11913

မာတိကာသို့

ရထဝိနီတသုတ်တော် (၁)

(ဝိသုဒ္ဓိ ၇ ပါး ရည်ရွယ်၍ ဘုရားသာသနာဝယ်ကျင့်သည်မဟုတ်၊ နိဗ္ဗာန်သာ ရည်ရွယ်ပုံ)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ဓမ္မာရုံ၌ ဟောကြားတော်မူသော

ရထဝိနီတသုတ်တော် (၁)

(ဝိသုဒ္ဓိ ၇ ပါး ရည်ရွယ်၍ ဘုရားသာသနာဝယ်ကျင့်သည်မဟုတ်၊ နိဗ္ဗာန်သာ ရည်ရွယ်ပုံ)နေ့အလုပ်ပေး တရားတော်

(၁၉-၉-၆၁)

စိတ်ထားကို ပြောင်းပါမှ ဝိဝဋ္ဋဖြစ်မယ်

ဒကာ ဒကာမတွေ၏ စိတ်ထားကလေးကိုလည်း ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောင်းဖို့ရာအကြောင်း ဟောကြားတယ်နော် (မှန်ပါ)။

တရားနာတဲ့ ဒကာ ဒကာမတွေ၏ စိတ်ထားကိုလည်း ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပြောင်းဖို့ရာ အကြောင်းကို ဆုံးမသွန်သင်တယ်ဆိုတာလည်း မှတ်ထားရမယ် (မှန်ပါ့)။

မိမိတို့ တရားနာကြတာသည် ဒကာ ဒကာမတို့ ဟိုဘဝ ဒီဘဝ လိုချင်လို့ တရားမနာကြနဲ့ (မှန်ပါ့)၊ ဟိုဘဝ, ဒီဘဝ လိုချင်လို့ တရားမနာရဘူးဆိုတာ သေသေချာချာမှတ်ရမယ် (မှန်ပါ့)။

ဇာတိ-ဇရာ-မရဏဆိုတဲ့ အိုဘေး, နာဘေး, သေဘေးတွေ လွတ်ရာ, ကျွတ်ရာ, ငြိမ်းရာ, သိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာ လိုချင်၍ ငါတို့ တရားနာ-တရားအားထုတ်တယ်ဆိုတဲ့ စိတ်ထားကို ပြောင်းပါမှ ဝိဝဋ္ဋဖြစ်မယ် (မှန်ပါ့)။

တရားနာတဲ့ ဒကာ ဒကာမတွေ၏စိတ်ထားကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ပြောလိုက်တယ်နော် (မှန်ပါ့)၊ အိုဘေး, နာဘေး, သေဘေးတွေ လွတ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ အရပ်ကြီးသို့သာ ရောက်ခြင်း, ရခြင်းကို အလိုရှိ၍ တရားနာပါတယ် တရားအားထုတ်ပါတယ်ဆိုတဲ့ဥစ္စာ ဒကာကြွယ်တို့ စိတ်ပြောင်းရမယ် တဲ့ (မှန်ပါ့)။

နို့မဟုတ်လို့ရှိရင် တရားနာတဲ့ပုဂ္ဂိုလ်သည် ဝဋ္ဋကုသိုလ်သွားပြီးဖြစ်မယ် (မှန်ပါ့)၊ ဝဋ္ဋကုသိုလ်သွားဖြစ်မယ်ဆိုလို့ ရှိရင်ဖြင့် ဝဋ္ဋကုသိုလ်ဆိုတဲ့ဥစ္စာက အင်မတန် ဆိုးဝါးတဲ့ကုသိုလ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဝဋ္ဋကုသိုလ်ဆိုတာ

ဝဋ္ဋကုသိုလ်ဆိုတာ ဒကာ ဒကာမတို့ အင်မတန်ဆိုးဝါးတဲ့ကုသိုလ် (မှန်ပါ့)၊ ဘုန်းကြီး နည်းနည်းကလေး ပြ ပေးမယ် ဝဋ္ဋကုသိုလ်အကြောင်းကို အခု သုံးခုချထားတယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)။

ဝဋ္ဋကုသိုလ်ဆိုတဲ့ဥစ္စာက ဘယ်လိုဟာလဲလို့ မေးလို့ရှိရင် ဒါ ပဋိသန္ဓေနေတဲ့ ဒုက္ခ (မှန်ပါ့)၊ ဒါက ယခုအခါ အသက်ရှင်ပြီး သကာလ ခန္ဓာဝန်ထမ်းနေတဲ့ ဒုက္ခ (မှန်ပါ့)၊ ဒါက ခန္ဓာဝန်စုတေရတဲ့ ဒုက္ခ (မှန်ပါ့)။

တော်တော်ကြာကျလို့ရှိရင်ဖြင့် ပဋိသန္ဓေနေရတဲ့ဒုက္ခ (မှန်လှပါ ဘုရား)၊ တော်တော်ကြာကျလို့ရှိရင်ဖြင့် ပဝတ္တိ ခန္ဓာဝန်ထမ်း, သူများဝန်ထမ်းရတဲ့ဒုက္ခ (မှန်ပါ့)၊ ဒါတွေကြည့်လိုက်တော့ ဒုက္ခလည်း မသွားဘူးလား (သွားပါတယ် ဘုရား)။

လူ့ဘဝရလည်း ဒီဒုက္ခသုံးခုလှည့်နေတာပဲ (မှန်ပါ့)၊ နတ်ဘဝရလည်း (ဒုက္ခသုံးခုလှည့်ပါတယ် ဘုရား)၊ ဗြဟ္မာ ဘဝရပြန်လည်း (ဒုက္ခသုံးခုလှည့်ပါတယ် ဘုရား)၊ ဒီဒုက္ခသုံးခုချည့် လှည့်ပြီး သကာလ နေတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေသည်ကားလို့ဆိုလို့ရှိရင်ဖြင့် တို့တရားနာတာ ကုသိုလ်ဖြစ်တယ်၊ သေရင်တောင်မှ နတ်ရွာသုဂတိရောက်တယ် ဆိုတဲ့ စိတ်ထားနဲ့ မနာကြပါနဲ့ (မှန်ပါ့)၊ နာလို့ရှိရင် ဒီအတိုင်းလည်ပါလိမ့်မယ်ဆိုတာ သဘောကျပလား (ကျပါပြီ)။

နာလို့ရှိရင် (ဒီအတိုင်းလည်မှာပါ ဘုရား)၊ ဒီအတိုင်းလည်တော့ ဒုက္ခသုံးခုလည်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာလည်ပါလိမ့်ဗျာ (ဒုက္ခစက်သုံးခုလည်ပါတယ် ဘုရား)၊ ဒုက္ခစက်သုံးခုလည်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အဲဒါ ဝိဋ္ဋကုသိုလ်လို့ ခေါ်ပါတယ် (မှန်ပါ့)။

လျှော့ဈေးမလုပ်ပါနဲ့

ဒါ့ကြောင့် တို့တရားနာတာ ကုသိုလ်ဖြစ်တာပဲ တရားတော့ နာမှပဲ၊ အဖျင်းဆုံးတော့ သုဂတိပဲ၊ ဖားနတ် သားတောင် သုဂတိရောက်သေးတာပဲ အစရှိသည်နဲ့ လျှော့ဈေးမလုပ်ပါနဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ လျှော့ဈေးမလုပ်ပါနဲ့၊ အိုဘေး, နာဘေး, သေဘေးတွေကို ငြိမ်းချင် သိမ်းချင်လို့ တရားနာ တယ် တရားအားထုတ်တယ်ဆိုတာဖြင့် ပြောင်းပစ်ပါ (မှန်လှပါ)။

ဒကာကြွယ် ဒါ အရေးကြီးတာပေါ့ (ကြီးပါတယ် ဘုရား)၊ ဒါ မပြောင်းခဲ့လို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် အသေရှိလျက်နဲ့ အသေရှာတာ (မှန်ပါ့)၊ အနာရှိလျက်နဲ့ (အနာရှာတာပါ ဘုရား)၊ အအိုရှိလျက်နဲ့ (အအိုရှာတာပါ ဘုရား)။

ဪ မနာတတ်တော့လည်း ဒကာ ဒကာမတို့ တရားလည်း နာရသေးတယ်၊ အသေရှိလျက်နဲ့ အသေ ပြန်ရတယ် (မှန်ပါ့)၊ ဒီခန္ဓာကြီးဟာ အခုသေရဦးမှာဆိုတာ ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား)။

တို့တရားနာတာ နတ်ပြည်ရမှာပဲ၊ လူကောင်း,သူကောင်းဖြစ်ရမှာပဲဆိုတော့ အသေရှာတာ (မှန်ပါ့)၊ အသေ ရှာတဲ့စိတ်နဲ့ တရားမနာပါနဲ့ (မှန်ပါ့)၊ အသေလွတ်ရာ ရောက်ချင်လွန်းလို့ ဒကာ ဒကာမတို့ အသေမုန်းလွန်းလို့ အသေဇာတ်သိမ်းချင်လို့ဆိုပြီး သကာလ တရားနာကြပါ (မှန်ပါ့)။

ဒါ ဘာမှ ခင်ဗျားတို့ စားချင်သောက်ချင်လို့ ဘုန်းကံကြီးချင်လို့ ဒါတွေကို ဘာမှမထည့်ပါနဲ့ (မှန်ပါ့)၊ ဒါတွေ ဘာမှ မထည့်ပါနဲ့၊ ဒါတွေ ထည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒီသုံးချက် လှည့်ပြေးတာပဲ (မှန်ပါ့)။

အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဝိဝဋ္ဋ အစစ်ဖြစ်အောင် ဒီတရားနာတာ တခြားကြောင့် နာသည် မဟုတ်ဘူး၊ အိုဘေး-နာဘေး-သေဘေးတို့၏ သိမ်းရာကို ရချင်လို့နာတယ် (မှန်ပါ့)၊ အိုဘေး-နာဘေး-သေဘေးတို့၏ သိမ်းရာ-ငြိမ်းရာ ရချင်လွန်းလို့ ကျင့်နည်းလာယူနေတယ် (မှန်ပါ့)။

ဒီလိုပြောင်းပစ်လိုက်လို့ရှိရင်ဖြင့် တဲ့ ဒုက္ခရှိတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခလွတ်ဖို့ပါပဲ (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကလေးမိုက်-မမိုက်ပါနဲ့

အဲဒီတော့ ကလေးမိုက်-မမိုက်ပါနဲ့ဆိုတာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ကို ပြောရတယ် (မှန်ပါ့ ဘုရား)။

ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန် ပျော်လွန်းလို့ ဆော့တော့ လဲတယ် (မှန်ပါ့)၊ ဒူးကလေးဘာ ကလေးတွေ ကွဲချင်တယ် (ကွဲပါတယ်)၊ နည်းနည်းကလေး သက်သာတယ်ထင်ရင် ဆော့ပြန်ပြီ (မှန်ပါ့)၊ ဘာဖြစ်ချင် လို့တုံး မေးတော့ ဒူးကွဲချင်လို့ပဲ လာရတယ် (မှန်ပါ့)၊ အခုဒူးကွဲမှ ကောင်းကောင်း မပျောက်သေးဘူး နောက်ဒူးကွဲရချင် တယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုပဲ ဒကာ ဒကာမတွေ ယခုခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းရုပ်သိမ်းခြင်းမှ မရှိသေးခင်က ဒုက္ခသစ္စာကြီးနဲ့ ထမ်းပိုးသယ်ပြီး သကာလ အရှက်တကွဲ အကျိုးနည်းနေရတဲ့အထဲက နောက်ဒုက္ခသစ္စာကြီးနဲ့ မသာလောင်းလည်ပြပါရ စေဦးဆိုရင် ဦးမာဒင် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

အဲဒါကြောင့် မနာတတ်လို့ရှိပြန်တော့လည်း ဒကာ ဒကာမတို့ အသေရှိလျက်နဲ့ အသေရှာတဲ့ သဘောရောက် ပါတယ် (မှန်ပါ့)၊ အနာရှိလျက်နဲ့ (အနာရှာတဲ့သဘော ရောက်ပါတယ်ဘုရား)။

ဪ ဒါဖြင့် ဆရာသမား အဆုံးအမ ကင်းလို့ရှိရင်ဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ အရင်းကောင်းပေမယ့်လည်း အမြတ်နည်းတယ် (မှန်ပါ့)၊ ဒီကုန် မကူးကောင်းဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ထို့အတူပဲတဲ့ တရားနာတဲ့ ကုသိုလ်စေတနာတွေ အင်မတန်ကောင်းပါတယ်၊ တရားအားထုတ်တဲ့ စေတနာ တွေလည်း အင်မတန်ကောင်းပါတယ်၊ အရင်းတွေ အင်မတန်ကောင်းပြီး နေငြားသော်လည်း အမြတ်က လူချမ်းသာ, နတ်ချမ်းသာများ တောင်းယူလိုက်မယ်ဆိုရင်ဖြင့် ဒီအသေတွေပြန်ရတော့ အမြတ်နည်းတယ် (မှန်ပါ့)၊ အမြတ်နည်းတဲ့ အပြင်မှာ ကလေးဒူးနာကွဲသလို နှစ်ခါကွဲဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အဲဒါ့ကြောင့် ဒကာ ဒကာမတို့ တဏှာက အဆော့ခိုင်းတိုင်း ပါးစပ်မဆော့လိုက်ပါနဲ့ (မှန်ပါ့)၊ တဏှာကတော့ ဆုတောင်း-ဆုတောင်း။ အင်း ဖြုန်းခနဲလည်း နိဗ္ဗာန်ရမှာမဟုတ်ဘူး၊ သူလည်း သိတာမဟုတ်ဘူး၊ ရမ်းပြောနေတာ (မှန်ပါ့ ဘုရား)။

တဏှာက နိဗ္ဗာန်ကို သိရဲ့လား

တဏှာက နိဗ္ဗာန်ကို သိရဲ့လား (မသိပါ)၊ မသိတဲ့လူကပြောတာကို ခင်ဗျားတို့က ဟုတ်ထင်ပါရဲ့၊ ထည့်တောင်း ဦးမှပဲ၊ အခုလည်း နိဗ္ဗာန်ရသေးမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ဆိုပြီး သကာလ တဏှာ ဆိုတာက နိဗ္ဗာန်ကိုမြင်နိုင်ရဲ့လား (မမြင်နိုင်ပါ ဘုရား)၊ မမြင်နိုင်တဲ့လူက ခင်ဗျားတို့ဝမ်းထဲလာပြီး ဆရာလုပ်တယ် (မှန်ပါ့ ဘုရား)။

အဲဒါ ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ယောင်ဦးမယ်ဆိုလို့ရှိရင် မသိတဲ့လူက ပြောတာကို လူကြီးက ယောင် စရာမလိုပါဘူး (မလိုပါ ဘုရား)။

တဏှာက မသိတဲ့တရား (မှန်ပါ့)၊ ဘာမသိတာတုံး မေးတော့ နိဗ္ဗာန်မသိတဲ့တရား (မှန်ပါ့)၊ နိဗ္ဗာန်မသိတဲ့ တရားက ခင်ဗျားတို့ကို နိဗ္ဗာန်ဖြုန်းခနဲလည်း ရောက်ဦးမှာမဟုတ်သေးဘူးလို့ သူက ရမ်းပြောနေတာ (မှန်ပါ့ ဘုရား)။

ရမ်းပြောတာကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ရမ်းများယုံလိုက်မယ်ဆိုလို့ရှိရင်ဖြင့် အရှက်အကြောက်မရှိလို့ နားထောင်တာပဲ (မှန်ပါ့)၊ အဆင်ခြင် ပညာကင်းမဲ့လို့ (နားထောင်တာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး တဏှာနဲ့ ခင်ဗျားတို့နဲ့ မနည်းရန်တိုက်ရပါကလား (မှန်ပါ့)၊ အတော်ရန်တိုက်ရတယ် ဒကာ ကြွယ်ရ (မှန်ပါ့)၊ သူက အိမ်တွင်းအုပ်ချုပ်နေတာကိုးဗျ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ တစ်အိမ်လုံးမှာ သူပဲ ဘုရင်လုပ်နေတာပဲ (မှန်ပါ့)၊ ဘေးက သမီးကို စိုးရိမ်လိုက်လို့ရှိရင်လည်း ဖအေလုပ်တဲ့ပုဂ္ဂိုလ်က စိုးရိမ်ရတာပဲ (မှန်ပါ့)၊ သမီးလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဖအေကို အားကိုးလိုက်လို့ တဏှာက ခိုင်းလိုက်ရင် (အားကိုးပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ တစ်အိမ်လုံးမှာ ဘယ်သူသည် ဘုရင်လုပ်နေသတုံး (တဏှာဘုရင် လုပ်ပါတယ် ဘုရား)။

တဏှာဘုရင်ရဲ့ လက်အောက်ခံဖြစ်နေလို့ရှိရင် နိဗ္ဗာန်မသိတဲ့လူက ခင်ဗျားတို့အိမ် အုပ်ချုပ်နေပြီဆိုမှဖြင့် တစ်အိမ်လုံး ကိုယ်ကျိုးနည်းတော့မယ် (မှန်ပါ့)၊ မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က တဏှာ့စကား နားယောင်ပြီး သကာလ ဦးမာဒင်တို့လူစုက ဟုတ်ထင်ပါရဲ့- ဟုတ်ထင်ပါ ရဲ့များ လိုက်မနေပါနဲ့ (မှန်ပါ့)၊ နိဗ္ဗာန်မမြင်တဲ့ပုဂ္ဂိုလ်က ပြောတာ (မှန်ပါ့)၊ ချမ်းသာမသိတဲ့ပုဂ္ဂိုလ်က (ပြောတာပါ ဘုရား)။

အဲ ချမ်းသာမသိတဲ့ပုဂ္ဂိုလ်က ပြောတာကို ခင်ဗျားတို့က လူကြီးလူကောင်းလုပ်ပြီး သကာလ ဒကာကြွယ် တို့က ဟုတ်ထင်ပါရဲ့လို့ မလုပ်နဲ့ဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အရူးအုပ်ချုပ်နေတယ်

နို့မဟုတ်လို့ ရှိရင်ဖြင့် ခင်ဗျားတို့က နဂိုကမှ ယောင်ချင်ချင် (မှန်ပါ့ ဘုရား)၊ ရောချင်ချင်ထဲမှာ ကိလေသာက ဝင်ပြီး နှောင့်ယှက်လိုက်တဲ့အခါကျတော့ ဒေါင်ချစိုင်းသွားတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ဟိုဘဝ ဒီဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ရာဂုမ္မတ္တကလို့ ခေါ်တယ် (မှန်ပါ့)၊ ရာဂက=ရာဂ၊ ဥမ္မတ္တကက-အရူး၊ ရာဂရူးကွတဲ့ (မှန်ပါ့ ဘုရား)။

ဟိုဘဝ, ဒီဘဝ ဆုတောင်းတဲ့ပုဂ္ဂိုလ်များ (ရာဂရူးပါ)၊ ဒါဖြင့် ဘယ်သူ့ကြောင့် ရူးရတာတုံးမေးတော့ ရာဂ, လောဘကြောင့် (မှန်ပါ့)၊ ဒါကြောင့် ခင်ဗျားတို့အိမ်မှာ အရူးအုပ်ချုပ်နေလို့ရှိရင် နှင်ပစ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာသစ်တို့အိမ် ဘယ်သူအုပ်ချုပ်နေသလဲ (အရူးအုပ်ချုပ်နေပါတယ်)၊ ဟာ နှင်မှပေါ့ဗျာ တစ်အိမ်လုံး ပျက်ကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တို့အိမ်ကော (အရူးအုပ်ချုပ်ပါတယ်)၊ ဟာ-ဒါဖြင့် ဘယ့်နှယ်လုပ်ရမှာတုံး (နှင်ရမှာပါ ဘုရား)။

နှင်ရမှာ ခင်ဗျားတို့ကပြောမိလို့ တော်သေးရဲ့ ဆိုမိလို့သော်သေးရဲ့၊ လိုချင်တုန်းက နည်းနည်းရှာထားလိုက်လို့ ရသေးရဲ့ အစရှိသည်နဲ့ သူ့ပဲကျေးဇူးတင်တဲ့ပုံတော့ ဦးမာဒင် မလုပ်ပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အုပ်ချုပ်ရေးအရာရှိက ရာဂုမ္မတ္တက (မှန်ပါ့)၊ ရာဂက လောဘ၊ ဥမ္မတ္တက အရူး (မှန်ပါ့)၊ အရူးအုပ်ချုပ်တဲ့ တိုင်းပြည်ကြီးဖြင့် ဒကာသစ် ကောင်းစားရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အဲ သုံးဆယ့်တစ်ဘုံ ဘုရင်လုပ်နေ တာကဖြင့် ဒီရာဂပါပဲ၊ ဒီလောဘပါပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ တော်ရုံတန်ရုံ လူကိုမပြောပါနဲ့၊ တော်တော်စာသင်ပြီးလို့ တော်တော်သိတဲ့ ပုဂ္ဂိုလ်တွေတောင် မှ သူဝင်လှည့်လိုက်လို့ရှိရင် ဦးမာဒင် လည်ထွက်သွားတယ် (မှန်ပါ့)၊ တင်းရမှာနော် (မှန်ပါ့)၊ ဒကာကြွယ် တင်းနိုင် ပါ့မလား (တင်းနိုင်ပါတယ်)၊ မင်းပြောတာ အယုံအကြည် ဘာမှမရှိဘူးကို လုပ်ရမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မင်းပြောတာ ဘာတဲ့ (ဘာမှ အယုံအကြည်မရှိဘူးလို့ လုပ်ရမှာပါ)၊ ဘာမှ အယုံအကြည်မရှိဘူးဆိုပြီး ပြောရ မှာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

စစ်တိုက်ရမယ်

ဒါဖြင့် အိမ်ရောက်ရင် စစ်တိုက်ပေရော့ (မှန်ပါ့)၊ စစ်တိုက်ရမယ်ဆိုတာ ရိပ်မိပလား (မှန်ပါ့)၊ ဘာ့ကြောင့်တုံး အရူးအုပ်ချုပ်နေလို့ (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဘာလုပ်ရမတုံး (စစ်တိုက်ရပါမယ်)၊ အလျှော့ပေးမနေနဲ့နော် (မှန်ပါ့)၊ ဝမ်းထဲက ဖိုခနဲ- ဟိုက်ခနဲ မျက်ရည်ကလေးများပေါ်လာရင် ရှုံးလို့သာမှတ်ပေရော့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီလိုလည်းဖြစ်တတ်သေးတယ်ဗျ (မှန်ပါ့)၊ ဒီလိုဖြစ်တတ်လို့ရှိရင် ဒါအရူးစစ်မတိုက်နိုင်တာနဲ့ အရူးက မျက်ရည်အထွက်ခိုင်းတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူသေလို့ ငိုကြ၊ ဘယ်သူက ထွက်သွားလို့ ပျောက်လို့ ရှာကြ၊ မောလို့, ဟိုက်လို့, မျက်ရည်ကြီးငယ်ကျလို့ ကူကြပါဦး-ညီကြပါဦးဆိုပြီး ဟိုခေါ် ဒီခေါ်နဲ့ အရူးထတာ (မှန်ပါ့)၊ ဘယ်သူအုပ်ချုပ်သလဲ (အရူးအုပ်ချုပ်ပါတယ်)၊ အရူးအုပ်ချုပ်တော့ ဘယ်သူအရှက်ကွဲသလဲ၊ အခု ဒီအုပ်ချုပ်ရေးခံရတဲ့လူပဲ အရှက်ကွဲတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်း သူတော်ကောင်းနဲ့ သွားပြောပြန်လည်း မင်းတို့မသိပါဘူး၊ သူကများ ပြောလိုက်သေးတယ် (မှန်ပါ့)၊ အံမာလေး ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

မင်းတို့မသိပါဘူးဆိုပြီး သကာလ ဒကာကြွယ်တို့ကများ မာန်ထလိုက်သေးတယ် (မှန်ပါ့)၊ အရူးအုပ်ချုပ်တာ ခံချင်တဲ့ အဓိပ္ပာယ်က ရှင်းနေတယ် (မှန်ပါ့)။

ဒါ့ကြောင့် ပြင်ကြပါ, ဆင်ကြပါ၊ တရားဟောတဲ့အထဲမှာ တရားနာတဲ့အထဲမှာတောင် တစ်ခါတစ်ခါ သူက ဝင်ရှုပ်သေးတယ် (မှန်ပါ့)၊ ကျုပ်တို့ တရားနာသွားတာကတော့ ဘယ်နည်းနဲ့မှ အချည်းနှီးမဖြစ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်မရလည်း နတ်ပြည်တော့ ရောက်မှာ

သူ့ဟာသူ အသံကောင်းထွက်လာတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်တုံး၊ အို-နိဗ္ဗာန်မရလည်း နတ်ပြည်တော့ ရောက်မှာ၊ အင်း အရူးအုပ်ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဘာလုပ်သလဲ (အရူးချုပ်အုပ်ပါတယ်)၊ အရူးအုပ်ချုပ်တယ်၊ နတ်ပြည်ဟာ အိုဘေး, နာဘေး, သေဘေး, လွတ်ကဲ့လား (မလွတ်ပါ)၊ ဒါဖြင့် သူတို့သည်ကားလို့ဆိုရင် အိုဘေး, နာဘေး, သေဘေးမသိလို့ ဝမ်းသာနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးတို့ကျောင်းနားက ဆိတ်တွေ, သိုးတွေ မောင်းသွားကြတယ်၊ လမ်းမှာပျော်ကြ မြူးကြတယ်၊ ဟို- မန္တလေးရောက်ရင် သေရမှာ မသိရှာကြဘူး (မှန်ပါ့)၊ အဲဒီတော့ ဆိတ်စိတ်, သိုးစိတ်ပေါက်နေတယ်ဆိုရင် လွဲသလား (မလွဲပါ ဘုရား)။

အေး ဒါတွေလည်း ကြပ်ကြပ်စဉ်းစားရတယ်၊ ခင်ဗျားတို့ဟာ ဆိတ်-သိုးလောက်မှ မလိမ္မာတဲ့ အဓိပ္ပာယ် မျိုး တရားနာရင်းများ ပေါ်လာရင် အဲဒါပြင်ပါဦး (မှန်ပါ့)၊ မပြင်သင့်ဘူးလား (ပြင်သင့်ပါတယ် ဘုရား)။

ဟာ ဒကာကြွယ် သတိထားနော် (မှန်ပါ့)၊ သတိထား သူက သူတော်ကောင်းယောင်ဆောင်ပြီး ဝင်လာ တာ (မှန်ပါ့ ဘုရား)။

တဏှာက ဘယ်လိုများဝင်လာသလဲ (သူတော်ကောင်းယောင်ဆောင်ပြီး ဝင်လာပါတယ်)၊ မင်းတို့အကျိုး ငါ အလိုရှိပါတယ်ဆိုပြီး သကာလ ငါ့စကား နားထောင်ပါ၊ ငါပြောတဲ့စကား တသွေမတိမ်းလိုက်နာပါ၊ မင်းမှာ သားနဲ့, သမီးနဲ့ ဖြုန်းခနဲ ဒီကနေပြီး နိဗ္ဗာန်ဘက်ကို သွားမယ်ဆိုလို့ရှိရင် မင်းပြုစုထားတာ ကလေးတွေကို မင်းပစ်ရက်တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး မရောက်ပေဘူးလား ဒါလောက်ကျအောင် ဟောတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

တရားနာမှားပြီဆိုမှဖြင့်

အဲဒီမှာ ဒကာကြွယ်တို့က တရားနာမှားပြီဆိုမှဖြင့် ဟုတ်ထင်ပါရဲ့လေ (မှန်ပါ့)၊ ဟုတ်ထင်ပါရဲ့ဆိုရင်ဖြင့် တရားနာမှားပြီ (မှန်ပါ့)၊ မမှားသေးဘူးလား (မှားပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါ့ကြောင့် ဒကာ ဒကာမတို့ ရန်သူတကာ့ရန်သူထဲမှာ အကြီးဆုံးဟာဖြင့် အတွင်းရန်သူကိလေသာပဲလို့ ဒကာသစ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အခု ခင်ဗျားတို့ အားလုံး တရားနာကြတဲ့ပုဂ္ဂိုလ်တွေ ဘုန်းကြီးများ အင်မတန်မှ ဝမ်းသာပါတယ် (မှန်ပါ့)၊ သို့သော်လည်း ကိလေသာဒဏ်ချက်ကြောင့် ဒကာ ဒကာမတို့မှာ သားကိစ္စကလည်းမပြီး, သမီးကိစ္စကလည်းမပြီး, ပစ္စည်းကိစ္စကလည်း မပြီးနဲ့ ဒီအထဲမှာတရားနာလာရတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒီကိစ္စတွေမပြီးအောင် ပြုံဆုံပြီး သကာလ ဝိုင်းနေပါလိမ့်မတုံးဆိုတော့ နောက်ဘဝက တဏှာပြောတာ နားထောင်ခဲ့လို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

နောက်ဘဝများစွာက (တဏှာပြောတာ နားထောင်ခဲ့လို့ပါ ဘုရား)၊ ဒီတစ်ခါ နားထောင်ရင် ဒီ့ထက် ငါးပါး မှောက်မယ် (မှန်ပါ့)၊ ဒကာကြွယ် ထောင်ချင်သေးသလား (မထောင်ချင်ပါ ဘုရား)၊ ဟုတ်ကဲ့လားဗျ၊ ခင်ဗျားကလည်း ခါးတောင်းကြိုက်မဖြုတ်မှ ကိုက်မှာ (မှန်ပါ့)၊ အိမ်ကျလို့ ခါးတောင်းကြိုက်ပြုတ်သွားလို့ အရှုံးပေးလိုက်ရင်တော့ ကိုယ် ကျိုးနည်းပါပြီ (မှန်ပါ့)။

မပေးကြနဲ့ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပြီး သကာလ အကူ အညီ ပေးနေတယ် လို့ ဦးမာဒင်တို့က အောက်မေ့ရမယ် (မှန်ပါ့)၊ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု နောက်ဘဝက သူပေးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဒီဘဝမှာ အရွယ်ရောက်တဲ့အခါမှာ သူ၏ လိမ်လည် မှုကြောင့် အိမ်ထောင်တည်မှုတွေ (မှန်ပါ့)၊ အခု ဘယ့်နှယ်နေသတုံးလို့ အိမ်ထောင်သည်တွေ မေးကြည့်တော့ ဘယ့်နှယ် ဖြေကြသတုံး မှားကုန်ပြီဘုရာ့ (မှန်ပါ့)၊ ဒါပဲဖြေတာပဲ (မှန်ပါ့)၊ ဒီ့ပြင် ဘာအဖြေထွက်သေးသတုံး (မထွက်ပါ ဘုရား)။

ရှေ့ဘာဖြစ်ဦးမှာတုံး

မှားကုန်ပြီဘုရာ့ ရှေ့ဘာဖြစ်ဦးမှာတုံး-ရှေ့ ဒီဒုက္ခထက်ကြီးမှာပဲ (မှန်ပါ့)၊ ဒါ ဒီဘဝ နားယောင်မိ တဲ့အတွက် ဒီဒုက္ခသေးသလား (မသေးပါ ဘုရား)၊ နောက်ဘဝက နားထောင်မိတဲ့အတွက် ခန္ဓာဝန်ကြီးရနေလို့ အို ဘေး-နာဘေး-သေဘေးတွေနဲ့ တွဲနေတယ် (မှန်ပါ့)၊ ဒါကော အမြတ်ထွက်ကဲ့လား (မထွက်ပါ ဘုရား)။

ဒါဖြင့် နောက်ဘဝက တဏှာနားထောင်မိလို့ ခန္ဓာကြီးရ (မှန်ပါ့)၊ ဒီဘဝ ပေါက်ပွားတဲ့တဏှာ နားထောင် မိတာနဲ့ အခု သားနဲ့မယားနဲ့ အိမ်နဲ့ယားနဲ့ဆိုပြီး သကာလ နေကြပြန်တော့လည်း ဒုက္ခက ပင်လယ်ဝေနေတယ် (မှန် လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အစားအသောက် အသုံးအစွဲ ကြပ်တည်းတဲ့အခါ အိမ်သူနဲ့ပင် ဆူဦးမနော် (မှန်ပါ့)၊ မဆူပေဘူးလား (ဆူမှာပါ ဘုရား)၊ ဟိုအိမ်နဲ့ဒီအိမ် ရန်ဖြစ်၊ ကိုယ့်သားမယားနဲ့ ကိုယ်နဲ့တောင်မှ မင်းက အသုံးအစွဲကြီးလို့ မင်းက ဘယ်လိုဖြစ်ရ တယ်ဆိုတာ ရှုပ်လာဦးမှာ (မှန်ပါ့)၊ မလာဘူးလား လာမလား (လာမှာပါ ဘုရား)။

လာမယ်-လာမယ် ဒီဥစ္စာ၊ ဒီအလာကလေးဟာက မပြောပလောက်သေးပါဘူး (မှန်ပါ့ ဘုရား)၊ သူခိုင်းတာ က မင်းတို့ ဒါလောက်ကလေး ပူစေချင်, ဆွေးစေချင်လို့ ငါသည် လှည့်စားတာ မဟုတ်ပါဘူး၊ ငါက ဒယ်အိုးထဲက မထွက်အောင် ငါလှည့်စားတယ် (မှန်ပါ့)၊ ဒါလောက်ကျအောင်လုပ်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပေါင်းသင့်-မပေါင်းသင့် ဒကာကြွယ် (မပေါင်းသင့်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နာလို့ရှိရင် (ဒီအတိုင်းလည်မှာပါ ဘုရား)၊ ဒီအတိုင်းလည်တော့ ဒုက္ခသုံးခုလည်တယ် (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဘာလည်ပါလိမ့်ဗျာ (ဒုက္ခစက်သုံးခုလည်ပါတယ် ဘုရား)၊ ဒုက္ခစက်သုံးခုလည်တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)၊ အဲဒါ ဝိဋ္ဋကုသိုလ်လို့ ခေါ်ပါတယ် (မှန်ပါ့)။

ဒါ့ကြောင့် တို့တရားနာတာ ကုသိုလ်ဖြစ်တာပဲ တရားတော့ နာမှပဲ၊ အဖျင်းဆုံးတော့ သုဂတိပဲ၊ ဖားနတ် သားတောင် သုဂတိရောက်သေးတာပဲ အစရှိသည်နဲ့ လျှော့ဈေးမလုပ်ပါနဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ လျှော့ဈေးမလုပ်ပါနဲ့၊ အိုဘေး, နာဘေး, သေဘေးတွေကို ငြိမ်းချင် သိမ်းချင်လို့ တရားနာ တယ် တရားအားထုတ်တယ်ဆိုတာဖြင့် ပြောင်းပစ်ပါ (မှန်လှပါ)။

အသေရှိလျက်နဲ့ အသေရှာတာ

ဒကာကြွယ် ဒါ အရေးကြီးတာပေါ့ (ကြီးပါတယ် ဘုရား)၊ ဒါ မပြောင်းခဲ့လို့ရှိရင် ဒကာ ဒကာမတို့ ခင်ဗျားတို့သည် အသေရှိလျက်နဲ့ အသေရှာတာ (မှန်ပါ့)၊ အနာရှိလျက်နဲ့ (အနာရှာတာပါ ဘုရား)၊ အအိုရှိလျက်နဲ့ (အအိုရှာတာပါ ဘုရား)။

ဪ မနာတတ်တော့လည်း ဒကာ ဒကာမတို့ တရားလည်း နာရသေးတယ်၊ အသေရှိလျက်နဲ့ အသေ ပြန်ရတယ် (မှန်ပါ့)၊ ဒီခန္ဓာကြီးဟာ အခုသေရဦးမှာဆိုတာ ငြင်းဖို့မလိုဘူး (မလိုပါ ဘုရား)။

တို့တရားနာတာ နတ်ပြည်ရမှာပဲ၊ လူကောင်း,သူကောင်းဖြစ်ရမှာပဲဆိုတော့ အသေရှာတာ (မှန်ပါ့)၊ အသေ ရှာတဲ့စိတ်နဲ့ တရားမနာပါနဲ့ (မှန်ပါ့)၊ အသေလွတ်ရာ ရောက်ချင်လွန်းလို့ ဒကာ ဒကာမတို့ အသေမုန်းလွန်းလို့ အသေဇာတ်သိမ်းချင်လို့ဆိုပြီး သကာလ တရားနာကြပါ (မှန်ပါ့)။

ဒါ ဘာမှ ခင်ဗျားတို့ စားချင်သောက်ချင်လို့ ဘုန်းကံကြီးချင်လို့ ဒါတွေကို ဘာမှမထည့်ပါနဲ့ (မှန်ပါ့)၊ ဒါတွေ ဘာမှ မထည့်ပါနဲ့၊ ဒါတွေ ထည့်လိုက်သည်နဲ့ တစ်ပြိုင်နက်တည်း ဒီသုံးချက် လှည့်ပြေးတာပဲ (မှန်ပါ့)။

အဲဒါကြောင့် အားလုံး ဒကာ ဒကာမတွေ ဝိဝဋ္ဋ အစစ်ဖြစ်အောင် ဒီတရားနာတာ တခြားကြောင့် နာသည် မဟုတ်ဘူး၊ အိုဘေး-နာဘေး-သေဘေးတို့၏ သိမ်းရာကို ရချင်လို့နာတယ် (မှန်ပါ့)၊ အိုဘေး-နာဘေး-သေဘေးတို့၏ သိမ်းရာ-ငြိမ်းရာ ရချင်လွန်းလို့ ကျင့်နည်းလာယူနေတယ် (မှန်ပါ့)။

ဒီလိုပြောင်းပစ်လိုက်လို့ရှိရင်ဖြင့် တဲ့ ဒုက္ခရှိတဲ့ပုဂ္ဂိုလ်ဟာ ဒုက္ခလွတ်ဖို့ပါပဲ (မှန်ပါ့)၊ နို့မဟုတ်လို့ရှိရင် ဒုက္ခရှိလျက်နဲ့ ဒုက္ခရှာတယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အဲဒီတော့ ကလေးမိုက်-မမိုက်ပါနဲ့ဆိုတာ ဒကာကြွယ်တို့၊ ဦးမာဒင်တို့ကို ပြောရတယ် (မှန်ပါ့ ဘုရား)။

ကလေးသည်ကားလို့ ဆိုလို့ရှိရင်ဖြင့် အင်မတန် ပျော်လွန်းလို့ ဆော့တော့ လဲတယ် (မှန်ပါ့)၊ ဒူးကလေးဘာ ကလေးတွေ ကွဲချင်တယ် (ကွဲပါတယ်)၊ နည်းနည်းကလေး သက်သာတယ်ထင်ရင် ဆော့ပြန်ပြီ (မှန်ပါ့)၊ ဘာဖြစ်ချင် လို့တုံး မေးတော့ ဒူးကွဲချင်လို့ပဲ လာရတယ် (မှန်ပါ့)၊ အခုဒူးကွဲမှ ကောင်းကောင်းမပျောက်သေးဘူး နောက်ဒူးကွဲရချင် တယ် (မှန်ပါ့ ဘုရား)။

အဲဒီလိုပဲ ဒကာ ဒကာမတွေ ယခုခန္ဓာကိုယ်ကြီး ချုပ်ငြိမ်းရုပ်သိမ်းခြင်းမှ မရှိသေးခင်က ဒုက္ခသစ္စာကြီးနဲ့ ထမ်းပိုးသယ်ပြီး သကာလ အရှက်တကွဲ အကျိုးနည်းနေရတဲ့အထဲက နောက်ဒုက္ခသစ္စာကြီးနဲ့ မသာလောင်းလည်ပြပါရ စေဦးဆိုရင် ဦးမာဒင် ကောင်းပါ့မလား (မကောင်းပါ ဘုရား)။

အမြတ်နည်းတယ်

အဲဒါကြောင့် မနာတတ်လို့ရှိပြန်တော့လည်း ဒကာ ဒကာမတို့ အသေရှိလျက်နဲ့ အသေရှာတဲ့ သဘောရောက် ပါတယ် (မှန်ပါ့)၊ အနာရှိလျက်နဲ့ (အနာရှာတဲ့သဘော ရောက်ပါတယ်ဘုရား)။

ဪ ဒါဖြင့် ဆရာသမား အဆုံးအမ ကင်းလို့ရှိရင်ဖြင့် ဒကာကြွယ်တို့၊ ဦးမာဒင်တို့၊ ဒကာသစ်တို့ အရင်းကောင်းပေမယ့်လည်း အမြတ်နည်းတယ် (မှန်ပါ့)၊ ဒီကုန် မကူးကောင်းဘူးပေါ့ဗျာ (မှန်ပါ့ ဘုရား)။

ထို့အတူပဲတဲ့ တရားနာတဲ့ ကုသိုလ်စေတနာတွေ အင်မတန်ကောင်းပါတယ်၊ တရားအားထုတ်တဲ့ စေတနာ တွေလည်း အင်မတန်ကောင်းပါတယ်၊ အရင်းတွေ အင်မတန်ကောင်းပြီး နေငြားသော်လည်း အမြတ်က လူချမ်းသာ, နတ်ချမ်းသာများ တောင်းယူလိုက်မယ်ဆိုရင်ဖြင့် ဒီအသေတွေပြန်ရတော့ အမြတ်နည်းတယ် (မှန်ပါ့)၊ အမြတ်နည်းတဲ့ အပြင်မှာ ကလေးဒူးနာကွဲသလို နှစ်ခါကွဲဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

အဲဒါ့ကြောင့် ဒကာ ဒကာမတို့ တဏှာက အဆော့ခိုင်းတိုင်း ပါးစပ်မဆော့လိုက်ပါနဲ့ (မှန်ပါ့)၊ တဏှာကတော့ ဆုတောင်း-ဆုတောင်း။ အင်း ဖြုန်းခနဲလည်း နိဗ္ဗာန်ရမှာမဟုတ်ဘူး၊ သူလည်း သိတာမဟုတ်ဘူး၊ ရမ်းပြောနေတာ (မှန်ပါ့ ဘုရား)။

တဏှာက နိဗ္ဗာန်ကို သိရဲ့လား (မသိပါ)၊ မသိတဲ့လူကပြောတာကို ခင်ဗျားတို့က ဟုတ်ထင်ပါရဲ့၊ ထည့်တောင်း ဦးမှပဲ၊ အခုလည်း နိဗ္ဗာန်ရသေးမှာ မဟုတ်ဘူးတဲ့ (မှန်ပါ့)၊ ဆိုပြီး သကာလ တဏှာဆိုတာက နိဗ္ဗာန်ကိုမြင်နိုင်ရဲ့လား (မမြင်နိုင်ပါ ဘုရား)၊ မမြင်နိုင်တဲ့လူက ခင်ဗျားတို့ဝမ်းထဲလာပြီး ထင်ရာလုပ်တယ် (မှန်ပါ့ ဘုရား)။

အဲဒါ ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ယောင်ဦးမယ်ဆိုလို့ရှိရင် မသိတဲ့လူက ပြောတာကို လူကြီးက ယောင် စရာမလိုပါဘူး (မလိုပါ ဘုရား)။

နိဗ္ဗာန်မသိတဲ့တရား

တဏှာက မသိတဲ့တရား (မှန်ပါ့)၊ ဘာမသိတာတုံး မေးတော့ နိဗ္ဗာန်မသိတဲ့တရား (မှန်ပါ့)၊ နိဗ္ဗာန်မသိတဲ့ တရားက ခင်ဗျားတို့ကို နိဗ္ဗာန်ဖြုန်းခနဲလည်း ရောက်ဦးမှာမဟုတ်သေးဘူးလို့ သူက ရမ်းပြောနေတာ (မှန်ပါ့ ဘုရား)။

ရမ်းပြောတာကို ဒကာကြွယ်တို့၊ ဦးမာဒင်တို့က ရမ်းများယုံလိုက်မယ်ဆိုလို့ရှိရင်ဖြင့် အရှက်အကြောက်မရှိလို့ နားထောင်တာပဲ (မှန်ပါ့)၊ အဆင်ခြင် ပညာကင်းမဲ့လို့ (နားထောင်တာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အံမာလေး တဏှာနဲ့ ခင်ဗျားတို့နဲ့ မနည်းရန်တိုက်ရပါကလား (မှန်ပါ့)၊ အတော်ရန်တိုက်ရတယ် ဒကာ ကြွယ်ရ (မှန်ပါ့)၊ သူက အိမ်တွင်းအုပ်ချုပ်နေတာကိုးဗျ (မှန်ပါ့ ဘုရား)။

ခင်ဗျားတို့ တစ်အိမ်လုံးမှာ သူပဲ ဘုရင်လုပ်နေတာပဲ (မှန်ပါ့)၊ ဘေးက သမီးကို စိုးရိမ်လိုက်လို့ရှိရင်လည်း ဖအေလုပ်တဲ့ပုဂ္ဂိုလ်က စိုးရိမ်ရတာပဲ (မှန်ပါ့)၊ သမီးလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ဖအေကို အားကိုးလိုက်လို့ တဏှာက ခိုင်းလိုက်ရင် (အားကိုးပါတယ်)၊ ဒါဖြင့် ခင်ဗျားတို့ တစ်အိမ်လုံးမှာ ဘယ်သူသည် ဘုရင်လုပ်နေသတုံး (တဏှာဘုရင် လုပ်ပါတယ် ဘုရား)။

တဏှာဘုရင်ရဲ့ လက်အောက်ခံဖြစ်နေလို့ရှိရင် နိဗ္ဗာန်မသိတဲ့လူက ခင်ဗျားတို့အိမ် အုပ်ချုပ်နေပြီဆိုမှဖြင့် တစ်အိမ်လုံး ကိုယ်ကျိုးနည်းတော့မယ် (မှန်ပါ့)၊ မနည်းပေဘူးလား (နည်းပါတယ် ဘုရား)။

အဲဒါ ခင်ဗျားတို့က တဏှာ့စကား နားယောင်ပြီး သကာလ ဦးမာဒင်တို့လူစုက ဟုတ်ထင်ပါရဲ့- ဟုတ်ထင်ပါ ရဲ့များ လိုက်မနေပါနဲ့ (မှန်ပါ့)၊ နိဗ္ဗာန်မမြင်တဲ့ပုဂ္ဂိုလ်က ပြောတာ (မှန်ပါ့)၊ ချမ်းသာမသိတဲ့ပုဂ္ဂိုလ်က (ပြောတာပါ ဘုရား)။

အဲ ချမ်းသာမသိတဲ့ပုဂ္ဂိုလ်က ပြောတာကို ခင်ဗျားတို့က လူကြီးလူကောင်းလုပ်ပြီး သကာလ ဒကာကြွယ် တို့က ဟုတ်ထင်ပါရဲ့လို့ မလုပ်နဲ့ဗျ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

နို့မဟုတ်လို့ရှိရင်ဖြင့် ခင်ဗျားတို့က နဂိုကမှ ယောင်ချင်ချင် (မှန်ပါ့ ဘုရား)၊ ရောချင်ချင်ထဲမှာ ကိလေသာက ဝင်ပြီး နှောင့်ယှက်လိုက်တဲ့အခါကျတော့ ဒေါင်ချစိုင်းသွားတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ဟိုဘဝ ဒီဘဝ ဆုတောင်းတဲ့ ပုဂ္ဂိုလ်များ ရာဂုမ္မတ္တကလို့ ခေါ်တယ် (မှန်ပါ့)၊ ရာဂက=ရာဂ၊ ဥမ္မတ္တကက-အရူး၊ ရာဂရူးကွတဲ့ (မှန်ပါ့ ဘုရား)။

ရာဂရူး

ဟိုဘဝ, ဒီဘဝ ဆုတောင်းတဲ့ပုဂ္ဂိုလ်များ (ရာဂရူးပါ)၊ ဒါဖြင့် ဘယ်သူ့ကြောင့် ရူးရတာတုံးမေးတော့ ရာဂ, လောဘကြောင့် (မှန်ပါ့)၊ ဒါကြောင့် ခင်ဗျားတို့အိမ်မှာ အရူးအုပ်ချုပ်နေလို့ရှိရင် နှင်ပစ်ကြစမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာသစ်တို့အိမ် ဘယ်သူအုပ်ချုပ်နေသလဲ (အရူးအုပ်ချုပ်နေပါတယ်)၊ ဟာ နှင်မှပေါ့ဗျာ တစ်အိမ်လုံး ပျက်ကုန်လိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ်တို့အိမ်ကော (အရူးအုပ်ချုပ်ပါတယ်)၊ ဟာ-ဒါဖြင့် ဘယ့်နှယ်လုပ်ရမှာတုံး (နှင်ရမှာပါ ဘုရား)။

နှင်ရမှာ ခင်ဗျားတို့ကပြောမိလို့ တော်သေးရဲ့ ဆိုမိလို့သော်သေးရဲ့၊ လိုချင်တုန်းက နည်းနည်းရှာထားလိုက်လို့ ရသေးရဲ့ အစရှိသည်နဲ့ သူ့ပဲကျေးဇူးတင်တဲ့ပုံတော့ ဦးမာဒင် မလုပ်ပါနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အုပ်ချုပ်ရေးအရာရှိက ရာဂုမ္မတ္တက (မှန်ပါ့)၊ ရာဂက လောဘ၊ ဥမ္မတ္တက အရူး (မှန်ပါ့)၊ အရူးအုပ်ချုပ်တဲ့ တိုင်းပြည်ကြီးဖြင့် ဒကာသစ် ကောင်းစားရေး မြင်သေးရဲ့လား (မမြင်ပါ ဘုရား)၊ အဲ သုံးဆယ့်တစ်ဘုံ ဘုရင်လုပ်နေ တာကဖြင့် ဒီရာဂပါပဲ၊ ဒီလောဘပါပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒါ ခင်ဗျားတို့ တော်ရုံတန်ရုံ လူကိုမပြောပါနဲ့၊ တော်တော်စာသင်ပြီးလို့ တော်တော်သိတဲ့ ပုဂ္ဂိုလ်တွေတောင် မှ သူဝင်လှည့်လိုက်လို့ရှိရင် ဦးမာဒင် လည်ထွက်သွားတယ် (မှန်ပါ့)၊ တင်းရမှာနော် (မှန်ပါ့)၊ ဒကာကြွယ် တင်းနိုင် ပါ့မလား (တင်းနိုင်ပါတယ်)၊ မင်းပြောတာ အယုံအကြည် ဘာမှမရှိဘူးကို လုပ်ရမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

မင်းပြောတာ ဘာတဲ့ (ဘာမှ အယုံအကြည်မရှိဘူးလို့ လုပ်ရမှာပါ)၊ ဘာမှ အယုံအကြည်မရှိဘူးဆိုပြီး ပြောရ မှာ၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အရူးအုပ်ချုပ်နေလို့

ဒါဖြင့် အိမ်ရောက်ရင် စစ်တိုက်ပေရော့ (မှန်ပါ့)၊ စစ်တိုက်ရမယ်ဆိုတာ ရိပ်မိပလား (မှန်ပါ့)၊ ဘာ့ကြောင့်တုံး အရူးအုပ်ချုပ်နေလို့ (မှန်ပါ့ ဘုရား)။

ဦးမာဒင် ဘာလုပ်ရမတုံး (စစ်တိုက်ရပါမယ်)၊ အလျှော့ပေးမနေနဲ့နော် (မှန်ပါ့)၊ ဝမ်းထဲက ဖိုခနဲ- ဟိုက်ခနဲ မျက်ရည်ကလေးများပေါ်လာရင် ရှုံးလို့သာမှတ်ပေရော့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒကာကြွယ် ဒီလိုလည်းဖြစ်တတ်သေးတယ်ဗျ (မှန်ပါ့)၊ ဒီလိုဖြစ်တတ်လို့ရှိရင် ဒါအရူးစစ်မတိုက်နိုင်တာနဲ့ အရူးက မျက်ရည်အထွက်ခိုင်းတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဘယ်သူသေလို့ ငိုကြ၊ ဘယ်သူက ထွက်သွားလို့ ပျောက်လို့ ရှာကြ၊ မောလို့, ဟိုက်လို့, မျက်ရည်ကြီးငယ်ကျလို့ ကူကြပါဦး-ညီကြပါဦးဆိုပြီး ဟိုခေါ် ဒီခေါ်နဲ့ အရူးထတာ (မှန်ပါ့)၊ ဘယ်သူအုပ်ချုပ်သလဲ (အရူးအုပ်ချုပ်ပါတယ်)၊ အရူးအုပ်ချုပ်တော့ ဘယ်သူအရှက်ကွဲသလဲ၊ အခု ဒီအုပ်ချုပ်ရေးခံရတဲ့လူပဲ အရှက်ကွဲတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)၊ အင်း သူတော်ကောင်းနဲ့ သွားပြောပြန်လည်း မင်းတို့မသိပါဘူး၊ သူကများ ပြောလိုက်သေးတယ် (မှန်ပါ့)၊ အံမာလေး ကြောက်စရာကြီးပါလား (ကြောက်စရာကြီးပါ ဘုရား)။

မင်းတို့မသိပါဘူးဆိုပြီး သကာလ ဒကာကြွယ်တို့ကများ မာန်ထလိုက်သေးတယ် (မှန်ပါ့)၊ အရူးအုပ်ချုပ်တာ ခံချင်တဲ့ အဓိပ္ပာယ်က ရှင်းနေတယ် (မှန်ပါ့)။

ဒါ့ကြောင့် ပြင်ကြပါ, ဆင်ကြပါ၊ တရားဟောတဲ့အထဲမှာ တရားနာတဲ့အထဲမှာတောင် တစ်ခါတစ်ခါ သူက ဝင်ရှုပ်သေးတယ် (မှန်ပါ့)၊ ကျုပ်တို့ တရားနာသွားတာကတော့ ဘယ်နည်းနဲ့မှ အချည်းနှီးမဖြစ်ဘူးတဲ့ (မှန်ပါ့ ဘုရား)။

သူ့ဟာသူ အသံကောင်းထွက်လာတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့်တုံး၊ အို-နိဗ္ဗာန်မရလည်း နတ်ပြည်တော့ ရောက်မှာ၊ အင်း အရူးအုပ်ချုပ်တယ် (မှန်ပါ့ ဘုရား)။

ဘာလုပ်သလဲ (အရူးချုပ်အုပ်ပါတယ်)၊ အရူးအုပ်ချုပ်တယ်၊ နတ်ပြည်ဟာ အိုဘေး, နာဘေး, သေဘေး, လွတ်ကဲ့လား (မလွတ်ပါ)၊ ဒါဖြင့် သူတို့သည်ကားလို့ဆိုရင် အိုဘေး, နာဘေး, သေဘေးမသိလို့ ဝမ်းသာနေတာ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဘုန်းကြီးတို့ကျောင်းနားက ဆိတ်တွေ, သိုးတွေ မောင်းသွားကြတယ်၊ လမ်းမှာပျော်ကြ မြူးကြတယ်၊ ဟို- မန္တလေးရောက်ရင် သေရမှာ မသိရှာကြဘူး (မှန်ပါ့)၊ အဲဒီတော့ ဆိတ်စိတ်, သိုးစိတ် ပေါက်နေတယ် ဆိုရင် လွဲသလား (မလွဲပါ ဘုရား)။

အေး ဒါတွေလည်း ကြပ်ကြပ်စဉ်းစားရတယ်၊ ခင်ဗျားတို့ဟာ ဆိတ်-သိုးလောက်မှ မလိမ္မာတဲ့ အဓိပ္ပာယ် မျိုး တရားနာရင်းများ ပေါ်လာရင် အဲဒါပြင်ပါဦး (မှန်ပါ့)၊ မပြင်သင့်ဘူးလား (ပြင်သင့်ပါတယ် ဘုရား)။

ဟာ ဒကာကြွယ် သတိထားနော် (မှန်ပါ့)၊ သတိထား သူက သူတော်ကောင်းယောင်ဆောင်ပြီး ဝင်လာ တာ (မှန်ပါ့ ဘုရား)။

တဏှာက ဘယ်လိုများဝင်လာသလဲ

တဏှာက ဘယ်လိုများဝင်လာသလဲ (သူတော်ကောင်းယောင်ဆောင်ပြီး ဝင်လာပါတယ်)၊ မင်းတို့အကျိုး ငါ အလိုရှိပါတယ်ဆိုပြီး သကာလ ငါ့စကား နားထောင်ပါ၊ ငါပြောတဲ့စကား တသွေမတိမ်းလိုက်နာပါ၊ မင်းမှာ သားနဲ့, သမီးနဲ့ ဖြုန်းခနဲ ဒီကနေပြီး နိဗ္ဗာန်ဘက်ကို သွားမယ်ဆိုလို့ရှိရင် မင်းပြုစုထားတာကလေးတွေကို မင်းပစ်ရက်တယ် ဆိုတဲ့ အဓိပ္ပာယ်မျိုး မရောက်ပေဘူးလား ဒါလောက်ကျအောင် ဟောတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အဲဒီမှာ ဒကာကြွယ်တို့က တရားနာမှားပြီဆိုမှဖြင့် ဟုတ်ထင်ပါရဲ့လေ (မှန်ပါ့)၊ ဟုတ်ထင်ပါရဲ့ဆိုရင်ဖြင့် တရားနာမှားပြီ (မှန်ပါ့)၊ မမှားသေးဘူးလား (မှားပါတယ်)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

အဲဒါ့ကြောင့် ဒကာ ဒကာမတို့ ရန်သူတကာ့ရန်သူထဲမှာ အကြီးဆုံးဟာဖြင့် အတွင်းရန်သူကိလေသာပဲလို့ ဒကာသစ် ဆုံးဖြတ်ချက်ချပါ (မှန်ပါ့)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

အခု ခင်ဗျားတို့ အားလုံး တရားနာကြတဲ့ပုဂ္ဂိုလ်တွေ ဘုန်းကြီးများ အင်မတန်မှ ဝမ်းသာပါတယ် (မှန်ပါ့)၊ သို့သော်လည်း ကိလေသာဒဏ်ချက်ကြောင့် ဒကာ ဒကာမတို့မှာ သားကိစ္စကလည်းမပြီး, သမီးကိစ္စကလည်းမပြီး, ပစ္စည်းကိစ္စကလည်း မပြီးနဲ့ ဒီအထဲမှာတရားနာလာရတယ် (မှန်ပါ့)၊ ဘယ့်နှယ်ကြောင့် ဒီကိစ္စတွေမပြီးအောင် ပြုံဆုံပြီး သကာလ ဝိုင်းနေပါလိမ့်မတုံးဆိုတော့ နောက်ဘဝက တဏှာပြောတာ နားထောင်ခဲ့လို့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါ ပြီ ဘုရား)။

ငါးပါး မှောက်မယ်

နောက်ဘဝများစွာက (တဏှာပြောတာ နားထောင်ခဲ့လို့ပါ ဘုရား)၊ ဒီတစ်ခါ နားထောင်ရင် ဒီ့ထက် ငါးပါး မှောက်မယ် (မှန်ပါ့)၊ ဒကာကြွယ် ထောင်ချင်သေးသလား (မထောင်ချင်ပါ ဘုရား)၊ ဟုတ်ကဲ့လားဗျ၊ ခင်ဗျားကလည်း ခါးတောင်းကြိုက်မဖြုတ်မှ ကိုက်မှာ (မှန်ပါ့)၊ အိမ်ကျလို့ ခါးတောင်းကြိုက်ပြုတ်သွားလို့ အရှုံးပေးလိုက်ရင်တော့ ကိုယ် ကျိုးနည်းပါပြီ (မှန်ပါ့)။

မပေးကြနဲ့ဆိုတဲ့ဥစ္စာ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဉာဏ်နဲ့ ကြည့်ပြီး သကာလ အကူ အညီ ပေးနေတယ် လို့ ဦးမာဒင်တို့က အောက်မေ့ရမယ် (မှန်ပါ့)၊ ဒကာသစ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အခု နောက်ဘဝက သူပေးထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ ဒီဘဝမှာ အရွယ်ရောက်တဲ့အခါမှာ သူ၏ လိမ်လည် မှုကြောင့် အိမ်ထောင်တည်မှုတွေ (မှန်ပါ့)၊ အခု ဘယ့်နှယ်နေသတုံးလို့ အိမ်ထောင်သည်တွေ မေးကြည့်တော့ ဘယ့်နှယ် ဖြေကြသတုံး မှားကုန်ပြီဘုရာ့ (မှန်ပါ့)၊ ဒါပဲဖြေတာပဲ (မှန်ပါ့)၊ ဒီ့ပြင် ဘာအဖြေထွက်သေးသတုံး (မထွက်ပါ ဘုရား)။

မှားကုန်ပြီဘုရာ့ ရှေ့ဘာဖြစ်ဦးမှာတုံး-ရှေ့ ဒီဒုက္ခထက်ကြီးမှာပဲ (မှန်ပါ့)၊ ဒါ ဒီဘဝ နားယောင်မိ တဲ့အတွက် ဒီဒုက္ခသေးသလား (မသေးပါ ဘုရား)၊ နောက်ဘဝက နားထောင်မိတဲ့အတွက် ခန္ဓာဝန်ကြီးရနေလို့ အို ဘေး-နာဘေး-သေဘေးတွေနဲ့ တွဲနေတယ် (မှန်ပါ့)၊ ဒါကော အမြတ်ထွက်ကဲ့လား (မထွက်ပါ ဘုရား)။

ဒုက္ခက ပင်လယ်ဝေနေတယ်

ဒါဖြင့် နောက်ဘဝက တဏှာနားထောင်မိလို့ ခန္ဓာကြီးရ (မှန်ပါ့)၊ ဒီဘဝ ပေါက်ပွားတဲ့တဏှာ နားထောင် မိတာနဲ့ အခု သားနဲ့မယားနဲ့ အိမ်နဲ့ယားနဲ့ဆိုပြီး သကာလ နေကြပြန်တော့လည်း ဒုက္ခက ပင်လယ်ဝေနေတယ် (မှန် လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။

အစားအသောက် အသုံးအစွဲ ကြပ်တည်းတဲ့အခါ အိမ်သူနဲ့ပင် ဆူဦးမနော် (မှန်ပါ့)၊ မဆူပေဘူးလား (ဆူမှာပါ ဘုရား)၊ ဟိုအိမ်နဲ့ဒီအိမ် ရန်ဖြစ်၊ ကိုယ့်သားမယားနဲ့ ကိုယ်နဲ့တောင်မှ မင်းက အသုံးအစွဲကြီးလို့ မင်းက ဘယ်လိုဖြစ်ရ တယ်ဆိုတာ ရှုပ်လာဦးမှာ (မှန်ပါ့)၊ မလာဘူးလား လာမလား (လာမှာပါ ဘုရား)။

လာမယ်-လာမယ် ဒီဥစ္စာ၊ ဒီအလာကလေးဟာက မပြောပလောက်သေးပါဘူး (မှန်ပါ့ ဘုရား)၊ သူခိုင်းတာ က မင်းတို့ ဒါလောက်ကလေး ပူစေချင်, ဆွေးစေချင်လို့ ငါသည် လှည့်စားတာ မဟုတ်ပါဘူး၊ ငါက ဒယ်အိုးထဲက မထွက်အောင် ငါလှည့်စားတယ် (မှန်ပါ့)၊ ဒါလောက်ကျအောင်လုပ်မယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ပေါင်းသင့်-မပေါင်းသင့် ဒကာကြွယ် (မပေါင်းသင့်ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူ့ကိုနိုင်တဲ့ ဆေးကိုဖြင့် ဘုန်းကြီးများက နေ့တိုင်း အကူအညီပေးတယ် (မှန်ပါ့ ဘုရား)၊ ပေးတာ ခင်ဗျားတို့က ဒီဆေးကို သောက်နေလို့ ရှိရင်ဖြင့် အရူးပျောက်နေတာပဲ (မှန်ပါ့)၊ ဒီဆေးလဲ လက်လွှတ်လိုက်ပါရော အိမ်စိတ်တွေ၊ ခုနင်က အရောင်းအဝယ်စိတ်တွေ၊ စီးပွားရေး အခြေအနေတွေ ပြန်တွေးလိုက် လို့ရှိရင်ဖြင့် ဒကာကြွယ် အရူးပြန်ထ,တယ် (မှန်ပါ့)၊ ကိလေသာအရူး ပြန်မထ, ဘူးလား (ထပါတယ် ဘုရား)၊အင်မတန် မဆိုးရွားဘူးလား (ဆိုးရွားပါတယ် ဘုရား)။

ကိလေသာ ဘေးဒဏ်ဟာ ကြောက်စရာအကောင်းဆုံး

အေး ဒါကြောင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ ဒီပြင် စစ်ဘေး စစ်ဒဏ် စစ်ရန် တွေကို ဘာမှ မကြောက်ဘဲနဲ့ ကိလေသာဘေးဒဏ်ကြောက်လိုက်ရင် အကုန်လွတ်ပါတယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဘယ်ဘေးဒဏ် ကြောက်စရာအကောင်းဆုံးပါလိမ့် (ကိလေသာ ဘေးဒဏ်ဟာ ကြောက်စရာ အကောင်းဆုံးပါ ဘုရား)၊ ပေါ်ပြီ (ပေါ်ပါပြီ ဘုရား)။

ပေါ်ပြီ ဒကာကြွယ်ရ၊ အခု ဒဏ်ရာတွေ ပျောက်ပလား (မပျောက်သေးပါ ဘုရား)၊ ဒီအထဲကနေပြီး နားထောင်ဦးမယ်ဆိုရင်ဖြင့် တစ်ချက်ရိုက်တာ မကျေနပ်လို့ အချက်ပေါင်းများစွာ ရိုက်တာမှ ကျေနပ်ချင်တဲ့ လူမိုက်လို ဖြစ်ရတော့မယ် (မှန်ပါ့)။ မဖြစ်ရပေဘူးလား (ဖြစ်ရပါတယ် ဘုရား)။

ဒီအထဲမှာ အားလုံးလျှောက်မေး၊ အခု သားနဲ့ မယားနဲ့၊ သေတဲ့လူလဲ သေ၊ ကျေတဲ့လူလဲ၊ ကျန်တဲ့လူ ကျန်ရစ်၊ စားစရာရှိတဲ့ ပုဂ္ဂိုလ်လဲ ရှိတယ်၊ အမြဲရှာနေရတဲ့ ပုဂ္ဂိုလ်လဲရှိတယ်၊ အားလုံးပဲ ဒီအထဲမှာဖြင့် အခု အခြေအနေအတိုင်းဆိုရင်ဖြင့် ပျော်စရာပါ ရဲ့လားလို့ မေးကြည့်ရင် ဒကာကြွယ် တစ်ပြိုင်နက် ပြောပါလိမ့်မယ်၊ ကြံဖန်ပျော်တာပါဘုရား (မှန်ပါ့)၊ တကယ်တမ်း စဉ်းစားကြည့်တော့ ပျော်စရာ မပါဘူးဆိုတာ ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)၊ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

နို့ ပျော်စရာ မပေါ်လာလို့ ဒီနေရာ ဒီဌာနက ထွက်ပြီး သကာလ တကယ့် သူတော်ကောင်းအလုပ်ကြီးပဲ၊ ခုနစ်ရက်နဲ့ ရတဲ့ အလုပ်ပဲ လုပ်ပါတော့မယ်လို့ ထွက်မယ်ဆိုပြန်တော့လဲ တဏှာက ပျော်စရာ မရှိငြားသော်လဲ မင်းသည်ကားလို့ဆိုရင်ဖြင့် ငဲ့လုံးကလေးတော့ ရှိဦးမှာပေါ့ (မှန်ပါ့)၊ ဆက်ဟောတယ် (မှန်ပါ့ ဘုရား)။ ပျော်စရာတော့ ကုန်ခဲ့လို့ ပျော်စရာအတွက်တော့ သူတို့ ရိပ်မိသွားပြီ၊ ငဲ့လုံးနဲ့ငါဟောမှပဲ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ တရားဟောဖြင့် ပထမတန်းပါပဲ (မှန်ပါ့)။

တဏှာဟောလေသမျှ

ဒကာကြွယ် အပါယ်ကျလောက်အောင် ဟောတာတောင် ရောက်တဲ့ နေရာ ရောက်တာတောင် သူလက်သည် မပေါ်အောင် အုပ်ထားတယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါဖြင့် အရွယ်ကြီးတဲ့ ပုဂ္ဂိုလ်တွေကျတော့လဲ လှည့်ပြီး ဟောပြန်တယ် (မှန်ပါ့)၊ မဟောဘူးလား (ဟောပါတယ် ဘုရား)။

ငယ်ငယ်တုန်းကတော့ သူက လိမ်ဟောတယ် (မှန်ပါ့)၊ ကဲ မင်း အိမ်ထောင် တည်ထောင်ကွာ အိမ်ထောင် တည်ထောင်လို့ ရှိရင်ဖြင့် မင်းသည်ကားလို့ဆိုရင်ဖြင့် လူချင်းတူတူ၊ သူချင်းမျှမျှ လူပုံအလယ်မှာ ထည်ထည်ဝါဝါ နေနိုင်လိမ့်မယ်၊ ဒီလို ဟောချလိုက်တယ် (မှန်ပါ့)။

အဲဒီမှာ ခင်ဗျားတို့က မှားပြီး လိုက်လိုက်တဲ့အခါကျလို့ရှိရင် ထည်ထည်ဝါဝါ နေနိုင်သလား၊ ဝမ်းရေး၊ စားရေးနဲ့ပဲ အချိန်ကုန်နေရ သလား။ (ဝမ်းရေး၊စားရေးနဲ့ပဲ အချိန်ကုန်နေရပါတယ် ဘုရား)။

ဒါဖြင့် မင်း အိမ်က ထွက်ပါတော့လားကွ၊ မင်း မှားပြီးပြီ ပြင်ပါတော့လားဆိုတော့လဲ အို နဂိုကဆိုတော့ အဟုတ်သားပေါ့ဗျာ (မှန်ပါ့)၊ နဂိုက မဟုတ်ခဲ့တာကြီး၊ နဂိုကဆိုတော့ အဟုတ်သားပေါ့ ဆိုတော့ ခက်နေတာပေါ့ (မှန်ပါ့)၊ ရိပ်မိပလား ဒကာကြွယ်ရ (ရိပ်မိပါပြီ ဘုရား)၊ ဒီကျတော့လဲ သူက ဆင်ခြေလဲပြန်တာက အကောင်း ပါရဲ့လား (မပါ,ပါ ဘုရား)၊ ကျွန်သက်ရှည်အောင်လို့ တစ်ခါလုပ်ပြန်တယ် (မှန်ပါ့)။

ဒီအရွယ်ကြီးကျမှတော့ ဒီလို ပစ်ပစ်ခါခါဆိုရင် မကောင်းဘူးလို့ လှည့်ဟောပြန်တယ် (မှန်ပါ့)၊ ဘယ်သူက ဟောပြန်သတုံး (တဏှာက ဟောပါတယ် ဘုရား)။

ငယ်ငယ်တုန်းက အပျိုအရွယ်တုန်းက ဟောပုံကတစ်မျိုး (မှန်ပါ့)၊ အခုအချိန် ဟောပုံက (တစ်မျိုးပါ ဘုရား)။

ဒါဖြင့် ဒါလောက်တရားဟောမှဖြင့် ကျုပ်တို့ ကျွန်စာရင်းက မလွတ်ကင်းအောင် ဟောနိုင်တဲ့ တဏှာသည် တရားဟောကောင်း ပုဂ္ဂိုလ်ထက် သာသေးတယ် (မှန်ပါ့)။ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ချွတ်မရတဲ့ လူတွေ အသာထားခဲ့ရတယ်၊ သူက အပါယ် မပို့နိုင်တဲ့လူ တစ်ယောက်မှမရှိဘူး (မှန်ပါ့ ဘုရား)၊ ဒါလောက် စွမ်းရည်သတ္တိရှိတယ် (မှန်ပါ့)။

ကဲ ဒါဖြင့် ဦးမာဒင်တို့ ဘယ်သူ့စကားနားထောင်မှ သင့်ပါ့မယ် (ဘုရားစကား နားထောင်မှ သင့်ပါမယ် ဘုရား)၊ ဘုရားကတော့ ဟောရှာ သားပဲဆိုရင် ခင်ဗျားတို့ ရှုံးပြီ (မှန်ပါ့)။

ဘုရားက ဟောရှာသားပဲဆိုရင် ဘယ့်နှယ်တုံး၊ ဒကာ ဒကာမတို့ (ရှုံးပါပြီ)၊ ရှုံးပြီ၊ လျှော့ပေါက်က ထွက်လာပြီကော ဒကာ ဒကာမတို့ (မှန်ပါ့)။

အခုတော့ အသိက နောက်ကျသလိုလို (မှန်ပါ့)၊ သိတဲ့အချိန် ဘယ်နောက်ကျမတုံးဗျ (မှန်ပါ့)။

ဒကာကြွယ် အသိက နောက်ကျတယ်ဆိုတာ ဘယ်သူက ပြောတာ ထင်သတုံး (တဏှာက ပြောတာပါ ဘုရား)။

အသိနောက်မကျပါဘူး

အသိနောက်မကျပါဘူးဗျ။ အရင်က တဏှာလှည့်စားထားလို့ အရူးကို မပျောက်ဘူး (မှန်ပါ့)၊ အခု အရူးပျောက်တဲ့အချိန်ဟာ ဪ ဒါ ကံကောင်းတဲ့အချိန်ဆိုလိုက်ရင် မကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ အသိနောက်ကျတယ်ဆိုပြီး တဏှာက ပြောတယ် (မှန်ပါ့)။

ဒါဖြင့် ခင်ဗျားတို့က တဏှာပြောတာချည်း ယုံနေတဲ့ အဓိပ္ပာယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)၊ ဒါကြောင့် ဒကာသစ်ရေ ပြင်ချိန်ရှိသေးလို့ အမြန်ပြင်နိုင်ရင် ကောင်းမယ် (မှန်ပါ့)။ ဒကာကြွယ် (ပြင်ချိန်ရှိသေးလို့ ပြင်ရင် ကောင်းဦးမှာပါ ဘုရား)။

နို့မဟုတ်လို့ရှိရင် ခင်ဗျားတို့ သေမည့်နေရာဟာ သား၏၊ မယား၏။ ပစ္စည်း၏ ခြေရင်းမှာ ခေါင်းစင်းပြီးသေမယ် (မှန်ပါ့)၊ သားမယား စိတ်မချတော့လဲ သားမယား ခြေရင်း မကျဘူးလား (ကျပါတယ် ဘုရား)၊ ပစ္စည်းကလေးတွေကိုလဲ ငါ မရှိလို့ရှိရင် စောင့်ရှောက်တဲ့လူ ရှိမှာမဟုတ်ဘူးဆိုပြီး ပစ္စည်းခြေရင်းမှာလဲ ခေါင်းစင်းသေလိမ့်မယ် (မှန်ပါ့)၊ မသေဘူးလား (သေပါတယ် ဘုရား)။

အဲဒီတော့ အသေကောင်းလို့ကော ဆိုလို့ရရဲ့ လား (မရပါ ဘုရား)၊ မရဘူး၊ သဘောကျပလား (ကျပါပြီ)။

သို့သော်လဲ ခင်ဗျားတို့တဏှာက လှည့်စားထားတော့ ဇရပ်ပေါ်မှာများသေမယ် ဆိုတော့ ဪ ကံဆိုးလိုက်တာ (မှန်ပါ့)၊ တဏှာက လှည့်စားထားတော့ အသံက တစ်မျိုး ထွက်လာတယ် (ထွက်လာပါတယ် ဘုရား)။

အဲဒီ ဇရပ်ပေါ်သေတဲ့ ပုဂ္ဂိုလ်က ဘာမှ အတွယ်အတာမရှိဘူး (မှန်ပါ့)၊ သုဂတိသွားဖို့ များတယ် (မှန်ပါ့)၊ ဟို သားသမီးတွေ၏ ခြေရင်း၊ ပစ္စည်းတွေ၏ခြေရင်းသေတဲ့ ပုဂ္ဂိုလ်က အပါယ်သွားဖို့ များတယ် (မှန်ပါ့)။

အဲဒါက တဏှာက လှည့်စားထားတာ၊ ဒကာကြွယ်တို့က ဪ ကံမကောင်း အကြောင်းမသင့်ရှာတော့ ကိုယ့်အိမ်ကိုယ့်ယာတောင် မသေနိုင်ရှာဘူး တဲ့ (မှန်ပါ့)။ တယ် ကိုယ့်အိမ်ကိုယ့်ယာ သဘောကျ နေတာကိုး (မှန်ပါ့)၊ သားမယားခြေရင်း ခေါင်းစင်းပြီး သေရလို့ရှိရင် သေပျော်ပြီများ အောက်မေ့ နေသလား မပြောတတ်ပါဘူး (မှန်ပါ့)၊ ရိပ်မိပလား ဒကာကြွယ်ရ (ရိပ်မိပါပြီ ဘုရား)။

တဏှာဝင်လာတာကို လူတိုင်း မသိဘူး

အဲဒါ တဏှာဝင်လာတာကို လူတိုင်း မသိဘူး (မသိပါ ဘုရား)၊ ဇရပ်ပေါ်သေတဲ့လူ ပြောတော့ ဦးမာဒင်တို့က ဘယ်လိုပြောသတုံး (ကံမကောင်း အကြောင်းမသင့်လို့ ပြောပါတယ် ဘုရား)။ “” ဪ ကိုယ့်အိမ်ကိုယ်ယာ မသေရရှာဘူး (မှန်ပါ့)၊ ကိုယ့်အိမ် ကိုယ့်ယာ ဆိုကတည်းက ဘယ်သူက ထွက်တဲ့ အသံတုံး၊ စဉ်းစားကြည့်၊ (တဏှာက ထွက်တဲ့အသံပါ ဘုရား) တဏှာဒိဋ္ဌိက ထွက်တဲ့အသံ၊ အဲဒီမှာ ဒိဋ္ဌိခြေရင်း ခေါင်းစင်းသေပါ့မယ် ပြောတာနဲ့ ထူးသေးရဲ့လား (မထူးပါ ဘုရား)။

ဒိဋ္ဌိသာ မပြုတ်သေးလို့ရှိရင် အပါယ်လေးပါး သွားရမယ်ဆိုတာလဲ ဆရာဘုန်းကြီးပြော လို့ ဒကာ ဒကာမတွေ ဝေနေအောင်သိပါပြီ (မှန်ပါ့)၊ ဒီအထဲကနေပြီး ကိုယ့်ပါးစပ်ထဲက ထွက်လာတာကျတော့ ဒိဋ္ဌိသံကမစွန့်ဘူး (မစွန့်ပါ ဘုရား)၊ ဟိုလူ ဇရပ်ပေါ် သေနေရှာတယ်၊ ဟို ဒကာမလေးဟာ ဇရပ်ပေါ် သေနေရှာတယ်၊ ကံများ မကောင်းရှာဘူး၊ ကိုယ့်အိမ် ကိုယ့်ယာကလေးတောင်မှ မရောက်ရှာဘူး (မှန်ပါ ဘုရား)၊ ကျုပ်တို့တော့ သေခြင်းသေရင် ဒီလိုတော့ မသေချင်ဘူး (မှန်လှပါ ဘုရား)၊ ဘယ်သေချင်ကြသတုံး (ကိုယ့်အိမ်ကိုယ့်ယာ မှာပါ)၊ သွားပြီကောဗျ (မှန်ပါ့)၊ ကိုယ့်အိမ် ကိုယ့်ယာ ဆိုကတည်းက ဘာ လာတာတုံး (ဒိဋ္ဌိက လာတာပါ ဘုရား)။

အဲဒီတော့ ဒိဋ္ဌိခြေရင်း ခေါင်းစင်းသေချင်တယ် (မှန်ပါ့)၊ တဏှာ ခြေရင်းမှာ (ခေါင်းစင်းသေချင်ပါတယ် ဘုရား)၊ ဒါမှ သေခြင်းဆိုး သေရမှာ (မှန်ပါ့)။

တဏှာဒိဋ္ဌိတို့၏ လက်ချက်

အဲဒါကို ခင်ဗျားတို့က ဉာဏ်က သိပ်လွဲနေတာဒကာကြွယ်ရ (မှန်ပါ့)၊ နောက်တော့ သေတာ နေရာရွေးလို့ကောရရဲ့လား (မရပါ ဘုရား)၊ မရပါဘူး၊ အကောင်းဆုံးနေရာကတော့ အာရုံကင်းတဲ့နေရာမှာ သေရ၊ ကြေရတာ အကောင်းဆုံးပဲ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ သူများ ချီးမွမ်းတာတွေ အမှန် ဟုတ်ကြရဲ့လား (မဟုတ်ပါ ဘုရား)၊ ပြင်ဦး ဒကာကြွယ်ရ (မှန်ပါ့)၊ ဒါ တဏှာဒိဋ္ဌိတို့၏ လက်ချက်တွေ (မှန်ပါ့ ဘုရား)၊ ခင်ဗျားတို့ပါးစပ်က ထွက်လာလို့ရှိရင် ဒါ တဏှာသံပဲ၊ ဒါ ဒိဋ္ဌိသံပဲဆိုတာ ကိုယ့်ဟာကိုယ်လဲ အကဲခတ်ကြဦး (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)။

ကိုင်း ဒါတွေက ဒကာ ဒကာမတို့ တဏှာလှည့်စားတာကို မသိပြန်လို့ရှိရင်လဲ မဖြစ်ဘူးဗျ (မှန်ပါ့)၊ လှည့်တာကို သိတဲ့ပုဂ္ဂိုလ်ကျတော့လဲ မင်း လာပလားဆိုပြီး သူ့ကို ရှုပစ်တယ် (မှန်ပါ့)။

လှည့်စားတာ မသိလိုက်လို့ရှိရင်ဖြင့် တစ်နေ့လုံးမှာ အအား မရှိတော့ဘူး ပန်ပါ့)၊ဒကာသစ်တို့ကို တဏှာက မနက်မိုးလင်း ကျတော့ကို ဆိုင်သွားလိုက်ပါဦး ဖို့ တိုက်တွန်းလိုက်တယ် (မှန်ပါ့)၊ နေဝင်မှ အားတော့တယ်။ တစ်ချက် နားထောင်လိုက်တာ (မှန်ပါ့)။

မနက်က တစ်ချက်တည်း နားထောင်လိုက်တာ၊ ဒကာကြွယ် ဘယ့်နှယ်နေသလဲ (နေဝင်မှ အားပါတော့တယ် ဘုရား)၊ နက်ဖြန်ဖို့များ ချန်ထားခဲ့ရသေးလား (ချန်ထားခဲ့ရပါတယ် ဘုရား)၊ ချန်ထားခဲ့ရသေးတယ်၊ လုပ်ဖို့ ကိုင်ဖို့ (မှန်ပါ့ ဘုရား)၊ ကိုင်း တစ်ချက်တည်း နားထောင်လိုက်တာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာကြွယ် တစ်ချက်တည်း နားထောင်တာကို ဒကာကြွယ်တို့ အခု သွားကျိုးဆံဖြူ၊ ငယ်မူတွေတောင် ပျောက်လာပြီ၊ မင်း အိမ်ထောင်ကလေးရှိမှ တော်မယ်ဆို တာနဲ့ တစ်ချက် နားထောင်မိတာနဲ့ အခု ဘယ့်နှယ်နေသတုံး၊ အရှိန်သတ်လို့ကို ရသေးရဲ့လား (မရပါ ဘုရား)။ တော်-တော်သေးတယ်၊ အခု ဒီတရားနာတဲ့ အချိန်ကလေးဟာ သူ ခိုင်းတဲ့အချိန်ကို အရှိန်သတ်ထားတာ (မှန်ပါ့)၊ နို့မဟုတ်လို့ ရှိရင်ဖြင့် ဒီအရွယ်ကြီးတွေပေမယ့် ကျွမ်းထိုးမှောက်ခုံခိုင်းတာပဲ (မှန်ပါ့)၊ ရိပ်မိ ပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်သည် မြင်နိုင်ခဲတယ်

အံမာလေး တဏှာအကြောင်း ရိပ်မိရင် ဘုရားက နိဗ္ဗာန်ရောက်တယ်လို့ ဟော ထားတယ် (မှန်ပါ့)၊ ဒါ့ကြောင့် ဒီစကားကို ဒါလောက်ပြောနေပါတယ် (မှန်ပါ့ ဘုရား)။

ဒုဒ္ဒသံ အနတ္တံ နာမ၊ အနတ္တံ နာမ-အနတ္တမည်တဲ့ နိဗ္ဗာန်သည်၊ ဒုဒ္ဒသံ-မြင်နိုင်ခဲတယ် ကွတဲ့ (မှန်ပါ့)၊

ဘာဖြစ်လို့ နိဗ္ဗာန်မမြင်နိုင်ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးတဲ့အခါကျတော့ “ပဋိဝိဒ္ဓါ တဏှာ ဇာနတော” တဏှာထိုးထွင်း၍ သိရင်တော့ မြင်ရဲ့ကွ တဲ့ (မှန်ပါ့)၊ တဏှာ တဏှာအလုပ်ခိုင်းတာတွေ ကိုယ်က နည်းနည်းမှ မရိပ်မိတော့ နိဗ္ဗာန် ဘယ်တော့မှ မမြင်ဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် တဏှာပေါ်လာတိုင်း ပေါ်လာတိုင်း ခိုင်းတာကို လုပ်မိတာတွေ ပေါ်လာလို့ ဒကာ ဒကာမတွေက မနိုင်လို့ရှိရင်ဖြင့် နိဗ္ဗာန် ဘယ်တော့မှ မမြင်ဘူး (မှန်ပါ့)။ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

“ပဋိဝိဒ္ဓါ တဏှာ ဇာနတော့” လို့ ဣတိဝုတ်ပါဠိတော်များမှာ လာပါတယ်။ ဥဒါန်းပါဠိတော်မှာလဲ ပါပါတယ် (မှန်ပါ့)၊ အဲဒါကြောင့် ဒကာ ဒကာမတို့ တဏှာ အကြောင်း ကောင်းကောင်းသိရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

တဏှာအကြောင်း (ကောင်းကောင်းသိရင် နိဗ္ဗာန်ရောက်ပါတယ်)၊ ဒကာကြွယ် ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကောင်းကောင်း မသိရင် ဘယ်သွားမယ် ထင်သတုံးဗျ (အပါယ်သွားမှာပါ)၊ အဲ ရိပ်မိပြီ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ တဏှာ၏ ဆန့်ကျင်ဘက် ဆိုတာလဲ ပေါ်သွားပြီ (ပေါ်သွားပါပြီ ဘုရား)။

ကဲ ဒါဖြင့် သူ ဝင်လာလို့ရှိရင်ဖြင့် ဒကာကြွယ် မြန်မြန်သိအောင် လုပ်နော် (မှန်ပါ့)၊ ထုံပေပေ လုပ်မနေနဲ့၊ ခင်ဗျား လူပါးလုပ်ပြီးတော့ ထုံပေပေလုပ်မနေနဲ့ (မှန်ပါ့)၊

ဆွမ်းတော်ထက် ဦးလိမ့်မယ်

သူက မနက်မိုးလင်း လာလို့ရှိရင်ဖြင့် ဆွမ်းတော်ထက် ဦးလိမ့်မယ်လို့ ဘုန်းကြီးဟောထားတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုဟောထားတုံး (ဆွမ်းတော်ထက်ဦးမှာပါ)၊ အေး ဆွမ်းတော် ကြွလာတာထက် သူက ဦးအောင် လာလိမ့်မယ် (မှန်ပါ့)၊ မလာပေဘူးလား (လာပါတယ်)၊ လာရင် ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ် ဘုရား)၊ ရှုနိုင်ရင်ရှု၊ မရှုနိုင်ရင်တော့ ခေါင်းငုံ့ခံလိုက်ပေတော့ (မှန်ပါ့)၊ မရှုနိုင်ရင် တစ်နေ့လုံး လျှာထွက်အောင်ခိုင်းမယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် မရှုနိုင်ရင် (တစ်နေ့လုံး လျှာထွက်အောင် ခိုင်းမှာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ လာတိုင်း ရှုနေမယ်ဆိုလို့ရှိရင်လဲ ဒကာ ဒကာမတွေ နိဗ္ဗာန် ရောက်တော့မယ် (မှန်ပါ့)၊ မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)။

“ ပဋိဝိဒါ တဏှာဇာနတော” တဏှာကို ထိုးထွင်းလို့ သိလို့ရှိရင် “ပဿတော နတ္ထိ ကိဉ္စနံ” တဲ့၊ ကြောင့်ကြခြင်းမရှိတဲ့ နိဗ္ဗာန်ကို သေသေချာချာ မြင်နိုင် ရောက်နိုင်တယ်ကွ တဲ့ (မှန်ပါ့)၊ သေသေချာချာ ဟောတာပဲ (မှန်ပါ့ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ဒဏ်ချက်မပျောက်တဲ့ပုဂ္ဂိုလ်က ဒဏ်ရာ နောက် ထပ်မရှာပါနဲ့ (မှန်ပါ့ ဘုရား)။

ဒဏ်ရာ နောက်ထပ်မရှာပါနဲ့

ဘယ်လိုမှာသတုံး (ဒဏ်ချက်မပျောက်တဲ့ပုဂ္ဂိုလ်က ဒဏ်ရာ နောက်ထပ်မရှာပါနဲ့) နောက်ထပ် ဒဏ်ရာမရှာပါနဲ့လို့ ဟောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဒီစကား အရေးကြီးတယ်နော် (ကြီးပါတယ်)၊ ဒဏ်ချက်မပျောက်ခင်က (ဒဏ်ရာ နောက်ထပ်မရှာပါနဲ့) အခု အိုဘေး၊ နာဘေး၊ သေဘေးလွတ်ပလား (မလွတ်သေးပါ)၊ ဒါ တဏှာဒဏ်ချက် မဟုတ်ဘူးလား (မှန်ပါ့ ဘုရား)။

နောက်ထပ် သူ့စကား နားထောင်မယ်ဆိုလို့ ရှိရင် ဒကာ ဒကာမတို့ ဘာဖြစ်မယ် ထင်သတုံး (ဒဏ်ချက်ထပ်ရှာတာပါ)၊ အိုဘေး၊ နာဘေး၊ သေဘေးဆိုတဲ့ ဒဏ်ရာတွေ အကြီးအကျယ် ပြန်မရပေဘူးလား (ရပါတယ် ဘုရား)။

ဒါဖြင့် ဒကာကြွယ် ဒဏ်ရာမပျောက်ခင်က နောက်ဒဏ်ချက် မရှာနဲ့ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အသံကလေး ထွက်လာရင်ပဲ ခင်ဗျာတို့ ကိုယ့်ကိုယ်ကိုယ်လဲ ရိပ်မိ ကြပါ (မှန်ပါ့)၊ ကိစ္စကလေးက ကိုယ်ပါမှ ပြီးမှာဆိုလို့ရှိရင်ဖြင့် ဒါ ဘယ်သူ ထင်သတုံး ဒကာကြွယ် (ဒိဋ္ဌိပါ)၊ ကိုယ်မှ မရှိဘဲနဲ့ မပါဘူးဟေ့၊ ဒီလို တင်းရမယ် (မှန်ပါ့)၊ ကိုယ်ကော ရှိရဲ့လား (မရှိပါ)၊ မရှိလို့ ဘာတုံး၊ မပါတော့ဘူးပေါ့ (မှန်ပါ့ ဘုရား)။

ကိုယ်မပါရင် မပြီးဘူးလို့ သူက ဟောလိမ့်မယ် (မှန်ပါ့)၊ အဲဒီတော့ ခင်ဗျားတို့က ဘယ်လိုပြန်မတုံး (ကိုယ်မှ မရှိတာပါ)၊ ကိုယ်မှ မရှိဘဲကွာ၊ မပြီးတာရယ်လို့ နားမလည်ဘူး (မှန်ပါ့) သူမှ မရှိဘဲနဲ့ ဥစ္စာ၊ မပြီးဆိုတဲ့စကား မလာနဲ့တော့ (မှန်ပါ့ ဘုရား)။ ဒီလိုများ ဒကာကြွယ် ပြန်ပြောဖူးရဲ့ လား (မပြောဖူးပါ ဘုရား)၊ အံမာလေး ငယ်ကျွန်ပီလိုက်တဲ့ဖြစ်ခြင်းမှ ဟုတ်ပါ့-မှန်ပါ့ချည်း ကျနေတာပဲ (မှန်ပါ့)၊ အတော်ဆိုးနေ တယ်ဆိုတာ ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။

အေး ဒါကြောင့် တဏှာဆိုးကြောင်းကိုဖြင့် ရှေ့ပိုင်းမှာ အခု ဒကာ ဒကာမတွေ တော်တော်ရှင်းပါပြီ (ရှင်းပါပြီ)၊ဒါ လာတိုင်း လာတိုင်း ဒကာကြွယ် ဝိပဿနာရှုပါ။ (မှန်ပါ့ ဘုရား)။

ဝိပဿနာ မလစ်လိုက်နဲ့

ဒါဖြင့် ရှုစရာများ ဦးမာဒင် ရှားနေဦးမှာလား (မရှားပါ)၊ မရှားပါဘူးတဲ့၊ သူက ချောင်းမြောင်းနေတယ် (မှန်ပါ့)၊ နည်းနည်းမှ ဝိပဿနာ မလစ်လိုက်နဲ့၊ လစ်လိုက်ရင် ငါ ဝင်မယ်ဆိုတဲ့ အဓိပ္ပာယ် (မှန်ပါ့ ဘုရား)။

နည်းနည်း ဝိပဿနာကလေး၊ ဖြစ်ပျက်မှုကလေး ခဏနားဦးမှ ထင်ပါရဲ့လို့ဆိုရင် ကိလေသာက ဝင်လာပြီ (မှန်ပါ့)၊ ဘာဖြစ်လို့တုံး၊ ဘယ်လိုဝင်လာသတုံးမေးတော့ မင်းအရွယ်ကလေးကလဲ ကြီးပြီ၊ တဖြည်းဖြည်းတက်တာပေါ့ (မှန်ပါ့)၊ အင်း လာပြီ၊ တဖြည်းဖြည်း တက်တာပေါ့ဆိုတော့ တဖြည်းဖြည်းတက်ရင်းနဲ့ ဟိုမှာ ကိစ္စတွေက ပေါ်လာတော့ ဖြည်းရာက ရပ်သွားတယ် (မရပါ)၊ နဂိုက ဖြည်းနေရတဲ့ အထဲ ဘယ့်နှယ်နေသလဲ (ရပ်သွားပါတယ်)၊ ရပ်သွားတဲ့ အဓိပ္ပာယ်မျိုး ရောက်အောင် သူလုပ်တာ (မှန်ပါ့)၊ ကဲ ဒါဟာ ဘယ်သူဝင်လာတာ ဆိုတာ ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

တဖြည်းဖြည်း တက်တာပေါ့ဆိုတော့ သူ တရားခံလုပ် ဝင်လာတာ ဒကာကြွယ် (မှန်ပါ့)၊ ဘာနဲ့ဝင်လာသလဲ (တဖြည်းဖြည်းနဲ့ ဝင်လာပါတယ်)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ခင်ဗျားတို့ အိမ် သူတောင်းစားတောင်းသလို ဖြစ်နေတယ် (မှန်ပါ့)၊ ဘကြီးတို့၊ ဦးကြီးတို့မှာ နောက်ဘဝက ဒါနကြီးလို့ ချမ်းသာပါတယ်၊ ကျွန်တော်တို့ မချမ်းသာလို့ ပေးပါဦးဆိုပြီး တရားသံနဲ့ တောင်းတာ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒီမှာလဲ သူက ဘယ်လိုအသံနဲ့ ဝင်သတုံး (တရားသံနဲ့ ဝင်ပါတယ်)၊ အဲဒါကို ဒကာကြွယ်တို့က ဟုတ်ထင်ပါရဲ့ ဆိုပြီး လိုက်သွားရင်တော့ ငါးပါးမှောက်ပါလိမ့်မယ် (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ကဲ ဒါဖြင့် ဒကာ ဒကာမတို့ သုတ္တန်တစ်ခုကို ကျုပ်တို့ အရေးကြီးစွာ ဒီတဏှာနိုင်တဲ့ ဥစ္စာကို ပြောကြပါစို့ (မှန်ပါ့ ဘုရား)။

ရှင်ပုဏ္ဏဆိုတာ

ဘုရားသခင် ကိုယ်တော်မြတ်ကြီး လက်ထက်က တစ်နေ့က ပြောခဲ့တယ် ဦးမာဒင်တို့ ကြားခဲ့ပါပြီ၊ ရှင်ပုဏ္ဏဆိုတာ မန္တာနီပုဏ္ဏမရဲ့ သားပေါ့ဗျာ (မှန်ပါ့)၊ သူက တရားဟောတဲ့ နေရာမှာ အင်မတန်မှ အကွက်ကျပြီး သောတာပန်တည်အောင်၊ သကဒါဂါမ် အနာဂါမ်တည်အောင် ဟောနိုင်တဲ့ ပုဂ္ဂိုလ်တစ်ပါးပါပဲ (မှန်ပါ့)၊ ဒကာကြွယ် သိပ်အဖိုးတန်တဲ့ ပုဂ္ဂိုလ်ပေါ့ဗျာ (မှန်ပါ့ ဘုရား)။

သူက ကပိလဝတ်ပြည်မှာ သီတင်းသုံးနေတယ်၊ ရှင်သာရိပုတ္တရာနဲ့ မြတ်စွာဘုရားက သာဝတ္ထိပြည်မှာ သီတင်းသုံးနေတယ် (မှန်ပါ့)၊ သီတင်းသုံးနေပြီး သကာလ နေတော့ သူ့ကျောင်းမှာလဲ သံဃာတွေက များတယ်၊ သံဃာတွေကို နေ့တိုင်းဆုံးမတယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုများဆုံးမသတုံး ဆိုတော့ကွာ၊ ရဟန်းဆိုတာ အလိုနည်း အောင် ဘာဖြစ်ဖြစ် မရှိတဲ့ကိစ္စ ဟူသရွေ့ဟာဖြင့် မရှာနဲ့တဲ့၊ ရှာရင် တဏှာကြောင့်၊ ဒါကြောင့် အလိုနည်းတဲ့ ဂုဏ်နဲ့ ပြည့်စုံအောင် နေပါတဲ့ (မှန်ပါ့ ဘုရား)။

မာန်မာန-မရှိပါနဲ့၊ တဏှာမရှိပါနဲ့၊ ဣဿာမရှိပါနဲ့၊ မစ္ဆရိယမရှိပါနဲ့၊ မာယာ မရှိပါနဲ့၊ သာထေယျ မရှိပါနဲ့လို့ ရဟန်းတွေကို အကုန်ဟောတယ် (မှန်ပါ့)၊ သူကလဲ ဒီအတိုင်း ကျင့်တယ် (မှန်ပါ့)၊ အဟောခံရတဲ့ ရဟန်းပေါင်းများစွာကလဲ ဒီအတိုင်းပဲ ကျင့်ကြတယ် (မှန်ပါ့ ဘုရား)။

ဒီအတိုင်းပဲ ကျင့်ကြတော့ သူတို့မှာ အားလုံးပဲ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် တွေ ဖြစ်ကြပြီး သကာလ တစ်နေ့သ၌ကျတော့ ဒီရှင်ပုဏ္ဏ၏တပည့်က သာဝတ္ထိပြည်သို့ ကြွလာတယ်၊ ကပိလဝတ်ပြည်ကနေပြီး သာဝတ္ထိပြည် ဘုရားရှိရာသို့ ကြွလာပြီးတော့ ဘုရားရှေ့တော်ဝင်ပြီး ဝပ်ချတယ် (မှန်ပါ့ ဘုရား)။

အလိုနည်းအောင်ပဲ ဟောပါတယ်

မင်းတို့ ဘယ်သူ့တပည့်တွေတုံးကွလို့ ဘုရားကမေးတယ်၊ ရှင်ပုဏ္ဏရဲ့ တပည့်တွေပါ ဘုရား၊ မင်းတို့ဆရာ ဘယ်လို ဟာလေ့ရှိသတုံးကွလို့မေးတော့ သူကလဲ အလိုနည်းတဲ့ ဂုဏ်နဲ့ပြည့်စုံတဲ့ ပုဂ္ဂိုလ်ဆိုတော့ တပည့်သားမြေးတွေလဲ အလိုနည်းအောင်ပဲ ဟောပါတယ် ဘုရား။

မရှိတာဟူသရွေ့ တို့ဆီမှာချည်းပဲလို့ ဟောထားပါတယ်၊ မရှိတာမရှာနဲ့ကွဆိုပြီး သကာလ “မာယာ သာဌေယျ ဣဿာ မစ္ဆရိယတွေ ဘာမှ မရှိစေနဲ့ကွ” လို့ ဟောလို့ တပည့်တွေကလဲ အကုန်မရှိအောင် ကျင့်ကြပါတယ်ဘုရား။ သူလဲ မရှိအောင်နေပါတယ်ဆိုတော့ ဘုရားက သာဓု သာဓု ခေါ်တော်မူတယ် (မှန်ပါ့ ဘုရား)။

သာဓုခေါ်တော့ ရှင်သာရိပုတ္တရာက အနားက ကြားတယ်၊ အင်း ဘယ်သူ့များ သာဓုခေါ်နေပါလိမ့်မလဲ၊ ဘုရား သာဓုခေါ်တဲ့လူဆိုတာ အင်မတန်ရှားတယ် ဆိုပြီး သကာလ ဘုရားသခင် ကိုယ်တော်မြတ်ကြီး အနား သူကပ်သွားပြီးတော့ သူ့တပည့်တစ်ယောက်ကလဲ အရှင်ပုဏ္ဏ နောက်ကပါနေတယ်၊ ရှင်သာရိပုတ္တရာ တပည့်က (မှန်ပါ့ ဘုရား)။

တွေ့ချင်လိုက်တာ လွန်လို့

ဒါနဲ့ သူကပြန်လာတော့ ဟေ့-ဟိုထဲမှာ ဘုရား သာဓု ခေါ်တော်မူတာ ဝမ်းမြောက် ဝမ်းသာနဲ့ တော်တော့်ကို နှစ်ခြိုက်တော်မူပုံရတယ်၊ ဒါကြောင့် ဘယ်သူ့ သာဓုခေါ်တော်မူသလဲ၊ အို အရှင်ပုဏ္ဏအကြောင်း လျှောက်ထားတာတွေ သာဓု ခေါ်နေတာဘုရား၊ ရှင်ပုဏ္ဏ၏ တပည့်က လျှောက်ထားပြလို့ သာဓုခေါ်နေတာဆိုတော့၊ ရှင်သာရိပုတ္တရာ၏ တပည့်ကပြော တော့ ရှင်သာရိပုတ္တရာက ညည်းရှာတယ်၊ အို ဒီရှင်ပုဏ္ဏဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ဘယ်တော့များ တွေ့ရပါ့မလဲ၊ တွေ့ချင်လိုက်တာ လွန်လို့ ဆိုပြီး နေ့တိုင်း ညည်းနေတယ် (မှန်ပါ့ ဘုရား)။

နေ့တိုင်း ညည်းတယ်၊ သူတော်ကောင်းသံကို သူက ကြားချင်တော့၊ ကြားပြီးသားလဲ ဖြစ်ပြီး သကာလ နေတော့၊ ဘုရား သာဓုခေါ်တဲ့ ပုဂ္ဂိုလ်လဲ ဖြစ်ပြန်ဆိုတော့ အလွန်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဆိုတာ သိနေတယ် (မှန်ပါ့ ဘုရား)။

သိနေတာနဲ့ပဲတဲ့ ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာက သူ့တပည့်တွေနဲ့ နေ့တိုင်း စည်းဝေးပြီး ပုဏ္ဏနဲ့ ငါတွေ့ချင်တယ်ကွာ ပုဏ္ဏကို ငါတွေ့ချင်တယ်ကွာလို့ နေ့တိုင်း ဒါပဲ ညည်းနေတယ် (မှန်ပါ့ ဘုရား)။

နောက် သုံးလေးလနေတော့ ဝါလဲ ကျွတ်တဲ့အခါ ရှင်ပုဏ္ဏကလဲ ဘုရားဆီ မရောက်တာ ကြာပြီဆိုပြီး သူ့ အိပ်ရာလိပ်ကလေး ဘာကလေး သိမ်းဆည်းပြီး သကာလ သပိတ်တစ်လုံး၊ သင်္ကန်းသုံးထည်နဲ့ ကပိလဝတ် ပြည်ကနေပြီး ဒကာကြွယ်ရေ သာဝတ္ထိပြည် ဘုရားရှိရာသို့ လာခဲ့တယ် (မှန်ပါ့ ဘုရား)။

လာခဲ့တဲ့အခါကျတော့ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ပုဏ္ဏ လာသလားကွဆိုပြီး အမျိုးမျိုး အဖုံဖုံမေးပြီး သကာလ သာဓုခေါ်ပြန်တယ် (မှန်ပါ့ ဘုရား)။

တယ် တော်တယ်ကွာ၊ မင်းလို ပုဂ္ဂိုလ်လဲ ရှာမှရှားတယ်ဟေ့၊ ငါဘုရားသာသနာတော် မှာ မင်းလို ပုဂ္ဂိုလ်ချည်းရှိရင် သိပ်ကောင်းမှာပဲ အစရှိသည်နဲ့ သာဓု အနုမောဒနာခေါ်ပြီး သကာလ နေတော့ ရှင်သာရိပုတ္တရာ တပည့်တစ်ယောက်က ကြားတယ် (မှန်ပါ့ ဘုရား)။

အရှင်ဘုရား အရှင်ဘုရား နေ့တိုင်းတောင့်တတဲ့ အရှင်ပုဏ္ဏဟာ ဘုရားက တရားဓမ္မတွေ ဟောပြော နေပါတယ်ဘုရားဆိုတော့ အေး တွေ့ရပြီကွာ၊ ဝမ်းသာတယ် ဆိုပြီး ရှင်ပုဏ္ဏကလဲ ဘုရားသာဓုခေါ်ပြီး သူ့ကိစ္စပြီးတာနဲ့ ဟို သုသာန် အန္ဓဝနတောဆိုပြီး အဲဒီကို လှည့်ပြီး ကြွသွားတယ် (မှန်ပါ့)။

ရှင်သာရိပုတ္တရာကလဲ နေရာထိုင်ကလေး ကပျာကယာယူပြီး သကာလ ဒကာကြွယ် နောက်က လိုက်တာပဲ (မှန်ပါ့ ဘုရား)၊ နောက်က လိုက်ပြီးသွားတော့ တချို့နေရာလဲ ခေါင်းမြင်ရ၊ တချို့နေရာ မှာလဲ သွားတာလာတာ မြင်ရ၊ အနိမ့်အမြင့်တွေကိုးဗျ (မှန်ပါ့)။

ဖလသမာပတ်တွေ ဝင်စားနေတယ်

ဒါနဲ့ ရှင်ပုဏ္ဏကလဲ အဲဒီ သုသာန်တောထဲမှာ တရားဓမ္မဆင်ခြင်ပြီး ဖလသမာပတ်တွေ ဝင်စားနေတယ် (မှန်ပါ့ ဘုရား)၊ ရှင်သာရိပုတ္တရာကလဲပဲ ငါလဲ ဖလသမာပတ်ဝင်စားပြီး နေဦးမှပါပဲဆိုပြီး သကာလ သူကလဲ တစ်နေရာမှာနေပြီး ဖလသမာပတ် ဝင်စားနေတယ် (မှန်ပါ့)၊ ဖလသမာပတ် ဝင်စားတယ် ဆိုတာ ဒကာ ဒကာမတို့ ဖိုလ်ဇောတွေချည်း ဆက်တိုက်ဖြစ်ပြီး ဒုက္ခချုပ်တဲ့ဆီကို ဉာဏ်ရောက်နေတာလို့ မှတ်ပါ (မှန်ပါ့)။

ဒုက္ခချုပ်တဲ့ဆီကို (ဉာဏ်ရောက်နေပါတယ် ဘုရား)၊ အဲ့ , ဒုက္ခ ချုပ်တဲ့ဆီကို ဉာဏ်ရောက်နေတဲ့ ပုဂ္ဂိုလ်များဟာ ဒကာ ဒကာမတို့ အသက်တမ်းကိုလဲ ရှည်စေနိုင်တယ် (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ အသက်တမ်းကိုလဲ တားနိုင်တယ်။ (မှန်ပါ့)၊ သေမည့် ဟာတောင်မှ ဆိုင်းအောင် တားနိုင်တယ် (မှန်ပါ့)။

ဒါနဲ့ ဒီကိုယ်တော်နှစ်ပါး ညနေကျလာတော့ ဆယ့်နှစ်နာရီလောက် ကနေ ညနေကျ လာတော့ ကဲ တော်ပြီ၊ တော်ပြီ၊ ဖလသမာပတ်ဝင်စားရတာဖြင့် အတော်ကလေး ခရီးပေါက်သွားပြီ ဆိုပြီး သကာလ ထ,လာကြတော့ ရှင်သာရိပုတ္တရာကပဲ သွားရှာတယ် (မှန်ပါ့)။

ထို့နောက် ရှင်သာရိပုတ္တရာက မန္တာနီ၏သား အရှင်ပုဏ္ဏထံသို့ ချဉ်းကပ်ပြီးလျှင် အရှင်ပုဏ္ဏနဲ့အတူ ဝမ်းမြောက်ဖွယ်၊ အမှတ်ရဖွယ် စကားကို ပြောဆို ပြီးဆုံးစေ၍ သင့်လျော်သော နေရာ၌ထိုင်ကာ အင်း သူတွေ့ချင်တဲ့ပုဂ္ဂိုလ် မျှော်လင့်နေတာ ကြာလှပြီ ဒီတစ်ခါတော့ဖြင့် ပုစ္ဆာကလေးတစ်ခု မေးဦးမှပဲဆိုပြီး မေးချင်တဲ့စိတ် ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ဟိုကလဲ ဖြေချင်တဲ့စိတ် ရှိလျက်ပါပဲ (မှန်ပါ့)။

အရှင်ပုဏ္ဏကလဲ ဖြေချင်တဲ့စိတ်ရှိလျက် (မှန်ပါ့)၊ အဲဒီတော့ ဒကာ ဒကာမတွေကို ဒီနေရာ ဘုန်းကြီးက သတိပေးစကား ပြောကြားပါတယ် (မှန်ပါ့ ဘုရား)၊ သူတို့ မေးတဲ့ ဖြေတဲ့၊ တစ်ပါးက မေး၍ တစ်ပါးက ဖြေပါလိမ့်မယ် (မှန်ပါ့)။

မသိလို့ မေးနေတယ်လို့ မယူပါနဲ့

အဲဒီ အမေးအဖြေဟာ ရှင်သာရိပုတ္တရာက မသိလို့ မေးနေတယ်လို့ မယူပါနဲ့ (မှန်ပါ့)၊ ရှင်ပုဏ္ဏကလဲ မသိချင်ယောင်ဆောင်ပြီး သကာလ ကြွားချင်ဝါချင်လို့ ဖြေနေတယ်လို့ ဒီလိုလဲ မယူလိုက်ပါနဲ့ (မှန်ပါ့)၊ သူတို့ နှစ်ပါးလုံးဟာ ရဟန္တာချည်းပါပဲ (မှန်ပါ့)။ သူတို့ နှစ်ပါးစလုံးဟာ ရဟန္တာချည်းဖြစ်ပြီး သကာလ နေတော့ ဪ နောင်လာ နောက်သားတွေ ကျင့်စဉ်သိပါစေတော့ဆိုပြီး အမေး အဖြေလုပ်ကြလိမ့်မယ် (မှန်ပါ့)။

ဒါဖြင့် သူတို့ နှစ်ပါး မသိလို့ မေးကြမြန်းကြတာလား၊ ဒကာ ဒကာမတို့ နောင်လာ နောက်သားတွေ အတွက် ထားချင်လို့လား (နောင်လာ နောင်သားတွေအတွက် ထားချင်လို့ ပါ ဘုရား)၊ ဒါဖြင့် ဒကာကြွယ် ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား)။

ဒါဖြင့် ကျုပ်တို့ အတွက်လို့ ဆိုကြစို့ (မှန်ပါ့)၊ ဒကာ ဒကာမတွေအတွက်လို့ ဆိုလို့ရှိရင်လဲ မလွဲပါဘူး (မလွဲပါ ဘုရား)။

နှစ်ပါးလုံး ရဟန္တာချည်းပဲ အာသဝေါကုန်ပြီးသားပဲ၊ တစ်ပါးနဲ့ တစ်ပါး လမ်းစဉ်က နိဗ္ဗာန် အကုန် ရောက်ပြီးသား ပုဂ္ဂိုလ်တွေပဲ၊ တစ်ပါး လာတဲ့လမ်းနဲ့ တစ်ပါးလာတဲ့လမ်း မထူးပါဘူး (မှန်ပါ့)၊ မဂ္ဂင်က လာကြတာချည်းပါပဲ (မှန်ပါ့)။

သို့သော် ဘယ့်နှယ်ကြောင့် အမေး အဖြေတွေ ထုတ်နေကြပါလိမ့်မတုံးမေးတော့ ဦးမာဒင်ရေ သူတို့အတွက်လား၊ နောင်လာ နောက်သားအတွက်လား (နောင်လာ နောက်သားအတွက်ပါ ဘုရား)။

ဒါဖြင့် ဒကာသစ် ဒီဥစ္စာ ကျုပ်တို့ နောင်လာ နောက်သားများ ဒီလမ်းစဉ်အတိုင်း လိုက်ပါစေဆိုတဲ့ စိတ်ထားနဲ့ ရဟန္တာနှစ်ပါး အမေး အဖြေ လုပ်ကြတယ် (မှန်ပါ့)။ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

ရဟန္တာနှစ်ပါး အမေး အဖြေလုပ်တာဖြင့် ဦးမာဒင်တို့ရေ ကျုပ်တို့ အတွက်ပဲ (မှန်ပါ့ ဘုရား)၊ ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)။

ဒါနဲ့ ရှင်သာရိပုတ္တရာက စ,လိုက်တယ်၊ ရှင်ပုဏ္ဏရေ ရှင်ဟာ မြတ်သော အကျင့်တွေကျင့်တယ်ကွာ တဲ့၊ အဲဒါ သီလဝိသုဒ္ဓိ-သီလ စင်ကြယ်ဖို့ ကျင့်တာမဟုတ်ဘူး လားတဲ့ (မှန်ပါ့)။

သီလစင်ကြယ်ဖို့ကျင့်တာ မဟုတ်လား

ငါ့ရှင် ဘုရားထံ၌ မြတ်သောအကျင့်တွေ ကျင့်တယ်တဲ့၊ အဲဒါ သီလ စင်ကြယ်ဖို့ ကျင့်တာ မဟုတ်လား တဲ့၊ ရှင်သာရိပုတ္တရာက မေးလိုက်တယ် (မှန်ပါ့ ဘုရား)၊ ဤကျင့်တဲ့ အကျင့်ဟူသရွေ့ ဟာကွာ တဲ့၊ သီလစင်ကြယ်ဖို့ကျင့်တာ မဟုတ်လား တဲ့ (မှန်ပါ့)၊ မဟုတ်ပါဘူး ဘုရား တဲ့၊ မဟုတ်ဘူး ဖြေချလိုက်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဤအကျင့်တွေဟာ သီလစင်ကြယ်ဖို့ ကျင့်တာလားလို့ ရှင်သာရိပုတ္တရာက မေးလိုက်တယ်၊ ရှင်ပုဏ္ဏက ဘယ့်နှယ်ဖြေသတုံး (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူး တဲ့။

ငါ့ရှင်သည်ကားလို့ဆိုလို့ရှိရင်ဖြင့် အကျင့်တွေ အမျိုးမျိုး ကျင့်တာပဲ တဲ့၊ နေ့တိုင်းလဲ ကျင့်ကြံ ကြိုးကုတ် အားထုတ်နေတာပါပဲ၊ အဲဒါ သီလစင်ကြယ်ဖို့ ကျင့်တာ မဟုတ်လားလို့ မေးတော့ မဟုတ်ပါဘူးလို့ ဖြေလိုက်တယ် (မှန်ပါ့ ဘုရား)၊ ၁-နံပါတ် ပြီးသွားပြီ (မှန်ပါ့)။

ဒါနဲ့ အရှင်သာရိပုတ္တရာက မကျေနပ်သေးတာနဲ့ ဒါဖြင့်ကွာ ငါ့ရှင် ကျင့်တာ သည်ကား လို့ ဆိုရင်ဖြင့် စိတ္တဝိသုဒ္ဓိဆိုတဲ့ စင်ကြယ်မှု အလိုရှိလို့ ကျင့်တာ မဟုတ်လားလို့ မေးလိုက်တဲ့အခါကျတော့လဲ မဟုတ်ပါဘူးပဲ ဖြေတယ် (မှန်ပါ့)၊ ရိပ်မိပြီနော် (ရိပ်မိပါပြီ ဘုရား)။

စိတ္တဝိသုဒ္ဓိ ဖြစ်အောင်ကျင့်နေတာ မဟုတ်လား

ဒုတိယမေးခွန်းကို ရှင်သာရိပုတ္တရာက မေးလိုက်ပါတယ်၊ ရှင်ပုဏ္ဏရေ ငါ့ရှင် ကျင့်နေတဲ့အလုပ်ဟာ သမာဓိဆိုတဲ့ စိတ္တဝိသုဒ္ဓိ ဖြစ်အောင်လို့ ကျင့်နေတာ မဟုတ်လားလို့ မေးလိုက်တော့ မဟုတ်ပါဘူးဘုရား တဲ့ (မှန်ပါ့)၊ မဟုတ်ပါဘူးချည်းတယ်နော် (မှန်ပါ့)၊ သီလအတွက်လား ဆိုပြန်တော့လဲ (မဟုတ်ပါ ဘုရား)၊ သမာဓိ အတွက် လားဆိုတော့ (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူးလို့ပဲ ဖြေလိုက်တယ် (မှန်ပါ့)။

နောက်ကျတော့ တစ်ခါမေးပြန်တယ်၊ ရှင်ပုဏ္ဏရေ ငါ့ရှင် ကျင့်နေတဲ့အကျင့်ဟာ ဒိဋ္ဌိစင်ကြယ်ဖို့ ကျင့်တာ မဟုတ်လားလို့ မေးပြန်တယ် (မှန်ပါ့)၊ မဟုတ်ပါဘုရား တဲ့ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးချည်းဖြေတာပဲ၊ ဘယ်နှစ်ခုရှိသွားပလဲ (သုံးခုရှိသွားပါပြီ ဘုရား)။

သီလစင်ကြယ်ဖို့ ကျင့်တာလဲ မဟုတ်ဘူး တဲ့ (မဟုတ်ပါ ဘုရား)၊ စိတ်စင်ကြယ်ဖို့ ကျင့်တာလဲ မဟုတ်ဘူး တဲ့ (မဟုတ်ပါ ဘုရား)၊ ဒိဋ္ဌိစင်ကြယ်ဖို့ ကျင့်တာကော (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူး တဲ့နော် ဒကာ ဒကာမတို့ (မှန်ပါ)။

ဝိစိကိစ္ဆာတွေသတ်ဖို့ ကျင့်တာမဟုတ်လား

ဒါဖြင့်ကွာ တဲ့၊ ငါ မေးပါရစေဦး တဲ့၊ ယုံမှားခြင်းဆိုတဲ့ ဝိစိကိစ္ဆာတွေသတ်ဖို့ ကျင့်တာမဟုတ်လား တဲ့ (မဟုတ်ပါ ဘုရား)၊ မဟုတ်ပါဘုရား တဲ့၊ တပည့်တော် ကျင့်တဲ့ အကျင့်တွေ ဒါ မဟုတ်ပါဘူးတဲ့ (မှန်ပါ့)။

ဒကာ ဒကာမတို့ အင်မတန် ပညာတတ်တဲ့ ပုဂ္ဂိုလ်နော် (မှန်ပါ့)၊ ဒါဖြင့် ဖြစ်ပျက် အားထုတ်ဖို့၊ ဖြစ်ပျက်တွေ မြင်ဖို့ ကျင့်တာမဟုတ်လား၊ မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိအလုပ်ကို ကျင့်တာ မဟုတ်လားလို့ မေးပြန်တယ်၊ မဟုတ်ပါဘုရား တဲ့၊ တပည့်တော်တို့ ကျင့်တဲ့ အကျင့်က ဒါမဟုတ်ပါဘူး တဲ့ (မှန်ပါ့ ဘုရား)၊ ဒကာ ဒကာမတို့ ပယ်လိုက် ပြီနော်။ (မှန်ပါ့ ဘုရား)။

ဒါဖြင့် ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိဆိုတော့ အလယ်ဉာဏ်တွေ ဘင်္ဂ၊ ဘယ၊ အာဒီနဝ၊ နိဗ္ဗိန္ဒဉာဏ်တွေ ဒီလို ဉာဏ်တွေ ရဖို့ ကျင့်တာ မဟုတ်လားဘုရားလို့ဆိုတော့ မဟုတ်ပါ ဘုရား တဲ့၊ ဒီဉာဏ်တွေရဖို့လဲ ကျင့်တာမဟုတ်ပါဘူး တဲ့ (မှန်ပါ့)၊ အကုန်ပယ်ချတယ် (မှန်ပါ့)။ ဒကာ ဒကာမတို့ အင်မတန်ကောင်းတဲ့ စကားတွေနော် (ကောင်းပါတယ် ဘုရား)။

နောက်တစ်ခါကျတော့ ဒါဖြင့်ကွာ တဲ့၊ မဂ်ရအောင်ကျင့်တဲ့ အကျင့်ကော မဟုတ်ဘူးလား တဲ့ (မှန်ပါ့)။

ငါ့ရှင် ကျင့်နေတဲ့ အကျင့်သည် မဂ်ဖိုလ်ရအောင် ကျင့်နေတဲ့ အကျင့်ကော မဟုတ်ဘူးလား တဲ့၊ မဟုတ်ပါဘုရားဆိုတော့ ရှင်သာရိပုတ္တရာက ခက်သွားတယ် (မှန်ပါ့)။

မင့်ဟာကကွာ တဲ့၊ သီလဖြူစင်ဖို့ ကျင့်နေသလားမေးတော့လဲ မဟုတ်ပါဘူး တဲ့၊ စိတ်စင်ကြယ်ဖို့ ကျင့်တာလားလို့ ဆိုပြန်တော့လဲ (မဟုတ်ပါ ဘုရား)၊ အယူ စင်ကြယ်ဖို့၊ ဒိဋ္ဌိလွင့်ဖို့ ကျင့်တာလား ဆိုတော့လဲ (မဟုတ်ပါ ဘုရား)၊ ယုံမှားသံသယ ပျောက်ဖို့ ကျင့်တာလားလို့ မေးပြန်တော့လဲ (မဟုတ်ပါ ဘုရား)၊ ဖြစ်ပျက်မြင်ဖို့ တင်တာလားလို့ မေးပြန်တော့လဲ (မဟုတ်ပါ ဘုရား)၊ အလယ်ဉာဏ်တွေဆိုတဲ့ နိဗ္ဗိန္ဒ ဘဏ်တွေ၊ သင်္ခါရုပေက္ခာဉာဏ်တွေရဖို့ ကျင့်တာလားလို့မေးပြန်တော့လဲ (မဟုတ်ပါ ဘုရား)။

မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ ကျင့်တာကော မဟုတ်ဘူးလား

ဒါဖြင့်ကွာ တဲ့၊ ရှင်သာရိပုတ္တရာက မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ရဖို့ ကျင့်တာကော မဟုတ်ဘူးလားလို့ မေးလိုက်တယ် (မဟုတ်ပါ ဘုရား)၊ မဟုတ်ဘူးလို့ ခုနစ်ချက်ကို ပယ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။။

ဒကာ ဒကာမတို့ ဝိသုဒ္ဓိခုနစ်ပါးကို ပယ်ချလိုက်တယ် (မှန်ပါ့ ဘုရား)။

အဲဒီတော့ ရှင်သာရိပုတ္တရာက ခက်ပြီ တဲ့၊ မင်းကို မေးတဲ့ ဥစ္စာ အခုကြည့်စမ်း တဲ့၊ ဝိသုဒ္ဓိ ကျင့်စဉ်လို့ အများကပဲ ယူထားကြတာ၊ အရိယာဖြစ်ဖို့ ကျင့်တဲ့အကျင့်တွေ မဟုတ်လားလို့ မေးတော့ တစ်ခုမှ မဟုတ်ဘူးလို့ မင်းက ဖြေလိုက်တော့ ဒါဖြင့်ကွာတဲ့ ငါ့ကို ရှင်းရှင်းကလေး ငါ့ရှင်ကျင့်တဲ့ အကျင့်ကို ငါ့ရှင်ဟာ ဘာကြောင့် ကျင့်တယ်ဆိုတာ ရှင်းရှင်းကလေးပဲ အမိန့်ရှိစမ်းပါတဲ့ (မှန်ပါ့ ဘုရား)။

နိဗ္ဗာန်အကျိုးငှာ ကျင့်တာပါ

ရှင်သာရိပုတ္တရာကိုက တောင်းပန်နေတာ (မှန်ပါ့)၊ တောင်းပန် နေတဲ့အခါကျတော့ ဒီလိုပါဘုရား တဲ့၊ ဥပါဒါန်တို့၏ ချုပ်ငြိမ်း ရုပ်သိမ်းတဲ့ နိဗ္ဗာန်အကျိုးငှာ ကျင့်တာပါတဲ့၊

ပြောခဲ့တဲ့ဟာတွေ ရဖို့လောက် ကျင့်တာ မဟုတ်ပါဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

မဂ်ဖိုလ်ရဖို့ ကျင့်တာ မဟုတ်ပါဘူးတဲ့ (မှန်ပါ့)၊ နိဗ္ဗာန်ရဖို့ ကျင့်တာပါလို့ ဖြေလိုက်တော့ ရှင်သာရိပုတ္တရာက သဘောတော့ကျတယ် ဒကာ ဒကာမတို့နော် (မှန်ပါ့)၊ သဘောကျပေမယ့် နောင်လာ နောက်သားများ ရှုပ်မှာလဲ သူ စိုးသေးတယ် (မှန်ပါ့)၊ နောင်လာ နောက်သားများ ရှုပ်မှာ သူ စိုးသေးတယ် ဆိုတာကိုလဲ ဒကာကြွယ် မှတ်ရလိမ့်မယ် (မှန်ပါ့)။

ဒါနဲ့ တစ်ခါ သူ ဆက်မေးတယ်၊ ကွာ တဲ့၊ဒါဖြင့် ငါ့ရှင် ကျင့်တဲ့ သီလဝိသုဒ္ဓိသီလစင်ကြယ်အောင် ကျင့်တဲ့ အကျင့်ဟာလဲ ဒါသည် နိဗ္ဗာန် မဟုတ်သေးဘူးလား ဆိုလို့ရှိရင် အရှင်ဘုရား ဘယ်မှာ နိဗ္ဗာန် ဟုတ်မလဲ၊ သီလဝိသုဒ္ဓိဟာ သီလဝိသုဒ္ဓိပေါ့ (မှန်ပါ့)၊ ဒီလိုဆိုလို့ရှိရင် ဘုရား ပုထုဇဉ်လဲ သီလဖြူစင်နေတယ်၊ ပုထုဇဉ် နိဗ္ဗာန်ရောက်မှာပေါ့တဲ့ (မှန်ပါ့)၊ သူ့ဟာက တည့်နေတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)။

တပည့်တော်ကျင့်တာက ဥပါဒါန်ချုပ်ရာ နိဗ္ဗာန်တစ်ခုတည်းကိုသာ အဓိကထားပြီး ကျင့်တာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒီတော့ သီလဝိသုဒ္ဓိဟာ နိဗ္ဗာန်ရောက်ဖို့ မဟုတ်ဘူးလားကွလို့၊ နိဗ္ဗာန်မဟုတ်ဘူး လားလို့ မေးလိုက်တဲ့ အခါကျတော့ မဟုတ်ပါဘူးဘုရား တဲ့၊ ဒီလိုဆိုရင် ပုထုဇဉ်တွေ နိဗ္ဗာန်ရောက်ကုန်မှာပေါ့တဲ့ (မှန်ပါ့)၊ သူ့ဟာက တည့်နေတာပဲ (မှန်ပါ့)၊ ဒကာ ဒကာမတို့ သဘောပါရဲ့လား (ပါ,ပါတယ် ဘုရား)။

သီလကို အလိုရှိလို့ ကျင့်တာဟာ သီလပဲ ရမှာပဲတဲ့၊ နိဗ္ဗာန်ကို မရနိုင်ဘူး တဲ့ (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အဲဒါကြောင့် ဒီအထဲမှာ ဘုန်းကြီးက စကားသွင်းပါတယ်၊ ဒကာ ဒကာမတွေ ဆုံးမလုံး သွင်းပါတယ် (မှန်ပါ့)။

မတင်းတိမ် ကောင်းတာကို တင်းတိမ်နေတဲ့

ဘယ့်နှယ်ကြောင့် သွင်းရသတုံးဆိုတော့ တို့ ရှစ်သီတင်း၊ လေးသီတင်း စောင့်လို့ လုံလောက်နေတာပဲ၊ တို့သေရင် ဘာပူစရာရှိသတုံး အစရှိသည်နဲ့ ဦးမာဒင် မတင်းတိမ် ကောင်းတာကို တင်းတိမ်နေတဲ့ ပုဂ္ဂိုလ်တွေလဲရှိတယ် (မှန်ပါ့)။

အခု သေသေချာချာ ရှင်ပုဏ္ဏက ဖြေတဲ့အခါကျတော့ အဲဒါ နိဗ္ဗာန် မဟုတ်သေးဘူး ဘုရားတဲ့၊ ဒါ ပုထုဇဉ်အလုပ်ရှိသေးတယ် (မှန်လှပါ ဘုရား)၊ နိဗ္ဗာန်နဲ့ မဆိုင်သေးဘူး ဘုရားတဲ့ (မှန်ပါ့)။

ဒကာကြွယ် ဘာတဲ့တုံး (နိဗ္ဗာန်နဲ့ မဆိုင်သေးပါ ဘုရား)၊ နိဗ္ဗာန်နဲ့ မဆိုင်သေးဘူး ဘုရားတဲ့ ဒီဥစ္စာ၊ နို့ မဟုတ်လို့ရှိရင် သီလဖြူစင်တဲ့ ပုထုဇဉ်တွေ နိဗ္ဗာန်ရောက်မှာပေါ့တဲ့ (မှန်ပါ့)၊ အဲဒါကြောင့် သူဟာ နိဗ္ဗာန်မဟုတ်သေးဘူးဘုရား၊ သီလဝိသုဒ္ဓိဟာ သီလဝိသုဒ္ဓိပဲ မှတ်ထားဖို့ပဲ (မှန်ပါ့)၊ နိဗ္ဗာန်တော့ မရောက်နိုင်သေးဘူး၊ နိဗ္ဗာန်လဲ မဟုတ်သေးဘူး (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ သဘောပါကြပလား (ပါ,ပါပြီ ဘုရား)။

အဲဒါကြောင့် ဒီမှာ စကားသွင်းတယ် ဆိုတာလဲ ဒကာ ဒကာမတွေ ရိပ်မိဖို့ ကောင်းပါပြီ (ကောင်းပါပြီ)၊ ဪ တို့ တစ်လ လေးသီတင်း၊ ရှစ်သီတင်း၊ အားတိုင်း တို့ ဥပုသ်ရက်ရှည် စောင့်ပြီးနေတဲ့ ဥစ္စာ၊ တို့တော့ဖြင့် နိဗ္ဗာန်ရောက်ဖို့ သေချာပြီလို့များ ဆုံးဖြတ်ချက်မချလိုက်ပါနဲ့ (မှန်ပါ့)၊ ဘာမှ မချနဲ့ (မှန်ပါ့)၊ ဒကာသစ် ဘာမှ မချနဲ့နော် (မှန်ပါ့ ဘုရား)။

သီလဝိသုဒ္ဓိဖြစ်လို့ နိဗ္ဗာန်ရောက်မယ်ဆိုလို့ရှိရင် သီလဝိသုဒ္ဓိဆိုတာ ပုထုဇဉ်ရှိပါ သေးတယ် (မှန်ပါ့)၊ ဒီ ပုထုဇဉ် ဧည့်သည်ကားလို့ ဆိုရင်ဖြင့် အနုပါဒိသေသ နိဗ္ဗာန် ရောက်ရတော့မယ့် အဓိပ္ပာယ်ရောက်တယ် (မှန်ပါ ဘုရား)။

အဲဒါကြောင့် သီလဝိသုဒ္ဓိမျှနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက တင်းတိမ်ရောင့်ရဲပြီး သကာလ သေပျော်ပြီဆိုတဲ့ စကားကို ဒကာကြွယ် မသုံးပါနဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

သီလထက် ကောင်းတာ ဘာရှိသေးသတုံးလို့ ပြောတဲ့ပုဂ္ဂိုလ်များလဲ အတော်ပဲ များတယ် (များပါတယ်)၊ အခုတော့ဖြင့် ရှင်ပုဏ္ဏက ဖြေလိုက်တယ် (မှန်ပါ့)၊

သီလဝိသုဒ္ဓိနဲ့ နိဗ္ဗာန်ရောက်မယ်ဆိုရင်

ဖြေလိုက်ပြီ ဒကာကြွယ်ရေ သီလဝိသုဒ္ဓိနဲ့ နိဗ္ဗာန်ရောက်မယ်ဆိုရင် ပုထုဇဉ်တွေ ရောက်ကုန် ရောပေါ့ဘုရား (မှန်ပါ့)၊ သူ့ဟာ မမှန်ဘူးလား (မှန်ပါတယ် ဘုရား)။

မှန်ပါတယ်တဲ့၊ သီလဖြူစင်လို့သာ နိဗ္ဗာန်ရောက်ကြမယ်ဆိုရင်ဖြင့် ပုထုဇဉ်တွေ အကုန်နိဗ္ဗာန်ရောက်မှာပဲ (မှန်ပါ့ ဘုရား)။

ဒါကြောင့် တပည့်တော်တို့ဘုရား၊ သီလဝိသုဒ္ဓိအကျိုးငှာ တရား ကျင့်တာ မဟုတ်ဘူး တဲ့၊ နိဗ္ဗာန်အကျိုးငှာ ကျင့်တာ (မှန်ပါ့)၊ သဘောပါ ကြပါလား (ပါ,ပါပြီ ဘုရား)။

ဪ တော်တော် အဖိုးတန်တဲ့ ရှင်ပုဏ္ဏပါကလား ဆိုတာ ရှင်အာနန္ဒာ သောတာပန်တည်အောင်၊ ရှင်အာနန္ဒာနဲ့တကွ သီတင်းငယ်၊ ရဟန်းငယ် များစွာ တစ်ခါတည်း သောတာပန်တည်အောင် နည်းလမ်း ပေးနိုင်တဲ့ ကိုယ်တော်၊ တစ်နေ့က ဦးမာဒင်တို့ နာကြရပြီနော် (မှန်ပါ့)၊ အခု ဒါက တစ်နေရာမှာ ဟောတာ (မှန်ပါ့)၊ သဘောပါပလား (ပါ,ပါပြီ ဘုရား)။

ကောင်းပြီ၊ ဒါနဲ့ ဆက်မေးပါရစေကွာတဲ့၊ ဒါဖြင့် စိတ္တဝိသုဒ္ဓိ အလုပ်ကော နိဗ္ဗာန်အလုပ် မဟုတ်ဘူးလားတဲ့ (မှန်ပါ့)၊ အရှင်ဘုရား ခက်ကရောပေါ့၊ ဒီလိုဆိုရင် ပုထုဇဉ်တွေရော၊ ဗြဟ္မာတွေပါ နိဗ္ဗာန် ရောက်ကုန်မှာပေါ့တဲ့ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့် သမထနဲ့လဲ နိဗ္ဗာန်မရောက်ပါဘူးလို့ ပြောလိုက်တာ (မှန်ပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒါလဲ နိဗ္ဗာန်နဲ့ မဆိုင်သေးပါဘူးလို့ ဒကာကြွယ် ဟောလိုက်ပြန်တယ် (မှန်ပါ့ ဘုရား)။

ရှင်သာရိပုတ္တရာကတော့ ဦးမာဒင် သိလျက်နဲ့ မေးနေတာနော် (မှန်ပါ့)၊ နောင်လာ နောက်သားများ အတွက် (မှန်ပါ့ ဘုရား)။

ဘယ်သူ့အတွက်ပါလိမ့် (နောင်လာ နောက်သားများအတွက်ပါ) ဒါကြောင့် အားလုံး ဒကာ ဒကာမတွေ တင်းတိမ်ရမည့်နေရာ ကျတော့ ဘုန်းကြီးတို့က ပြောမှာပေါ့ (မှန်ပါ့)၊ အခုဟာက တင်းတိမ်ဖို့နေရာ အတော်ဝေးနေသေးတယ် (ဝေးပါတယ် ဘုရား)။ မဝေးဘူးလား (ဝေးပါတယ် ဘုရား)။

အဲ ရှေးက များသောအားဖြင့် လုပ်နေကြတာက ဥပုသ်နေ့ကျရင် ဇရပ်ပေါ်မှာ ခရေပင်ဝိုင်းမှာ သွားပြီး ပုတီးကလေး ဘာကလေး စိပ်ပြီး အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပါးစပ်ကရွတ်၊ ခန္ဓာတော့ဉာဏ် မရောက်ဘူးပေါ့ဗျာ (မှန်ပါ့)၊ သီလလေးဆောက်တည်တယ် (မှန်ပါ့ ဘုရား)။

တင်းတိမ်နေတဲ့ ပုဂ္ဂိုလ်များတယ်

တော်ပြီ သေပျော်၊ နေပျော် ရှိပြီ ဆိုပြီး သကာလ တင်းတိမ်နေတဲ့ ပုဂ္ဂိုလ်များတယ်၊ ဒကာကြွယ်တို့ ရှေ့မီ နောက်မီတွေ တစ်ပုံကြီးပဲ (မှန်ပါ့)၊မရှိပေဘူးလား (ရှိပါတယ် ဘုရား)။

ကဲ ဒါဖြင့် စိတ္တဝိသုဒ္ဓိဆိုတဲ့ သမထလဲ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သေး ဘူးလားလို့ မေးလိုက်တယ် နော် (မှန်ပါ့)၊ အရှင်ဘုရား ဒီလိုဆိုရင် ပုထုဇဉ်ဗြဟ္မာတွေ အကုန် နိဗ္ဗာန်ရောက်ကုန်မှာ ပေါ့တဲ့ (မှန်ပါ့)၊ မဟုတ်ဘူးဘုရာ့၊ ဒီအကျင့်လဲ မဟုတ်သေးဘူး၊ နိဗ္ဗာန်နဲ့မဆိုင်သေးဘူးတဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဘာနဲ့ မဆိုင်သတုံး (နိဗ္ဗာန်နဲ့ မဆိုင်သေးပါ)၊နိဗ္ဗာန်နဲ့ မဆိုင်သေးဘူးတဲ့ ဒကာ ဒကာမတို့ (မှန်ပါ့ ဘုရား)၊

ဒါ ရဟန္တာကြီးနှစ်ပါး မေး-ဖြေ ပြောဆိုနေကြတယ်လို့ စောစောကလဲ ပြောခဲ့ပါပြီ (မှန်ပါ့)၊ ဒါ ဒကာ ဒကာမတို့ သူတို့ နှစ်ပါးအတွက်လဲ မဟုတ်ပါဘူးတဲ့ (မဟုတ်ပါ။ နောင်လာ နောက်သားများအတွက် လမ်းစဉ်ပြခဲ့တာပါ (မှန်ပါ့ ဘုရား)။

ရထဝိနီတသုတ်

မတင်းတိမ်ကောင်းတဲ့ နေရာမှာ တင်းတိမ်နေလို့၊ အဲဒါတွေ စိုးရိမ်တဲ့အတွက် ရထဝိနီတသုတ် ဆိုပြီး သကာလ ဟောတော်မူတယ် (မှန်ပါ့ ဘုရား)။

သုတ်နာမည်ကတော့ “ရထဝိနီတ” သုတ် (ရထဝီနီတသုတ်၊ မူလပဏ္ဏာသပါဠိတော်၊ နှာ-၁၉၉။) (မှန်ပါ့)၊ ပေါ်ပါလိမ့်မယ်၊ နက်ပြန် ကျတော့ ရထားခုနစ်စင်းနဲ့ သူပြပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

မတင်းတိမ်ကောင်းတဲ့နေရာမှာ တင်းတိမ်နေလို့၊ အဲဒါတွေ စိုးရိမ်တဲ့အတွက် ရထဝိနီတသုတ် ဆိုပြီး သကာလ ဟောတော်မူတယ် (မှန်ပါ့ ဘုရား)။

သုတ်နာမည်ကတော့ ရထဝိနီတသုတ် (မှန်ပါ့)၊ ပေါ်ပါလိမ့်မယ် နက်ဖြန်ကျတော့ ရထားခုနစ်စင်းနဲ့ သူပြ ပါလိမ့်မယ် (မှန်ပါ့ ဘုရား)။

ကောင်းပြီ ဒါနဲ့ ရှင်သာရိပုတ္တရာက မေးပြန်တယ်၊ ဒါဖြင့် ကွာတဲ့ ဒိဋ္ဌိဝိသုဒ္ဓိဆိုတဲ့ ဒိဋ္ဌိစင်ကြယ်အောင် ဟော ပြောနေတဲ့ ဆရာတွေနဲ့ ဒိဋ္ဌိက စင်ကြယ်သွားတဲ့ အလုပ်ကော နိဗ္ဗာန်မဟုတ်သေးဘူးလားဆိုတော့ မဟုတ်သေးပါဘူး ဘုရာ့တဲ့၊ ဒိဋ္ဌိဝိသုဒ္ဓိဆိုတာ ဆရာကပြောလို့ တပည့်က နားလည်သွားတယ်ဆိုရင် ဒိဋ္ဌိစင်သွားတာပဲ (မှန်ပါ့)၊ ဒါ နိဗ္ဗာန်မရောက်နိုင်သေးဘူးဘုရာ့၊ ဒါပုထုဇန်၊ နိဗ္ဗာန်နဲ့မဆိုင်သေးဘူး (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့တုံး (နိဗ္ဗာန်နဲ့ မဆိုင်သေးပါ ဘုရား)၊ အနုပါဒိသေသနိဗ္ဗာန် အကျိုးငှာ မဟုတ်သေးဘူး ဘုရာ့တဲ့ (မှန်ပါ့)၊ သေသေချာချာ ဖြေနေတယ်နော် (မှန်ပါ့ ဘုရား)။

ကိုင်း ဒါနဲ့ ရှင်ပုဏ္ဏ မင်းသည်ကားလို့ဆိုလို့ရှိရင်ဖြင့် ဒိဋ္ဌိဝိသုဒ္ဓိလည်း နိဗ္ဗာန်မဟုတ်သေးဘူးဆိုတော့ ယုံမှားခြင်းပျောက်တဲ့ ကင်္ခါဝိတရဏဝိသုဒ္ဓိဆိုတဲ့ဥစ္စာလည်း ရှိသေးသကွာတဲ့၊ အဲဒါ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်သေး ဘူးလားတဲ့ (မှန်ပါ့)၊ ဟာ-မဟုတ်သေးပါဘုရာ့တဲ့ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဒိဋ္ဌိဝိစိကိစ္ဆာကို အသိဉာဏ်နဲ့ စင်စေရုံနဲ့ဖြင့် နိဗ္ဗာန်မဟုတ်သေးဘူးတဲ့ (မှန်ပါ့)၊ အကယ်၍ ဒီပုဂ္ဂိုလ်တွေ ဒီဟာနဲ့ နိဗ္ဗာန်ဆိုမယ်ဆိုရင်ဖြင့် ဒါတွေ ပုထုဇန်လည်း သိတာပဲတဲ့ (မှန်ပါ့ ဘုရား)။

ဆရာကောင်း သမားကောင်းနဲ့ ကြုံရင် သိတာပဲတဲ့ (မှန်ပါ့)၊ သူတို့ အကုန်နိဗ္ဗာန်ရောက်ကုန်မှာပေါ့ (မှန်ပါ့)၊ မရောက်ဘူးဘုရာ့တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

အမှန်သိစေချင်လွန်းလို့

ဦးမာဒင် အကုန်ပယ်ချတယ် (မှန်ပါ့)၊ အဲဒါ အမှန်သိစေချင်လွန်းလို့ အကောင်းဆုံးထုတ်ပြနေတဲ့ တရားလို့ ဦးလှဘူးက မှတ်ရမယ် (မှန်ပါ့ ဘုရား)။

ဒါနဲ့ပဲ တစ်ခါဆက်ပြီး သကာလ ကွာ-ဒါဖြင့် ဖြစ်ပျက်တွေ အားထုတ်နေတာ မဂ္ဂါမဂ္ဂဉာဏ်ဒဿန ဝိသုဒ္ဓိကွတဲ့ (မှန်ပါ့)၊ အဲဒါတော့ကွာ နိဗ္ဗာန်မဟုတ်သေးဘူးလားတဲ့ (မဟုတ်သေးပါ ဘုရား)။

ဒါလည်း ပုထုဇန်ဟာ ဆရာကောင်း သမားကောင်းဆီက နည်းရလို့ ခန္ဓာဖြစ်ပျက်မြင်တာလည်း ပုထုဇန်ပဲ ရှိသေးတယ် ဘုရာ့တဲ့၊ ဒါလောက်နဲ့ဆိုရင် ပုထုဇန် နိဗ္ဗာန်ရောက်သွားမှာပေါ့တဲ့ (မှန်ပါ့)၊ မရသေးဘူး ဘုရားတဲ့၊ ဒါနဲ့ လည်း (မှန်ပါ့)၊ ဒကာ ဒကာမတို့ ပယ်ပယ်ပစ်နေတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ဒါဖြင့်ကွာ အလယ်ဉာဏ်တွေ ရပြီကွာတဲ့၊ ဘင်္ဂတို့, ဘယတို့, အာဒီနဝတို့, နိဗ္ဗိန္ဒတို့, ဒီဉာဏ်တွေလာပေါ့၊ ပဋိ ပဒါဉာဏဒဿနဝိသုဒ္ဓိ မဟုတ်လားကွ (မှန်ပါ့)၊ အဲဒါ ပုထုဇန်တွေ ပုထုဇန်ရတဲ့ ဉာဏ်တွေ၊ ဒါနိဗ္ဗာန်ဆိုရင် လွဲကုန် မှာပေါ့တဲ့ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲကွာ-မဂ်ဉာဏ်, ဖိုလ်ဉာဏ်, ရပြီ ဒါ နိဗ္ဗာန်မဟုတ်သေးဘူးလားတဲ့ (မှန်ပါ့)၊ မဟုတ်ပါဘူး ဘုရား မဂ်ဉာဏ်, ဖိုလ်ဉာဏ်ဆိုတာ သင်္ခတတရားတွေ ပျက်တဲ့တရားတွေပဲ၊ နိဗ္ဗာန်ဆိုတာ ပျက်မှမပျက်ဘဲနဲ့ ဟော-သေသေချာချာ ရှင်းပြတယ် (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ်, ဖိုလ်ဉာဏ်က သင်္ခတတရားတဲ့၊ သင်္ခတဆိုတာ ပြုပြင်လို့ ပေါ်လာတာ (မှန်ပါ့)၊ နိဗ္ဗာန်က မပြုပြင်ဘဲ နဲ့ ရှိတဲ့တရား၊ အဲဒီတော့ သူ့ကို နိဗ္ဗာန်ဆိုလို့ရပါ့မလား (မရပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နိဗ္ဗာန်ဆိုတာက ဥပါဒါန်ချုပ်မှ နိဗ္ဗာန်

ဒါဖြင့် ဝိသုဒ္ဓိခုနစ်ပါးဟာ ဒကာ ဒကာမတို့ နိဗ္ဗာန်နဲ့မဆိုင်သေးဘူး၊ နိဗ္ဗာန်ဆိုတာက ဥပါဒါန်ချုပ်မှ နိဗ္ဗာန် ပါ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဥပါဒါန်မချုပ်သေးရင် (နိဗ္ဗာန်မဟုတ်သေးပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှင်သာရိပုတ္တရာနဲ့ ရှင်ပုဏ္ဏမေးတာကဖြင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်း မဂ်ဉာဏ်, ဖိုလ်ဉာဏ်တောင်မှ နိဗ္ဗာန်မဟုတ်သေးဘူး (မှန်ပါ့ ဘုရား)။

မဂ်ဉာဏ် ဖိုလ်ဉာဏ်က ဖြစ်ပြီးပျက်တဲ့ သင်္ခတထဲကပဲ ရှိသေးတယ် (မှန်ပါ့)၊ တကယ်နိဗ္ဗာန်ကတော့ ပျက်ကဲ့ လား (မပျက်ပါ ဘုရား)၊ သူက အသင်္ခတကိုး ဒကာသစ်ရေ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ပျက်တတ်တာတွေကို နိဗ္ဗာန်မဟုတ်သေးဘူးဆိုလို့ရှိရင်ဖြင့် မပျက်တတ်တာ ဟောစရာ ကျန်သေး တယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ရှင်ပုဏ္ဏက ပယ်လိုက်တာ ဝိသုဒ္ဓိခုနစ်ပါး အကုန်ပယ်ချလိုက်တယ် (မှန်ပါ့)၊ သဘော ကျပလား (ကျပါပြီ ဘုရား)။

ရှင်သာရိပုတ္တရာကလည်း မေးလို့သာနေရပါတယ် ဒကာကြွယ်ရ သဘောကျပြီးသားပါ (မှန်ပါ့)၊ ဪ သူသည်ကားလို့ ဆိုရင် ဘယ်ဟာ နိဗ္ဗာန်အစစ်ပဲဆိုတာ ပြောချင်တယ် (မှန်ပါ့)၊ မဂ်ဉာဏ်, ဖိုလ်ဉာဏ် လည်း သင်္ခတ တရားလို့ သူက ဖြေချလိုက်တယ် (မှန်ပါ့)၊ သင်္ခတဆိုတာလည်း မဂ်စိတ်ကလေးဟာ ပေါ်ပြီး ပျောက်တာပဲ (မှန်ပါ့)၊ ဖိုလ်စိတ်ကလေးဟာကော (ပေါ်ပြီး ပျောက်ပါတယ်)၊ နိဗ္ဗာန်ဟုတ်နိုင်ပါ့မလား (မဟုတ်နိုင်ပါ ဘုရား)။

နိဗ္ဗာန်ဆိုတာ ပျက်တာမဟုတ်ဘူး

နိဗ္ဗာန်ဆိုတာ ပျက်တာမဟုတ်ဘူး၊ အမြဲတမ်းရှိတဲ့တရား (မှန်ပါ့)၊ သူ့လမ်းပေါ်ရောက်တဲ့ပုဂ္ဂိုလ်ဖြင့် သူ့နေရာ ရှိတဲ့နေရာ လမ်းပေါ်ရောက်တဲ့ပုဂ္ဂိုလ်ဟာ ရောက်တာပဲ (မှန်ပါ့)၊ သူရှိတဲ့နေရာလမ်းပေါ်မှ မလှမ်းနိုင်တဲ့ပုဂ္ဂိုလ်ဟာ ရောက်ကဲ့လား (မရောက်ပါ ဘုရား)၊ သူကတော့ဖြင့် အမြဲတမ်းရှိတယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် အမြဲတမ်းမရှိတာတွေက အခုပြောခဲ့တဲ့ သီလဝိသုဒ္ဓိကလည်း အမြဲတမ်းမရှိဘူး (မှန်ပါ့)၊ သဘောကျ ပလား (ကျပါပြီ ဘုရား)၊ ဒိဋ္ဌိဝိသုဒ္ဓိကလည်း (အမြဲတမ်းမရှိပါ)၊ ပေယျာလထိုးကြပါစို့၊ မဂ်ဉာဏ်-ဖိုလ်ဉာဏ်ဟာကော (အမြဲတမ်းမရှိပါ ဘုရား)။

အမြဲတမ်းမရှိဘူးတဲ့ ဒကာ ဒကာမတို့ မဂ်စိတ်ဟာလည်း နာမ်ဓမ္မဖြစ်လေသောကြောင့် ဖြစ်ပျက်ပဲ (မှန်ပါ့)၊ ဖိုလ်စိတ်ဟာလည်း နာမ်ဓမ္မဖြစ်လေသောကြောင့် (ဖြစ်ပျက်ပါပဲ)၊ ဖြစ်ပျက်ချည့်ရှိသေးတယ်၊ ဒါ နိဗ္ဗာန်ဆိုနိုင်ကြပါ့ မလား (မဆိုနိုင်ပါ ဘုရား)။

ဒါဖြင့် ဘုရား နိဗ္ဗာန်ဟာ ဘယ်ဟာတုံးဆိုတော့၊ အို-ဥပါဒါန်ချုပ်တာမှ နိဗ္ဗာန်ဘုရာ့တဲ့ (မှန်ပါ့ ဘုရား)။

ဥပါဒါန်တရားတွေ လုံးဝချုပ်တာမှ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ)၊ အဲ ဥပါဒါန်တရားတွေ လုံးဝချုပ်တော့ ဖြစ်ပျက်ဆိုတာ လုံးဝမရှိတာမှ နိဗ္ဗာန်ပါဘုရားလို့ ဖြေလိုက်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ဥပမာပြပြီး ရှင်ပုဏ္ဏက ဟောဦးမယ်

ဒါဖြင့်ဘုရားတဲ့ ဒါလောက် အရှင်ဘုရားက မေးလို့ရှိရင် အရှင်ဘုရားလည်း ပညာရှိပဲ တပည့်တော်ဥပမာနဲ့ ဟောမယ်တဲ့ (မှန်ပါ့)၊ ဆက်ဟောဦးမယ် (မှန်ပါ့ ဘုရား)။

ဒကာကြွယ် ဘာတဲ့တုံး (ဆက်ဟောဦးမှာပါ)၊ ပိုမိုရှင်းသွားအောင်ပေါ့ဗျာ (မှန်ပါ့)၊ မရှုပ်ပါဘူးတဲ့ ရှင်သာရိ ပုတ္တရာကလည်း ပညာအရာမှာ ဧတဒဂ်ရပဲ၊ ဟိုကလည်း ဓမ္မကထိကနေရာမှာ ပုဏ္ဏမထေရ်က ဧတဒဂ်ရပဲ (မှန်ပါ့)၊ သတ္တဝါစရိုက်လိုက်ပြီး ကျွတ်အောင်ဟောတဲ့ နေရာကျတော့ ရှင်သာရိပုတ္တရာက ဧတဒဂ်မရဘူး၊ ရှင်ပုဏ္ဏက ရတယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါ့ကြောင့် အရှင်ဘုရားကို တပည့်တော် ဥပမာနဲ့ပြပြီး သကာလ ဟောချင်သေးတယ်ဆိုပြီး သကာလ ဒကာကြွယ် ရေ ဥပမာပြပြီး ရှင်ပုဏ္ဏက ဟောဦးမယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြပါဦးစို့။

သာဓု သာဓု သာဓု။

ဤတွင် အမှတ်စဉ် (၁၉) ပြီးဆုံးပါပြီ။