ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှ အဆက်
ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၄)
ကျေးဇူးတော်ရှင် အဂ္ဂမဟာပဏ္ဍိတ
မိုးကုတ်ဆရာတော်ဘုရားကြီး
အမရပူရမြို့ မင်္ဂလာရိပ်သာဓမ္မာရုံ၌
ဟောကြားတော်မူသော
ကိုယ်သာနာ၍ စိတ်မနာစေနဲ့မှ အဆက်
ပဋိစ္စသမုပ္ပါဒ် တရားတော် (၁၄)
(၅-၁၂-၆၁)
သံသရာ ရမ်းဖြတ်လို့မှ မရ
ဒကာ ဒကာမတို့ ပဋိစ္စသမုပ္ပါဒ်ဆိုတဲ့ဥစ္စာ သံသရာဆိုတာလည်း သိပြီနော် (မှန်လှပါ)၊ သဿတဒိဋ္ဌိ ဥစ္ဆေဒ ဒိဋ္ဌိကိုလည်း ဖြတ်ဖို့ရာ သူမပါဘဲနဲ့ ပြောလို့မရဘူး (မရပါ ဘုရား)၊ သံသရာရှည်လျားတာကိုလည်း သူမပါဘဲနဲ့ ပြော လို့မရပါဘူး (မှန်လှပါ)၊ သံသရာဖြတ်ချင်လို့ရှိရင်လည်း သူ့ကြည့်ပြီး ဘယ်နေရာက ဖြတ်ရမယ်ဆိုတဲ့ ကိုယ့်ခန္ဓာအစဉ် ပဋိစ္စသမုပ္ပါဒ် မသိဘဲနဲ့လည်း ဖြတ်လို့မရဘူး (မရပါ ဘုရား)။
အဲဒီတော့ ဒီပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကြီးဟာ ဒကာကြွယ် အလွန်ကျေးဇူးများတယ်ဆိုတဲ့ဥစ္စာ ပေါ်လာ တယ်နော် (ပေါ်လာပါတယ် ဘုရား)၊ သံသရာ ရမ်းဖြတ်လို့မှ မရဘဲကိုး (မှန်လှပါ)။
တစ်နည်းအားဖြင့်ဆိုရင် ဝိပဿနာရှုကြ ဝိပဿနာရှုကြဆိုပြီး ရှုကြတာပဲ၊ ဘယ်အကျိုးငှာတုံးလို့ မေးတဲ့အခါ ကျတော့ နိဗ္ဗာန်ရောက်ဖို့ကိုတော့ ပြောတတ်မှာပဲ (မှန်လှပါ ဘုရား)၊ ကိုယ့်ခန္ဓာ အစဉ်ဖြတ်တယ်ဆိုတာတော့ သိကြ မယ်မဟုတ်ဘူး (မသိပါ ဘုရား)၊ သေသေချာချာ ဉာဏ်နဲ့စဉ်းစားတော့ ကိုယ့်ခန္ဓာအစဉ် ကိုယ်ဖြတ်လို့ ကိုယ့်ဒုက္ခ ကိုယ်သိမ်းသောကြောင့် ဒုက္ခသိမ်းတာ နိဗ္ဗာန်သို့ရောက်တယ်လို့ ခေါ်ကြတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါ ပြီ)။
နကုလပီတာ
ကိုင်း ဒါဖြင့် မနေ့က ပြောခဲ့တဲ့ ဘုရားနဲ့ ဘဝပေါင်း ငါးရာ မိဘတော်ခဲ့တဲ့ နကုလပီတာနဲ့ နကုလမာတာ ဆိုတဲ့ အဘိုးကြီး အဘွားကြီးနှစ်ယောက် ရှိတယ်နော် (မှန်ပါ့)။
ဘဂ္ဂတိုင်း သံသုမာရဂိရိဆိုတော့ မိကျောင်းပုံသဏ္ဌာန်ရှိတဲ့တောင် ဘဂ္ဂတိုင်းမှာ ရှိပါတယ် တဲ့၊ အဲဒီကို ဘုရားသခင်ကိုယ်တော်မြတ်ကြီး ကပိလဝတ်ပြည်မှ ကြွသွားတော်မူတဲ့အခါမှာ သားကြီးက ကြီးမှပဲလာတယ်၊ ဟို အမေ အဖေတွေ အင်မတန် အိုမင်းရင့်ရော်ကုန်ပြီ လို့ သားဟူသော အမှတ်နဲ့ ခေါ်ကြတယ် (မှန်လှပါ ဘုရား)။
ခေါ်တာကလည်း သူတို့ အကြင်လင်မယား ဝမ်းထဲမှာပဲ ဘဝပေါင်းငါးရာ ပဋိသန္ဓေနေပြီး သေခဲ့ဖူးတယ် ဆိုတာကိုတော့ဖြင့် ပဋိစ္စသမုပ္ပါဒ် မြင်သဖြင့်လည်း သိမှာပါပဲ (မှန်ပါ့ ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ကြည့်လိုက်တော့ ဘုရားအလောင်းလည်း အဝိဇ္ဇာ တဏှာ မကင်းတော့ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာတွေ ပေါ်မှာပဲ (ပေါ်ပါတယ် ဘုရား)၊ ပေါ်လို့ရှိရင် ဒီနေရာတွင်ပဲ သူသေဦးမှာပဲ (မှန် လှပါ)၊ နောက်တစ်ခါ သေကြောင်းဖြစ်တဲ့ တဏှာ ဥပါဒါန် ကံတွေ သူအားထုတ်ဦးမှာပဲ (ထုတ်မှာပါပဲ ဘုရား)၊ အား ထုတ်တော့ အနာဂတ်ဘဝဆိုတဲ့ ၄ နံပါတ်သွားပြီး ဇာတိ ဇရာ မရဏတွေနဲ့ သူကြုံဦးမှာပဲ (ကြုံဦးမှာပဲ ဘုရား)၊ မကြုံပေဘူးလား (ကြုံပါတယ် ဘုရား)။
ကြုံတော့ ဒီကြားထဲ နှစ်ခါသေခဲ့ပြီ၊ တစ်ခါ အနာဂတ်ဘဝမှာလည်း တဏှာ ဥပါဒါန် ကံတွေက ဝမ်းထဲက ပေါက်ပွားပြန်လို့ရှိရင်ဖြင့် နောက်တစ်ခါ ပြန်ပြီးသကာလ မူလနေရာ ပြန်မရောက်ပေဘူးလား (ရောက်ပါတယ် ဘုရား)၊ ပြန်ရောက်တော့ ဇာတိ ဇရာ မရဏ ပေါ်ပြန်တော့ သေဦးမှာပဲ (သေဦးမှာပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ အသေထပ်တာဟာ အနေထပ်လို့ အသေထပ်တယ်ဆိုတဲ့ဥစ္စာ ဘဝပေါင်းငါးရာ (မှန်လှပါ ဘုရား)။
သူ့သေကြောင်း သူ အားထုတ်လို့
ဪ ဘုရားအလောင်းကြီး ဒီနကုလမာတာနဲ့ နကုလပီတာ အမိ ဝမ်းခေါင်းထဲမှာပဲ မွေးပြီး သေရတာ ဘဝပေါင်းငါးရာလို့ဆိုတဲ့ဥစ္စာ သူ့သေကြောင်း သူ အားထုတ်လို့ သေရတာ (မှန်လှပါ ဘုရား)၊ ဒကာကြွယ် ဘယ်လို မှတ်မယ် (သူ့သေကြောင်းအားထုတ်လို့ သေရတာပါ ဘုရား)၊ သူ့သေကြောင်းအားထုတ်လို့ သေရတာဆိုတော့ ခန္ဓာ ရလိုက် တဏှာ ဥပါဒါန် ပြန်ပေါက်ပွားလိုက် သေကြောင်းပေါ်လိုက် (မှန်လှပါ ဘုရား)၊ ၎င်းသေကြောင်း ပေါ်လိုက် ပြန်ပြီဆိုမှဖြင့် ထို့အတူပဲ တစ်ခါခန္ဓာရပြန်-သေလိုက်ပြန် (မှန်လှပါ ဘုရား)။
အဲဒီခန္ဓာထဲကပဲ တစ်ခါ သေကြောင်းတွေက အားထုတ်ပြန်တော့ သေစရာ ခန္ဓာပေါ်လာပြန်တယ် (မှန်ပါ့)၊ ပေါ်လာလို့ရှိရင် သေရဦးမှာပဲ (သေရဦးမှာပါ ဘုရား)၊ ဒီလို သေလိုက် သေလိုက်နဲ့ သံသရာကြီး လှည့်နေလိုက်တာ ဘဝပေါင်း ဘယ်လောက်ပါလိမ့် (ငါးရာပါ ဘုရား)။
အဲဒါ ဘယ့်နှယ်ကြောင့် ဘုရားအလောင်းသည်ပင်လျှင် ဒီအမေ-အဖေ ဝမ်းထဲမှာ ဘဝပေါင်း ငါးရာ ဖြစ်ပြီး ဘဝပေါင်းငါးရာ သေရပါလိမ့်မတုံးလို့ မေးတော့ ခုနက သေကြောင်းတွေ မဖြတ်တတ်လို့ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆိုကြမယ် (သေကြောင်းတွေ မဖြတ်တတ်လို့ပါ ဘုရား)။
သေကြောင်းတွေ မဖြတ်တတ်လို့
သေကြောင်းတွေ မဖြတ်တတ်လို့ဆိုတော့ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် မြင်တဲ့အတိုင်း သိပါပြီ တဲ့၊ ၂ ကနေ ၃ ကူးတဲ့ တရားတွေ ပေါ်ပေါက်နေလို့-လို့ဆိုရင် မလွဲပါဘူး (မလွဲပါ ဘုရား)၊ ၂ ကနေ ၃ ကူးတော့ တဏှာ ဥပါဒါန် ဘဝ အဝိဇ္ဇာ သင်္ခါရ မလာဘူးလား (လာပါတယ် ဘုရား)၊ ဒါတွေဟာ သေကြောင်းတရားတွေဆိုတာ လည်း ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)။
ဒီသေကြောင်းတရား အားထုတ်လို့ရှိရင် သေတယ်ဆိုတာ ပေါ်ဦးမှာပဲ (ပေါ်ပါတယ် ဘုရား)၊ ပေါ်ပြန်လို့ ရှိရင် ဒီသေတဲ့ထဲမှာပဲ သေကြောင်းတရား ပြန်ပြီး အားထုတ်ပြန်တယ်။ အားထုတ်ရင် ဒီမှာ တစ်ခါလာဦးမှာပဲ (လာ ပါတယ် ဘုရား)၊ သေတယ်ပေါ်ပြီး သေရဦးမှာပဲ (မှန်ပါ့ ဘုရား)။
အဲဒါနဲ့ နကုလမာတာနဲ့ နကုတပီတာ ဝမ်းထဲမှာတဲ့ မောင်ဘသော်တို့ ဦးဘအုန်းတို့ ဘဝပေါင်း ဘယ်လောက် (ငါးရာပါ ဘုရား)၊ ငါးရာထပ်ဖြစ်တာနော် (မှန်ပါ့)၊ လည်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ဒါတွင်မကသေးဘူးတဲ့ နကုလပီတာတို့က အဘိုးဖြစ်ပြီးသကာလ သူက မြေးဖြစ်ပြီးသကာလ သေတာ တွေက ငါးရာလောက် ရှိသေးတယ် (မှန်ပါ့ ဘုရား)။
နကုလမာတာက အဘွားကြီးဖြစ်ပြီးသကာလ သူ့သမီးက မွေးလို့ မြေးထဲမှာ ပဋိသန္ဓေနေပြီး ငါးရာလောက် ကလည်း ရှိသေးတယ်ဆိုတော့ ဦးဘအုန်း ထောင့်ငါးရာလို့ မနေ့က ပြောခဲ့တယ် (မှန်လှပါ)၊ မပြောခဲ့ဘူးလား (ပြော ခဲ့ပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ထောင့်ငါးရာ သေပွဲကြီးကိုပဲ နွှဲနေရပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ သေတဲ့အထဲက သေကြောင်းပေါ်လို့ (မှန်လှပါ ဘုရား)၊ ဘယ့်နှယ်ဆိုကြမယ် (သေတဲ့အထဲက သေကြောင်းပေါ်လို့ပါ ဘုရား)၊ သေ တယ်ဆိုတာ ဒီခန္ဓာကြီး (မှန်လှပါ)၊ ဒီအထဲကနေပြီး ဒါတွေ သေကြောင်းတွေ ပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ပေါ် တော့ တစ်ခါ သေစရာ အထည်ဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)။
ဒီသေစရာအထည်ထဲက သေကြောင်းတွေက ပေါက်ပြန်တယ် (ပေါက်ပါတယ် ဘုရား)၊ ပေါက်ပြန်လို့ရှိရင် ဒီဘက်မှာ လှည့်ပြီး သေထည်ပေါ်ဦးမှာပဲ (ပေါ်ဦးမှာပါပဲ ဘုရား)၊ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဝိပဿနာဉာဏ် မဂ်ဉာဏ်မလာလို့
ဒါ ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲလို့ မေးတော့ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာ သိတဲ့ ဝိပဿနာဉာဏ် မဂ်ဉာဏ်မလာလို့ ပဲလို့ မှတ်လိုက်စမ်းပါ၊ ကိုယ့်ခန္ဓာ ဒုက္ခသစ္စာလို့ သိတဲ့ မဂ်ဉာဏ် ဝိပဿနာဉာဏ် မလာလို့ပဲလို့ ဒကာကြွယ် မှတ်လိုက် စမ်း (မှန်လှပါ)။
ဒါဖြင့် ဒါမလာသ၍ဟာလည်း ဦးဘအုန်းတို့ မောင်ဘသော်တို့က စဉ်းစားရမယ်၊ ဪ ဒီမဂ်ဉာဏ်မလာ သ၍ ဖြစ်ပျက်ရှုတတ်တဲ့ ဒုက္ခသစ္စာ ရှုတတ်တဲ့ ဝိပဿနာဉာဏ် မလာသ၍ ကာလပတ်လုံးဖြင့် သေကြောင်းချည်း ပြန်လုပ်နေမှာပဲ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆိုကြမယ် (သေကြောင်းချည်း ပြန်လုပ်နေပါမယ် ဘုရား)။
သေကြောင်းချည်း ပြန်လုပ်နေမယ်ဆိုတာ ဒကာ ဒကာမတွေ ငြင်းစရာမရှိအောင် မှန်တယ်လို့ဆိုတာ သဘော ကျကြပလား (ကျပါပြီ ဘုရား)။
ဪ ဒါဖြင့် တို့ဘယ့်နှယ်ကြောင့် သေရပါလိမ့်မတုံးလို့ ခဏခဏတွေးတဲ့အခါကျတော့ သေကြောင်း လုပ်ခဲ့လို့ (မှန်လှပါ ဘုရား)၊ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (သေကြောင်းလုပ်ခဲ့လို့ပါ ဘုရား)။
သေကြောင်းလုပ်ခဲ့တော့ သေစရာ အထည်ပေါ်ပါတယ် (မှန်ပါ့ ဘုရား)၊ ၎င်းသေစရာအထည်နဲ့ နေရတုန်းကို တစ်ခါ ဘာကြိုးစားပြန်သတုံး (သေကြောင်းကို ကြိုးစားပါတယ် ဘုရား)။
သေကြောင်းကြိုးစားလို့ သေထည်ပေါ်တယ်
ဒါဖြင့် ဒီလိုလုပ်ကြစို့၊ သေကြောင်းကြိုးစားလို့ သေထည်ပေါ်တယ် (မှန်ပါ့)၊ သေထည်ထဲကနေပြီး သေကြောင်း ကြိုးစားပြန်လို့ ဟောဒီမှာ သေထည်ပေါ်ပြန်တယ် (မှန်ပါ့)၊ လှည့်မိပလား (လှည့်မိပါပြီ ဘုရား)။
ဒီသေထည်ထဲကနေပြီး သေကြောင်း ကြိုးစားပြန်တယ် ၊ ကြိုးစားတော့ ဒီမှာ ဘာပေါ်သတုံး (သေထည် ပေါ်ပါတယ် ဘုရား)၊ သေထည်ထဲကပဲ မနေနိုင်လို့ သေကြောင်းဖြစ်တဲ့ တရားတွေ မကြိုးစားဘူးလား (ကြိုးစားပါတယ် ဘုရား)၊ ကြိုးစားတော့ ဒီဘက်မှာ (သေထည်ပေါ်ပါ့တယ် ဘုရား)။
ကိုင်း ဒါပဲလှည့်တယ် (မှန်ပါ့ဘုရား)၊ သေကြောင်း,သေထည်၊ သေကြောင်း,သေထည်၊ သေကြောင်း,သေထည် ပေါ်တာ ဒါပဲလှည့်တယ် (မှန်လှပါ ဘုရား)။
ဒါ ဘယ့်နှယ်ကြောင့် ဒီလှည့်ပတ်ကြီးနဲ့ စဉ်တိုက်ကြုံရပါလိမ့်မလဲလို့ ဒကာကြွယ်တို့ ဦးလှဘူးတို့ မေးရင် ဘယ့်နှယ်ဖြေပါ့မယ် (သစ္စာမသိလို့ပါ ဘုရား)၊ သစ္စာမသိလို့ ရှင်းပလား (ရှင်းပါပြီ)၊ သေထည်ကို သစ္စာမသိသ၍ ကာလပတ်လုံး သေထည်က သေကြောင်းတွေချည်း အားထုတ်ကြမယ် (မှန်ပါ့)၊ ရှင်းပလား (ရှင်းပါပြီ)၊ ရမ်းပြီးသ ကာလ ဒကာ ဒကာမတွေ မရှင်းပါနဲ့၊ ဒီပဋိစ္စသမုပ္ပါဒ် ကြည့်ပါနော် (မှန်ပါ့)။
အတိတ်ဘဝက သေကြောင်းတရားတွေ ကြိုးစားခဲ့တယ် (မှန်ပါ့)၊ ဒါ့ကြောင့် ဒီမှာ ဝိညာဏ် နာမ် ရုပ် သဠာယတန ဖဿ ဝေဒနာဆိုတာ ခန္ဓာတွေ ပေါ်တယ် (ပေါ်ပါတယ် ဘုရား)၊ ဒါဟာ သေတဲ့အထည်တွေပဲ (မှန်ပါ့)။
ဒီအထည်ထဲက တစ်ခါ ဘာတွေကြိုးစားပြန်သတုံးဆိုတော့ ဘယ့်နှယ်ပြောကြမယ် (သေကြောင်းတွေ ကြိုးစား ပါတယ် ဘုရား)။
အဲဒီမှာ အကြောင်းတစ်လွှာဆိုထားတာ ကြည့်ပါ (မှန်ပါ့)၊ ဒီသေကြောင်းကြိုးစားတော့ ဒီဘက်မှာ ဘာ ပေါ်သတုံး (သေထည်တွေ ပေါ်ပါတယ် ဘုရား)။
ကိုယ့်အကြောင်း ကိုယ်သိကြပလား
ဒီသေထည်ထဲကနေပြီး ဘာတွေများ ကြိုးစားပြန်သတုံးဆိုတော့ ဟောဒီသေကြောင်းတွေ ကြိုးစားတယ် (မှန် ပါ့)၊ ဒါနဲ့ ဒီဘက်မှာ ဘာတွေပေါ်သလဲ (သေထည်တွေ ပေါ်ပါတယ်ဘုရား)၊ သေထည်ထဲက ဘာတွေပေါက်ပွားလာ သတုံး (သေကြောင်းတွေ ပေါက်ပွားလာပါတယ်)၊ ရှင်းပါပြီ (ရှင်းပါပြီ ဘုရား)၊ ရှင်းပြီး ဦးဘအုန်းကြီး (မှန်လှပါ ဘုရား)။
ကဲ ကိုယ့်အကြောင်း ကိုယ်သိကြပလား (သိပါပြီ ဘုရား)၊ ဒါဖြင့် ခုအခါ သာသနာတွင်း၊ ဆရာသမား ကလည်း လမ်းကောင်းလမ်းမှန်ကြီး ပြနေတော့ ခင်ဗျားတို့ အရေးဟာ သစ္စာမသိတဲ့အရေးကို သစ္စာသိအောင် လုပ် ပေးလိုက်လို့ရှိရင်ဖြင့် သေထည်ထဲက သေကြောင်း မပွားတော့ပါဘူး (မှန်လှပါ)၊ သေထည်ထဲက (သေကြောင်းမပွား တော့ပါ ဘုရား)၊ ဘာသိမှတုံး (သစ္စာသိမှပါ ဘုရား)၊ သစ္စာသိမှဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။
ကဲ ဒကာကြွယ်တို့ ဦးဘအုန်းတို့က စဉ်းစားတာပေါ့ ၊ ဘုရားအလောင်းသည်ပင်လျှင် ဒီအမေ ဒီအဖေ ဒီအဘိုး ဒီအဘွားလက်ထဲမှာပဲ သူတို့ဝမ်းခေါင်းထဲမှာပဲ သူတို့အမျိုးထဲမှာပဲ ထောင့်ငါးရာမွေး ထောင့်ငါးရာ သေတယ် (မှန်လှပါ)၊ ဒုက္ခသစ္စာဖြစ်ခဲ့တယ် (ဖြစ်ခဲ့ပါတယ် ဘုရား)။
ထောင့်ငါးရာမွေးပြီးတော့ (ထောင့်ငါးရာ သေခဲ့ပါတယ် ဘုရား)၊ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ ဘုရား)၊ မွေး တုန်းကလည်း ဇာတိ-ဒုက္ခ၊ သေတော့လည်း မရဏ-ဒုက္ခ၊ ဒုက္ခသစ္စာချည်း ဖြစ်ခဲ့တယ် (မှန်လှပါ ဘုရား)။
ဪ ဒီဘုရားအလောင်းကြီးဟာ ဘယ့်နှယ်ကြောင့် ဒါတွေ သေထည်တွေချည်း ပေါ်ပေါ်နေပါလိမ့်မလဲ လို့ မေးလို့ရှိရင် ဒကာ ဒကာမတွေ ခုနက ဝိုင်းပြလို့ သိပါပြီ (သိပါပြီ ဘုရား)။
ဘာတွေများ ကြိုးစားလို့ပါလိမ့်
သူသေထည်ထဲက ဘာတွေများ ကြိုးစားလို့ပါလိမ့် (သေကြောင်းတွေ ကြိုးစားလို့ပါ ဘုရား)၊ ဒီသေထည်ထဲက ဒါတွေကြိုးစားတယ် (မှန်ပါ့)၊ ဒါတွေကြိုးစားတော့ ဆက်သွားတယ် (မှန်ပါ့ ဆက်သွားပါတယ်)၊ သေထည်နဲ့ သေကြောင်း ဆက်သွားတယ် (မှန်ပါ့)၊ တစ်ခါသေကြောင်းနဲ့ သေထည်နဲ့ ဆက်တယ် (မှန်ပါ့ ဆက်ပါတယ်ဘုရား)၊ မဆက်ဘူးလား (ဆက်ပါတယ် ဘုရား)၊ တစ်ခါသေထည်ထဲကနေပြီး သေကြောင်းတွေ အားထုတ်ပြန်တော့ သေကြောင်းပေါ်လာတယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီပဋိစ္စသမုပ္ပါဒ်တစ်ခုလုံးမှာ သေကြောင်း,သေထည် သေကြောင်း,သေထည်၊ ဒါမှတစ်ပါး ဘာပါသေး သလဲ (ဘာမှမပါပါ ဘုရား)၊ ဉာဏ်ရောက်ကြပြီ (ရောက်ပါပြီ ဘုရား)။
အဲဒါ ဒီလိုချည်းနေတော့ ဘဝပေါင်း ထောင့်ငါးရာဆိုတာ ဦးဘအုန်း နည်းသေးတယ် (နည်းပါသေးတယ် ဘုရား)၊ ဒီ့ပြင် သုဒ္ဓေါဒန မယ်တော်မာယာတို့အထဲ မထည့်သေးဘူး (မှန်ပါ့)၊ ဒီ့ပြင် နကုလပီတာ, နကုလမာတာတို့ ဝမ်းမှတစ်ပါး တခြားသော ဝမ်းခေါင်းတွေ အများကြီးရှိသေးတယ် (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် အရိုးတောင်လို ပုံတယ်ဆိုတာဖြင့် ကျေနပ်ဖို့ကောင်းပါပြီ (ကျေနပ်ပါတယ် ဘုရား)၊ စုထားမယ်ဆိုလို့ ရှိရင် မဆုံးပါဘူး (မှန်ပါ့ မဆုံးပါဘုရား)၊ လေးရက် အတက်အဆင်းရှိပါလိမ့်မယ် (မှန်လှပါ ဘုရား)၊ ဒါဟာ ဘုရား တစ်ဆူနှင့် တစ်ဆူကြားတွင်နော်၊ ဟိုဘက်က အဆူတွေကို မထည့်နဲ့ဦး (မှန်လှပါ ဘုရား)။
သစ္စာသိအောင် လုပ်ရမယ်
ကဲ ဦးဘအုန်း ဖြစ်ချင်သေးသလား (မဖြစ်ချင်ပါ ဘုရား)၊ ကဲ ဒါဖြင့် မဖြစ်ချင် ဘာလုပ်ရမှာတုံး လို့ မေးဖို့ လိုလာတယ် (လိုလာပါတယ် ဘုရား)၊ သစ္စာသိအောင် လုပ်ရမယ် (မှန်ပါ့ ဘုရား)၊ မဖြစ်ချင် ဘာလုပ်ကြ မယ် (သစ္စာသိအောင် လုပ်ကြရပါမယ်)၊ သစ္စာသိအောင် လုပ်ရမယ်ဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား)။
ဒါဖြင့် ဒီတရားတွေဟာ ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ အဲဒီ အသိကလေး ဒီကနေမှတ်၊ အသိကလေး က ဒီအစပ်ပေါ်ကနေ သွင်းလိုက် (မှန်ပါ့)၊ ဒီအသိကလေးသည် ဒီအစပ်ဖြတ်တဲ့အသိ (မှန်လှပါ ဘုရား)။
ဒီလိုဆိုလို့ရှိရင် သေကြောင်းပေါ်သေးရဲ့လား (မပေါ်ပါ ဘုရား)၊ သေထည်ကော (မပေါ်ပါ ဘုရား)၊ နောက် သေထည်တွေက ဒီသေကြောင်းကော (မပေါ်ပါ ဘုရား)။
ဪ ဒါဖြင့်လည်း ဒကာကြွယ်တို့ ဦးဘအုန်းတို့ သိပြန်တော့လည်း အလွယ်ကလေးပါ (မှန်လှပါ ဘုရား)၊ သိပြန်တော့လည်း (အလွယ်ကလေးပါ ဘုရား)၊ ရှင်းကြပလား (ရှင်းပါပြီ ဘုရား)။
ဒါဖြင့် ဘုရားအလောင်းသည်ပင်လျှင် ထောင့်ငါးရာ ဒီအမေနဲ့ ဒီအဖေ, ဒီအဘိုးနဲ့ ဒီအဘွား ဒီမှာပဲ သေကြောင်းသေထည်တွေဖြစ်ပြီးသကာလ လာခဲ့ရတာ ဘဝပေါင်း တစ်ထောင့်ငါးရာဆိုတော့ ဒကာ ဒကာမတို့ အင်မတန် များလွန်းတယ် (များလွန်းပါတယ် ဘုရား)။
အသေဟူသ၍ အဆိုးချည်းပဲ
အဲဒါ အသေကောင်လား အသေဆိုးလားလို့ မေးမနေနဲ့ အသေဟူသ၍ အဆိုးချည်းပဲလို့မှတ် (မှန်လှပါ ဘုရား) အသေဟူ၍ဟာ (အဆိုးချည်းပါ ဘုရား) အဆိုးချည်းလို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်လှပါ ဘုရား) ရှင်းကြ ပလား (ရှင်းပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဒီတစ်ခါမှ ဒကာကြွယ်တို့ မောင်ဘသော်တို့ ဇာတ်မသိမ်းတော့ဘူးဆိုရင်ဖြင့် ဒီအဝိုင်းထဲ မှာ ထပြေးလိုက် သေလိုက် (မှန်လှပါ) ထပြေးလိုက် သေလိုက် ဒီလိုချည်း နေမှာပဲ (မှန်လှပါ ဘုရား)။
အဲဒီတော့ကို တဲ့ ကိုယ့်ခန္ဓာ ယခုရောက်ဆဲ ခန္ဓာဆိုတာ ၁ ထဲမှာလား ၂ ထဲမှာလား (၂ ထဲမှာပါဘုရား) အဲ ၂ ထဲမှာ ရှိတာတွေဟာ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား) အဲ ဒုက္ခသစ္စာ သိတတ်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြည့် ပေး (မှန်လှပါ ဘုရား) အဲ ဒုက္ခသစ္စာ သိတတ်တဲ့ ဝိပဿနာဉာဏ်နဲ့ ကြည့်ပေး (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား) ဒကာကြွယ် အင်မတန် အရေးကြီးနေပါတယ် (မှန်လှပါ ဘုရား)။
အားလုံး ဒကာ ဒကာမတွေ နောက် ဘဝပေါင်းများစွာ သူများပါးစပ်ထဲ သေရ, ငရဲလည်း သေရ, သစ်ပင် ပိလို့ သေရ, ငလျင်လှုပ်လို့ သေရ အမျိုးမျိုး သေရဆိုတာသည် သေချင်လို့ သေရတာလား၊ သေကြောင်းလုပ်မိလို့လား (သေကြောင်းလုပ်မိလို့ပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
အဲဒီတော့ ဒီဒကာ ဒကာမတွေ ဘယ်လိုဇာတ်သိမ်းကြမယ်ဆိုတာကော ယခု နည်းရပလား (ရပါပြီ ဘုရား)၊ ယခု သေထည်ကို ဘာရှုရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဒုက္ခသစ္စာလို့ ဝိပဿနာရှုရမယ် (မှန်ပါ) ယခု သေထည်ကို (ဒုက္ခသစ္စာလို့ ဝိပဿနာရှုရပါမယ် ဘုရား)။
သေထည်ဟာ နံပါတ် ၂ ထဲမှာ
ယခု သေထည်ဟာ နံပါတ် ဘယ်လောက်မှာပါလိမ့် (နံပါတ် ၂ မှာပါ ဘုရား) နံပါတ် ၂ ထဲက ပါတဲ့ စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ဖဿ ရှုရှု ကြိုက်တာရှုပါတဲ့၊ သေကြောင်းပြတ်ပါတယ် (မှန်ပါ့ ဘုရား)၊ ၂ နံပါတ်ကို ဒကာ ဒကာမတို့ မဂ်နဲ့ ရှုလိုက်လို့ရှိရင်ဖြင့် သေကြောင်းမပေါ်ပါဘူး (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာမပေါ်ဘူးတဲ့ (သေ ကြောင်း မပေါ်ပါ ဘုရား)။
အဲဒီ ၃ နံပါတ် မပေါ်ဘူးပြောတာ (မှန်ပါ့) ဘာမပေါ်ပါလိမ့် (၃ နံပါတ်မပေါ်တာပါ ဘုရား) နို့်မဟုတ်လို့ ရှိရင် ကိုယ်ကိုယ်တိုင် သေရတာက ဘဝပေါင်းငါးရာ (မှန်လှပါ ဘုရား) ကိုယ့်သားသမီးသေလို့ မျက်ရည်ကြီးငယ် ကျပြီးသကာလ နေရတာကလည်း ဦးဘအုန်း ရေတွက်နိုင်ပါ့မလား (မရေတွက်နိုင်ပါ ဘုရား) အမေ အဖေသေလို့ မျက်ရည်ကျရတာကကော (မရေတွက်နိုင်ပါ ဘုရား) မရေတွက်နိုင်ဘူး၊ ဒါဖြင့် တစ်ယောက်တစ်ယောက်၌ သေတဲ့ မျက်ရည် သမုဒ္ဒရာရေ လေးစင်းလောက် ရှိတယ်ဆိုတာလည်း ယုံဖို့ပါပဲ (မှန်ပါ့ ဘုရား) လမ်းက ပြောင်းမှမပြောင်းပဲ (မှန်ပါ့)။
ကြည့်ပါ ဒကာ ဒကာမတို့ လမ်းပြောင်းသေးသလား (မပြောင်းပါ ဘုရား) သေထည်ထဲက ဘာပေါက်ပွား သတုံး (သေကြောင်းပေါက်ပွားပါတယ်) သေကြောင်း ပေါက်ပွားတော့ သေထည်အကျိုးတွေ မလာဘူးလား (လာပါ တယ် ဘုရား)။
အဲဒီအကျိုးထဲက ဘာတွေပေါက်ပွားသတုံး (သေကြောင်းတွေ ပေါက်ပွားပါတယ်) နောက် ဘာထည်ပေါ်သတုံး (သေထည်ပေါ်ပါတယ် ဘုရား) ဒါပဲ ဦးလှဘူး လှည့်နေတယ် (မှန်လှပါ ဘုရား)။
သေလိုက်, သေကြောင်း အားထုတ်လိုက် ဟုတ်လား (မှန်ပါ့ ဘုရား) အင်း သေလိုက်ပြီးသကာလ သေ ကြောင်း အားထုတ်ထားပြန်တော့ နောက် သေထည် တစ်ခါပေါ်တယ် (ပေါ်ပါတယ် ဘုရား) သေထည်ထဲကနေ ဘာတွေကြိုးစားပြန်သတုံး (သေကြောင်းတွေ ကြိုးစားပါတယ် ဘုရား) သေကြောင်း ကြိုးစားပြန်တော့ နောက် ဘာထည် ပေါ်သတုံး (သေထည် ပေါ်ပါတယ်ဘုရား)။
ကိုယ်အရုပ် ဆိုးတာကို ကိုယ်မြင်အောင် ပြတာ
ကိုင်း ဒါဖြင့် သမုဒယနဲ့ ဒုက္ခသာ လှည့်နေတယ် (မှန်ပါ့) ဦးဘအုန်းရေ ကျေနပ်ပလား (ကျေနပ် ပါပြီ) အားလုံး ဒကာ ဒကာမတွေကော သံဝေဂရဖို့ ဟောတာလား တဲ့ မိမိတို့ သွားလမ်းသည် ဒီအတိုင်းသွားနေ လို့ ဒီအတိုင်းဖြစ်တာကို ပြတာလားဆိုတာလည်း အကဲခတ်ကြစမ်းပါ (ဒီအတိုင်းသွားနေလို့ ဒီအတိုင်းဖြစ်တာပါ ဘုရား) ဖြစ်စဉ်ပြတာ (မှန်ပါ့) ခင်ဗျားတို့ သံဝေဂရဖို့ ကြောက်ဖို့, လန့်ဖို့ ပြတာမဟုတ်ပါဘူး (မှန်ပါ့) ကိုယ်အရုပ် ဆိုးတာကို ကိုယ်မြင်အောင် ပြတာတစ်ခုပါပဲ (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာတဲ့တုံး (ကိုယ်အရုပ်ဆိုး တာကို ကိုယ်မြင်အောင် ပြတာပါဘုရား)
အဲ ကိုယ့်ဒုက္ခစက်လည်နေတာကြီးကို ကိုယ်မသိလို့ ဒီစက်ဝိုင်းနဲ့ လုပ်ပြတာ ရှိတာပါပဲ ဦးဘအုန်းရာ (မှန်လှပါ ဘုရား) သံဝေဂရဖို့ ချောက်လှန့်ဟောနေတာပဲလို့ ဒီလိုမယူနဲ့ (မယူပါဘုရား)။
ဒီလိုမယူပါနဲ့ တဲ့၊ ကိုယ့်ဖြစ်စဉ်ဟာ ဒီအတိုင်းပဲလို့ ထားပြီးတော့ ကိုယ့်ဟာကိုယ်ဖြတ်ပါ (မှန်လှပါ) ဖြတ် ချင်တော့ ၂ နံပါတ် လက်ရှိခန္ဓာကြီးကို ပစ္စုပ္ပန်ခန္ဓာကြီးကို မဂ်ဝင်ပြီး ဆရာကောင်း, သမားကောင်းပေးတဲ့ မဂ်နဲ့ ရှုလိုက်လို့ရှိရင် ပြတ်တာ ဧကန်ပါပဲ (မှန်လှပါ ဘုရား) မပြတ်ပါနဲ့ဆိုလို့ (မရပါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီ)။
နို့မို့လို့ရှိရင် ဒီအမေသေလို့ ငိုဦး၊ ဒီအဖေလေလို့ ငိုဦး (မှန်ပါ့) အင်း ဟင် ကိုယ့်အတွက် ငိုဦးပဲ ၊ တစ်ငိုတည်း ငိုနေရမှာပဲ (မှန်ပါ့) ငိုသာ ငိုရတယ် ငိုပွဲဆင်ပြီး ကိုယ့်ဟာကိုယ် သေပွဲဆင်ရမှာပဲ (မှန်ပါ့ ဘုရား) သား တွေ သမီးတွေ သေတယ် ငိုပွဲဆင်၊ တော်တော်ကြာ ကိုယ်ကိုယ်တိုင် သေပွဲဝင် (မှန်ပါ့ ဘုရား) ဒကာကြွယ် ဒါပဲလှည့် မှာပဲ (ဒါပဲ လှည့်ပါတယ် ဘုရား) ဒီကြား ဘာရှိသေးသလဲ (ဘာမှမရှိပါ ဘုရား)။
ကိုင်း သား လင် ခင်ပွန်းနဲ့ အိမ်ထောင်ကျပြန်လို့ရှိရင် သူသေ, ငါသေဆိုတာကတော့ သေမည့်သူချင်း အိမ်ထောင်ကျတာကိုး (မှန်လှပါ ဘုရား) သူသေလို့ရှိရင် ကိုယ်ငိုပဲ၊ ကိုယ်သေလို့ရှိရင် သူငိုပဲ (မှန်လှပါ ဘုရား) ဆုံး နိုင်ကြပါမလား (မဆုံးနိုင်ပါ ဘုရား)။
အဲဒီမဆုံးနိုင်တာ ဘာဖြစ်လို့ မဆုံးနိုင်သတုံးလို့ ဦးဘအုန်းတို့ မောင်ဘသော်တို့ မေးရင် ဪ သေထည် ထဲက သေကြောင်းအားထုတ်လို့ (မှန်လှပါ ဘုရား) ဘယ်လိုဆိုကြမယ် (သေထည်ထဲက သေကြောင်းအားထုတ်လို့ပါ ဘုရား) သေထည် ခန္ဓာထဲက နေပြီး သေကြောင်း အဝိဇ္ဇာ သင်္ခါရ တဏှာ ဥပါဒါန် ကံ ဘဝတွေကို ကြိုးစားလို့ (မှန်လှပါ ဘုရား) တော်တော်အရုပ်ဆိုးနေပြီ (ဆိုးပါတယ် ဘုရား) ဦးလှဘူး ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ကောင်းပြီ ဒါဖြင့် အဲဒီ့သေကြောင်း သေထည်တွေကို မဖြည့်ရအောင်လို့ ဘုရားသခင်ကိုယ်တော်မြတ် ကြီး ကြွလာတော့ ဒကာကြီးကလည်း အမိ, အဘပေါင်း ထောင့်ငါးရာဆိုသလို တော်ဖူးတော့ လျှောက်ရဲ ထားရဲက ရှိနေတယ် (မှန်ပါ့)။
ကျန်းမာတယ်လို့ မရှိဘူး
ဒကာကြီး ရောက်ရောက်ခြင်း ခန္ဓာကိုယ် ကျန်းမာ၍ ချမ်းသာရဲ့လား လို့ မေးတဲ့အခါကျလို့ရှိရင်ဖြင့် တပည့်တော်တို့ အိုပါပြီဘုရား ပြောတယ်နော် (မှန်ပါ့) ဟုတ်တယ် ဒကာကြီးတဲ့ ၊ ဒီခန္ဓာကိုယ်ကြီး ဆောင်နေရ တဲ့ ပုဂ္ဂိုလ်များဟာ ၉၆ ပါးရောဂါတွေဟာ ခဏခဏမပြတ်ပေါ်တဲ့ ခန္ဓာကိုယ်ကြီးဆောင်နေရတော့ လူမိုက်သာ မသိ တာ၊ လူလိမ္မာ ဘယ်တော့မှ ခန္ဓာထမ်းနေရတာ ကျန်းမာတယ်လို့ မရှိဘူး (မှန်ပါ့ ဘုရား)။
ဒါ မှတ်ထားစမ်းပါလို့ ဘုရားက ရှေးဦးစွာ စပြီး တရားဟောတာ (မှန်ပါ့ ဘုရား) ခန္ဓာဝန် ထမ်းသမားဟူသ၍ မကျန်းမာတဲ့ ခန္ဓာ ထမ်းနေရတာပဲဆိုတာ မှတ်ပါ (မှန်လှပါ ဘုရား) ခန္ဓာဝန် ထမ်းသမားကဖြင့် (မကျန်းမာတဲ့ခန္ဓာ ထမ်းနေရတာပါပဲ ဘုရား) မကျန်းမာတဲ့ ခန္ဓာဆိုတဲ့ဥစ္စာ ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ) ဘယ်အချိန်ကျန်းမာ သလဲ (ဘယ်အချိန်မှ မကျန်းမာပါ ဘုရား) ပူနာ, အေးနာ, ဆာနာ, ဝနာ, ရှိ မရှိ (ရှိပါတယ် ဘုရား) ပူနာ, အေးနာ, ဆာနာ, ဝနာဆိုတာတွေကတော့ မလွှဲသာလို့ကို တွေ့ရမယ် (တွေ့ရပါမယ် ဘုရား) ကျင်ကြီး စွန့်ချင်တဲ့ အနာကော (တွေ့ရပါမယ်) ကျင်ငယ်စွန့်ချင်တဲ့အနာ (တွေ့ရပါမယ်) လေအောက် လေစုန်ရတဲ့ အနာ (တွေ့ရပါမယ် ဘုရား)။
တွေ့မှာပဲဆိုတာ ရိပ်မိကြပလား (ရိပ်မိပါတယ် ဘုရား) ဘယ်အချိန် အန္တရာယ်ကင်းလို့ ဘေးရှင်းသလဲ (ဘယ်အချိန်မှ မကင်းပါဝ လူမိုက်ကို ချန်လှပ်ပါတဲ့၊ လူမိုက်ကတော့ ဒုန်းသမား ဘာမှမသိဘူး ကျန်တဲ့ပုဂ္ဂိုလ်ဟာဖြင့် (မှန်ပါ့) ကျန်တဲ့ပုဂ္ဂိုလ်များဟာဖြင့် ခန္ဓာကိုယ် ဆောင်နေရတာဟာ ဘယ်အချိန်မှ မကျန်းမာဘူးလို့ ဒကာကြီး မှတ် ထားပါလို့ သူ့ ဖခမည်းတော်ကို ဟောလိုက်တယ် (မှန်လှပါ ဘုရား)။
တရားတိုတိုကလေး ပေးပါ
ဒါဖြင့် ဘုရား တဲ့၊ တပည့်တော် ဒီခန္ဓာကြီးဟာ ဘယ်အချိန်မှ မကျန်းမာကြောင်းလည်း သိပါပြီ၊ တပည့်တော် အဘိုးကြိးလည်း ဖြစ်နေ အိုလည်းအိုပါပြီ၊ သူများလိုလည်း တရားရှည်ရှည် ကျင့်နိုင်ဖို့ရာလည်း အချိန်က မရတော့ဘူး၊ အဲဒါကြောင့် တပည့်တော်လည်ကားဆိုရင် တရားတိုတိုကလေး ပေးပါ၊ တရားတိုတိုကလေး ကျင့်ချင် ပါတယ်လို့ ဦးဘအုန်း တရားတောင်းတယ် (မှန်လှပါ ဘုရား) နကုလပိတာ ဒကာကြီးက တရားတောင်းပါတယ် (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီမှာလည်း ဘယ်လိုဟောလိုက်သတုံးဆိုတော့
“အာတုရကာယဿ မေ သတော စိတ္တံ အနာတုရံ ဘဝိဿတိ၊ ဧဝံဟိ တေ ဂဟပတိ သိက္ခိတဗ္ဗံ”(ခန္ဓဝဂ္ဂသံယုတ္တပါဠိ၊ ၂။) လို့ တိုတိုပဲ ဟောလိုက်တယ် (မှန်ပါ့)။
မေ=ငါ့အား၊ အာတုရကာယဿ=အမြဲ ကြင်နာတဲ့ ကိုယ်ရှိသည်၊ သဘော=ဖြစ်လျက်၊ စိတ္တံ=စိတ်သည်၊ အနာ တုရံ=ကြင်နာခြင်း မရှိသည်၊ ဘဝိဿတိ=ဖြစ်လတ္တံ့၊ ဧဝံ=ဤသို့လျှင်၊ ဂဟပတိ=သူကြွယ်ကြီး၊ တေ=သင်သည်၊ သိက္ခိ တဗ္ဗံ=ကျင့်လိုက်စမ်းပါ။
ကိုယ်သာနာ၍ စိတ်မနာစေနဲ့
ဒါက ပါဠိ၊ ဘယ်သူမှ နားလည်မှာ မဟုတ်ဘူး (မှန်ပါ့) စင်စစ်တော့ဖြင့် ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဒကာကြီး ဒီလိုကျင့် (မှန်လှပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာတဲ့တုံး (ကိုယ်သာနာ၍ စိတ်မနာစေနဲ့၊ ဒီလို ကျင့် ရမယ်တဲ့) ကိုယ်သာနာ၍ စိတ်မနာစေနဲ့ ဒကာကြီး ဒီလိုကျင့်ပါ (မှန်ပါ့) ဦးဘအုန်း ဘာတဲ့တုံး (ကိုယ်သာနာ၍ စိတ် မနာစေနဲ့ ဒီလိုကျင့်ပါ တဲ့ ဘုရား)။
အဲဒိလို ကျင့်ပါလို့ဆိုတာ ဒီကျင့်လုံးကလေး မှတ်ထားပါ (မှန်လှပါ ဘုရား) နောက်မှ ဘုန်းကြီးအလုပ်နဲ့တကွ အဓိပ္ပာယ်ရှင်းပြပါမယ် (မှန်လှပါ) ဘုရား တိုတိုကလေး ဟောလိုက်တဲ့တရား ဘာပါလိမ့် ဒကာ ဒကာမတို့ (ကိုယ်သာ နာ၍ စိတ်မနာစေနဲ့) ကိုယ်သာနာ၍ စိတ်မနာဘဲနဲ့ ကျင့်ရမယ် (မှန်လှပါ ဘုရား) ကျင့်ကလေး ထည့်ပေးပါ (မှန်ပါ့) ဘာတဲ့တုံး ဒကာ ဒကာမတို့ (ကိုယ်သာနာ၍ စိတ်မနာဘဲနဲ့ ကျင့်ရပါမယ်ဘုရား) ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါလို့ ဘုရားက ဆုံးမလိုက်တယ် (မှန်ပါ့) ဒါပဲ ဟောတာပဲ ဘုရားက (မှန်ပါ့)။
ဒါဟောပြီးသကာလ ဘုရားကလည်း ကြွသွားတယ်၊ ဒကာကြီးကလည်း တရားနာလိုက်ရတာ ရှိတာပဲ၊ အဓိပ္ပာယ် မသိဘူး (မှန်လှပါ) အဓိပ္ပာယ်မသိတော့ မောင်ဘသော်ရေ ဒီ ဘဂ္ဂတိုင်းမှာပဲ အရှင်သာရိပုတ္တရာကြီးကလည်း ရောက်နေတယ် (မှန်ပါ့ ဘုရား)။
အရှင်သာရိပုတ္တရာ ရောက်နေတယ်ဆိုတာကို နာကုလပိတာ ဒကာကြီးက ကြားတော့ ဘုရားလည်းကြွသွား ရော အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးလည်း ကြွရောက်လာတယ် ဆိုပြီး သကာလ တောင်တွေ ကျော်ကျော် ကျော် ကျော်ပြီး အရှင်သာရိပုတ္တရာရှိရာသို့ သွားလိုက်တယ် (မှန်ပါ)။
အရှင်သာရိပုတ္တရာက ဆီးနှုတ်ဆက်တယ်
အရှင်သာရိပုတ္တရာက ဆီးနှုတ်ဆက်တယ်၊ ဒကာကြီးကဖြင့် မျက်နှာတော့ သိပ်ရွှင်ပါကလား၊ သားတော်ကြီး က တကယ်ဆုကြီး, လာဘ်ကြီးတွေ ပေးတယ်ထင်ပါရဲ့၊ ဒါ့ကြောင့် မျက်နှာတွေ ဒီလောက်ရွှင်ပြိး ကျုပ်ဆီ ရောက်လာ တာပဲ လို့ အရှင်သာရိပုတ္တရာက စကားသန်ပြီး ပြောလိုက်တယ် (မှန်လှပါ ဘုရား)။
ဟာ ဘယ့်နှယ်မရွှင်ဘဲ နေမလဲဘုရား၊ တရားတည်းဟူသော အဘိသိက်ရေတွေ ဖျန်းလိုက်တော့ တပည့်တော်မှာ သားကြီးက ပေးတဲ့တရားလည်း ဖြစ်ပြန်တော့ ဘယ်မှာ မရွှင်ပြနိုင်ဘဲ နေပါ့မလဲလို့ လျှောက်လိုက် တယ် (မှန်ပါ့ ဘုရား) နို့ ဘာဟောသတုံး၊ ပြောစမ်းပါဦး တဲ့၊
“အာတုရကာယဿ မေ သတော စိတ္တံ အနာ တုရံ ဘဝိဿတိ၊ ဧဝံ ဟိတေ ဂဟပတိသိက္ခိတဗ္ဗံ”လို့ ဟောလိုက်ပါတယ်၊ ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါလို့ ဟောပါတယ်ဘုရား (မှန်ပါ့)။
ဘယ်လို မနာ အောင် လုပ်ရမှာတုံး
နို့ ဒကာကြီး မမေးဘူးလား ကိုယ့်သားကို ၊ ဘယ်ဟာ ကိုယ်တုံး, ဘယ်ဟာ စိတ်တုံး ဘယ်လို မနာ အောင် လုပ်ရမှာတုံးလို့ ဒကာကြီးက မမေးဘူးလားတဲ့ (မှန်ပါ့) အရှင်သာရိပုတ္တရာကပေါ့လေ (မှန်လှပါ ဘုရား) တပည့်တော် မမေးပါဘူး ဘုရား တဲ့။
နို့ ဒကာကြီး ဒီဥစ္စာ မမေးတော့ ကိုယ်ကိုယ်တိုင် သိနေသလား လို့ ဆိုတာတွေလည်း ဒကာကြွယ် မေးတယ် (မှန်လှပါ ဘုရား) ဒီလိုလည်း မသိပါဘူးတဲ့ (မှန်ပါ့ ဘုရား)။
ဒါဖြင့် မေးလည်း မမေးဘူးတဲ့၊ သူ သိလည်းမသိဘူးတဲ့၊ တရားနာရလို့ ဝမ်းသာတာပဲ သိတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
သိရဲ့လား (မသိပါ ဘုရား) ဘာဖြစ်လို့ ဝမ်းသာပါလိမ့် (တရားနာရလို့ ဝမ်းသာပါတယ် ဘုရား) ဘဝပေါင်း များစွာ ထောင့်ငါးရာက သားအဘ၊ မြေးအဘိုးတော်လာလို့ ပေးတဲ့ တရားနာရလို့ ဝမ်းသာတာပဲရှိတာပဲ (မှန်ပါ့) အဓိပ္ပာယ်တော့ မသိဘူး (မသိပါ ဘုရား)။
အရှင်သာရိပုတ္တရာက ဆီးမေးတာကြည့်ပါလား ဒကာကြီး။ ကိုယ်သာနာ၍ စိတ်မနာတဲ့အကျင့် ကျင့်ပါလို့ သားတော်ကြီးဘုရားက ဟောတော့ ဒကာကြီးဟာ ကိုယ်ဆိုတာ ဘယ်ဟာတုံး၊ စိတ်ဆိုတာ ဘယ်ဟာတုံးလို့ မမေးလိုက် ဘူးလားလို့ဆိုတော့ တပည့်တော် မမေးလိုက်ပါဘူး ပြောတယ် (မှန်ပါ့ဘုရား)
ဒါဖြင့် ဒကာကြီး ကိုယ်ကိုယ်တိုင် သိရဲ့လားလို့ မေးပြန်တော့ ကိုယ်ကိုယ်တိုင်လည်း မသိပါဘူး ဘုရားတဲ့ (မှန်လှပါ)။
ဒါ့ကြောင့် မသိလို့ တပည့်တော်သည် အရှင်ဘုရားထံ ပြေးလာတယ် (မှန်ပါ့) အရှင်သာရိပုတ္တရာထံ ပြေး လာတာ၊ ဟိုက တရားတော့ နာခဲ့ရတယ် (မှန်ပါ့) တရားတော့ ပါးစပ်ထဲ ရရဲ့ (မှန်လှပါ ဘုရား) အဓိပ္ပာယ်တော့ မသိဘူး (မသိပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ ဘုရား)။
တချို့ ဒကာ ဒကာမတွေမှာ စာအုပ်တွေ ကြည့်ကြည့်ပြီး သကာလ ဒကာကြွယ် အဓိပ္ပာယ်မသိတော့ အလကား ပဲ (မှန်လှပါ) သံဝေဂရရုံပဲ (မှန်ပါ့)၊။
တချို့စာအုပ်ကလေးနဲ့ ဦးဘအုန်း တင်းတိမ်နေတဲ့လူရှိသေးတယ် (ရှိပါတယ် ဘုရား) ဒီစာအုပ်ထဲမှာ ခန္ဓာ ပါသလားလို့ မေးရင် ဘယ့်နှယ်ပြောမလဲ (မပါပါ ဘုရား) အသိဉာဏ်ပါသလားလို့ မေးရင်ကော (မပါပါ ဘုရား)။
ဒါဖြင့် ခန္ဓာထဲမှာ သိမှ အသိကိုးဗျ (မှန်ပါ့) စာထဲမှာ သိရင် အမှတ် (မှန်လှပါ ဘုရား) ခန္ဓာမှာ ကြည့်၍ သိရင် အသိ (အသိပါ ဘုရား)။
အသိကမှ နိဗ္ဗာန်ရောက်ပါမယ်
ဒါဖြင့် အမှတ်နဲ့ အသိသည် ဒကာကြွယ် ဘယ်သူက နိဗ္ဗာန်ရောက်မလဲ (အသိကမှ နိဗ္ဗာန်ရောက်ပါမယ် ဘုရား) အသိကမှ နိဗ္ဗာန်ရောက်ပြီး သံဝေဂတွေရပြီး တကယ်မြင် တကယ်ထင်ပြီးသကာလ တကယ်ကိလေသာကို ဖြတ်မှာပေါ့ (မှန်လှပါ ဘုရား) ဦးဘအုန်း ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)။
နို့ စာကလေးနဲ့ တင်းတိမ်နေတဲ့ လူတွေလည်း မောင်ဘသော်တို့၊ ဦးဘအုန်းတို့ တွေ့ဖူးမှာပေါ့ (တွေ့ဖူးပါတယ် ဘုရား) ခန္ဓာရောက်ပလား (မရောက်သေးပါ ဘုရား) ဟင် မရောက်သေးလို့ရှိရင်ဖြင့် ဒီလူဟာ အလကားပဲ စာသိကလေးနဲ့ အချိန်ကုန်နေတာပဲ၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိနဲ့ တော့သူဝေးပါသေးတယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား)။
ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ရင်အလကား
ဒကာကြွယ် ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက်ရင်အလကားပဲနော် (မှန်လှပါ) ဘာနဲ့ဘာ ကိုက်ရမလဲ (ခန္ဓာအရှိ နဲ့ ဉာဏ်အသိနဲ့က သူတို့မတွေ့ကြဘူး (မှန်ပါ့) မတွေ့ကြတော့ ဦးဘအုန်း ရပါ့မလား (မရပါ ဘုရား)။
အေး ဒါကြောင့် ပေါဌိလကြီး ဘဝပေါင်း ငါးရာ ပိဋကတ် သုံးပုံဆောင်တာပဲ၊ တစ်ဘဝထဲဆောင်တာ မဟုတ်ဘူး ဒကာကြွယ်ရ (မှန်လှပါ) ဘဝပေါင်း ငါးရာ ပိဋကတ်သုံးပုံ ဆောင်တယ်၊ ခန္ဓာအရှိနဲ့ ဉာဏ်အသိ မကိုက် တော့ ဘဝပေါင်း ငါးရာ ကျွတ်တမ်းမဝင်ခဲ့ဘူး (မှန်လှပါ) ဝင်ခဲ့သလား (မဝင်ခဲ့ပါ ဘုရား)။
ကဲ ဦးဘအုန်း ရိပ်မိပြီ (ရိပ်မိပါပြီ ဘုရား) ဒါ့ကြောင့် ဒီပေါဌိလဆိုတာ လူတိုင်း ပြောနေတာပေါ့နော် (မှန်ပါ့)။
ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာအရှိဆိုတာ ဒီခန္ဓ ပဋိစ္စသမုပ္ပါဒ် (မှန်ပါ့) ဉာဏ်အသိဆိုတာသည် ခန္ဓ ပဋိစ္စ သမုပ္ပါဒ်ထဲမှာ ဘာသစ္စာတွေ ရှိတယ်ဆိုတာ သိရမယ် (မှန်ပါ့)။
အဲဒီလို ခန္ဓာအရှိနဲ့ ဝိပဿနာဉာဏ်အသိနဲ့ ကိုက်လို့ရှိရင်တော့ မဂ်ဉာဏ်ပေါ်မှာပဲ ဒကာကြွယ်ရ (မှန်လှပါ) နို့မို့ရင် ပေါ်စရာရှိရဲ့လား (မရှိပါ ဘုရား) သဘောပါပလား (ပါပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရှင်သာရိပုတ္တရာက ဒကာကြီး တဲ့ ခင်ဗျားကလည်း တရားနာရလို့ ဝမ်းသာတာပဲရှိတာကိုး၊ ကိုယ်သာနာ၍ စိတ်မနာတဲ့ အကျင့် ကျင့်ပါဆိုတော့ ဘယ်ဟာ ကိုယ်တုံး၊ ဘယ်ဟာ စိတ်တုံးဆိုတာ ခင်ဗျားကလည်း သားတော်ကြီး မမေးလိုက်ဘူး (မှန်ပါ့) မမေးမိဘူး ဘုရာ့ တပည့်တော် အရှင်ဘုရားရှိနေတာနဲ့ အခု တပည့်တော် အရှင်ဘုရားဆီ တောင်အမျိုးမျိုးကျော်ပြီး လာခဲ့တာပဲ၊ အဲဒါ အရှင်ဘုရား ကပဲ ပြောရမှာပဲ၊ ဟောရမှာပဲ တပည့်တော် သိအောင် (မှန်လှပါ ဘုရား)။
ကိုယ်ဆိုတာ ဝိပဿနာရှုစရာ၊ စိတ်ဆိုတာ ဝိပဿနာရှုတဲ့ဉာဏ်
ကဲ ဒကာကြီး သေသေချာချာ နားထောင်ဆိုပြီးသကာလ အရှင်သာရိပုတ္တရာက ဦးဘအုန်း ဟောတော့ မယ် နော် (မှန်လှပါ) ကိုယ်သာနာ၍ စိတ်မနာတဲ့အကျင့် ကျင့်ပါတဲ့ (မှန်ပါ့) ကိုယ်ဆိုတာ မှတ်လိုက်, ဝိပဿနာ ရှုစရာ (မှန်ပါ့) စိတ်ဆိုတာ ဝိပဿနာရှုတဲ့ဉာဏ် (မှန်လှပါ ဘုရား) ကိုယ်ဆိုတာက (ဝိပဿနာရှုစရာပါ) ဝိပဿနာ ရှုစရာကြီး (မှန်လှပါ ဘုရား) သဘောကျပြီ (ကျပါပြီ) ကိုယ်ဆိုတာက ဘာပါလိမ့် (ဝိပဿနာ ရှုစရာကြီးပါ ဘုရား) ဝိပဿနာ ရှုစရာဆိုတာ ၂ နံပါတ်ကို ခေါ်တယ် (မှန်ပါ့) ကိုယ်ဆိုတာက (ဝိပဿနာ ရှုစရာက ၂ နံပါတ်ပါ ဘုရား) ဝိပဿနာ ရှုစရာနံပါတယ် ဘယ်လောက်တုံး (၂ နံပါတ်ပါ ဘုရား) စိတ်ဆိုတာက ဆရာကောင်း သမားကောင်းဆီက နည်းယူပြီးသကာလ ဝိပဿနာမဂ်စိတ်ကို ဆိုတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဆိုတဲ့ဥစ္စာ ခင်ဗျားတို့ နာတာကလေး သိမှ မနာတာသိမှာ (မှန် လှပါ) ကိုယ်သာနာ၍ စိတ်မနာစေနဲ့လို့ ဘုရားက ဟောတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ကိုယ်နာ၍ စိတ်နာနေတာ
ခင်ဗျားတို့ အရေးကြီးတာက ကိုယ်သာနာ၍ စိတ်နာနေတာ ခင်ဗျားတို့မှာ ရှိလို့ ဟောတာပဲ (မှန်လှပါ) ခင်ဗျားတို့ကတော့ ဘာတုံး (ကိုယ်သာနာ၍ စိတ်နာနေတာပါ) ကိုယ်သာနာ၍ စိတ်နာတာ (မှန်လှပါ) ဘုရားကတော့ ဘာတဲ့တုံး (ကိုယ်သာနာ၍ စိတ်မနာစေနဲ့တဲ့) အဲ စိတ်မနာဖို့ရာ ကျင့်တဲ့ (မှန်လှပါ) ခင်ဗျားတို့က ကိုယ်နာတာနဲ့ စိတ်နာတဲ့အကျင့်တွေ များတယ် (မှန်လှပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒီအထဲ ခန္ဓာဘယ်နှစ်ပါးရှိသလဲ (ငါးပါးပါ ဘုရား) ငါးပါးထဲကနေပြီးသကာလ ဒကာ ဒကာမတွေ ငါးပါးဟာ ကိုယ်ပါပဲ (မှန်လှပါ) ခန္ဓာငါးပါးပေါ့ဗျာ (မှန်ပါ့) ခန္ဓာငါးပါးဟာ ကိုယ်ကြီးပေါ့နော် (မှန်ပါ့ ဘုရား) အပေါင်းအစုကို ကိုယ်ခေါ်ပါတယ် (မှန်ပါ ဘုရား)။
အဲဒီအထဲက ဒီခန္ဓာငါးပါးက ဒကာ ဒကာမတွေမှာ တဲ့ ဒုက္ခဝေဒနာကလေးပေါ်ပြန်လို့ရှိရင်လည်း ဒကာ ဒကာမတွေက စိတ်ထဲမှာ မခံချင်တဲ့ ဒေါသတွေက (မှန်လှပါ)။
အဲဒီတော့ ကိုယ်နာတော့ ဘာဖြစ်သလဲ (စိတ်နာပါတယ် ဘုရား) ဒီခန္ဓာကြီးက တစ်ခါ ဖြတ်ခနဲဆိုပြီးသကာလ အိုဘေး နာဘေး သေဘေး သင့်လိုက်တယ် (မှန်ပါ့ ဘုရား) စိတ်ထဲက ကျေနပ်ကဲလား (မကျေနပ်ပါ ဘုရား)။
ကိုယ်နာရင် စိတ်နာချည်း များနေတယ်
အင်း ဒါဖြင့် ကိုယ်နာရင် စိတ်နာချည်း များနေတယ် (များပါတယ် ဘုရား) သဘောကျပလား (ကျပါ ပြီ ဘုရား) ကိုယ်နာရင် (စိတ်နာတာချည်းများပါတယ်) ကိုယ်နာရင် စိတ်နာတာချည်း ဖြစ်နေတော့ ဘုရားကလည်း ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါတဲ့ (မှန်ပါ့) ဦးဘအုန်း ဘာတဲ့ (ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ပါတဲ့ ဘုရား) ခင်ဗျားတို့ကတော့ ကိုယ်နာရင်ဖြင့် (စိတ်နာပါတယ် ဘုရား)။
စိတ်က နာတာပဲရှိနေတာ၊ နာလို့ရှိရင်ဖြင့် ဒီက ကိုယ်နာတယ် ဒီက စိတ်နာတယ် (မှန်လှပါ) နာတယ်ဆိုတော့ ဒီသေထည်ခန္ဓာထဲက သေကြောင်းပေါ်တာပဲ (မှန်ပါ့) သေထည်ခန္ဓာထဲက (သေကြောင်းပေါ်တာပါ ဘုရား) ဘာဖြစ် လို့တုံး (ကိုယ်နာရင် စိတ်နာလို့ပါ ဘုရား) ကိုယ်နာတာက ဒီဘက်မှာ (မှန်လှပါ) စိတ်တွေက မရှုတတ်တော့ နာတဲ့ စိတ်တွေက ပေါ်လာတယ် (ပေါ်လာပါတယ် ဘုရား) ခင်တဲ့ခန္ဓာကိုးဗျ (မှန်ပါ့) တဏှာ ဥပါဒါန် ကံတွေ မပေါ်ဘူး လား (ပေါ်ပါတယ် ဘုရား) ဘာဖြစ်လို့တုံးဆို ခင်နေလို့ (မှန်လှပါ ဘုရားဝ ခင်နေရင် နာတာပါပဲ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
၂ နံပါတ်က ၃ နံပါတ် ပေါက်ပွားတာ
ဒါဖြင့် ၂ နံပါတ်က ၃ နံပါတ် ပေါက်ပွားတာကို ကိုယ်နာလို့ရှိရင် စိတ်နာတယ်ခေါ်တယ် (မှန်ပါ့) ၂ နံပါတ် က ၃ နံပါတ်မကူးလို့ရှိရင်ဖြင့် ကိုယ်သာနာ၍ (စိတ်မနာပါ ဘုရား) စိတ်မနာဘူးဆိုတဲ့ အဓိပ္ပာယ်ရှင်းသွားပြီ (ရှင်းသွား ပါပြီ ဘုရား)။
ကိုင်း ဒါဖြင့် ဘယ်လိုကြောင့် တပည့်တော်တို့ ကိုယ်နာစိတ်နာ ဖြစ်နေပါလိမ့်မလဲဆိုတာ မေးရတော့ မယ် (မှန်လှပါ ဘုရား) တပည့်တော်တို့ ထုံးစံကဖြင့် ကိုယ်နာရင် စိတ်နာတာပဲ (မှန်ပါ့) ဦးဘအုန်းတို့ ထုံးစံက ပြော စမ်း (ကိုယ်နာရင် စိတ်နာတာပဲ ဘုရား) ကိုယ်နာရင် စိတ်နာတာပဲဆိုတာ ဒကာ ဒကာမတွေ ထုံးစံနော် (မှန်ပါ့ ထုံးစံပါ ဘုရား)။
ဒီအနာကလည်း တစ်ခုမဟုတ်ပါဘူး ၊ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့၊ ကိုယ်က ယူထားတာက ဒီခန္ဓာကိုယ်ကြီးကို အကုန် ငါချည်းယူထားတာ (မှန်လှပါ) ဒီခန္ဓာကိုယ်ကြီးကို (ငါချည်းယူထားပါတယ် ဘုရား) ဝေဒနာလည်း ငါ၊ စိတ်လည်း (ငါပါပဲ ဘုရား) နာမ်တွေကော (ငါပါပဲ ဘုရား) ရုပ်တွေကော (ငါပါပဲ ဘုရား) ငါတွေ အကုန်ယူထားတယ် (မှန်ပါ့ ဘုရား)။
ဪ ဒါတွေဟာ ငါယူတယ်ဆိုကတည်းက ခိုင်တယ် မြဲတယ် ယူထားတယ်၊ ခိုင်တယ် မြဲတယ် ယူထား တော့ ဒီဟာကြီးက ဒုက္ခသစ္စာဖြစ်သွားတော့ ဖောက်ပြန်ပျက်စီးတယ် (မှန်ပါ့ ဘုရား) ဖောက်ပြန်ပျက်စီးတယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါဖြင့် ဖောက်ပြန်ပျက်စီးတဲ့အခါကျတော့ နဂိုက ဒါတွေ ငါယူထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတော့ တစ်ခါတည်း ဒကာကြွယ်ရေ ငါကိုယ်ကျိုးနည်းပြီ (မှန်လှပါ ဘုရား) ကိုယ်ကျိုးနည်းပြီဆိုတော့ စိတ်နာမှုတွေ လာ မလာ (လာပါတယ် ဘုရား) ဦးဘအုန်း ဘယ့်နှယ်ကြောင့် ဒီစိတ်နာမှုလာပါလိမ့်၊ နဂိုက ခန္ဓာကြီးကို ငါယူမထားဘူးလား (ယူထားပါတယ် ဘုရား)။
ဒါကြီးက နာကံ သေကံဖြစ်ပြီဆိုမှဖြင့် ဒီခန္ဓာကြီးထဲက တစ်ခုခုဖြစ်ပြီဆိုမှဖြင့် ငါခက်ရတယ် ငါခက်လေခြင်း (မှန်လှပါ ဘုရား) အင်း ငါခက်လေခြင်းတဲ့ ဒကာ ဒကာမတို့ မလာဘူးလား (လာပါတယ် ဘုရား) ဒါဖြင့် ကိုယ် နာတော့ ဘာဖြစ်သလဲ (စိတ်နာပါတယ် ဘုရား)။
ဘယ့်နှယ်ကြောင့် ကိုယ်နာလို့ စိတ်နာပါလိမ့်
ဪ ကိုယ်နာလို့ စိတ်နာတယ် (မှန်လှပါ ဘုရား) ဘယ့်နှယ်ကြောင့် ကိုယ်နာလို့ စိတ်နာပါလိမ့်မလဲလို့ လက်သည်အရင်းကျကျ ရှာလိုက်တဲ့အခါကျတော့မှ ဒကာကြွယ် ဘာပါလိမ့် ကိုယ်ကို ငါယူထားလို့ (မှန်လှပါ ဘုရား) ခန္ဓာငါးပါးကို (ငါယူထားလို့ပါ ဘုရား) ငါယူထားတော့ ခန္ဓာငါးပါးဆိုတာ ဒကာ ဒကာမတို့ ဖောက်ပြန်လိုက် ပျက်စီးလိုက် ဖောက်ပြန်လိုက် ပျက်စီးလိုက် (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
အဲဒါ ဖောက်ပြန် ပျက်စီးတတ်တာကြီးကို ဒကာကြွယ်တို့က ဘာလုပ်ထားသလဲ (ငါထုပ်ထားပါတယ် ဘုရား) ငါယူထားတယ်၊ ငါဆိုကတည်းက ငါအစိုးရတယ် ငါပိုင်တယ် ငါဆိုင်တယ်ပေါ့ဗျာ (မှန်လှပါ ဘုရား) တစ်ခါတည်း အနတ္တကို အတ္တလုပ်ထားတယ် (မှန်လှပါ) ဘာလုပ်ထားသလဲ (အနတ္တကို အတ္တလုပ်ထားပါတယ် ဘုရား) အနတ္တကို အတ္တလုပ်ထားတယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
အင်း အနတ္တ အတ္တလုပ်ထားတော့ ဟိုကလည်း အနတ္တပြပါ့ရော၊ အစိုးမရ မပိုင်လို့ ဖောက်ပြန်ပျက်စီး မှုလည်း ပြလိုက်ပါရော ဒီက ကိုယ်ကိုယ်လုပ်ထားတဲ့အတွက် ငါခက်ပြီဆိုတဲ့ ဒုက္ခဒေါမနဿ လာ မလာ (လာပါတယ် ဘုရား)။
အင်း ဘယ့်နှယ်ကြောင့်လာပါလိမ့် ဒကာ ဒကာမတို့ (ငါလုပ်ထားလို့ပါ ဘုရား) ငါလုပ်ထားလို့ (မှန်ပါ့) သေသေချာချာ နာကြပါနော် (မှန်လှပါ ဘုရား) ဦးဘအုန်း ဘာလုပ်ထားသလဲ (ငါလုပ်ထားပါတယ် ဘုရား) ငါ ငါ့ ဥစ္စာလုပ်ထားတယ် (မှန်ပါ့) ငါ ငါ့ဥစ္စာလုပ်ထားတော့ ဒီ ၂ နံပါတ်ကြီးကို ငါ ငါ့ဥစ္စာလုပ်တယ် (မှန်ပါ့)။
ငါ ငါ့ဥစ္စာဟာ ဒုက္ခသစ္စာ
အဲဒီတော့ ဒကာ ဒကာမတွေက စဉ်းစားလိုက်၊ ၂ နံပါတ် ဒီဝင်ရိုးအဆုံး ကြည့်လိုက်တော့ ငါ ငါ့ဥစ္စာဟာ ဒုက္ခသစ္စာ (မှန်ပါ့) ဒုက္ခသစ္စာလို့ ခင်ဗျားတို့ကလည်း မသိဘူး (မသိပါ) သိသေးရဲ့လား (မသိပါ ဘုရား) အဲဒီမှာ ဘာလုပ်ထားသလဲ (ငါ ငါ့ဥစ္စာ လုပ်ထားပါတယ် ဘုရား)။
ဒါသူက ဒုက္ခရောက်သွားတဲ့အချိန်ကျတော့ ခင်ဗျားတို့က ငါ ကိုယ်ကျိုးနည်းပြီ (မှန်လှပါ ဘုရား) ငါ ကိုယ်ကျိုး နည်းပြီဆိုပြီး ဒီဘက်ကူးလာတယ် (ကူးလာပါတယ် ဘုရား) ဒါခင်ထားတာကိုးဗျ (မှန်ပါ့ ဘုရား) တဏှာ ဒိဋ္ဌိနဲ့ ခင် ထားတယ် (မှန်ပါ့) ခင်ထားတော့ တဏှာ ဥပါဒါန် ကမ္မဘဝတွေ မဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား)။
အင်း ဖြစ်လာတဲ့အခါကျလို့ရှိရင်ဖြင့် သောက ပရိဒေဝတွေကော လိုက်မလာဘူးလား (လိုက်လာပါတယ် ဘုရား) နဂိုက ဘာလုပ်ထားမိလို့လဲ (ငါ ငါ့ဥစ္စာလုပ်ထားမိလို့ပါ ဘုရား) ခန္ဓာကို ငါ ငါ့ဥစ္စာလုပ်တယ် (မှန်ပါ့) ဦးဘအုန်း ၂ နံပါတ်ထိ ဘာလုပ်ထားသလဲ (ငါ ငါ့ဥစ္စာ လုပ်ထားပါတယ် ဘုရား)။
အံမာလေး ခင်ဗျားတို့မို့ လုပ်ရက်ပါပေဗျာ၊ ဘာသစ္စာကြီးလဲ (ဒုက္ခသစ္စာပါ ဘုရား) ဒုက္ခသစ္စာမို့ ဒုက္ခ ပြောနေတဲ့ဥစ္စာ၊ ဒကာ ဒကာမတို့ ဒုက္ခသစ္စာဟာ ဒုက္ခသစ္စာပဲ ဖြစ်ရမယ်၊ ငါ ငါ့ဥစ္စာတော့ (မဖြစ်ရပါ ဘုရား) အဲဒါ ခင်ဗျားတို့က ဘယ့်နှယ်လုပ်ထားပါလိမ့် (ငါ ငါ့ဥစ္စာ လုပ်ထားပါတယ် ဘုရား)။
ရော ခက်ပြီကော ခင်ဗျားတို့ဥစ္စာက ကိုယ်နာရင် စိတ်နာတယ် အလုပ်ကြီးလုပ်ထားတယ် (လုပ်ထားပါ တယ် ဘုရား) ငါ ငါ့ဥစ္စာလုပ်ထားတော့ ငါ ကိုယ်ကျိုးနည်းပြီ ဖြစ်သွားတာပေါ့ (မှန်ပါ့ ဘုရား) ငါကိုယ်ကျိုးနည်းပြီ၊ ငါတောင်ကြီးပြိုသွားပြီ၊ ငါလက်မောင်းကြီး ပြုတ်သွားပြီ၊ ကျုပ်ဖြင့် အခက်ကြုံပါပေါ့ဆိုတဲ့ဥစ္စာ မလာဘူးလား (လာပါ တယ် ဘုရား) ဒါ ဘာလုပ်ထားလို့လဲ (ငါ ငါ့ဥစ္စာလုပ်ထားလို့ပါ ဘုရား) ကဲ ကြည့်ပါ တဲ့ ဘာသစ္စာလဲ (ဒုက္ခ သစ္စာပါ ဘုရား) အဲ ဒုက္ခသစ္စာတဲ့၊ ရှင်းကြပလား (မှန်ပါ့ ဘုရား) ဒုက္ခသစ္စာကို ခင်ဗျားတို့က ဘာလုပ်ထားသလဲ (ငါ ငါ့ဥစ္စာဟု လုပ်ထားပါတယ်)ဟာ ဒကာ ဒကာမတွေ အလွှဲကြီးအချော်ကြီး လုပ်ထားတယ် (မှန်ပါ့) ဒုက္ခသစ္စာဟာ ဒုက္ခသစ္စာပေါ့ ဦးဘအုန်းရ ဘယ်မှာ ငါ ငါ့ဥစ္စာလုပ်လို့ ဖြစ်နိုင်ကြပါ့မလား (မဖြစ်နိုင်ပါ ဘုရား) မဖြစ်နိုင်တာကို ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဘာလုပ်ထားကြသလဲ (ငါ ငါ့ဥစ္စာ လုပ်ထားကြပါတယ် ဘုရား)။
ဒီက ကိုယ်လည်း ဖောက်ပြန်ပျက်စီးရော သူက စိတ်နာတဲ့ဘက် ကူးမလာဘူးလား (ကူးလာပါတယ် ဘုရား) အင်း ကူးလာတော့ ဘုရားကလည်း ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်တဲ့ (မှန်ပါ့) ခင်ဗျားတို့ အလေ့အကျင့် ကလည်း ကိုယ်နာရင် စိတ်နာရော (မှန်ပါ့ ဘုရား)။
ဪ တစိမ်းပီပီလိုပဲ လူ့တိရစ္ဆာန်တွေ (မှန်ပါ့) အံမာလေး သူကတောင် ကဲ့ရဲ့လိုက်သေး (ကဲ့ရဲ့ ပါတယ် ဘုရား) ကြောက်စရာကြီးပါကလား (မှန်ပါ့) အင်း သားမှန်း သမီးမှန်းတောင်မှ သိတော့တယ် မထင်ပါ ဘူး (မှန်လှပါ ဘုရား)။
ကိုယ်နာရင် စိတ်နာ တတ်တဲ့ ဝါသနာက ထုံထားလို့
ဒကာကြွယ် သူတော်ကောင်းကို ကဲ့ရဲ့တယ် (ကဲ့ရဲ့ပါတယ် ဘုရား) ဘာဖြစ်လို့တုံး ကိုယ်နာရင် စိတ်နာ တတ်တဲ့ ဝါသနာက ထုံထားလို့ (ထုံထားလို့ပါ ဘုရား) သဘောကျပလား (ကျပါပြီ) ကိုယ်နာရင် (စိတ်နာတတ်တဲ့ ဝါသနာက ထုံထားလို့ပါ ဘုရား) ထုံထားတော့ ဘေးကပုဂ္ဂိုလ်က မျက်ရည်ကြီးငယ်မကျ၊ သောကဗျာပါဒတွေ မဖြစ် တော့ သူ့အိမ်မှာ နာခမ်းကိစ္စ ရှိငြားသော်လည်း အိမ်ရှင်တွေက မလှုပ်မရှား တည်တည်တန့်တန့်နဲ့ နေကြတော့ ဘေးကပုဂ္ဂိုလ်တွေက အို မသာနှယ် ခြောက်သွေ့လိုက်တာ (မှန်လှပါ ဘုရား) ပြောတောင် ပြောသေးတယ် (ပြောပါတယ် ဘုရား)။
အံမာလေး ကြောက်စရာကြီးပါကလား ဒကာ ဒကာမတို့ မသာပဲ စိုရဦးမလိုလို (မှန်လှပါ ဘုရား) ဒကာကြွယ် ခင်ဗျားတို့ မြို့ထဲရွာထဲ သွားရတာ မလွယ်ဘူး (မလွယ်ပါ ဘုရား)။
အဲဒီတော့ သူတို့ ပြောပုံဆိုရင် ခင်ဗျားတို့ကပဲ မျက်ရည်ဆောင်သွားရဦးမယ့် အဓိပ္ပာယ်ရနေတယ် (ရနေပါ တယ် ဘုရား) ဒါကလေးမှ ဆောင်မသွားလို့ရှိရင် မသာမေး မပီဘူး (မှန်လှပါ ဘုရား) ဘယ်လောက်အရူးထသလဲ (ထပါတယ် ဘုရား)။
ဒါဖြင့် ဘုရားဟောတော်မူတာက ကိုယ်သာနာ၍ စိတ်မနာအောင် ကျင့်ရမယ်ဆိုတော့ ဒကာ ဒကာမ တွေ အလေ့က ကိုယ်နာလို့ရှိရင် (စိတ်နာပါတယ် ဘုရား) စိတ်မနာအောင် ကျင့်ပါလို့ ခင်ဗျားတို့ အထုံဝါသနာကြီး က အတော်ဆိုးတယ် (ဆိုးပါတယ် ဘုရား) ဒကာကြွယ် မြို့ထဲရွာထဲ နေရတာ လွယ်ပါ့မလား (မလွယ်ပါ ဘုရား) အရူးဖြင့် ပျော်နိုင်လိမ့်မယ်နော် (မှန်လှပါ ဘုရား) အကောင်းဖြစ်ရင်လည်း (မပျော်နိုင်ပါ ဘုရား)။
ဒါဖြင့် ကိုယ်ပျော်ရင် ဘယ်အထဲ သွားမှာတုံး (အရူးထဲ သွားပါမယ် ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား) ဟုတ်တယ် အရူးထဲ သွားရမှာပဲ (မှန်ပါ့ ဘုရား)။
၂ နဲ့ ၃ ဟာ ဖြတ်နိုင်ရင် ဘုရားကြိုက်တယ်
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ ၂ နဲ့ ၃ အကူးမှာဖြင့် ဘုရားသိပ်ကြောက်တယ် (မှန်လှပါ ဘုရား) ၂ နဲ့ ၃ ဟာ ဖြတ်နိုင်ရင် ဘုရားကြိုက်တယ် (မှန်လှပါ ဘုရား) ၂ နဲ့ ၃ ကူးရင် (ဘုရားမကြိုက်ပါ ဘုရား) ဘာ့ကြောင့် တုံးဆိုတော့ ဒီဘက်က ကိုယ်ကိုးဗျ (မျန်လှပါ) အင်း ဒီဘက်က စိတ်တွေက တဏှာတွေ ဥပါဒါန်တွေက လာ တော့ ဒကာ ဒကာမတို့ ဒီအထဲ သောက ပရိဒေဝမြုပ်နေတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒီခန္ဓာကြီးကသာ ဖောက်ပြန်ပျက်စီးရင် ဒီဘက်မှာ တဏှာ ဥပါဒါန်စွဲတဲ့ ပုဂ္ဂိုလ်မှာ သောက ပရိဒေဝတွေ မလိုက်ပေဘူးလား (လိုက်ပါတယ် ဘုရား) လိုက်မယ်ဆိုတော့ ကိုယ်နာရင် ဘာတုံး (စိတ်နာပါတယ် ဘုရား)။
အင်း ကိုယ်နာရင် စိတ်နာမယ်ဆိုတော့ နံပါတ်ကူးပြီ (ကူးပါပြီ ဘုရား) ကိုယ် ဒုက္ခသစ္စာကြောင့် ဟုတ် လား၊ စိတ်နာတဲ့ သမုဒယသစ္စာ ပြန်ဖြစ်တယ် (ဖြစ်ပါတယ် ဘုရား)။
ဒါဖြင့် သေထည်ထဲက သေကြောင်း ပွားတယ် (ပွားပါတယ် ဘုရား) ဦးဘအုန်း ဘယ့်နှယ်ဆိုမယ် (သေထည် ထဲက သေကြောင်းပွားပါတယ် ဘုရား) ဒီပဋိစ္စသမုပ္ပါဒ်နဲ့ ပြောတော့မှ ဒကာကြွယ် ရှင်းတယ် (ရှင်းပါတယ် ဘုရား) သေထည်ထဲက ဘာပွားသလဲ (သေကြောင်းပွားပါတယ် ဘုရား)။
အဲဒီတော့ ဘုရားကတော့ကိုတဲ့၊ ကိုယ်သာနာ၍ စိတ်မနာစေနဲ့ဆိုတာ သေထည်ထဲက သေကြောင်းမပွားစေနဲ့ ကွ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) သေထည်ထဲက သေကြောင်းမပွားစေနဲ့ကွလို့မှတ် (မှန်ပါ့) ခင်ဗျားတို့လည်း သေထည်ထဲကမှ သေကြောင်း မပွားရလို့ရှိရင်ဖြင့် တဲ့၊ သူများ မပွားတာတောင် ကိုယ်က ကဲ့ရဲ့သေးတယ်ဆိုတော့ ကိုယ်က ပွားနေကျဆိုတာ သေချာပြီ (သေချာနေပါပြီ ဘုရား)။
ဒကာကြွယ် သဘောပါလား (ပါပါတယ် ဘုရား) ဥပမာ ဒကာကြွယ်က ခပ်အေးအေး နေလိုက်မယ်ဆိုရင်ဖြင့် အိမ်သူအိမ်သားတွေက နေပေစီ၊ သူတော့ ဘာမှသိတာမဟုတ်ဘူး (မှန်လှပါ) အံမာ သူ့ကို အရူးထဲတောင် သွင်းပစ် လိုက်သေးတယ် (မှန်ပါ့) အသွင်းခံရသေးတယ် (မှန်လှပါ) မခံရဘူးလား (ခံရပါတယ် ဘုရား) သားမှန်း သမီးမှန်း ခင်ပွန်းမမှန်း ဆွေမျိုးမှန်း သူတို့ကတော့ နဂိုကတည်းက တော်အောင် နေလာတာ (မှန်ပါ့) အံမာလေး တော် အောင် နေလာတာတဲ့ (မှန်ပါ့ ဘုရား)။
အရူးက လက်ခုပ်တီးတာ
ဒကာ ဒကာမတို့ အရူးက လက်ခုပ်တီးတာနဲ့ တဲ့၊ အကောင်းတောင် က,ရဦးတော့မလိုလို (မှန်လှပါ ဘုရား) ဘယ့်နှယ်ဖြစ်တာပါလိမ့် (အရူးက လက်ခုပ်တီးတာပါ ဘုရား) အရူးတွေက များနေသကိုးကွ (မှန်ပါ့) များ နေတော့ အကောင်းကပဲ မျက်ရည်သုတ်တော့မလို ၊ ဘာလိုလို လုပ်ရဦးတော့မလို ဖြစ်နေတယ် (မှန်ပါ့) ဘာဖြစ် တာတုံး ဒကာကြွယ်ရ (အရူးများနေလို့ပါ ဘုရား) အရူးများလို့ အကောင်း အနေခက်တယ် (မှန်လှပါ) ဦးဘအုန်း ဘယ့်နှယ်ဆိုမလဲ (အရူးများလို့ အကောင်း အနေခက်ပါတယ်ဘုရား) အနေခက်ပေမယ့်လည်း သေပါလားဆိုတော့ လည်း ဟာ ဟုတ်သေးမထင်ပါဘူး၊ သူတို့ပြောသလိုတော့ ပြောပေးလိုက်ဦးမှ ထင်ပါရဲ့ဆိုပြီးရောမိပြန်လည်း၊ အင်း သေထည်ထဲက သေကြောင်းပေါ်ပြန်ပဟ (မှန်လှပါ) ဘယ့်နှယ်ဆိုကြမလဲ (သေထည်ထဲက သေကြောင်း ပေါ်ပြန်ပါပြီ ဘုရား)။
အင်း နောက်ထပ်သေမှ သေပါ့မလား (သေပါတယ် ဘုရား) ဒကာကြွယ် မရောနဲ့နော် (မှန်ပါ့) ဒကာ ဒကာမတေါ ဘယ့်နှယ်တဲ့ (မရောနဲ့ပါတဲ့ ဘုရား) မရောနဲ့တဲ့၊ မရောနဲ့ဆိုတာက မသိတဲ့ပုဂ္ဂိုလ်နဲ့ မရောနဲ့ (မှန်လှပါ ဘုရား) ဘာ့ကြောင့်တုံးဆိုရင်ဖြင့် ကလျာဏမိတ္တကို မှီဝဲဆည်းကပ်မှ ဦးဘအုန်းတို့ မောင်ဘသော်တို့ ဒုက္ခသိမ်းမှာ (မှန်ပါ့ ဘုရား) ပါပ မိတ္တ လူမိုက်တွေနဲ့ချည်း သေထည်ထဲက သေကြောင်းပေါ်အောင် လုပ်နေတဲ့ လူနဲ့ ပေါင်း သင်းဆက်ဆံနေရလို့ရှိရင်ဖြင့် ကိုယ်လည်း သေလို့ ဆုံးမှာမဟုတ်ဘူး (မဆုံးပါ ဘုရား) ငိုလို့ ဆွေးလို့ကော (မဆုံးပါ ဘုရား) ဆုံးမှာမဟုတ်ဘူးဆိုတာ ဒကာကြွယ်တို့ သေချာပလား (သေချာပါပြီ ဘုရား)။
ဒါ့ကြောင့် ဦးဘအုန်း အခု ခင်ဗျားတို့ ဆရာကောင်းသမားကောင်း ကိုးကွယ်ပြီး တကယ်နာကြည့်တော့ တကယ့် ကိုယ့်အကြောင်းတွေ ကိုယ်ကောင်းကောင်းသိမှ အားလုံးသော ပုဂ္ဂိုလ်တွေကို ပြန်ကြည့်လိုက်တဲ့အခါ၊ ဪ ကိုယ်သိသလောက် ကလေးနဲ့တောင် သနားတယ် (မှန်ပါ့ ဘုရား) ကိုယ်သိသလောက်ကလေးနဲ့ (သနားပါတယ် ဘုရား)။
သေထည်ထဲက သေကြောင်းချည်း ကြံနေတယ်
ဟ ဘာဖြစ်လို့ သနားတာတုံးလို့ မေးတဲ့အခါ သူတို့ကြည့်ရတာက သေထည်ထဲက သေကြောင်းချည်း ကြံနေတယ် (မှန်ပါ့ ဘုရား) သွားရော (မှန်ပါ့ သွားပါရော) သေထည်ထဲက (သေကြောင်းချည်း ကြံနေပါတယ်ဘုရား) သေကြောင်းတွေချည်း ၂ နဲ့ ၃ နဲ့ ဆက်နေတယ် (မှန်ပါ့ ဘုရား) ဆက်တော့ ၄ တွေဟာ သူ့ပစ္စည်း (မှန်ပါ့ သူ့ပစ္စည်း ပါ ဘုရား) သူရမည့်ကိစ္စ မဆိုနိုင်ကြဘူးလား (ဆိုနိုင်ပါတယ် ဘုရား)။
အဲဒီတော့ ခင်ဗျားတို့ သိတန်သလောက် သိတဲ့ ပုဂ္ဂိုလ်ကပဲ ဒကာကြွယ် မသနားဘူးလား (သနားပါတယ် ဘုရား)၊ သနားပေမယ့်လည်း ဖွင့်ပြောရဲရဲ့လား (မပြောရဲပါ ဘုရား)၊ တော်လည်းမသိတဲ့လူလို့ အော်ထုတ်ဦးမှာ ခင်ဗျားတို့ကို (မှန်ပါ့)၊ မထုတ်ပေဘူးလား (ထုတ်မှာပါ ဘုရား)၊ မင်းကွာ ဒီလောက် ပူဆွေးနေလို့ ဘယ်မဟုတ်တဲ့ဥစ္စာ ကြီး၊ ဒါ ဖြစ်တတ်တဲ့အမျိုး ဖြစ်တာပေါ့၊ အို တော်လည်း မသိပါဘူး (မှန်လှပါ)၊ ရှင်လည်း မသိပါဘူး (မှန်လှပါ)၊ ဒီအသံတွေ မကြားချင်ဘူး (မှန်လှပါ)။
အင်း ဦးဘအုန်း ရန်တောင် တွေ့နေပါပေါ့လား (တွေ့ပါတယ် ဘုရား)၊ ဘာဖြစ်လို့ တွေ့တာတုံးဗျ (သစ္စာမသိလို့ တွေ့တာပါ ဘုရား)၊ သစ္စာမသိလို့ (မှန်ပါ့)၊ သေထည်ထဲက သေကြောင်းပေါ်နေတယ်လို့ သူဟာသူကော (မသိပါ ဘုရား)၊ ကျုပ် အားရအောင် ငိုလိုက်မယ် အစရှိသည်ဖြင့် (မှန်ပါ့)၊ ဘယ်အားရအောင်လဲဆိုတော့ အပါယ်အားရအောင် ကျုပ်ခံလိုက်ဦးမယ်လို့ ပြောတာ (မှန်လှပါ ဘုရား)၊ အဓိပ္ပာယ်က ဒီမရောက်ဘူးလား (ရောက် ပါတယ် ဘုရား)။
အဲဒီတော့ သူ အားထုတ်နေတာ ကြည့်ပါလား ၊ ၂ နဲ့ ၃ မကူးရရင် ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)။
ဒါဖြင့် မြန်မာလို ရှင်းရှင်းပြောကြပါစို့ဆိုတော့ကိုဖြင့် တဲ့ သေထည်ထဲက သေကြောင်းမပေါ်ရလို့ရှိရင် ဖြင့် မကျေနပ်ဘူး (မှန်လှပါ ဘုရား)၊ ဘယ်လိုဖြစ်ပါလိမ့် (သေထည်ထဲက သေကြောင်းမပေါ်ရရင် မကျေနပ်ပါ ဘုရား)၊ ၂ နဲ့ ၃ နဲ့ မတူးရရင် (မကျေနပ်ပါ ဘုရား)။
ဒါဖြင့် ဒီပုဂ္ဂိုလ်ဟာ ၄ ဖြစ်မှဖြစ်ပါ့မလား (ဖြစ်ပါတယ် ဘုရား)၊ ဦးဘအုန်း တယ်ကြောက်စရာကောင်း ပါလား (ကောင်းပါတယ် ဘုရား)၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေကို သနားတယ်လို့ဆိုတာ မောင်ဘသော်တို့ ရိပ်မိပါပြီ (ရိပ်မိပါပြီ ဘုရား)၊ ဘာတွေ အခု လုပ်နေသလဲ (သေထည်ထဲက သေကြောင်းတွေ ထပ်လုပ်နေ ပါတယ် ဘုရား)။
သေကြောင်းတွေချည်း ကြိုးစားတယ်၊ နောင်တစ်ဖန် သေဖို့တွေ (မှန်ပါ့)၊ မကြိုးစားဘူးလား (ကြိုးစားပါတယ်)။
သနားဖို့ကောင်းတယ်
ဪ မသိလိုက်လေခြင်း၊ ဪ မသိလိုက်လေခြင်းဆိုပြီး ဒကာကြွယ် သနားဖို့ကောင်းတယ် (မှန်ပါ့)၊ မသနားပေဘူးလား (သနားပါတယ် ဘုရား)၊ ခင်ဗျားတို့ သိသလောက်နဲ့တောင်မှ အချို့အချို့ပုဂ္ဂိုလ်တွေ တရားထူး တရားမြတ် မနာရလို့ ဖြစ်ချင်သလိုဖြစ်ပြီး ၂ ကနေ ၃ ကူး (မှန်လှပါ)၊ ဒါတွေမြင်ရတော့ ဪ ကြောက်စရာကြီးပါလား (မှန်လှပါ ဘုရား)၊ သူ့အတွက်ဖြင့် ကျုပ်ရင်တုန်ပါတယ် (မှန်လှပါ)၊ သိပ်သနားစရာကောင်း တယ် (မှန်လှပါ)၊ ဘာမှမသိရှာဘူး (မှန်လှပါ)။
ဦးဘအုန်း နည်းနည်း ကိုယ်ကသိလာတော့လေ (မှန်လှပါ)၊ သူတို့ လုပ်ကိုင်နေတာတွေ၊ သူတို့ မွေးကျွေးနေ တာတွေ၊ သူတို့ ပြုံးရွှင်နေတာတွေ (မှန်လှပါ)၊ အင်း ပြုံးရွှင်နေတယ်ဆိုလည်း ဒီဘက်ကူးတာပဲ (ကူးပါတယ် ဘုရား)၊ တဏှာလုပ်မိပြီ (မှန်ပါ့)၊ မဲ့နေတယ်ဆိုလို့ရှိရင် ဒေါသတွေနဲ့ မောဟတွေနဲ့ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ သူတို့က ၂ နဲ့ ၃ ကူးနေရတာဟာ သူတို့၏ အလုပ် (မှန်လှပါ ဘုရား)၊ ၂ နဲ့ ၃ ကူးနေရတာ (သူတို့ အလုပ်ပါ ဘုရား)။
အဲဒါကြောင့် ဒကာ ဒကာမတွေ ၂ နဲ့ ၃ သာ ကူးရင်တော့ ၄ ဒုက္ခရမယ် (မှန်လှပါ)၊ မရချင်ဘူးဆိုလို့ (မရ ပါ ဘုရား)၊ ရှောင်လို့ တိမ်းလို့ကို (မရပါ ဘုရား)။
အင်း ဒါဖြင့် ခုလို လက်တွေ့တရားမျိုး ခန္ဓာနဲ့စပ်ပြီး ပြောတဲ့ တရားမျိုးကို မသိရတဲ့ပုဂ္ဂိုလ်တွေအတွက် ဒကာကြွယ် ဘယ်လိုစဉ်းစားမလဲ (သနားစရာပါ ဘုရား)၊ အင်မတန် သနားစရာ (မှန်လှပါ)၊ နောက်က ဒကာ ဒကာမတွေ ဘယ်လိုတွေးမိကြသလဲ (သနားစရာပါ ဘုရား)၊ အင်မတန် သနားစရာကောင်းတယ် (မှန်လှပါ ဘုရား)။
ဪ ကျုပ်တို့ ကောင်းတာလုပ်နေတာလို့ သူတို့က မပြောဘူးလား (ပြောပါတယ် ဘုရား)၊ ဒကာကြွယ် ဘယ့်နှယ်ပြောတုံး သူတို့က (ကောင်းတာလုပ်နေပါတယ်လို့ ပြောပါတယ် ဘုရား)။
သစ္စာသိတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တော့
အင်း ဟင် ကောင်းတာ တစ်ခုမှလည်း မပါဘူး (မပါပါ ဘုရား)၊ ကျုပ်တို့ ကောင်းတာ လုပ်နေတာပဲလို့ များ ဒကာကြွယ် ပြောခဲ့သေးသလား (ပြောခဲ့ပါတယ် ဘုရား)၊ ပြီးတော့ ဒီဒကာကြွယ်တို့ သစ္စာသိတဲ့ မျက်လုံးနဲ့ ကြည့်လိုက်တော့ ဘာတွေတွေ့ရသလဲ (သေကြောင်းတွေ တွေ့ရပါတယ်)၊ သေတဲ့အထဲက (သေကြောင်းတွေ လုပ်ပါ တယ်)၊ သေကြောင်းအလုပ်တွေချည်း လုပ်တယ် (မှန်ပါ့)၊ မဟုတ်ဘူးလား (မှန်ပါ့)၊ သေတဲ့အထဲက (သေကြောင်း အလုပ်တွေချည်း လုပ်ပါတယ် ဘုရား)၊ သေကြောင်း အလုပ်လုပ်တယ်ဆိုတော့ ၂ ထဲက ၃ ပွားတယ် (မှန်ပါ့)၊ ၂ ထဲ က (၃ ပွားပါတယ် ဘုရား)၊ ၂ ထဲက ၃ ပွားတယ်ဆိုတော့ အင်မတန် ကြောက်စရာကောင်းတဲ့အလုပ် (မှန်ပါ့)။
ဒကာ ဒကာမတွေ သူများချည်းလည်း မစဉ်းစားနဲ့၊ ငါ ယနေ့ ၂ ထဲက ၃ ဘယ်နှစ်ကြိမ် ပွားပါလိမ့်မတုံး (မှန်ပါ့)၊ ကိုယ်နာလို့ စိတ်နာတာ ဘယ်နှစ်ခါများ ရှိပါလိမ့်မတုံး (မှန်ပါ့)၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)၊ ကိုယ်နာလို့ စိတ်နာတာ ဘယ်နှစ်ခါပါလိမ့်မလဲလို့ ဆိုတဲ့အခါကျလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့ အများကြီးဖြစ်တယ် (မှန်လှပါ)။
ဝိပဿနာ မလုပ်သ၍ ကိုယ်နာ,စိတ်နာချည်းမှတ် (မှန်လှပါ ဘုရား)၊ ဝိပဿနာ မလုပ်သ၍ ဘယ့်နှယ်တဲ့ (ကိုယ်နာ, စိတ်နာချည်းပါ ဘုရား)။
အဲ ဒါဖြင့် တရားလည်း ၅ မိနစ် ၆ မိနစ်ကျန်တော့ ဒကာ ဒကာမတွေ ကိုယ့်နာလို့ စိတ်နာတာကတော့ ဖြင့် ၂ နဲ့ ၃ ကူးတာ ကိုယ်နာ,စိတ်နာချည်းမှတ် (မှန်လှပါ)၊ ၂ နဲ့ ၃ ကူးတာ ဘယ်လိုမှတ်ကြမယ် (ကိုယ်နာ,စိတ်နာ ပါ ဘုရား)၊ စိတ်နာတယ်ဆိုတော့ စိတ်က ဒေါသစိတ်လာလည်း နာတာပဲ (မှန်ပါ့)၊ သဘောကျပလား (ကျပါတယ်)၊ လောဘဖြစ်တာလည်း နာတာပဲ (မှန်ပါ့ ဘုရား)။
ကိုင်း ဒါဖြင့် ဒီခန္ဓာကြီးက ဘာသစ္စာလဲ (ဒုက္ခသစ္စာပါ ဘုရား)၊ ဒါဖြင့် ဒုက္ခသစ္စာမို့ ဒုက္ခရောက်သွား တဲ့အခါကျတော့ ဒီက ကျေနပ်ကဲ့လား (မကျေနပ်ပါ ဘုရား)၊ မကျေနပ်တော့ ကိုယ်လည်းနာတယ်၊ ဒီမှာ မကျေနပ်မှု လည်း ထွက်လာတယ် (မှန်ပါ့ ဘုရား)။
ကျုပ်ဖြင့် နှမြောတယ် (မှန်ပါ့)၊ ဟော တဏှာလာတယ် (မှန်ပါ့)၊ ဒီလိုဖြစ်သွားတော့ နှမြောတယ်၊ ဘာ ဖြစ်လို့ နှမြောသတုံးဆိုတော့ ကျုပ်နှင့် အင်မတန်ရင်းနှီးတယ် (မှန်လှပါ)၊ ဥပါဒါန်က မလာဘူးလား (လာပါတယ် ဘုရား)။
ဒါကြောင့် ကျုပ်သည်ကားလို့ဆိုရင် ကာယကံ, ဝစီကံနဲ့ သူ့အတွက်ဖြင့် ကာယကံနဲ့ လဲသွားပြီးသကာလ ဝေယျာဝစ္စ လုပ်ပေးပါတယ်၊ ဝစီကံနဲ့လည်း မပြောမိ,ဆိုမိပါတယ် (မှန်လှပါ)။
ဒီတော့ ဒီတဏှာ ဥပါဒါန်တွေဟာ ကိုယ်နာလို့ စိတ်နာတာ (မှန်လှပါ)၊ ရှင်းပလား (ရှင်းပါပြီ)၊ တဏှာ ဥပါ ဒါန်တွေဟာ ဘာတွေပါလိမ့် (ကိုယ်နာလို့ စိတ်နာတာပါ ဘုရား)၊ ဒါဖြင့် ကူးသွားပလား၊ မကူးသေးဘူးလား (ကူးသွား ပါပြီ ဘုရား)၊ ဘုရားက ဘယ်လိုဟောသလဲ (ကိုယ်နာ၍ စိတ်မနာစေနဲ့)၊ ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့် (မှန်လှပါ)၊ သဘောကျပလား (ကျပါပြီ)။
ကိုယ်နာဆိုတာက တကယ်နာတာကို ဆိုတာမဟုတ်ဘူး၊ ဒီခန္ဓာကြီးက ဖြစ်လိုက် ပျက်လိုက် ဖြစ်လိုက်ပျက် လိုက်နဲ့ (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)။
အဲဒီဖြစ်ပျက်ကို မြင်အောင် ကြည့်လိုက်တဲ့အခါကျတော့ကို တဲ့ ကိုယ်ကတော့ ခဏခဏသေနေတာ (မှန် ပါ့)၊ စိတ်က သေတာကိုပဲ သေတယ်လို့ သိပြီးသကာလ အနိစ္စလို့သိ ဒုက္ခသစ္စာလို့သိတော့ သိရုံသာသိတာ၊ နာသေး သလား (မနာပါ ဘုရား)။
ကိုယ်နာသော်လည်း စိတ်မနာတဲ့အလုပ်
ဒါဖြင့် ဝိပဿနာရှုတာကတော့ဖြင့် ကိုယ်နာသော်လည်း စိတ်မနာတဲ့အလုပ် (မှန်လှပါ ဘုရား)၊ ဝိပဿနာ အလုပ်ကတော့ (ကိုယ်နာသော်လည်း စိတ်မနာပါ ဘုရား)၊ ဦးဘအုန်း ရှင်းပြီနော် (ရှင်းပါပြီ ဘုရား)၊ ဒါဟောလိုက် တာဗျ ဘုရားက (မှန်ပါ့ ဘုရား)၊ ဒကာကြွယ် ဒီဥစ္စာ ကိုယ်နာသော်လည်း စိတ်မနာစေနဲ့ဆိုတဲ့ဥစ္စာက ရုပ်ဖောက်ပြန် ပျက်စီးလည်း ဪ ဖောက်ပြန်ပျက်စီးတယ်လို့ သိပေး (မှန်ပါ့ ဘုရား)၊ ဝေဒနာဖြစ်ပျက်မြင်ပြန်ကော (ဖောက် ပြန်ပျက်စီးတယ်လို့ သိပေး)၊ ဖောက်ပြန်ပျက်စီးနေတဲ့ ဖြစ်ပျက်ပဲ လို့ သိပေး (မှန်လှပါ ဘုရား)၊ သညာကလေး က ပျက်စီးနေပြန်ကော (ဖောက်ပြန်ပျက်စီးနေတယ်လို့ သိပေး)။
အဲဒီလိုဆိုတော့ စိတ်က နာသေးသလား (မနာပါ ဘုရား)၊ ဘယ်နာမတုံး ဒီနေရာ မဂ်စိတ်က နာတဲ့စိတ်မှ မဟုတ်ဘဲ၊ အမှန်သိတဲ့စိတ် (မှန်ပါ့ ဘုရား)၊ အမှန်သိတော့ နာသေးရဲ့လား (မနာပါ ဘုရား)၊ အမှားသိတဲ့ စိတ်ကတော့ ငါမှ ဖြစ်ရလေခြင်း ဒီဟာ ငါဖြစ်သွားတယ် (မှန်ပါ့)၊ ဖြစ်ရလေခြင်းက ဒီဘက် (မှန်ပါ့)၊ မလာဘူးလား (မှန်ပါ့ ဘုရား)။
အဲဒါကတော့ကို တဲ့ ဒိဋ္ဌိအစွဲ စွဲနေတဲ့အတွက် ဒုက္ခသစ္စာ အနိစ္စတရားကို ငါလို့သိတဲ့အတွက် ကိုယ်နာ သော် စိတ်နာသွားတယ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)၊ ဒုက္ခသစ္စာ ငါလုပ်မိတဲ့အတွက် ဘာတဲ့ (ကိုယ်နာသော် စိတ်နာပါတယ် ဘုရား)။
ကဲ ဒုက္ခသစ္စာဆိုတာ အနိစ္စပဲကွ ဒုက္ခသစ္စာပဲကွ လို့ ဦးဘအုန်း ရှုပေးစမ်း (မှန်လှပါ)၊ ဟိုက ဘယ်လို ပျက်စီးပျက်စီး ဖြတ်ဖြတ်ဖြတ်ဖြတ်နဲ့ ပျက်စီးနေကြတယ် (မှန်ပါ့ ဘုရား)၊ ဝေဒနာကလေးတွေ ပေါ်လိုက် ပျောက် လိုက် စိတ်ကလေးတွေကကော (ပေါ်လိုက် ပျောက်လိုက်ပါ ဘုရား)။
ပေါ်လိုက် ပျောက်လိုက် နေတာကလေးတွေ ဉာဏ်နဲ့ကြည့်ပြီးသကာလ ကြည့်လို့တောင်ကောင်းတယ် (မှန်ပါ့)၊ သူ့သဘောနဲ့သူ ဖြစ်ပျက်နေလိုက်တာ ဪ ခန္ဓာသဘောဟာ ဒီအတိုင်းပဲကိုး (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ ဘုရား)။
ခန္ဓာသဘော ဒီအတိုင်းပဲ
ခန္ဓာသဘော ဒီအတိုင်းပဲလို့ သိတော့ ဒုက္ခသစ္စာလို့ သူသိပစ်လိုက်တယ် (မှန်ပါ့ ဘုရား)၊ မသိသေးဘူးလား (သိပါတယ် ဘုရား)။
ဒါဖြင့် ဖြစ်ပျက်က ဒုက္ခသစ္စာ (မှန်ပါ့)၊ ကိုယ်မနာတာက (မဂ္ဂသစ္စာပါ ဘုရား)၊ အဲ ဖြစ်ပျက် ကိုယ်နာတာ က (ဒုက္ခသစ္စာပါ ဘုရား)၊ ကိုယ်မနာတာက (မဂ္ဂသစ္စာပါ ဘုရား)။
အဲ ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ပေါ်တယ် (မှန်ပါ့)၊ ရိပ်မိပလား (ရိပ်မိပါပြီ)၊ ဒကာကြွယ် ဘာဟောပါလိမ့် (ဒုက္ခသစ္စာနဲ့ မဂ္ဂသစ္စာ ဟောပါတယ် ဘုရား)။
ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်လို့ ဘုရားက ဟောတယ် (မှန်ပါ့)၊ ကျင့်ဆိုတာ ဝိပဿနာရှုပြော တာ (မှန်လှပါ ဘုရား)၊ ကိုယ်ကတော့ဖြင့် ဖြစ်ပျက်ဖြစ်ပျက်နဲ့ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး (မှန်ပါ့)၊ နောက်ဆုံးပိတ် တစ်နေ့ကျတော့ ခေါင်းထဲဝင်သွားတာပဲ (မှန်လှပါ ဘုရား)။
ဒီခေါင်းထဲ ဝင်သွားတာလည်း သူ့သဘောနဲ့သူ ဖြစ်တာပဲဆိုပြီးသကာလ ဪ ဒီအတိုင်း ခန္ဓာသဘော ပဲ ဒုက္ခသစ္စာမို့ ဒုက္ခသစ္စာပြောတာပဲဆိုတော့ ကိုယ်နာသော်လည်း စိတ်နာသေးရဲ့လား (မနာပါ ဘုရား)။
အဲဒါ ဝိပဿနာအလုပ် (မှန်ပါ့ ဘုရား)၊ ကိုယ်နာလို့ စိတ်နာတာက သံသရာခရီးသည်အလုပ် (မှန်လှပါ ဘုရား)၊ သဘောကျပလား (ကျပါပြီ)၊ ကိုယ်နာတော့ စိတ်နာတာက (သံသရာ့ခရီးသည် အလုပ်ပါ ဘုရား)၊ ကိုယ်နာ သော်လည်း စိတ်မနာတာက ခရီးဆုံးတဲ့ပုဂ္ဂိုလ်၏အလုပ် (မှန်လှပါ ဘုရား)။
ဒီနှစ်လုံးကို သေသေချာချာ မှတ်ပါ (မှန်လှပါ)၊ ကိုယ်နာလို့ စိတ်နာတာက ဘယ်သူ့အလုပ်တုံး (သံသရာခရီး သည် အလုပ်ပါ ဘုရား)၊ သံသရာ့ခရီးသည်အလုပ် (မှန်လှပါ)၊ ကိုယ်နာ၍ စိတ်နာတဲ့ပုဂ္ဂိုလ်မှာ (သံသရာ့ခရီးသည် အလုပ်ပါ)၊ ဘာဖြစ်လို့တုံး ၊ ၂ နဲ့ ၃ ကူးသွားလို့ (မှန်လှပါ)။
သံသရာ့ခရီးဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ်
ကိုယ်နာသော်လည်း စိတ်မနာတဲ့ပုဂ္ဂိုလ် အလုပ်ကတော့ ဘာပါလိမ့် (ခရီးဆုံးတဲ့ပုဂ္ဂိုလ်အလုပ်ပါ ဘုရား)၊ အင်း သံသရာ့ခရီးဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ်၊ ရိပ်မိပလား (ရိပ်မိပါပြီ ဘုရား)၊ ကိုယ်နာလို့ စိတ်နာတာက ဘယ်သူ့ အလုပ်လဲ (သံသရာ့ခရီးသည်အလုပ်ပါ ဘုရား)။
ကိုယ်နာသော်လည်း ဖြစ်ပျက်ရှုပြီးသကာလ ကိုယ်က ဖြစ်ပျက်ဖြစ်နေတယ် ၊ နာမကာယ ရူပကာယတွေ ပေါ့ဗျာ (မှန်ပါ့)၊ အကုန် ဖြစ်ပျက်ဖြစ်ပြီးသကာလနေတာ စိတ်ကမနာတော့ သံသရာခရီးဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ် (မှန်လှပါ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
ကိုယ်နာလို့ စိတ်နာရင် (သံသရာ့ခရီးသည် အလုပ်ပါ ဘုရား)၊ ကိုယ်နာသော်လည်း စိတ်မနာတဲ့အလုပ်က ဖြင့် (သံသရာ့ခရီးဆုံးတဲ့ ပုဂ္ဂိုလ်၏အလုပ်ပါ ဘုရား)။
အဲ ဒကာကြွယ် ဒီအတိုင်းကို ပေါ်သြွားပြီ၊ မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)၊ ဦးဘအုန်း အဲဒါ အရှင်သာရိပုတ္တရာက နကုလပီတာ ဒကာကြီးကို ဟောပြန်တယ် (မှန်ပါ့ ဘုရား)၊ ရှင်းပလား (ရှင်းပါပြီ)။
တရားမဆုံးသေးဘူး နာရီကစေ့သွားပြီ တော်ကြဦးစို့။
သာဓု သာဓု သာဓု။