုဂ္ဂိုလ်များသည် မှန်သောအကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်များလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မအားလို့ မလပ်လို့ ဆရာသမားဆီ မရောက်နိုင်ကြဘူး၊ မလာနိုင်ကြဘူးဆိုရင်ဖြင့် ဘာအကျင့် ကျင့်နေသတုန်း (မှားသောအကျင့်ကို ကျင့်နေပါတယ် ဘုရား)။

ဪ ဟုတ်ပါပြီ၊ မိစ္ဆာပဋိပဒါလို့ ဘုရားက ဟောလိုက်တယ်၊ နိဒါန ဝဂ္ဂသံယုတ်ပါဠိတော်မှာ ဒီအတိုင်း ဟောထားတယ် (မှန်ပါ့)။

ဉာဏ်နဲ့ဖြတ်နေလို့ရှိရင် မှန်သောအကျင့်

အခုလို တရားနာပြီး သကာလ တရားနာရင်းနဲ့ ဉာဏ်နဲ့ဖြတ်၊ အိမ်ရောက်တဲ့အခါကျလို့ရှိရင်လဲ ပဋိစ္စသမုပ္ပါဒ်ကြီး ကို ဉာဏ်နဲ့ဖြတ်နေလို့ရှိရင် မှန်သောအကျင့်ကို ကျင့်နေသောကြောင့် ဒကာ ဒကာမတွေ ဒုက္ခသိမ်း၍ ငြိမ်းပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

မအားလို့ မလပ်လို့ မလာနိုင်ဘူး၊ မသွားနိုင်ဘူးဆိုရင်ဖြင့် ဘာမှစွဲချက်မတင်နဲ့၊ သူတို့ကို ဒကာသစ်တို့ ဦးလှဘူးတို့က မှားသောအကျင့်ကိုကျင့်နေလို့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

မအားလို့ မလာနိုင်တဲ့လူ ဘာအကျင့်ကို ကျင့်နေသတုံး (မှားသောအကျင့်ကို ကျင့်နေပါတယ် ဘုရား)။

အားလို့ လာနိုင်ကြပြန်တော့လဲ ဘယ့်နှယ်ဆိုကြမယ် (မှန်သောအကျင့်ကို ကျင့်နေပါတယ် ဘုရား)။

အဲဒါကြောင့် ခင်ဗျားတို့က မအားလို့မလပ်လို့ဆိုပြီး ဆင်ခြေများလဲမယ် စိတ်ကူးလို့ရှိရင်ဖြင့် ဪ တို့မှားသော အကျင့် ကျင့်နေလို့ အောက် သံသရာလမ်းအကျင့်ကို ကျင့်နေတာပဲလို့ ကိုယ့်ကိုယ်ကို စွဲချက်တင်လိုက်ပါ၊ မှန်လွန်းလို့ကို ဟောနေတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ ဒကာ ဒကာမတွေ ဝိပဿီမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးက တွေးတယ်၊ ဘုရားမဖြစ်မိ ရှေ့အဖို့ကာလက တွေးလိုက်တယ်၊ ဘယ်လိုများ တွေးပါလိမ့်မလဲလို့ မေးခွန်းထုတ်လို့ရှိရင်ဖြင့် ဪ ဇရာ, မရဏဆိုတဲ့ အိုမှုသေမှုဟာ သတ္တဝါတိုင်းနဲ့ ဆက်ဆံနေတယ် (မှန်ပါ့)။

အိုမှု သေမှုဟာ ဘာတဲ့တုန်း

ဇရာ,မရဏဆိုတဲ့ အိုမှု သေမှုဟာ ဘာတဲ့တုန်း (လူတိုင်းနဲ့ ဆက်ဆံနေပါတယ် ဘုရား)။

အေး ဒါကြောင့် ဒီဘက်ကနှစ်ခုဟာ ဒကာ ဒကာမတွေ မှတ်ထားပါ၊ ဇရာ မရဏနော် (မှန်ပါ့) ဒီဇရာ မရဏသည် ဒကာ ဒကာမတွေ စဉ်းစားပါ၊ ဪ သူ့သန္တာန်မှာ ဇရာရှိလျက်ပဲ၊ အိုမှုရှိလျက်ပဲ (ရှိပါတယ် ဘုရား)။

ငါ့သန္တာန်မှာကော (အိုမှုရှိပါတယ် ဘုရား) အိုမှုရှိလျက် သေမှုရှိလျက်ပဲ သေစရာတရားတွေ အပြည့်အစုံ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပုဂ္ဂိုလ်တိုင်းမှာရှိပြီး သကာလ နေကြတယ်၊ ပုဂ္ဂိုလ်တိုင်းမှာ ရှိပြီး သကာလ နေတော့ အိုမှုရှိရင် သေမှုရှိပြန်တယ်၊ သေမှုရှိပြီး သကာလ ဒီအထဲ အိုသေနဲ့ပဲ ဒီဘဝမှာ ဇာတ်သိမ်းသွားပြန်တော့ နောက်တစ်ခါ ပုဂ္ဂိုလ်သတ္တဝါရယ်လို့ ဖြစ်လာပြန်တော့ အိုမှုသေမှုပဲ ပါလာပြန်တယ် (မှန်လှပါ)။

နောက်တစ်ခါ ပဋိသန္ဓေနေပြန်တော့လဲ ဘာပါလာသလဲ (အိုမှုသေမှု ပါလာပါတယ် ဘုရား) တစ်ဘဝမှာလဲ အိုမှုသေမှုနဲ့ပဲ အဖော်လုပ်ရ၊ နောက်ဘဝမှာကော (အိုမှုသေမှုနဲ့ပဲ အဖော်လုပ်ပါတယ် ဘုရား)၊

တယ် ပင်ပန်းပါလား ဒကာ ဒကာမတို့ဖြစ်စဉ်ကဖြင့် တစ်ဘဝမှာ အိုမှု,နာမှု,သေမှုနဲ့ မကင်းခဲ့ဘူး (မကင်းပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

အိုမှု, သေမှုနဲ့ မကင်းခဲ့ဘူး၊အဲဒါ ဝိပဿီမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားမဖြစ်မီက သတ္တဝါတွေ အိုလိုက် သေလိုက် ဖြစ်လိုက် ဖြစ်ပြီး သကာလ အိုလိုက် သေလိုက် ဪ သူတို့ဖြစ်စဉ်ကဖြင့် ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့၊ အိုမှု သေမှု ဘယ်ကလာတယ်ဆိုတာလဲ မတွေးမိတော့ လာရာကိုပဲ လက်စသိမ်းနိုင်တဲ့ ဉာဏ်က မပေါ်တော့ပါဘူး (မှန်ပါ့)။

အိုမှု သေမှုဟာ ဘယ်ကဟာမှန်းလဲ မသိပြန်၊ လာရာဖြစ်တဲ့ တရားမသိတော့ ဒကာ ဒကာမတို့ လက်စသိမ်းဖို့ ရာလဲ အတော်ခဲယဉ်းတယ် (ခဲယဉ်းပါတယ် ဘုရား) မခဲယဉ်းပေဘူးလား (ခဲယဉ်းပါတယ် ဘုရား)။

ကောင်းကွက်ကို တစ်ကွက်မှမပါဘူး

အဲဒီကဲ့သို့ ခဲယဉ်းပြီး သကာလ နေတော့ ဒကာ ဒကာမတို့လက်စလဲ မသိမ့်နိုင်၊ ဒီဟာကြီးနဲ့လဲ အဖော်လုပ်ရတယ် ဆိုတော့ ကျုပ်တို့ဖြစ်စဉ်ဖြင့် ကောင်းကွက်ကို တစ်ကွက်မှမပါဘူးလို့ ဆုံးဖြတ်ချက် ချလိုက်စမ်းပါ (မှန်ပါ)။

ကောင်းကွက်တစ်ကွက်ကိုမှမပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့)၊ နေ့တိုင်းအဖော်လုပ်နေရတာက ဘာနဲ့ပါလိမ့် (အိုမှု သေမှုနဲ့ပါ ဘုရား)။

အိုကလဲ နေ့တိုင်းရှိနေတော့ သေမှုကလဲ သေခါနီးဘက်ပြေးနေတော့ တားမရ၊ ဆီးမရ၊ ပိတ်မရ၊ ပင်မရဆို အဓိပ္ပာယ်က သေသေချာချာ တွေးကြည့်ပြီး သကာလ နေသောကြောင့် အမြင်ကျယ်ကျယ်နဲ့ အရှည်တွေးတတ်တဲ့ ပုဂ္ဂိုလ်ဟာဖြင့် ဪ ဒီဘဝမှာ အိုမှုသေမှုနဲ့ အဖော်လုပ်ပြီး နေရပြန်တယ်။

အိုပြီး သေပြန်၊ သေပြီးအထည်ဖြစ်၊ အထည်ဖြစ်ပြီး အိုမှုသေမှုနဲ့ အဖော်လုပ်၊ ဘယ်အချိန်၊ ဘယ်ကာလ၊ ဘယ်ဘဝများမှ သူ့ကိုလွတ်ပါ့မလဲဆိုတာ ဝိပဿီမြတ်စွာဘုရား ဘုရားအလောင်းဖြစ်တုန်းက အင်မတန် ပင်ပန်းဆင်းရဲ ရှာတယ်၊ တွေးရတာ တွေးရတာ (မှန်ပါ့)။

ဒကာ ဒကာမတို့ တွေးရတာ အင်မတန် ပင်ပန်းဆင်းရဲရှာတယ် (မှန်ပါ့)။

နို့ ကိုယ်ကိုယ်တိုင်၊ တွေးကြည့်ပြန်တော့လဲ ဒကာ ဒကာမတွေပဲ စဉ်းစားပါတော့၊ ဒီဘဝက ဘယ်သူနဲ့ အမြဲ အဖော်လုပ်နေရပါလိမ့် (အိုမှုသေမှုနဲ့ အဖော်လုပ်ရပါတယ် ဘုရား)၊ အိုမှုသေမှုနဲ့ အဖော်လုပ်ပြီး သကာလ နေရတယ် ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် အိုမှုသေမှုနဲ့ အဖော်လုပ်ပြီး သေပွဲနွှဲကြပါပြီဆိုပြန်တော့ နောက်တစ်ခါ ခန္ဓာဖြစ်ပြန်တော့ ဘယ်သူနဲ့ အဖော်လုပ်ရသလဲ (အိုမှုသေမှုနဲ့ အဖော်လုပ်ရပါတယ် ဘုရား)။

နို့ ဘယ်အခါကာလ၌ အိုမှုသေမှုနဲ့ ကင်းခဲ့ရတယ်လို့ကောရှိပါရဲ့လား (မရှိပါ ဘုရား)။

သူ့အကြောင်းရှာကြပါစို့

ဒါကြောင့် သူ့အကြောင်းကို မရှာသရွေ့ ကာလပတ်လုံးဖြင့် ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ အိုမှုသေမှု ဇာတ်ကွဲကြတော့မယ် မဟုတ်ဘူး မပျက်တော့ပါဘူး (မှန်ပါ့)၊ ဒါဖြင့် သူ့အကြောင်းရှာကြပါစို့ (မှန်ပါ့)

ဒကာ ဒကာမတို့ ဘယ်သူ့အကြောင်းရှာရမှာပါလိမ့် (အိုမှုသေမှုအကြောင်းကို ရှာရမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ အိုမှုသေမှုအကြောင်းသည် ဘယ်ကလာပါလိမ့်မလဲလို့ အိုသေတွေက ဘယ်ကလာပါ လိမ့်မလဲလို့၊ အိုသေတွေက ဘယ်ကလာပါလိမ့်မလဲလို့ မေးခွန်းထုတ်ဖို့မလိုလား (လိုပါတယ် ဘုရား)။

ထိုကဲ့သို့ လိုသည်ဖြစ်လေသောကြောင့် အိုမှု သေမှုသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေ မှုကလာတာပဲ (မှန်ပါ့)။

ဒီဘက်က ပဋိသန္ဓေနေမှုလို့ မှတ်ပါ၊ ဒီဘက်က သေမှုလို့ မှတ်ပါ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်ကနှစ်ခုဟာ ဘာပါလိမ့် (အိုမှု,သေမှုပါ ဘုရား) ဒီဘက်တစ်ခုက ဘာပါလိမ့် (ပဋိသန္ဓေနေမှုပါ ဘုရား) စာလိုသုံးတော့ သူက ဇာတိ၊ သူက ဇရာမရဏ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဇရာ မရဏ၏ အကြောင်းကို ရှာလိုက်လို့ရှိရင် ဒကာ ဒကာမတို့ ဇရာ မရဏဟာ အလိုလိုပေါ်တာလား ၊ မဋိသန္ဓေနေမှုရှိလို့ ပေါ်တာလား (ပဋိသန္ဓေနေမှုရှိလို့ ပေါ်လာတာပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ပဋိသန္ဓေနေမှုက အကြောင်း၊ ဇရာ မရဏက (အကျိုးပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

မော့ပြီးနာရမယ့် တရား

သေသေချာချာကြည့်ပါ ဒကာ ဒကာမတို့၊ မကြည့်ရင်မဖြစ်ဘူးဆိုတဲ့ အဓိပ္ပာယ် သေသေချာချာမှတ်ပါ၊ ဒီတရား က ငုံ့ပြီးနာရမယ့်တရား မဟုတ်ဘူး၊ မော့ပြီးနာရမယ့် တရားလို့ မှတ်ပါ (မှန်ပါ့)။

ဘယ်လိုနာရမယ့်တရားလဲ (မော့ပြီးနာရမယ့် တရားပါ ဘုရား)၊ မော့ပြီးနာမှသာလျှင် ခင်ဗျားတို့၏ ခန္ဓာဖြစ်စဉ် သိမယ် (မှန်ပါ့)။

ငုံ့နာလို့ရှိရင်ဖြင့် အသံသာကြားပြီး သကာလ ကြည့်စရာအထည်တွေ့မယ် မဟုတ်ဘူး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါကြောင့် ဘုန်းကြီး ဒကာ ဒကာမတွေ ဒီနေ့ပိုင်းမှာပြနေတာ နာရီလဲမများပါဘူး၊ တစ်နာရီပဲ ပြနိုင်တယ် (မှန်ပါ့ ဘုရား)။

တစ်နာရီပြတဲ့အခါ ကိုယ့်ခန္ဓာ၏ ဖြစ်စဉ်ကြီးကို ကွက်ကွက်ကွင်းကွင်း ဖြစ်လိမ့်မယ်လို့ မှတ်လိုက်စမ်းပါ (မှန်လှပါ)။

ကိုင်း ဒီဘက်က ဘာပါလိမ့် ဒကာ ဒကာမတို့ (ဇရာမရဏပါ ဘုရား) ဇရာမရဏဆိုတာ ထင်ရှားပြီပေါ့ (မှန်ပါ့ ဘုရား)။

ဇရာမရဏသည်ကားလို့ဆိုလို့ရှိရင်ဖြင့် အလိုလိုပေါ်တာလား၊ အကြောင်းရှိလို့ပေါ်တာလား (အကြောင်းရှိလို့ ပေါ်တာပါ ဘုရား) သူ့အကြောင်းကား ဘာပါလိမ့် ဒကာ ဒကာမတို့ (ဇာတိပါ ဘုရား)။

ဝိပဿီမြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးဘုရားအလောင်းဖြစ်စဉ်က ဇရာ မရဏ၏အကြောင်းကို ရှာလိုက်တဲ့အခါကျတော့ ဪ ဇာတိဆိုတဲ့ ပဋိသန္ဓေနေမှုရှိလို့ အိုသေဆိုတဲ့ ဇရာမရဏလာတာကိုးလို့ တွေးမိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဇာတိက အကြောင်းဆိုတဲ့ သမုဒယသစ္စာ

ဒါဖြင့် ဒကာ ဒကာမတို့ ဇာတိက အကြောင်းဆိုတဲ့ သမုဒယသစ္စာ၊ ဇရာ မရဏက အကျိုးဆိုတဲ့ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဇာတိက (အကြောင်း သမုဒယသစ္စာပါ ဘုရား)၊ ဇရာ မရဏက (အကျိုး ဒုက္ခသစ္စာပါ ဘုရား) အကျိုး ဒုက္ခ သစ္စာလို့မှတ်လိုက်ကြစမ်းပါ ဒကာ ဒကာမတို့၊ ဒါဟာ ပဋိသမ္ဘိဒါမဂ်ပါဠိတော်မှာ ဒီအတိုင်းပါပဲ (မှန်ပါ့)။

ဇာတိက ဘာတဲ့ (အကြောင်း သမုဒယသစ္စာပါ ဘုရား) ဇရာ မရဏ (အကျိုး ဒုက္ခသစ္စာပါ ဘုရား) အကြောင်း သမုဒယ မချုပ်သရွေ့ ဒကာ ဒကာမတို့ အကျိုးဒုက္ခဟာ ရှောင်လို့ကွင်းလို့မှ လွတ်ကင်းစရာရှိရဲ့လား (မရှိပါ ဘုရား)။

ဒါဖြင့် ဒီဇာတိဆိုတာ ပုဂ္ဂိုလ်သတ္တဝါတို့၏ အစပဲ (မှန်ပါ ဘုရား) လူဖြစ်ချင်လဲ ဇာတိကစတယ် (မှန်ပါ့)၊ နတ်ဖြစ်ချင်ကော (ဇာတိက စပါတယ် ဘုရား) ဗြဟ္မာဖြစ်ချင်တာ (ဇာတိက စပါတယ် ဘုရား)။

ဒါဖြင့် ဘယ်သတ္တဝါမဆို အစ, ဘယ်ကတုံးဆိုတဲ့ လက်သည်မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား) ဘယ်သူပါလိမ့်ဗျာ (ဇာတိပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့၊ ဒကာ ဒကာမတို့ မှတ်စရာသည်ကားလို့ဆိုရင်ဖြင့် ဪ တို့သည်ကားလို့ဆိုရင် လူဖြစ်ရပါလို၏ဆိုရင်လဲ ဒီဇာတိကစ,မယ် (မှန်ပါ့)။

နတ်ဖြစ်ရပါလို၏ဆိုရင်ကော (ဇာတိက စ, ပါမယ် ဘုရား) ဗြဟ္မာဖြစ်ရပါလို၏ဆိုရင် (ဇာတိက စ,ပါမယ် ဘုရား)။

ဪ ခင်ဗျားတို့ ဒုက္ခဖြစ်ကြောင်းကလေး ပေါ်ရပါလို၏ (မှန်ပါ့)၊ ဘယ်လိုဆိုထိုက်ပါလိမ့် (ဒုက္ခဖြစ်ကြောင်း ပေါ်ရပါလို၏ ဘုရား)။

ဒုက္ခအကြောင်းကလေး ပေါ်ရပါလို၏

ဒုက္ခအကြောင်းကလေး ပေါ်ရပါလို၏ဆိုတော့ ဒုက္ခအကျိုးကြီးနဲ့ ရင်ဆိုင်ရပါလို၏၊ ဦးလှထူး ပါမပါ (ပါ,ပါတယ် ဘုရား)။

ဟိုဟာကလေးတွေပါမပါစဉ်းစား (ပါ ပါတယ် ဘုရား)၊ အားလုံး ဒကာ ဒကာမတွေ သဘောကျရဲ့လား (ကျပါတယ် ဘုရား)။

ရမ်းလဲ သဘောမကျပါနဲ့၊ နှစ်လုံးတည်းကို ဟောနေသေးတယ် (မှန်ပါ့)၊ မများသေးပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

လူဖြစ်ရပါလို၏ဆိုတော့ ဇာတိဖြစ်ရပါလို၏ (မှန်ပါ့)၊ နတ်ဖြစ်ရပါလို၏ (ဇာတိဖြစ်ရပါလို၏) ဗြဟ္မာဖြစ်ရပါလို ၏ (ဇာတိဖြစ်ရပါလို၏)။

ဪ ဇာတိဖြစ်ရလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့၏ ဆုတောင်းသည် ဇာတိတည်းဟူသော သမုဒယသစ္စာ ဖြစ်ရပါလို၏ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘာဖြစ်ရပါလို၏လဲ (ဇာတိတည်းဟူသော သမုဒယသစ္စာ ဖြစ်ရပါလို၏) ဇာတိဆိုတဲ့ သမုဒယသစ္စာ ဖြစ်ရပါလို ၏လို့ ဆုတောင်းလိုက်တာပဲ (မှန်ပါ့)၊ အဲဒီတော့ ဇရာ မရဏနဲ့ ရင်ဆိုင်းတိုးရပါလို၏ (မှန်ပါ့)။

ပဋိစ္စသမုပ္ပာဒ် ဒီအကြောင်းနဲ့ ဒီအကျိုးကို နားမလည်သေးသရွေ့ ကာလပတ်လုံး ဦးလှဘူးတို့ ဒကာသိုက်တို့ ဇာတိကို ဆုတောင်းချည့်ယူတာပဲ (မှန်ပါ့)၊ မယူဘူးလား (ယူပါတယ် ဘုရား)။

အားလုံး ဒကာ ဒကာမတွေ ဘာကို ဆုတောင်းယူလေ့ရှိပါလိမ့် (ဇာတိကို ဆုတောင်းယူလေ့ ရှိပါတယ် ဘုရား)။

ဇာတိကို ဆုတောင်းယူတဲ့ပုဂ္ဂိုလ်

ဇာတိကို ဆုတောင်းယူတဲ့ပုဂ္ဂိုလ် ဇရာ မရဏနဲ့ ရင်ဆိုင်တွေ့ရပါလိမ့်မယ် (မှန်ပါ့)။

ဇာတိ ဆုတောင်းယူတဲ့ ပုဂ္ဂိုလ် ဘာလဲ (ဇရာ မရဏနဲ့ ရင်ဆိုင်တွေ့ရပါလိမ့်မယ် ဘုရား)၊ ဪ ဒါဖြင့် သူများပြောလား၊ ကိုယ်တွေ့လား (ကိုယ်တွေ့ပါ ဘုရား) အခု ဘာနဲ့ရင်ဆိုင်တိုးနေရသလဲ (ဇရာ မရဏနဲ့ ရင်ဆိုင်တိုးနေ ရပါတယ် ဘုရား)။

ဪ ခင်ဗျားတို့က နောက်ဘဝက ဇာတိကို မရ,ရကြောင်း ကြိုးစားခဲ့တဲ့ ဒကာ ဒကာမတွေမို့ ဒီဘဝမှာဖြင့် သွားကျိုးဆံဖြူ ငယ်မူပျေက်တဲ့ ဇရာနဲ့လဲ ရင်ဆိုင်တွေ့ရ၊ သေပွဲဝင်တာနဲ့လဲ မဝေးတော့ပါဘူး၊ တွေ့ရမှာပဲ ဆိုထိုက် မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။

အင်း ဒါဖြင့် အိုပွဲ,သေပွဲ ရင်ဆိုင်နွှဲရမှာသည် ဘယ်သူ့ကြောင့် ရင်ဆိုင်နွှဲရပါလိမ့်မတုံးလို့မေးလို့ရှိရင် ဇာတိရမှု ကြောင့် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါကြောင့် ဘုရားက ဇာတိပစ္စယာ ဇရာ မရဏ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဇာတိကြောင့် ဇရာမရဏရတာကိုတော့ ဒကာ ဒကာမတွေကလဲ မသိသေးတော့ ဤကဲ့သို့ ဤအကြောင်းနဲ့ အကျိုးနှစ်ခုကို မသိသေးတဲ့အတွက် နတ်ဖြစ်ရပါလို၏ဆိုတော့ ဇာတိ ရ,ရပါလို၏ (မှန်ပါ့) ဗြဟ္မာဖြစ်ရပါလို၏ (ဇာတိ ရ,ရပါလို၏) သဘောကျပလား (ကျပါပြီ ဘုရား) စကြဝတေး, မန္ဓာတ်မင်း, သူဌေးသူကြွယ်ကြီး ဖြစ်ရပါလို၏ဆိုတာကော (ဇာတိ ရ,ရပါလို၏)။

ဒါဖြင့် ဇရာ မရဏနဲ့ တပည့်တော်တို့ တပည့်တော်မတို့နဲ့ဖြင့် ရင်ဆိုင်တိုးရပါလို၏ဆိုတာနဲ့ကော (တူပါတယ် ဘုရား)၊ ဒါ ပဋိစ္စသမုပ္ပာဒ် နားမလည်လို့ အမှားတွေ့ပုံကြီးတာပဲဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့)။

ကြီးပုံကို ကိုယ်တိုင်တိုင်လဲ တွေ့ရပြီမဟုတ်လား (တွေ့ရပါပြီ ဘုရား) အခု ဒကာ ဒကာမတို့ ခွဲမရ ခွါမရနဲ့ နေရတာကော ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ခွဲမရ ခွါမရနဲ့ ဒကာ ဒကာမတွေ ယခုနေကြရတာက အိုမှုကြီးက မန္တလေးသွားလဲ ပါတာပဲ၊ တောင်မြို့ ပြန်လာလဲ မန္တလေးနဲ့နီးတာပဲ၊ တောင်မြို့ပြန်လာတော့ ပိုနီးတာပေါ့ (မှန်ပါ့ ပိုနီးပါတယ် ဘုရား)၊ ဦးလှဘူးတို့ သဘောကျ ပလား (ကျပါပြီ ဘုရား)။

ဇရာမရဏ ဘယ်ကလာသတုံး

ကောင်းပြီ ဒါဖြင့် အားလုံး ဒကာ ဒကာမတွေ ဇရာမရဏ ဘယ်ကလာသတုံးဆိုတော့ လက်သည် ရှာလိုက်တော့ တွေ့ကြပလား(တွေ့ပါပြီ ဘုရား) ဘယ်ကလာပါလိမ့် (ဇာတိက လာပါတယ် ဘုရား)။

ဒါဖြင့် ဇာတိက သမုဒယသစ္စာ၊ အကြောင်းတရား (မှန်ပါ့)၊ ဇရာ မရဏက ဒုက္ခသစ္စာဆိုတဲ့ အကျိုးတရား မရဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သည်ကားလို့ဆိုရင် ဇာတိကို အရယူတဲ့ပုဂ္ဂိုလ်သည် ဇရာမရဏဖြင့် တို့ခွဲလို့ ခွါလို့ မရတော့ဘူးဆိုတဲ့ ဥစ္စာလဲ သူများပြော မဟုတ်ပါဘူး၊ ကိုယ်တွေ့လို့သာ မှတ်လိုက်ပါတော့ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ဒကာ ဒကာမတို့ ဒါပဋိစ္စသမုပ္ပါဒ် နှစ်လုံးတည်း ပြနေတယ်၊ သို့သော် ပဋိစ္စသမုပ္ပာဒ် အကုန် နားလည်အောင် ဒကာ ဒကာမတို့ နေ့စဉ်ဆက်ပြီး နားထောင်ပါ (မှန်ပါ့)။

နှစ်လုံးတည်း ပြငြားသော်လဲ ဪ တို့ဖြစ်ထွေတို့အမှားတော်ပုံကဖြင့် ပေါ်သွားပေါ့ဆိုတာ ယနေ့တော်တော် ကလေး ပေါ်လာပါတယ် (မှန်ပါ့)။

ဇာတိကိုရအောင် အားထုတ်မှုကြောင့် ဇရာ မရဏနဲ့ ခွဲမရ ခွါမရ ဖြစ်ရတော့တယ်ဆိုတာ မပေါ်ဘူးလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီဇာတိဆိုတဲ့တရားဟာ ပဋိသန္ဓေနေမှုဆိုတဲ့ တရားသည်ကားလို့ဆို လို့ရှိရင် ဖြင့် ဘယ်ကလာပါလိမ့်မလဲဆိုတဲ့ မေးခွန်းထုတ်ဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။

ကာယကံ, ဝစီကံ, မနောကံတွေကြောင့်

ကောင်းပြီ မေးခွန်းထုတ်တဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတွေ မှတ်လိုက်ပါတော့ ကာယကံ, ဝစီကံ, မနောကံတွေကြောင့် လာတာပဲလို့ ဒီဘက်က သုံးခုမှတ်လိုက်ပါ။ ကာယကံ, ဝစီကံ, မနောကံတွေကြောင့် လာတာပဲလို့ ဒီဘက်ကသုံးခု မှတ်လိုက်ပါ၊ ကာယကံ, ဝစီကံ, မနောကံ, သဘောကျပလား(ကျပါပြီ ဘုရား)။

ဒီသုံးခုက ကာယကံ, ဝစီကံ, မနောကံပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ကံကလုပ်လို့ ခင်ဗျားတို့ ဇာတိရတယ် (မှန်ပါ့)၊ ဒီဇာတိရတဲ့အတွက် ဇရာ, မရဏနဲ့ ခွဲမရခွါမရ ဖြစ်ရပါတယ် (မှန်လှပါ)။

ဒီ့ပြင် ဘယ်သူကမှ ပြုလုပ်လိုက်တာ မဟုတ်ဘူးဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မိမိတို့ ကာယကံ, ဝစီကံ, မနောကံကို မိမိတို့က ပြုလုပ်တဲ့အတွက် ဘာရပါလိမ့် (ဇာတိရပါတယ်)၊ ဇာတိရလို့ ဘယ်သူနဲ့ ရင်ဆိုင်ရသလဲ (ဇရာ မရဏနဲ့ ရင်ဆိုင်ရပါတယ် ဘုရား)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ပဋိစ္စသမုပ္ပာဒ် ဒေသနာတော်မှာလဲ စဉ်းစားကြည့်လိုက်တော့ ဘဝ ပစ္စယာ ဇာတိပေါ်ပလား (ပေါ်ပါပြီ ဘုရား) ခင်ဗျားတို့ ရ,ထားတာနဲ့ ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)။

ဘဝပစ္စယာဆိုတာက ကမ္မဘဝ ကာယကံ, ဝစီကံ, မနောကံ တည်းဟူသော ကမ္မဘဝပစ္စယာ ဘာတဲ့ (ဇာတိပါ ဘုရာ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတွေသည်ကားလို့ဆိုရင် ဒီကာယကံ, ဒီဝစီကံ, ဒီမနေကံတွေ နှိပ်စက်လိုက်တဲ့ ဖြစ်ခြင်းကြောင့် ဒီဇာတိချောက်ကြီးထဲ လှလှကြီးကျသွားတယ် (မှန်ပါ့)။

ဇာတိချောက်ထဲ လှလှကြီးကျလို့ရှိရင်ဖြင့် ဇရာဆိုတဲ့ အိုမှု၊ မရဏဆိုတဲ့ သေမှုနဲ့ဖြင့် မရုန်းနိုင်မကန်နိုင် ခံရ တော့တယ်ဆိုတာ ဆုံးဖြတ်ချက်ချပါတော့ (မှန်ပါ့)။

ဘယ်လောက်များ ခင်ဗျားတို့ဖြစ်ထွေ ဆိုးဝါးနေတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုင်း ပါဠိတော်ကို ရွတ်လိုက်ပါတော့ဆိုတော့ ဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

ဟော ၂-လာဖြစ်တယ် ဒကာ ဒကာမတို့ (မှန်ပါ့) မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် ၃ကြောင့် ၁-ဖြစ်တယ်၊ ၁-ကြောင့် (၂-ဖြစ်ပါတယ် ဘုရား)၊ ၂-ဖြစ်တယ်ဆိုတော့ ပါဠိတော်နဲ့ကော ကိုက်ကဲ့လား (ကိုက်ပါတယ် ဘုရား)။

နတ်ဖြစ်ချင်လို့ ဘုရားရှိခိုး

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကာယကံ, ဝစီကံ, မနောကံဆိုတာ လူ့ပြည်လိုချင်လို့ ကာယကံနဲ့ လက်အုပ်ချီပြီး ဘုရားရှိခိုး နတ်ဖြစ်ချင်လို့ ဘုရားရှိခိုးဆိုတာတွေ ကာယကံတွေပေါ့ဗျာ (မှန်ပါ့)။

ပါးစပ်ကလဲ ဩကာသ ဩကာသစသည်ဖြင့် လူ,နတ်ဖြစ်ချင်လို့ ရွတ်တဲ့ ဝစီကံတွေကလဲ ဝစီကံပဲ (မှန်ပါ့) စိတိထဲကလဲမနောထဲကလဲ လူ,နတ်ဖြစ်ချင်လို့ ဘုရားကို မနောကံနဲ့ ကြည်ညိုလို့ရှိရင်ဖြင့် မနောကံ မဖြစ်ဘူူးလား (ဖြစ်ပါတယ် ဘုရား)။

ဒါဖြင့် ဒီသုံးခုဘာတဲ့ (ကာယကံ, ဝစီကံ, မနောကံပါ ဘုရား)။

ဒီကံတွေသည် ခင်ဗျားတို့ စုတေမနေ သေလွန်တဲ့အခါကျတော့ ကမ္မဘဝ ပစ္စယာ ဘယ့်နှယ်ဆိုကြမလဲ (ဇာတိပါ ဘုရား)။

ဟော ဇာတိ ချောက်ထဲကျတယ် (မှန်ပါ့)၊ အမိဝမ်းခေါင်းတည်းဟူသော ဇာတိချောက်ထဲ ကျပါတယ်(မှန်ပါ့)၊ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်မှာဖြင့် ဒကာ ဒကာမတို့ အကောင်းကိုမပါဘူး၊ အဆိုးချည့်ပဲဆိုတာ၊ ဒါကြောင့် ဒီတရားမနာဘဲနဲ့ နေကြလို့ရှိရင်ဖြင့် ဒီလမ်းအတိုင်းသွားနေဖို့လို့ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ)။

ဒီပဋိစ္စသမုပ္ပါဒ် အနုလောမ အစဉ်အတိုင်း သွားနေရလို့ တပည့်တော်တို့ဖြင့် ဘုရား တရား မနာဖြစ်ဘူး၊ တရား အားမထုတ်ဖြစ်ဘူး (မှန်ပါ့)။

ဘာကြောင့်တုန်းလို့ မေးစရာရှိတော့ ဒီကာယကံ ကုသိုလ်၊ ဝစီကံကုသိုလ်၊ မနောကံကုသိုလ် (တစ်နည်း) ကာယကံ အကုသိုက်, ဝစီကံ အကုသိုလ်, မနောကံ အကုသိုလ်ကော မရှိဘူးလား (ရှိပါတယ် ဘုရား)။

ဒီပဋိစ္စသမုပ္ပါဒ် အစဉ်ကြီး

ဒါတွေ တွေးတောပြီးနေရတာနဲ့ ဘုရားတပည့်တော်တို့ ရှေ့ရေး, နောက်ရေး တွေးရတယ်၊ သားနဲ့ သမီးနဲ့ ပစ္စည်းနဲ့နေရတော့ တပည့်တော်တို့ ဒါတွေဟာ မလုပ်ဘဲလဲ မဖြစ်ဘူးဆိုပြီးတော့ ဒီပဋိစ္စသမုပ္ပါဒ် အစဉ်ကြီး တပည့်တော် တို့ မလုပ်ဘဲမဖြစ်ဘူးလို့ ပြောတာ (မှန်ပါ့)

ဘာပြောတာပါလိမ့် (ပဋိစ္စသမုပ္ပာဒ် အစဉ်မပျက်ဘဲမဖြစ်ဘူးလို့ ပြောတာပါ ဘုရား) ခင်ဗျားတို့မို့ ရဲရဲတင်းတင်း ပြောရဲပါပေါ့ဗျာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒီပဋိစ္စသမုပ္ပာဒ်ကို မလုပ်ဘဲမဖြစ်ဘူး (မှန်ပါ့)၊ မလုပ်ရင် တပည့်တော်ကို ချောက်မကျရဘူး (မှန်ပါ့)။

ဒါကြောင့် ချောက်ကျနေကျ ကျချင်တယ်ဘုရား (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဘာတဲ့တုံး (ချောက်ကျ နေကျ ကျချင်ပါတယ် ဘုရား)။

သို့သော် ခင်ဗျားတို့ ပါးစပ်ကတော့ ရိုင်းလို့ မဖွင့်ဘူး၊ အလုပ်သဘောက ဤအတိုင်းပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ပါးစပ်က မဖွင့်တာကတော့ ဘယ့်နှယ်ကြောင့်တုံး (ရိုင်းလို့မဖွင့်ပါ ဘုရား) ရိုင်းလို့ မဖွင့်ပါရစေနဲ့ဘုရား၊ အဖြစ်ကတော့ ဒီ ဇာတိချောက်ကျချင်တာ အမှန်ပါပဲ၊ ဒါကြောင့် တပည့်တော် တရားနာဖို့တောင် မအားဘူး (မှန်ပါ့)၊ တရားအားထုတ်တာလဲ အချိန်မရဘူး (မှန်လှပါ ဘုရား)၊ ဒီ ချောက်လမ်းကို အမှန်အတိုင်း ပြေးနေရလို့ပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အမလေး၊ သနားစရာ ကောင်းလိုက်တာ (မှန်ပါ ဘုရား) ဒကာထိုက် အားလုံး သနားစရာ ကောင်းတယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

မအားတာ ဘာပါလိမ့်မတုံး

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သည်ကားလို့ဆိုလို့ရှိရင် မအားတာ ဘာပါလိမ့်မတုံးဆိုတော့ ဪ ပဋိစ္စသမုပ္ပါဒ်အတိုင်း လမ်းလျှောက်နေလို့ပါဘုရား (မှန်ပါ့ ဘုရား)။

မအားတာ ဘာပါလိမ့် (ပဋိစ္စသမုပ္ပါဒ်အတိုင်း လမ်းလျှောက်နေလို့ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား) အဲဒါ ခင်ဗျားတို့ မြို့သုံး သုံးသလောက် ချောက်ကျတယ်ဆိုတာ မှတ် (မှန်ပါ့)။

ဘာတဲ့တုံး (မြို့သုံး သုံးသလောက် ချောက်ကျတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ခင်ဗျားတို့ဟာဖြင့် မအားတာ ဘုန်းကြီးတို့ကတော့ဖြင့် ဘယ်လိုသိပါလိမ့်မတုံးဆိုတော့ ဒီလမ်း လျှောက်ပြေးနေ လို့ မအားတာ (မှန်ပါ့)။

ကာယကံ, ဝစီကံ, မနောကံတွေကလဲ ပြောစရာနဲ့ ဆိုစရာနဲ့ လုပ်စရာနဲ့ ကိုင်စရာနဲ့ ကြောင့်ကြစရာနဲ့ စိုးရိမ်စရာ တွေနဲ့ ကာယကံ, ဝစီကံ, မနောကံတွေ လုပ်နေတယ် (လုပ်ပါတယ် ဘုရား)၊ မလုပ်ပေဘူးလား (လုပ်ပါတယ် ဘုရား) လုပ်တဲ့အခါကြတော့ ကမ္မဘဝ ပစ္စယာ ဘာတဲ့တုံး (ဇာတိပါ ဘုရား)၊ ဪ အိမ်မှာ ဘာလုပ်နေကြသတုံးဆိုတော့ ချောက်ကျဖို့လုပ်နေတယ်ဘုရား (မှန်ပါ့)။

ဘာလုပ်နေကြသတုံး (ချောက်ကျဖို့ လုပ်နေကြပါတယ် ဘုရား) အဲဒါ မအားဘူးဆိုတာ ချောက်ကျတာပဲ (မှန်ပါ့ ဘုရား)။

မအားလို့ ဒီပဋိစ္စသမုပ္ပာဒ် မဖြတ်နိုင်ဘူးဘုရား၊ အားမထုတ်နိုင်ဘူးဆိုတာသည် အစဉ်အတိုင်း ပြောပါရစေ ဆိုတာနဲ့ ဘာထူးသေးသလဲ (မထူးပါ ဘုရား) ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ,မရဏပါ ဘုရား) ဟော ဒီလမ်းလျှောက်နေလို့ ဘုရားတပည့်တော်တို့ မအားတာ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီး ဘုရား)။

နောက်က ဒကာ ဒကာမတွေ ခင်ဗျားတို့ မအားတာ ဘာပါလိမ့်မတုံး ပဋိစ္စသမုပ္ပာဒ် အစဉ်အတိုင်း လမ်း လျှောက်နေလို့ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပာဒ်ဆိုတာ ဖွင့်လိုက်စမ်းပါဦး ဒုက္ခ အစုကြီးဆိုတာ (မှန်ပါ့)၊ နောက်ဖြစ်ရမှာတွေလဲ ဒုက္ခပဲ (မှန်ပါ့)၊ အခုတွေ့ရတာတွေကော (ဒုက္ခပါပဲ ဘုရား)။

ဒုက္ခလမ်းကြီကို အစဉ်အတိုင်း လျှောက်နေရလို့

အဲဒီ ဒုက္ခလမ်းကြီကို အစဉ်အတိုင်း လျှောက်နေရလို့ တပည့်တော်တို့ဖြင့် ဘုရား မအားတာလဲဆိုတာ ပေါ်ကြ ပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ မြို့သုံး သုံးသလောက် အဖြစ်ကဖြင့် ကြမ်းလိုက်တဲ့ဖြစ်ခြင်း မပြောပါနဲ့တော့ (မှန်ပါ့)၊ ခင်ဗျားတို့ချင်းတော့ဖြင့် တယ်ပြီး အဆင်ပြေတယ်၊ တရားနာလိုက်ဦးမလား၊ အို စိတ်ထဲကတော့ အာရုံပြုပါတယ် မပြောကြဘူးလား၊ ပြောပါတယ်၊ စိတ်ထဲကတော့ အာရုံပြုပါတယ်တဲ့၊ မလွှဲသာတဲ့ ကိစ္စရှိနေတယ် (မှန်ပါ့)၊ ဘာကိစ္စတုံး၊ ဒီချောက်ကို ဆင်းမယ့် ကိစ္စရှိနေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မဆိုသာတဲ့ ကိစ္စဆိုတာ ချောက်တွန်းတဲ့ကိစ္စ (မှန်ပါ့ ဘုရား)၊ ဒီ ကာယကံကလဲ မအားဘူး၊ ဝစီကံကကော (မအားပါ ဘုရား) မနောကံကကော (မအားပါ ဘုရား)။

အဲဒီ မအားဟူသရွေ့ဟာ ဒကာ ဒကာမတို့ လောဘနဲ့မအား ဒေါသနဲ့မအား၊ မောဟနဲ့ မအား (မှန်ပါ့) ဒီလို မရှိဘူးလားကွယ် (ရှိပါတယ် ဘုရား)။

တစ်နည်းအားဖြင့်လဲ ခင်ဗျားတို့သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကာယကံကုသိုလ်, ဝစီကံကုသိုလ်, ဘုံဘဝတောင့်တ လုပ်တဲ့ ကုသိုလ်မျိုးနဲ့ မအားလို့ရှိရင်လဲ ချောက်ကျတာပဲလို့မှတ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ချောက်ကျတာဆိုတော့ ဒကာ ဒကာမတွေက ကုသိုလ်လုပ်တဲ့ ချောက်ကျတယ် ဆိုတာက လူ,နတ်,ဗြဟ္မာ သတ္တဝါတို့၏ ပဋိန္ဓေမှုကိုကြိုက်ပြီးလုပ်လို့ရှိရင်တော့ ချောက်ကျတယ်(မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါပြင့် ချောက်မကျတယ် ကျတယ် ပါဠိတော်က ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ဇာတိတည်းဟူသော ချောက်ဟာ သေးသလား (မသေးပါ ဘုရား)။

ဇာတိတည်းဟူသော ချောက်ဟာ

ကိုးလခွဲ ဆယ်လ အဝတ်မပတ်ဘဲနဲ့၊ အစားမည်သူမှ ကျွေးမယ်သူမရှိဘဲနဲ့ ဒုက္ခိတအဖြစ်နဲ့ နေရတယ် (မှန်ပါ့) ဒီချောက်ကို သေးတဲ့ချောက်လို့ဆိုကြမလား (မသေးပါ ဘုရား)။

သေးတဲ့ ချောက်လား၊ ကြီးတဲ့ ချောက်လား (ကြီးတဲ့ချောက်ပါ ဘုရား)။

အဲဒီတော့ ခင်ဗျားတို့သည် ဒီတရားမျိုးကိုလဲ မနာရဘူး၊ မအားမလပ်လို့ လောကီရေးရာ အရောင်းအဝယ် ကလေးက မပြတ်လို့၊ အရောင်းအဝယ် မပြတ်လို့ဆိုတာ ကာယကံ, ဝစီကံမပြတ်ဘူး (မှန်ပါ့) ယူစရာကော (မပြတ်ပါ ဘုရား)။

ကျန်နေတဲ့ စကားကလေးက ခြွင်းချက်ရှိနေသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒါတွေက ကာကယံ, ဝစီကံကြောင့် မအားတာ (မှန်ပါ့ ဘုရား) ကာယကံ, ဝစီကံ လုပ်စရာ မရှိဘူးလား (ရှိပါတယ် ဘုရား)။

အဲဒါတွေ လုပ်နေတော့ ကာယကံ, ဝစီကံ, မနောကံသည် ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား)။

တပည့်တော်ကို ချောက်ကျစရာကလေး ရှိသေးတယ်၊ ဒီနေ့ဖြင့် တရားလဲ အားမထုတ်သေးပါဘူး၊ နာလဲ မနာသေးပါဘူးဆိုတာ အဲဒီလို တောင်းပန်ရင် ကောင်းတယ် (မှန်ပါ့ ဘုရား) မကောင်းဘူးလား(ကောင်းပါတယ် ဘုရား)။

ခင်ဗျားတို့ လာစေချင်လို့ ပြောတာ မဟုတ်ပါဘူး၊ ဖြစ်စဉ်ကိုက်မို့ပြောနေတာ (မှန်ပါ့)၊ သနားလို့ ပြောတာပါ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် မအားတဲ့ ပုဂ္ဂိုလ်မှာ ဘာအလုပ်ရှိတယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ပဋိစ္စသမုပ္ပာဒ် အစဉ်အတိုင်း ပြေးမှုအလုပ် ရှိတယ် (မှန်ပါ့)၊ ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာမရဏပါ ဘုရား)။

ဟော ဒီချောက် ပြေးစရာရှိနေလို့ မအားတာပါဘုရား (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကာယကံ, ဝစီကံ, မနောကံ,ဆိုတဲ့ ကမ္မဘဝကြောင့်ဖြစ်တဲ့ (ဇာတိဖြစ်ပါတယ် ဘုရား) ဇာတိဆိုတဲ့ ချောက်ထဲကျတဲ့အခါကျတော့ ဇရာက ရိုက်တယ်၊ မရဏက သတ်တယ် (မှန်ပါ့)။

မအားဘူးဆိုတာ ဒါပဲ

ဒါဖြင့် ချောက်ကျပြီး အရိုက်အနှက်ခံပြီး သကာလ သေပွဲဝင်စရာရှိတာနဲ့ တပည့်တော်တို့ မအားဘူးဆိုတာ ဒါပဲဆိုတာသာ မှတ်လိုက်ပါတော့ (မှန်ပါ့)၊ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဘာကြောင့် မအားကြပါလိမ့်မယ် (ချောက်ကျပြီး အရိုက်ခံစရာ ကလေးက ရှိပါတယ် ဘုရား) သေပွဲဝင်စရာ ကလေးရှိပါသေးတယ် (မှန်ပါ့)။

အဲဒါကြောင့် မအားတာပါဘုရားဆိုတာ ပဋိစ္စသမုပ္ပါဒ်အတိုင်း ပြောစရာရှိလို့ (မှန်ပါ့)၊ ဘယ်လောက် နစ်နာ သလဲ (နစ်နာပါတယ် ဘုရား)။

ဒီတရားမျိုးကို မနာရတော့ဘူးဆိုလို့ရှိရင် ခင်ဗျားတို့ ပရိယာယ်တွေဟာ အဖိုးတန်တယ်လို့ ထင်နေတာ တကယ့်ကို ဆိုးဝါးတာပဲတဲ့ ဒကာ ဒကာမတို့နော် (မှန်ပါ့ ဘုရား) မဆိုးဝါးဘူးလား (ဆိုးဝါးပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အဲဒါကြောင့် လက်တွေ့ဝိပဿနာကို ပြပေးမယ်ဆိုတဲ့ ဥစ္စာ ဝိပဿနာမပြခင် မဖြစ်သင့်တာတွ ပြတုန်းရှိသေး တယ် (မှန်လှပါ) ဝိပဿနာ မပြသေးပါဘူး ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။

ဝိပဿနာပြပလား (မပြသေးပါဘူး ဘုရား) မပြသေးပါဘူး၊ ဒကာ ဒကာမတို့၊ ခင်ဗျားတို့၏ ပရိယာယ်တွေ၊ ခင်ဗျားတို့၏ သားရေး၊ သမီးရေး၊ စီးပွားရေးကိစ္စ ရှုပ်ခြင်းကြောင့်တို့သည်ကားလို့ဆိုရင် ဘယ်လိုအကျိုး ပျက်စီးရတယ် မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ဒီ ကာယကံ, ဝစီကံ, မနောကံ ကမ္မဘဝ (မှန်ပါ့)၊ ကမ္မဘဝလုပ်တဲ့ပုဂ္ဂိုလ်ဟာ ကမ္မဘဝ ပစ္စယာ (ဇာတိပါ ဘုရား) ဇာတိရတယ် (မှန်ပါ့)။

ဇာတိဟာ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ဟုတ်တယ် ဇာတိပိ ဒုက္ခာလို့ သေသေချာချာ ဟောသောကြောင့် တပည့်တော် မအားတာသည် ဒုက္ခရောက်ဖို့ မအားတာပါဘုရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဇရာ မရဏကော ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တပည့်တော်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် ကာယကံ, ဝစီကံ, မနောကံအလုပ်တွေ လုပ်လို့ မအားနေတာသည် ဒီကံတွေသည်ကား ဒီ ဇာတိဆိုတဲ့ အကျိုးပေးလာရမယ် (မှန်ပါ့)၊ မလာရပေဘူးလား (လာရပါမယ် ဘုရား)။

ဇရာ မရဏရတာနဲ့ အသက်ထွက်ရမယ်

ဇာတိ အကျိုးပေးလာလို့ရှိရင် ဇရာ မရဏရတာနဲ့ အသက်ထွက်ရမယ်ဆိုတာကော (သေချာပါတယ် ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အခုတွေ့လို့ ဒီလိုပြောလို့ရှိရင်ဖြင့် တစ်ခုပဲ နားထောင်လိုက်ပါ (မှန်ပါ) ဒီဟာ ဖြတ်ခန်းကိုလဲ သေသေချာချာပြပါ့မယ် (မှန်ပါ့)။

သို့သော် တစ်နေ့တည်း နာလို့တော မရောက်နိုင်ဘူး (မှန်ပါ့ ဘုရား) ကိုယ့်အဖြစ်ဆိုးကို ကုန်အောင်ပြောပါရစေ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့က လျှာ အရိုးမပါတဲ့အတိုင်း လှည့်ပြီး သကာလ ပြောတာတွေဟာ ဘယ်အပြစ် သင့်တယ်ဆိုတာ သိအောင်လို့ ဖော်ပြနေတာ (မှန်ပါ့)၊ မပြောထိုက်ဘူးလား (ပြောထိုက်ပါတယ် ဘုရား)။

ကာယကံ, ဝစီကံ, မနောကံဆိုတာ လူတိုင်းကင်းကြရဲ့လား (မကင်းပါ ဘုရား) ကိုယ်နဲ့လုပ်ရမှာလဲ ရှိတယ်၊ ပါးစပ်နဲ့လုပ်ရမယ့်အလုပ်ကော (ရှိပါတယ် ဘုရား) စိတ်ထဲက တွေးဆနေရမယ့်အလုပ် (ရှိပါတယ် ဘုရား)။

အဲဒီအလုပ်တွေက ခင်ဗျားတို့ လူတိုင်းစေ့ရှိနေတော့ သူတော်ကောင်းအလုပ်ဖြစ်တဲ့ ပဋိစ္စသမုပ္ပာဒ် ဖြတ်ကြောင်း တရားကို မနာနိုင်ဘူးဘုရား (မှန်ပါ့)။

မနာနိုင်ဘူး အလုပ်တွေက မပြီးမပြတ်နဲ့ တပည့်တော်တို့ဖြင့် အင်မတန် အကျပ်အတည်းတွေ့နေလို့ နာလဲမနာ နိုင်ဘူး၊ ကျင့်လဲမကျင့်နိုင်ဘူးဆိုတာ ကမ္မဘဝကို လုပ်နေတာ (မှန်ပါ့) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ဇာတိချောက်ကျတော့မယ် သူနှုတ်ချိုသလောက် သူဒုက္ခရောက်တော့မယ် (မှန်ပါ့)၊ သူလိမ့်သလောက် သူဒုက္ခ ရောက်တော့မယ် (မှန်ပါ့)၊ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား) ဇရာ မရဏလာမယ်၊ အိုပွဲ, သေပွဲမတွေ့ရပေဘူးလား (တွေ့ရပါမယ် ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတွေ ဝိပဿနာအလုပ် ဘုန်းကြီးပေးထားတယ်၊ မလုပ်ဖြစ်တာသည် ဒီကံတွေကြောင့် ဘုရား (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

လုပ်ဖြစ်ရင် ဒီကံတွေပျောက်တယ် (ပျောက်ပါတယ် ဘုရား)၊ မလုပ်ဖြစ်တော့ ဒီကိစ္စတွေက မရှိဘူးလား (ရှိပါတယ် ဘုရား)။

ကိုယ်နဲ့လုပ်ရမယ့်အလုပ် (ရှိပါတယ် ဘုရား) ပါးစပ်နဲ့လုပ်ရမယ့် အလုပ်(ရှိပါတယ် ဘုရား) စိတ်နဲ့လုပ်ရမယ့် အလုပ် (ရှိပါတယ် ဘုရား)။

အဲဒီအလုပ်တွေက ရှိမနေဘူးလား (ရှိပါတယ် ဘုရား) စီးပွားရေးနှင့် ပတ်သက်၍၊ သားရေး သမီးရေးနဲ့ ပတ်သက်၍ ဆွေမျိုးဉာတကာတွေနဲ့ ပတ်သက်တဲ့ကိစ္စ (ရှိပါတယ် ဘုရား)။

အဲဒါတွေက ကာယကံ, ဝစီကံ, မနောကံဆိုတဲ့ ကမ္မဘဝ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား) ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား)။

ပဋိစ္စသမုပ္ပါဒ် ပြတ်သေးရဲ့လား

ဪ တပည့်တော်တို့ မအားတာ ဒီအလုပ်တွေလုပ်နေရတဲ့အတွက် မအားတာ (မှန်ပါ့)၊ ပဋိစ္စသမုပ္ပါဒ် ပြတ်သေးရဲ့လား (မပြတ်ပါ ဘုရား)။

မပြတ်ဘူး၊ ဒီဘက် ဇာတိဘက် ဆက်လာတယ်(မှန်ပါ့)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)။

ဇာတိဘက် ဆက်လိုက်တဲ့အခါကျတော့ ရှောင်လို့ကွင်းလို့ရသေးရဲ့လား (မရပါ ဘုရား) ဇရာ, မရဏဆိုတဲ့ အိုပွဲ, သေပွဲ တွေ့ရတယ် (မှန်ပါ့)။

ဪ ဒကာ ဒကာမတို့ အိမ်မှာ မအားတာများ ဘာများဖြစ်နေကြပါလိမ့်မတုံးဆိုလို့ရှိရင်ဖြင့် ပဋိသန္ဓေနေမှ ကိစ္စ တပည့်တော်ကို ကြုံချင်သေးဘုရား (မှန်ပါ)။

ဒါကြောင့် ကာယကံ, ဝစီကံ, မနောကံတွေနဲ့ မအားဘဲဖြစ်နေတယ် (မှန်ပါ့)။

အဲဒီ မအားတာသည် ဘာကြုံချင်ပါလို့ပါလိမ့် (ပဋိသန္ဓေနေမှုနဲ့ ကြုံချင်လို့ပါ ဘုရား) ပဋိသန္ဓေနေမှုနဲ့ ကြုံတဲ့ ပုဂ္ဂိုလ်ဟာ အိုပွဲ, သေပွဲနဲ့ကော (ကြုံနေရပါတယ် ဘုရား) မလွဲရင်ဆိုင်ရမယ် ဆိုတာက အရှင်းသားပဲ (မှန်ပါ့) မရှင်းဘူး လား (ရှင်းပါတယ် ဘုရား)။

အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ခင်ဗျားတို့ မအားသလောက် ဒုက္ခရောက်တယ်ဆိုတာကော ပေါ်ပလား (ပေါ်ပါပြီ ဘုရား) မရှင်းဘူးလား (ရှင်ပါတယ် ဘုရား)။

ဒါကြောင့် မြို့သုံးတွေရှောင် (မှန်ပါ့) မရှောင်သင့်ဘူးလား (ရှောင်သင့်ပါတယ် ဘုရား) ကိစ္စကလေးက ကိစ္စ ကလေးကနဲ့ အယဉ်သုံးတာ (မှန်ပါ့)။

ပြောတော့ဖြင့် မဖြစ်တော့ မဖြစ်လောက်ပါဘူး၊ မဖြစ်လောက်ပေမယ့်လဲ ကိုယ်မပါရင်မပြီးလို့ (မှန်ပါ့)၊ အံမာ မြို့သုံးများ သုံးလိုက်သေးတယ်(မှန်ပါ့)၊ တော်တော့်ကို ယဉ်တယ်လို့ ထင်ရတယ် (မှန်ပါ့)။

ယဉ်သာယဉ်တယ်၊ ဒီဘက်ချောက် ကျသွားပြီ (မှန်ပါ့)၊ မကျသေးဘူးလား (ကျပါပြီ ဘုရား) ဒီဘက် ဇရာမရဏ နှစ်ခုနဲ့ ရင်မဆိုင်ရဘူးလား (ဆိုင်ရပါတယ် ဘုရား) အမယ်လေး နှုတ်ချိုသလောက် ခင်ဗျားတို့ ဒုက္ခရောက်မယ် (မှန်ပါ့)။

နှုတ်ချိုသလောက် ဒုက္ခရောက်တယ်

ဘာတဲ့ (နှုတ်ချိုသလောက် ဒုက္ခရောက်ပါတယ် ဘုရား) နှုတ်ချိုသလောက် ဒုက္ခရောက်တယ်ဆိုတာ ကောင်း ကောင်းရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ကဖြင့် ဒီလိုပြောလိုက်တော့မှာပဲ ခံသာရည်လဲ ရှိပါရဲ့၊ ကိုယ်လဲ နှုတ်ကြမ်းတာလဲ မဟုတ်ပါဘူး၊ အမှန်ပြောရာလဲ ရောက်တာပါပဲ၊ ကိုယ့်ကိစ္စကလဲ မြင်တဲ့အတိုင်းပဲ။

အမယ်လေး ဒကာ ဒကာမတွေက တော်တော့ဘုန်းကြီးနဲ့တော်တော့ လူများကျလာတော့ အပါယ်သွားမှာ တောင် တစ်ခါတည်း နှုတ်ချိုပြီး သွားလိုက်သေးတယ် (မှန်ပါ့) အတော်မဆိုးဘူးလား (ဆိုပါတယ် ဘုရား)။

ဘယ့်နှယ်တုံး ဒကာ ဒကာမတို့ သဘောပါကြရဲ့လား (ပါပါတယ် ဘုရား)၊ သဘောမပါရင်လဲ ကိုယ့်အလုပ်ပဲ ခင်ဗျားတို့ပါသာပါကြ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သူများအလုပ်လား ကိုယ်သုံးနှုန်းနေတဲ့ အလုပ်လား (ကိုယ်သုံးနှုန်းနေတဲ့ အလုပ်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် နောက်ကို ဒီအသုံး ဒီအနှုန်းတွေကို အကုန်ဖျက်ပါ၊ တရားနာ လိုက်ချင်ပါရဲ့၊ ကျုပ်မှာ အခုမြင်တဲ့အတိုင်းပဲ စသဖြင့် လုပ်မနေနဲ့ လုပ်နေရင် ဇာတိချောက် သွားတော့မယ်၊ ဇရာ,မရဏချောက် သွားတော့မယ်၊ ဒါကို ပြောလိုက်တာပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဥပါဒါန်ဆိုတဲ့ တရားကြောင့်လာတာ

အေး ဒါဖြင့် ဒီကာယကံ, ဝစီကံတွေ ဒကာ ဒကာမတို့ ဘယ်ကလာတယ်ဆိုတဲ့ လက်သည် ရှာကြပါဦးစို့ (မှန်ပါ့) ကာယကံ, ဝစီကံဆိုတဲ့ ဥစ္စာ ဒကာ ဒကာမတို့ ဥပါဒါန်ဆိုတဲ့ တရားကြောင့်လာတာ (မှန်ပါ့)။

ကိုယ့်ပစ္စည်းစွဲလမ်းတဲ့ ဥပါဒါန်ကြောင့် ကာယကံ, ဝစီကံနဲ့လုပ်ရဦးမှာ (မှန်ပါ့) ကိုယ်ရချင်တဲ့ပစ္စည်း စွဲလမ်း နေတာနဲ့ ကာယကံ, ဝစီကံနဲ့ လုပ်မှ ပြောမှ ဆိုမှ ပြီးမှာ (မှန်ပါ့)။

ဥပါဒါန်သည်ကားလို့ဆိုရင်ဖြင့် လောဘထက် အဆပေါင်းများစွာကြီးလို့ ဘုရားက ဥပါဒါန်လို့ခေါ်ကာ (မှန်ပါ့ ဘုရား)။

လောဘထက် အဆပေါင်းများစွာကြီးလို့ သူ့ကို ဘာခေါ်ကြသတုံး (ဥပါဒါန် ခေါ်ပါတယ် ဘုရား)။

ဒါဖြင့် ဥပါဒါန ပစ္စယာ (ကမ္မဘဝေါ) ဥပါဒါန်ကြောင့် ဒီကံတွေ ကမ္မဘဝ ဖြစ်လာတာ (မှန်ပါ့) ကမ္မဘဝဖြစ်လို့ ဒီဇာတိဖြစ်ရတာ (မှန်ပါ့) ဒီဇာတိဖြစ်လို့ ဒီဇရာ, မရဏနဲ့ ရင်ဆိုင်ရတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ သုံးနှုန်းပြီး သကာလ နေလိုက်တာ ပစ္စည်းပေါ်၌လည်းကောင်း၊ သားသမီး ပေါ်၌လည်းကောင်း ဥပါဒါန်ရှိနေလို့ ဒီ ကာယကံ, ဝစီကံတွေနဲ့ အချိန်ကုန်ပြီး ခင်ဗျားတို့ တရားမနာမိတာဘဲ၊ တရား အားမထုတ်မိတာဘဲ (မှန်ပါ့) ဆိုထိုက်ပလား (ဆိုထိုက်ပါတယ် ဘုရား)။

ကြောက်စရာ ကောင်းလိုက်တာဗျာ၊ ကိုယ့်ကိုယ် နစ်အောင်ပဲ တစ်ခါတည်း ကြံစည်နေတော့တယ်ဆိုတဲ့ အဓိပ္ပာယ်ဟာလဲ အတော်မှန်နေပြီ (မှန်ပါပြီ ဘုရား)။

အသက်ရှင်လေလေ ချောက်ကျလေလေ

ခင်ဗျားတို့ အသက်ရှင်လေလေ ဒီကာယကံ, ဝစီကံများလေလေ ချောက်ကျလေလေပဲ (မှန်ပါ့) ချောက်ကျ လေလေ ဒုက္ခမလွတ်လေလေဆိုတာကော (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဪ တို့ဟာတို့အမြင်နဲ့တို့တော့ဖြင့် အတော် ယဉ်ကျေးမနေရဘူးလား (နေရ ပါတယ် ဘုရား) ကာယကံနဲ့ သွားလိုက်, လာလိုက်လုပ်နေတယ်၊ ဝစီကံနဲ့ ပြောဆိုနေရတယ် (မှန်ပါ့)၊ မနောကံနဲ့ တွေးဆနေရတယ် (မှန်ပါ့) နေရတော့ ဒီကံတွေကြောင့် ဘာဖြစ်သတုံး (ဇာတိဖြစ်ပါတယ် ဘုရား) သေသည်၏ အခြားမဲ့၌ ဇာတိဖြစ်တယ်၊ ဇာတိဖြစ်လို့ ဘာရသလဲ (ဇရာ, မရဏ ရပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ မအားတာ ရိပ်မိပါပြီ၊ ဒီ ဥပါဒါန်ကြောင့် (မှန်ပါ့)။

သားသမီးနဲ့ ပစ္စည်းဥစ္စာကို စွဲလမ်းတာဘာတုံး (ဥပါဒါန်ကြောင့်ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကောင်းပြီ ဒါဖြင့် ဒီဥပါဒါန်ဟာ ဘယ်ကလာသတုံးဆိုတဲ့ ပြောင်းပြန်လက်သည် ရှာပါ (မှန်ပါ့) ဒါကြောင့် တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဥပါဒါန် ဘယ်ကလာပါလိမ့်

ဥပါဒါန် ဘယ်ကလာပါလိမ့် (တဏှာက လာပါတယ် ဘုရား) တဏှာက ကုသိုလ်လား၊ အကုသိုလ်လား (အကုသိုလ်ပါ ဘုရား)။

တဏှာဆိုတာ လိုချင်မှု, ရချင်မှု, ခင်မင်မှုပေါ့ဗျာ (မှန်ပါ့)၊ လိုချင်မှု, ရချင်မှု, ခင်မင်မှုက တဏှာ (မှန်ပါ့) အားကြီးစွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား) စွဲလမ်းမှုကြောင့် ကာယကံ, ဝစီကံတွေနဲ့ အားထုတ်တာက (ကမ္မဘဝပါ ဘုရား)။

အဲဒီ ကမ္မဘဝဆိုတဲ့ စေတနာခံတွေ အမျိုးမျိုးပေါ်နေတာ အောက်မေ့တာပဲ၊ ယဉ်ကျေးသလောက် အကျည်းတန် ပါလား သံသရာခရီးလမ်းမှာ (မှန်ပါ့) မတန်ဘူးလား (တန်ပါတယ် ဘုရား)။

မြို့သုံး သုံးသလောက် သံသရာခရီးလမ်းမှာ အတော်ကြမ်းတယ် (ကြမ်းပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဆိုးလိုက်တဲ့ ဒကာ ဒကာမတွေ မပြောပါနဲ့တော့၊ ဒီတရားမျိုး မနာရတော့ဘူးဆိုလို့ရှိရင်ဖြင့် ကျုပ် ပိုတာကလေး တွေလဲ လှူနေတာပဲ၊ စားဖို့ကတော့ ဒါလောက်မဟုတ်ပါဘူး လှူဖို့, တန်းဖို့ပါပဲ (မှန်ပါ့)။

အင်း လှူဖိုတန်းဖို့ပါပဲလို့ ဆိုငြားသော်လဲ ခင်ဗျားတို့ လှူမှုတန်းမှုသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ပဋိစ္စသမုပ္ပာဒ်ကို ပြတ်အောင် မလုပ်နိုင်လို့ရှိရင်ဖြင့် ဒီဒုက္ခပဲပြန်ရတယ် (မှန်ပါ့ ဘုရား)။

ဒီအထဲမှာ လှူဖို့, တန်းဖို့စေတနာကံတွေ မပါဘူးလား (ပါပါတယ် ဘုရား) မလှူတတ်လို့ရှိရင် ဒီဒုက္ခ ရမှာပဲ (မှန်ပါ့)၊ ဒီဒုက္ခရရင် ဒီဒုက္ခနှစ်ခုနဲ့ ရင်ဆိုင်ရမယ်ဆိုတာကော (သေချာပါတယ် ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ အကြောင်းပြ နေရပါတယ်၊ ခင်ဗျားတို့ ကာယကံ, ဝစီကံအလုပ်တွေက မအားတာ ဘယ့်နှယ်ကြောင့် မအားပါလိမ့်မတုန်းဆိုတော့ ဥပါဒါန်ကြောင့် (မှန်ပါ့)။

ပစ္စည်းစွဲလမ်း၊ သားသမီးစွဲလမ်း၊ ဥပါဒါန်ကြောင့် မအားတယ် (မှန်ပါ့)၊ မအားတော့ ဒီကံတွေနဲ့ ဖြစ်သောကြောင့် ကမ္မဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပပစ္စယာ (ဇရာ, မရဏပါ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။

ဇရာ မရဏ လွတ်ချင်လို့ရှိရင်

ဇရာ မရဏ လွတ်ချင်လို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ဒီနောက်ကဟာတွေ သိမ်းနိုင်မှ ဒီဇရာ မရဏက လွတ်မယ် (မှန်ပါ့)၊ နောက်ကဟာတွေ မသိမ်းနိုင်ရင် ဇရာမရဏက လွတ်ပါ့မလား (မလွတ်ပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နောက်ဆုတ် ပဋိလောမ,ပြောတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်က ဘာပါလိမ့် (တဏှာပါ ဘုရား) ဒီဘက်က ဘာပါလိမ့် (တဏှာပါ ဘုရား) ဒါကြောင့် တဏှာကြောင့် ဘာဖြစ်သတုံး (ဥပါဒါန် ဖြစ်ပါတယ် ဘုရား)။

ဥပါဒါန်ကြောင့် (ကမ္မဘဝ ဖြစ်ပါတယ်) ကမ္မဘဝကြောင့် (ဇာတိဖြစ်ပါတယ်)၊ ဇာတိကြောင့် (ဇရာ မရဏ ဖြစ်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီဇရာ မရဏဟာ ဘဝပေါင်းများစွာ အိုလိုက်သေလိုက်၊ အိုလိုက် သေလိုက်နေတာကိုး၊ နောက်ဆုတ်တွေးလာလို့ရှိရင် ဇာတိကြောင့်ဖြစ်တယ်၊ သားသမီးနဲ့ ပစ္စည်းစွဲလမ်းမှုကြောင့် (ဥပါဒါန်ပါ ဘုရား) သားသမီးနဲ့ ပစ္စည်းကို ခင်မှုကြောင့် (တဏှာပါ ဘုရား)။

ဒါဖြင့် ခင်တာကတဏှာ၊ စွဲလမ်းတာက (ဥပါဒါန်ပါ ဘုရား) စွဲလမ်းခြင်းကြောင့် ကာယကံ, ဝစီကံတွေနဲ့ ပွေ့ကာပိုက်ကာ ပြောဆိုနေကြတာက ကမ္မဘဝ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ မရဏပါ) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဒကာ ဒကာမတို့ခင်ဗျားတို့ ကြောက်စရာကောင်းလိုက်တာ ဦးလှဘူးရေ (ကောင်းပါတယ် ဘုရား) မပေါ်သေးဘူး လား (ပေါ်ပါပြီ ဘုရား)။

ဒီအတိုင်းကြည့်ရင် ပေါ်လာလိမ့်မယ်

အိမ်ကျတော့ ကွမ်သီးကလေးတွေချပြီး ဒီအတိုင်းကြည့်၊ ဒီအတိုင်းကြည့်ရင် ပေါ်လာလိမ့်မယ် (မှန်ပါ့)။

ဒီတဏှာသည်ကားလို့ဆိုရင် ဒကာသိုက်တို့ လက်သည်ရှာကြဦးစို့ (မှန်လှပါ)၊ ဒီတဏှာလက်သည် ရှာလိုက်တဲ့ အခါကျတော့ ဒီတဏှာ ဘယ်ကလာပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ ခံစားချင်တဲ့ဝေဒနာက လာတာပဲ (မှန်ပါ့ ဘုရား)။

ကောင်းကောင်း စားချင်တယ် ဟုတ်လား (မှန်ပါ့)၊ ဝမ်းသာတဲ့ သောမနဿဝေဒနာကြောင့် လာတယ်၊ ဒေါမနဿကော (လာပါတယ် ဘုရား)။

ဒါဖြင့် သောမနဿ ဥပေက္ခာဆိုတဲ့ ဝေဒနာတို့ကြောင့် တဏှာလာတယ် (မှန်ပါ့) ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)။

တဏှာပစ္စယာ (ဥပါဒါန်ပါ ဘုရား) ဥပါဒါန်ပစ္စယာ (ဘဝပါ ဘုရား)၊ ဘဝကို ကံဆိုလိုက်ပါတော့ ကမ္မလဝေါ ကာယကံ, ဝစီကံ, မနောကံ (မှန်ပါ့) ဘဝပစ္စယာ (ဇာတိပါ ဘုရား) ဇာတိပစ္စယာ (ဇရာ မရဏပါ ဘုရား)။

ဒါဖြင့် ဒီဇရာ မရဏတွေကို နောက်ဆုတ်၊ နွယ်ကြီးကို ဒကာ ဒကာမတွေ အရင်းဖြတ်၊ အရင်းဖြတ်ချင်တော့ အဖျားကနေမ, လိုက်တာပေါ့ဗျာ (မှန်ပါ့) မ,ပါများတဲ့အခါ အရင်းမတွေ့ဘူးလား (တွေ့ပါတယ် ဘုရား)။

အဲ ဇရာမရဏဆိုတဲ့ အဆုံးကနေပြီး၊ အဆုံးကနေပြီး အညွန့်ကနေပြီး မ,လိုက်ပါ (မှန်ပါ့) မ,လိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ သူ၏ လက်သည်တွေဟာ သူပဲ၊ သူပဲ၊ သူပဲ၊ သူပဲဆိုတော ပေါ်လာပါလိမ့်မယ် (ပေါ်လာပါတယ် ဘုရား) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

အခု ဝေဒနာတွေ့ရပြီ (မှန်ပါ့) ဝေဒနာကြောင့် တဏှာဖြစ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဝေဒနာကြောင့် တဏှာဖြစ်တယ်

ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဝေဒနာကြောင့် တဏှာဖြစ်တယ်ဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် မနေ့ညက ပြောသလို ပြောရဦးမယ် ဒကာ ဒကာမတို့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် တဏှာ သိမ်းလို့လဲ နိဗ္ဗာန်ရောက်သွားတယ် (မှန်ပါ့) ဇရာမရဏ သိမ်းလို့ကော (နိဗ္ဗာန်ရောက်သွားပါတယ် ဘုရား)။

ဒါဖြင့် သူက သမုဒယသစ္စာ၊ ဒီဘက်ကဟာတွေက ဒုက္ခသစ္စာ (မှန်ပါ့) သဘောကျပလား (ကျပါတယ် ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်သွားတာသည် ဒီတဏှာသိမ်းလို့၊ ဇာတိ, ဇရာ, မရဏ ဒုက္ခသိမ်းလို့ ဘုရားဖြစ်သွားတယ် (မှန်ပါ့)။

ဒါကြောင့် ဘုရားသခင် ကိုယ်တော်မြတ်ကြိးသည် ဗောဓီပင်နဲ့ ရွှေပလ္လင်မှာ ပွင့်တယ်လို့ဆိုတာ လူတိုင်းသိပြီးသား (မှန်ပါ့)။

ဘုရားသခင် ကိုယ်တော်မြတ်ကြီး ဘယ်မှာပွင့်ပါလိမ့် (ဗောဓိပင်နဲ့ ရွှေပလ္လင်မှာ ပွင့်ပါတယ်) သဘောကျပလား (မှန်ပါ့ ဘုရား)။

အဲဒါ လိုရင်း မဟုတ်သေးဘူး၊ လိုရင်းမဟုတ်သေးဘူးဆိုတော့ ဒကာ ဒကာမတွေက ဟာ ဒီဥစ္စာ ဘုရား ကျမ်းဂန်တွေနဲ့ အင်မတန် သေချာနေတာပဲလို့ ဆိုကြလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဟုတ်ပါတယ်တဲ့ ဗောဓိပင်နဲ့ ရွှေပလ္လင်အပေါ်မှာ ဘုရားတော့ဖြစ်ပါတယ်၊ အဲဒါက ပွင့်ရာဌာန အနေသာ ပြောခြင်းဖြစ်ပြီးတော့ တကယ့်သဗ္ဗညုတဉာဏ်ဘုရားကတော့ ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ် (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုရား ဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ့်

ဘုရား ဘယ်နေရာမှာ ဘုရားဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာအကြားမှာ ဘုရားဖြစ်ပါတယ်)။

ဝေဒနာနဲ့ တဏှာအကြားမှာ ဘုရားဖြစ်တယ်ဆိုတော့ ဝေဒနာနဲ့ တဏှာအကြားမှာ ဒကာ ဒကာမတို့ သေသေ ချာချာ မှတ်ပါတဲ့၊ ဝေဒနာတွေကို ဖြစ်ပျက်ရှုတယ် (မှန်ပါ့)၊ ဖြစ်ပျက်ရှုလိုက်တော့ ဒီအထဲမှာ မဂ်မရဘူးလား (ရပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီဟာကလေးကိုဘုရားပဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဒီနေရာမှာ ဝေဒနာတွေလို ဖြစ်ပျက် ရှုတယ်၊ ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဝေဒနာတွေရဲ့ ဖြစ်ပျက်မြင်လာတယ် (မှန်ပါ့) ဖြစ်ပျက်တွေ မုန်းလာတယ် (မှန်ပါ့)။

ဖြစ်ပျက်တွေဆုံးတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီး မဂ်ရတယ်၊ ဒီနေရာမှာ ရတယ် (မှန်ပါ့) အဲဒီမဂ်ရတော့ ဒီဘက်က တဏှာ သေတယ် (မှန်ပါ့) ဒီဘက်က တဏှာသေသောကြောင့် ဒီဘက်က နောက်လာမယ့် ဇာတိတွေ၊ ဇရာ မရဏတွေ မသေဘူးလား (သေပါတယ် ဘုရား)။

ဒါဖြင့် ဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဝေဒနာနဲ့တဏှာကြားထဲမှာ ဘုရားဖြစ်တယ် (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်မှာ ဘုရားဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာအကြားမှာ ဘုရားဖြစ်ပါတယ်) ဘုရားအစစ်ဖြစ်တာက ဒီမှာ (မှန်ပါ့)။ သူတည်ရာဌာနကတော့ ဗောဓိပင်နဲ့ ရွှေပလ္လင်ပါပဲ (မှန်ပါ့)။

ဘုရားစစ် သဗ္ဗညုတဉာဏ်ရတာ ဒကာဒကာမတို့ မဂ်လေးတန်, ဖိုလ်လေးတန်နဲ့ သဗ္ဗညုတရတာက ဒီကြားမှာ ရတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားဘယ်နေရာမှာ ဖြစ်ပါလိမ့် (ဝေဒနာနဲ့ တဏှာ အကြားမှာပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့

ဝေဒနာကို ဖြစ်ပျက်ရှုလိုက်တော့ ဒီမဂ်က မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ကောင်းပြီ ဒီက မဂ်လေးတန် ဖြစ်သွားတဲ့အခါ ဝေဒနာနောက်က ဝေဒနာ ပစ္စယာ တဏှာ လာသေးရဲ့လား (မလာပါ ဘုရား)၊ တဏှာမလာတော့ ဥပါဒါန်တွေကော (မလာပါ ဘုရား)၊ ကံတွေကော (မလာပါ ဘုရား) နောက်ဘဝ အနာဂတ်ဇာတိတွေကော (မလာပါ ဘုရား) ဇရာမရဏတွေကော (မလာပါ ဘုရား)။

ဪ ဘုရားသခင် ကိုယ်တော်မြတ်ကြီးဟာ ဘုရားဖြစ်တော့ တဏှာသေတယ်၊ ဟုတ်လား (မှန်ပါ့) ခန္ဓမာရ် အောင်တော်မူတယ်ဆိုတော့ ဒီခန္ဓာတွေ လာသေးရဲ့လား (မလာပါ ဘုရား) ဇာတိ, ဇရာ, မရဏတွေ လာသေးရဲ့လား (မလာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဘုရားပွင့်ရာဌာန သိပလား (သိပါပြီ ဘုရား) ဘယ်နေရာပါလိမ့် (ဝေဒနာနဲ့ တဏှာ ကြားမှာပါ ဘုရား) ဝေဒနာနဲ့ တဏှာကြားမှာ ဘုရားဖြစ်တယ်ဆိုတာ သေသေချာချာမှတ်ပါ (မှန်ပါ့)။

ခင်ဗျားတို့ သောတာပန်တည်ချင်လဲ ဝေဒနာနဲ့ တဏှာကြားမှာ ရှုတဲ့မဂ်ဝင်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။

သကဒါဂါမ် တည်ချင်လဲ ဝေဒနာနဲ့ တဏှာကြားထဲမှာ ဘာလုပ်ရမလဲ (ရှုတဲ့မဂ် ဝင်ရပါမယ် ဘုရား) ကျေနပ် ပလား (ကျေနပ်ပါပြီ ဘုရား)။

အနာဂါမ်တည်ချင်တော့ကော (ဝေဒနာနဲ့ တဏှာကြားမှာ ရှုတဲ့မဂ် ဝင်ရပါမယ်ဘုရား ) ရှုတဲ့မဂ် ဝင်လိုက်လို့ရှိ ရင် တဏှာကြားလို့သာ တဏှာက လာသေးရဲ့လား (မလာပါ ဘုရား)။

ရဟန္တာဖြစ်ချင်ပြန်တော့လဲ ဘယ်နေရာကနေ ကြိုးစားရမလဲ (ဝေဒနာနဲ့ တဏှာကြားကပါပဲ ဘုရား) ဝေဒနာနဲ့ တဏှာကြားကနေပြီး မဂ်ဉာဏ်နဲ့ ကြိုးစားလိုက်ပါ (မှန်ပါ့)။

ကြိုးစားလိုက်တော့ ဒီဘက် တဏှာ မသေဘူးလား (သေပါတယ် ဘုရား) ရဟန္တာဖြစ်တော့ နောက်ခန္ဓာတွေ ကော လာသေးရဲ့လား (မလာပါ ဘုရား) ဇာတိ, ဇရာ, မရဏတွေ လာသေးရဲ့လား (မလာပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ကိုယ်ကိုယ်တိုင် သောတာပန်တည်ချင်လဲ

ဒါဖြင့် ကိုယ်ကိုယ်တိုင် သောတာပန်တည်ချင်လဲ ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ပါ (မှန်ပါ့ ဘုရား) ကိုယ်ကိုယ် တိုင် သကဒါဂါမ်တည်ချင်တော့ကော (ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ရပါမယ် ဘုရား) အနာဂါမ်ဖြစ်ရင်တော့ (ဝေဒနာနဲ့ တဏှာကြားမှာ မဂ်ဝင်ရပါမယ် ဘုရား)။

ဒါဖြင့် မဂ်ဝင်လိုက်သည်နဲ့ တပြိုင်နက်တည်း ကိလေသာချုပ်တယ် (မှန်ပါ့ တဏှာနိရောဓော၊ ဥပါဒါနနိရောဓော၊ ဇာတိနိရောဓော၊ ဇရာ မရဏ နိရောဓော အကုန်ချုပ်တာပဲ (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီဘက် အကုန်ချုပ်သွားလို့ရှိရင်ဖြင့် ဒီဥစ္စာ တဏှာချုပ်လဲ နိဗ္ဗာန် (မှန်ပါ့) ဒီဘက်က ဇာတိ, ဇရာ, မရဏချုပ်ရင်ကော (နိဗ္ဗာန်ပါ ဘုရား) ဒါဖြင့် ဒီနေရာမှာလဲ ခင်ဗျားတို့ လုပ်ဖြစ်အောင်လုပ်ပါ (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာ ရှုရှု ရှုရှုဆိုတာ ပဋိစ္စသမုသပ္ပါဒ် ဘယ်ကြားမှာ ရှုရမယ်ဆိုတာ သိမှသာလျှင် ဒကာ ဒကာမတို့သည် ရှုရကျိုးနပ်တော့မပေါ့ (မှန်ပါ့ ဘုရား) အင်း ဘယ်ကြားကနေ ရှုရမှာပါလိမ့် (ဝေဒနာနဲ့ တဏှာကြားကနေ ရှုရမှာပါ ဘုရား) ဒီနေရာပဲ ရှိတယ်၊ ဒါက ခင်ဗျားတို့၏ဖြစ်စဉ်ကိုး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေရာကနေ ရှုဖို့ရာ အတော်အရေးကြီးတယ် (မှန်ပါ့) ဘုရားပွင့်လဲ ဒီနေရာကပွင့် တယ် (မှန်ပါ့)။

အရှင်ကောဏ္ဍည သောတာပန်တည်တာလဲ ဒီနေရာမှာတည်တယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား) နောက်တော့ အရှင်ဝပ္ပတို့၊ အရှင်အဿဇိတို့ တည်တာကော (ဒီနေရာမှာပါပဲ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ်ခန္ဓာထဲမှာ ခန္ဓာကတော့ဖြင့် ဝိပဿနာအလုပ် မလုပ်တော့ဘူးဆိုလို့ရှိရင် ဝေဒနာ, တဏှာ, ဥပါဒါန် ကံ တန်းနေတာပဲ (မှန်ပါ့)။

မဂ်ဟာ ကိလေသာ ဖြတ်တယ်

ဒီကြားမှာ ဒါကလေးသွင်းလိုက်တဲ့ အခါကျတော့၊ ဆရာကောင်း သမားကောင်းများထံက နည်းယူပြီး ဒါကလေး သွင်းလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဒီဘက်က အကုန်မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီမဂ်ဝင်ရင် မဂ်ဟာ ကိလေသာ ဖြတ်တယ်ဆိုတော့ ဒီသမုဒယသစ္စာ ဖြတ်ချလိုက်တာပဲ (မှန်ပါ့)။

ခန္ဓာကိုယ်လဲ ဖြတ်တယ်ဆိုသောကြောင့် အနာဂတ်မှာ ခန္ဓာတွေကော လာသေးရဲ့လား (မလာပါ ဘုရား)

ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ခန္ဓာကိုယ်ထဲမှာ ဒါက ဒကာ ဒကာမတို့၏ ခန္ဓာကိုယ်ဖြစ်စဉ် (မှန်ပါ့)။

ဘုန်းကြီးဆီ တရားလာနာတော့ ဘုန်းကြီးက ဒီကြားမှာ ဒါကလေး သွင်းပေးလိုက်၊ ဝေဒနာတနဲ့ တဏှာကြားမှာ မဂ်ကလေး သွင်းပေးလိုက် (မှန်ပါ့)။ ခင်ဗျားတို့က ကိုယ်တိုင်အားထုတ်တဲ့အချိန်ကော (ဝေဒနာနဲ့ တဏှာကြားမှာ ပါပဲ ဘုရား)။

ဒီနေရာမှာပဲ အားထုတ်လိုက်တဲ့အခါကျတော့ ဒီဘက်က တဏှာကလဲချုပ်တယ် ၊ ဒီဘက်က ဥပါဒါန်ကော (ချုပ်ပါတယ် ဘုရား)၊ ဒီဘက်က ကာယကံ, ဝစီကံကော (ချုပ်ပါတယ် ဘုရား)။

ဒါဖြင့် မအားတဲ့ပုဂ္ဂိုလ်ကျတော့ ဒီအစဉ်အတိုင်း သွားနေလို့ (မှန်ပါ့) တရားမနာတဲ့ ပုဂ္ဂိုလ် ဘယ်လိုဆိုလိုမလဲ (ဒီအစဉ်အတိုင်း သွားနေကြပါမယ် ဘုရား)၊ ဝေဒနာ၊ တဏှာ၊ ဥပါဒါန်၊ ကံ၊ ဇာတိ၊ ဇရာ၊ မရဏ (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

တရားအားထုတ်တဲ့ ပုဂ္ဂိုလ်ကျတော့ ဝေဒနာနဲ့ တဏှာကြားမှာ ဖြတ်လိုက်တဲ့အတွက် ဝေဒနာကဖြစ်ပျက် ဒီကမဂ် (မှန်ပါ့)။

ဒီလို အားထုတ်လိုက်ပါရော၊ ဒီဘက်က ဘယ့်နှယ်နေကြသလဲ (ပြတ်ပါတယ် ဘုရား)၊ အကုန်မပြတ်ဘူးလား (ပြတ်ပါတယ် ဘုရား)။

ဒါဖြင့် သမုဒယသစ္စာလဲပြတ်၊ ဒုက္ခသစ္စာကော (ပြတ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

တရားသာ အားမထုတ်ဘူးဆိုရင်

ဒါဖြင့် ဒကာ ဒကာမတို့ တရားသာ အားမထုတ်ဘူးဆိုရင် ဒီအစဉ်အတိုင်းဟာ နာရီတိုင်း စက္ကန့်တိုင်း သွားရမယ် (မှန်ပါ့ ဘုရား) ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

တရားအားမထုတ်တော့ပါဘူး၊ ရောင်းရေး ဝယ်ရေး၊ သားသမီးရေးနဲ့သာဆိုရင်ဖြင့် ဝေဒနာပစ္စယာ (တဏှာပါ ဘုရား)၊ တဏှာပစ္စယာ (ဥပါဒါနံ) ဥပါဒါန ပစ္စယာ ဘဝေါ၊ ဘဝပစ္စယာ ဇာတိ မသွားပေဘူးလား (သွားပါတယ် ဘုရား) နောက်တစ်ခါ ရောင်းစရာ, ဝယ်ရာရှိပြန်လို့ ပြောစရာဆိုစရာရှိပြန်တော့လဲ ဝေဒနာပစ္စယာ (တဏှာပါ ဘုရား) အကုန် လာပြန်တာပဲ (မှန်ပါ့)။

ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် တစ်နေ့မှာ ဘယ်နှခေါက်လျှောက်နေသတုန်းမေးရင် ဘယ့်နှယ်ပြောပါ့မလဲ (မရေတွက် နိုင်ပါ ဘုရား)။

မရေတွက်နိုင်အောင် လျှောက်လို့ရှိရင် မရေတွက်နိုင်အောင် ချောက်ကျမယ် (မှန်ပါ့) ဇာတိချောက်၊ ဇရာ၊ မရဏချောက် မကျပေဘူးလား (ကျပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

ဝေဒနာကဖြစ်ပျက် အလုပ်ထိုင်ပေးတာက မဂ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီကြားမှာ သွင်းဖြစ်အောင်သွင်းပါဆိုတာ အလုပ်ထိုင်ပေးတာကို ပြောတယ် (မှန်ပါ့)၊ ဝေဒနာဖြစ်ပျက်တွေ *အလုပ်ထိုင်ပေးလိုက်လို့ရှိရင်ဖြင့် ဝေဒနာကဖြစ်ပျက် အလုပ်ထိုင်ပေးတာက မဂ် (မှန်ပါ့ ဘုရား)၊ ဒီဘက်က ပဋိစ္စသမုပ္ပာဒ်ကြီး ဘယ့်နှယ်နေသတုံး (ပြတ်ပါတယ် ဘုရား)။

*မှတ်ချက်။ တရားထိုင်ခြင်းကို အလုပ်ထိုင်သည်ဟု မိုးကုတ်ဆရာတော်မှ ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။

ဒါဖြင့် မလုပ်တဲ့ပုဂ္ဂိုလ်နဲ့ လုပ်တဲ့ပုဂ္ဂိုလ် ဤကဲ့သို့ ထူးခြားတယ်ဆိုတာကော မပေါ်သေးဘူးလား (ပေါ်လာ ပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒီဘက်က သွားစရာတွေ တစ်ပုံကြီးရှိတယ် (မှန်ပါ့ ဘုရား) သို့သော်လဲ တစ်နာရီပဲပြောမယ်၊ ဒကာ ဒကာမ တွေ ပင်ပန်းမှာလဲစိုးတယ်၊ ဘုန်းကြီးများလဲ ပင်ပန်းမှာ စိုးရတယ်၊ တာရှည်လဲ သွားနိုင်အောင် ယနေ့ ဒီတွင်ပဲ နားကြဦးစို့။

သာဓု….သာဓု….သာဓု။