10712

မာတိကာသို့

ခန္ဓာဖြစ်စဉ် စက်ဝိုင်းထောက်ပြ၍ ဟောတော်မူသော

ပဋိစ္စသမုပ္ပါဒ် တရားတော် (၂၂)

ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ

မိုးကုတ်ဆရာတော်ဘုရားကြီး

အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌

ဟောကြားတော်မူသော

ခန္ဓာဖြစ်စဉ် စက်ဝိုင်းထောက်ပြ၍ ဟောတော်မူသော

ပဋိစ္စသမုပ္ပါဒ် တရားတော် (၂၂)

(၁၄-၁၂-၆၁)

နှလုံးသွင်း မလွဲစေနဲ့

ဘုရားသခင် ကိုယ်တော်မြတ်ကြီးက ဒကာ ဒကာမတွေ နှလုံးသွင်း မလွဲစေနဲ့လို့ သေသေချာချာ ဟောတယ် နော် (မှန်ပါ့)။

”ယောနိသော ဘိက္ခဝေ မနသိကရောတော မယတော အတ္ထာယ သံဝတ္တတိ” ဒီလိုဟောလိုက်တယ် (မှန်ပါ့)။

ဘိက္ခဝေ=ရဟန်းတို့၊ ယောနိသောမနသိကရောတော=အသင့်နှလုံးသွင်းသော ပုဂ္ဂိုလ်အား (ဝါ) မှန်ကန်အောင် နှလုံးသွင်းသော ပုဂ္ဂိုလ်အား၊ မဟတော=ကြီးစွားသော၊ အတ္တာယ=ကျိုးငှာ၊ သံဝတ္တတိ=ဖြစ်၏။ နှလုံးသွင်းမှန်ရင် နိဗ္ဗာန် ရောက်တယ်ဟေ့ တဲ့ (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)၊ သေသေချာချာ မှတ်ကြပါ ဒကာ ဒကာမတို့ နှလုံးသွင်း မှန်ရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)၊ နှလုံးသွင်းမှန်လို့ရှိရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

ဪ ဒါဖြင့် နိဗ္ဗာန်ရောက်ဖို့ရာ အလုပ်တစ်ခုကို ယနေ့တစ်ခါ ထူးထူးခြားခြား ဘုရားက ဟောပြန်တော့ နှလုံးသွင်းမှန်လို့ရှိရင်ဖြင့် နိဗ္ဗာန်ရောက်တာပဲ (မှန်ပါ့)။

”ယောနိသောဘိက္ခဝေ မနသိကရောတော” ယောနိသော=အသင့်အားဖြင့်၊ မနသိကာရော၊ တာ=နှလုံးသွင်း သော ပုဂ္ဂိုလ်အား၊ မဟတော=ကြီးစွာသော၊ အတ္ထာယ=နိဗ္ဗာန်အကျိုးငှာ၊ သံဝတ္တတိ=ဖြစ်၏လို့ဆိုသဖြင့်တဲ့ ဪ နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘယ်လိုမှတ်ကြမယ် (နှလုံးသွင်း မှန်ရင် နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

နှလုံးသွင်းမှန်ရင် နိဗ္ဗာန်ရောက်တယ်လို့ဆိုသောကြောင့် ဒကာကြွယ်ရေ ဒီလိုမှတ်ကြစို့တော့နော် (မှန်ပါ့)၊ ဗြုန်းခနဲဆိုတော့ နှလုံးသွင်းမှန်ဆိုတာ ဘာမှန်းမသိဘဲနေမှာ စိုးရတယ် (မှန်ပါ့ ဘုရား)။

ဒီခန္ဓာကိုယ်ကြီးက ပင်ကိုကလည်းတဲ့ သဗ္ဗေသင်္ခါရ အနိစ္စဆိုသောကြောင့် ဖြစ်ပြီးပျက်တဲ့ အနိစ္စပဲ (မှန်ပါ့ ဘုရား)၊ ဝေဒနာကြည့်လိုက်လည်း အနိစ္စပဲ (မှန်ပါ့ ဘုရား)၊ ရုပ်ကြည့်လိုက်လည်း (အနိစ္စပါပဲ ဘုရား)။

အနိစ္စကလေးတွေပဲ

ဒီလိုတွေ့လို့ရှိရင်ဖြင့် ခန္ဓာထဲမှာ မျက်လုံးမှိတ်ပြီး ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါကျလို့ရှိရင် ဝေဒနာကလေးတွေ ကြည့်လိုက်လည်း ဒီနေရာပေါ် ဒီနေရာပျောက်၊ အနိစ္စကလေးတွေပဲ (မှန်ပါ့ ဘုရား)၊ စိတ်ကလေးတွေလည်း အင်း စာချင်တဲ့စိတ်ကလေး ပေါ်တာလည်း ပေါ်တဲ့နေရာမှာပဲ ပျောက်သွားတာပဲ (မှန်ပါ့)၊ စားလိုက်ရတယ်လို့ မရှိပါဘူး (မရှိပါ ဘုရား)။

လောဘစိတ်ကလေးပေါ်လာလည်း ပေါ်တဲ့နေရာမှာပဲ ပျောက်သွားတာပဲ၊ အနိစ္စကလေးတွေပဲ ပြောသွား တာပဲ (မှန်ပါ့ ဘုရား)။

အဲဒီတော့ ဒါဟာ နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်ကျတော့ ငါလည်းမတွေ့ဘူး၊ သူလည်းမတွေ့ဘူး၊ ပျောက်ပျက်တာ ချည်းတွေ့တယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှန်တဲ့ ပုဂ္ဂိုလ်မှာ (ပျောက်ပျက်တာချည်း တွေ့ပါတယ် ဘုရား)၊ ငါ သူမတွေ့ဘဲနဲ့ ပျောက်ပျက်တာ ချည်း တွေ့တယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။

ဒါဖြင့် ငါ-သူ မတွေ့ ၊ ပျောက်ပျက်တာချည်း တွေ့လို့ရှိရင်ဖြင့် ဒကာကြွယ်ရေ ဒါ အနိစ္စတွေ့တယ် (မှန်ပါ့ ဘုရား)၊ ဘယ့်နှယ်ကြောင့် အနိစ္စတွေ့ပါလိမ့်မတုံးလို့ ဒကာ ဒကာမတွေက မေးတဲ့အခါကျတော့ အရင်တုန်းက နှလုံးသွင်းမှားနေတုန်းကတော့ ငါ့စိတ် (မှန်ပါ့)၊ ဪ စိတ်ကို ငါလုပ်ထားတယ်၊ နှလုံးသွင်းမှားတုန်းကလေ (မှန်ပါ့ ဘုရား)၊ ငါနာတာ (မှန်ပါ့)၊ ဝေဒနာ ငါလုပ်ထားတယ် (မှန်ပါ့)၊ ငါတွေ့တာ ဖဿ ငါလုပ်ထားတယ် (မှန်ပါ့)၊ ငါသိတာ စိတ်ကို ငါလုပ်ထားတယ် (မှန်ပါ့ ဘုရား)၊ မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား)။

အဲဒါ ဦးဘအုန်းတို့ လူစုအားလုံး ဒကာ ဒကာမတွေက မှတ်ဖို့ရာက နှလုံးသွင်းနေတယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားတော့ ငါလုပ်ထားတယ်

နှလုံးသွင်းမှားတော့ ကိုယ်ခန္ဓာငါးပါးတစ်ခု ပေါ်လာလည်း ငါလုပ်ထားတယ် (မှန်ပါ့)၊ နောက် ဝေဒနာပေါ် လာလည်း (ငါလုပ်ထားပါတယ်)၊ ငါနာတယ် (မှန်ပါ့)၊ နောက်ဝေဒနာပေါ်လာလည်း (ငါလုပ်ထားပါတယ်)၊ ငါနာတယ်၊ ဒုက္ခဝေဒနာ ငါလုပ်ပြီ (မှန်ပါ့)၊ ငါ ကောင်းစားတယ် (သုခ ဝေဒနာ ငါလုပ်ပါတယ်)၊ သုခဝေဒနာကို ငါလုပ်ထားပြီ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပြီ ငါမြင်တယ်ဆိုတော့ ဥပေက္ခာဝေဒနာက မြင်တာကို ငါလုပ်ထားတယ်ဆိုတော့ နှလုံးသွင်း မှားနေကြပြီ (မှန်ပါ့ ဘုရား)၊ ဘယ်လိုဆိုကြမယ် (နှလုံးသွင်းမှားနေကြပါပြီ ဘုရား)။

နှလုံးသွင်းမှားသွားတဲ့အခါကျတော့ နှလုံးသွင်းမှားတာက ဒိဋ္ဌိ (မှန်ပါ့)၊ ဒိဋ္ဌိနောက်က ဒိဋ္ဌုပါဒါန် လိုက်လာလိမ့် မယ် (မှန်ပါ့)၊ မလိုက်ဘူးလား (လိုက်လာပါတယ် ဘုရား)။

အဲဒီ ဥပါဒါန်လိုက်လို့ရှိရင် ကံကကော မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)၊ ဥပါဒါန်ပစ္စယာ ကမ္မဘဝေါ ကော မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား)။

သွားရောပေါ့ နှလုံးသွင်းမှားလိုက်တာ ဒကာ ဒကာမတို့ ဒိဋ္ဌိ ဒိဋ္ဌုပါဒါန်၊ ဒိဋ္ဌိအုပ်ချုပ်တဲ့ ကံဆိုပြီးသကာလ လိုက်လာတော့ ကမ္မဘဝပစ္စယာ အပါယ်ဇာတိ (မှန်ပါ့ ဘုရား)၊ အပါယ်ဇာတိရောက်ပြီ (ရောက်ပါပြီ ဘုရား)။

အဲဒါ ဒကာ ဒကာမတွေက စဉ်းစားပါလား ဘာဖြစ်လို့ပါလိမ့်မတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)။

နှလုံးသွင်းမှားတဲ့ပြစ်ချက်ဟာ အပါယ်တောင် ရောက်

ဪ နှလုံးသွင်းမှားတဲ့ပြစ်ချက်ဟာ ဒကာကြွယ် အပါယ်တောင် ရောက်ပါလား (ရောက်ပါတယ် ဘုရား)၊ နှလုံးသွင်းမှားတဲ့ဖြစ်ချက်ဟာ (အပါယ်တောင် ရောက်ပါတယ် ဘုရား)။

အပါယ်တောင် ရောက်သွားတယ်ဆိုတော့ ဪ ဒါဖြင့် နှလုံးသွင်းမှားတဲ့ အဖြစ်ဟာ အဖြစ်ဆိုးကြီးလို့ မောင်ဘသော်တို့ မှတ်ရတော့မယ် (မှန်ပါ့)။

နှလုံးသွင်းမှားတဲ့အဖြစ်ဟာ (အဖြစ်ဆိုးကြီးပါ ဘုရား)၊ ဘယ်သူမှလည်း သတ်တာမဟုတ်ဘူး၊ ဘယ်သူ့ပစ္စည်း မှလည်း ခိုးတာမဟုတ်ဘူး (မှန်ပါ့)၊ ဒကာ ဒကာမတို့ အလကားနေရင်း နှလုံးသွင်းမှားတာနဲ့ ခန္ဓာငါးပါး ငါလုပ်မိတာ နဲ့ ဒကာကြွယ်တို့ မောင်ဘသော်တို့ အပါယ်ရောက်သွားတယ် (မှန်ပါ့ ဘုရား)၊ ဒါ ဘာဖြစ်လို့ရောက်ပါလိမ့် (နှလုံးသွင်း မှားလို့ပါ ဘုရား)။

ဪ ဒကာ ဒကာမတို့ (နှလုံးသွင်းမှားတဲ့ အပြစ်ဟာ သေးသေးလား အောက်မေ့တယ် အလွန်ကြီးကျယ် ပါလား (ကြီးကျယ်ပါတယ် ဘုရား)၊ ဉာဏ်နဲ့ နားထောင်ကြည့်ပါ၊ ဉာဏ်နဲ့ နားထောင်ကြည့်ပါ နှလုံးသွင်းမှားတဲ့အပြစ် အတော်ကြီးတယ် (ကြီးပါတယ် ဘုရား)။

ဒကာကြွယ် ကိုယ်ကိုယ်တိုင် တွေ့ပြီးပြီမဟုတ်လားဗျာ (တွေ့ပြီးပါပြီ ဘုရား)၊ ဒါ ငါ့သမီးကလေးလို့ဆိုပြီးသ ကာလ ခန္ဓာငါးပါးကို သမီးရယ်လို့ နှလုံးသွင်းလိုက်လို့ရှိရင်ဖြင့် တစ်ခါတည်း စိတ်မချတဲ့ ဒေါသတွေပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား)။

ဒေါသလိုက်ပြီးသကာလ သောကက သူ့အတွက် စိုးရိမ်တယ်၊ ဘယ့်နှယ်လုပ်ရပါမတုံးလို့ (မှန်ပါ့)၊ ပရိဒေဝက တစ်ယောက်တည်းများ မျက်ရည်ကျတယ် (မှန်ပါ့ ဘုရား)၊ ဒုက္ခက ကိုယ်၏ဆင်းရဲခြင်း၊ ဒေါမနဿက စိတ်၏ဆင်းရဲ ခြင်း (မှန်ပါ့)၊ ဥပါယာသက အိပ်မပျော်အောင် ပူခြင်း (မှန်ပါ့ ဘုရား)။

ဘာဖြစ်လို့ ဒီလောက်တောင် သူ့ဟာသူ တစ်ယောက်တည်း ဘာဖြစ်နေပါလိမ့်မတုံး (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ ဪ အနိစ္စ, ဒုက္ခ, အနတ္တကို သမီးကလေး လုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊ သမီးရယ်လို့ နှလုံး သွင်းမှားလိုက်တယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ဒုက္ခလိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား)၊ သောကကော (လိုက်ပါတယ် ဘုရား)၊ တစ်ယောက်တည်း မျက်ရည်ကျတာကော (လိုက်ပါတယ် ဘုရား)၊ ပရိဒေဝပေါ့နော် (မှန်ပါ့)၊ ကိုယ်၏ဆင်းရဲခြင်းဒုက္ခ ကော (လိုက်ပါတယ် ဘုရား)၊ စိတ်၏ဆင်းရဲခြင်း ဒေါမနဿကော (လိုက်ပါတယ် ဘုရား)၊ တစ်ခါတည်း ပြင်းပြအောင် ပူပန်တဲ့ ဥပါယာသကော (လိုက်ပါတယ် ဘုရား)။

အင်း ဒီလိုလိုက်လာတော့ သောကပရိဒေဝ ဒုက္ခဒေါမနဿ ဥပါယာသဆိုတာ မသိတဲ့ပုဂ္ဂိုလ်မို့ဖြစ်သော ကြောင့် အဝိဇ္ဇာကလည်း တွဲပါလာတယ် (တွဲပါလာပါတယ် ဘုရား)။

တွဲပါလာသောကြောင့် အဝိဇ္ဇာပစ္စယာသင်္ခါရာ (မှန်ပါ့ ဘုရား)၊ သင်္ခါရပစ္စယာ (ဝိညာဏံပါ ဘုရား)၊ ဝိညာဏံ ဆိုလို့ရှိရင် ဒကာ ဒကာမတို့မှာ သင်္ခါရသည် ပဋိသန္ဓေဝိညာဏ်ကို ဖြစ်စေတယ် (မှန်ပါ့ ဘုရား)၊ အင်း အပါယ် လေးပါးကို ကျတယ် (ကျပါတယ် ဘုရား)။

ဒကာကြွယ် ဘာဖြစ်လို့ ဒီအမေ အိပ်ရာထဲက အပါယ်သွားပါလိမ့် (နှလုံးသွင်းမှားလို့ပါ ဘုရား)။

ဪ ဒကာ ဒကာမတွေ ဒီနေ့ဟောမည့် တရားက ခင်ဗျားတို့ သူ့အသက်မသတ် သူ့ပစ္စည်းမခိုး မုသားမပြောဘဲနဲ့ အပါယ်သွားတဲ့တရား (မှန်ပါ့ ဘုရား)။

သူတော်ကောင်းတရား မနာရလို့

ဘယ့်နှယ်ကြောင့် ဒီတရားတွေ ဒီလိုပေါ်ပေါက်လာပါလိမ့်မတုံးလို့ မေးတဲ့အခါ ဆရာကောင်း, သမားကောင်း, သူတော်ကောင်းတရား မနာရလို့ နှလုံးသွင်းမှားသွားတယ် (မှန်ပါ့)။

ခန္ဓာငါးပါး အနိစ္စ ဒုက္ခ အနတ္တ တရားကို သမီးလုပ်ပစ်လိုက်တယ် (မှန်ပါ့)၊ သားလုပ်ပစ်လိုက်တဲ့အတွက်တဲ့ ကျုပ်တို့သားပေးမယ့်လည်း သမီးလိုပဲ ပူနေရတာပါပဲ (မှန်ပါ့ ဘုရား)။

အံမာလေး ဒကာ ဒကာမတွေ ဖြစ်နေလိုက်တာ (မှန်ပါ့)၊ သူများတော့ သမီးပူ (မှန်ပါ့)၊ သူတို့ကတော့ သမီး ဆိုတော့ သမီးပူပူတာပဲ (မှန်ပါ့)၊ ကျုပ်တို့မှာလည်း သားဆိုတော့ ဘယ်သွားသွား စိတ်ချရတယ် မရှိပါဘူး (မှန်ပါ့)၊ အိမ်ပြန်လာမှပဲ တံခါးပိတ်ပြီးတော့မှပဲ သူတို့ပြန်လာမှပဲ ဘဝင်အေးပြီး အိပ်မိတော့တယ် (မှန်ပါ့)။

အင်း မပြန်လာသေးရင် ဘယ့်နှယ်နေကြသလဲ (မအိပ်မိသေးပါ ဘုရား)၊ မအိပ်မိသေးဘူးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဟ ဘာဖြစ်လို့ မအိပ်တာတုံး ဒကာကြွယ်ရ ပြောပါဦး (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ အို ဘယ်တုန်းက မှားလိုက်တာပါလိမ့်။

ဘယ်တုန်းက မှားလိုက်တာတုံး ပြောလေ ဒကာကြွယ်ရဲ့ ဘယ်တုန်းကမှားလိုက်တာတုံး၊ ခန္ဓာငါးပါးကို သားသမီးလုပ်ပစ်လိုက်တယ်၊ ရှင်းပလား (ရှင်းပါပြီ)၊ အနိစ္စ, ဒုက္ခ, အနတ္တကို (သားသမီးလုပ်ပစ်လိုက်ပါတယ် ဘုရား)။

သားသမီး လုပ်ပစ်လိုက်တဲ့အတွက်တဲ့၊ အို- ကိုယ့်အရုပ်ကလေးနဲ့ ကိုယ်လွမ်းဆွေးနေတာနဲ့ တယ်တူတယ် (မှန်ပါ့)။

ကိုယ့်သစ်သားရုပ်ကလေးနဲ့ ကိုယ့်ဟာကိုယ် ကြံဖန်ပြီးသကာလ ကိုယ့်ဓာတ်ပုံနဲ့ ကိုယ်လွမ်းဆွေးနေတာနဲ့ တယ်တူတယ် (မှန်ပါ့)၊ မတူဘူးလား (တူပါတယ် ဘုရား)။

သွားကိုင်ကြည့်တာလည်း ဓာတ်ပုံစက္ကူကြီး

ခန္ဓာငါးပါးကို ယောကျ်ားလုပ်ပြီး မိန်းမလုပ်ပြီးသကာလ လွမ်းဆွတ်ဆွေးနေတယ်ဆိုတော့ ဒကာ ဒကာမတွေ စဉ်းစားကြည့်စမ်းပါလားတဲ့ သွားကိုင်ကြည့်တာလည်း ဓာတ်ပုံစက္ကူကြီး (မှန်ပါ့ ဘုရား)။

ဒါကလေးကြည့်တဲ့ပြီးသကာလ ဦးဘအုန်းရေ လွမ်းတယ် ဆွေးတယ် သတိရတယ် နှစ်ပတ်လည်တွေများ လုပ်နေလိုက်တာ (မှန်ပါ့)၊ ဟ ဘာလုပ်တာတုံးဆို အို ဓာတ်ပုံကို လူလုပ်ပြီး နှလုံးသွင်းပြီး ဆွမ်းသွတ်နေတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဟဲ ဘာဖြစ်ကြတာတုံး (နှလုံးသွင်းပြီး ဆွမ်းသွတ်နေတာပါ)၊ သေသေချာချာပြောပါ ဒကာကြွယ်ရ၊ ဒကာကြွယ်တို့ဇာတ်ထုပ်က အတော်ဆိုးတယ် (ဆိုးပါတယ် ဘုရား)၊ သွားကြည့်တော့လည်း ကပ်တွေနဲ့ (မှန်ပါ့)၊ ဒါကို နှစ်ပတ်လည် သတိရပြန်တယ် (မှန်ပါ့)။

ဟ သတိရလို့ရှိရင် သွားကိုင်ပါလား ဒါခင်ပွန်းသည်လား စက္ကူလားလို့ (စက္ကူပါ ဘုရား)၊ စက္ကူဆိုတော့ ရုပ် ပဲ (မှန်ပါ့ ဘုရား)၊ မဟုတ်ဘူးလား (ဟုတ်ပါတယ် ဘုရား)။

အဲ အဲဒီ့စက္ကူရုပ်ကိုပဲ အကြောင်းရင်းခံပြီးသကာလ အင်း တစ်နှစ်ပြည့်သွားပြီး ဘယ်နှစ်ရက်စွန်း သွားပြီနဲ့ ပုတီးများစိပ်ပြီး တစ်ခါတည်း အိပ်မပျော် စားမဝင် (မှန်ပါ့)။

ဒကာကြွယ် ဘာဖြစ်နေတာတုံး (နှလုံးသွင်းမှားလို့ပါ)၊ နှလုံးသွင်းမှားတာ (မှန်ပါ့)၊ ဒကာ ဒကာမတို့ ရိပ်မိကြ ပလား (ရိပ်မိပါပြီ)။

သမီးမဟုတ်တာ သမီးလို့ နှလုံးသွင်းလိုက်လို့ရှိရင် ငယ်ငယ်တုန်းက ဒီလိုနေခဲ့တာပဲ၊ အခုတော့ အချိန်အရွယ် ကလေးက ရောက်လာတော့ ကျုပ်စိတ်ထဲ တစ်မျိုးဖြစ်တယ် (မှန်ပါ့)။

ဟ ဘာတစ်မျိုးဖြစ်တာတုံးဆိုတော့ အို ခန္ဓာငါးပါးကလေးကို သမီးပျိုလုပ်ပစ်လိုက်တယ် (မှန်ပါ့)၊ ခန္ဓာငါးပါး အနိစ္စတရားကလေးကို (သမီးပျို လုပ်ပစ်လိုက်ပါတယ် ဘုရား)။

သမီးပျို လုပ်ပစ်လိုက်တော့ (မှန်ပါ့)၊ ဒါဖြင့် ကိုယ်လုပ်ပြီး ကိုယ်ယူတာကိုး (မှန်ပါ့)၊ ဘယ့်နှယ်ဆိုကြမလဲ (ကိုယ်လုပ်ပြီး ကိုယ်ယူတာပါ ဘုရား)။

ဒကာကြွယ် သူများက ပေးတဲ့အပူလား၊ ကိုယ့်စိတ်ကမှ သမီးပျိုလုပ်၊ လုပ်ပြီးသကာလမှ ကိုယ့်ဟာကိုယ်ပူ (မှန်လှပါ ဘုရား)၊ ဦးဘအုန်း ဘာလုပ်တာတုံး ပြောပဲ ပြောစမ်းပါဦး ခင်ဗျားတို့ မပြောတတ်ပါဘူး၊ ရူးတာပါဘုရား လို့သာ ဖြေပါ (မှန်ပါ့)၊ ဒီ့ပြင် ဘာမှမရှိဘူး မောင်ဘသော် (မှန်ပါ့)၊ ဒီ့ပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)။

ဒကာ ဒကာမတို့ သမီးလုပ်တာလည်း ဘယ်သူက လုပ်တာတုံး (ကိုယ့်နှလုံးသွင်းက လုပ်တာပါ)၊ ကိုယ့်နှလုံး သွင်းမှားက လုပ်တာ (မှန်ပါ့ ဘုရား)။

သမီးမဟုတ်တာ သမီးလုပ်

ဒီသမီးမဟုတ်တာ သမီးလုပ်လိုက်တာက ကိုယ့်နှလုံးသွင်းမှားက လုပ်တယ်၊ လုပ်ပြီးသကာလ ကိုယ်လုပ်ထား တာ နှလုံးသွင်းမှားလို့ လုပ်ထားတာပဲဆိုပြီး ဒီတွင်မရပ်ဘူး (မှန်ပါ့)၊ ရပ်သေးရဲ့လား (မရပ်ပါ ဘုရား)။

နှလုံးသွင်းမှားတော့ သမီးလုပ်ဖြစ်ရော (မှန်ပါ့)၊ သမီးလုပ်ဖြစ်တဲ့အခါကျတော့ကို အပျိုကလေးအရွယ်ကလေး လည်း ဖြစ်လာပြန် မသိမလိမ်မာတဲ့ အရွယ်ကလေးလည်း ဖြစ်နေပြန်တော့ အိုသွားလည်း နောက်ကတန်းလန်း (မှန် ပါ့)၊ ထားခဲ့ပြန်လည်း စိတ်မချ (မှန်ပါ့)၊ ဘာဖြစ်နေပြန်တာတုံး သမီးလုပ်လို့ပေါ့ဗျာ (မှန်ပါ့)၊ သမီးလုပ်ဖြစ်သွားတာ (မှန်ပါ့)။

အနိစ္စ, ဒုက္ခ, အနတ္တ, ကလေး ဘာလုပ်လိုက်တာတုံး (သမီးလုပ်လိုက်ပါတယ် ဘုရား)။

သမီးလုပ်လိုက်တဲ့အခါကျတော့ ဘယ်သူလုပ်လိုက်တာတုံး (ကိုယ့်နှလုံးသွင်းမှားကပါ)၊ ကိုယ့်နှလုံးသွင်းမှားက လုပ်လိုက်တာ (မှန်ပါ့)။

နှလုံးသွင်းမှားက လုပ်ပြီးသကာလ တစ်ခါတည်း ဦးဘအုန်းရေ နှလုံးသွင်းမှားလည်း လုပ်ပြီးပါရော စိတ်မချ လက်မချဆိုတာတွေ လာကုန်တယ် (လာပါတယ် ဘုရား)။

တော်တော်ကြာကျတော့ သူက ပြောသေးတယ်၊ အဲဒီ အမေ အဖေလုပ်တဲ့ပုဂ္ဂိုလ်က ဒကာကြွယ် မင်းတို့အတွက် နဲ့ မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့ (မှန်ပါ့ ဘုရား)၊ ဪ မျက်စိမှိတ်တောင် မလွယ်ဘူးတဲ့ သူ့ကို ဘယ်သူကများ မလွယ်အောင် လုပ်ထားပါလိမ့် (မှန်ပါ့ ဘုရား)။

မင်းတို့အတွက်နဲ့ မျက်စိမှိတ်သွားလို့တောင် မလွယ်ဘူးတဲ့ ဒကာကြွယ် (မှန်ပါ့)၊ သူ့မျက်စိဖွင့်ထားလို့ ရသလို လို (မှန်ပါ့)၊ ရတာလည်း မဟုတ်ဘူး အလကားပြောနေတာ (မှန်ပါ့)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ ဘုရား)။

ဘယ်သူကလုပ်တာတုံး ဒီသမီးကို (နှလုံးသွင်းမှားက လုပ်တာပါ)၊ ဘယ်သူက အိပ်မပျော်အောင် လုပ်တာတုံး (နှလုံးသွင်းမှားက လုပ်တာပါ)၊ ကိုယ်လုပ်ထားတဲ့ နှလုံးသွင်းမှားက လုပ်တာ (မှန်ပါ့)၊ ဟိုက အထည်ရှိတာလား မရှိ တာလား (မရှိတာပါ ဘုရား)။

အရုပ်ငိုခြင်းချတာ

ဪ ခက်နေပြီကော အရုပ်ငိုခြင်းချတာ ဘေးကပွဲကြည့်လူကရော ငိုခြင်းချသလိုဖြစ်နေပြီ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အရုပ်က ငိုခြင်းချတာကို ခင်ဗျားတို့က ဖြစ်မှဖြစ်ရလေ ဒေါသများထွက်လို့ ရိုက်တဲ့လူ နှက်တဲ့လူကို ဒကာကြွယ် တို့က (မှန်ပါ့)၊ ဘာဖြစ်တာတုံး (နှလုံးသွင်းမှားတာပါ)၊ နှလုံးသွင်းမှားကုန်တာ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ မျက်ရည်ကျတာဟူသ၍၊ ဟာ-မောင်ဘသော်ဖြစ်စေ ဒကာမတွေဖြစ်စေ မသနားနဲ့ကွာ (မှန်ပါ့)၊ ဘာဖြစ်လို့တုံးဆိုတော့ အရှိကို တကယ်ဖြစ်လို့ မျက်ရည်ကျတာလား မှာပြီးကျတာလား (မှားပြီးကျတာပါ)၊ ဒါဖြင့် အကောင်းကျဆိုမလား အရူးကျဆိုမလား (အရူးကျပါ ဘုရား)။

ဪ ရူးလို့ကျတဲ့ပုဂ္ဂိုလ်ဟာ ရူးတဲ့ပုဂ္ဂိုလ်က ငိုခြင်းချနေတာ ဦးဘအုန်းကြီးက ဝင်ပြီး သနားသေးသလား (သနားမိပါတယ်)၊ ဒကာကြွယ်ကော သနားမိသေးသလား (သနားမိပါတယ် ဘုရား)၊ သနားမိတယ် ကိုယ်တောင်ရောပြီး ငိုချင်သေးထင်ပါရဲ့ ဒကာကြွယ် ကြည့်ရတာ အတော်ဆိုးနေတာ (မှန်ပါ့)၊ ဟိုက ထန်းရည်သမားလို အရူးထပြီး သူ့ ဟာသူဖြစ်နေတာ၊ မင်းဘာဖြစ်နေသတုံး၊ မင်းတို့ဖြစ်တာ ငါလည်း စိတ်မကောင်းဘူးလို့များ သွားပြီး အဆစ်ထည့်မိ သေးသလား (ထည့်မိပါတယ်)၊ အို ဖြစ်မှဖြစ်ရလေ (မှန်ပါ့)။

မဂ်ဖိုလ် ကန့်ကွက်တယ် နော်

အဲဒါ နှလုံးသွင်းမှားတာ၊ အကုန်ပြင်ကြမှပဲ (မှန်ပါ့)၊ နှလုံးသွင်းမှားတာ ဦးဘအုန်း မဂ်ဖိုလ် ကန့်ကွက်တယ် နော် (မှန်ပါ့)၊ နှလုံးသွင်းမှားတာ ဘာတုံး (မဂ်ကို ကန့်ကွက်ပါတယ် ဘုရား)၊ တကယ့်ဆုကြီး လာဘ်ကြီး ပိတ်ပါတယ် လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ နှလုံးသွင်းမှားတာ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ရွာထဲ ရပ်ထဲမှာ ဟိုအိမ်မှာလည်း မျက်စိမျက်နှာမသာတဲ့ မျက်ရည်စက်လက်နဲ့၊ ဟိုအိမ်ကလည်း ကြည့်ပြန် မျက်နှာရှစ်ခေါက်ချိုးနဲ့ (မှန်ပါ့ ဘုရား)၊ ဟိုအိမ်ကြည့်ပြန်လည်း လင်နဲ့မယား အဆင်မပြေ၊ ဟိုအိမ်ကြည့်ပြန်လည်း သမီးက ဒုက္ခရောက်အောင် လုပ်သွားလို့ (မှန်ပါ့)၊ ဟိုအိမ်ကြည့်ပြန်လည်း သားက တေလေဖြစ်နေလို့ အိပ်မပျော်ဘူး (မှန်ပါ့)။

ဟ ဘာဖြစ်နေကြတာတုံး ပြောကြစမ်းပါဦး၊ အိမ်တိုင်းစေ့ ဒီဥစ္စာ ဘာဖြစ်နေတာတုံး (နှလုံးသွင်းမှားလို့ ပါ)၊ ရော ခက်ကုန်ပြီပကော၊ အိမ်တိုင်းစေ့ အပါယ်သွားမည့်ပုံချည်းပါလား (မှန်ပါ့)။

ဦးဘအုန်း ဘယ့်နှယ် စဉ်းစားမိပါရဲ့လား ခင်ဗျား (စဉ်းစားမိပါတယ် ဘုရား)၊ အိမ်တိုင်းစေ့ ဘယ်သွားမည့် ပုံတုံး (အပါယ်သွားမည့်ပုံပါ ဘုရား)။

ကဲ ဒကာကြွယ် ခင်ဗျားတို့လုပ်ထားတဲ့ ကုသိုလ်ကလေးနဲ့ ဥပမာ- တိုက်ကလေးတစ်လုံး တည်ထားတယ် ဆိုပါတော့ ဒကာကြွယ် နှလုံးသွင်းမှားတဲ့အချိန်နဲ့၊ တိုက်တဲ့အချိန်နဲ့၊ တိုက်တည်တဲ့ကုသိုလ်နဲ့ ဘယ်ဟာက များသတုံး (နှလုံးသွင်းမှားတဲ့အချိန်က များပါတယ်ဘုရား)။

နှလုံးသွင်းမှားလို့ပေါ့ တစ်ခါတလေ ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်လည်း မျက်နှာတွေ မကောင်း၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်လည်း မျက်နှာတွေ မကောင်း၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်မှာလည်း (မျက်နှာမကောင်းပါ)၊ သားသမီးလုပ်တဲ့ ပုဂ္ဂိုလ် တွေကလည်း (မျက်နှာမကောင်းပါ ဘုရား)။

ဟ ဘာဖြစ်နေကြတာလဲ ဒီတစ်အိမ်လုံးကလည်းဆိုတော့ (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ နှလုံးသွင်းမှားလို့ (မှန်ပါ့)၊ သားက အမေ စိတ်ဆိုးနေတာလဲ အမေမဟုတ်တာကို အမေလုပ်ပြီး နှလုံးသွင်းလိုက်တာနဲ့ အမေ စိတ်ဆိုး တယ် (မှန်ပါ့)၊ အမေက မျက်စိမျက်နှာ မသာတာလည်း သမီးမဟုတ်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တကို သမီးလုပ်ပြီးသကာလ သူပဲ အနေအထိုင်မတတ်တာ၊ သူပဲ ဆိုးဝါးတာ၊ သူ့အတွက် အရှက်ကွဲရတာ (မှန်ပါ)၊ အံမာလေး ဒကာ ဒကာမတွေမှာ အနိစ္စ, ဒုက္ခပျောက် (မှန်ပါ့)၊ တစ်ခါတည်း နှလုံးသွင်းမှားကြီးနဲ့ အထည်လုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာ

အထည်လုပ်ပစ်လိုက်တော့ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဪ သမီးဆိုးလို့လား ကိုယ် နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာလား (နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာပါ ဘုရား)။

ဦးဘအုန်း သနားစရာလားဗျာ မသနားစရာလားဗျာ ပြောစမ်းပါဦး (မသနားစရာပါ ဘုရား)၊ ဒကာကြွယ်က လည်း သနားစရာလား မသနားစရာလား အကဲခတ်စမ်း (မသနားစရာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ သေသေ ချာချာ စဉ်းစားကြစမ်းပါ ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာနော် (မှန်ပါ့)၊ ဘုန်းကြီးက တစ်ဆင့်ခံ ပြောနေတာ (မှန်ပါ့ ဘုရား)။

ရွာထဲမှာ ဟိုအိမ် ဒီအိမ်မှာကြည့်၊ မျက်စိမျက်နှာ မသာတဲ့အိမ်တွေ မောင်ဘသော် ဘယ်အိမ်မှ တကယ်သာလှ တယ် မရှိပါဘူး (မှန်ပါ့)၊ အဲဒါ ဘာဖြစ်နေကြတာလဲ (နှလုံးသွင်းမှားတာပါ ဘုရား)။

ယောကျ်ားက မိန်းမအပေါ်မှာ မိန်းမလုပ်ပြီး နှလုံးသွင်းမှားလိုက် (မှန်ပါ့)၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ့်ကိုယ်ကိုယ် မိန်းမထင်ပြီး ယောကျ်ားအပေါ် နှလုံးသွင်းမှားလိုက် (မှန်ပါ့)။

အင်း ဒါနဲ့ ဘာဖြစ်ကြသလဲ (နှလုံးသွင်းမှားပါတယ်)၊ ဒါနဲ့ မျက်ရည်မျက်ခွက်နဲ့ မသာမယာ၊ ရိုက်ကြတဲ့ နှက်ကြတဲ့ အပြောအဆိုပြောကြတဲ့ တစ်ခါတည်း နင်ပဲ ငဆဖြစ်ကြဟဲ့ (မှန်ပါ့)၊ အင်း ဘာဖြစ်ကြတာတုံး (နှလုံးသွင်း မှားလို့ပါ ဘုရား)။

ဒါဖြင့် ခင်ဗျားတို့ဟာ ကြက်ညီနောင် အိုးမဲသုတ် တိုက်သလိုဖြစ်နေပြီ (မှန်ပါ့)၊ ဦးဘအုန်း ဘယ့်နှယ်ဖြစ်နေ သတုံး (ကြက်အိုးမဲသုတ် တိုက်သလိုဖြစ်နေပါတယ်)၊ ကြက်ညီနောင် ထည့်ပါဦးဗျ (မှန်ပါ့)၊ ကြက်ကညီနောင်၊ နဂိုက ဒီအမေက မွေးဖွားတာ (မှန်ပါ့)၊ ဒီအမေ ဝမ်းထဲက ပေါက်ပွားတာ၊ အင်း အမိဝမ်းတွင်း ဆိုကြပါစို့ဗျာ၊ ဝမ်းတွင်း ဆင်းပေါ့နော် (မှန်ပါ့)၊ အဲဒါ အိုးမဲသုတ် တိုက်လိုက်တော့ခွပ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့သည်ကားလို့ဆိုရင် ယောကျ်ားကလည်း မိန်းမမဟုတ်တာ မိန်းမလုပ်နေလို့ အို ဒီမိန်းမက အသုံးအဖြုန်းကြီးတယ်၊ သူက ကြွားတယ်၊ အင်း ပိုက်ဆံ အသုံးအဖြုန်းများလို့ အဖတ်ကို မတင်ဘူး၊ မိန်းမလုပ်ပြီးသကာလ ယောကျ်ားကလည်း မျက်နှာမကြည်မသာ ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။

မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ယောကျ်ားကိုက ရှာပြီး သူကတေလေ ရသ၍ ဖြုန်းနေတာ (မှန်ပါ့)၊ အင်း လာပြီးကော ဒကာ ဒကာမတို့ (မှန်ပါ့)၊ ပြီးတော့ ဟိုကလည်း နှလုံးသွင်းလွှဲသွားတယ် (လွဲပါတယ်)၊ ဟာ နဂိုက ချစ်ပါတယ်, ခင်ပါတယ်, ရိုးမြေကျ ပေါင်းပါ့မယ်ဆိုတဲ့ ညီနောင်ပျောက်ပြီ (မှန်ပါ့)၊ မပျောက်သေးဘူးလား (ပျောက် ပါပြီ ဘုရား)။

အယောနိသော မနသိကာရက အိုးမဲသုတ်တိုက်တာ

ဟ-ဘယ့်နှယ်ကြောင့် ပျောက်သွားတာတုံးဆိုတော့ အယောနိသော မနသိကာရက အိုးမဲသုတ်တိုက်တာ (မှန် ပါ့ ဘုရား)၊ ဘာဖြစ်တာတုံး (အယောနိသော မနသိကာရက အိုးမဲသုတ်တိုက်တာပါ ဘုရား)။

အဲ အယောနိသော မနသိကာရက အိုးမဲသုတ် တိုက်လိုက်တာ၊ လင်နဲ့မယားဟာ တစ်ခါတည်း အရင်တုန်း က ယုယုယယ သွားတူလာဘက် ဘုရားသွား ကျောင်းတက်ဆိုသလို တရားဓမ္မ အားထုတ် အတူတူကို မဖြစ်လာတော့ ဘူး (မှန်ပါ့ ဘုရား)။

ဘယ်သူကနေပြီး အိုးမဲသုတ်လိုက်သတုံး မေးတော့ အယောနိသော မသိကာရက အိုးမဲသုတ်လိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိုးမဲသုတ်လိုက်တော့ ကြက်ညီနောင် ဘာဖြစ်ကြသတုံး (ခွပ်ကြပါတယ်)၊ ဒီမှာလည်း ဒကာနဲ့ ဒကာမ မတည့် တာ ခင်ဗျားတို့ ယုံပလား (ယုံပါပြီ)၊ ဘယ်သူက အိုးမဲသုတ်လိုက်သတုံး (အယောနိသော မနသိကာရက အိုးမဲသုတ် လိုက်ပါတယ်)။

အယောနိသော မသိကာရက ယောကျ်ားကလည်း မိန်းမလို့ဆိုလိုက်တော့ တစ်ခါတည်း အနိစ္စ ဒုက္ခ အနတ္တ ပျောက်သွားပြီး မိန်းမဆိုပြီး အိုးမဲသုတ်ပစ်လိုက်တယ် (မှန်ပါ့)၊ မိန်းမကလည်း ဒါ ငါ့ခင်ပွန်းသည်ဆိုပြီး အိုးမဲသုတ် ပစ်လိုက်တယ်၊ အနိစ္စ ဒုက္ခ အနတ္တ မဟုတ်ပါဘူးဆိုပြီး အိုးမဲသုတ်ပစ်လိုက်တဲ့အခါကျတော့ သူလုပ်သ၍ဟာက အမှား (မှန်ပါ့)၊ မိန်းမ လုပ်သ၍ဟာက အမှား (အမှားပါ ဘုရား)၊ ဟာ ဒါနဲ့ပဲ တစ်ခါတည်းခွဲကြစို့တော့ ကွဲကြ စို့တော့ ရုံးသွားပြီး လက်မှတ်ထိုးကြစို့တော့ ဟုတ်လား (မှန်ပါ့)၊ သဘောတူပြတ်ကြစို့တော့ ဖြစ်သ၍ဥစ္စာ ဒီလိုနေလို့ တော့ ဖြစ်မှာမဟုတ်ဘူး အစရှိသည်နဲ့ ရန်ဖြစ်ကုန်ကြတယ် (ဖြစ်ပါတယ် ဘုရား)။

ဘယ်သူကနေပြီး အိုးမဲသုတ်လိုက်ပါလိမ့် (အယောနိသော မသိကာရက အိုးမဲသုတ်ပါတယ် ဘုရား)၊ ဪ ဒကာ ဒကာမတို့ အယောနိသော မသိကာရကလောက် ရန်တိုက်ကောင်းတာ မရှိပါဘူး (မရှိပါ ဘုရား)၊ ဦးဘအုန်း တွေ့ဖူးရဲ့လား ခင်ဗျား (မတွေ့ဖူးပါ ဘုရား)။

အဲ အယောနိသော မသိကာရလောက် ရန်တိုက်ကောင်းတာ ဒကာ ဒကာမတို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အယောနိသော မသိကာရလောက် လင်မယား ကွဲပြားအောင် နှစ်ယောက်စလုံး အပါယ်သွားအောင် လုပ် နိုင်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကြက်နှစ်ကောင်ခွပ်ကြတဲ့အခါ

ကြက်နှစ်ကောင်ခွပ်ကြတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ တစ်ကောင့်တစ်ကောင် ဒေါသကြီးနေ တော့ ရန်သူနဲ့ တွေ့နေတော့ နှစ်ကောင်စလုံးဟာ ဒယ်အိုးထဲချည်း ကျတယ် (မှန်ပါ့)၊ ဆက်ပြီးတော့ ခံကြရတယ် (မှန်ပါ့)။

ဒီမှာလည်း ခင်ဗျားတို့ ဒီအယောနိသော မသိကာရကြောင့် ဒိဋ္ဌိဖြစ်ပြီးတော့ သူ့ကြောင့် ငါ့ကြောင့် ဖြစ်လာ တယ် (မှန်ပါ့)၊ ဖြစ်ပြီးသကာလ ဒိဋ္ဌုပါဒါန်ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံကနေပြီး ကမ္မဘဝ ပစ္စယာဇာတိဆိုပြီး အပါယ်ရောက်သွား တယ် (မှန်ပါ့ ဘုရား)။

ဟာ ဘယ်သူကနေပြီး ရန်တိုက်လိုက်တာပါလိမ့် (အယောနိသော မသိကာရကပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ တစ်ခါ အယောနိသော မသိကာရကြောင့် ဒါက ရှင်ကွဲရှိသေးတယ် (မှန်ပါ့)၊ တော်တော်ကြာကျတော့ အသက်တိုင်းနေတော့ သေကွဲဆိုတာက လာပြန်တယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ သေကွဲကျပြန်တော့လည်း ဘာဖြစ်လို့ ရေမချိုး မဖီး မလိမ်း အဝတ်အစား ပြောင်ပြောင်လက်လက် မဝတ်ဘဲ ဘာဖြစ်နေသတုံး ခင်ပွန်းသည် ပျက်စီးသွားလို့ (မှန်ပါ့)၊ အင်း ခင်ပွန်းသည်တဲ့ (မှန်ပါ့)၊ အနိစ္စ ဒုက္ခ အနတ္တဟာ အနိစ္စ ဒုက္ခ အနတ္တဖြစ်သွားလို့လို့ ပြောရဲ့လား (မပြောပါ ဘုရား)၊ ဘယ့်နှယ်ပြောသတုံး (ခင်ပွန်း သည် ပျက်စီးသွားလို့)။

ခင်ပွန်းသည် အနိစ္စရောက်သွားလို့ (မှန်ပါ့)၊ ခင်ပွန်းသည်က တစ်ပြည်တစ်ရွာ စွန့်သွားလို့ (မှန်ပါ့)၊ ယဉ်အောင် သုံးရင်ပေါ့ဗျာ (မှန်ပါ့)၊ ယဉ်အောင်သုံးရင် ဒါပဲသုံးတာပဲ (မှန်ပါ့)။

အဲဒီတွင်မှ တစ်ခါတည်း နောက်ဇာတ်ကြောင်းတွေ ထိုင်ကာ မှိုင်ကာ နေတော့မယ်ဆိုရင် ဇာတ်ကြောင်း လှန်တော့မလို့ အောက်မေ့ပေတော့ နှလုံးသွင်းမှားချည့်လာတော့မှာပဲ (မှန်ပါ့)၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ငိုခြင်းအချခိုင်းတာလဲ ဘယ်သူတုံး (အယောနိသော မသိကာရပါ ဘုရား)၊ လင်နဲ့မယား ရန်ဖြစ်ခိုင်း တာလည်း (အယောနိသော မသိကာရပါ ဘုရား)။

ခင်ဗျားတို့ ဂြိုဟ်တွေ့ပြီ

ဟာ ဒကာကြွယ် ခက်ကုန်ပြီ ခင်ဗျားတို့ ဂြိုဟ်တွေ့ပြီ (မှန်ပါ့)၊ ဦးဘအုန်း ဂြိုဟ်တွေ့ပြီ (တွေ့ပါပြီ ဘုရား)။

ဘာတွေ့သတုံး (အယောနိသော မသိကာရ တွေ့ပါတယ်)၊ အယောနိသော မသိကာရ တွေ့ပြီ (မှန်ပါ့)၊ အယောနိသော မသိကာရ ပျောက်ပြီကော (ပျောက်ပါပြီ ဘုရား)။

အယောနိသော မသိကာရ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အင်မတန် တည့်မှာပေါ့ (မှန်ပါ့)၊ အခုတော့ အယောနိသော မသိကာရဆိုတာလည်း ခင်ဗျားတို့က ကံမကောင်းလို့ မအောက်မေ့နဲ့ ဒကာကြွယ်ရဲ့ လက်သည်ရှာ (အယောနိသော မသိကာရပါ ဘုရား)။

အင်း သေလို့ တစ်ခါတည်း တစ်ယောက် တစ်ယောက် ချုပ်ပိန်ချောက်သွားတာတွေ ကြည့်လိုက်ပြန်တော့ လည်း (အယောနိသော မသိကာရပါ ဘုရား)၊ သုံးနှစ်သုံးမိုး မမေ့တာ ကြည့်လိုက်ပြန်တော့လည်း (အယောနိသော မသိကာရပါ ဘုရား)။

သုသာန် သူများ မသာသွားပို့ရင်း မြေပုံလှမ်းငိုတာတွေ ကြည့်လိုက်ပါဦး (အယောနိသော မသိကာရပါ ဘုရား)။

မြေပုံမှားငိုတာလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ရှိတာ ဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အို ဒီအကြောင်းတွေ အယောနိသော မသိကာရသာ ဒကာမတစ်ယောက်က စကားရှည်ရှည်နဲ့ ပြော နေမယ်ဆိုရင် ဘေးက နားထောင်မည့်သူတွေ နားကို ငြီးတာပဲ မပြီးဘူး (မှန်ပါ့)၊ ဘာတွေချည်းပြောနေမယ် ထင်သလဲ (အယောနိသော မသိကာရပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

နိဗ္ဗာန်မရောက်နိုင်တဲ့ လက်သည်

ဒါဖြင့် ဒကာကြွယ်တို့မှာ နိဗ္ဗာန်မရောက်နိုင်တဲ့ လက်သည်တစ်ယောက်တော့ မိပြန်ပြီ (မှန်ပါ့ ဘုရား)၊ ဘာမိ ပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အင်း တော်ပဲတော်သေးတယ်နော် နဂိုက ဖမ်းမမိဘူး (မှန်ပါ့)၊ နဂိုက သူများလာရင် ဒို့အိမ်ပယောဂများ တိုက်ထားသလား လင်နဲ့မယား အဆင်မပြေပါဘူးတဲ့ (မှန်ပါ့)၊ ဘယ်ဟုတ်ရမှာတုံး ပယောဂ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်း ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အယောနိသော မသိကာရက မိန်းမ လုပ်ထားပြီဟေ့၊ မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကလည်း အင်း ယောကျ်ားလုပ်ထား (မှန်ပါ့)၊ ယောကျ်ားလုပ်ထားတဲ့သူကလည်း အနိစ္စ, ဒုက္ခ, အနတ္တကို (မိန်းမလုပ်ထားပါတယ်)၊ မိန်းမလုပ်ပြီးသကာလ အနိစ္စ, ဒုက္ခ, အနတ္တက ကွယ်ပြီးသကာလ ယောကျ်ား မိန်းမ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ယောကျ်ား မိန်းမ ဖြစ်လာတဲ့အခါကျတော့ တစ်ယောက်က အသုံးအဖြုန်းကြီးသလေး တစ်ယောက်က အနေ အထိုင်မကောင်းဘူးလေးနဲ့ ရှုပ်လာတယ် (မှန်ပါ့)၊ မရှုပ်သေးဘူးလား (ရှုပ်ပါတယ် ဘုရား)။

အင်း ဒါဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)၊ ယောကျ်ား မိန်းမရယ်လို့ နှလုံးသွင်းမှားက စတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာကြွယ် ဒီလို နှလုံးသွင်းမမှားတဲ့ အိမ်ရွာထဲမှာ ဘယ်နှစ်အိမ်ရှိသတုံး (မရှိပါ ဘုရား)၊ ဟာ အကုန်ပါဗျာ ရှုပ်မနေနဲ့တော့ (မှန်ပါ့ ဘုရား)၊ တစ်ရွာလုံး ရှိပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

အဲ ဒါ ဘုန်းကြီးက ခင်ဗျားတို့ကို ကျကျနန ပြင်ပေးနိုင်ဖို့ပေးတာ (မှန်ပါ့)၊ မပေးနိုင်လို့ရှိရင် ဘယ်သူမှ ကယ်မည့်သူတော့ မရှိဘူး (မှန်ပါ့)၊ ဟိုအိမ်ကြည့်လိုက်လည်း နှလုံးသွင်းမှားနဲ့ပဲ (မှန်ပါ့)၊ ဟိုမှာ ဒီလင်မယား တွေ့ဖူး ကြတာပဲဆိုပြီး ဘေးကများ အားကျကြတယ် (မှန်ပါ့)၊ ဘေးက အားကျတယ်၊ သူတို့ အကြင်လင်မယားဟာ မောင်လို နှမလိုပဲ အကြင်လင်မယားသာဆိုတယ် မောင်လိုနှမလိုပဲ ၊ ကြင်ကြင်နာနာ ရှိလိုက်တာ (မှန်ပါ့)၊ ညှာညှာတာတာ ရှိလိုက်တာ (မှန်ပါ့)၊ ဒါတွေ နှလုံးသွင်းမှားနေတာ (မှန်ပါ့)။

နှလုံးသွင်းမှားနဲ့ တဏှာသွားနေတာ

အို အင်မတန် လိမ်မာတဲ့ ဒကာမ၊ ကိုယ်က ဂရုမစိုက်ရင် ဘယ်ဖြစ်မလဲ၊ တော်တော်လိမ်မာတဲ့ ယောကျ်ား၊ ကိုယ်က အနာမခံလို့ရှိရင် ဘယ်ဖြစ်မလဲ (မှန်ပါ့)၊ သူကလည်း နှလုံးသွင်းမှားနဲ့ တဏှာသွားနေတာ (မှန်ပါ့)၊ သူက လည်း တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိတဲ့ (မှန်ပါ့ ဘုရား)။

အဲ သင့်သင့်မြတ်မြတ် နေတာတွေကလည်း ဘာပါလိမ့် (အပါယ်ဇာတိပါ ဘုရား)၊ အဲ နှလုံးသွင်း မှားတဲ့ လူကရော (အပါယ်ဇာတိပါ ဘုရား)။

တဏှာ ဥပါဒါန်ကံ (အပါယ်ဇာတိပါ)၊ နှလုံးသွင်းလွဲပြီး တစ်ခါ အချိုးမကျတဲ့ အိမ်ကျပြန်တော့လည်း နှလုံး သွင်းမှားလို့ပဲ အချိုးမကျတာ (မှန်ပါ့)။

အဲဒါကျတော့လည်း တဏှာ ဥပါဒါန် (ကံပါ ဘုရား)၊ အဲဒါကျတော့ တဏှာမလာနဲ့ (မှန်ပါ့)၊ ဒေါသ, သောက, ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ (မှန်ပါ့)၊ ဝိညာဏ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားတဲ့ ဒီဒေါသဖြစ်တဲ့လူကျတော့လည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာဘက်လှည့် (မှန်ပါ့)၊ နှလုံးသွင်းမှာ တစ်ခါမှားတော့ မှားတာပဲ၊ မှားပေမယ့် ယုယုယယနေတဲ့လူဖြစ်ပြန်တော့ တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိ (မှန်ပါ့)၊ ဦးဘအုန်း ဒီကချည်းလာတယ် (မှန်ပါ့ ဘုရား)။

တချို့ဟာ ဒကာ ဒကာမတွေမှာ သေချိန်မရောက်ဘဲနဲ့ သေသွားတာတွေ မောင်ဘသော် မင်းကြားဖူးရဲ့လား (ကြားဖူးပါတယ် ဘုရား)၊ အဲဒါ ဘာထင်သတုံး မင်း (နှလုံးသွင်းမှားတာပါ ဘုရား)။

နှလုံးသွင်းမှားတာ ကိုယ်က အသက်တိုင်းနေရလိမ့်မယ်ဆိုပြီး အခုတော့ သူက အရင်စွန့်သွားတော့ ကျုပ်လည်း လိုက်မှတော်မယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဘာဖြစ်ပြန်သတုံး (နှလုံးသွင်းမှားတာပါ ဘုရား)။

ဒါ ဘာဖြစ်ကြတာတုံး (နှလုံးသွင်းမှားတာပါ)၊ ဒါ ကံမကောင်းလို့ သေတာလားကွာ သူ့ဟာသူ လိုက်ချင်လို့ လိုက်တာလားကွာ (သူ့ဟာသူ လိုက်ချင်လို့ လိုက်တာပါ ဘုရား)။

အမှားတို့၏ သွားရာလမ်း

ဒါဖြင့် ဒါကံကသတ်တာလား၊ နှလုံးသွင်းမှားက သတ်တာလား (နှလုံးသွင်းမှားက သတ်တာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာကြွယ် နှလုံးသွင်းမှား ဘယ်လောက်အရာကျယ်တယ်ဆိုတာ (ကျယ်ပါတယ် ဘုရား)၊ မကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)။

ဒါဖြင့် ယနေ့ နှလုံးသွင်းမှားကိုမှ ဦးဘအုန်း ထည့်မပေးလို့ရှိရင်ဖြင့် အမှားတို့၏ သွားရာလမ်းကိုဖြင့် မလွတ် တမ်းဘဲ ရောက်ရမယ် (မှန်ပါ့)၊ မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)။

ဒါဖြင့် အင်မတန် အရေးကြီးတဲ့တရားဆိုတာ ဒကာကြွယ်ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ တစ်နေ့လုံး ရန်တိုက်တာဟာ ဘယ်သူတုံး (အယောနိသော မသိကာရပါ ဘုရား)၊ တစ်နေ့လုံး ပြုံးစရာတွေ မဟုတ်ဘဲနဲ့ ပြုံးနေတာ တွေ ကြည့်ပြန်တော့ကော (အယောနိသော မသိကာရပါ)၊ နှလုံးသွင်းမှားတာ (မှန်ပါ့)၊ မဲ့စရာမရှိဘဲနဲ့ မဲ့နေတာတွေ ကြည့်လိုက်ပြန်တော့ကော (နှလုံးသွင်းမှားတာပါ ဘုရား)။

ဒကာကြွယ် မြို့ထဲမှာလည်း အပြုံးနဲ့အမဲ့ပဲ ရှိမှာပါပဲ (မှန်ပါ့ ဘုရား)၊ ဒီ့ပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)၊ အပြုံးကလည်း ဘာပါလိမ့် (နှလုံးသွင်းမှားတာပါ)၊ အမဲ့တွေ ကြည့်ပြန်တော့ကော (နှလုံးသွင်းမှားတာပါ ဘုရား)။

ရော ခက်ကုန်ပြီကော၊ ဦးဘအုန်းရေ လက်သည်တော့ဖြင့် ဒီနေ့ ကောင်းကောင်းတွေ့ပြီ (တွေ့ပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတွေ တဲ့၊ ခွေးနဲ့ကြောင်နဲ့ တည့်အောင်လည်း နှလုံးသွင်းမှားပြီ (မှန်ပါ့)၊ အစာ ကလေးပြပြီး နှစ်ခု ခဏခဏကျွေးနေတော့ ခွေးနဲ့ကြောင်လည်း တွေ့ရင် တည့်နေတာ (မှန်ပါ့)၊ ဒါလည်း နှလုံးသွင်း မှားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အင်း ခုနင်က ကြက်ညီနောင် ခွပ်ကြပြန်တာလည်း (နှလုံးသွင်း မှားတာပါ ဘုရား)။

ဘယ်သူကလုပ်တာတုံး ဒီသမီးကို (နှလုံးသွင်းမှားက လုပ်တာပါ)၊ ဘယ်သူက အိပ်မပျော်အောင် လုပ်တာတုံး (နှလုံးသွင်းမှားက လုပ်တာပါ)၊ ကိုယ်လုပ်ထားတဲ့ နှလုံးသွင်းမှားက လုပ်တာ (မှန်ပါ့)၊ ဟိုက အထည်ရှိတာလား မရှိ တာလား (မရှိတာပါ ဘုရား)။

ဪ ခက်နေပြီကော အရုပ်ငိုခြင်းချတာ ဘေးကပွဲကြည့်လူကရော ငိုခြင်းချသလိုဖြစ်နေပြီ (မှန်ပါ့ ဘုရား)၊ သဘောကျပလား (ကျပါပြီ ဘုရား)။

အရုပ်က ငိုခြင်းချတာကို ခင်ဗျားတို့က ဖြစ်မှဖြစ်ရလေ ဒေါသများထွက်လို့ ရိုက်တဲ့လူ နှက်တဲ့လူကို ဒကာကြွယ် တို့က (မှန်ပါ့)၊ ဘာဖြစ်တာတုံး (နှလုံးသွင်းမှားတာပါ)၊ နှလုံးသွင်းမှားကုန်တာ ရှင်းပလား (ရှင်းပါပြီ)။

အဲဒီတော့ ခင်ဗျားတို့ မျက်ရည်ကျတာဟူသ၍၊ ဟာ-မောင်ဘသော်ဖြစ်စေ ဒကာမတွေဖြစ်စေ မသနားနဲ့ကွာ (မှန်ပါ့)၊ ဘာဖြစ်လို့တုံးဆိုတော့ အရှိကို တကယ်ဖြစ်လို့ မျက်ရည်ကျတာလား မှာပြီးကျတာလား (မှားပြီးကျတာပါ)၊ ဒါဖြင့် အကောင်းကျဆိုမလား အရူးကျဆိုမလား (အရူးကျပါ ဘုရား)။

ရူးတဲ့ပုဂ္ဂိုလ်က ငိုခြင်းချနေတာ

ဪ ရူးလို့ကျတဲ့ပုဂ္ဂိုလ်ဟာ ရူးတဲ့ပုဂ္ဂိုလ်က ငိုခြင်းချနေတာ ဦးဘအုန်းကြီးက ဝင်ပြီး သနားသေးသလား (သနားမိပါတယ်)၊ ဒကာကြွယ်ကော သနားမိသေးသလား (သနားမိပါတယ် ဘုရား)၊ သနားမိတယ် ကိုယ်တောင်ရောပြီး ငိုချင်သေးထင်ပါရဲ့ ဒကာကြွယ် ကြည့်ရတာ အတော်ဆိုးနေတာ (မှန်ပါ့)၊ ဟိုက ထန်းရည်သမားလို အရူးထပြီး သူ့ ဟာသူဖြစ်နေတာ၊ မင်းဘာဖြစ်နေသတုံး၊ မင်းတို့ဖြစ်တာ ငါလည်း စိတ်မကောင်းဘူးလို့များ သွားပြီး အဆစ်ထည့်မိ သေးသလား (ထည့်မိပါတယ်)၊ အို ဖြစ်မှဖြစ်ရလေ (မှန်ပါ့)။

အဲဒါ နှလုံးသွင်းမှားတာ၊ အကုန်ပြင်ကြမှပဲ (မှန်ပါ့)၊ နှလုံးသွင်းမှားတာ ဦးဘအုန်း မဂ်ဖိုလ် ကန့်ကွက်တယ် နော် (မှန်ပါ့)၊ နှလုံးသွင်းမှားတာ ဘာတုံး (မဂ်ကို ကန့်ကွက်ပါတယ် ဘုရား)၊ တကယ့်ဆုကြီး လာဘ်ကြီး ပိတ်ပါတယ် လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ နှလုံးသွင်းမှားတာ ကြောက်စရာမကောင်းဘူးလား (ကောင်းပါတယ် ဘုရား)၊ ကဲ ဒါဖြင့် ရွာထဲ ရပ်ထဲမှာ ဟိုအိမ်မှာလည်း မျက်စိမျက်နှာမသာတဲ့ မျက်ရည်စက်လက်နဲ့၊ ဟိုအိမ်ကလည်း ကြည့်ပြန် မျက်နှာရှစ်ခေါက်ချိုးနဲ့ (မှန်ပါ့ ဘုရား)၊ ဟိုအိမ်ကြည့်ပြန်လည်း လင်နဲ့မယား အဆင်မပြေ၊ ဟိုအိမ်ကြည့်ပြန်လည်း သမီးက ဒုက္ခရောက်အောင် လုပ်သွားလို့ (မှန်ပါ့)၊ ဟိုအိမ်ကြည့်ပြန်လည်း သားက တေလေဖြစ်နေလို့ အိပ်မပျော်ဘူး (မှန်ပါ့)။

ဟ ဘာဖြစ်နေကြတာတုံး ပြောကြစမ်းပါဦး၊ အိမ်တိုင်းစေ့ ဒီဥစ္စာ ဘာဖြစ်နေတာတုံး (နှလုံးသွင်းမှားလို့ ပါ)၊ ရော ခက်ကုန်ပြီပကော၊ အိမ်တိုင်းစေ့ အပါယ်သွားမည့်ပုံချည်းပါလား (မှန်ပါ့)။

ဦးဘအုန်း ဘယ့်နှယ် စဉ်းစားမိပါရဲ့လား ခင်ဗျား (စဉ်းစားမိပါတယ် ဘုရား)၊ အိမ်တိုင်းစေ့ ဘယ်သွားမည့် ပုံတုံး (အပါယ်သွားမည့်ပုံပါ ဘုရား)။

ကဲ ဒကာကြွယ် ခင်ဗျားတို့လုပ်ထားတဲ့ ကုသိုလ်ကလေးနဲ့ ဥပမာ- တိုက်ကလေးတစ်လုံး တည်ထားတယ် ဆိုပါတော့ ဒကာကြွယ် နှလုံးသွင်းမှားတဲ့အချိန်နဲ့၊ တိုက်တဲ့အချိန်နဲ့၊ တိုက်တည်တဲ့ကုသိုလ်နဲ့ ဘယ်ဟာက များသတုံး (နှလုံးသွင်းမှားတဲ့အချိန်က များပါတယ်ဘုရား)။

နှလုံးသွင်းမှားလို့ပေါ့ တစ်ခါတလေ ယောကျ်ားလုပ်တဲ့ ပုဂ္ဂိုလ်လည်း မျက်နှာတွေ မကောင်း၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်လည်း မျက်နှာတွေ မကောင်း၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်မှာလည်း (မျက်နှာမကောင်းပါ)၊ သားသမီးလုပ်တဲ့ ပုဂ္ဂိုလ် တွေကလည်း (မျက်နှာမကောင်းပါ ဘုရား)။

ဟ ဘာဖြစ်နေကြတာလဲ ဒီတစ်အိမ်လုံးကလည်းဆိုတော့ (နှလုံးသွင်းမှားလို့ပါ ဘုရား)၊ နှလုံးသွင်းမှားလို့ (မှန်ပါ့)၊ သားက အမေ စိတ်ဆိုးနေတာလဲ အမေမဟုတ်တာကို အမေလုပ်ပြီး နှလုံးသွင်းလိုက်တာနဲ့ အမေ စိတ်ဆိုး တယ် (မှန်ပါ့)၊ အမေက မျက်စိမျက်နှာ မသာတာလည်း သမီးမဟုတ်တဲ့ အနိစ္စ, ဒုက္ခ, အနတ္တကို သမီးလုပ်ပြီးသကာလ သူပဲ အနေအထိုင်မတတ်တာ၊ သူပဲ ဆိုးဝါးတာ၊ သူ့အတွက် အရှက်ကွဲရတာ (မှန်ပါ)၊ အံမာလေး ဒကာ ဒကာမတွေမှာ အနိစ္စ, ဒုက္ခပျောက် (မှန်ပါ့)၊ တစ်ခါတည်း နှလုံးသွင်းမှားကြီးနဲ့ အထည်လုပ်ပစ်လိုက်တယ် (မှန်ပါ့ ဘုရား)။

အထည်လုပ်ပစ်လိုက်တော့ အမေမိဘလုပ်တဲ့ ပုဂ္ဂိုလ်များမှာ ဪ သမီးဆိုးလို့လား ကိုယ် နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာလား (နှလုံးသွင်းမှားလို့ မျက်ရည်ကျ ရင်ထုရတာပါ ဘုရား)။

ဦးဘအုန်း သနားစရာလားဗျာ မသနားစရာလားဗျာ ပြောစမ်းပါဦး (မသနားစရာပါ ဘုရား)၊ ဒကာကြွယ်က လည်း သနားစရာလား မသနားစရာလား အကဲခတ်စမ်း (မသနားစရာပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ သေသေ ချာချာ စဉ်းစားကြစမ်းပါ ဒကာ ဒကာမတို့ ဘုရားဟောတော်မူတာနော် (မှန်ပါ့)၊ ဘုန်းကြီးက တစ်ဆင့်ခံ ပြောနေတာ (မှန်ပါ့ ဘုရား)။

ရွာထဲမှာ ဟိုအိမ် ဒီအိမ်မှာကြည့်၊ မျက်စိမျက်နှာ မသာတဲ့အိမ်တွေ မောင်ဘသော် ဘယ်အိမ်မှ တကယ်သာလှ တယ် မရှိပါဘူး (မှန်ပါ့)၊ အဲဒါ ဘာဖြစ်နေကြတာလဲ (နှလုံးသွင်းမှားတာပါ ဘုရား)။

ယောကျ်ားက မိန်းမအပေါ်မှာ မိန်းမလုပ်ပြီး နှလုံးသွင်းမှားလိုက် (မှန်ပါ့)၊ မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ကိုယ့်ကိုယ်ကိုယ် မိန်းမထင်ပြီး ယောကျ်ားအပေါ် နှလုံးသွင်းမှားလိုက် (မှန်ပါ့)။

အင်း ဒါနဲ့ ဘာဖြစ်ကြသလဲ (နှလုံးသွင်းမှားပါတယ်)၊ ဒါနဲ့ မျက်ရည်မျက်ခွက်နဲ့ မသာမယာ၊ ရိုက်ကြတဲ့ နှက်ကြတဲ့ အပြောအဆိုပြောကြတဲ့ တစ်ခါတည်း နင်ပဲ ငဆဖြစ်ကြဟဲ့ (မှန်ပါ့)၊ အင်း ဘာဖြစ်ကြတာတုံး (နှလုံးသွင်း မှားလို့ပါ ဘုရား)။

ကြက်ညီနောင် အိုးမဲသုတ် တိုက်သလို

ဒါဖြင့် ခင်ဗျားတို့ဟာ ကြက်ညီနောင် အိုးမဲသုတ် တိုက်သလိုဖြစ်နေပြီ (မှန်ပါ့)၊ ဦးဘအုန်း ဘယ့်နှယ်ဖြစ်နေ သတုံး (ကြက်အိုးမဲသုတ် တိုက်သလိုဖြစ်နေပါတယ်)၊ ကြက်ညီနောင် ထည့်ပါဦးဗျ (မှန်ပါ့)၊ ကြက်ကညီနောင်၊ နဂိုက ဒီအမေက မွေးဖွားတာ (မှန်ပါ့)၊ ဒီအမေ ဝမ်းထဲက ပေါက်ပွားတာ၊ အင်း အမိဝမ်းတွင်း ဆိုကြပါစို့ဗျာ၊ ဝမ်းတွင်း ဆင်းပေါ့နော် (မှန်ပါ့)၊ အဲဒါ အိုးမဲသုတ် တိုက်လိုက်တော့ခွပ်တယ် (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ် ဘုရား)။

ဒီမှာလည်း ခင်ဗျားတို့သည်ကားလို့ဆိုရင် ယောကျ်ားကလည်း မိန်းမမဟုတ်တာ မိန်းမလုပ်နေလို့ အို ဒီမိန်းမက အသုံးအဖြုန်းကြီးတယ်၊ သူက ကြွားတယ်၊ အင်း ပိုက်ဆံ အသုံးအဖြုန်းများလို့ အဖတ်ကို မတင်ဘူး၊ မိန်းမလုပ်ပြီးသကာလ ယောကျ်ားကလည်း မျက်နှာမကြည်မသာ ဖြစ်လာတယ် (မှန်ပါ့ ဘုရား)။

မိန်းမလုပ်တဲ့ ပုဂ္ဂိုလ်ကလည်း ယောကျ်ားကိုက ရှာပြီး သူကတေလေ ရသ၍ ဖြုန်းနေတာ (မှန်ပါ့)၊ အင်း လာပြီးကော ဒကာ ဒကာမတို့ (မှန်ပါ့)၊ ပြီးတော့ ဟိုကလည်း နှလုံးသွင်းလွှဲသွားတယ် (လွဲပါတယ်)၊ ဟာ နဂိုက ချစ်ပါတယ်, ခင်ပါတယ်, ရိုးမြေကျ ပေါင်းပါ့မယ်ဆိုတဲ့ ညီနောင်ပျောက်ပြီ (မှန်ပါ့)၊ မပျောက်သေးဘူးလား (ပျောက် ပါပြီ ဘုရား)။

ဟ-ဘယ့်နှယ်ကြောင့် ပျောက်သွားတာတုံးဆိုတော့ အယောနိသော မနသိကာရက အိုးမဲသုတ်တိုက်တာ (မှန် ပါ့ ဘုရား)၊ ဘာဖြစ်တာတုံး (အယောနိသော မနသိကာရက အိုးမဲသုတ်တိုက်တာပါ ဘုရား)။

အဲ အယောနိသော မနသိကာရက အိုးမဲသုတ် တိုက်လိုက်တာ၊ လင်နဲ့မယားဟာ တစ်ခါတည်း အရင်တုန်း က ယုယုယယ သွားတူလာဘက် ဘုရားသွား ကျောင်းတက်ဆိုသလို တရားဓမ္မ အားထုတ် အတူတူကို မဖြစ်လာတော့ ဘူး (မှန်ပါ့ ဘုရား)။

အယောနိသော မသိကာရက အိုးမဲသုတ်လိုက်တယ်

ဘယ်သူကနေပြီး အိုးမဲသုတ်လိုက်သတုံး မေးတော့ အယောနိသော မသိကာရက အိုးမဲသုတ်လိုက်တယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။

အိုးမဲသုတ်လိုက်တော့ ကြက်ညီနောင် ဘာဖြစ်ကြသတုံး (ခွပ်ကြပါတယ်)၊ ဒီမှာလည်း ဒကာနဲ့ ဒကာမ မတည့် တာ ခင်ဗျားတို့ ယုံပလား (ယုံပါပြီ)၊ ဘယ်သူက အိုးမဲသုတ်လိုက်သတုံး (အယောနိသော မနသိကာရက အိုးမဲသုတ် လိုက်ပါတယ်)။

အယောနိသော မသိကာရက ယောကျ်ားကလည်း မိန်းမလို့ဆိုလိုက်တော့ တစ်ခါတည်း အနိစ္စ ဒုက္ခ အနတ္တ ပျောက်သွားပြီး မိန်းမဆိုပြီး အိုးမဲသုတ်ပစ်လိုက်တယ် (မှန်ပါ့)၊ မိန်းမကလည်း ဒါ ငါ့ခင်ပွန်းသည်ဆိုပြီး အိုးမဲသုတ် ပစ်လိုက်တယ်၊ အနိစ္စ ဒုက္ခ အနတ္တ မဟုတ်ပါဘူးဆိုပြီး အိုးမဲသုတ်ပစ်လိုက်တဲ့အခါကျတော့ သူလုပ်သ၍ဟာက အမှား (မှန်ပါ့)၊ မိန်းမ လုပ်သ၍ဟာက အမှား (အမှားပါ ဘုရား)၊ ဟာ ဒါနဲ့ပဲ တစ်ခါတည်းခွဲကြစို့တော့ ကွဲကြ စို့တော့ ရုံးသွားပြီး လက်မှတ်ထိုးကြစို့တော့ ဟုတ်လား (မှန်ပါ့)၊ သဘောတူပြတ်ကြစို့တော့ ဖြစ်သ၍ဥစ္စာ ဒီလိုနေလို့ တော့ ဖြစ်မှာမဟုတ်ဘူး အစရှိသည်နဲ့ ရန်ဖြစ်ကုန်ကြတယ် (ဖြစ်ပါတယ် ဘုရား)။

ဘယ်သူကနေပြီး အိုးမဲသုတ်လိုက်ပါလိမ့် (အယောနိသော မသိကာရက အိုးမဲသုတ်ပါတယ် ဘုရား)၊ ဪ ဒကာ ဒကာမတို့ အယောနိသော မသိကာရကလောက် ရန်တိုက်ကောင်းတာ မရှိပါဘူး (မရှိပါ ဘုရား)၊ ဦးဘအုန်း တွေ့ဖူးရဲ့လား ခင်ဗျား (မတွေ့ဖူးပါ ဘုရား)။

အဲ အယောနိသော မသိကာရလောက် ရန်တိုက်ကောင်းတာ ဒကာ ဒကာမတို့ ရှိသေးရဲ့လား (မရှိပါ ဘုရား)၊ အယောနိသော မသိကာရလောက် လင်မယား ကွဲပြားအောင် နှစ်ယောက်စလုံး အပါယ်သွားအောင် လုပ် နိုင်တာ ရှိသေးရဲ့လား (မရှိပါ ဘုရား)။

ကြက်နှစ်ကောင်ခွပ်ကြတဲ့အခါကျလို့ရှိရင်ဖြင့် တဲ့၊ ဒကာ ဒကာမတို့ တစ်ကောင့်တစ်ကောင် ဒေါသကြီးနေ တော့ ရန်သူနဲ့ တွေ့နေတော့ နှစ်ကောင်စလုံးဟာ ဒယ်အိုးထဲချည်း ကျတယ် (မှန်ပါ့)၊ ဆက်ပြီးတော့ ခံကြရတယ် (မှန်ပါ့)။

ဒီမှာလည်း ခင်ဗျားတို့ ဒီအယောနိသော မသိကာရကြောင့် ဒိဋ္ဌိဖြစ်ပြီးတော့ သူ့ကြောင့် ငါ့ကြောင့် ဖြစ်လာ တယ် (မှန်ပါ့)၊ ဖြစ်ပြီးသကာလ ဒိဋ္ဌုပါဒါန်ဒိဋ္ဌိ အုပ်ချုပ်တဲ့ကံကနေပြီး ကမ္မဘဝ ပစ္စယာဇာတိဆိုပြီး အပါယ်ရောက်သွား တယ် (မှန်ပါ့ ဘုရား)။

ဟာ ဘယ်သူကနေပြီး ရန်တိုက်လိုက်တာပါလိမ့် (အယောနိသော မသိကာရကပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။

ဒါကြောင့် ဒကာ ဒကာမတို့ တစ်ခါ အယောနိသော မသိကာရကြောင့် ဒါက ရှင်ကွဲရှိသေးတယ် (မှန်ပါ့)၊ တော်တော်ကြာကျတော့ အသက်တိုင်းနေတော့ သေကွဲဆိုတာက လာပြန်တယ် (မှန်ပါ့)၊ မလာဘူးလား (လာပါတယ် ဘုရား)၊ သေကွဲကျပြန်တော့လည်း ဘာဖြစ်လို့ ရေမချိုး မဖီး မလိမ်း အဝတ်အစား ပြောင်ပြောင်လက်လက် မဝတ်ဘဲ ဘာဖြစ်နေသတုံး ခင်ပွန်းသည် ပျက်စီးသွားလို့ (မှန်ပါ့)၊ အင်း ခင်ပွန်းသည်တဲ့ (မှန်ပါ့)၊ အနိစ္စ ဒုက္ခ အနတ္တဟာ အနိစ္စ ဒုက္ခ အနတ္တဖြစ်သွားလို့လို့ ပြောရဲ့လား (မပြောပါ ဘုရား)၊ ဘယ့်နှယ်ပြောသတုံး (ခင်ပွန်း သည် ပျက်စီးသွားလို့)။

ခင်ပွန်းသည် အနိစ္စရောက်သွားလို့ (မှန်ပါ့)၊ ခင်ပွန်းသည်က တစ်ပြည်တစ်ရွာ စွန့်သွားလို့ (မှန်ပါ့)၊ ယဉ်အောင် သုံးရင်ပေါ့ဗျာ (မှန်ပါ့)၊ ယဉ်အောင်သုံးရင် ဒါပဲသုံးတာပဲ (မှန်ပါ့)။

အဲဒီတွင်မှ တစ်ခါတည်း နောက်ဇာတ်ကြောင်းတွေ ထိုင်ကာ မှိုင်ကာ နေတော့မယ်ဆိုရင် ဇာတ်ကြောင်း လှန်တော့မလို့ အောက်မေ့ပေတော့ နှလုံးသွင်းမှားချည့်လာတော့မှာပဲ (မှန်ပါ့)၊ မလာသေးဘူးလား (လာပါတယ် ဘုရား)။

ဒါဖြင့် ငိုခြင်းအချခိုင်းတာလဲ ဘယ်သူတုံး (အယောနိသော မသိကာရပါ ဘုရား)၊ လင်နဲ့မယား ရန်ဖြစ်ခိုင်း တာလည်း (အယောနိသော မသိကာရပါ ဘုရား)။

ဟာ ဒကာကြွယ် ခက်ကုန်ပြီ ခင်ဗျားတို့ ဂြိုဟ်တွေ့ပြီ (မှန်ပါ့)၊ ဦးဘအုန်း ဂြိုဟ်တွေ့ပြီ (တွေ့ပါပြီ ဘုရား)။

ဘာတွေ့သတုံး (အယောနိသော မသိကာရ တွေ့ပါတယ်)၊ အယောနိသော မသိကာရ တွေ့ပြီ (မှန်ပါ့)၊ အယောနိသော မသိကာရ ပျောက်ပြီကော (ပျောက်ပါပြီ ဘုရား)။

အယောနိသော မသိကာရ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အင်မတန် တည့်မှာပေါ့ (မှန်ပါ့)၊ အခုတော့ အယောနိသော မသိကာရဆိုတာလည်း ခင်ဗျားတို့က ကံမကောင်းလို့ မအောက်မေ့နဲ့ ဒကာကြွယ်ရဲ့ လက်သည်ရှာ (အယောနိသော မသိကာရပါ ဘုရား)။

အင်း သေလို့ တစ်ခါတည်း တစ်ယောက် တစ်ယောက် ချုပ်ပိန်ချောက်သွားတာတွေ ကြည့်လိုက်ပြန်တော့ လည်း (အယောနိသော မသိကာရပါ ဘုရား)၊ သုံးနှစ်သုံးမိုး မမေ့တာ ကြည့်လိုက်ပြန်တော့လည်း (အယောနိသော မသိကာရပါ ဘုရား)။

သုသာန် သူများ မသာသွားပို့ရင်း မြေပုံလှမ်းငိုတာတွေ ကြည့်လိုက်ပါဦး (အယောနိသော မသိကာရပါ ဘုရား)။

မြေပုံမှားငိုတာလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ရှိတာ ဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အို ဒီအကြောင်းတွေ အယောနိသော မသိကာရသာ ဒကာမတစ်ယောက်က စကားရှည်ရှည်နဲ့ ပြော နေမယ်ဆိုရင် ဘေးက နားထောင်မည့်သူတွေ နားကို ငြီးတာပဲ မပြီးဘူး (မှန်ပါ့)၊ ဘာတွေချည်းပြောနေမယ် ထင်သလဲ (အယောနိသော မသိကာရပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာကြွယ်တို့မှာ နိဗ္ဗာန်မရောက်နိုင်တဲ့ လက်သည်တစ်ယောက်တော့ မိပြန်ပြီ (မှန်ပါ့ ဘုရား)၊ ဘာမိ ပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့်

အင်း တော်ပဲတော်သေးတယ်နော် နဂိုက ဖမ်းမမိဘူး (မှန်ပါ့)၊ နဂိုက သူများလာရင် ဒို့အိမ်ပယောဂများ တိုက်ထားသလား လင်နဲ့မယား အဆင်မပြေပါဘူးတဲ့ (မှန်ပါ့)၊ ဘယ်ဟုတ်ရမှာတုံး ပယောဂ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်း ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အယောနိသော မသိကာရက မိန်းမ လုပ်ထားပြီဟေ့၊ မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကလည်း အင်း ယောကျ်ားလုပ်ထား (မှန်ပါ့)၊ ယောကျ်ားလုပ်ထားတဲ့သူကလည်း အနိစ္စ, ဒုက္ခ, အနတ္တကို (မိန်းမလုပ်ထားပါတယ်)၊ မိန်းမလုပ်ပြီးသကာလ အနိစ္စ, ဒုက္ခ, အနတ္တက ကွယ်ပြီးသကာလ ယောကျ်ား မိန်းမ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ယောကျ်ား မိန်းမ ဖြစ်လာတဲ့အခါကျတော့ တစ်ယောက်က အသုံးအဖြုန်းကြီးသလေး တစ်ယောက်က အနေ အထိုင်မကောင်းဘူးလေးနဲ့ ရှုပ်လာတယ် (မှန်ပါ့)၊ မရှုပ်သေးဘူးလား (ရှုပ်ပါတယ် ဘုရား)။

အင်း ဒါဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)၊ ယောကျ်ား မိန်းမရယ်လို့ နှလုံးသွင်းမှားက စတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာကြွယ် ဒီလို နှလုံးသွင်းမမှားတဲ့ အိမ်ရွာထဲမှာ ဘယ်နှစ်အိမ်ရှိသတုံး (မရှိပါ ဘုရား)၊ ဟာ အကုန်ပါဗျာ ရှုပ်မနေနဲ့တော့ (မှန်ပါ့ ဘုရား)၊ တစ်ရွာလုံး ရှိပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

အဲ ဒါ ဘုန်းကြီးက ခင်ဗျားတို့ကို ကျကျနန ပြင်ပေးနိုင်ဖို့ပေးတာ (မှန်ပါ့)၊ မပေးနိုင်လို့ရှိရင် ဘယ်သူမှ ကယ်မည့်သူတော့ မရှိဘူး (မှန်ပါ့)၊ ဟိုအိမ်ကြည့်လိုက်လည်း နှလုံးသွင်းမှားနဲ့ပဲ (မှန်ပါ့)၊ ဟိုမှာ ဒီလင်မယား တွေ့ဖူး ကြတာပဲဆိုပြီး ဘေးကများ အားကျကြတယ် (မှန်ပါ့)၊ ဘေးက အားကျတယ်၊ သူတို့ အကြင်လင်မယားဟာ မောင်လို နှမလိုပဲ အကြင်လင်မယားသာဆိုတယ် မောင်လိုနှမလိုပဲ ၊ ကြင်ကြင်နာနာ ရှိလိုက်တာ (မှန်ပါ့)၊ ညှာညှာတာတာ ရှိလိုက်တာ (မှန်ပါ့)၊ ဒါတွေ နှလုံးသွင်းမှားနေတာ (မှန်ပါ့)။

အို အင်မတန် လိမ်မာတဲ့ ဒကာမ၊ ကိုယ်က ဂရုမစိုက်ရင် ဘယ်ဖြစ်မလဲ၊ တော်တော်လိမ်မာတဲ့ ယောကျ်ား၊ ကိုယ်က အနာမခံလို့ရှိရင် ဘယ်ဖြစ်မလဲ (မှန်ပါ့)၊ သူကလည်း နှလုံးသွင်းမှားနဲ့ တဏှာသွားနေတာ (မှန်ပါ့)၊ သူက လည်း တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိတဲ့ (မှန်ပါ့ ဘုရား)။

အဲ သင့်သင့်မြတ်မြတ် နေတာတွေကလည်း ဘာပါလိမ့် (အပါယ်ဇာတိပါ ဘုရား)၊ အဲ နှလုံးသွင်း မှားတဲ့ လူကရော (အပါယ်ဇာတိပါ ဘုရား)။

တဏှာ ဥပါဒါန်ကံ (အပါယ်ဇာတိပါ)၊ နှလုံးသွင်းလွဲပြီး တစ်ခါ အချိုးမကျတဲ့ အိမ်ကျပြန်တော့လည်း နှလုံး သွင်းမှားလို့ပဲ အချိုးမကျတာ (မှန်ပါ့)။

အဲဒါကျတော့လည်း တဏှာ ဥပါဒါန် (ကံပါ ဘုရား)၊ အဲဒါကျတော့ တဏှာမလာနဲ့ (မှန်ပါ့)၊ ဒေါသ, သောက, ပရိဒေဝ အဝိဇ္ဇာ သင်္ခါရ (မှန်ပါ့)၊ ဝိညာဏ် (မှန်ပါ့ ဘုရား)။

နှလုံးသွင်းမှားတဲ့ ဒီဒေါသဖြစ်တဲ့လူကျတော့လည်း အဝိဇ္ဇာပစ္စယာ သင်္ခါရာဘက်လှည့် (မှန်ပါ့)၊ နှလုံးသွင်းမှာ တစ်ခါမှားတော့ မှားတာပဲ၊ မှားပေမယ့် ယုယုယယနေတဲ့လူဖြစ်ပြန်တော့ တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိ (မှန်ပါ့)၊ ဦးဘအုန်း ဒီကချည်းလာတယ် (မှန်ပါ့ ဘုရား)။

တချို့ဟာ ဒကာ ဒကာမတွေမှာ သေချိန်မရောက်ဘဲနဲ့ သေသွားတာတွေ မောင်ဘသော် မင်းကြားဖူးရဲ့လား (ကြားဖူးပါတယ် ဘုရား)၊ အဲဒါ ဘာထင်သတုံး မင်း (နှလုံးသွင်းမှားတာပါ ဘုရား)။

နှလုံးသွင်းမှားတာ ကိုယ်က အသက်တိုင်းနေရလိမ့်မယ်ဆိုပြီး အခုတော့ သူက အရင်စွန့်သွားတော့ ကျုပ်လည်း လိုက်မှတော်မယ် (မှန်ပါ့ ဘုရား)၊ ဒါဖြင့် ဘာဖြစ်ပြန်သတုံး (နှလုံးသွင်းမှားတာပါ ဘုရား)။

ဒါ ဘာဖြစ်ကြတာတုံး (နှလုံးသွင်းမှားတာပါ)၊ ဒါ ကံမကောင်းလို့ သေတာလားကွာ သူ့ဟာသူ လိုက်ချင်လို့ လိုက်တာလားကွာ (သူ့ဟာသူ လိုက်ချင်လို့ လိုက်တာပါ ဘုရား)။

ဒါဖြင့် ဒါကံကသတ်တာလား၊ နှလုံးသွင်းမှားက သတ်တာလား (နှလုံးသွင်းမှားက သတ်တာပါ)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာကြွယ် နှလုံးသွင်းမှား ဘယ်လောက်အရာကျယ်တယ်ဆိုတာ (ကျယ်ပါတယ် ဘုရား)၊ မကျယ်ဘူးလား (ကျယ်ပါတယ် ဘုရား)။

ဒါဖြင့် ယနေ့ နှလုံးသွင်းမှားကိုမှ ဦးဘအုန်း ထည့်မပေးလို့ရှိရင်ဖြင့် အမှားတို့၏ သွားရာလမ်းကိုဖြင့် မလွတ် တမ်းဘဲ ရောက်ရမယ် (မှန်ပါ့)၊ မရောက်ရပေဘူးလား (ရောက်ရပါတယ် ဘုရား)။

ဒါဖြင့် အင်မတန် အရေးကြီးတဲ့တရားဆိုတာ ဒကာကြွယ်ပေါ်လောက်ပါပြီ (ပေါ်ပါပြီ ဘုရား)၊ တစ်နေ့လုံး ရန်တိုက်တာဟာ ဘယ်သူတုံး (အယောနိသော မသိကာရပါ ဘုရား)၊ တစ်နေ့လုံး ပြုံးစရာတွေ မဟုတ်ဘဲနဲ့ ပြုံးနေတာ တွေ ကြည့်ပြန်တော့ကော (အယောနိသော မသိကာရပါ)၊ နှလုံးသွင်းမှားတာ (မှန်ပါ့)၊ မဲ့စရာမရှိဘဲနဲ့ မဲ့နေတာတွေ ကြည့်လိုက်ပြန်တော့ကော (နှလုံးသွင်းမှားတာပါ ဘုရား)။

အပြုံးနဲ့အမဲ့ပဲ ရှိမှာပါပဲ

ဒကာကြွယ် မြို့ထဲမှာလည်း အပြုံးနဲ့အမဲ့ပဲ ရှိမှာပါပဲ (မှန်ပါ့ ဘုရား)၊ ဒီ့ပြင် ဘာရှိသေးသတုံး (မရှိပါ ဘုရား)၊ အပြုံးကလည်း ဘာပါလိမ့် (နှလုံးသွင်းမှားတာပါ)၊ အမဲ့တွေ ကြည့်ပြန်တော့ကော (နှလုံးသွင်းမှားတာပါ ဘုရား)။

ရော ခက်ကုန်ပြီကော၊ ဦးဘအုန်းရေ လက်သည်တော့ဖြင့် ဒီနေ့ ကောင်းကောင်းတွေ့ပြီ (တွေ့ပါပြီ ဘုရား)။

အင်း ဒကာ ဒကာမတွေ တဲ့၊ ခွေးနဲ့ကြောင်နဲ့ တည့်အောင်လည်း နှလုံးသွင်းမှားပြီ (မှန်ပါ့)၊ အစာ ကလေးပြပြီး နှစ်ခု ခဏခဏကျွေးနေတော့ ခွေးနဲ့ကြောင်လည်း တွေ့ရင် တည့်နေတာ (မှန်ပါ့)၊ ဒါလည်း နှလုံးသွင်း မှားတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါပြီ)၊ အင်း ခုနင်က ကြက်ညီနောင် ခွပ်ကြပြန်တာလည်း (နှလုံးသွင်း မှားတာပါ ဘုရား)။

ဒါဖြင့် ကျုပ်တို့ နိဗ္ဗာန်ရောက်ဖို့ရာ နှလုံးသွင်းမှန်ဖို့ အရေးကြီးတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)၊ ဒါဖြင့် ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ရင် ကိစ္စပြီးပါတယ် (ပြီးပါတယ် ဘုရား)၊ ဦးဘအုန်း သာတဲ့တုံး (နှလုံးသွင်း မှန်ရင် ကိစ္စပြီးပါတယ် ဘုရား)။

နှလုံးသွင်းမှန်ရင် ကိစ္စပြီးတယ်ဆိုတာဖြင့် ဒကာကြွယ် လေးလေးစားစား မှတ်ပါတော့ (မှန်ပါ့ ဘုရား)၊ အင်မတန် အရေးကြီးတဲ့တရားဆိုတာ ယနေ့ပေါ်ပလား (ပေါ်ပါပြီ ဘုရား)၊ ခုနင်က စောစောက အပြစ်တွေလည်း အများကြီးပြခဲ့ပါတယ် (မှန်ပါ့ ဘုရား)။

မျက်နှာ မကြည်မသာရှိတာလည်း နှလုံးသွင်းမှားပဲ (မှန်ပါ့)၊ ပြုံးနေကြပြန်ကော (နှလုံးသွင်းမှားပါ) အပြုံး လည်း မမက်ကြပါနဲ့ (မှန်ပါ့)၊ အမဲ့လည်း မကြိုက်ကြပါနဲ့ (မှန်ပါ့)၊ အပြုံးလည်း (မမက်ကြပါနဲ့ ဘုရား)။

အရိယာတွေ ပြုံးတာကတော့ အို-သေလွတ်လို့

အဲဒါ နှလုံးသွင်းမှားကချည်း လာတာဖြစ်ပါတယ် (မှန်ပါ့)၊ အရိယာတွေ ပြုံးတာ မဆိုလိုပါဘူး (မှန်ပါ့)၊ အရိယာတွေ ပြုံးတာကတော့ အို-သေလွတ်လို့ သူတို့ပြုံးတာ (မှန်ပါ့)၊ ခင်ဗျားတို့ကတော့ အို,သေသွားမလို့ ပြုံးတာ (မှန်ပါ့)၊ ကွာသေးတာကိုး (ကွာပါတယ် ဘုရား)၊ မဲ့တာကြလည်း ရဟန္တများကျတော့ မဲ့လုံးမရှိဘူး၊ သံဝေဂပဲရှိတယ် (မှန်ပါ့)၊ ခင်ဗျားတို့ကတော့ မဲ့စရာရှိရင် အရုပ်ကိုဆိုးသွားတာပဲ (မှန်ပါ့ ဘုရား)၊ မဆိုးဘူးလား (ဆိုးပါတယ် ဘုရား)၊ ဘယ့်နှယ်ကြောင့် မဲ့တာတုံးဆိုတော့ နှလုံးသွင်းမှားတာ (မှန်ပါ့)၊ နှလုံးသွင်းမှားတာပါ ဘုရား။

နှလုံးသွင်းမှားတော့ အဝိဇ္ဇာသဝက လာပါရော (မှန်ပါ့)၊ ဟာ ဒါဖြင့် အဝိဇ္ဇာသာ ခင်ဗျား ဝင်ရိုးလုပ်ပြီး လှည့်စမ်းပါဦးဆိုတော့ အဝိဇ္ဇာသဝကနေပြီး ဒကာ ဒကာမတို့ အပါယ်ပို့ချင်ပို့တာ (မှန်ပါ့ ဘုရား)၊ မပို့ဘူးလား (ပို့ ပါတယ် ဘုရား)။

ကဲ ဒါဖြင့် နှလုံးသွင်းမှားသည် ဒကာ ဒကာမတို့ ဝင်ရိုးကို ဖြစ်စေတယ် (မှန်ပါ့)၊ ဝင်ရိုးဖြစ်စေသော ကြောင့် ဝင်ရိုးက လှည့်လိုက်တာ ဘုံလေးမျိုးပေါ်လာတယ် (မှန်ပါ့)။

ဘဝလေးမျိုးပေါ်တယ် ၊ ဘဝလေးမျိုး ပေါ်လာသောကြောင့် သေခြင်းဆိုးသေရတယ် (မှန်ပါ့ ဘုရား)၊ အိုသေလမ်းဆုံးရတယ်၊ မဆုံးရဘူးလား (ဆုံးရပါတယ် ဘုရား)၊ ကဲ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် နှလုံးသွင်းမှားလို့ သံသရာလည်တယ် (မှန်ပါ့ ဘုရား)၊ ဦးဘအုန်း ဘယ်လိုမှတ်မယ် (နှလုံးသွင်းမှားလို့ သံသရာလည်ပါတယ် ဘုရား)

ဘယ်ဟာကို နှလုံးသွင်းမှန်တယ် လုပ်ရ မှာတုံး

ဒါကြောင့် သံယုတ်ပါဠိတော်ကြီးမှာ လာတယ်၊ ရှင်မဟာကောဋ္ဌိတက ရှင်သာရိပုတ္တရာကို မေးတယ်၊ ရဟန္တာ ကြီးနှစ်ပါးလို့ မှတ်လိုက်ပါတော့ (မှန်ပါ့)၊ အရှင်ဘုရား သီလရှိတဲ့ပုဂ္ဂိုလ် ဘယ်ဟာကို နှလုံးသွင်းမှန်တယ် လုပ်ရ မှာတုံးတဲ့ (မှန်ပါ့ ဘုရား)၊ သီလရှိတဲ့ပုဂ္ဂိုလ်သည်ကားလို့ဆိုရင် “သီလဝတောဘိက္ခဝေ ယောနိသော မနသိကာရော” ဆိုတဲ့အတိုင်းတဲ့၊ သီလရှိတဲ့ပုဂ္ဂိုလ်မှာ နှလုံးသွင်းမှန်ကို လုပ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား)။

သီလကလေး ဆောက်တည်ပြီး နှလုံးသွင်းမှန် လုပ်လိုက်စမ်းပါတဲ့ (မှန်ပါ့)၊ ခန္ဓာကိုယ်မှာ ဝေဒနာဖြစ်ရင် ဒကာကြွယ် ဝေဒနာကို ဖြစ်ပျက်ရှုစမ်း (မှန်ပါ့ ဘုရား)၊ စိတ်ကြိုက်တဲ့ပုဂ္ဂိုလ်က (စိတ်ဖြစ်ပျက်ရှုရပါမယ်)၊ ရုပ်ကြိုက်တဲ့ ပုဂ္ဂိုလ်က (ရုပ်ဖြစ်ပျက်ရှုရပါမယ် ဘုရား)။

အဲဒီလိုဖြစ်ပျက်ရှုလိုက်တဲ့တစ်ခါကျတော့ ယောကျ်ား-မိန်းမ ပျောက်ပြီး အနိစ္စ, ဒုက္ခ, အနတ္တတွေပဲ ရောက် တယ် (မှန်ပါ့ ဘုရား)။

ဒါကျတော့ ဘာဖြစ်လို့ပါလိမ့် (နှလုံးသွင်းမှန်လို့ပါ ဘုရား)၊ နှလုံးသွင်းမှန်တော့ အာသဝ လာသေးရဲ့လား (မလာပါ ဘုရား)၊ အာသဝမှ မလာဘဲနဲ့ လှည့်ပို့စရာ ဘုံရှိသေးရဲ့လား (မရှိပါ ဘုရား)၊ ဘုံမှမရှိဘဲနဲ့ သေစရာကော (မရှိပါ ဘုရား)။

သံသရာစခန်းသတ်ချင်ရင်

ဒါဖြင့် ဒကာ ဒကာမတို့ သံသရာစခန်းသတ်ချင်ရင် နှလုံးသွင်းမှန်ဖို့ (အရေးကြီးပါတယ် ဘုရား)။

ဒါ့ကြောင့် ရှင်မဟာကောဋ္ဌိကက သီလရှိတဲ့ပုဂ္ဂိုလ် ဘယ်ဟာကို နှလုံးသွင်းမှန်ရမှာတုံးဆိုတော့ကွာ၊ ခန္ဓာ ငါးပါးကို အနိစ္စတော, ဒုက္ခတော, ရောဂတော, သလ္လတော, အဃတော, ပရတော, ပလောကတော, သုညတော, အနတ္တတောဆိုပြီးသကာလကွာ တဲ့ ခန္ဓာငါးပါးကို ဖြစ်ပျက်နှလုံးသွင်းလိုက်လို့ရှိရင် ဒါနှလုံးသွင်းမှန်သွားတာပဲ (မှန်ပါ့ ဘုရား)၊ ခန္ဓာငါးပါး ဖြစ်ပျက်နှလုံးသွင်းလိုက်ရင် (နှလုံးသွင်းမှန်ပါတယ် ဘုရား)။

နှလုံးသွင်းမှန်သွားတဲ့အတွက် အဲဒီတော့ ဖြစ်ပျက်ဆိုတော့ကို အနိစ္စဟုတ်လား (မှန်ပါ့)၊ မြင်တာက ဒကာ ဒကာမတို့ မဂ္ဂဆိုတော့ အဝိဇ္ဇာရှိသေးရဲ့လား (မရှိပါ ဘုရား)၊ တဏှာကော (မရှိပါ ဘုရား)၊ ဒိဋ္ဌိကော (မရှိပါ ဘုရား)၊ ဘဝ တဏှာတော (မရှိပါ ဘုရား)။

အာသဝ လေးပါးစလုံးဟာ ဖြစ်ပျက်မြင်လိုက်တာနဲ့ ဒကာကြွယ်ရေ ကာမာသဝ ကာမဘုံလည်း မလိုချင် တော့ဘူး (မလိုချင်ပါ ဘုရား)၊ ရူပဘုံကော (မလိုချင်ပါ ဘုရား)၊ အရူပဘုံကော (မလိုချင်ပါ ဘုရား)၊ အပါယ်ဘုံကော (မလိုချင်တော့ပါ ဘုရား)။

အင်း ဒိဋ္ဌာသဝလည်း မဖြစ်တော့ဘူး၊ မဖြစ်တော့ အပါယ်လည်း မရောက်တော့ဘူး (မရောက်တော့ပါ ဘုရား)၊ ဖြစ်ပျက်မြင်တဲ့ပုဂ္ဂိုလ်ကိုး (မှန်ပါ့)။

ဖြစ်ပျက်မြင်လိုက်တော့ နှလုံးသွင်းက မှန်

အဲဒီ ဖြစ်ပျက်မြင်လိုက်တော့ နှလုံးသွင်းက မှန်သွားတယ် (မှန်ပါ့)၊ နှလုံးသွင်းမှန်သွားတော့ ဝင်ရိုးကျိုးတယ် (ကျိုးပါတယ် ဘုရား)၊ ဝင်ရိုးကျိုးတော့ ဒေါက်တွေတပ်လို့ ဖြစ်သေးရဲ့လား (မဖြစ်ပါ ဘုရား)၊ ဒေါက်တွေမှ တပ်လို့ မဖြစ်လို့ရှိရင် အကွပ်နဲ့တူတဲ့ ဇရာ မရဏတွေက ဒကာ ဒကာမတွေကို သေအောင် အိုအောင် လုပ်နိုင်သေးရဲ့လား (မလုပ်နိုင်ပါ ဘုရား)။

အင်း သေလို့ တစ်ခါတည်း တစ်ယောက် တစ်ယောက် ချုပ်ပိန်ချောက်သွားတာတွေ ကြည့်လိုက်ပြန်တော့ လည်း (အယောနိသော မသိကာရပါ ဘုရား)၊ သုံးနှစ်သုံးမိုး မမေ့တာ ကြည့်လိုက်ပြန်တော့လည်း (အယောနိသော မသိကာရပါ ဘုရား)။

သုသာန် သူများ မသာသွားပို့ရင်း မြေပုံလှမ်းငိုတာတွေ ကြည့်လိုက်ပါဦး (အယောနိသော မသိကာရပါ ဘုရား)။

မြေပုံမှားငိုတာလည်း ရှိသေးတယ် (ရှိပါတယ် ဘုရား)၊ ရှိတာ ဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အို ဒီအကြောင်းတွေ အယောနိသော မသိကာရသာ ဒကာမတစ်ယောက်က စကားရှည်ရှည်နဲ့ ပြော နေမယ်ဆိုရင် ဘေးက နားထောင်မည့်သူတွေ နားကို ငြီးတာပဲ မပြီးဘူး (မှန်ပါ့)၊ ဘာတွေချည်းပြောနေမယ် ထင်သလဲ (အယောနိသော မသိကာရပါ ဘုရား)၊ ရိပ်မိကြပလား (ရိပ်မိပါပြီ)။

ဒါဖြင့် ဒကာကြွယ်တို့မှာ နိဗ္ဗာန်မရောက်နိုင်တဲ့ လက်သည်တစ်ယောက်တော့ မိပြန်ပြီ (မှန်ပါ့ ဘုရား)၊ ဘာမိ ပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အင်း တော်ပဲတော်သေးတယ်နော် နဂိုက ဖမ်းမမိဘူး (မှန်ပါ့)၊ နဂိုက သူများလာရင် ဒို့အိမ်ပယောဂများ တိုက်ထားသလား လင်နဲ့မယား အဆင်မပြေပါဘူးတဲ့ (မှန်ပါ့)၊ ဘယ်ဟုတ်ရမှာတုံး ပယောဂ (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ အင်း ဘယ်သူကများ အဆင်မပြေအောင် လုပ်ထားပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)။

အယောနိသော မသိကာရက မိန်းမ လုပ်ထားပြီဟေ့၊ မိန်းမလုပ်တဲ့ပုဂ္ဂိုလ်ကလည်း အင်း ယောကျ်ားလုပ်ထား (မှန်ပါ့)၊ ယောကျ်ားလုပ်ထားတဲ့သူကလည်း အနိစ္စ, ဒုက္ခ, အနတ္တကို (မိန်းမလုပ်ထားပါတယ်)၊ မိန်းမလုပ်ပြီးသကာလ အနိစ္စ, ဒုက္ခ, အနတ္တက ကွယ်ပြီးသကာလ ယောကျ်ား မိန်းမ ဖြစ်နေတယ် (မှန်ပါ့ ဘုရား)။

ယောကျ်ား မိန်းမ ဖြစ်လာတဲ့အခါကျတော့ တစ်ယောက်က အသုံးအဖြုန်းကြီးသလေး တစ်ယောက်က အနေ အထိုင်မကောင်းဘူးလေးနဲ့ ရှုပ်လာတယ် (မှန်ပါ့)၊ မရှုပ်သေးဘူးလား (ရှုပ်ပါတယ် ဘုရား)။

အင်း ဒါဘာပါလိမ့် (အယောနိသော မသိကာရပါ ဘုရား)၊ ယောကျ်ား မိန်းမရယ်လို့ နှလုံးသွင်းမှားက စတာ (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)။

နှလုံးသွင်းမမှားတဲ့ အိမ်ရွာထဲမှာ ဘယ်နှစ်အိမ်ရှိသတုံး

ဒါဖြင့် ဒကာကြွယ် ဒီလို နှလုံးသွင်းမမှားတဲ့ အိမ်ရွာထဲမှာ ဘယ်နှစ်အိမ်ရှိသတုံး (မရှိပါ ဘုရား)၊ ဟာ အကုန်ပါဗျာ ရှုပ်မနေနဲ့တော့ (မှန်ပါ့ ဘုရား)၊ တစ်ရွာလုံး ရှိပါတယ် (မှန်ပါ့)၊ သဘောပါကြလား (ပါပါတယ် ဘုရား)။

အဲ ဒါ ဘုန်းကြီးက ခင်ဗျားတို့ကို ကျကျနန ပြင်ပေးနိုင်ဖို့ပေးတာ (မှန်ပါ့)၊ မပေးနိုင်လို့ရှိရင် ဘယ်သူမှ ကယ်မည့်သူတော့ မရှိဘူး (မှန်ပါ့)၊ ဟိုအိမ်ကြည့်လိုက်လည်း နှလုံးသွင်းမှားနဲ့ပဲ (မှန်ပါ့)၊ ဟိုမှာ ဒီလင်မယား တွေ့ဖူး ကြတာပဲဆိုပြီး ဘေးကများ အားကျကြတယ် (မှန်ပါ့)၊ ဘေးက အားကျတယ်၊ သူတို့ အကြင်လင်မယားဟာ မောင်လို နှမလိုပဲ အကြင်လင်မယားသာဆိုတယ် မောင်လိုနှမလိုပဲ ၊ ကြင်ကြင်နာနာ ရှိလိုက်တာ (မှန်ပါ့)၊ ညှာညှာတာတာ ရှိလိုက်တာ (မှန်ပါ့ ဘုရား)၊ ဖြစ်ပျက်တွေ့ရင် ဒါတွေ နှလုံးသွင်းမှန်ပါပြီ ဘုရား။

နှလုံးသွင်းမှန်တော့ ဝင်ရိုး ဘယ့်နှယ်နေသလဲ (ကျိုးပါတယ် ဘုရား)၊ ဒေါက်တွေကော (ကျိုးပါတယ် ဘုရား)၊ သံပတ်ခွေကြီးကော (ကျိုးပါတယ် ဘုရား)။

အင်း ဒါဖြင့် ဘယ်မှာတုံး ဒကာ ဒကာမတို့ သံသရာထဲမှာဖြင့် အခြေကနေပြီး ဖျက်ချလိုက်ပြီး (မှန်ပါ့ ဘုရား)၊ သံသရာအခြေကနေပြီး ဖျက်ချတယ် (မှန်ပါ့)၊ ဒကာ ဒကာမတို့ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

ဒါတွေရှုလိုက်ရင် ပြီးတာပါပဲ

ဒါဖြင့် ဦးဘအုန်းရေ သိပ်အရေးကြီးတယ်ဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)၊ ကိုင်း ဒါဖြင့် နှလုံးသွင်း မှန်အောင် အရှင်ဘုရားတဲ့ သီလရှိတဲ့ပုဂ္ဂိုလ် နှလုံးသွင်းမှန်ပြီး ဘယ်ဟာလုပ်ရမှာတုံးဆိုတော့ အို-မင်းတို့ ခန္ဓာကိုယ် ကွာတဲ့ အနိစ္စတော, ဒုက္ခတော, ရောဂတော, သလ္လတော, အဃတော, အဃမူလတော, ပရတော, ပလောကတော, သုညတော, အနတ္တတော အို-ဒါတွေရှုလိုက်ရင် ပြီးတာပါပဲတဲ့ (မှန်ပါ့ ဘုရား)။

ဒီလိုဆိုတော့ စာတွေက များနေတော့ ဒကာ ဒကာမတွေ ဒါတွေကို ရအောင်လည်း မကျက်နိုင်တော့ ကိုယ့် ဟာကိုယ်ကြည့်ရင် ဖြစ်ပျက်မြင်ရင် ဒါတွေ အကုန်ပါသွားတာပဲ (မှန်ပါ့)၊ ဖြစ်ပျက်မြင်ရင် (ဒါတွေအကုန်ပါသွားပါ တယ် ဘုရား)။

အဲဒီကျတော့မှ ဘုရားက ယောနိသော ဘိက္ခဝေ မနသိကရောတော မဟတော အတ္ထာယ သံဝတ္တတိ (မှန်လှ ပါ့ ဘုရား)၊ ဘိက္ခဝေ=ရဟန်းတို့၊ ယောနိသော=ဖြစ်ပျက်ဟူ၍၊ မနသိကရောမတာ=နှလုံးသွင်းသော ပုဂ္ဂိုလ်အား၊ မဟ တော=ကြီးစွာသော နိဗ္ဗာန်၏ အတ္ထာယ=အကျိုးငှာ၊ သံဝတ္တတိ=ဖြစ်၏၊ နိဗ္ဗာန်ရောက်တယ်ကွတဲ့ (မှန်လှပါ ဘုရား)၊ ဒကာ ဒကာမတို့ နှလုံးသွင်းမှန်ရင် (နိဗ္ဗာန်ရောက်ပါတယ် ဘုရား)။

အင်း ဘုရားကဟောတော့ ဘုရားကတော့ ဒီမျှလောက်ပဲ ဟောတော်မူပါတယ်၊ ဘုန်းကြီးတို့က ပဋိစ္စ သမုပ္ပါဒ်နဲ့ နားလည်အောင် ပြလိုက်တဲ့အခါကျတော့မှ ဒီဘုန်းကြီးတို့က ပဋိစ္စသမုပ္ပါဒ်နဲ့ ပြလိုက်တဲ့အခါကျတော့မှ ယောနိသော မနသိကာရဖြစ်တော့ ဝင်ရိုးကျိုးတယ် (မှန်ပါ့)၊ ဝင်ရိုးကျိုးတော့ ဒေါက်ပြုတ်တယ် (မှန်ပါ့)၊ ဒေါက်ပြုတ် ပါတယ်၊ ဒေါက်ပြုတ်တော့ အချုပ်ဆိုတဲ့ သံပတ်ခွေကြီးဟာ (မရှိတော့ပါ ဘုရား)၊ ပြုတ်သွားတဲ့အတွက် ဒကာ ဒကာမ တို့ ပဋိစ္စသမုပ္ပါဒ်ဒုက္ခစက်ရဟတ် အကုန်ရပ် (ရပ်ပါတယ် ဘုရား)၊ မရပ်သေးဘူးလား (ရပ်ပါတယ် ဘုရား)။

ကဲ ဒကာ ဒကာမတို့ ပေါ်ကြပလား (ပေါ်ပါပြီ)၊ ဒါဖြင့် ကျုပ်တို့ ဘာအရေးကြီးသတုံး (နှလုံးသွင်းမှန်ဖို့ အရေးကြီးပါတယ်)၊ အဲ အိမ်ကျတော့ နှလုံးသွင်းတာပေါ့ဗျာ (မှန်ပါ့)၊ အိမ်ကျတော့ နှလုံးသွင်းတာပေါ့ ဦးဘအုန်း (မှန်ပါ့ ဘုရား)။

ခန္ဓာကိုယ်မျက်လုံးမှိတ်ပြီး နှလုံးသွင်း (မှန်ပါ့)၊ ဒီနေရာ ဟိုနေရာကလေးမှာ ယားတယ်၊ အင်း ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ)၊ နာတယ်ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့)၊ ရုပ်ကော ဖြစ်ပြီး ပျက်တာပဲ (မှန်ပါ့)။

အင်း ဒါဖြင့် စိတ်ကလေးပေါ်လာလည်း (ဖြစ်ပြီး ပျက်တာပါပဲ)၊ ဘယ်စိတ်ပေါ်ပေါ် (ဖြစ်ပြီးပျက်တာပဲ)၊ အဲဒါ နှလုံးသွင်းလိုက်တော့ ဪ ငါ့တစ်ကိုယ်လုံးဟာလည်း ယောကျ်ားလည်း မရှိဘူး၊ မိန်းမလည်း မရှိဘူး (မှန်ပါ့)၊ ဖြစ်ပျက်သာ ရှိနေပါကလား (မှန်ပါ့ ဘုရား)၊ ဘာတုံး (ဖြစ်ပျက်သာ ရှိနေပါတယ် ဘုရား)။

အင်း ဒါ ဘယ့်နှယ်ကြောင့် မြင်ပါလိမ့် (နှလုံးသွင်းလို့ မြင်တာပါ ဘုရား)၊ ဖြစ်ပျက်မြင်ပြီ (မှန်ပါ့)၊ ဒါဖြင့် မုန်းစရာကော မလာပေဘူးလား (လာပါတယ် ဘုရား)၊ ဖြစ်ပျက် ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)။ ဒီဒုက္ခ သစ္စာကြီးကော လိုချင်သေးရဲ့လား (မလိုချင်ပါ ဘုရား)၊ မလိုချင်တော့ မဂ်ဉာဏ်ပေါ်လာတယ် (ပေါ်ပါတယ် ဘုရား)။

အရဟတ္တမဂ် ဓားသံလျက်ဆိုတာ မဂ်ဆိုတာ သံလျက် (မှန်ပါ့)၊ ဒီသံလျက်သည်ကားလို့ဆိုလို့ရှိရင် ဝင်ရိုးခုတ် ထစ်ပစ်လိုက် (မှန်ပါ့)၊ ဒေါက်တွေ ဖျက်ဆီးပစ်လိုက် (မှန်ပါ့)၊ အကွပ်တွေ ဖြုတ်ချလိုက် (မှန်ပါ့)။

အင်း မဂ်ပေါ်လာတော့လည်း ဒါတွေအကုန် (ပြုတ်ကျပါတယ် ဘုရား)၊ ပြုတ်တယ် ပျက်တယ်ဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။

နှလုံးသွင်းမှန်တော့ ဝင်ရိုးပြုတ်

ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာမှတစ်ပါး ခင်ဗျားတို့ကို သံသရာစခန်းကို ရပ်ပေးမည့်သူ မရှိဘူး (မှန်ပါ့)၊ နှလုံးသွင်းမှားတော့ဖြင့် ခုနင်က ပြောခဲ့တဲ့အတိုင်း နှလုံးသွင်းမှားလို့ ဝင်ရိုးပေါ်၊ ဝင်ရိုးပေါ်လို့ ဒေါက်တွေပေါ်၊ ဒေါက်တွေပေါ်လို့ အကွပ်နဲ့ကြုံရ (မှန်ပါ့)။

နှလုံးသွင်းမှန်တော့ ဝင်ရိုးပြုတ်တယ်၊ ဝင်ရိုးပြုတ်တော့ ဒေါက်တွေကကော (ပြုတ်ပါတယ်)၊ ဒေါက်တွေပြုတ် တော့ အကွပ်ကကော (ပြုတ်ပါတယ် ဘုရား)၊ သံသရာစခန်းသတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)၊ ဒါဖြင့် ဖြစ်ပျက်မှတစ်ပါး ကယ်မည့်, ယူမည့်သူ မရှိဘူး (မှန်ပါ့ ဘုရား)၊ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ကဲ ယနေ့ ဒီတွင် တော်ကြဦးစို့။

သာဓု သာဓု သာဓု။