ခန္ဓာဉာဏ်ရောက်မှ သံသရာတိုမည့်အကြောင်း သကြား အမေး-ဘုရား အဖြေ
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ် ဆရာတော်ဘုရားကြီး
အမရပူရမြို့ဓမ္မာရုံ၌ – ဟောကြားဆုံးမတော်မူူသော
( ၂၄-၉-၆၁ )
ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်
အားလုံးလာကြတဲ့ ဒကာ ဒကာမတွေ ကိုယ့်အရေးကိုယ်လုပ်တယ်လို့ အောက်မေ့ကြပါနော် (မှန်ပါ့) တရားနာ တာသည် ကိုယ့်ကိုယ်ကယ်တင်တဲ့ အလုပ်လို့ သေသေချာချာမှတ်ပါ (မှန်လှပါ ဘုရား)။
ဒီ့ပြင် လခစားအလုပ်၊ ကုန်သွယ်တဲ့အလုပ်တွေကတော့ သူများအရေးကို ကယ်တင်တဲ့အလုပ် (မှန်ပါ့) ကိုယ့် ကိုယ်တော့ မသနားတဲ့အထဲ ပါသွားတယ် (မှန်ပါ့)။
ဒါကြောင့် ကိုယ့်ကိုသနားတဲ့ ပုဂ္ဂိုလ်မှသာလျှင် သူများလဲ ကယ်တင်တဲ့အလုပ် ရောက်ပါတယ် (မှန်ပါ့)။
သိကြားမင်းက ဘုရားကို မေးတယ်
ဒါ့ကြောင့် ဒကာ ဒကာမတို့ ယနေ့ဟောတော့မှာသည်တဲ့ သိကြားမင်းက ဘုရားကို မေးတယ်၊ ဒီပုစ္ဆာရဲ့ အဖြေကို ဘုရားကိုမေးတယ်၊ ဒီအမေးပုစ္ဆာရဲ့ အဖြေကိုဘုရားက ဖြေလိုက်တဲ့အခါ သိကြားက ခန္ဓာကိုဉာဏ်လှည့်ပါတယ် (မှန်ပါ့) သိကြားက ခန္ဓာကို ဉာဏ်လှည့်တော့ တရားနာရင်းမတ္တနဲ့ သိကြားမင်း စုတေစိတ်ကျတယ် (မှန်ပါ့)။
တရားပွဲထဲတွင် စုတေစိတ်ကျပြီး တရားပွဲထဲတွင် သိကြားပြန်ဖြစ်တယ် (မှန်ပါ့) သိကြားပြန်ဖြစ်ပြီး သကာလ ရိုးရိုးဖြစ်တာ မဟုတ်ပါဘူး၊ သောတာပန်အဖြစ်နဲ့ ပြန်ဖြစ်တယ် (မှန်လှပါ ဘုရား)။
စုတေစိတ် မကျခင်ကလေး သူ သောတာပန်တည်လိုက်တယ်၊ ဖျတ်ဆို နတ်တို့၏ သက်တမ်းစေ့တာနဲ့ စုတေစိတ် ဒီအထဲမှာကျတယ် ကျပြီး သကာလ သိကြားသစ် ပြန်ဖြစ်ရတယ် (မှန်လှပါ ဘုရား)။
ဒါဖြင့် ဒီတရားသည် ဒကာဒကာမတို့ အမေးပုစ္ဆာမေးရင်းမတ္တနဲ့ ခန္ဓာဉာဏ်လှည့်တာနဲ့ သိကြားသောတာပန် တည်တာပဲဆိုတာ ဒကာ ဒကာမတွေ မှတ်ထားရမယ် (မှန်ပါ့ ဘုရား)။
ကိုင်း ကြိုးကြိုးစားစားနဲ့ သေသေချာချာသာ မှတ်ကြပေတော့ အမေးပုစ္ဆာပြဿနာတွေနဲ့ ဒကာကြွယ် ထွက်လာလိမ့်မယ်နော် (မှန်ပါ့)။
ဘုရားမဖြစ်ခင်က ဖြစ်နေတဲ့ သိကြား
သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ သီတင်းသုံးပြီးနေတဲ့ အချိန်မှာ သိကြားသည် ဘုရားမဖြစ်ခင်က ဖြစ်နေတဲ့ သိကြားလို့ မှတ်ထားပါနော် (မှန်ပါ့) ဘုရားမဖြစ်ခင်က ဖြစ်နေတဲ့ သိကြားဖြစ်တော့ ဒကာသစ်ရေ မေးစရာ-မြန်းစရာ သံသယတွေ နတ်တို့၏ဉာဏ်ထက်ထက်နဲ့ ကြံလုံး,စည်လုံးတွေ သိပ်များပါတယ် (မှန်ပါ့)။
တောင်မေး-မြောက်မေးနဲ့ လောကမှာကျော်နေတဲ့ ဆရာတွေ လျှောက်မေးတော့ တစ်ခုမှ မဖြေနိုင်သော ကြောင့် သိကြားကလဲ မကျေနပ် (မှန်ပါ့) မကျေနပ်တဲ့ အပြင်မှာ သူ့အမေးပုစ္ဆာပြဿနာတွေကလဲ ခန္ဓာဉာဏ်ရောက်မှ ဖြေနိုင်တဲ့တရားတွေ (မှန်ပါ့)။
ခန္ဓာဉာဏ်ရောက်မှ ဖြေနိုင်တဲ့တရားတွေ ဖြစ်နေတော့ ခန္ဓာဉာဏ်ရောက်ကလဲ အဲဒီအချိန်မှာ ဒကာကြွယ်တို့ ဦးမာဒင်တို့ ကွယ်နေတယ် (မှန်ပ့ါ)။
ခန္ဓာဉာဏ်ရောက်ကွယ်နေတယ် (မှန်ပါ့) ဒါကြောင့် ခန္ဓာဉာဏ်ရောက်ဟာ ဒကာဒကာမတို့ အရေးကြီးပါတယ် (မှန်ပါလှပါ ဘုရား) ကိုယ့်ခန္ဓာထဲ ကိုယ့် ဉာဏ်ရောက်ဖို့ အရေးကြီးတယ် (မှန်ပါ့)။
ကိုယ့်ခန္ဓာထဲကို (ကိုယ့် ဉာဏ်ရောက်ဖို့ အရေးကြီးပါတယ် ဘုရား) ကိုယ့်ဉာဏ်ရောက်ဖို့ အရေးကြီးတယ်လို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)။
ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ်မရောက်လို့
သံသရာရှည်ခဲ့တာကို ဘုန်းကြီးတို့၊ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ်မရောက်လို့သာ မှတ်ပေ တော့ (မှန်ပါ့) ကိုယ့်ခန္ဓာမှာ ကိုယ့်တဏှာနဲ့ ကိုယ့်ဒိဋ္ဌိကသာ ရောက်တယ် (မှန်ပါ့) ဉာဏ်ကမရောက်လာဘူး (မှန်ပါ့)။
အဲဒါနဲ့ အိုဘေး, နာဘေး, သေဘေးတွေနဲ့ သံသရာကြီးထဲလည်ပြီး သကာလ ဒုက္ခပင်လယ်ဝေနေရတယ် ဆိုတာ ဒကာ ဒကာမတွေမှတ်ပါ (မှန်ပါ့)။
ဒီဘဝမှာ အခု ဆရာဘုန်းကြီးနဲ့ ဒကာ ဒကာမတွေနဲ့ အကြောင်းဆက်ပြီး တွေ့ကြပါတယ် (မှန်ပါ့) ခန္ဓာဉာဏ်မရောက်သေးလို့ ရှိရင်ဖြင့် မရောက် ရောက်အောင် ကြိုးစားပါဆိုတာကိုလဲ တိုက်တွန်းပါတယ် (မှန်ပါ့)။
တရားက သေသေချာချာရှာတော့ သစ္စာလေးပါးက ခန္ဓာထဲမှာ ရှိတယ် (မှန်ပါ့)။
သစ္စာလေးပါးက (ခန္ဓာထဲမှာရှိပါတယ်)ဪ ခန္ဓာထဲမှာရှိတာ ခင်ဗျားတို့က ဘေးမှာ လျှောက်ပြီး သကာလ ဘုရားပွင့်တဲ့ဆီ လျှောက်ရှာနေလို့ရှိရင် လွဲပါလိမ့်မယ် (မှန်ပါ့) ဘုရားပွင့်တဲ့ဆီမှာ သစ္စာရှိပါလိမ့်မယ်ထင်လို့ရှိရင် လွဲပါလိမ့်မယ် (မှန်ပါ့) ဘုရားပွင့်လာလို့ ခင်ဗျားတို့နဲ့ အကြောင်းတိုက်ဆိုင်လို့ တွေ့တောင် ခန္ဓာလက်ညှိုးထိုးပြောရမှာပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သစ္စာဘယ်မှာရှိသတုန်း
ဒါဖြင့် သစ္စာဘယ်မှာရှိသတုန်း (ခန္ဓာမှာရှိပါတယ် ဘုရား) သဘောပါကြပလား (ပါပါပြီ ဘုရား)။
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာဒကာမတွေ သစ္စာမသိလဲ နိဗ္ဗာန်ကို မတွေ့ရှိနိုင်ပါဘူး (မှန်ပါ့)။
သစ္စာမသိရင် (နိဗ္ဗာန်ကို မတွေ့ရှိနိုင်ပါ ဘုရား) နိဗ္ဗာန်မတွေ့ရှိနိုင်ပါဘူူးဆိုတာ ဒကာသစ်တို့ ဦးမာဒင်တို့ သေသေချာချာမှတ်ပါ (မှန်ပါ့)။
သစ္စာကို ဉာဏ်နဲ့ မတွေ့သရွေ့ ကာလပတ်လုံးလဲ ဘယ်သောတာပန်, ဘယ်သကဒါဂါမ်, ဘယ်အနာဂါမ်, ဘယ်ရဟန္တာမှ မဖြစ်နိုင်ဘူး၊ ဒုက္ခတွေသာ ရနေရမှာပဲဆိုတာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် သစ္စာအရေးကြီးတယ် (ကြီးပါတယ်) သစ္စာကလဲ ဘယ်အချိန်ဟောရသတုန်းဆိုရင် ဒကာ ဒကာမတွေ ဝမ်းထဲမှာ တရားနာရင်းမတ္တနဲ့ ကိလေသာ ဖြူစင်နေတဲ့အချိန်မှ သစ္စာကောက်ဟောရတယ် (မှန်ပါ့) သစ္စာဟောချိန်က ကိလေသာဖြူစင်တဲ့အချိန်မှ ဟောရပါတယ် (မှန်ပါ့ ဘုရား)။
အဲဒီတော့ ရှေ့ပိုင်းမှာ ကိလေသာဖြူစင်အောင် အတော်ရှင်းပြီးတော့မှ နောက်ဆုံးပိတ် သစ္စာပြလိုက်လို့ရှိရင် ချက်ချင်းသောတာပန်တည်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဒီနေ့သစ္စာလဲရောက်ပါလိမ့်မယ်၊ ရှေ့ပိုင်းကလဲ သိကြားမေးလို့ ဘုရားဖြေတာတွေဟာ ခန္ဓာထဲလဲ ဉာဏ်ရောက်အောင်ကြည့်ပြီး သကာလ ရှင်းပြီး သကာလ ဪ ငါတို့ပင်ပန်းခံပြီး လာကြ သွားကြရတယ်၊ လိုရင်းတော့ဖြင့် ဆိုက်အောင် အရယူူရမှာပဲဆိုတာ လူကြပ်တာတွေ ဘာတွေဂရုစိုက်မနေနဲ့၊ ကိုယ့်အရေးသာ ကိုယ်ဂရုစိုက်၊ ဒီဟာဘာမှမဖြစ်လောက်ဘူးဆိုတာ အောက်မေ့ပါ (မှန်ပါ့ ဘုရား)။
ဘာမှမဖြစ်လောက်ဘူး၊ ဒို့နေပူထဲမှာ နာရတယ်။ အမျိုးမျိုး အဖုံဖုံ လူမဆန်လို့၊ ကိစ္စမရှိဘူး၊ ဒါတွေအကုန် သည်းခံ (မှန်ပါ့) အပယ်လေးပါးနဲ့စာရင် ဘာမှ မဖြစ်လောက်ပါဘူး ဆိုတာ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သစ္စာသိဖို့ပဲ အရေးကြီးတယ်လို့ မှတ်ကြပါ (မှန်ပါ့)။
အမျိုးမျိုးဆရာတွေနဲ့ မေးမြန်းသော်လဲ
ကိုင်း ဒါနဲ့ သိကြားက ဘုရားမပွင့်ခင်က ဟိုမေး-ဒီမေးနဲ့ ဆရာတွေလျှောက်မေးတဲ့အခါ တစ်လုံးမှ ကျေနပ်လောက်အောင် သူ့သံသယဝိစိကိစ္ဆာ ပျောက်လောက်အောင် မဖြစ်ပါဘူး (မှန်ပါ့) မေးချက်ကလေးလဲ ဒကာကြွယ်တို့-ဦးမာဒင်တို့ သိပ်ကောင်းပါတယ် (မှန်ပါ့)။
ဘုရားနဲ့တွေ့တော့ အရှင်ဘုရား တဲ့၊ တပည့်တော်တို့ ဘုရားနဲ့မတွေ့ခင်တုန်းက အမျိုးမျိုးဆရာတွေနဲ့ မေးမြန်းသော်လဲ တပည့်တော် သံသယဝိစိကိစ္ဆာ ကင်းလောက်အောင် ဘာမှ ဖြေစွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေ မရှိကြတဲ့အတွက် တပည့်တော်များမှာ ဒီသံသယကြီးနဲ့ပဲ အသက်တမ်းကြီးပြီး လာခဲ့ရပါတယ် တဲ့ (မှန်ပါ့)။
အဲဒါကြောင့် အရှင်ဘုရားသည် တပည့်တော်မေးတဲ့ဥစ္စာကို အရှင်ဘုရားမှတစ်ပါး ကယ်မည့်သူ- ယူမည့်သူ- ဖြေမည့်သူ မရှိပါဘူး၊ ဒါကြောင့် သနားသောအားဖြင့် တပည့်တော်ကို အဖြေပေးပါလို့ သိကြားက လျှောက်တယ် (မှန်ပါ့)။
အဲဒီတော့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးကတော့ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်တဲ့သတ္တိရှိနေတော့ ကဲ မင်းအလို ရှိတာမေး၊ မင်း-ဝိစိကိစ္ဆာ အကုန်ပျောက်စေမယ်လို့ တာဝန်ခံလိုက်တယ် (မှန်ပါ့)။
အရှင်ဘုရား တဲ့၊ မေးပြီ-ဒကာ ဒကာမတို့ (မှန်ပါ့) လောကကြီးထဲမှာ လူတွေဟာတဲ့ ကိုယ့်ကိုယ် မေတ္တာပို့ ကြပါတယ်ဘုရား၊ “အဟံ ဝေရော ဟောမိ”၊ အဟံ=အကျွန်ုပ်သည်၊ အဝေရော= ရန်မရှိသည်၊ ဟောမိ=ဖြစ်ရပါလို၏၊ ကိုယ့်ကိုယ်ကျန်းမာခြင်း ချမ်းသာခြင်းငှာ အလွန်အလိုရှိကြပါတယ် တဲ့ (မှန်ပါ့)။
ကိုယ့်ကိုယ် ကျန်းမာစေချင်တယ်
ဒါ ဒကာ ဒကာမတွေပဲ စဉ်းစားကြည့်ပါ။ လူတိုင်းအလုပ်ပါပဲ (မှန်ပါ့ ဘုရား) ကိုယ့်ကိုယ် ကျန်းမာ စေချင်တယ်၊ ချမ်းသာစေချင်တယ်ဆိုတာ ဒီအထဲမှာဖြင့် လူတိုင်းပါပဲ (မှန်ပါ့)။
ကိုယ့်ကိုယ် ဘာဖြစ်စေချင်ကြသလဲ (ကျန်းမာစေချင်၊ ချမ်းသာစေချင်ပါတယ် ဘုရား)။
အဲဒီတော့ ဘုရားလျှောက်တယ်၊ အရှင်ဘုရား တဲ့။ ကိုယ့်ကိုယ် ကျန်းမာအောင်၊ ချမ်းသာအောင်ဆိုပြီး မေတ္တာအမျိုးမျိုးပို့ ၊ ဆေးဝါးတွေ အမျိုးမျိုးရှာပြီး ကုကြ၊ ကျန်းမာရေး အမျိုးမျိုးလိုက်စားကြပါတယ် တဲ့(မှန်ပါ့)။
သို့သော်လဲ ဒီပုဂ္ဂိုလ်တွေပဲဘုရား တဲ့။ ရောဂါကလဲများ, ကျန်းမာမှုကလဲ နည်းပြီး သကာလ တဲ့၊ အသက်တမ်း မရာက်ခင်ပဲ သေတဲ့ပုဂ္ဂိုလ်တွေ သိပ်များတယ်၊ ရောဂါများပြီး အသက်တမ်းပြည့်အောင် မနေရတဲ့ ပုဂ္ဂိုလ်က သိပ်များပါတယ်ဘုရား တဲ့၊ အဲဒါဘယ်အတွက်ကြောင့်ဆိုတာ သိချင်ပါတယ် တဲ့ (မှန်ပါ့)။
ဒကာ ဒကာမတို့ မေးခွန်း သိပ်ကောင်းပါတယ် (ကောင်းပါတယ် ဘုရား)။
အားလုံး တရားနာလာကြတဲ့ ဒကာ ဒကာမတို့ ကိုယ့်ကိုယ်ကျန်းမာရေး-ချမ်းသာရေး လူတိုင်းအလိုရှိကြ တယ်နော် (မှန်ပါ့)။
အခု တရားနာတာတောင်မှ ခပ်ကျယ်ကျယ်နဲ့ ခပ်အေးအေးနဲ့ လေကလေး ဘာကလေးရတဲ့နေရာကို လူတိုင်း နာချင်ကြတယ် (မှန်ပါ့) ကိုယ့်ကိုယ် ကျန်းမာရေး-ချမ်းသာရေးကိုဖြင့် ဒကာကြွယ် လိုချင်တယ်ဆိုတာသေချာပါတယ် (မှန်ပါ့)။
ဘယ်အတွက်ကြောင့် ရောဂါများပြီး သက်တမ်း တိုရပါသလဲဘုရား
ထိုကဲ့သို့ ကျန်းမာရေး-ချမ်းသာရေးကို သူ့တို့ လိုက်စားကြပါလျှက်သားနဲ့ ဘယ်အတွက်ကြောင့် ရောဂါများပြီး သက်တမ်း တိုရပါသလဲဘုရား လို့ မြတ်စွာဘုရားကို မေးတယ် (မှန်ပါ့)။
မေးပုံ သဘောကျကြရဲ့လား (ကျပါတယ် ဘုရား) အသက်တမ်းတိုတယ် တဲ့၊ ကျန်းမာရေးလဲ လိုက်စားကြ ပါတယ် တဲ့၊ ကိုယ့်ကိုယ်လဲ မေတ္တာပို့ကြပါတယ် တဲ့၊ သို့သော်လဲ ရောဂါကလဲ ထူကြတာပဲ တဲ့ (မှန်ပါ့) အသက်တမ်းလဲ တိုကြတာပဲဘုရား၊ အဲဒါ တပည့်တော်များတော့ဖြင့် မသိဘဲ ဖြစ်နေတဲ့အတွက် အရှင်ဘုရားပွင့််လာမှပဲ သိရမယ်ဆိုတဲ့ဥစ္စာ တပည့်တော် စိတ်ထဲ တစ်ထစ်ချ ဆုံးဖြတ်ချက်ချထားတာနဲ့ ဒီအမေးဖြင့် တပည့်တော် သံသယ ကင်းလောက်အောင် အဖြေပေးတော်မူပါလို့ လျှောက်တယ် (မှန်ပါ့)။
ဒကာကြွယ် လျှောက်သင့်-မလျှောက်သင့် (လျှောက်သင့်ပါတယ် ဘုရား)။
ဒကာသစ်တို့ရေ-ဦးမာဒင်တို့ရှေ့တွင်ပဲ နေ့တိုင်းပဲ သူတော်ကောင်းရယ်လို့ ဆိုပြီး သကာလ မေတ္တာပို့ရာမှာ သူတစ်ပါးအသာထား၊ ကိုယ့်ကိုယ်ကိုယ် အရင်ပို့ချလိုက်တယ် (မှန်ပါ့)။
တယ်မေတ္တာပို့ပါကလား
အဟံ= အကျွန်ုပ်သည်၊ အဝေရော=ရန်မရှိသည်၊ ဟောမိ=ဖြစ်ရပါလို၏၊ အင်း ဦးမာဒင် ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်ခင်တယ်ဆိုတာတော့ မပြောပါနဲ့တော့ (မှန်ပါ့)။
အဗျာပဇ္ဇော= ကြောင့်ကြခြင်းမရှိသည်၊ ဟောမိ=ဖြစ်ရပါလို၏၊ အနိဃော=ဘယ်ဆင်းရဲနဲ့မှ မတွေ့ရသည်၊ ဟောမိ=ဖြစ်ရပါလို၏၊ အံမာလေး ကိုယ့်ကိုယ်ကိုယ် တယ်မေတ္တာပို့ပါကလား (ပို့ပါတယ် ဘုရား)။
ဒကာ ဒကာမတွေ ကိုယ့်ကိုယ်ကိုယ်မေတ္တာပို့ကြရဲ့ မဟုတ်လား (ပို့ပါတယ် ဘုရား) ဘာဖြစ်လို့တုန်း လို့မေးတော့ အန္တရာယ်ကင်း, ဘေးရှင်း, အသက်ရှည်ချင်လို့ပါဘုရား (မှန်လှပါ) ဒါပဲ အဖြေထွက်မှာပဲ (မှန်ပါ့)။
အဲဒီလို သူ့ဟာသူလဲ မေတ္တာပို့၊ ဆေးတွေ, ဝါးတွေ အကူအညီတွေနဲ့ပေးကြတယ်၊ ကျန်းမာရေး စကြႍအစရှိသည် သွားကြလာကြတယ်၊ နေပူ, မိုးရွာ, ထီး-ဖိနပ်တွေနဲ့ ကာကွယ်ရှောင်ကြတယ်၊ ထိုကဲ့သို့လဲ နေပါလျက်သားနဲ့ ရောဂါကများ, အသက်တမ်းကတိုတာ ဘယ့်နှယ်ကြောင့်များ ဤကဲ့သို့အဖြစ်ကြီးဖြစ်ရပါလိမ့်မလဲ ဘုရား လို့ မြတ်စွာဘုရား လျှောက်တယ် (မှန်ပါ့ ဘုရား)။
မြတ်စွာဘုရားလျှောက်တဲ့အခါကျတော့ ဒကာ ဒကာမတွေက မှတ်စရာက ဒကာသိကြား သေသေချာချာ မှန်ပါတဲ့ (မှန်ပါ့) ဒီအသက်တမ်းတိုတယ်, ရောဂါများတယ်ဆိုတဲ့ဥစ္စာ တခြားကြောင့် မဟုတ်ပါဘူး၊ ဣဿာ, မစ္ဆရိယလို့ ဖြစ်ရပါတယ် တဲ့ (မှန်ပါ့)။
ဣဿာ, မစ္ဆရိယရှိလို့
ဖြေပြီ ဒကာ ဒကာမတို့ (မှန်ပါ့) ဘာကြောင့်တဲ့တုန်း (ဣဿာ, မစ္ဆရိယရှိလို့ ဖြစ်ရပါတယ် ဘုရား)။
အင်း ဒကာ ဒကာမတို့ လက်သည်ပေါ်လာပြီ (ပေါ်လာပါပြီ ဘုရား) ဒကာကြွယ် ဘာတဲ့ဗျာ (ဣဿာ မစ္ဆရိယရှိလို့ ဖြစ်ရပါတယ် ဘုရား)။ ဦးမာဒင် ဘာတဲ့ဗျာ (ဣဿာမစ္ဆရိယရှိလု့ိ ဖြစ်ရပါတယ် ဘုရား)။
ဪ-ဒါဖြင့်ခင်ဗျားတို့မှာ ဒီတရားရှိနေလို့ရှိရင်ဖြင့် ဒီရောဂါများရမယ်တဲ့၊ အသက်တိုရမယ် (မှန်ပါ့) ဘယ်လိုပဲ ကိုယ့်ကိုယ်ကိုယ်မေတ္တာပို့ပြီး ကျန်းမာရေးလိုက်စားပြီး ဆေးဝါးတွေနဲ့ထောက်ပံ့ငြားသော်လဲ ဒကာ ဒကာမတို့ ဣဿာ မစ္ဆရိယရှိလို့ရှိရင်၊ ဘုရားက ရောဂါများ၍ အသက်တိုရမကွ တဲ့ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။ ဘာတဲ့တုန်း ဒကာ ဒကာမတို့ (ရောဂါများ၍ အသက်တိုရပါမယ် ဘုရား)။
ခင်ဗျားတို့ ထင်နေတာကတော့ ဒါကိုမထင်ပါဘူး၊ ဥတုရာသီကြီးက ဖောက်ပြန်လွန်းလို့ အစားတွေကလဲ မိုးလေဝသခေါင်းပါတဲ့အခါ ပိုးတွေဘာတွေကပါပြီး သကာလ လာတာစားရသောက်ရလို့ နေထွက်ပုံ နေဝင်ပုံ တွေကလဲ အသွားအလာမမှန်လို့ ဥတုရာသီကလဲ နေနောက်သို့ လိုက်ပြီး သကာလ အပူအအေးမမျှအောင် ဖြစ်ကြပါတယ်၊ ဒါကြောင့် ရောဂါများပါတယ်လို့ ဒကာ ဒကာမတွေ အားလုံးပဲ ကမ္ဘာကကြည့်ပြီး ဒီအတိုင်းပြောနေကြတယ် (မှန်ပါ့)။
ရောဂါများ အသက်တမ်းတိုတာ
ဘုရားကတော့ မဟုတ်ပါဘူးကွ တဲ့ (မှန်ပါ့) ဒါတွေကြောင့် မဟုတ်ပါဘူး ၊ ရောဂါများ အသက် တမ်းတိုတာ ဒါတွေနဲ့ မဆိုင်ပါဘူး တဲ့ (မှန်ပါ့) ကိုယ့်ဝမ်းထဲမှာရှိတဲ့ ဣဿာမစ္ဆရိယကြောင့်တဲ့ (မှန်ပါ့) ရှင်းပြီ (ရှင်းပါပြီ) ဘာကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
ဒကာသစ် နေရာကျပြီ (မှန်ပါ့) ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား) ဣဿာမစ္ဆရိယ ကြောင့်တဲ့ (မှန်ပါ့)။
ဒါဖြင့် ခင်ဗျားတို့ ဣဿာမစ္ဆရိယ ရှောင်ကြမယ်ဆိုရင်ဖြင့် ရောဂါကင်း၍ အသက်တမ်းရှည်မှာပဲ (မှန်ပါ့) ရောဂါကင်း၍ (အသက်တမ်းရှည်မှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ လက်သည် အဖမ်းကဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးလောက် စွမ်းရည်သတ္တိရှိတာ ဒကာကြွယ် မရှိပါဘူး (မရှိပါ ဘုရား) လောက အတုမရှိ ကိုယ်တော်ကြီးကိုး (မှန်ပါ့) ဘယ်လို စုံစမ်းစစ်ဆေးရမယ်၊ ဘယ်လိုအမြစ်ဖြတ်ရမယ်၊ ဘယ်ရောဂါ, ဘာနဲ့ ကုရမယ်ဆိုတာလဲ ‘သတ္တာသေဝ မနုဿာနံ’ လို့ ဆိုသောကြောင့် သူဆေးသမားလို့ ပြောပါတယ် (မှန်ပါ့) ကိလေသာရောဂါလဲ ငါကုမယ် မစ္စုပ္ပန်ရောဂါလဲ ငါကုနိုင်တယ်ဆိုတာ ‘သတ္တာဒေဝ မနုဿာနံ’ နတ်လူတို့၏ ဆေးဆရာကြီးပါပဲကွတဲ့ (မှန်ပါ့ ဘုရား)။
ဒီဆေးဆရာကြီးက အခု ဦးမာဒင်ပြောလိုက်တာ ရောဂါများတာ ဘယ်သူ့ကြောင့်တဲ့ဗျာ (ဣဿာမစ္ဆရိယ ကြောင့်ပါ ဘုရား)။
ကံမကောင်း အကြောင်းမသင့်လို့ မဟုတ်ပါဘူး
ဪ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရောဂါများနေတာဟာဖြင့် ကံမကောင်း အကြောင်းမသင့် လို့ မဟုတ်ပါဘူး (မှန်ပါ့) ဘာတဲ့တုန်း (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
ဣဿာမစ္ဆရိယကြောင့်ပါတဲ့၊ ခင်ဗျားတို့ကတော့ ကျုပ်က ကံကခေထင်ပါရဲ့၊ စားဖို့ သောက်ဖို့တော့ မပူရဘူး၊ ရောဂါက တယ်များတယ်ဆိုတော့ ဒကာကြွယ်တို့ကလဲ အင်း-တပည့်တော်မှာလဲဘုရား-အသက်အရွယ်ကလဲကြီး ရောဂါကလဲထူနဲ့ ဒါလဲလူလာဧည့်ခံနေရတဲ့အလုပ်ဟာ အတော်အရုပ်ဆိုးတယ်နော် (မှန်ပါ့) လူလာရင် အချို့ ဒကာ ဒကာမတွေက ဒါနဲ့ဧည့်ခံနေတာပဲ (မှန်ပါ ဘုရား)။
ဒကာကြွယ်-ဘာနဲ့ဧည့်ခံနေသလဲ (ဒါနဲ့ဧည့်ခံနေပါတယ်) ဒါနဲ့ဧည်ခံနေတာပဲ (မှန်ပါ့) ခေါင်းကိုက်ရတာနဲ့ ရင်နာရတာနဲ့၊ လည်နာရတာနဲ့ ဒကာကြွယ် ဒီဥစ္စာ လူလာဧည့်ခံတဲ့ အလုပ်ကြီးတစ်ခုဖြစ်နေတော့ ဒါဘယ့်နှယ်ကြောင့် ဒါနဲ့ ဧည့်ခံနေတာတုန်းလို့မေးတော့မှ ဪ ဣဿာမစ္ဆရိယနဲ့ ဧည့်ခံတာ (မှန်ပါ့) ဣဿာမစ္ဆရိယများခဲ့ကြောင်းကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေသေချာချာ ခန္ဓာကသက်သေခံပါတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဣဿာမစ္ဆရိယနဲ့ ဧည့်ခံတာ
ဣဿာမစ္ဆရိယများကြောင်း (ခန္ဓာကသက်သေခံပါတယ်) နောက် ရောဂါများမြုံထားကြ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ရောဂါရှိရင် ဒကာကြွယ် ဘယ်လိုနေမှတော်မတုံး (မြုံထားမှတော်ပါမယ်) မြုံထားဗျ၊ နို့မဟုတ် ကိုယ့်အထုပ် ဖြေပြသလို ဖြစ်နေလိမ့်ဦးမယ် (မှန်ပါ့) အင်း ကိုယ့် အထုပ်ဖြေပြသလို ဖြစ်နေမယ်ဆိုတာ ဦးမာဒင်ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
နောက်မြုံထားနော် (မှန်ပါ့) မြုံထားတဲ့ကျုပ် ဘာဖြစ်နေတယ်-ညာဖြစ်နေတယ်လို့ လူလာရင် ဒကာကြွယ် ဒါနဲ့ဧည့်မခံလိုက်ပါနဲ့ (မှန်ပါ့) ဘုရားက ဘယ်သူ့ကြောင့်တဲ့တုန်း (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
အဲ နောက်ဘဝက ဣဿာမစ္ဆရိယများလို့ ဒီဘဝမှာလဲ ဣဿာမစ္ဆရိယ ပထမဇောတွေကများလို့ ရောဂါ များတာကွ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒကာ ဒကာမတွေ ဒီအထဲမှာ ကိုယ့်ရောဂါကလေးနဲ့ ကိုယ်အသီးသီးရှိကြတယ်ဘုရားဆိုတော့ ခန္ဓာရောဂါ အသာထားစမ်းပါ၊ ဒီ ပကတိ ၉၆-ပါးကိုပြောပါတယ် (မှန်ပါ့) ခန္ဓာကတော့ ရောဂါတုံးကြီး ဆိုတာကတော့ ဉာဏ်နဲ့ ကြည့်မှသိပါတယ် (မှန်ပါ့) ဉာဏ်နဲ့မကြည့်ဘဲနဲ့ စိတ်နဲ့ကြည့်တာနဲ့ပဲ ဟိုနေရာက နာတယ်၊ ဒီနေရာက ကိုက်တယ်- ဟိုနေရာကအောင့်တယ် ဆိုတာတွေ လူတိုင်းသိပါတယ် (မှန်ပါ့ ဘုရား)။
အဲဒီ ဝေဒနာတွေဟာဖြင့် ဒကာ ဒကာမတို့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သိကြားကမေးလို့ ဖြေတဲ့ အခါမှာ ဒကာသစ် ဘယ်သူကြောင့်တဲ့တုန်း (ဣဿာမစ္ဆရိယကြောင့်ပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒကာကြွယ် ဘယ်သူ့ကြောင့်တုန်း (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
ဒါဖြင့် ရောဂါများတဲ့လူတွေကို ဒကာ ဒကာမတွေ အကဲခတ်တတ်ပလား (ခတ်တတ်ပါပြီ) အင်း သူနောက် ဘဝက ဘာတွေများခဲ့သတုန်း (ဣဿာမစ္ဆရိယများခဲ့ပါတယ်) ဒီဘဝလဲ သူဘာတွေများနေ သတုန်း (ဣဿာမစ္ဆရိယ များနေပါတယ် ဘုရား)။
ရောဂါလက်သည်ဖြင့် ယနေ့တွေ့ပြီ
အဲဒါ ဘုရားကဖြေတာပဲ (မှန်ပါ့) ဒကာကြွယ်ရိပ်မိပြီ (ရိပ်မိပါပြီ) ဘယ်သူကဖြေသလဲ (ဘုရားကဖြေပါတယ် ဘုရား)။ ကိုင်းဒါဖြင့် ရောဂါလက်သည်ဖြင့် ဦးမာဒင် ယနေ့တွေ့ပြီ (မှန်ပါ့) ဘာတွေ့ကြသလဲ (ဣဿာမစ္ဆရိယ တွေ့ပါတယ် ဘုရား)။
ဣဿာဆိုတဲ့ဥစ္စာသူတစ်ပါးစည်းစိမ်ကို ဘယ်လောက်ချမ်းသာချမ်းသာ မကြည့်နိုင်-မရှုနိုင်တာ၊ ဒကာကြွယ် ဘာခေါ်ပါမယ် (ဣဿာခေါ်ပါတယ်) မစ္ဆရိယဆိုတာ ကိုယ့်ရှိတာကလေးကို တစ်ခါတည်း ဝှက်ကာဝှက်ကာနဲ့ လူမမြင် သူမမြင်ရှိအောင် တစ်ခါတည်းလျှိုးနိုင်သလောက်လျှိုးပြီး သကာလ ဒကာ ဒကာမတို့ ချေးမည့်သူလာလဲ မရှိချင် ယောင်ဆောင်ရတာ၊ သူများဆီလှမ်းပြီးချေးရတဲ့ စာရင်းထုတ်ပြတာ၊ အမျိုးမျိုးအဖုံဖုံ ကိုယ်ဝန်တိုတဲ့ သဘောသည် ဒကာ ဒကာမတို့ ရောဂါဖြစ်ကြောင်းပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါဖြစ်ကြောင်း ဘယ်သူပါလိမ့် (ဣဿာမစ္ဆရိယပါ) ဒကာကြွယ် ရဲရဲသာပြောနော် (မှန်ပါ့ ဘုရား)။
နောက်က ဒကာ ဒကာမတွေ ရောဂါဖြစ်ကြောင်း ဘယ်သူပါလိမ့် (ဣဿာမစ္ဆရိယပါ ဘုရား)။
ဣဿာဆိုတာ သူ့ စည်းစိမ်ကို ငြူစူတာ၊ သူတစ်ပါး ကျန်းမာချမ်းသာတာကို မကြည့်နိုင်တာ ဦးမာဒင် ဘာ ခေါ်ပါ့မယ် (ဣဿာခေါ်ပါတယ် ဘုရား)။
ကိုယ့်ရှိတာကလေး ဖုံးကာဖိကာနဲ့ သားသမီးတောင်မှ အသိမပေးဝံ့ဘူးဘုရာ့၊ အံမယ်-လာသေးတယ် ခင်ဗျား တို့က (မှန်ပါ့) မရှိဘူးလား (ရှိပါတယ် ဘုရား)။
အကုန်ပုံအပ်လို့ မဖြစ်သေးဘူး
ဒကာကြွယ် သားသမီးများတောင်မှ အကုန်ပုံအပ်လို့ မဖြစ်သေးဘူးဘုရာ့- ခေတ်ကြီးက တယ်ဆိုးတယ်လို့ ဆိုတော့ အို-ဒီလိုပဲ နေကြမှာပဲလို့ ပြောရမှာလား ဒကာကြွယ် ကိုယ့်မစ္ဆရိယ ကိုယ်ဖော်ပြောတာလား (ကိုယ့် မစ္ဆရိယ ကိုယ်ဖော်ပြောတာ) ဒါဖြင့် ဘာများခြင်း၏ အကြောင်းပါလိမ့် (ရောဂါများခြင်း၏အကြောင်းပါ ဘုရား)။
ရောဂါများခြင်း၏အကြောင်း (မှန်ပါ့) အသက်တိုခြင်း၏ (အကြောင်းပါ) ရိပ်မိကြပြီ (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတို့ အသက်တိုခြင်း၏အကြောင်း၊ လူတွေဟာတဲ့ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေး, ချမ်းသာရေး အကုန်လိုက်စားကြပါတယ်၊ မေတ္တာနဲ့လဲ ကိုယ့်ကိုယ်ကိုယ် အရင်ပို့ကြပါတယ် (မှန်ပါ့ ဘုရား)။
ထိုကဲ့သို့ ပို့ပေမယ့်လဲ လိုရာမပြီး အချည်နှီးဖြစ်ပြီး ရောဂါတွေကထူ၊ အသက်တမ်းကတိုတာ ဘာကြောင့်ပါလိမ့် မလဲလို့ သိကြားကမေးတော့ ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယကြောင့်လို့ ဘုရားကဖြေလိုက်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ရောဂါများခြင်း၏ လက်သည်ဘာပါလိမ့်မလဲ (ဣဿာမစ္ဆရိယပါ ဘုရား)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဆေးလဲမစားရ ဝါးလဲမစားရနဲ့ ပကတိကျန်းမာရေး ပြည့်စုံအောင် ဘုန်းကြီးများက ဝိပဿနာနဲ့ ကုပေးပါမယ်၊ ခင်ဗျားတို့ ဒါကြိုးစားလိုက်ပါ (မှန်ပါ့) ရောဂါလဲကင်း၍ အသက်တမ်း ရှည်ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
ဣဿာမစ္ဆရိယဆိုတာ အလုပ်တူမှလာတယ်
ရောဂါကင်း၍ (အသက်တမ်းရှည်ပါလိမ့်မယ်) ဒါဖြင့် ဒီလိုလုပ်ကြစို့။ ဣဿာ သူ့စည်းစိမ်ကို ကြည့်လိုက်တယ်၊ မြို့ထဲလျှောက်ပြီး ကားနဲ့ကြည့်ကြည့်။ ခြေလျင်ကြည့်ကြည့်၊ သို့မဟုတ်အိမ်နီးချင်းတွေပဲ လျှောက်ကြည့်ကြည့်၊ ကိုယ်အလုပ် တူတွေပဲ လျှောက်ကြည့်ကြည့်၊ ဣဿာမစ္ဆရိယဆိုတာ ဒကာကြွယ် အလုပ်တူမှ လာတယ်နော် (မှန်ပါ့) အလုပ်မတူတဲ့ ကိုယ့်အောက်ကလူကျတော့ (မလာပါ) မလာဘူးတဲ့၊ ကိုယ့်အထက်က ကံဇာတာသာနေတဲ့ပုဂ္ဂိုလ်ကျရင် (လာပါတယ် ဘုရား)။
အလုပ်မတူရင်လဲ တတ်လာခဲတယ် ဒကာကြွယ် (မှန်ပါ့) အလုပ်တူမှပဲ (လာပါတယ် ဘုရား)။
ခင်ဗျားတို့လုပ်နေတဲ့နေရာမယ် အကြံတူ ရန်သူကိုးဘုရာ့ (မှန်ပါ့) ဒါဘယ်သူက ဖျက်တဲ့အသံဆိုတာ သိပလား (သိပါတယ် ဘုရား)။
ဘယ်သူပါလိမ့် (ဣဿာက ဖျက်တဲ့အသံပါ) ဣဿာကထွက်တဲ့ အသံ (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘယ်သူကထွက်ပါလိမ့် (ဣဿာကထွက်ပါတယ် ဘုရား)။
ဒါဖြင့် ရောဂါဥပါဒ်အန္တရာယ် ကင်းချင်လို့ရှိရင် ဒကာ ဒကာမတို့ ငါ ဘုရားသခင်ကိုယ်တော်မြတ်ကြီး၏ ဆေးသည် မင်းတို့ ပကတိ ၉၆-ပါးမဆိုထားပါနဲ့၊ ခန္ဓာအနာကြီးတောင် ပျောက်စေနိုင်ပါတယ်ကွာ ဆိုလို့ရှိရင်ဖြင့် ဒီဆေးထက် ကောင်းတာရှာမတွေ့ဘူး (မှန်ပါ့)။
ဒီဆေးထက်ကောင်းတာ (ရှာမတွေ့ပါ ဘုရား) ရှာမတွေ့လို့ရှိရင် ဒကာ ဒကာမတို့ ဒီလိုလုပ်လိုက်ပေတော့ ဒါက သက္ကပဥှသုတ်မှာ လာငြားသော်လဲ အဖြေဝိပဿနာက တခြားသုတ်မှာ လာတယ်လို့ မှတ် (မှန်ပါ့)။
မစ္ဆရိယသတ္တိ
ကိုင်း-ဒါဖြင့် ဒကာကြွယ်တို့ ဣဿာဆိုတာ ဒေါသကြောင့်လာတာ (မှန်ပါ့) မစ္ဆရိယဆိုတာလဲ သဘော မကျတာက လာတာ (မှန်ပါ့)။
ဟိုက အိမ်ပေါ်တတ်လာတယ်ဆိုရင်ပဲ တောင်းမလိုလို, ရမ်းမလိုလို, ချေးမလိုလို, ငှားမလိုလို ဆိုလို့ရှိရင်ဖြင့် နည်းနည်းကျဉ်းကျဉ်း ဖုံးတာ, ဖိတာကလေး ဦးမာဒင်တို့ ထားကြရတယ် (မှန်လှပါ) မထားရဘူးလား (ထားရပါတယ် ဘုရား) ဒါက ဘယ်သတ္တိပါလိမ့် (မစ္ဆရိယပါ) မစ္ဆရိယသတ္တိ (မှန်ပါ့) ဒကာကြွယ် ဘယ်သူ့ သတ္တိထင်သတုန်း (မစ္ဆရိယ သတ္တိပါ ဘုရား)။
အထည်ဈေးတတ်လာလို့ အထည်ထုပ်တွေဝှက်ရတာ ဘာထင်ကြသတုန်း (မစ္ဆရိယသတ္တိပါ ဘုရား) မစ္ဆရိယ သတ္တိ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲ ဈေးတတ်လာလို့ရှိရင် ဝှက်ကြရတာဆိုတော့ အခုကုန်ဈေးကလဲ တတ်တယ်ဆိုတော့ အချို့ကုန်များတဲ့ ပုဂ္ဂိုလ်များမှာ ဝှက်ရတယ်,လျှို့ရတယ်ဆိုတာက ဦးမာဒင်ရေ သူတို့ကတော့ ထုံးတမ်းမှတ်မှာဘဲ (မှန်ပါ့) စင်စစ်ကတော့ ဘယ်သူ့သတ္တိပါလိမ့် (မစ္ဆရိယသတ္တိပါ ဘုရား) မစ္ဆရိယသတ္တိ၊ ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။
အဲဒီ ဣဿာလာလို့ရှိရင်လဲ ဒကာ ဒကာမတို့ သူ့ကိုပဲ ဖြစ်ပျက်ရှုချ (မှန်ပါ့) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှုရ ပါတယ် ဘုရား)။
အဲဒီဖြစ်ပျက်ရှုချပြန်တော့လဲတဲ့ သူက ဣဿာမစ္ဆရိယ၊ ဣဿာက အနိစ္စ၊ ဖြစ်ပျက်ဉာဏ်က မဂ္ဂ (မှန်ပါ့) မစ္ဆရိယက အနိစ္စ၊ ဖြစ်ပျက်ဉာဏ်က (မဂ္ဂပါ ဘုရား) အဲဒီလို မဂ်နဲ့ လဲလဲပစ်ပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
မဂ်နဲ့လဲပစ်ရမယ်
ဘယ်လိုလုပ်ကြရမယ် (မဂ်နဲ့လဲလဲပစ်ရပါမယ် ဘုရား) မဂ်နဲ့လဲပစ်ရမယ် ဒကာကြွယ်ရေ (မှန်ပါ့)။
ဘယ်လိုလုပ်ကြရမယ် ဒကာကြွယ်ရေ (မဂ်နဲ့ လဲလဲပစ်ရပါမယ် ဘုရား)။
ကိုင်း ဦးမာဒင်တို့ သိမ်းတတ်,ဆည်းတတ်ပလား (သိမ်းတတ်, ဆည်းတတ်ပါပြီ ဘုရား)။
ဣဿာလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ပဲ ရှုပါနော် (မှန်ပါ့)။
အင်း သူလဲ ခုမှ ပေါ်လာတဲ့ သင်္ခတတရား (မှန်ပါ့) သင်္ခတတရားဆိုတာက ဟိုလူချမ်းသာလာမှ ဒီက ပေါ်တာဗျ (မှန်ပါ့) ဟိုလူမချမ်းသာခင်က ဒီဣဿာပေါ်ရဲ့လား (မပေါ်ပါ ဘုရား)။
ဒါကြောင့် ဟိုလူချမ်းသာမှုက ဒီအောက်တန်းနည်းနည်းကျတဲ့ ပုဂ္ဂိုလ်ကို တစ်ခါတည်း ကျေးဇူးပြုလိုက်တယ် (မှန်ပါ့ ဘုရား)။
ဒါကြောင့် သူ့ကို သင်္ခတတရားလို့ မှတ်လိုက်စမ်းပါ (မှန်ပါ့) သင်္ခတတရားဆိုတဲ့ပြီး သူ့ကို အနိစ္စသာ ရှုလိုက် (မှန်ပါလှပါ) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သင်္ခတတရားဆိုပြီးတော့ (အနိစ္စသာ ရှုရပါမယ် ဘုရား) ဒါဖြင့် ရှုတတ်ပလား ဒကာကြွယ် (ရှုတတ်ပါပြီ ဘုရား)။
ရောဂါကင်းချင်ရင် ဘာလုပ်ရမယ်
အားလုံး ဒကာ ဒကာမတွေ အသက်တမ်းရှည်ချင်လို့ ရောဂါကင်းချင်ရင် ဒီဣဿာလာတိုင်း, လာတိုင်း ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။
မစ္ဆရိယ ဝန်တိုတဲ့စိတ်ကလေး ဟိုလူကတတ်လာလို့ ချေးမှာ ငှားမှာ မြင်တယ် (မှန်ပါ့)။
ဟိုက စာကလေး ပေးပြီး သကာလ အကြောင်းကြားလိုက်လို့ ကျွန်တော်ဖြင့် အကြောင်းကလေး တစ်ခုရှိလို့ လာချင်တယ်ဆိုလို့ရှိရင် ကျုပ် ခရီးသွားစရာရှိတယ်ဆိုတဲ့ ဥစ္စာမျိုး မဖြစ်ရအောင် (မှန်ပါ့) ဒကာ ဒကာမတို့ ဒါ မစ္ဆရိယသဘော (မှန်ပါ့) အဲဒါလာရင် ဘာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဘယ်မှ ခရီးထွက်မနေပါနဲ့ ဒကာကြွယ်ရ မစ္ဆရိယပဲ လုပ်ပါ (မှန်ပါ့) ဒီနေ့တော့ မတွေ့နိုင်ဘူး၊ ဟိုရက်ကို အတော်ရှည်ရှည် မအားဘူးဆိုတာတွေ မလုပ်ပါနဲ့တော့ (မှန်ပါ့) ရှည်လှတယ် ဒီဥစ္စာတွေ ဘာလုပ်ရမတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒကာသစ် ရိပ်မိပြီ (ရိပ်မိပါပြီ) ဣဿာလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မစ္ဆရိယလာလဲ (ဖြစ်ပျက်ရှုရ ပါမယ် ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ ကျန်းမာရေး အလိုရှိလို့ အင်း ခုနှစ်နာရီပြည့်အောင် အိပ်ရမယ် အစရှိ သည်နဲ့ (မှန်ပါ့) ရေက တစ်ပိဿာခွဲကုန်အောင် သောက်ရမယ်နဲ့ ဘယ်လိုလုပ်နေနေ ဣဿာမစ္ဆရိယ ရှိရင် ဘယ် တော့မှလဲ ကျန်းမာရေးမရဘူး၊ ရောဂါတွေဟာလဲ ကိုယ်ကခေါ်ယူတာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အသက် တမ်းတိုအောင်လဲ သူကပဲ လုပ်တယ် (မှန်လှပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
စိတ္တာနုပဿနာဆိုတဲ့တရား
ဒါဖြင့် အဲဒီဆေးတွေထက် အဆပေါင်း ထောင်, သောင်း, သိန်း, သန်း ကောင်းတဲ့ ဒကာ ဒကာမတို့ စိတ္တာနုပဿနာဆိုတဲ့တရားကို ဣဿာစိတ်၊ ဟာ မစ္ဆရိယစိတ်ဆိုတော့ ဒါတွေလာရင် ချက်ချင်းရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဣဿာလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ရှုလိုက်တော့ ဒကာကြွယ်တို့ ဦးမာဒင်တို့ ဒကာသစ်တို့ပဲ စဉ်းစားကြည့်လိုက်တာပေါ့၊ အမဲက အဖြူ ဖြစ်သွားတယ် (မှန်ပါ့)။
အမဲက ဘာဖြစ်သတုန်း (အဖြူဖြစ်ပါတယ် ဘုရား) အမဲက အဖြူဖြစ်သွားတယ်ဆိုတာ သေချာသလား (သေချာ ပါပြီ ဘုရား)။
ဣဿာက အကုသိုလ်တရား, မစ္ဆရိယက အကုသိုလ်တရား အမဲတရားတွေ တဏှာဓမ္မဆိုတဲ့အတိုင်းနော် (မှန်ပါ့) အမဲ ဖြစ်လာတယ်ဆိုတော့ သုက္ကာဓမ္မာဆိုတဲ့ အဖြူတရား ဖြစ်မသွားဘူးလား (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာလာလဲ ဘာလုပ်ကြမယ်-(ဖြစ်ပျက်ရှုရပါမယ် ဘုရား) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဒကာကြွယ်,ရေ ရှုလို့မှအားပါဦးမလား (မအားပါ ဘုရား) ဟာ ဒါလောက်လဲ မဟုတ်ပါဘူးဘုရား၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ကျန်းမာရေး-ချမ်းသာရေ အလိုရှိကြလို့ရှိရင်ဖြင့် ဒကာသစ်တို့-ဦးမာဒင်တို့ ဘာလုပ်ကြမယ် (ဖြစ်ပျက် ရှုရပါမယ် ဘုရား) ဘာရှုရမှာပါလိမ့် (ဣဿာရှု မစ္ဆရိယရှုရမှာပါ ဘုရား) ဣဿာလာလဲ (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ်ရှင်းပြပါမယ်
အဲဒီတော့ ဘုန်းကြီးက ပဋိစ္စသမုပ္ပါဒ်ရှင်းပြပါမယ် (မှန်ပါ့ ဘုရား) ပဋိစ္စသမုပ္ပါဒ် ရှင်းပြလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ ပိုမိုလင်းသွားပါလိမ့်မယ်နော် (မှန်ပါ့)။
ဣဿာမစ္ဆရိယဆိုတာက ဒေါသကလာတာ (မှန်ပါ့ ဘုရား) ဣဿာဆိုတာလဲ သူ့မကြည့်နိုင်တာ ဒေါသပဲ (မှန်ပါ့) မစ္ဆရိယ ဝနတိုတယ်ဆိုတာလဲ ဒကာ ဒကာမတို့ ကိုယ့်ဥစ္စာကလေး နှမြောတော့ တစ်ခါတည်း ပေးရ၊ ကမ်းရ မှာကို နှမြောတဲ့သဘော သတ္တိကလေးလာတော့ အလိုမကျတာပဲ (မှန်ပါ့)။
ဒါဖြင့် အလိုမကျတာဟူသရွေ့ ဘာခေါ်ကြမယ် ဒေါသ (မှန်ပါ့) ဒါဖြင့် ဒေါသနဲ့တွဲနေတဲ့ တရားနှစ်ခု (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ဘာနဲ့တွဲနေတာတုန်း (ဒေါသနဲ့တွဲနေပါတယ် ဘုရား) ဒေါသနဲ့တွဲနေတဲ့ တရားနှစ်ခု ဖြစ်လေသောကြောင့် ဒကာ ဒကာမတို့ ဣဿာလာ-မစ္ဆရိယလာရင် ဖြစ်ပျက်ရှုလိုက်တဲ့အခါကျတော့ ဒေါသက သေသွားတယ် (မှန်ပါ့) မသေဘူးလား (သေပါတယ် ဘုရား)။
ဒါဖြင့် ဣဿာ မစ္ဆရိယနဲ့ ဒေါသနဲ့ တွဲလျက်ဖြစ်နေတော့ ဒီကမဂ်နဲ့ ဒကာ ဒကာမတွေက ရှုလိုက်တာပေါ့ (မှန်ပါ့) ရှုလိုက်တဲ့အခါကျတော့ ဣဿာမစ္ဆရိယက ရောဂါပေးမလို့လာတာ (မှန်ပါ့) ခန္ဓာထဲ ရောဂါတွေ သူက ခေါ်ယူမလို့လာတာ (မှန်ပါ့)။
ဒီကမဂ်နဲ့ ရှုလိုက်တဲ့အခါကျတော့ ဒကာကြွယ်ရေ-မဂ်ဆိုတဲ့ တရားက အကုသိုလ်ကော အကျိုးပေးဖြတ်တဲ့ တရား (မှန်ပါ့) ကံကော အကျိုးပေးကော (ဖြတ်တဲ့တရားပါ ဘုရား)။
အဲဒီတော့ ဒေါသကံ (မှန်ပါ့) သူ့အကျိုးပေးက ရောဂါဝေဒနာ အသက်တိုမှု (မှန်ပါ့) အဲဒါကိုတဲ့ မဂ်ကနေပြီး ဖြတ်ချလိုက်ပါတယ်တဲ့ (မှန်ပါ့)။
မဂ်ဖြတ်တယ်ဆိုတာ
အဲဒါကြောင့် မဂ်ဖြတ်တယ်၊ မဂ်ဖြတ်တယ်ဆိုတာ ဦးမာဒင်တို့မှတ်၊ အခုလာတာ အခုဖြတ်ရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
မဂ်ဖြတ်တယ်ဆိုတာ (အခုလာတာ အခုဖြတ်ရပါမယ်) အခုလာတာ အခုဖြတ်ရမယ်ဆိုတာ သေချာကြပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာလာလဲ လာလုပ်ရမယ် (ဖြစ်ပျက်ရှုရပါမယ်) မစ္ဆရိယလာရင်ကော (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဒါဖြင့် ဒေါသ, ဣဿာ, မစ္ဆရိယက သောက, ပရိဒေသ, ဒုက္ခ, ဒေါမနဿ, အဝိဇ္ဇာဆိုတာ လာသေးရဲ့လား (မလာပါ ဘုရား)။
ဪ ဒါဖြင့် ဒေါသဘင် ဖြတ်လိုက်တာလား ဒကာ ဒကာမတို့နဲ့ ပတ်သက်ပြီး သကာလ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊ အဝိဇ္ဇာ၊ သင်္ခါရပါ ဖြတ်လိုက်တာလား (အကုန်ဖြတ်ပါတယ် ဘုရား) အကုန်ဖြတ်ချလိုက်တယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
အကုန်ဖြတ်ပြီး သကာလ ထားလိုက်တော့ ဪ ယခုဘဝလဲ ရောဂါကင်း (မှန်ပါ့) သံသယ ဒုက္ခတွေလဲ ရှင်း (မှန်ပါ့) သဘောပါကြပလား (ပါပါပြီ ဘုရား) စိတ္တာနုပဿနာ ဝင်ရမယ် (မှန်ပါ့)။
ဒီနေရာ ဘာဝင်ရမယ် (စိတ္တာနုပဿနာဝင်ရပါမယ် ဘုရား)။ ဒါကြောင့် ဒကာ ဒကာမတွေ ဘယ်သူ့မှာ အားမကိုးပဲနဲ့ ရောဂါအခြေအမြစ်ကို တွေ့တဲ့တရား ဖြစ်ပြီး သကာလ နေတော့ ဒကာကြွယ်-ရေ ဒါပဲရှုပါ (မှန်ပါ့) လာရင် မရှုမိ မရှိစေနဲ့ (မှန်ပါ့)။
မရှုမိ မရှိပါစေနဲ့
လာရင် ဘာတုန်း (မရှုမိ မရှိပါစေနဲ့) အခု ဒီရက်မှာ သာပြီးလာမယ်နော် (မှန်ပါ့)။
အခု ဒီရက်မှာ သာပြီးလာမယ်နော် (မှန်ပါ့ ဘုရား) အခု ဒီရက်မှာ ဒကာသစ် သာပြီးလာမယ် (မှန်ပါ့) မလာပေဘူးလား (လာပါတယ် ဘုရား)။
ဈေးတွေက ရောင်းထားတာ ကမောက်ကမတွေနဲ့ (မှန်ပါ့) ကမောက်ကမတွေဖြစ်ပြီး သကာလ နေတော့ ဒကာ ဒကာမတွေ တော်တော်ကြာ အစိုးရကလဲ ကွန်ထရိုးတွေဘာတွေ လုပ်မယ်ဆိုလို့ရှိရင်ဖြင့် ဒုက္ခတွေ၊ ဘာတွေ ရောက်ချင်ရောက်ကြဦးမှာ (မှန်ပါ့) အဲ ဝှက်ရတော်မလား- မဝှက်ရတော်မလား ဆိုတာတွေလဲ ရှုပ်ပွေနေတာပဲ (မှန်ပါ့) မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါတွေလာပြီး သကာလ နေပြန်တော့လဲ ဒကာ ဒကာမတို့ ဒီရက်အတွင်းမှာ ရောဂါတိုးကြောင်း သိပ်များ တယ် (မှန်ပါ့)။
ဒကာကြွယ် ဒီရက်အတွင်းမှာ (ရောဂါတိုးကြောင်း သိပ်များပါတယ် ဘုရား)။
ရောဂါတိုးကြောင်း များတယ်ဆိုတော့ ဣဿာက ဒါလောက် မလာဘူး-အခုအခါမှာ မစ္ဆရိယက သိပ်များတယ် (မှန်ပါ့)။
ဣဿာက (ဒါလောက်မလာပါ ဘုရား) ဣဿာက ရောင်းရိုး ရောင်းစဉ်နဲ့ တစ်ယောက်က တစ်ယောက် တက် သွားတဲ့အခါကျမှ ဣဿာက လာတယ် (မှန်ပါ့) မစ္ဆရိယက အခုလို ဈေးကန့်သတ်လိုက်တဲ့အခါကျမှ မစ္ဆရိယက လာ တယ် (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဒါဖြင့် ဣဿာလာ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့
ဖြစ်ပျက် ရှုလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတို့ ဣဿာမစ္ဆရိယက ဣဿာအကျိုးပေးမည့်အလုပ်ကို သူ လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား) မစ္ဆရိယကလဲ အကျိုးပေးမည့် အလုပ်ကို (မလုပ်နိုင်ပါ ဘုရား) မလုပ်နိုင်ဘူး၊ အနိစ္စအဖြစ်နဲ့ ကျုပ်တို့ကို မဂ်ပေါ်အောင် ကျေးဇူးပြုတယ် (မှန်ပါ့)။
မဂ်ပေါ်အောင် ကျေးဇူးပြုသွားတဲ့အတွက် ကျုပ်တို့မှာ ပစ္စုပ္ပန်မှာလဲ ရောဂါကင်း (မှန်ပါ့) သံသရာမှာလဲ အိုဘေး၊ နာဘေး၊ သေဘေးတွေလဲ ရှင်းပါးတယ် (ရှင်းပါတယ်ဘုရားဝ။
ဒါကြောင့် ဒီအလုပ်ကိုဖြင့် အခုခေတ်ကြီးနဲ့ လျော်တဲ့တရားဖြစ်လို့ အခုရက်ပိုင်းနဲ့ လျော်တဲ့တရားဖြစ်လို့ သက္ကပဥှသုတ်ကို ဟောပါတယ် (မှန်ပါ့) ဒကာကြွယ် ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါ ဧကန်လာနေကြတာနော် (မှန်ပါ့) ကိုယ့်ဟာန့ကိုယ် ဥပမာ-ပိုးထည်-ပိုးအထည်အလိုက်၊ ချည်ထည် ချည်ထည်အလိုက်၊ ပိုးခင်ချည်ခင်-ပိုးခင်ချည်ခင်အလိုက် ဒကာသစ်ရေ အကုန်ရှိနေတယ် (မှန်ပါ့)။
ဘယ့်နှယ်နေကြသတုန်း၊ ချိန်ဆတုန်းပါပဲဘုရား (မှန်ပါ့) မပြောကြဘူးလား (ပြောပါတယ် ဘုရား) ဘာများ ချိန်ဆနေတာတုန်းလို့ မေးတဲ့အခါ ရောင်းရတော်မလား- မရောင်းရ တော်မလား (မှန်ပါ့) ဒါ ချိန်ဆနေတယ် ဆိုကတည်းကိုက ဒကာသစ်-ရေ ဒါ ဣဿာ မစ္ဆရိယပါ-မပါ (ပါပါတယ် ဘုရား)။
အင်း သူတို့က အဖော်ကောင်းလို့ သူတို့က ချမ်းသာသွားပြန်တော့ ဣဿာ (မှန်ပါ့) ကိုယ်က အဖော် ကောင်းလို့ ဒီနေရာမှာ အစိုးရလာပြီး စစ်ဆေးလို့ လုံခြုံပြန်တော့လဲ ကိုယ့် မစ္ဆရိယကလေးကိုယ်ပဲ ကျေးဇူးတင်နေဦးမှာ (မှန်ပါ့) သဘောပါပလား (ပါပါပြီ ဘုရား)။
ဣဿာလာ ဘာလုပ်ရမလဲ
ဒါဖြင့် ဒကာ ဒကာမတို့ ဣဿာလာ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မစ္ဆရိယလာရင် (ဖြစ်ပျက် ရှုရပါမယ် ဘုရား)။
ဒါဖြင့် ပစ္စုပ္ပန်မှာ ရောဂါကင်း၊ အသက်တမ်းရှည်၍ သံသရာမှာလဲ ဒုက္ခမျိုးစုံကင်းလွတ်ပါတယ် (မှန်ပါ့) ဒါကြောင့် ဒီ စိတ္တာနုပဿနာကိုဖြင့် ဒကာ ဒကာမတို့ ရှုဖြစ်အောင် ရှုပါ (မှန်ပါ့)။
ဘယ်အထဲ သွင်းရမတုန်းဆိုတော့ “သဒေါသစိတ္တံ သဒေါသ စိတ္တန္တိပဇာနာတိ”ဆိုတဲ့ စိတ္တာနုပဿနာထဲ သူက ဒေါသနဲ့ယှဉ်တဲ့ ဣဿာမစ္ဆရိယကိုးဗျ (မှန်ပါ့ ဘုရား) အဲဒီတော့ ဒေါသရှုလိုက်တော့ ပါမသွားဘူးလား (ပါသွား ပါတယ် ဘုရား) ဒါဖြင့် ဒေါသလာတယ်ဆို ဣဿာပါနေပြီ (မှန်ပါ့ ဘုရား)။
ဒါကြောင့် ဒကာ ဒကာမတို့ ဣဿာရှုလိုက် မစ္ဆရိယရှုလိုက် လို့ရှိရင်ဖြင့် ရောဂါလဲကင်းမယ် (မှန်ပါ့) သံသရာ အိုဘေး၊ နာဘေး၊ သေဘေးလဲရှင်းမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဘုရားဟောတော်မူတာလဲဖြစ်၊ ဧကန်သိ, တကယ်သိ, အမြင်ရှိတဲ့ ပုဂ္ဂိုလ်ကြီးက ဟောသည်ဖြစ်လေ သောကြောင့် ဒကာကြွယ် ဒါကို အရေးတကြီး ဂရုစိုက်ပါ (မှန်ပါ့)။
အားလုံး ဒကာ ဒကာမတွေ ဣဿာလာရင် ဘာလုပ်ကြမှာတုန်း (ဖြစ်ပျက်ရှုရမှာပါ) မေ့တော့ မေ့မနေလိုက် နဲ့နော် (မှန်ပါ့) မေ့မနေလိုက်ပါနဲ့၊ မေ့ရင် သူ-အသက်တမ်း တိုအောင်လုပ်မယ် (မှန်ပါ့ ဘုရား) ရောဂါကို ပေးမယ် (မှန်ပါ့ ဘုရား)။
မကောင်းတဲ့တရား ဖြစ်လေသောကြောင့် ကျုပ်တို့လာတိုင်း လာတိုင်း ဒကာ ဒကာမတို့-ဣဿာကို ဖြစ်ပျက် ရှုမိအောင်ရှုပါ (မှန်ပါ့)။
အသက်ရှည်ချင်ရင် ဣဿာဖြစ်ပျက်ရှု
ဒကာကြွယ် ဒါ-သိပ်အဖိုးတန်တယ်နော် (တန်ပါတယ်) အသက်ရှည်ချင်ရင် ဣဿာဖြစ်ပျက်ရှု (မှန်ပါ့) မစ္ဆရိယကော (ဖြစ်ပျက်ရှုရပါမယ်) ရှင်းကြပလား (ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် သိကြားမေးတာဖြင့် ပထမပုစ္ဆာမှာ အရှင်ဘုရား လောကမှာ ကိုယ့်ကိုယ်ကိုယ် ကျန်းမာ ခြင်း၊ ချမ်းသာခြင်း အလိုရှိကြပါတယ်၊ အသက်ရှည်ခြင်း အလိုရှိကြပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့် ရောဂါမကင်း အသက်တိုရပါသတုန်းတဲ့၊ ဒကာသိကြား ဣဿာမစ္ဆရိယကြောင့်တဲ့ (မှန်ပါ့) ဒါ- ဘုရားကဖြေတာ (မှန်ပါ့ ဘုရား) ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။
ဘုန်းကြီးက တစ်ခါ အဖြေထည့်ပြန်တယ်တဲ့ သတိပဋ္ဌာန်ထဲ သွင်းပြီးတော့ ဒကာ ဒကာမတွေ ဒါဖြင့် အသက် ရှည်ချင်ရင် ဣဿာလာလဲ ဖြစ်ပျက်ရှု (မှန်ပါ့) မစ္ဆရိယလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
ဘာကြောင့်တုန်းလို့မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်လဲ ပြတ်တယ် (မှန်ပါ့) ဣဿာကလဲ ဣဿာအလုပ် မလုပ်နိုင်တော့ဘူး (မှန်ပါ့)။
အသက်တိုအောင်၊ ရောဂါများအောင် (မလုပ်နိုင်ပါ) ဘာကြောင့်တုန်း သူက အနိစ္စအဖြစ်နဲ့ ကျုပ်တို့ကို မဂ်တောင် ပေးသွားတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
အနိစ္စအဖြစ်နဲ့ (မဂ်တောင်ပေးသွားပါတယ်) မဂ်တောင် ပေးသွားတော့ ဪ သုံးတတ်ရင်လဲ ဆေးဖြစ် ပါလားဆိုတော ပေါ်လာတယ် (ပေါ်လာပါတယ်) သဘောပါကြလား (ပါပါတယ် ဘုရား)။
ကိုင်း ဦးမာဒင်ရေ- ဒီ-စိတ္တာနုပဿနာကို မမေ့နဲ့နော် (မှန်ပါ့ ဘုရား) အသက်ရှည်ချင်ရင် သူ့ကို မမေ့ ပါနဲ့ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် အခု တရားတစ်လုံးပဲ ပြီးပါသေးတယ် (မှန်ပါ့) ဒါနဲ့ သိကြားက ဒကာ ဒကာမတို့ ဆက်ပြီးမေး ပြန်တယ်။
အရှင်ဘုရား တဲ့ အကြောင်းအကျိုး အင်မတန်ဆက်တဲ့ တရားမို့ ဦးမာဒင် သေသေချာချာ နားထောင်ပါ (မှန်ပါ့ ဘုရား)။
ဣဿာမစ္ဆရိယကလဲ ဘယ်ကလာတာတုန်း
ဒီဣဿာမစ္ဆရိယကလဲ ဘယ်ကလာတာတုန်းဘုရာ့တဲ့ (မှန်ပါ့) တယ်လဲမေးပုံကောင်းတယ် (ကောင်းပါတယ် ဘုရား)။
ဒကာကြွယ် ဘယ့်နှယ်မေးသတုန်း (ဣဿာမစ္ဆရိယဘယ်က လာသတုန်း မေးပါတယ်) သူ့လဲ အကြောင်းရှိ လိမ့်ဦးမယ်ဘုရာ့တဲ့ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့)။
ဒီ-ဣဿာမစ္ဆရိယက ဘယ်ကလာသတုန်းဆိုတာ တပည့်တော် မသိလို့ မေးပါရစေဘုရားလို့ ဆိုတဲ့အခါကျ တော့-ဣဿာမစ္ဆရိယ ဟာကွာတဲ့ ချစ်ခြင်း, မုန်းခြင်းက လာတာ (မှန်ပါ့)။
ဣဿာမစ္ဆရိယဟာ (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ် ဘုရား)။
နောက်က ဒကာ ဒကာမတွေ ဘယ်ကလာသတုန်း (ချစ်ခြင်း မုန်းခြင်းက လာပါတယ်) ဒကာကြွယ် တယ် သဘောပါပါလား (ပါပါတယ်) သိပ်သဘောပါတယ် ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)။
သဘောလဲပါတယ် ခင်ဗျားတို့ အန္တရာယ်ကင်းပြီး တစ်ခါတည်း နိဗ္ဗာန်လဲရောက်နိုင်တဲ့တရား ဒီပုစ္ဆာအဆုံးမှာ ဒီဟာတွေရှုတာနဲ့ ဦးမာဒင် သိကြားသောတာပန်တည်ဦးမယ် (မှန်ပါ့)။
ဒါကြောင့် အင်မတန်ကောင်းတဲ့တရားမို့ ဒကာ ဒကာမတွေ ရှုဖြစ်အောင် ရှုပါနော် (မှန်ပါ့) လာတာမသိဘူး လို့တော့ မရှိစေနဲ့ ဒကာကြွယ် (မှန်ပါ့)။
–ဖြောင့်မှာပေါ့ဗျာ ဘာတွေလုပ်ထားတယ်
သူတို့ ဒီနှစ် နည်းနည်းကလေး စီးပွားရေးဖြောင့်တယ်ထင်လို့ တစ်ယောက်က ဒကာကြွယ်လာပြောတယ် ၊ ဒကာသစ် လာပြောလာတယ်ဆိုပေါတော့ (မှန်ပါ့) ဣဿာမစ္ဆရိယပါလာတယ် ဖြောင့်မှာပေါ့ဗျာ ဘာတွေလုပ်ထား တယ် (မှန်ပါ့) ဒါ-ဣဿာသတ္တိတွေ (မှန်ပ့ါ) ရှင်းပလား (ရှင်းပါပြီ) ဒါဖြင့် ဘယ့်နှယ်လုပ်မလဲ သူ့ကို (ဖြစ်ပျက်ရှု ပေးရပါမယ် ဘုရား)။
မြန်မြန်ရှုပစ်ပါ ဒကာကြွယ် (မှန်ပါ့) နို့မဟုတ်ငေါ့လုံးက အရင်ထွက်လာတယ် (မှန်ပါ့) ငေါ့လုံးက ဘယ်က လာတယ်ထင်သတုန်း ဣဿာက (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဖြစ်မှာပဲဗျ သူက ဘယ်သူနဲ့ပေါင်းပြီး ဘယ်လိုလုပ်နေတာ ဆိုလို့ရှိရင် ဒါ-ဣဿာလွန်သွားပြီ (မှန်ပါ့)။
ဒါတွေကို ဒကာ ဒကာမတွေက အဖြေရှာမနေနဲ့တော့ ဒီဥစ္စာ သူ့အပေါ်မှာ ငြူစူမယ်ထင်လို့ရှိရင် မြန်မြန် ဖြစ်ပျက်သာရှုချ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကောင်းပြီ၊ သူက ဘယ်ကလာဘ်စားထားတာလဲဗျ, ဘယ်သူနဲ့ ပေါင်းပြီး သကာလ ဘာလုပ်ထားတာပဲဆိုရင် ဦးမာဒင် လျှာရှည်ပြီ (မှန်ပါ့) လျှာရှည်တာ ဘယ်သူ့သတ္တိထင်သတုန်း (ဣဿာသတ္တိပါ ဘုရား)။
အဲဒါ မသိလိုက်တော့ တစ်ခါတည်း တစ်သီတစ်တန်းကြီး ဣဿာမစ္ဆရိယ သောက, ပရိဒေဝ, ဒုက္ခ, ဒေါမနဿ အဝိဇ္ဇာကျအောင် သစ္စာမသိတဲ့ ဆီကျအောင် သူ့စိတ်ထဲရောက်သွားတာပဲ (မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်း ပါ ဘုရား)။
ဖြစ်ပျက်ဖြင့် ရှုမိအောင်ရှုပါ
ဒါဖြင့် ဒကာ ဒကာမတို့ ဒါလောက် ပဋိစ္စသမုပ္ပါဒ်လဲ အဆက်မခံပါနဲ့တော့ ဖြစ်ပျက်ဖြင့် ရှုမိအောင်ရှုပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီဘုရားဝ။
ဒီဥစ္စာ ဒကာကြွယ် ဣဿာမစ္ဆရိယသတ်နည်း နိသယည်းမှာဖြင့် အကောင်းဆုံးပါပဲ (မှန်ပါ့)။
ဒီတရားဟောရခြင်းဟာလဲ ဒကာသစ်တို့၊ ဦးမာဒင်တို့ သူ့ခေတ်နဲ့သူ၊ သူ့ရက်နဲ့ သိပ်လျော်ပါတယ် (မှန်ပါ့) အင်မတန် အရေးကြီးတယ် (မှန်ပါ့) မကြီးကြဘူးလား (ကြီးပါတယ် ဘုရား)။
ကြီးပါတယ်တဲ့၊ ဒါက မသိတဲ့ ပုဂ္ဂိုလ်အတွက်မှာတော့ ဣဿာမစ္ဆရိယနဲ့ ဧည့်ခံနေတာ (မှန်ပါ့)။
ဒကာကြွယ် ဘာနဲ့ဧည့်ခံသတုန်း (ဣဿာမစ္ဆရိယနဲ့ ဧည့်ခံပါတယ် ဘုရား)။
ဣဿာမစ္ဆရိယနဲ့ ဧည့်ခံနေတယ်ဆိုတော့ ဟိုလူ့အကြောင်းကိုတော့ ဥပမာ ဒကာကြွယ် သွားမေးရင် သိမှာပဲ ဆိုရင် ဒီက ဣဿာမစ္ဆရိယနဲ့ ဧည့်ခံတယ် (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းတယ်နော် (မှန်ပါ့)။
သိပ်ကြောက်စရာ ကောင်းတယ်၊ သူကတော့ အတွင်းသိ, အပြင်သိ (မှန်ပါ့) သူ့သွားစုံစမ်းရလို့ရှိရင်တော့ နေရာကျမှာပဲဆိုတော့ သူက ဣဿာမစ္ဆရိယတွေ ပြောချလိုက်တာပဲ (မှန်ပါ့) ကဲ ဘယ်လောက် ဆိုးရွားသတုန်း (ဆိုးရွားပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ဆီ လာမေးတယ်၊ အိမ်နီးချင်းတစ်ယောက် ကျန်းမာချမ်းသာနေတယ်၊ ဟာ-ဒကာကြွယ် လာမေးတယ်၊ ဟာ ဒကာသစ် လာမေးတယ်၊ ကျုပ်နားမလည်ဘူး ဖြေလိုက်လဲမေးတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) လျှာရှည်သရွေ့ ဣဿာမစ္ဆရိယ ထွက်လာလိမ့်မယ်ဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။
အေး ဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဣဿာလာရင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရမယ်) မစ္ဆရိယလာရင် (ဖြစ်ပျက်ရှုရပါမယ်) ခုနင်က လျှာရှည်တဲ့ဇာတ်တော့ သိမ်းမသွားဘူးလား (သိမ်းသွားပါတယ် ဘုရား)။
သိမ်းသွားတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတယ် (ပြတ်ပါတယ်) ပြတ်သွားတော့ ဣဿာကြောင့် မဂ်ဉာဏ် ရတယ် (မှန်ပါ့) မစ္ဆရိယကြောင့် (မဂ်ဉာဏ်ရပါတယ်) ကိုင်း ဒကာ ဒကာမတို့ အဆိပ်က ဆေးဖြစ်လာတယ် (မှန်ပါ့ ဘုရား)။
အဆိပ်က ဘာဖြစ်လာသတုန်း
အဆိပ်က ဘာဖြစ်လာသတုန်း (ဆေးဖြစ်လာပါတယ်) အဲဒီု လုပ်ကြစမ်းပါဆိုတာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမ အရင်းအချာတွေကို အကုန်ပဲတိုက်တွန်းပါတယ် (မှန်ပါ့) နို့မဟုတ်ရင် ရောဂါကများပြန်-အသက်က တိုဦး မယ် (မှန်ပါ့ ဘုရား)။
ဒါလောက် နှိပ်စက်မည့်တရားကို ဒကာ ဒကာမတို့ ဘယ်နည်းနဲ့မှ လက်ခံထားလို့တော့ မသင့်ဘူးဆိုတာ သေသေချာချာ မှတ်ပါ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ပြန်မေးတယ်၊ ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း ဆိုတော့ ဒကာသစ် ဘုရားက ဘယ့်နှယ် ဖြေသတုန်း (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ်) ဒကာ ဒကာမတို့ ဘယ်ကလာသတုန်း (ချစ်ခြင်း၊ မုန်းခြင်းကလာပါ တယ် ဘုရား)။
ရှင်းပြမယ်နော် (မှန်ပါ့) ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ချစ်ခြင်း၊ မုန်းခြင်းကလာတာပါကွ တဲ့ ဣဿာမစ္ဆရိယဆိုတာ (မှန်ပါ့) အကြောင်းကျိုး သိပ်ဆက်မိပါတယ် (မှန်ပါ့) မဆက်မိဘူးလား (ဆက်မိပါတယ် ဘုရား)။
ကိုယ်ချစ်တဲ့ သားကလေး၊ သမီးကလေး၊ မိတ်ဆွေကလေး၊ သင်္ဂဟကလေး၊ ကိုယ်ချစ်တဲ့ပုဂ္ဂိုလ်ဟာ ဟိုဘက်က မူးတတ်၊ ညာတတ်၊ လှိမ့်တတ်တဲ့ ပုဂ္ဂိုလ်နဲ့ သွားပေါင်းလို့ ရှိရင်ဖြင့်တဲ့ တစ်ခါတည်း ဟိုပုဂ္ဂိုလ်အပေါ်မှာတဲ့ ဣဿာ ဖြစ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဟိုပုဂ္ဂိုလ်အပေါ်မှာလဲ ဒီကောင်က ဘယ့်နှယ်လဲ ငါ့သား ငါ့သမီးနဲ့လာပြီး သူသည်ကားလို့ဆိုရင်ဖြင့် ပေါင်း သင်းနေပါလိမ့်မတုန်းဆိုတော့ ဟိုပုဂ္ဂိုလ်အပေါ်မှာ တစ်ခါတည်း ချစ်တဲ့သူနဲ့ စကားပြောနေရင်ပဲ ဣဿာဖြစ်သွားပြီ (မှန်ပါ့) မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
ကိုယ်ချစ်တဲ့ပုဂ္ဂိုလ်နဲ့ ညာတတ်၊ လှိမ့်တတ်တဲ့ပုဂ္ဂိုလ်နဲ့ စကားပြောနေရင်ပဲ ဒကာကြွယ် ဘာလာတတ်သတုန်း (ဣဿာလာတတ်ပါတယ်) ဪ ဒါ ချစ်တဲ့လူက လာတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
မုန်းတဲ့လူက တစ်ခါ- ကိုယ်နဲ့မတည့်တဲ့ လူက စီးပွားရေးက ထိုးတက်သွားတယ် (မှန်ပါ့) ထိုးတက်သွားတဲ့ အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ တစ်ခါတည်း မစ္ဆရိယ ဝင်လာတာပဲ (မှန်ပါ) မဝင်လာဘူးလား (ဝင်လာပါတယ်)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်းကြောင့်လဲ (ဣဿာမစ္ဆရိယ လာပါတယ် ဘုရား)။
ချစ်ခြင်းကတဏှာ၊ မုန်းခြင်းကဒေါသ
ဒါဖြင့် ချစ်ခြင်းကတဏှာ၊ မုန်းခြင်းက ဒကာ ဒကာမတို့ ဒေါသ (မှန်ပါ့ ဘုရား)။
ဒါဖြင့် လောဘလာလဲ သူက ဣဿာမစ္ဆရိယ မသွားချင်လို့ရှိရင်ဖြင့် မရောက်အောင် တစ်ခါတည်း လောဘ ကလေးလာလဲ ခင်တဲ့လောဘလာရင် ဖြစ်ပျက်ရှု (မှန်ပါ့) မုန်းတဲ့ဒေါသကလေးလာရင် (ဖြစ်ပျက်ရှုရပါမယ်)ဖြစ်ပျက် ရှုလိုက်တော့ ခုနင်က ဣဿာမစ္ဆရိယ ရေသောက်မြစ် ပြတ်သွားတယ် (မှန်ပါ့)။
ဣဿာမစ္ဆရိယ (ရေသောက်မြစ် ပြတ်သွားပါတယ် ဘုရား) စဉ်းစားကြည့်, စဉ်းစားကြည့်၊ ဒကာ ဒကာမတို့ စဉ်းစားကြည့် ဘုရားဖြေတာကြည့် ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်းဘုရားလို့ မေးတဲ့အခါကျတော့ ချစ်ခြင်း၊ မုန်းခြင်းက လာတယ်လို့ ဘုရားက ဖြေလိုက်တယ် (မှန်ပါ) သဘောကျပလား (ကျပါပြီ ဘုရား)။
မုန်းတဲ့ ပုဂ္ဂိုလ်ကြည့်တဲ့အခါ ကျလို့ရှိရင် ဒကာ ဒကာမတို့ ဣဿာဟာ တစ်ခါတည်းလာတာပဲ (မှန်ပါ့) ချစ်တဲ့ပုဂ္ဂိုလ်လဲ သူနဲ့ကိုယ် မကြိုက်တဲ့ ပုဂ္ဂိုလ်ပေါင်းလာလို့ရှိရင်ဖြင့် သူ အပေါင်းအသင်း တော်တော်မှားနေပြီကွ၊ သူ့ အကုန်အပ်လို့ မဖြစ်ဘူးဆိုပြီး ပြန်သိမ်းတယ် (မှန်ပါ့) ဒါ ဘာသတ္တိတုန်း မစ္ဆရိယ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား)။
ဒါဖြင့် ဣဿာမစ္ဆရိယဟာ ဒကာ ဒကာမတို့ ဘယ်ကလာပါလိမ့် (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ်) ချစ်ခြင်း တဏှာ, မုန်းခြင်းဒေါသ (မှန်ပါ့ ဘုရား)။
ချစ်ခြင်း (တဏှာကပါ) မုန်းခြင်း (ဒေါသကပါ) ဪ-ဒီကလာပါလားဆိုတာ ပေါ်လာကြတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့ ကုစရာဆေးရှိသေးတယ် (မှန်ပါ့) ဣဿာမစ္ဆရိယမလာအောင် ကျုပ်တို့ လောဘလာလဲ ဖြစ်ပျက်ရှုပေး (မှန်ပါ့) ဘယ်သူ့ကို ခင်တဲ့လောဘလာလာ ဖြစ်ပျက်ရှုပေး (မှန်ပါ့) ဘယ်သူ့ကို မကြည့် ချင်တဲ့ ဒေါသလာရင်ကော (ဖြစ်ပျက်ရှုပေးရပါမယ် ဘုရား)။
အဲဒီနှစ်ခုကိုသာ ရှုလိုက်ပါ၊ ဣဿာမစ္ဆရိယကို သူက အညွန့်ပေါက်တာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီကျတော့ “သရာဂစိတ္တံ သရာဂစိတ္တန္တိ ပဇာနာတိ” ဦးမာဒင်လုပ်နော် (မှန်ပါ့) လောဘစိတ်လာရင် ဖြစ်ပျက်ရှုပါ (မှန်ပါ့) “သဒေါသစိတ္တံ သဒေါသစိတ္တိန္တ ပဇာနာတိ” ဒေါသစိတ်လာရင်လဲ ဘာလုပ်ရမလဲ (ဖြစ်ပျက် ရှုရမှာပါ ဘုရား)။
ဖြစ်ပျက်ရှုလိုက်ပြီ
အဲဒီကဲ့သို့ ဖြစ်ပျက်ရှုလိုက်ပြီဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ၌တဲ့ ရောဂါပေါ်ပြီး အသက်တိုအောင် လုပ်မည့် ဣဿာမစ္ဆရိယကို ဖြတ်ချလိုက်တယ် (မှန်ပါ့ ဘုရား) ဒါကြောင့် စိတ္တာနုပဿနာ ကောင်းတယ်လို့ ပြောတာ (မှန်ပါ့) ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာ ဒကာမတို့ အင်မတန် အဖိုးတန်တယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ ဘုရား)။
အဲဒီတော့ သိကြားဘယ့်နှယ်ကြောင့် သောတာပန်တည်ပါလိမ့်မတုန်း ဒီပုစ္ဆာတွေအဆုံးမှာလို့ မေးလိုက်တော့မှ ဒကာသစ်ရေ ဖြစ်ပျက်က လိုက်လိုက်သွားလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဘာတွေ လိုက်လိုက်သွားပါလိမ့် (ဖြစ်ပျက်တွေ လိုက်လိုက်သွားပါတယ်) ဝိပဿနာဉာဏ်က နေရာတိုင်းလိုက် သွားတယ် (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ချစ်ခြင်း၊ မုန်းခြင်းသည် ဣဿာမစ္ဆရိယ၏ ရေသောက်မြစ် (မှန်ပါ့)။
ချစ်ခြင်း၊ မုန်းခြင်းသည် (ဣဿာမစ္ဆရိယ၏ ရေသောက်မြစ်ပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် ချစ်ခြင်းကလောဘ၊ မုန်းခြင်းက ဒေါသ၊ လောဘလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရ ပါမယ်) ဒေါသလာလဲ (ဖြစ်ပျက်ရှုရပါမယ်) သဘောပါပလား (ပါပါပြီ ဘုရား)။
ဒါဖြင့် သူ့ကို ရှုလိုက်လို့ရှိရင်လဲ ဣဿာမစ္ဆရိယလာနိုင်သေးရဲ့လား (မလာနိုင်ပါ) ဘာ့ကြောင့်တုန်းဆိုတော့ ချစ်ခြင်း မုန်းခြင်းသည် ဣဿာမစ္ဆရိယ၏ ရေသောက်မြစ် ဖြစ်ပါတယ် (မှန်ပါ့ ဘုရား)။
ချစ်ခြင်း၊မုန်းခြင်းသည် ဣဿာမစ္ဆရိယ၏ရေသောက်မြစ်
ဒီရေသောက်မြစ် ဖြတ်လိုက်တဲ့အတွက် ဟိုအပင်ကြီးဟာ သန်နိုင်သေး၊ ထွားနိုင်သေးရဲ့လား (မသန်နိုင်, မထွားနိုင်ပါ) ဣဿာမစ္ဆရိယအပင်တွေ ပေါက်နိုင်သေးရဲ့လား၊ အညွန့်တွေ ဖြာနိုင်သေးရဲ့လား (မဖြာနိုင်ပါ) သေချာ ပြီမဟုတ်လား (သေချာပါပြီ ဘုရား)။
ကဲ ဒါဖြင့် ဒီတရားသည် ဦးမာဒင်တို့ ဒကာကြွယ်တို့ အရေးကြီးပါတယ် (မှန်ပါ့) မကြီးဘူးလား (ကြီးပါ တယ် ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ထဲမှာ လောဘလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
လောဘလာလဲ ဖြစ်ပျက်ရှုတော့ ပဋိစ္စသမုပ္ပါဒ် သီးမာဒင်အလည်က ပြတ်သွားတယ် (မှန်ပါ့) ဒေါသလာရင် ဖြစ်ပျက်ရှုလိုက်တော့ ပဋိစ္စသမုပ္ပါဒ်အဆုံးက ပြတ်ထွက်သွားတယ်၊ အဆုံးက ပြန်ပတ်နိုင်သေးရဲ့လား (မပတ်နိုင်ပါ ဘုရား)။
အဲဒီကျအောင် ကျေးဇူးများသောကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အန္တရာယ်ကင်းလို့ ဘေးရှင်းလို့ အသက်တမ်း ရှည်ရှည်နေချင်ကြလို့ရှိရင်ဖြင့် သူ့ရေသောက်မြစ် ဖြစ်ပျက်ရှုလဲ ပြီးပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
လောဘ, ဒေါသ ဖြစ်ပျက်ရှုလိုက်သဖြင့်
ကောင်းပြီ၊ ဒီလောဘ, ဒေါသ ဖြစ်ပျက်ရှုလိုက်သဖြင့် ဒကာကြွယ် မောဟက သဟဇာတအဖြစ်နဲ့ပါပြီး ချုပ် သွားတာပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် လောဘရှုလဲ မောဟပါချုပ်တာပဲ- (မှန်ပါ့ ဘုရား) ဒေါသရှုလဲ (မောဟပါချုပ်ပါတယ် ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် အစကလဲပြတ်တယ် (မှန်ပါ့) ဒကာ ဒကာမတို့ အင်မတန်အဖိုးတန်သွားပြီ (မှန်ပါ့)။
ဒါ အင်မတန် ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေ၊ နာနေကြတဲ့ ပုဂ္ဂိုလ်တွေအတွက်မှာ ဦးမာဒင် သိပ်အဖိုးတန်သွားပြီ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ်အစကလဲ ပြတ်တယ် (မှန်ပါ့) အလည်ကကော (ပြတ်ပါတယ် ဘုရား) အဆုံးက ပတ်မှာကော (ပြတ်ပါတယ် ဘုရား) ပြတ်တယ်ဆိုတော့ ဒကာကြွယ်-ရေ သေပျော်ပါပြီဗျာ (မှန်ပါ့)။
ဒါကြောင့် ဒကာ ဒကာမတို့ ဒါ အတွင်းကျတရားပဲ၊ အတွင်း အင်မတန် ကျတဲ့တရားပဲဆိုတာဖြင့် သေသေချာချာ မှတ်ပါ (မှန်ပါ့)။
အစားမှား, အသွားမှားလို့ချည့် ထင်နေတယ်
နဂိုရ်က ဒါတွေကို ဒကာ ဒကာမတွေက ဒါလောက်လဲ အရေးကြီးမှန်းမသိတော့ ဪ သူ့ကြောင့် အသက်တိုတယ်၊ သူ့ကြောင့် ဝေဒနာများတယ်လို့ မယူဘူး (မှန်ပါ့) အစားမှား, အသွားမှားလို့ချည့် ထင်နေတယ် (မှန်ပါ့)။
မဟုတ်ဘူး တဲ့၊ ဘုရားက အစားမှား၊ အသွားမှားတာက ကိစ္စမရှိဘူးတဲ့ ကွ၊ ဒီ ဣဿာမစ္ဆရိယ ဒကာ ဒကာမတို့ သူက ဝေဒနာများပြီး အတမ်းတိုအောင်လုပ်တာ (မှန်ပါ့ ဘုရား) အဲဒါ ကျုပ်တို့က သူ့ရေသောက် မြစ်လဲ မသိတော့ ချစ်ခြင်း၊ မုန်းခြင်းက လာတယ်ဆိုတာ ယနေ့ သိရပြီ (မှန်ပါ့ ဘုရား)။
ဣဿာ,မစ္ဆရိယ၏ ရေသောက်မြစ် ဘယ်သူပါလိမ့် (ချစ်ခြင်း မုန်းခြင်းပါ ဘုရား) ချစ်ခြင်းလောဘနဲ့ မုန်းခြင်းက (ဒေါသပါ ဘုရား)။
အဲဒါကို ဒကာသစ်တို့က လာတိုင်း, လာတိုင်း ရှုမယ်ဆိုရင် ဣဿာမစ္ဆရိယရှုဖို့ လိုသေးသလား (မလိုပါ ဘုရား) ဟိုဟာက လွန်မှရှုရမှာပေါ့ဗျာ (မှန်ပါ့) မလွန်ခင်က အရင်ရှုလိုက်တာပေါ့ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဪ ဒို့အသက်တမ်းရှည်ဖို့ရာ အင်း တရားထူးကြီးနဲ့ တွေ့နေ တုန်း ဒို့ သည်ကားလို့ဆိုရင် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် မရောက်သေးသမျှ မသေချင်သေးဘူး (မှန်ပါ့) ဆိုလို့ရှိရင်ဖြင့် လောဘလာလဲ ဖြစ်ပျက်ရှုပါ (မှန်ပါ့) ဒေါသလာလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ အဲ မောဟက အတွင်းဝင်သွားပြီ (မှန်ပါ့ ဘုရား) မောဟက လောဘနဲ့လဲ တွဲလျက်ကိုးဗျ (မှန်ပါ့) ဒေါသနဲ့ကော (တွဲလျက်ပါ ဘုရား)။
တွဲလျက်ဆိုတော့ လောဘဖြစ်ပျက်ဆိုတော့ မောဟကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါ ဘုရား) ဒေါသဖြစ်ပျက် ဆိုတော့ကော မောဟက တန်းလန်းကျန်ရစ်သေးရဲ့လား (မကျန်ရစ်ပါ ဘုရား) ကိုင်း ဦးမာဒင်ရေ နေရာကျပါပြီဗျာ (ကျပါပြီ) ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ပုစ္ဆာအဖြေနှစ်ခု ပြီးသွားပြီ (ပြီးသွားပါပြီ ဘုရား) ပြန်မေးပြီ ဒကာသစ်တို့နော် (မှန်ပါ့)။
ရောဂါများပြီး အသက်တိုတာ ဘာကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
ဣဿာမစ္ဆရိယကလဲ အလိုလို လာတာလား၊ ဘယ်သူ့ကြောင့် လာတာပါလိမ့် (ချစ်ခြင်း၊ မုန်းခြင်းကြောင့် လာတာပါ ဘုရား)။
ဒီတရား အိမ်ပြန်ရင် ပါပြီ
နေရာကျပြီ၊ ဒီတရား အိမ်ပြန်ရင် ပါပြီ (မှန်ပါ့) အိမ်ပြန်ရင်ပါပြီ ဒကာကြွယ်ရ (မှန်ပါ့)။
အိမ်ပြန်တော့ ပါတော့ ပါသွားမှာပဲ တဲ့၊ မြင်တဲ့အခါ သတိမထားမိမှာ စိုးရိမ်တယ် (မှန်ပါ့) ဒါကလေးက တော်တော်အရေးကြီးတယ် (မှန်ပါ့)။
ဖြစ်တဲ့အခါကျတော့ ဪ လွန်သွားပြီ၊ ဪ လွန်သွားပြီလို့ အဲဒီလိုပြောတဲ့လူတောင်မှ အတော် ရှားပါတယ် (ရှားပါတယ် ဘုရား)။
တစ်ခါတည်း မနက်က ဖြစ်ထားတာ ည နဖူးပေါ် လက်တင်မယ်၊ ဪ ငါ နေ့လယ်က မှားခဲ့သကိုး (မှန်ပါ့) ဒါလောက်ဆုတော့ ဗွက်ပေါက်နေပြီ မရဘူး (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဖြစ်-ဖြစ်ခြင်း သိအောင်ကိုလဲ သတိပဋ္ဌာန်သမားမှ သိပါတယ် (မှန်ပါ့) သတိပဋ္ဌာန်မပါတဲ့ ပုဂ္ဂိုလ်ကဖြင့် (မသိပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာတို့ လောဘလာလဲ ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒေါသလာလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား) ဒေါသလာလဲ (ဖြစ်ပျက်ရှုရမှာပါ ဘုရား)၊ မောဟ အထူးရှုစရာရှိသေးသလား (မရှိပါ ဘုရား) မရှိတော့ဘူး တဲ့၊ တွဲလျက်ပါသွားပြီ (မှန်ပါ့)။
ဘာဝိပဿနာတုန်း
အဲဒါကြောင့် ဒကာ ဒကာမတို့ ဒီလိုရှုလိုက်တဲ့အတွက် အန္တရာယ်ကင်း အသက်ရှည်လဲ ပါသွားတယ် (မှန်ပါ့) သံသရာစခန်းလဲ သတ်ပါတယ် (သတ်ပါတယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ဒါ ဘာဝိပဿနာတုန်းလို့ မေးတော့မှ စိတ္တာနုပဿနာ သတိပဋ္ဌာန် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဒါ ဘုရားက ဒီအတိုင်းဟောတာ (မှန်ပါ့) သုတ်မဟာဝါပါဠိတော် သက္ကပဥှသုတ်ဆိုတာ ဒကာကြွယ် ဒါပဲ (မှန်ပါ့) ပါဠိတော်ဆိုသဖြင့် ကိုယ်တော်တိုင် ဟောတာ၊ ရဟန္တာတွေ အဟောခိုင်းတာ မဟုတ်ပါဘူး (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒကာသစ် ရှေ့ဆက်ပါဦး၊ ဒီရေသောက်မြစ်တွေ အကုန်ဖြတ်ရမယ် (မှန်ပါ့)။
အရှင်ဘုရား တဲ့၊ တပည့်တော် ဘုရားမပွင့်ခင်က ဒီလိုမေးစရာ ပုဂ္ဂိုလ်တွေမရှိတော့ တပည့်တော် သံသယ ဝိစိကိစ္ဆာကြီးနဲ့ နေခဲ့ရပါတယ်၊ အခု နှစ်ခုမေး-နှစ်ခုဖြေလိုက်လို့ သံသယ ဝိစိကိစ္ဆာ ရှင်းသွားပါပြီဆိုတော့ ကဲ ဒကာကြွယ်တို့ ဦးမာဒင်တို့က စဉ်းစားလိုက်၊ ဝိစိကိစ္ဆသေပြီတဲ့ဗျ (မှန်ပါ့) သဘောကျပလား (ကျပါပြီ ဘုရား) ဒီဟာ တွေ ဖြစ်ပျက်ရှုလိုက်တော့ ဒိဋ္ဌိကကော (သေပါတယ် ဘုရား)။
ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္စာသေတော့ သောတာပန်မှ တည်ပါ့မလားလို့ မေးဖို့ရာ လိုသေးသလား (မလိုပါ ဘုရား) မေးလို့ အဖြေကို သဘောကျရင် ဝိစိကိစ္ဆာသေပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီ့ဖြေတဲ့တရား ပေါ်လာတဲ့အချိန် ဖြစ်ပျက်ရှုရင် ဒိဋ္ဌိသေပါတယ် (မှန်ပါ့)။
သေသေချာချာ မှတ်ပါ ဒီဥစ္စာ ဒကာသစ် အရေးကြီးလာပြီ (မှန်ပါ့ ဘုရား)။
ဝိစိကိစ္ဆာသေပါတယ်
မေးလို့ အဖြေကို ဒကာ ဒကာမတွေက သေဘာကျရင် ဘာသေသတုန်း (ဝိစိကိစ္ဆာသေပါတယ်) ဝိစိကိစ္ဆာ သေတယ် (မှန်ပါ့)။
မေးတော့ကို ဘုရားက ဖြေလိုက်တယ် ဟုတ်လား၊ သိကြားကမေးလို့ ဘုရားက ဖြေတယ် အသာထား၊ ကိုယ့် ဉာဏ်ထဲမှာ ဪ ဒီဥစ္စာသည် ဆရာဘုန်းကြီးက ရောဂါဥပါဒ်အန္တရာယ်များတာ ဘယ်သူ့ကြောင့်တုန်းလို့ မေး လိုက်တော့ ခင်ဗျားတို့က ဘယ့်နှယ်ဖြေကြသတုန်း (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား) ဣဿာမစ္ဆရိယဆိုတာ သေချာပြီ မဟုတ်လား (သေချာပါပြီ ဘုရား)။
အဲ ကိုယ့်စိတ်ထဲမှာလဲ သံသယရှင်းတယ်မဟုတ်လား (ရှင်းပါတယ် ဘုရား) ဪ ငါ-ရောဂါများနေတာ ငါ့အသက်တိုရမည့် အရေးဟာဖြင့် ဣဿာမစ္ဆရိယပဲလို့ အခု ဘုရားဖြေလိုက်တော့ ရှင်းမသွားဘူးလား (ရှင်းသွားပါ တယ် ဘုရား) ရှင်းသွားရင် ခင်ဗျားတို့သန္တာန် ဝိစိကိစ္ဆာပြုတ်တယ် (မှန်ပါ့)။
ဒါဖြင့် ဦးမာဒင်တို့က ဣဿာလာလဲ ဘာလုပ်ပြန်သတုန်း (ဖြစ်ပျက်ရှုရပါမယ် ဘုရား) မစ္ဆရိယလာရင် (ဖြစ် ပျက်ရှုရပါမယ် ဘုရား) ဖြစ်ပျက်မြင်လိုက်တော့ကို ခိုင်တယ်၊ မြဲတယ်ဆိုတဲ့ ဒိဋ္ဌိရှိသေးရဲ့လား (မရှိပါ ဘုရား)။
ဒါဖြင့် ရှုပြန်တော့ ဒိဋ္ဌိပြုတ်တယ် (မှန်ပါ့) အဖြေသဘောကျပြန်တော့ ဝိစိကိစ္ဆာသေတယ် (မှန်ပါ့) ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာသေရင် သောတာပန် (မှန်ပါ့) အတော်အဖိုးတန်သွားပြီ (တန်ပါတယ် ဘုရား)။
ဒကာ ဒကာမတို့ အတော်အဖိုးတန်သွားပြီ (မှန်ပါ့) အင်မတန် အဖိုးတန်သွားပြီဆိုတာဖြင့် ဦးမာဒင်ရေ သေပျော်ပြီ (မှန်ပါ့ဘုရားဝ။
ပြန်မေးဦးမယ် ဒကာ ဒကာမတို့ ခင်ဗျားတို့အရေး ဟောနေတာ (မှန်ပ့ါ ဘုရား)။
ဒကာ ဒကာမတို့ ခင်ဗျားတို့ရောဂါ ဥပါဒ်အန္တရာယ်တွေ ထူပြီး အသက်တိုတာ ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင်ပါ ဘုရား) ဒီ့အပြင် အကြောင်းရှိသေးသလား (မရှိပါ ဘုရား)။
ဪ ဒါဖြင့် ခင်ဗျားတို့ ဣဿာမစ္ဆရိယကြောင့် ရောဂါများ အသက်တိုတယ်ဆိုတာ ကျေကျေနပ်နပ် သဘောကျရင် ဝိစိကိစ္ဆာသေပြီ (မှန်ပါ့ ဘုရား)။
ကိုယ့်ဉာဏ်ထဲရှင်းတော့ ဝိစိကိစ္ဆာသေတယ်
ဒါဖြင့် အဲဒီ ဣဿာလာရင် ဘာလုပ်ကြမယ် (ဖြစ်ပျက်ရှုရပါမယ်) ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ်) ဖြစ် ပျက်မြင်တော့ ဒိဋ္ဌိသေတယ် (မှန်ပါ့) ကိုယ့်ဉာဏ်ထဲရှင်းတော့ ဝိစိကိစ္ဆာသေတယ် (မှန်ပ့ါ)။
ဖြစ်ပျက်မြင်တော့ (ဒိဋ္ဌိသေပါတယ်) ကိုယ့်ဉာဏ်ထဲ ရှင်းတော့ (ဝိစိကိစ္ဆာသေပါတယ်) ကဲ ဒိဋ္ဌိဝိစိကိစ္ဆာ ပြုတ်တော့ ဘာခေါ်ကြမလဲ (သေတာပန်ပါ ဘုရား)။
ဪ ဒါကြောင့်သိကြား သောတာပန်ဖြေရင်း မေးရင်း တည့်တယ်ဆိုတဲ့ဥစ္စာ ဒီဉာဏ်ပါကလား (မှန်ပါ့) ဒီ ဆုံးဖြတ်ချက်နဲ့ ဒီအရှုဉာဏ်ပါကလားဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။
ဒါကြောင့် ဒီ-ဒကာ ဒကာမတွေ၌တဲ့ ဒီ-ကိစ္စတွေကလဲ တွေ့စရာတွေကလဲ သိပ်များပြီးနေတော့ ဒကာသစ် မမေ့နဲ့ (မှန်ပါ့ ဘုရား)။
ရောဂါ ဥပါဒ်အန္တရာယ်တွေ အသက်တမ်းတိုတာ ဘယ်သူ့ကြောင့်ပါလိမ့် (ဣဿာမစ္ဆရိယကြောင့်ပါ ဘုရား)။
ဒီလိုသိတာကို သိလိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဘာသေသတုန်း (ဝိစိကိစ္ဆာသေပါတယ် ဘုရား)။
ကိုင်း ဒါဖြင့် ဣဿာလာသေးရဲ့လား (မလာပါ) လာတယ်ထားလိုက်ပါဦး (မှန်ပါ့) ဘာလုပ်ကြမလဲ (ဖြစ်ပျက်ရှုရပါမယ်) ကဲ ရှုလိုက်တော့ ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ် ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သူ-ဖြစ်ကြောင်း သိသဖြင့်လဲ ဝိစိကိစ္ဆာသေတယ် (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) သူ့ကို ဖြစ်ပျက်မြင်တော့ (ဒိဋ္ဌိသေပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ ဘုရား)။
သိကြားသောတာပန် တည်တယ်
ဒါဖြင့် ဒီတရားသည် ဒကာ ဒကာမတို့ သိကြားသောတာပန် တည်တယ်ဆိုတာဖြင့် ဒကာကြွယ် တည်သင့်တယ် (တည်သင့်ပါတယ် ဘုရား) သဘောကျပလား (ကျပါပြီ)။
ကိုင်း ဒကာ ဒကာမတွေပဲ မေးပါတယ်၊ ဒကာ ဒကာမတို့ သောတာပန်တည်အောင်လို့ လုပ်ပေးနေတယ် လို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ဣဿာမစ္ဆရိယဟာ ဘယ်ကလာပါလိမ့် (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ် ဘုရား)။
ဪ ချစ်တဲ့လူဆိုလို့ရှိရင်လဲ ဒကာ ဒကာမတွေ ချစ်တဲ့လူနဲ့ပတ်သက်လာရင် ဟိုပုဂ္ဂိုလ် ဣဿာဖြစ်တာပဲ (မှန်ပါ့ ဘုရား)။
ဒီကောင်ဟာ ဒီနားချည့် ရစ်သီရစ်သီလုပ်နေတယ်၊ ငါ့သား ငါ့သမီး ပျက်ကုန်တော့မယ် (မှန်ပါ့) ဟော ချစ်တဲ့လူနဲ့ ပတ်သက်ပြီး ဟိုလူ့အပေါ် ဣဿာမဖြစ်ဘူးလား (ဖြစ်ပါတယ်) သေသွားရင်ကောင်းတယ် ဒီကောင် ၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။
မစ္ဆရိယဆိုတဲ့ ဒီ မုန်းတဲ့လူအတွက်ဆိုတော့ မုန်းတဲ့လူလာလို့ရှိရင် ခိုးမလား၊ တိုက်မလား၊ ချောက်လှန့်ပြီး ယူမလားဆိုပြီး ဝှက်တာပဲ တစ်ခါတည်း (မှန်ပါ့ ဘုရား)။
ဒါဖြင့် ချစ်ခြင်း၊ မုန်းခြင်းကြောင့် ဘာလာသတုန်း (ဣဿာမစ္ဆရိယ လာပါတယ် ဘုရား)။
ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ် ဘုရား)။
ဒါဖြင့် ချစ်ခြြင်း၊ မုန်းခြင်းက လာတယ်လို့ အမှန်သိပလား (သိပါတယ် ဘုရား) ဘာသေသတုန်း (ဝိစိကိစ္ဆာ သေပါတယ် ဘုရား)။
ဟာ ဒကာသစ် ဟန်ကျပြီ (မှန်ပါ့) ဒကာ ဦးမာဒင် ဟန်ကျပြီ (မှန်ပါ့)။
ဣဿာမစ္ဆရိယ ဘယ်ကလာသတုန်း (ချစ်ခြင်း၊ မုန်းခြင်းက လာပါတယ်) ဒါ- ဘာသေတာပါလိမ့် (ဝိစိကိစ္ဆာ သေတာပါ ဘုရား)။
ဒါဖြင့် ချစ်ခြင်းလောဘကို ကျုပ်တို့က လောဘလာလဲ ဖြစ်ပျက်ရှုရမယ် (မှန်ပါ့) ဒေါသလာလဲ (ဖြစ်ပျက်ရှု ရပါမယ်) ဘာသေသတုန်း (ဒိဋ္ဌိသေပါတယ် ဘုရား)။
အကြောင်းသိတော့ ဝိစိကိစ္ဆာသေတယ်
ဪး ဒါဖြင့် အကြောင်းသိတော့ ဝိစိကိစ္ဆာသေတယ် (မှန်ပါ့) ဖြစ်ပျက်မြင်တော့ ဒိဋ္ဌိသေတယ် (မှန်ပါ့) ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာသေတာသည် သောတာပန် (မှန်ပါ့) တယ်လဲ အဖိုးတန်ပါကလား (မှန်ပါ့)။
ဒကာ ဒကာမတို့ အခုတရားနာတာ တစ်နာရီပဲ ရှိပါသေးတယ်၊ အလွန်ကျေးဇူးများနေပြီဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
အေး-ဒါ့ကြောင့် ဒီတရားတွေဟာက ဒကာကြွယ် ဘုန်းကြီးမေးပါရစေနော် (မှန်ပ့ါ) ရှာပြီးရှုရမှာလား၊ သူတို့ အကြောင်းတိုက်ဆိုင်ရင် ပေါ်လာမြဲတရားတွေလား (အကြောင်းတိုက်ဆိုင်ရင် ပေါ်လာမြဲပါ ဘုရား) ရှာမရှုရဘူး (မှန်ပါ့)။
တပည့်တော်တု့ိ တရားှရာမတွေ့သေးပါဘူးလို့ ဒီတရားကို ဦးမာဒင် မလျှောက်နဲ့ (မှန်ပါ့)။
ဒီတရားသာ တော်တော်အရှာရ ခက်တယ်ဘုရာ့လို မဆိုနဲ့ ဣဿာလာလို့ရှိရင် ဣဿာလာမှန်း ကိုယ်ဟာ သိတာပဲ (မှန်ပ့ါ) ရှာရဦးမှာလား (မရှာရပါ ဘုရား)။
အင်း ဒါဖြင့် မရှာနဲ့တော့ ဣဿာလာရင် ဘာလုပ်မယ် (ဖြစ်ပျက်ရှုရပါမယ် ဘုရား)။
မစ္ဆရိယဆိုတာကလေးလဲ ပေါ်လာပြန်တယ် ဆိုလို့ရှိရင် မင်းတို့ သိပ်မသုံးကြနဲ့ကွာ ကာလဒေသက သိပ်မဟုတ် ဘူး (မှန်ပါ့)။ ဆုံးမတာလား ၊ မစ္ဆရိယလား (မစ္ဆရိယပါ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
ဒကာကြွယ် လူကြီးနဲ့လူငယ် မစ္ဆရိယ ဘယ်ဟာကသာ ဖြစ်လွယ်သတုန်း (လူကြီးက ဖြစ်လွယ်ပါတယ် ဘုရား)။
သို့သော် ခင်ဗျားတို့က ဖုံးဖိပြီး ရှေ့ရေးကြည့်ပြောတာပါ သူတို့အတွက်ပါ (မှန်ပါ့)။
ဪ ကိုယ့်အတွက်က အပါယ်ကိုးဗျ (မှန်ပါ့) ရိပ်မပိလား (ရိပ်မိပါပြီ ဘုရား) အတော်ဆိုးနေတာဗျ (မှန်ပါ့ ဘုရား)။
သူတို့ကတော့ စားရစ်၊ သောက်ရစ်ပါစေလို့ သူတို့အတွက်ကတော့ သေချာတယ်၊ ကိုယ့်အတွက်က အပါယ်ရ နေတယ်၊ မစ္ဆရိယကြောင့် (မှန်ပါ့ ဘုရား) ဒကာကြွယ် မနာဘူးလား (နာပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ကလဲ ရှေ့မှီတွေ၊ နောက်မှီတွေ ဖြစ်နေတော့ ခက်ပါသေးတယ် (မှန်ပါ့) မခက်ဘူးလား (ခက်ပါတယ် ဘုရား)။
ဒါက လူကြီးမှာ အားကြီးသုံးတယ် (မှန်ပါ့) ဒကာကြွယ် သုံးများ သုံးမိသေးသလား (သုံးမိပါတယ်) အံမာ ကုသိုလ်များဖြစ်ကုန်ပါ့မယ်။
မစ္ဆရိယသဘောတွေ သိပ်ပါတယ်နော်
မစ္ဆရိယသဘောတွေ သိပ်ပါတယ်နော် (မှန်ပါ့) ငါက ဒီ့အပြင်ဟာပြောတာ မဟုတ်ပါဘူး၊ ဒို့ကတော့ သေ တော့မှာတဲ့၊ အတော်ယုံကြည်အောင်ပဲ ပြောတယ် (မှန်ပ့ါ) နင်တို့အတွက် တွေပါဆိုတာ ဒကာသစ် ဘယ်ကထွက်လာ တာတုန်း (မစ္ဆရိယက ထွက်လာတာပါ) မစ္ဆရိယက ထွက်လာတယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
အဲဒီအိမ်မှာ ဒကာ ဒကာမတို့ လူငယ်မှာ ထွက်သလား လူကြီးမှာထွက်သလား (လူကြီးမှာထွက်ပါတယ်) ဟာ-သေခါနီး ရိက္ခာယူတာပါကလား (မှန်ပါ့) သိပ်ကြောက်စရာ ကောင်းပါကလား။
ဒကာကြွယ် အတော်ဆိုးနေပြီ (ဆိုးပါတယ်) နောက် မလုပ်နဲ့နော် (မှန်ပါ့) ဥပေက္ခာထားပါဗျာ (မှန်ပါ့ ဘုရား)။ ဥပေက္ခာထားလိုက်ပါ၊ ဥပေက္ခာလိုက်ပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ပုစ္ဆာနှစ်ခု အဖြေသိလို့ သံသယရှင်းရင် ဝိစိကိစ္ဆာသေပါတယ် (မှန်ပါ့) ၎င်းင်းတရား ပေါ်လာတိုင်း ဖြစ်ပျက်ရှုရင် (ဒိဋ္ဌိသေပါတယ် ဘုရား)။
ဒါဖြင့် ဒိဋ္ဌိဝိစိကိစ္ဆာ သေတဲ့တရားဖြစ်သောကြောင့် သောတာပန်တည်တဲ့တရားလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) သိကြားဒါနဲ့ တည်တာပါပဲ (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဒကာသစ် ဆက်ပါဦးတဲ့ အရှင်ဘုရားတဲ့ သိကြားက ဒီချစ်ခြြင်း၊ မုန်းခြင်းကလဲ ဘယ်ကလာ သတုန်းတဲ့ (မှန်ပါ့) ဆက်မေးတယ် (မှန်ပါ့ ဘုရား)။
ချစ်ခြင်း၊ မုန်းခြင်းက ဘယ်ကလာသတုန်း
ချစ်ခြင်း၊ မုန်းခြင်းက ဘယ်ကလာသတုန်း၊ ကဲ တရားတစ်ပွဲလုံး ဒကာ ဒကာမတို့ မေးသင့်-မမေးသင့် (မေးသင့်ပါတယ် ဘုရား) အကြောင်းမရှိဘဲနဲ့ အကျိုးမပေါ်နိုင်ဘဲကိုးဗျ (မှန်ပ့ါ) သဘောကျပလား (ကျပါပြီ ဘုရား)။
အကြောင်းမရှိဘဲနဲ့ဖြင့် (အကျိုးမပေါ်နိုင်ပါ) အဲ-ချစ်ခြင်း၊ မုန်းခြင်းကတော့ ဆန္ဒကလာတာကွတဲ့ (မှန်ပါ့) ဆန္ဒက လာတာ (မှန်ပါ့ ဘုရား)။
ဘယ်ကလာတာတုန်း (ဆန္ဒကလာပါတယ်) သေသေချာချာ မှတ်ပါ ခင်ဗျားတို့ပါးစပ်က ထွက်တယ် (မှန်ပါ့) ငါ အခု ပြောဆိုနေတဲ့ ဘယ်သူနဲ့မပေါင်းနဲ့၊ ဘယ်သူ့များများမပေးနဲပ ဆိုတဲ့ဥစ္စာ နင်တို့ကောင်းစေလိုတဲ့ ဆန္ဒနဲ့ပြောတာ (မှန်ပါ့) အံမာ ဒီကလာတာကိုးဗျ (မှန်ပါ့) အံမာလေး သေချာလိုက်တာ ဘုရားဟောတာ (မှန်ပါ့ ဘုရား)။
ဒကာကြွယ် ဒီလိုပြောမိသေးရဲ့လား (ပြောမိပါတယ်) ပြောပြော-ပြောပြော၊ ရိက္ခာယူ (မှန်ပါ့) အတော်ဆိုး နေတာ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတို့ ဒီဥစ္စာ လူကြီးတွေပါးစပ်ကိုက ဒကာသစ် ထွက်လာတာ (မှန်ပ့ါ) ဟေ့ ငါ့တော့ မမုန်း နဲ့ဟေ့၊ ငါကတော့ဖြင့် မင်းဒီလူနဲ့မပေါင်းနဲ့၊ ဒီလူဖြင့် သိပ်မပေးနဲ့ပြောတာ ကောင်းလိုတဲ့ ဆန္ဒနဲ့ပါ (မှန်ပါ့) အံမာ သူက လေချိုသွေးပြီး အပါယ်သွားတာဗျ (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
လေချိုသွေးပြီးတော့ (အပါယ်သွားပါတယ် ဘုရား) ဒါက များသောအားဖြင့် ဒကာကြွယ် လူကြီးနဲ့လူငယ် ဘယ်ဟာအသုံးများသတုန်း (လူကြီးကများပါတယ် ဘုရား)။
ခက်ပကော- ဒါဖြင့် ဒီတရားဟာ လူကြီးတွေချည့် နှိပ်နေတဲ့ တရားဖြစ်နေတယ် (မှန်ပါ့ ဘုရား)။
ဆန္ဒကြောင့် ချစ်ခြင်း-မုန်းခြင်းဖြစ်တယ်
မဟုတ်ဘူး ဒီဥစ္စာ လူကြီးက တော်တော်ကြာ သူတို့က ရှေ့မှီနောက်မှီမို့ဆိုပြီး သကာလ ဒါ ချစ်ခြင်း၊ မုန်းခြင်း ရှိလာပြီဆိုမှဖြင့် ခုနင်က ဆန္ဒဆိုတာကလေးက နောက်ကလိုက်တယ် (မှန်ပါ့) အဲဒီဆန္ဒကြောင့် ချစ်ခြင်း-မုန်းခြင်းဖြစ် တယ် (မှန်ပါ့) ချစ်ခြင်း-မုန်းခြင်းကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဣဿမစ္ဆရိယဖြစ်ရတယ် (မှန်ပါ့) ဣဿာမစ္ဆရိယကြောင့် ရောဂါထူပြီး အသက်တမ်းတိုရတယ် (မှန်ပါ့ ဘုရား)။
ကောင်းသေးရဲကလား (မကောင်းပါ ဘုရား)။
ဒါဖြင့် ဦးမာဒင်ရေ-ဒကာကြွယ်တို့၊ ဒကာသစ်တို့ ပြင်ရမယ် (ပြင်ရပါမယ် ဘုရား)။
ဘယ့်နှယ်ကြောင့် အပြင်ခိုင်းပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတို့ အကုန်ပဋိစ္စသမုပ္ပါဒ်က ဒါတွေကို ဝိပဿနာဉာဏ်နဲ့ မဖြတ်၊ သံသယမရှင်းလို့ ရှိရင်ဖြင့် သူဆက်တော့မယ် (မှန်ပ့ါ ဘုရား)။
သံသယမရှိးတော့ကို မသိတာပဲ မဟုတ်လား (မှန်ပါ့) မသိတာ ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ) အဲ အဝိဇ္ဇာ ရှိနေရင် အဝိဇ္ဇာပစ္စယာ သင်္ခါရာက လာမယ် (လာပါမယ်) သင်္ခါရပစ္စယာ ဝိညာဏံက (လာပါမယ်) မလာပေဘူး လား (လာပါမယ် ဘုရား)။
အဲဒီတော့ သံသယရှိနေရင် အဝိဇ္ဇာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) မရှုမိရင် ဒိဋ္ဌိ (မှန်ပါ့ ဘုရား)။
သံသယရှိနေရင် (အဝိဇ္ဇာပါ) မရှုမိရင် (ဒိဋ္ဌိပါ ဘုရား) ဒါဖြင့် သံသယရှင်းတဲ့အတွက် ဝိစိကိစ္ဆာသေတယ် (မှန်ပါ့)။
ရှုမိပြန်တော့ ဒိဋ္ဌိသေတယ် (မှန်ပါ့) ဒီကျတော့လဲ သောတာပန် တည်ပြန်တယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် သောတာပန်ဟာ ဒကာ ဒကာမတို့ အနီးလား-အဝေးလား (အနီးပါ ဘုရား)။
ဘယ့်နှယ်ကြောင့် ခင်ဗျားတို့ ကျုပ်တို့ ဝေးနေပါလိမ့်မတုန်းဆိုတော့ ပေါ်လာတာမရှုမိလို့ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ပေါ်လာတာမရှုမိလို့
ဘယ့်နှယ်ကြောင့်ပါလိမ့် (ပေါ်လာတာ မရှုမိလို့ပါ ဘုရား) ပေါ်လာတာ မရှုမိဘူးဆိုတော့ ဘယ်သူ့သန္တာန် ပေါ်တာပါလိမ့် (ကိုယ့်သန္တာန်ပေါ်တာပါ) ရော ကိုယ့်အနာပေါက်တာတောင် ကိုယ်မသိဘူး (မှန်ပါ့) ဟာရူးလို့ပဲ ဒါဖြင့် (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ် ဘုရား)။
ကိုယ့် သန္တာန်ပေါ်တဲ့တရားမှ ကိုယ်မသိဘူး ဆိုရင်ဖြင့် ဒီအနာ ဒေါသနာ, လောဘနာ, ဣဿာနာ, မစ္ဆရိယနာ တွေ ပေါက်တာတောင် မသိဘူးဆိုရင်ဖြင့် ရူးလို့, အ-လို့, ကန်းလို့ပဲ (မှန်ပါ့) ဆိုထိုက်-မဆိုထိုက် (ဆိုထိုက်ပါတယ်) သဘောပါပလား (ပါ-ပါပြီ ဘုရား)။
ဒါဖြင့် ဒီတရားပွဲလာတဲ့ ဒကာ ဒကာမတွေ အားလုံးပဲ ကိုယ့်အရေးကိုယ်သိပြီး သကာလ အခုပြောတာတွေက ရှုဖြစ်အောင်ရှုပါ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ချစ်ခြင်း-မုန်းခြင်း ဒကာသစ်ဘယ်ကလာသတုန်း (ဆန္ဒက လာပါတယ်) ဦးမာဒင် ဘယ်ကလာ သတုန်း (ဆန္ဒကလာပါတယ်) ဒကာကြွယ် (ဆန္ဒက လာပါတယ် ဘုရား)။
ခင်ဗျားတို့သုံးနေတာ ပါပါရဲ့လား (ပါပါတယ်) ဒို့တော့ အသက်အရွယ်လဲကြီးပါပြီကွ၊ မင်းဘယ်သူနဲ့ပေါင်း၊ ဘယ်သူ့ကို မင်းများများမပေးနဲ့ (မှန်ပါ့) ဘယ်သူနဲ့ပေါင်းဟေ့ ဆိုတဲ့ဥစ္စာ ငါတို့တော့ နေချိန်နဲ့သေချိန်ဟာ သေချိန်က နီးပါတယ် (မှန်ပါ့) သို့သော် မင်းတို့ကောင်းလိုတဲ့ ဆန္ဒကြောင့် (မှန်ပါ့ ဘုရား)။
ဘုရားတယ်မြင်ပါလား (မှန်ပါ့) အင်း ဘယ်ကလာတာတုန်း (ဆန္ဒကလာတာပါ ဘုရား)။
ဒါဖြင့် ချစ်ခြင်း, မုန်းခြင်း၏ ရေသောက်မြစ်ဘာပါလိမ့် (ဆန္ဒပါ ဘုရား)။
ဒီဆန္ဒဘာလုပ်ရမလဲ
ဒါဖြင့် ဒီဆန္ဒလာတာကို ဒီဆန္ဒဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှု၊ ဪ ငါက သူတို့ကောင်း စေချင်တဲ့ဆန္ဒနဲ့ ပြောပင်ပြောငြားသော်လဲ နေရာမကျပါဘူး၊ ကိုယ်ဟာကိုယ် ဖြစ်ပျက်ရှုတာ အေးပါတယ်ဆိုပြီး ဒီဆန္ဒပြန်ရှု (မှန်ပါ့) နို့မဟုတ် ချစ်ခြင်း, မုန်းခြင်းလိုက်မယ် (မှန်ပါ့ ဘုရား)။
ချစ်ခြင်း, မုန်းခြင်း လိုက်လာလို့ရှိရင် ဣဿာမစ္ဆရိယကော-(လိုက်မှာပါ ဘုရား) ဣဿာမစ္ဆရိယလိုက်လို့ရှိရင် ရောဂါများအသက်တိုမယ် (မှန်ပါ့) ပြီးတော့ အပါယ်သွားမယ် (မှန်ပါ့) ကောင်းသေးရဲ့လား (မကောင်းပါ ဘုရား)။
ဒကာကြွယ်ရေ-နေရာကျပလား (ကျပါပြီ) ဒါ-သိကြားသောတာပန်မတည်သေးဘူး ဒကာသစ်ရေ (မှန်ပါ့)။
မတည်သေးဘူး တဲ့၊ ရှုလိုက်တုန်းပဲ ရှိသေးတယ် (မှန်ပါ့) ဝိစိကိစ္ဆာသတ်တုန်း ဒိဋ္ဌိပြတ်အောင် ရှုတုန်းပဲ ရှိသေးတယ် (မှန်ပါ့ ဘုရား) သူဘယ်ကျမှ တည်မတုန်းဆိုတော့ ဝေဒနာရောက်အောင် သူမေးလိမ့်မယ် (မှန်ပါ့) အဲဒီ ဝေဒနာကျမှ သူတည်လိမ့်မယ် (မှန်ပါ့)။
ကဲဒါဖြင့် ဒကာ ဒကာမတို့ ဒီချစ်ခြင်း, မုန်းခြင်း ဘယ်ကလာသတုန်း (ဆန္ဒကလာပါတယ် ဘုရား)။
အဲ ခင်ဗျားတို့အိမ်မှာ ကလေးတွေကို ဆုံးမတဲ့အချိန်ကျလို့ရှိရင်ဖြင့် ဒီဆန္ဒဟာ ခင်ဗျားတို့ကိုလဲ ကျေးဇူးတင် ရဦးမယ်လို့ ထင်ရတယ် (မှန်ပါ့) ပြောဖော်ရတယ်လို့ ကလေးတွေက ကျေးဇူးတင်ချင်လဲ တင်မယ်ပေါ့ဗျာ (မှန်ပါ့)။
ကိုယ်ကလဲ ဒီဆန္ဒကိုဖြင့် ဒကာ ဒကာမတွေ အလွန်ပဲသုံးလေ့ရှိပါတယ် (မှန်ပါ့) ကျုပ် ရိုးရိုးပြောမနော် ဒီသားဒီသမီးဆိုတဲ့ဥစ္စာ မခင်ဘူးဆိုရင် လူမဟုတ်လို့ပေါ့ဗျာ (မှန်ပါ့ ဘုရား)။
အဲဒီတော့ ကျုပ် အခု သူတို့ကို နာနာပြောတာ တခြားမဟုတ်ဘူးဗျ၊ ကောင်းလိုတဲ့ဆန္ဒ (မှန်ပါ့)။
အံမာလေး ချည်းများလာလိုက်သေးတယ် ဒီဆန္ဒကလေ ဖြစ်ပါမည့်အကြောင်း (မှန်ပါ့) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
မခင်ရင်လဲ မပြောပါဘူးဗျ
ဒကာကြွယ် ဒီဆန္ဒကလေးတစ်ခု ထွက်ချင်တာကိုပဲ သူများသားသမီးဆိုရင် ကျုပ်ဒီလိုမပြောပါဘူး၊ ဆွေမျိုး နည်းနည်း မစပ်ရင်လဲ မပြောပါဘူး၊ မခင်ရင်လဲ မပြောပါဘူးဗျ (မှန်ပါ့) ရှေ့က အကုသိုလ်တွေ တစ်ပုံကြီးပြလိုက်သေးတယ် (မှန်ပါ့ ဘုရား) ပြီးတော့မှ နောက်အကုသိုလ်ပြမှာကိုး (မှန်ပါ့ ဘုရား)။
အမာလေး ကြောက်စရာကြီးပါလား (မှန်ပါ့) ဒကာကြွယ် သိပ်ဆိုးနေပြီနော် (ဆိုးပါတယ် ဘုရား)။
ကိုင်း ဆိုးတာကိုလဲ ဖြစ်ပျက်မှတစ်ပါး ဒကာသစ် နိုင်မည့်တရား ရှိသေးရဲ့လား (မရှိပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတို့ သံသရာစခန်းကို ကုသိုလ် အကုသိုလ် ဖြတ်နိုင်တာကဖြင့် ဝိပဿာနာမဂ်နဲ့ လောကုတ္တရာမဂ်ပဲ ရှိတယ် (မှန်ပါ့)။
နို့မဟုတ်လို့ရှိရင်ဖြင့် ကျွတ်ရေး-လွတ်ရေး ဘယ်တော့မှ မမြင်ဘူးလို့ ဆုံးဖြတ်ချက်ချ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒါဖြင့် ချစ်ခြင်း, မုန်းခြင်း ဘယ်ကလာသတုန်း (ဆန္ဒက လာပါတယ် ဘုရား) သဘောကျပြီ (ကျပါပြီ ဘုရား)။
ဝိစိကိစ္ဆာသေပါပြီလို့ လျှောက်တယ်
ကဲ ပုစ္ဆာကလေးတစ်ခု ထည့်ပါဦး ဒကာ ဒကာမတို့၊ အရှင်ဘုရား တဲ့၊ တပည့်တော် သိကြားဖြစ် လာတာလဲ ကြာပါပြီ၊ ဒီပုစ္ဆာတွေမေးတာလဲ ဘယ်သူမှ မဖြေနိုင်ကြပါဘူး၊ အခုတော့ဖြင့် အရှင်ဘုရား ဖြေလိုက်တဲ့အတွက် တပည့်တော် ဝိစိကိစ္ဆာသေပါပြီလို့ သူ့ကိုယ်က လျှောက်တယ် (မှန်ပါ့)။
ကဲ ဝိစိကိစ္ဆာသေတော့ကော သဘောကျပလား (ကျပါပြီ ဘုရား) ကဲ ဒီတရားကို ဖြစ်ပျက်ရှုလိုက်တော့ ဘာသေသတုန်း (ဝိစိကိစ္ဆ သေပါတယ် ဘုရား) ဒါဖြင့် ဒိဋ္ဌိ ဝိစိကိစ္ဆာသေရင် ဘာဆိုကြမယ် (သောတာပန်ပါ ဘုရား)။
ဒါ့ကြောင့် ဝိစိကိစ္ဆာ သေမှုကတော့ ဉာဏ်ထဲ မသိတာ ရှင်းရင် ဝိစိကိစ္ဆာသေတယ် (မှန်ပါ့)။
ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။
သာဓု သာဓု သာဓု။