ခန္ဓာငါးပါးဟာ မှန်ကြီးနဲ့တူကြောင်း
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာတိုက်၌ ဟောကြားတော်မူအပ်သော
ခန္ဓာငါးပါးဟာ မှန်ကြီးနဲ့တူကြောင်း
နေ့အလုပ်ပေးတရားတော်
(၇-၉-၆၁)
ရှင်ပုဏ္ဏဆိုတာရှိတယ်
မန္တာနီပုဏ္ဏေးမ၏သား ရှင်ပုဏ္ဏဆိုတာရှိတယ်၊ သူ့အမေက မန္တာနီပုဏ္ဏေးမလို့ခေါ်တယ်၊ သူ့သားက ရှင်ပုဏ္ဏလို့ ခေါ်တယ်၊ တရားဟောတဲ့နေရာမှာ ဧတဒဂ်ရတယ်၊ သူတစ်ကြိမ်တည်းဟောတာနဲ့ ရဟန်းငယ်, ရဟန်းသစ်များစွာ သောတာပန်တည်ကြတယ် (မှန်ပါ့)။
ဟောပုံက အင်မတန်မှာအဖိုးတန်ပါတယ်၊ ဘာမှ သူ့ဟာက အရောအနှောမပါဘဲနဲ့ ဥပမာနဲ့ပြပြီးတော့ကို ဒိဋ္ဌိခွါလိုက်တယ်၊ ဒိဋ္ဌိခွါပြီးတော့ ဝိပဿာနာတင်လိုက်တယ်၊ အဲဒီမှာ ရှင်အာနန္ဒာနဲ့တကွ ရဟန်းငယ်များစွာ တပြိုင်နက် သောတာပန်တည်တယ် (မှန်ပါ့)။
အခုဟာက သူ သောတာပန်တည်လာတဲ့ တရားကို ရှင်အာနန္ဒာက သူ့တပည့်တွေကို တစ်ဆင့်ဟော ပြန်တယ် (မှန်ပါ့) သူနဲ့တကွ ရဟန်းသစ်တွေ သောတာပန်တည်လာလို့ ရှင်ပုဏ္ဏဆိုတဲ့ ပုဂ္ဂိုလ်ဟာ မန္တာနီပုဏ္ဏေးမ၏သား ရှင်ပုဏ္ဏဆို တဲ့ ပုဂ္ဂိုလ်ဟာ ငါတို့ရဟန်းသစ်များစွာကို အဆုံးအမနဲ့ ဆုံးမတော်မူတယ်၊ ဘယ်လိုဆုံးမသတုန်းဆိုတော့
” ဥပါဒါယ အသ္မိဟောတိ၊ နော အနုပါဒါယ၊ ရူပံဥပါဒါယ အသ္မိဟောတိ၊ ဝေဒနံ ဥပါဒါယ အသ္မိဟောတိ၊ သညံ ဥပါဒါယ အသ္မိဟောတိ၊ နော အနုပါဒါယ “
သူ့ပါဠိတော်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော် အာနန္ဒသုတ် (မှန်ပါ့)။
ဒီခန္ဓာငါးပါးဟာ မှန်ကြီးနဲ့တူတယ်
အဲဒါ ခင်ဗျားတို့သိမှုက ဒီခန္ဓာငါးပါးဟာ မှန်ကြီးနဲ့တူတယ်လို့မှတ် (မှန်ပါ့)။
ခန္ဓာငါးပါးဟာ ဘာနဲ့တူသလဲ (မှန်နဲ့တူပါတယ် ဘုရား) မှတ်ထားပါ၊ ခန္ဓာငါးပါးဟာ မှန်နဲ့တူတယ်လို့မှတ်ထားပါ။
ကြည်တဲ့လူက ပုထုဇဉ်နဲ့တူတယ် (မှန်ပါ့) မှန်နဲ့လူနဲ့ကြည့်တာ တည့်နေပြီဆိုမှဖြင့် အရိပ်တွေဟာ တစ်ခါတည်း မထွက်ပါနဲ့ဆိုလို့မရတော့ဘူး ထွက်လာတယ်၊ အရိပ်မှသုံးရိပ်တောင် ထွက်လာတယ်လို့မှတ်ရမယ် (မှန်လှပါ ဘုရား)။
မှန်ကို ပုထုဇဉ်မျက်လုံးတပ်ပြီး ကြည့်လိုက်လို့ရှိရင် အရိပ်သုံးရိပ်ထွက်လာတယ်၊ ငါဆိုတာ အရိပ်နှင့် ငါ့ဥစ္စာ ဆိုတာတစ်ရိပ်, ငါ့ထက်သာလာတာ မရှိဘူးဆိုတာ တစ်ရိပ်၊ သုံးရိပ်ထွက်လာတယ် (မှန်ပါ့) ငါဆိုတဲ့ ဒိဋ္ဌိတစ်ရိပ်၊ ငါ့ဥစ္စာဆိုတဲ့ ဒိဋ္ဌိတစ်ရိပ်၊ ငါ့ထက်သာတာ မရှိဘူး ဒါဘယ်သူ့မှလူမထင်ဘူးဆိုတဲ့အရိပ်ထွက်လာတယ် (မှန်ပါ့)။
ကောင်းပြီ၊ ဒါ ဘယ်က ထွက်လာတုန်းလို့ မေးလို့ရှိရင်ဖြင့် ဦးလှတို့ ဦးမာဒင်တို့က ဘယ်လိုဖြေပါ့မယ်၊ ကိုယ့်ခန္ဓာငါးပါးကို မိမိကိုယ်ကို မိမိပုထုဇဉ်မျက်လုံးနဲ့ ကြည့်လိုက်ပြီဆိုမှဖြင့် ခင်စရာပဲ၊ ငါ့ဥစ္စာပဲ၊ ငါဘယ်သူ့လက်အောက် မှမကျသေးပါဘူးဆိုတာ ဒီသုံးခု တစ်ခုခုထွက်လာတယ် (မှန်ပါ့ ဘုရား)။
အရိပ်သုံးပါးထွက်လာတယ်
ခန္ဓာငါးပါးတည်းဟူသော မှန်ကို ပုထုဇဉ်မျက်လုံးနဲ့ကြည့်လိုက်ပြီဆိုမှဖြင့် အရိပ်သုံးပါးထွက်လာတယ် (မှန်ပါ့) ငါဆိုတဲ့အရိပ်လဲထွက်လာတယ် (မှန်ပါ့) ငါ့ဥစ္စာဆိုတဲ့အရိပ်လဲ (ထွက်ပါတယ် ဘုရား) ငါဘယ်သူ့လက်အောက်မှ အကျသေးဘူးဆိုတဲ့ မာနရိပ်ကော (ထွက်ပါတယ် ဘုရား)။
ဒါဖြင့် ငါဆိုတဲ့ တဏှာရိပ်, ငါ့ဥစ္စာဆိုတဲ့ အတ္တနိယအရိပ် ငါဘယ်သူ့လက်အောက်မှ မကျသေးဘူးဆိုတဲ့ မာနရိပ် (မှန်ပါ့)။
ဒါဖြင့် တဏှာရိပ်, ဒိဋ္ဌိရိပ်, မာနရိပ် တခါတည်းထွက်လာတာပဲ (မှန်ပါ့) ဘယ်မျက်လုံး တပ်ကြည့်တာတုန်း (ပုထုဇဉ်မျက်လုံးတပ်ကြည့်ပါ ဘုရား) ပုထုဇဉ်မျက်လုံးနဲ့ ဘာကြည့်လိုက်တာတုန်း (ခန္ဓာကြည့်လိုက်တာပါ ဘုရား) ခန္ဓာ မကြည့်နဲ့ ခန္ဓာဆိုတော့ သိနေတယ်၊ ကိုယ့်ကိုယ်ကြည့် (မှန်ပါ့ ကိုယ့်ကိုယ်ကြည့်ပါတယ် ဘုရား)။
ကိုယ့်ကိုယ်ကြည့် ခန္ဓာမကြည့်နဲ့၊ ခန္ဓာသိပြီးသား ပုဂ္ဂိုလ်ဆိုရင် တော်တော် တော်သွားပြီ (မှန်ပါ့) ခန္ဓာလို့ သိရင် အတော် တော်သွားပြီ (မှန်ပါ့)။
အဲဒီတော့ကို ပုထုဇဉ်မျက်လုံးနဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်လိုက်တဲ့အခါ တဏှာ, မာန, ဒိဋ္ဌိ အရိပ်သုံးခု ထွက် လာတယ် (မှန်ပါ့) ရှင်းပြီးလား (ရှင်းပါပြီ ဘုရား)
ဪ ခင်ဗျားတို့အကြည့်လိုပါကလား (မှန်ပါ့ လိုပါတယ် ဘုရား) ဦးလှ အကြည့်သိပ်လိုတယ် (မှန်ပါ့) အကြည့် သိပ်လိုပါတယ်တဲ့ ခင်ဗျားတို့ ကျုပ်တို့မှာ၊ ဒီအကြည့်အပြင် ပေးဖို့ရာလဲ အထူးဘဲ အရေးကြီးတယ် မှတ်ရမယ် (ကြီးပါ တယ် ဘုရား)။
ပုထုဇဉ်မျက်လုံးတပ်ကြည့်လိုက်ပြီ
ဒီအကြည့်ကို ခင်ဗျားတို့ မပြင်ကြတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကိုယ့်ကိုယ်ဟူသော အထိမ်းအမှတ်နဲ့ ကိုယ့်ကိုယ် ကို ပုထုဇဉ်မျက်လုံးတပ်ကြည့်လိုက်ပြီဆိုမှဖြင့် ဒါ ငါဘဲ၊ ငါရိပ်ထွက်လာတယ် (မှန်ပါ့) ငါ့ဥစ္စာပဲဆိုတဲ့ တဏှာရိပ်၊ သဘောကျပြီလား (မှန်ပါ့) ငါဆိုတာက ဒိဋ္ဌိရိပ် (မှန်ပါ့) ငါ့ဥစ္စာဆိုတာက တဏှာရိပ်၊ ငါ့ပစ္စည်းကိုး (မှန်ပါ့) ငါဘယ်သူ့ လက်အောက်မှ မကျသေးပါဘူးဆိုတဲ့ မာနရိပ် (ထွက်ပါတယ် ဘုရား) ဘယ်နှစ်ရိပ်ထွက်လာသတုန်း (သုံးရိပ်ထွက်လာ ပါတယ် ဘုရား) ဒါဖြင့် ပပဉ္စထွက်လာတယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဪ ဒါဖြင့်ဗျာ ဒီမျက်လုံးပြင်ပေးမည့် ပုဂ္ဂိုလ်ဟာ လုံးလုံးမရှိတော့ပါဘူးဆိုလို့ရှိရင်ဖြင့် ကျုပ်တို့သံသရာ့ခရီး သည် ဘဝမှ လွတ်ရေး, ကျွတ်ရေးမမြင်သေးပါဘူး (မှန်ပါ့) မြင်သေးရဲ့လား (မမြင်ပါ ဘုရား)။
မမြင်သေးပါဘူးတဲ့၊ သံသရာခရီးသည်ဘဝမှ လွတ်ရေး, ကျွတ်ရေးမမြင်သေးဘူးဆိုတဲ့ ဥစ္စာသေသေချာချာ မှတ်ပါ (မှန်ပါ့)။
ဒါဖြင့် ကျုပ်တို့ သံသရာရှည်တဲ့ လက်သည်တစ်ခုပေါ်ပြန်ပြီ (မှန်ပါ့) မိမိကိုယ်ကို ပုထုဇဉ် မျက်လုံးချည်းတပ် ကြည့်နေလို့ ရှည်တာပဲ (မှန်ပါ့) မဟုတ်ဘူးလား (မှန်ပါ့)။
မိမိကိုယ်ကို ပုထုဇဉ်မျက်လုံးနဲ့ တပ်ကြည့်နေတာနဲ့ပဲ ဒိဋ္ဌိ, ဒိဋ္ဌုပါဒါန် ဒိဋ္ဌိအုပ်ချုပ်တဲ့ကံ။ ကမ္မဘဝ ပစ္စယာဇာတိ ဇရာမရဏ မလာဘူးလား (လာပါတယ် ဘုရား) ဒိဋ္ဌိဘက်က ပဋိစ္စသမုပ္ပါဒ်ကတန်း (မှန်ပါ့)။
တဏှာဘက်ကကော တဏှာ ဥပါဒါန်ကံဇာတိဇရာမရဏ ပဋိစ္စသမုပ္ပါဒ်ကတန်း (မှန်ပါ့ လာပါတယ် ဘုရား)။
မာနဘက်ကလဲ မာနဟုတ်လား မာနဆိုတာ တဏှာဘဲ (မှန်ပါ့) မာနက ဒိဋ္ဌိဂတ ဝိပ္ပယုတ်တဏှာကိုး (မှန်ပါ့ ဘုရား)။
အဲဒီတော့ သူလဲ မာနချုပ်တဲ့တဏှာ, မာနအုပ်ချုပ်တဲ့ ဥပါဒါန်, မာနအုပ်ချုပ်တဲ့ကံဆိုပြီး ဟိုဘက် ကျတော့ ဇာတိဇရာမရဏကျတော့ မထူးဘူး (မှန်ပါ့)။
ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးထွက်လာသတုန်း
ဒီအတိုင်းမသွားဘူးလား (သွားပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် ဘယ်နှစ်မျိုးထွက်လာသတုန်း (သုံးမျိုးထွက်လာ ပါတယ် ဘုရား)။
ဒိဋ္ဌိက စ,လိုက်တဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး (မှန်ပါ့) တဏှာကစတဲ့ ပဋိစ္စသမုပ္ပါဒ်တစ်မျိုး, မာနကစတဲ့ (ပဋိစ္စ သမုပ္ပါဒ်တစ်မျိုးပါ ဘုရား)။
ဪ ဦးမာဒင်တို့ ဦးလှတို့ မကြည့်တတ်ရင်အခက်ကြီးပါလား (မှန်ပါ့) မကြည့်တတ်ရင်အခက်ကြီးဆိုတော့ ဪ ကြည့်တတ်လို့ဖို့ရာလဲ ဒီမျက်လုံး ပြောင်းပေးမည့်လူကလဲ ရှာမှရှား (မှန်ပါ့ ရှားပါတယ် ဘုရား)။
ဘုရားတစ်ဆူတစ်ဆူပွင့်မှ ဒီဒိဋ္ဌိမျက်လုံး, တဏှာမျက်လုံး, မာနမျက်လုံးတစ်ခါတည်း အနိစ္စမြင်တဲ့ မျက်လုံး, ဒုက္ခမြင်တဲ့မျက်လုံး, အနတ္တမြင်တဲ့မျက်လုံး ပြောင်းပေးနိုင်တယ် (မှန်ပါ့) ပြောင်းပေးလိုက်တော့မှ ဒါအနိစ္စဉာဏ်, ဒုက္ခဉာဏ်, အနတ္တဉာဏ်ဖြစ်မှာပဲ (မှန်ပါ့)။
ဒီခန္ဓာကို အနိစ္စမြင်တဲ့ မျက်လုံးတပ်ပေးရမယ်, ဒုက္ခမြင်တဲ့မျက်လုံး (တပ်ပေးရပါမယ် ဘုရား) အနတ္တမြင်တဲ့ မျက်လုံး (တပ်ပေးရပါမယ် ဘုရား)။
အဲဒါတပ်ပေးမှသာလျှင် ဒိဋ္ဌိသေ, တဏှာသေ, မာနသေမယ်ဆိုတော့ တပ်ပေးလိုက်ရင် ဒီနေရာမှ မဂ်ဝင်လာ မယ် (မှန်ပါ့ ဘုရား) ဝိပဿနာမဂ်ဝင်လာမယ် (မှန်ပါ့) ဒါဒီနေ့တိုးလာတာလို့ မှတ်လိုက်ပါ (မှန်ပါ့)။
ဒါဖြင့် ဒီမျက်လုံးကို တပ်ပေးတဲ့ဆရာဖြင့် ခင်ဗျားတို့၏သံသရာစခန်း သတ်ပေးလိုက်တဲ့ပုဂ္ဂိုလ်ပဲ (မှန်ပါ့) ဆိုထိုက်ရဲ့လား (ဆိုထိုက်ပါတယ် ဘုရား)။
ဒါက ကိုယ့်သံသရာကြီး ကိုယ်ကိုယ်တိုင် စစ်ဆေးကြည့်မှ သံသရာလည်သ၍ဟာ ဒီမျက်လုံး သတ္တိပဲ၊ မဟုတ်ဘူး လား (မှန်ပါ့) ဒီမျက်လုံးကိုယ့်ကိုယ် ကိုယ်ကြည့်မိလို့ ဒီပဋိစ္စသမုပ္ပါဒ် သုံးမျိုးထွက်လာတာ (မှန်ပါ့) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
အရိယာတို့၏တပည့်မျက်လုံးဖြစ်အောင်
အမယ်လေး ဦးမာဒင်တို့, ဦးလှတို့ တယ်မလွယ်ပါလား (မလွယ်ပါ ဘုရား) ဒီဥစ္စာကို ပုထုဇဉ်မျက်လုံးက အရိယာတို့၏တပည့်မျက်လုံးဖြစ်အောင် ပြင်ပေးရမယ် (မှန်ပါ့)။
ပြီးတော့မှ အရိယာတို့၏တပည့်မျက်လုံး ခင်ဗျားတို့ရတော့မှ ခင်ဗျားတို့ကိုယ်တိုင် အရိယာမျက်လုံးဖြစ်သွား မှပြတ်တော့မယ် (မှန်ပါ့) နို့မဟုတ်ရင် (မပြတ်ပါ ဘုရား)။
မပြတ်ဘူးဆိုတော့ ဪ ဒီအရေးဟာတယ်ကြီးပါလား (ကြီးပါတယ် ဘုရား) ဒီအရေးဟာ တယ်ကြီးတယ်ဆိုတာ ခင်ဗျားတို့ သံသရာနဲ့တွေးလိုက်မှ ဒါပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ကဲ ဦးလှ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) ဒါနတရားနဲ့, သီလတရားနဲ့ ဦးမာဒင်ချိန်ကြည့် အဝေးကြီးကျန်သေး တယ် (ဝေးပါတယ် ဘုရား) မိုးနဲ့မြေကြီးပဲ (မှန်ပါ့) ဒီမျက်လုံးမှန်သွားဖို့လေ (မှန်ပါ့)။
မျက်လုံးမှန်သွားဖို့ ဒါကို အနိစ္စမြင်အောင် ဒီနေရာမှာ ဒိဋ္ဌိက သမ္မာဒိဋ္ဌိဖြစ်ရမယ် (မှန်ပါ့) တဏှာက အလောဘ ဖြစ်ရမယ်, မာနက သူ့သတ္တိရုပ်သိမ်းရမယ် (မှန်ပါ့) ဒါမှသာလျှင်အမှန်ရောက်မယ် (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့မျက်လုံးကို သုတဝါအရိယ သာဝကော၊ သုတဝါ = အကြားအမြင်ရှိသော၊ အရိယသာဝကော= အရိယာတို့၏တပည့်ဖြစ်အောင် (မှန်ပါ့)။
ခင်ဗျားတို့ အရိယာအစစ်တော့ မဖြစ်သေးဘူး၊ အကြားအမြင်တဲ့ အရိယာတို့၏ တပည့်အဖြစ်နဲ့ မျက်လုံးကို ပြောင်းယူ (မှန်ပါ့) မျက်လုံးပြောင်းလိုက်ပါ (ပြောင်းရမှာပါ ဘုရား)။
အကြားအမြင်မျက်လုံးနဲ့ ပြောင်းလိုက်လို့ရှိရင် အရိယာတို့၏သာဝက မျက်လုံးဖြစ်သွားလို့ရှိရင် ခင်ဗျားတို့ ဒီဟာကိုယ့်ကိုယ် ကြည့်ငြားသော်လဲ ကိုယ့်ကိုယ်မမြင်ပဲနဲ့ အနိစ္စမြင်, ဒုက္ခမြင်, အနတ္တမြင် ဟုတ်လား (မှန်ပါ့)။
နိဗ္ဗာန်ရောက်ချင်ရင် မျက်လုံးပြောင်း
ဒီလိုမြင်လာတော့မှ ဒီအရိပ်တွေက ဒီဒိဋ္ဌိကသေ (မှန်ပါ့) ဒီတဏှာက (သေပါတယ် ဘုရား) ဒီမာနက (သေပါ တယ် ဘုရား) မျက်လုံးပြောင်းတာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။’
ဘာလုပ်ကြမယ် (မျက်လုံးပြောင်းရမှာ ဘုရား) ဒါဖြင့် နိဗ္ဗာန်ရောက်ချင်ရင် မျက်လုံးပြောင်း (မှန်ပါ့) နိဂုံးချုပ် တော့ (မှန်ပါ့)။
ပုထုဇဉ်မျက်လုံးက အရိယာတို့၏တပည့် မျက်လုံးပြောင်းဖြစ်အောင် (မှန်ပါ့) အရိယာတို့၏တပည့်မျက်လုံး ကို ခင်ဗျားတို့ရပါမှ နောင်ကို ခင်ဗျားတို့ ဒီမျက်လုံးဟာ ကျင့်သားရပြီး အရိယာမျက်လုံးအစစ် ခင်ဗျားတို့ဖြစ်မယ် (မှန်ပါ့)။
ပထမရှေးဦးစွာ အရိယာတို့၏ တပည့်သားမျက်လုံး၊ အရိယာတို့တပ်ပေးတဲ့ မျက်လုံးနဲ့ ခင်ဗျားတို့ ပြောင်းကြည့် ရမယ် (မှန်ပါ့) ဒါပွားနေရမယ် (မှန်ပါ့) ပွားနေတော့ ကိုယ်ကိုယ်တိုင် အမှန်မြင်လာတော့မှ အရိယာမျက်လုံးဖြစ်မယ် (မှန်ပါ့) ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
ဪ ဒါဖြင့် သံသရာဖြတ်ဖို့ရာ မျက်လုံးပြင်ပေးဖို့အလုပ်ပါလား (မှန်ပါ့) သံသရာဖြတ်ဖို့ရာ (မျက်လုံးပြင် ပေးဖို့အလုပ်ပါ ဘုရား) မျက်လုံးပြင်ပေးဖို့အလုပ်ပဲဆိုတာဟာ ဒီတာဟောတော့ ပေါ်လာတယ် (မှန်ပါ့)။
ကြည့်လေ ဥပါဒါယ=ခန္ဓာငါးပါးတည်းဟူသောတရားကို စွဲ၍၊ အသ္မိ = တဏှာ မာနဒိဋ္ဌိသည်၊ ဟောတိ=ဖြစ်၏။ ပုထုဇဉ်မျက်လုံးတပ်ကြည့်လိုက်ပြီဆိုမှဖြင့်တဲ့ သူ့စွဲပြီး ဒီတဏှာ, မာန, ဒိဋ္ဌိပေါ်တာပဲ (မှန်ပါ့)။
တဏှာ မာန ဒိဋ္ဌိပေါ်တယ်
ကဲ ဒါဖြင့် သူ့ကိုစွဲပြီ တဏှာ မာန ဒိဋ္ဌိပေါ်တယ်ဆိုတဲ့ ဥစ္စာ ပုထုဇဉ်မျက်လုံးတပ်ကြည့်တာ (မှန်ပါ့ ပုထုဇဉ် မျက်လုံးတပ်ကြည့်တာပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
ဥပါဒါယ အသ္မိဟောတိ နော အနုပါဒါယ၊ စိတ်ကိုအနိစ္စ ဒုက္ခ အနတ္တလို့ အရိယာတို့၏ သာဝကမျက်လုံး တပ်ကြည့်လို့ရှိရင် ဒီတဏှာကဒိဋ္ဌိချုပ်ထားပဲတဲ့ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ အကြည့်ကောင်းတစ်ချက်ပဲ (မှန်ပါ့) ဘယ့်နှယ်ဆိုကြမယ် (အကြည့်ကောင်းတစ်ချက်ပါ ဘုရား) အကြည့်ကောင်း တစ်ချက်ပဲဆိုတာ ပေါ်လာတယ် (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့် နိဗ္ဗာန်မဝေးဘူး (မှန်ပါ့) အကြည့်မကောင်းလို့ရှိရင်လဲ သံသရာခရီးသည်အဖြစ်နဲ့ပဲ လမ်းဆုံးတော့ မှာမဟုတ်ဘူး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘာလိုသတုန်းမေးရင် ဘယ့်နှယ်ဖြေမလဲ (အကြည့်လိုပါတယ် ဘုရား) မျက်လုံးလိုတယ်၊ မျက်လုံးကလဲ မိဘရိုးရာ မျက်လုံးနဲ့မရဘူး (မှန်ပါ့ မရပါ ဘုရား)။
အရိယာတို့၏တပည့်ဖြစ်တဲ့ မျက်လုံးတပည့်များ၌ရှိတဲ့ မျက်လုံးမျိုး (မှန်ပါ့) အရိယာတို့၏တပည့်များမှာ အရိယာကတပ်ပေးတဲ့မျက်လုံး သင်ပေးတဲ့မျက်လုံး ပြင်ပေးတဲ့မျက်လုံး (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
သင်ပေးတဲ့မျက်လုံး (မှန်ပါ့) ဒီမျက်လုံးကမှ ရင့်ကျက်လာတော့မှ ခင်ဗျားတို့ကိုယ်ပိုင်မျက်လုံး သွားဖြစ်တယ် (မှန်ပါ့)။ခင်ဗျားတို့အရိယာဖြစ်တော့မှ အရိယာမျက်လုံး ကိုယ်ပိုင်ဖြစ်မယ် (မှန်ပါ့)။
အခုတော့ သင်ပေးတဲ့မျက်လုံး (မှန်ပါ့ သင်ပေးတဲ့မျက်လုံးပါ ဘုရား) ဒီမျက်လုံးနဲ့ ခင်ဗျားတို့ကြည့်ဦး (မှန်ပါ့) မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။
ဝိပဿနာမျက်လုံး အရင်တပ်ရလိမ့်မယ်
ဒါဖြင့် ဦးမာဒင်တို့ ဦးလှတို့ ဝိပဿနာမျက်လုံး အရင်တပ်ရလိမ့်မယ် (မှန်ပါ့) ပြီးတော့မှ မဂ်မျက်လုံးတပ်ရ လိမ့်မယ် (မှန်ပါ့) ဝိပဿနာမဂ်မျက်လုံး ရင့်ကျက်လာတော့မှ ဟုတ်လား မဂ်မျက်လုံးအစစ်ဖြစ်မယ် (မှန်ပါ့) ဝိပဿနာ မဂ်မျက်လုံးရင့်ကျက်လာတော့မှ လောကုတ္တရာမဂ်မျက်လုံးအစစ်ဖြစ်မယ် (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဦးလှကြီးတို့ သံသရာစခန်းသတ်တယ်ဆိုတာ နိဗ္ဗာန်ရောက်တာ (မှန်ပါ့) သံသရာစခန်းသတ်တယ်ဆို တာ နိဗ္ဗာန်ရောက်တာပဲဆိုတာ မှတ်လိုက်တော့မှ ဪ နိဗ္ဗာန်ရောက် မရောက်ဟာ မျက်လုံးပေါ်မှာမှီနေတယ် (မှန်ပါ့) ဘယ်ပေါ်မှမမှီဘူး၊ သေသေချာချာစဉ်းစားမှနော် (မှန်ပါ့ ဘုရား)။
နိဗ္ဗာန်ရောက် မရောက်သည် ဘယ်သူ့အပေါ်မှာ မှီသတုန်း (မျက်လုံးပေါ်မှီတယ် ဘုရား)။
မျက်လုံးကြောင့်လဲ သံသရာလည်တယ် (မှန်ပါ့) မျက်လုံးကြောင့်လဲ သံသရာပြတယ်တယ် (မှန်ပါ့) ဦးလှကြီး နေရာကျပြီ (ကျပါပြီ ဘုရား)။
မျက်လုံးကြောင့်လဲ (သံသရာလည်ပါတယ်) မျက်လုံးကြောင့်လဲ (သံသရာပြတ်ပါတယ်) သံသရာပြတ်တယ်ဆို တော့ ကျုပ်တို့ရှင်းသွားပါပြီ (မှန်ပါ့ ဘုရား)။
ဪ ဒါဖြင့်ခင်ဗျားတို့ ဒီမှာ ဆရာသမားမှီဝဲဆည်းကပ်ပြီး သကာလ နေကြတယ်၊ ဘယ်အကျိုးငှာတုန်းဆိုတော့ တပည့်တော်တို့ မျက်လုံးပြောင်းပေးပါဘုရား၊ ဒါဘဲ (မှန်ပါ့) ဒီ့အပြင်ဟာ ဘာမှမပါဘူး၊ မျက်လုံးပြောင်းပေးစမ်းပါ (မှန်ပါ့ ဘုရား)။
မျက်လုံးပြောင်းပေးစမ်းပါဆိုတဲ့လျှောက်ထားချက်ဟာအကြီးဆုံးအချက်ပါပဲ (မှန်ပါ့) မျက်လုံးပြောင်းမပေး လို့ရှိရင် အိုဘေး, နာဘေး, သေဘေးဟာ တပည့်တော်တို့ ပစ္စည်းချည်းဖြစ်မှာ (မှန်ပါ့) မျက်လုံးပြောင်းပေးလိုက်လို့ ရှိရင်အိုဘေး, နာဘေး, သေဘေးလဲ ရပ်စဲသွားမယ် (မှန်ပါ့)။
ဒါဖြင့် ဦးလှရေ တော် တော်သေးတယ်၊ ဒါ့ကြောင့် ဒီဝိပဿနာအလုပ်, မလုပ် မျက်စိမပြောင်းဘဲနဲ့ သေသွား တဲ့ ပုဂ္ဂိုလ်ကျတော့ မဟုတ်တာမြင်တော့ အကန်းသေ (မှန်ပါ့) မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား) ဘယ့်နှယ် ဆိုကြမယ် (အကန်းသေပါ) အကန်းသေပဲဆိုတာ ပေါ်ကြပြီလား (ပေါ်ပါပြီ ဘုရား)။
သူ့ဟာသူကန်းမှာ မသိဘူး
သို့သော် အကန်းသေ-သေတယ်လို့ ဆိုကြငြားသော်လဲ ကန်းတဲ့ပုဂ္ဂိုလ်က သူ့ဟာသူကန်းမှာ မသိဘူး။
အကန်းတောထဲ မွေးလာတဲ့အတွက် (အကန်းကလေးပါ) သူဟာ အကန်းကလေးပဲ (မှန်ပါ့) သို့သော် သူ့ဟာသူ အကန်းလို့မသိဘူး (မှန်ပါ့) ဟိုမမြင်တဲ့ပုဂ္ဂိုလ်ကလဲ မမြင်သလိုပြောတာကို သူကလဲ မမြင်သလိုယုံနေတယ် (ယုံပါတယ် ဘုရား) တယ်လဲဆိုးပါကလား (ဆိုးပါတယ် ဘုရား)။
သေသေချာချာတွေးကြည် ဦးလှ, ဦးမာဒင် (မှန်ပါ့) သေသေချာချာတွေးကြည့် ခင်ဗျားတို့ ကျုပ်တို့မွေးလာတာ က အမေမိဘလဲဘာတုန်း အကန်း(မှန်ပါ့) ကျုပ်တို့ကလဲ သူတို့ကျော်ပြီးမြင်တာပါသေးရဲ့လား (မပါပါ ဘုရား) ဟာ ဒါဖြင့်အကန်းကလေးပဲ (အကန်းကလေးပါ ဘုရား)။
အကန်းအမေမိဘကမွေးပြီး အကန်းကလေးသည် အရိယာသာဝကအဖြစ်ကို မယူတော့ပါဘူး ဆိုလို့ ရှိရင်ဖြင့် အကန်းသည် နောက်ကို အကန်းသားကလေး သေလေရဲ့ (မှန်ပါ့) ဒါဘဲဆုံးဖြတ်ချက်ချရမယ် (မှန်ပါ့ ဘုရား)။
အကန်းအမေ, အဖေနောက်ကို အကန်းသားကလေးလိုက်ပြီး သေလေရဲ့ (မှန်ပါ့) ဒါဘဲဆုံးဖြတ်ချက်ချရမှာဘဲ (မှန်ပါ့) အကန်းအမေ, အဖေနောက်ကို အကန်းသားသမီးလိုက်သေတာပဲ (သေရမှာပါပဲ) ဒါဖြင့် အကန်းတောကြီးပဲ (မှန်ပါ့ ဘုရား)။
အကန်းဘဝလွတ်ဖို့အရေး
ခင်ဗျားတို့နာချင်လဲနာတော့ မှန်တာတော့ သေချာတယ် (မှန်ပါ့) ဒီအတိုင်းဖြစ်နေတာပဲ အကန်းတော ကြီးထဲမှာ ဒို့မွေးလားပြီး သကာလ ဒို့သည်ကားလို့ဆိုရင်ဖြင့် အခုတမင်ရှာလို့သာ ဪ အကန်းဘဝလွတ်ဖို့အရေး အစအန ဒို့တွေ့ပြီ (မှန်ပါ့ ဘုရား)။
ဒို့အဖိုး, ဒို့အဖွားတွေဖြင့် ဒို့အမေအဖေတွေဖြင့် သူတော်ကောင်းယောင်၊ အယောင်ကလဲ သူတော်ကောင်း ယောင်ဝဋ္ဋတွေနဲ့ သေသွားတယ် (မှန်ပါ့) ပြီးတော့ မျက်လုံးကမပွင့်ဘူး (မှန်ပါ့) သူတော်ကောင်း ယောင် မျက်လုံးမပွင့် နဲ့ အကန်းအဖြစ်နဲ့ဘဲ မြေထဲဝင်ကြရတယ် (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းပါလား (ကောင်းပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့က ငါပါရမီရှိလေလား မရှိလေလား ငါပါရမီပြည့်လေလား မပြည့်လေလား ဘာမှမတွေး နဲ့၊ အကန်းတောထဲမှာ အမြင်ဖြစ်လာတယ် ထူးလို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အကန်းတောထဲမှာ အမြင်ကလေးတွေထွန်းလာတယ်။ သန်းပေါင်း ငါးထောင်ထဲမှာ လူကလေး ထောင်ကိုးရာ မြင်တာဗျ (မှန်ပါ့ ဘုရား)။
ကမ္ဘာပေါ်မှာ သန်းပေါင်းငါးထောင်လောက်ရှိတဲ့အနက် ခင်ဗျားတို့ ထောင်ကိုးရာ၊ နှစ်ထောင် သုံးထောင် (ဒါလောက်ရှိမှာပါပဲ) ဒါလောက်ကလေး အရိယာသာဝက မျက်လုံးကလေးဖြစ်လာတာ (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဘုရားက မြေမှုန်ကလေးလက်မ လက်သည်းပေါ်တင်ပြီး အာနန္ဒာ ဒီမြေမှုန့်နဲ့ အောက်မြေမှုန့် ဘယ်သူက များသတုန်းကွ မေးတာများ မနှိုင်းယှဉ်လောက်ပါဘူးဘုရား၊ အကန်းသေက ဟိုဟာတွေက (မှန်ပါ့) မျက်လုံးဖွင့်သွားတာ ကဒီအပေါ်မှာရှိသလောက်ပဲ (မှန်ပါ့) နှိုင်းချိန်သင့် မနှိုင်းချိန်သင့် (နှိုင်းချိန်သင့်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ ကြိုးစားလုပ်ပေတော့ (မှန်ပါ့ ဘုရား) ဒို့ဟာ လူထူး ဉာဏ်ထူး ကံထူး (ထူးပါတယ် ဘုရား) ဆိုတာဟာ သူများမပြောဘဲနဲ့သိတယ် (မှန်ပါ့ ဘုရား)။
တဏှာက ပြောတာသွားမယုံနဲ့
ကဲ ကိုယ့်ဟာကိုယ် အဖိုးတန်မှန်းသိပြီလား (သိပါပြီ ဘုရား) အဲဒီအချိန်မှာ ခင်ဗျားတို့ တဏှာက ပြောတာသွာ မယုံနဲ့ (မှန်ပါ့)။
မင်းကအသက်လဲကြီးပြီ, ရောဂါကလဲထူသေးတယ်ဆိုတော့ မင်းကအခုမှ ပါရမီမျိုးစေ့ အစ, ထင်ပါရဲ့လို့ တဏှာကပြောတာများ သွားယုံမနေနဲ့ (မှန်ပါ့)။
အကန်းထဲကမှ ထူးချင်သလောက်ထူးပြီး မျက်လုံးမြင်ကလေးတစ်ယောက် မွေးတယ်လို့အောက်မေ့ (မှန်ပါ့) ရိပ်မိပြီလား (ရိပ်မိပါပြီ ဘုရား)။
အကန်းပေါင်း သိန်းသန်းထဲကမှ မျက်လုံးမြင်ကလေးတစ်ယောက် မွေးဖွားလာတယ်၊ လူထူး ကံထူးကလေး (မှန်ပါ့) ဆိုထိုက်ပြီလား (ဆိုထိုက်ပါပြီ ဘုရား)။
အဲဒါ ခင်ဗျားတို့က ငါ့မှာ ပါရမီများ ရှိရဲ့လားလို့ လုပ်ချင်သေးသလား (မလုပ်ချင်ပါ ဘုရား) လျှော့မှာစိုးလို့ ပြောတာမဟုတ်ဘူး၊ သေသေချာချာ သက်သေခံလုံလောက်လို့ပြောတာ (မှန်ပါ့)။
လျှော့မှာစိုးလို့ ဘုန်းကြီးကတွန်းပြန်တာပဲလို့ ဝိပဿအလုပ် ဒို့-အဖိုးကြီးတွေ ကြိုးစားချင်အောင်လို့ တွန်းပြန် တာပဲလို့ ဒီလိုမယူနဲ့တော့ (မအောက်မေ့ပါ ဘုရား)။
ကိုယ့်ဘိုးဘွားဘီဘင် အထက်ကို ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မေးကြည့် သေသွားကုန်ကြပါပြီ (သေသွားပါပြီ ဘုရား) သေသွားကုန်ကြပါပြီ၊ မွေးတုန်းကလဲ အကန်း ဘယ်တော့မှမျက်လုံးဖွင့်မသွားဘူး (မဖွင့်ပါ ဘုရား) ဒီတဏှာ မာန ဒိဋ္ဌိသာပွားသွားတာပဲ (မှန်ပါ့)။
သူ့ကိုယ်ကြည့်တောလဲ ပုထုဇဉ်မျက်လုံးနဲ့ကြည့်တာပဲ၊ ကြည့်လိုက်တော့ ဘာတွေ အရိပ်ထွက်လာသတုန်း (တဏှာ,မာန, ဒိဋ္ဌိ အရိပ်ထွက်လာပါတယ် ဘုရား) ဘယ်တုန်းကများ အနိစ္စ, ဒုက္ခ, အနတ္တ အရိပ်ထွက်ခဲ့လို့လဲ (မထွက် ခဲ့ပါ ဘုရား)။
ကဲ ဒီအထဲက ခင်ဗျားတို့က အကန်းပေါင်း သိန်း, သန်းထဲက အမြင်ကလေး အနည်းငယ်ပေါ်လာတာ ပါရမီ မှရဲ့လားလို့ ဆိုချင်သေးသလား (မှန်ပါ့ ဘုရား) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
အနိစ္စအရိပ်တွေ ထွက်လာမယ်
ကဲ ဒါဖြင့် အသက်ကြီးတာ ရောဂါထူ ဒါတွေ ပဓာနမဟုတ်ဘူး (မှန်ပါ့) မြင်အောင်ကြည့်တော့ ပဓာန (မှန်ပါ့) မြင်ရင်တော့ အနိစ္စအရိပ်တွေ ထွက်လာမယ် ဒီခန္ဓာကြီးထဲမှာ ဪ အနိစ္စပါကလားလို့ ဆိုတော့ အနိစ္စလို့ သိတဲ့မဂ္ဂင်ကလေးထွက်လာမှာပဲ (မှန်ပါ့) ခုနက ပုထုဇဉ်မျက်လုံးတပ်ကြည့်လိုက်တဲ့အခါကျတော တဏှာ, မာန, ဒိဋ္ဌိ ထွက်တယ် (မှန်ပါ့)။
ဒီကနေ ဘုန်းကြီးက မျက်လုံးပြောင်းပေးလိုက်တယ်၊ ဟောဒါ ခန္ဓာငါးပါးဗျ၊ ခန္ဓာငါးပါးမှာလဲ သေသေချာချာ ကြည့်ဗျ၊ တော်တော်ကြာကျတော့ ဖြစ်ပျက်တွေဗျ လို့ဆိုတော့ ဒီဟာအရိယာမျက်လုံး တပ်ကြည့် လိုက်တော့ ဖြစ်ပျက်မြင် တဲ့ မဂ်တွေထွက်လာတယ် (မှန်ပါ့)။
ကဲ အရိပ်တွေ ကွာသွားပြီ၊ ခုနက တဏှာ, မာန, ဒိဋ္ဌိ၊ အခုတော့ မဂ္ဂင်တွေထွက်လာတယ် (မှန်ပါ့) ဘာဖြစ် သတုန်း (မဂ္ဂင်ရိပ်ထွက်ပါတယ် ဘုရား) ကဲ တဏှာ, မာန, ဒိဋ္ဌိသေသွားတဲ့ သဘောတွေထွက်လာတယ် (မှန်ပါ့)။
ကိုင်း ဒါဖြင့် ခင်ဗျားတို့သည် အရိယာတို့၏ တပည့်သားမျက်လုံး တပ်ကြည့်လိုက်တယ် (မှန်ပါ့) အရိယာတို့၏ တပည့်သားမျက်လုံးနဲ့ ခန္ဓာငါးပါးကြည့်လိုက်တဲ့ အခါကျတော့ ခင်ဗျားတို့ကြည့်ပါတဲ့ ဘာတွေမြင်သတုန်း ယောကျာ်း မြင်သလား မိန်းမမြင်သလား အနိစ္စတွေမြင်သလား (အနိစ္စတွေ မြင်ပါတယ် ဘုရား)။
အနိစ္စတွေ မြင်တယ်ဆိုတော့
အနိစ္စတွေ မြင်တယ်ဆိုတော့ ဒါဘုန်ကြီးတို့က တပ်ပေးလိုက်တဲ့ အရိယာမျက်လုံးဖြစ်သွားတယ် (မှန်ပါ့)။
အဲဒီ မျက်လုံးလဲရောက်ပါရော သူတို့လဲ သေကုန်တာပဲ (မှန်ပါ့) တဏှာ, မာန, ဒိဋ္ဌိဘယ့်နှယ်တုန်း (သေသွား ပါတယ် ဘုရား)။
ဒါဖြင့် တဏှာချုပ်လဲ နိဗ္ဗာန်၊ ဒိဋ္ဌိချုပ်လဲ (နိဗ္ဗာန်ပါ) မာနချုပ်လဲ (နိဗ္ဗာန်ပါ ဘုရား) ဒီဘက် ဇာတိ, ဇရာ,မရဏမှ မလာတော့ဘဲကိုးဗျ (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဪ ဒို့ မျက်လုံးပြောင်းလိုက်တော့လဲ သံသရားစခန်းသတ်တယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဘယ်တော့ကမှလဲ မပြောင်းခဲ့ဘူး (မှန်ပါ့) ဦးလှရေ ဆိုရတော့မှာပဲ (ဆိုရပါတယ် ဘုရား) ဘယ့်တော့ ကမှလဲ မပြောင်းခဲ့ဘူး၊ ဘယ့်တော့မှ မပြောင်းခဲ့လို့ ဘုရားတွေနဲ့ တွေ့လဲ မကျွတ်ဘူး၊ မတွေ့လို့လဲ မကျွတ်ခဲ့ဘူး (မှန်ပါ့ ဘုရား)။
မျက်လုံး မပြောင်းခဲ့ဘူး
တွေ့လို့လဲ မကျွတ်ဘူး၊ မတွေ့လဲမကျွတ်ခဲ့ပါဘူး (မှန်ပါ့) ဘာကြောင့်တုန်းလို့မေးတော့မှ မျက်လုံး မပြောင်းခဲ့ဘူး (မှန်လှပါ ဘုရား) ပြောင်းပေးမဲ့လူလဲမတွေ့၊ ကိုယ်ကိုယ်တိုင် ပြောင်းနိုင်တဲ့ ဉာဏ်ကတော့ ဝေးပါသေးရဲ့ (ဝေးပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့ အသေမစောသေးတာဟာ သိန်းထီအကြိမ်ပေါင်း နှစ်ရာသုံးရာလောက် ပြန်ပေါက် တာလောက်မကပါဘူး (မကပါ ဘုရား) အဖိုးတန်ပါတယ် (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ပြန်ဆက်ကြဦးစို့၊ အရှင်ပုဏ္ဏကဟောလိုက်တယ်၊ ခုနတုန်းကတော့ကွာတဲ့၊ ဒီဟာစွဲပြီး တဏှာ, မာန, ဒိဋ္ဌိဖြစ်တယ်၊ အခုတော့ ငါမျက်လုံးတပ်ပေးမယ် မင်းတို့ကိုဆိုပြီး သကာလ ဝိပဿနာမျက်လုံးတပ်ပေးလိုက်တယ် (မှန်ပါ့) ခုနကသတိပဋ္ဌာန်လေးပါးထဲက တစ်ပါးတစ်ပါးဖြစ်ပျက်ရှုတာပေါ့ဗျာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြစ်ပျက်ရှုလိုက်တဲ့ အခါကျတော့ ဖြစ်ပျက် ဒီကမျက်လုံးကလဲ မဂ်မျက်လုံး ဖြစ်သွားတယ် (မှန်ပါ့) ဝိပဿနာ မဂ်မျက်လုံးဖြစ်သွားတဲ့ အခါကျတော့ အနိစ္စမဂ္ဂ ဖြစ်သွားတော့ကို ခုနကတုန်းကတော့ ခန္ဓာကို တဏှာ, မာန, ဒိဋ္ဌိနဲ့ ကြည့်တယ် ပုထုဇဉ်မျက်လုံးတပ်တုန်းက (မှန်ပါ့) အခုဟာကတော့ အရိယာတို့၏ တပည့်မျက်လုံးတပ်လိုက်တော့ ဒီခန္ဓာကြည့်လိုက်တော့ ဖြစ်ပျက်မဟုတ်ဘူးလား (မှန်ပါ့)။
ဒီမျက်လုံးဟာ မဂ်မျက်လုံးဖြစ်သွားတယ်၊ မဂ်မျက်လုံးဖြစ်သွားတော့သူတို့ဟာ ဒီနေရာမှာကို ပေါ်ခွင့်ရှိသေးရဲ့ လား (မရှိပါ ဘုရား) မရှိတော့ဘူး ခုနက မျက်လုံးမှားနဲ့ကြည့်လို့ ဒီအရိပ်ထွက်တာ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဖြစ်ပြီးပျက်တာဘဲမြင်တယ်
အခုတော့ မျက်လုံးမှားနဲ့မကြည့်ပါဘူးတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီး ဟောသလို ဆရာဘုန်းကြီးက တစ်ဆင့်ထပ်ပေးတဲ့ မျက်လုံးနဲ့ကြည့်လိုက်တော့ ဝေဒနာကလေးတွေ ကြည့်လိုက်ပြန်လဲဖြစ်ပြီး ပျက်တာပဲမြင်တယ်၊ သညာကလေးတွေ ကြည့်လိုက်ပြန်လဲ (ဖြစ်ပြီးပျက်တာဘဲမြင်ပါတယ် ဘုရား)။
ဒါတွေချည်းမြင်နေလို့ရှိရင်ဖြင့်တဲ့ ဪ ငါ ငါ့ဥစ္စာ ငါ့ထက်သာတာမရှိတော့ဘူးဆိုတဲ့ မာနတွေ လာသေး ရဲ့လား (မလာပါ ဘုရား) မလာတော့ ပစ္စပ္ပုန် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမယ် (ပဋိစ္စသမုပ္ပါဒ် ပြတ်ပါတယ် ဘုရား) ဘယ့်နှယ်ကြောင့် ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပြတ်တယ် လို့ဆိုရသတုန်း အတိတ် ပဋိစ္စသမုပ္ပါဒ်တော့ ဘုန်းကြီးကမပါဘူး၊ အနာဂတ်ပဋိစ္စသမုပ္ပါဒ်လဲမပါဘူး၊ ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်လို့ တစ်လုံးတည်းကွက်ပြီး ဆိုလိုက်ခြင်းသည် ပဋိစ္စသမုပ္ပါဒ်ဆိုတာ ကာလသုံးပါးဆက်တာကို ဆိုပါတယ် (မှန်ပါ့)။
ဟုတ်တယ်တဲ့ အခုမျက်လုံးကြောင့် အခုပေါ်တာ၊ ခုနက ခန္ဓာကို ပုထုဇဉ်မျက်လုံးတပ်ကြည့်တော့ အခုပဋိစ္စသမုပ္ပါဒ် ပေါ်တယ် ပစ္စုပ္ပန် (မှန်ပါ့)။
အခုအရိယာတို့၏ တပည့်သားမျက်လုံးကို တပ်ပေးလိုက်တဲ့အခါကတော့ အခုချုပ်တယ် (မှန်ပါ့) ဒါဖြင့် ပစ္စုပ္ပန် ပဋိစ္စသမုပ္ပါဒ်ပြတ်ယ် (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်
ဘယ့်နှယ်မှတ်ကြမယ် (ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပြတ်ပါတယ် ဘုရား) ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်ဆိုတာ သေချာ တော့မှ ပစ္စုပ္ပန်ပဋိစ္စသမုပ္ပါဒ်ပြတ်ရင် အနာဂတ်မလာတော့ဘူး (မှန်ပါ့)။
ဘယ့်နှယ်ဆိုကြမလဲ (မှန်ပါ့ အနာဂတ်မလာတော့ပါ ဘုရား) အနာဂတ်မလာတော့ဘူး၊ အတိတ်ကဟာတော့ ဘုန်းကြီးက ဆက်ပြောဖို့လဲ မလိုဘူး ခင်ဗျားတို့လဲ လွန်ပြီးကျွံပြီး (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အတိတ်ကဟာတော့ (လွန်ပြီး ကျွံပြီးပါပြီ ဘုရား) လွန်ပြီးကျွံပြီးဆိုတော့ ဘယ်မဂ်က သွားဖြတ်မှာတုန်း (မှန်ပါ့)။
ဒါဖြင့် ဒီဟာတွေကို ခင်ဗျားတို့ ဖြစ်ပျက်လို့ ဝေဒနာရှုရှု စိတ်ရှုရှု ရှုနိုင်လို့ရှိရင်ဖြင့် အရိယာတို့၏ တပည့်သား မျက်လုံးဖြစ်ပါတယ် (မှန်ပါ့)။
ဒါတွေကို ဖြစ်ပျက် ဖြစ်ပျက်လို့ မြင်လို့ရှိရင်ဖြင့် ဘာမျက်လုံးဖြစ်သွားသလဲ (အရိယာတို့၏ တပည့်မျက်လုံးဖြစ် ပါတယ် ဘုရား) အရိယာတို့၏ တပည့်မျက်လုံးဖြစ်သွားတယ်နော် (မှန်ပါ့) ဖြစ်ပျက်မြင်ရင် အရိယာတို့၏ တပည့်မျက်လုံး ဖြစ်သွားပြီ (မှန်ပါ့)။
ကောင်းပြီ၊ ဖြစ်ပျက်မုန်းပြန်ပြီဆိုတဲ့ ဉာဏ်တက်လာပြန်လဲ အရိယာတို့၏ တပည့်မျက်လုံးဘဲရှိမယ် (မှန်ပါ့)။
ဒီဖြစ်ပျက်တွေ ကဲ တေသံ ဝူပသမော သုခေါဆိုတဲ့အတိုင်း ဖြစ်မှုရော, ပျက်မှုရော ချုပ်သွားတယ် ဆိုတော့ နိဗ္ဗာန်ပေါ်မှာပေါ့ဗျာ (မှန်ပါ့) မပေါ်ပေဘူးလား (ပေါ်ပါတယ် ဘုရား)။
အဲဒီကျမှ ခင်ဗျားတို့ ကိုယ်ကိုယ်တိုင် အရိယာမျက်လုံး (မှန်ပါ့) ခုနကတုန်းကတော့ အရိယာတို့၏ တပည့် မျက်လုံး (မှန်ပါ့) ပေါ်ပြီလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တပည့်ကမှဆရာအဖြစ်တက်ရမှာ (မှန်ပါ့) တပည့်အဖြစ်မခံဘဲနဲ့ ဆရာအဖြစ် တက်ချင် လို့တော့ မရနိုင်ဘူး (မရပါ ဘုရား) ရှင်းကြပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဝိပဿနာအလုပ် လုပ်မှသာလျှင် အရိယာဖြစ်မယ် (မှန်ပါ့ ဘုရား) ဝိပဿနာအလုပ် မလုပ်ရင် (မဖြစ်ပါ ဘုရား)။
ဖြစ်ပျက်တွေဆုံးသွားပြီဆိုတော့
ဝိပဿနာ အလုပ်လုပ်တော့ကို အရိယာတို့၏ တပည့်မျက်လုံးတပ်တယ် (မှန်ပါ့) ဝိပဿနာလမ်းဆုံး သွားပြီ ဖြစ်ပျက်တွေဆုံးသွားပြီ ဆိုတော့ ကိုယ်ကိုယ်တိုင် အရိယာဖြစ်တယ် (မှန်ပါ့ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဒကာကြီးတွေ နောက်ကဒကာမကြီးတွေ ဪ ပထမ အရိယာတို့၏ တပည့်မျက်လုံး ကိုယ့်မှာရဖို့အရေးကြီးတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါတယ် ဘုရား)။
အရိယာတို့၏ တပည့်မျက်လုံးရဖို့အရေးကြီးတယ်၊ ဒီမျက်လုံးကို မရသ၍ ကာလပတ်လုံး ကိုယ်ကိုယ်တိုင် အရိယာမျက်လုံး ဖြစ်ဖို့တော့ ဝေးပါသေးတယ် (ဝေးပါတယ် ဘုရား)။
အဲဒါကြောင့် ရှင်ပုဏ္ဏေက ဟောလိုက်တယ်၊ အာနန္ဒာ ဟောဒီရုပ်တရားကလေးဟာ အနိစ္စလား, နိစ္စလားကွ မေးတာပဲ (မှန်ပါ့)အနိစ္စပါဘုရား ဒါဖြင့်မင်းအရိယာ တို့၏တပည့်မျက်လုံးရပြီ၊ ဒုက္ခလား သုခလားလို့မေးတော့ ရှင်အာ နန္ဒာတို့က ဒုက္ခပါဘုရား၊ ဒါဖြင့် အရိယာတို့၏တပည့်မျက်လုံးရပြီ (မှန်ပါ့)။
အနတ္တလား အတ္တလားလို့ မေးလိုက်တယ်၊ အနတ္တလို့ဖြေလိုက်တယ် ရှင်အာနန္ဒာတို့က (မှန်ပါ့) ဒါဖြင့် အရိယာတို့ ၏မျက်လုံးရပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
မုန်းသည့်တိုင်အောင်ပေရှုပါ
ဒီကနေပြီး မင်းတို့သည်ကားလို့ဆိုရင် ဒါကို မုန်းသည့်တိုင်အောင်ပေရှုပါ၊ ပေရှုလိုက်တော့ ဖြစ်ပျက်တွေ မမုန်း ပေဘူးလား (မုန်းပါတယ် ဘုရား) မုန်းလို့ရှိရင်လဲ ဒါအရိယာတို့၏တပည့်မျက်လုံးပဲရှိသေးတယ် (မှန်ပါ့) သဘောကျပြီ လား (ကျပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီဖြစ်ပျက်တွေ ဦးလှတို့, ဦးမာဒင်တို့ဆုံးသွားပြီ၊ ကြည့်တဲ့မျက်လုံးက ဒုက္ခသစ္စာမှန်းသိသွားပြီ၊ ဆုံးသွားပြီ (မှန်ပါ့) ဘာမျက်လုံးဖြစ်မတုန်း (အရိယာတို့၏ မျက်လုံးဖြစ်ပါတယ် ဘုရား) တပည့်မျက်လုံးကနေပြီး ဆရာ့ မျက်လုံးဖြစ်သွားတယ် (မှန်ပါ့) အောက်တန်းမျက်လုံးက အထက်တန်းမျက်လုံးဖြစ်သွားတယ် (မှန်ပါ့)။
ဘယ်လိုဆိုကြမယ် (အောက်တန်းမျက်လုံးက အထက်တန်းမျက်လုံးဖြစ်သွားပါတယ် ဘုရား) ဒီလိုချည့်တက် ရတယ်၊ ဒါဘယ်မှ ဒီကလွှဲပြီး တက်လို့မရဘူး (မှန်ပါ့ ဒါက မြင်သိ သိတာပါ ဘုရား)။ ဒီလိုချည့်တက်ရတယ်၊ ဒါဘယ်မှ ဒီကလွှဲပြီးတက်လို့မရဘူး (မှန်ပါ့ ဒါကမြင်သိ သိတာပါ ဘုရား)။
အေး မြင်သိ၊ ဒီဟာက ကိုယ်တိုင်သိ ဟုတ်လား (မှန်ပါ့ ဘုရား) ဟိုဟာက သုတနဲ့သိတယ်၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။
ဒါဖြင့် သုတဝါအရိယသာဝကောလို့ စာတွေမှာပါတာကော ကျေနပ်ပြီလား (ကျေနပ်ပါပြီ ဘုရား) သုတဝါ = အကြားအမြင်ရှိသော၊ အရိယသာဝကော = အရိယာတို့၏တပည့်သားသည်ဆိုတာ ခင်ဗျားတို့ အကြားအမြင်မျက်လုံး နဲ့ကြည့်၊ ဖြစ်ပျက်ကို (မှန်ပါ့) နောက်ကျတော့ ဒိဌဓမ္မော ဟော ကိုယ်တိုင်မြင်ပြီ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒိဋ္ဌဓမ္မောဆိုတာ
ဒိဋ္ဌဓမ္မောဆိုတာ ဘာတုန်း (ကိုယ်တိုင်မြင်ပါတယ် ဘုရား) ပတ္တဓမ္မောတဲ့ ကိုယ့်သန္တာန်မှာ ကိုယ်မြင်ခြင်းသို့ ရောက်ပါပြီတဲ့ (မှန်ပါ့) ဝိဒိတဓမ္မော ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်ပြီတဲ့ (မှန်ပါ့ ဘုရား)။
ပရိယောဂါဠဓမ္မော = ဉာဏ်ကဒီအထဲမှာ နိဗ္ဗာန်ထဲချည်းသက်ဝင်ပြီတဲ့ (မှန်ပါ့) တိဏ္ဏဝိစိကိစ္ဆောတဲ့၊ ဝိစိကိစ္ဆာ ကင်းပြီတဲ့ (မှန်ပါ့)။
ဝိဂတကထံကထောတဲ့ ဒီအလုပ်ဟုတ်လေသလား မဟုတ်လေသလားလို့ ဒီသံသသ မရှိတော့ဘူး (မှန်ပါ့) ဝေသာရဇ္ဇပတ္တော=ရဲရဲတင်းတင်းကြီး ဒီလမ်းဟာ နိဗ္ဗာန်ဘဲလို့ သေသေချာချာ ဆုံးဖြတ်ချက်ချတယ် (မှန်ပါ့)။
အပရပစ္စယော=သူများပြောမဟုတ်ပါဘူးတဲ့၊ ကိုယ်ကိုယ်တိုင်မြင်ပါပြီတဲ့ (မှန်ပါ့) ဒီဉာဏ်တွေဟာ ဒါသောတာပန် တည်လို့ရတဲ့ဉာဏ်တွ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
အဲဒီလို အခုပြောခဲ့တဲ့ ဉာဏ်တွေ ဒိဋ္ဌဓမ္မော = ကိုယ်တိုင်မြင်ပြီ (မှန်ပါ့) ပတ္တဓမ္မော = ကိုယ်ကိုယ်ဘဲ ဒီဉာဏ်တွေ ရောက်လာပြီ၊ ဝိဒိတဓမ္မော = ဟောဒါဧကန်ဒုက္ခဆုံးတဲ့ နိဗ္ဗာန်ဘဲလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့)။
တိဏ္ဏဝိစိကိစ္ဆောတဲ့ = သံသယရှိသေးသလား ဒါနိဗ္ဗာန်မဟုတ်ဘူးလို့ (မရှိပါ ဘုရား) အဲဒါလဲ အရိယာမျက်လုံး အစစ်ဖြစ်လို့ (မှန်ပါ့)။
ဝိကတကထံကတော = ရဲရဲတင်းတင်းကြီး တစ်ခါတည်း ဝိစိကိစ္ဆာကင်းပြီး သကာလ ဘယ်သူက ပြောပြော ဟောဒါမှ နိဗ္ဗာန်လို့ ဒီ့ပြင်လမ်းဟာ လမ်းလွဲချည်းဘဲ (မှန်ပါ့) ဒီလိုရဲရဲတင်းတင်းဟာလဲတဲ့ အရိယာအစစ်ဖြစ်လို့ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
သူတစ်ပါးကူနေဖို့မလိုတော့ဘူး
အပရပစ္စယောတဲ့ = သူတစ်ပါးအကြောင်း မကူတော့ဘူး၊ သူတစ်ပါးကူနေဖို့မလိုတော့ဘူး၊ ကိုယ်ကိုယ်တိုင် မြင်ပါပြီ (မှန်ပါ့) သဘောကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီကျတော့မှ မြတ်စွာဘုရား သာသနာတော်မှ တစ်ပါးခင်ဗျားတို့ မရွေ့တဲ့သဘောရောက်ပြီ (မှန်ပါ့) နို့မဟုတ် လို့ရှိရင် ဟိုလူကလာပြောလဲ ဟုတ်ထင်ပါရဲ့၊ ဒီလူကလာပြောလဲ ဟုတ်ထင်ပါရဲ့နဲ့ မှားသေးတယ်ဗျ (မှန်ပါ့) သဘော ကျပြီလား (ကျပါပြီ ဘုရား)။
အဲဒီတော့ အခုတော့ဖြင့် ဒါကြောင့် ခင်ဗျားတို့ကိုပြောရတယ်၊ အရိယာမျက်လုံးအစစ်ဖြစ်အောင် လုပ်ပါ၊ နို့မဟုတ် ခင်ဗျားတို့တိမ်းလိမ့်ဦးမယ် (မှန်ပါ့)မဆိုထိုက်ဘူးလား (ဆိုထိုက်ပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
အကုန်သောတာပန်တည်တယ်
ဒါ့ကြောင့် ရှင်အာနန္ဒာနဲ့တကွ ရဟန်းသစ်, ရဟန်းငယ်တွေ အကုန်သောတာပန်တည်တယ် (မှန်ပါ့)။
ဒီအတိုင်းပဲ အခုပြောတဲ့အတိုင်းပဲ ဖြစ်ပျက်မြင်, ဖြစ်ပျက်မုန်း, ဖြစ်ပျက်ဆုံးတယ် (မှန်ပါ့) သူ ဒိဋ္ဌိဖြုတ်တာပဲ။ တဏှာကတော့ ဒိဋ္ဌိပြုတ်ရင်းပါသွားတယ် (မှန်ပါ့)။
အဝိဇ္ဇာကလဲ ဒိဋ္ဌိပြုတ်ရင် လေးပုံတစ်ပုံပါသွားတယ် (မှန်ပါ့) တဏှာကလဲ ဒိဋ္ဌိပြုတ်ရင်း လေးပုံတစ်ပုံပါသွား တယ် ဒိဋ္ဌိတစ်ခုကို ဖြတ်လိုက်တာ (မှန်ပါ့) ရှင်းပြီလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ တဏှာ မာန ဒိဋ္ဌိဟာ ပုထုဇဉ်မျက်လုံးတပ်လို့လာတာ (မှန်ပါ့) အရိယာမျက်လုံတပ်ပေးရင် သူမလာဘူး (မလာပါ ဘုရား) သဘောကျပြီလား (ကျပါပြီ ဘုရား) အရိယာအစစ်ဖြစ်ရင် ဒီမျက်လုံးကို ဘယ်တော့မှ မပေါ်တော့ဘူး (မပေါ်ပါ ဘုရား) ရှင်းပြီလား (ရှင်းပါပြီ ဘုရား) ဒါဖြင့် လုပ်တတ်ပြီလား (လုပ်တတ်ပါပြီ ဘုရား)။
ကဲ … ယနေ့ ဒီတွင်တော်ကြဦးစို့။
သာဓု …သာဓု …သာဓု။