ဒိဋ္ဌိမကွာရင် နိဗ္ဗာန်မမြင်နိုင် တရားတော်
အသံဖိုင်ရက်စွဲ=(၁၉-၂-၆၁)
စာအုပ်ထဲမှရက်စွဲ=(၂၁-၂-၆၁)
ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း
မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့
ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော
ဒိဋ္ဌိမကွာရင်
နိဗ္ဗာန်မမြင်နိုင် တရားတော်
(၂၁-၂-၆၁)
ဝိပဿနာ ဖြစ်ပျက်ကို မြင်ပါလျက်သားနဲ့ အားလဲထုတ်ပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် နိဗ္ဗာန်ဆိုတဲ့ တရားကြီး အာရုံမပြုနိုင်ပါလိမ့်မလဲလို့ မေးလို့ရှိရင်ဖြင့် ရက်ပေါင်းများစွာ ဟောလာတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိပြီးသား ဖြစ်ပါလိမ့်မယ်။
အရှင်ဆန္ဒသည် နှစ်ပေါင်းလေးဆယ်ကျော်တိုင်တိုင် အနိစ္စ ဒုက္ခ အနတ္တတွေကို ကြိုးစားပါလျက်သားနဲ့ ဘယ့်နှယ်ကြောင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် မရပါလိမ့်မလဲလို့မေးရင် ဘယ့်နှယ် ဖြေကြမလဲ (ဒိဋ္ဌိမကွာလို့ပါ ဘုရား)။
အားနည်းတဲ့ ဝိပဿနာဉာဏ်
ဒိဋ္ဌိမကွာဘဲနဲ့ ဝိပဿနာရှုနေတဲ့အတွက် ဒိဋ္ဌိကပ်နေသောကြောင့် ဒကာ ဒကာမတို့ သိတဲ့အတိုင်းတဲ့ ဝိပဿနာ ဉာဏ်က အားနည်းတဲ့ ဝိပဿနာဉာဏ်ဖြစ်နေတယ်ဆိုတာ သဘောကျကြပြီလား (ကျပါပြီ ဘုရား)။
ဘယ့်နှယ်ကြောင့် ဒီဒိဋ္ဌိမကွာဘဲနဲ့ ဝိပဿနာရှုနေသလဲလို့ မေးတဲ့အခါကျတော့ ပဋိစ္စသမုပ္ပါဒ်ကို မစဉ်းစားဘဲနဲ့ ရှုနေတဲ့အတွက် ဒိဋ္ဌိမကွာ၊ ဒိဋ္ဌိကမကွာဘဲနဲ့ ဉာဏ်နဲ့ဖြစ်လိုက် ပျက်လိုက်၊ ဖြစ်လိုက်ဆိုတဲ့ အနိစ္စထုပ်ကြီး ရှုပြီးသကာလ နေပါတယ်။
ထိုသို့ပင် ရှုပြီးနေငြားသော်လည်း ခရီးပေါက်ပါရဲ့လားလို့ မေးလို့ရှိရင်ဖြင့် ဦးခင်မောင်တို့ ဘယ့်နှယ်ဖြေကြမလဲ (မပေါက်ပါဘူး ဘုရား)။
ဒါဖြင့် ဒါဟာ ဒကာ ဒကာမတွေ ပဋိစ္စသမုပ္ပါဒ် နားမလည်မှုရှိသောကြောင့် ဒိဋ္ဌိက ကပ်၊ ဒိဋ္ဌိကပ်ပြီးသကာလ နေသောကြောင့် ဝိပဿနာရှုပင် ရှုငြားသော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် နိဗ္ဗာန်ကို အာရုံပြုနိုင်ပါရဲ့လား (မပြုနိုင်ပါဘူး ဘုရား) သဘောပါကြပလား (ပါ-ပါပြီ)။
ရှင်ဆန္န
အဲဒါကြောင့် ရှင်ဆန္နသည်ကား ငါတော့ ခက်တော့တာပဲဆိုပြီး မိမိကျောင်းသင်္ခမ်းကို ပိတ်ပြီးသကာလ ပရိက္ခရာများ သိမ်းဆည်းပြီးတော့ ရှင်အာနန္ဒာရှိရာ ကောသမ္ဗီပြည်သို့ သွားတာပဲ။
ထိုကဲ့သို့ သွားပြီးသကာလ သူလျှောက်တယ်၊ အရှင်ဘုရား တပည့်တော်သည်ကားလို့ဆိုရင် အနိစ္စ ဒုက္ခ အနတ္တတွေ သာဝတ္ထိပြည်က ကိုယ်တော်တွေကလဲ ဟောပါတယ်၊ တပည့်တော်ကိုယ်တိုင်လဲ ကြိုးစားပါတယ်၊ ထိုကဲ့သို့ ကြိုးစားငြားသော်လည်း လိုရာခရီး အပြီးတိုင်မရောက်ဘဲနဲ့ ဘယ်တော့မှ သင်္ခါရချုပ်တဲ့နိဗ္ဗာန်ကို မမြင်ဘူးလို့ သူက လျှောက်တယ်နော် (မှန်ပါ့)။
ဒကာ ဒကာမတို့ ဘာတဲ့တုန်း (သင်္ခါရချုပ်တဲ့နိဗ္ဗာန် မမြင်ပါဘူးတဲ့ ဘုရား) သင်္ခါရချုပ်တဲ့ နိဗ္ဗာန်ကို သူမမြင်ဘူးတဲ့၊ ခန္ဓာချုပ်တဲ့နိဗ္ဗာန်ကိုလဲ မမြင်ဖူးဘူး (မှန်ပါ့)။
ဘယ်နှစ်ချက်ပါလိမ့် (နှစ်ချက်ပါ ဘုရား) သင်္ခါရချုပ်တဲ့ နိဗ္ဗာန်လဲ (မမြင်ဖူးပါဘူး ဘုရား) ခန္ဓာချုပ်တဲ့ နိဗ္ဗာန်ကို လဲ (မမြင်ဖူးပါဘူး)။
ဦးခင်မောင် ဒီနှစ်ချက် သူမမြင်ဖူးဘူးဆိုတော့ ရာဂဒေါသ မောဟချုပ်တဲ့ နိဗ္ဗာန်လဲ သူမြင်နိုင်စရာ ရှိသေးရဲ့ လား (မရှိပါဘူး)။
နိဗ္ဗာန်ဆိုတာ ဘာပါလိမ့်
အဲဒါကြောင့် ဒကာ ဒကာမတို့ နိဗ္ဗာန်ဆိုတာ ဘာတုန်းလို့ မေးလို့ရှိရင်ဖြင့် ရှင်ဆန္နပြောတာ ထောက်ကြည့်လို့ရှိ ရင်ဖြင့် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ရိပ်မိပါလိမ့်မယ်၊ ဖြစ်ပျက် သင်္ခါရချုပ်ရမယ် (မှန်လှပါ ဘုရား) နိဗ္ဗာန်ဆိုတာ ဘာပါလိမ့် (ဖြစ်ပျက် သင်္ခါရ ချုပ်ရပါမယ် ဘုရား)။
ဖြစ်ပျက်သင်္ခါရ ချုပ်ရမယ်၊ ကိုယ့်စိတ်ထဲမှာ ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါကျလို့ရှိရင် ကိုယ့်စိတ်ကိုရှုရှု၊ ဝေဒနာတွေရှုရှု၊ ရုပ်တွေရှုရှု၊ ရှုချင်တာရှုပါတဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ကလေးတွေကို နောက်ကနေ ဉာဏ်နဲ့ ရှုပေးပါ (မှန်ပါ့)။
နောက်ကနေ ဝိပဿနာဉာဏ်နဲ့ ရှုပေးနေတဲ့အခါကျတော့ ရှေ့ပိုင်းမှာ ကိုယ့်ခန္ဓာထဲမှာ ဝေဒနာကလေးတွေ ဖြစ်ပျက် စိတ်ကလေးတွေ ဖြစ်ပျက်မတွေ့ကြပေဘူးလား (တွေ့ကြပါတယ် ဘုရား) အဲဒါ သင်္ခါရဖြစ်ပျက်လို့ မှတ်လိုက် စမ်းပါ (မှန်ပါ့ ဘုရား)။
ဘယ်လိုမှတ်ကြမယ် (သင်္ခါရဖြစ်ပျက်ပါ ဘုရား) သင်္ခါရဖြစ်ပျက်ဆိုတော့ ဒီသင်္ခါရချုပ်မှ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား)။
ဪ ဒါဖြင့် ဒကာ ဒကာမတို့ သင်္ခါရဖြစ်ပျက်ကိုမြင်မှသာလျှင် သင်္ခါရအဆုံး မြင်တော့မယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါ-ပါပြီ) သင်္ခါရဖြစ်ပျက်မြင်မှ (သင်္ခါရအဆုံးမြင်ပါမယ်) အဲ သင်္ခါရဖြစ်ပျက်ကိုမြင်ပါမှ သင်္ခါရဖြစ် ပျက်၏အဆုံးဟာ နိဗ္ဗာန်လို့ဆိုတာ ယနေ့မှတ်ထားလိုက်တာပေါ့ (မှန်ပါ့)။
သင်္ခါရက ဖြစ်ပြီးပျက်နေသောကြောင့် ဒုက္ခသစ္စာ (မှန်ပါ့) သင်္ခါရက (ဖြစ်ပြီးပျက်နေသောကြောင့် ဒုက္ခသစ္စာပါ) ဖြစ်ပြီးပျက်နေသောကြောင့် ဘာသစ္စာဆိုကြမလဲ (ဒုက္ခသစ္စာပါ ဘုရား)။
အဲ ရှေ့ကဝေဒနာကလေး ကြည့်လိုက်ပြန်လဲ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက်ဆို တာ အဲဒါ သင်္ခါရဒုက္ခဆိုတာ မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ ဒါမှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား)။
သစ္စဉာဏ် ရပဟ
ဖြစ်လိုက်ပျက်လိုက်၊ ဖြစ်လိုက်ပျက်လိုက် ဘာဒုက္ခတဲ့လဲ (သင်္ခါရဒုက္ခပါ ဘုရား) အဲဒီ သင်္ခါရဒုက္ခကို ဒကာ ဒကာမ တွေ ခန္ဓာကိုယ်ထဲမှာ ကြည့်လိုက်လို့ တွေ့ပြီဆိုလို့ရှိရင် ဪ ငါတော့ဖြင့် သစ္စဉာဏ် ရပဟဆိုတဲ့ဥစ္စ သေသေချာချာ မှတ်ပါနော် (မှန်ပါ့)။
သစ္စဉာဏ် ရပဟလို့ ကိုမြရွှေတို့ ဦးဇံရင်တို့ သေသေချာချာ မှတ်ပါနော် (မှန်ပါ့ ဘုရား) ဒီဖြစ်ပျက်မှ မတွေ့သေး လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ လူဖြစ်ရှုံးသေးတယ် ဆိုတဲ့ဥစ္စာ သေသေချာချာမှတ်ပါ (မှန်ပါ့ ဘုရား) ဖြစ်ပျက်မှမမြင်သေးရင် (လူဖြစ်ရှုံးပါတယ် ဘုရား)။
လူဖြစ်ရှုံးတယ်ဆိုတော့ ဘယ်လိုရှုံးပါလိမ့်မတုန်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေက မေးလို့ရှိရင်ဖြင့် ဘုန်းကြီးက ပြောရမှာ ဒကာ ဒကာမတွေ သာသနာတွင်းသား မဖြစ်သေးဘူး (မှန်လှပါ ဘုရား) ဘယ်လိုများပါလိမ့် (သာသနာတွင်း သားမဖြစ်သေးပါဘူး ဘုရား)။
ဪ သာသနာတွင်းသား မဖြစ်သေးဘူးဆိုတော့ သာသနာပလူဖြစ်ခဲ့တာနဲ့ တတန်းတည်း ဖြစ်နေသေးတယ် ဆိုတာလဲ ရိပ်မိရဲ့လား (ရိပ်မိပါတယ် ဘုရား)။
ဒါ့ကြောင့် ဝိပဿနာဆိုတာ သာသနာတွင်းမှပေါ်တယ်ဆိုတော့ ဟောဒီဝိပဿနာဉာဏ်က ရှေ့ကဖြစ်ပျက်တွေ ကို ဒကာ ဒကာမတွေက ရှုလိုက်တဲ့အခါကျတော့ ဖြစ်မှုပျက်မှုကလေး မြင်လို့ရှိရင်လဲ ဪ အနိစ္စမြင်တယ်ဆိုလဲ ဟုတ်တာပဲ၊ ဒုက္ခမြင်တယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား) အနတ္တမြင်တယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား) ဒုက္ခ သစ္စာမြင်တယ်ဆိုရင်ကော (ဟုတ်ပါတယ် ဘုရား)။
သာသနာတွင်း ဉာဏ်ရတာပဲ
အဲဒါ သာသနာတွင်း ဉာဏ်ရတာပဲလို့ ဆုံးဖြတ်ချက်ချပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ရှင်ဆန္ဒသည် ဒကာ ဒကာမတို့ အနိစ္စတွေ ဒုက္ခတွေ အနတ္တတွေ အားထုတ်ငြားသော်လည်းတဲ့ သူ သင်္ခါရတွေ “အထစ ပန မေ” ဆိုတဲ့အတိုင်း သင်္ခါရဒုက္ခချုပ်ရာကို သူ မမြင်ပါဘူး၊ ခန္ဓာငါးပါး ချုပ်ရာ သူ မမြင်ပါဘူးဆိုတော့ ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် မမြင်ပါလိမ့်မတုန်းလို့ အမေးထုတ်တဲ့အခါကျလို့ရှိရင်ဖြင့်တဲ့ ခုနင်က သင်္ခါရတရားဖြစ်တာ၊ သင်္ခါရ တရားဖြစ်တဲ့အခါကျလို့ရှိရင်ဖြင့် ဖြစ်တာမြဲနေတယ်ထင်တဲ့ သဿတဒိဋ္ဌိကလဲ ခံနေတယ်။သင်္ခါရတရား ချုပ်သွားရင် ပြတ်တယ်လို့ထင်တဲ့ ဥစ္ဆေဒဒိဋ္ဌိကလဲ ဦးခင်မောင်ရေ ကပ်နေတယ် (မှန်လှပါ ဘုရား)။
ဒါ့ကြောင့် သဿတ ဥစ္ဆေဒ ကပ်နေတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အရှင်ဆန္နသည် နှစ်ပေါင်းလေး ဆယ်ကျော်တိုင်တိုင် ဝိပဿနာအလုပ် အားထုတ်ငြားသော်လည်း ဒိဋ္ဌိခံနေလို့ ရှင်းကြပလား (ရှင်းပါပြီ) ဘာခံနေပါလိမ့် (ဒိဋ္ဌိခံနေပါတယ် ဘုရား) ဒိဋ္ဌိခံနေတယ်ဆိုတာ သေသေချာချာမှတ်ကြပါ (မှန်ပါ့)။
အဲဒါကြောင့် ဘုန်းကြီးသည် ဒီရောက်တဲ့အချိန်ကစပြီး သကာလ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ ဒိဋ္ဌိပဲ ခွါနေတာ (မှန်ပါ့) ဒိဋ္ဌိခွါနေတဲ့ဥစ္စာကို ဒိဋ္ဌိခွါဆိုတာလဲ ဒကာ ဒကာမတွေ တခြားမဟုတ်ပါဘူးနော်။
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ
”ဒွယနိဿိတော ခေါ ကစ္စာန လောကော ယေဘုယျေန အတ္ထိတဉ္စ နတ္ထိတဉ္စ”။
ကစ္စာယနတဲ့ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဒိဋ္ဌိသည်ကား နှစ်မျိုးရှိတယ်ကွာ။သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ နှစ်ပါးရှိတယ်ကွ (မှန်ပါ့ ဘုရား)။
ဒကာ ဒကာမတွေ ဒိဋ္ဌိဘယ်နှစ်မျိုးရှိသလဲ (နှစ်မျိုးရှိပါတယ် ဘုရား) ဒီဒိဋ္ဌိနှစ်မျိုးက ပွားလာတာလို့ မှတ်လိုက်စမ်း ပါ၊ ကျန်တဲ့ ဒိဋ္ဌိခြောက်ဆယ်ဟာ သူတို့က ပွားတာပဲဆိုတာ မှတ်လိုက်တာပေါ့နော် (မှန်ပါ့)။
ဒါဖြင့် ဒီဒိဋ္ဌိနှစ်ခုပြုတ်လို့ရှိရင်ဖြင့် ကျန်တဲ့ခြောက်ဆယ်သော ဒိဋ္ဌိတွေ ဘာဖြစ်မယ်ထင်ကြသလဲ (ပြုတ်ကုန်ပါ တယ် ဘုရား)။
ပြုတ်မှာပဲဆိုတာ သိသဖြင့် ဒီဒိဋ္ဌိကို ဘုန်းကြီးက အရေးတကြီး ဖြုတ်ပေးနေတယ်၊ ဘုရားကလဲ ဖြုတ်ပေးနေတယ် ရှင်အာနန္ဒာကလဲ ရှင်ဆန္န ဖြုတ်ပေးနေတယ်ဆိုတဲ့ဥစ္စာ ဓမ္မကလေးတစ်ခု ဖြစ်လာလို့ရှိရင်ဖြင့် ကိုယ့်ခန္ဓာကြီး ကိုယ်ကြည့် လိုက်လို့ရှိရင် ခိုင်တယ်ဆိုတာ မြင်နေရင် ဘာ ဒိဋ္ဌိပါလိမ့် (သဿတဒိဋ္ဌိပါ ဘုရား)။
ကိုယ့်ခန္ဓာကြီး ကိုယ်ကြည့်လို့ရှိရင်ဖြင့် မသေနိုင်သေးပါဘူး ခိုင်ပါတယ်ဆိုလို့ရှိရင် ဘာဒိဋ္ဌိပါလိ့မ် (သဿတဒိဋ္ဌိ ပါ ဘုရား)။
ဒီခန္ဓာကြီး သေပြီးရင် နောက် ဘာမှမဖြစ်တော့ဘူးလို့ ယူလိုက်ပြန်ရင်လဲ (ဥစ္ဆေဒဒိဋ္ဌိပါ ဘုရား) ဥစ္ဆေဒဒိဋ္ဌိပဲ ဆိုတော့ ဪ ဒါဖြင့် ဦးခင်မောင်ရေ ခန္ဓာ ပဋိစ္စသမုပ္ပါဒ် နားမလည်မှုပဲ (မှန်ပါ့ ဘုရား) ဘယ်လိုဆုံးဖြတ်ချက်ချမလဲ (ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်မှုပါ ဘုရား)။
ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်မှု
ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်မှုပဲဆိုတော့ အခုဘုန်းကြီး ပြလာတာ ဒကာ ဒကာမတို့ မျက်လုံးပေါက်က ပဋိစ္စသမုပ္ပါဒ်လဲ ပြပြီးပြီ မပြဘူးလား (ပြပြီးပါပြီ)။
မြင်တယ်၊ တွေ့တယ်၊ ခံစားတယ် မလာဘူးလား (လာပါတယ် ဘုရား) လိုချင်တယ် စွဲလန်းတယ် မလာဘူးလား (လာပါတယ်) အားထုတ်မယ်ကော (လာပါတယ်) အဲဒါကြောင့် –
”စက္ခုံ စ ပဋိစ္စ ရူပေစ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ တိဏ္ဏံ သင်္ဂတ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ၊ ဝေဒနာပစ္စယာ တဏှာ၊ တဏှာပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ပစ္စယာ ကမ္မဘဝေါ”။
ဒါမျက်လုံးပေါက်က (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။
ခန္ဓာကိုယ်ထဲမှာ ဒီလို တန်းဖြစ်နေပါသလား ဘုရားလို့မေးဖို့ မလိုဘူးလား (လိုပါတယ် ဘုရား)။
ဒီနေ့ သေသေချာချာ ရှင်းတော့မယ် ဒကာ ဒကာမတို့ ရှင်အာနန္ဒာက ပိဋကတ်သုံးပုံ ရှာလိုက်တော့ ဒိဋ္ဌိခွါတဲ့ တရားကို သူ ရှာတွေ့ပါတယ်၊ ဘုရားဆီက သေသေချာချာ ရလိုက်ပါတယ်။ရှင်ဆန္နမပူနဲ့ ငါဟောတာကို သေသေချာချာ ရှင်းပြမယ်။သင် ဒါရှင်းပြီးမှ ရှုရင် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရထိုက်တဲ့ပုဂ္ဂိုလ်လို့ကိုပဲ ဆုံးဖြတ်ချက် ချပေးပါတယ် (မှန်ပါ့ ဘုရား)။
ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် နားလည်ပြီးလို့ရှိရင်ဖြင့် မဂ်ဉာဏ် ဖိုလ်ဉာဏ် ရမည့်ပုဂ္ဂိုလ်ထဲမှာ ဒီ ဒကာ ဒကာမတွေလဲ ပါရတော့မယ်ဆိုတာ ဆုံးဖြတ်ချက်ချပါ (မှန်လှပါ ဘုရား) ဒါ့ကြောင့် ကြိုးစားဖြစ်အောင် ကြိုးစားပါဆိုတာကိုလဲ သတိပေး လိုက်တယ် (မှန်ပါ့)။
အခုပြထားတာ တစ်, နှစ်, သုံး, လေး, ငါး, ခြောက် မရှိဘူးလား ဒကာ ဒကာမတို့ (ရှိပါတယ် ဘုရား) ခြောက် ခု တပြိုင်နက်ဖြစ်တယ်လို့ ဘယ်တော့မှ မယူနဲ့ (မှန်ပါ့ ဘုရား)။ခြောက်ခု (တပြိုင်နက်မဖြစ်ပါဘူး ဘုရား)။
မြင်တာချုပ်ပြီးမှ တွေ့တာဖြစ်မယ်
မြင်တာချုပ်ပြီးမှ တွေ့တာဖြစ်မယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) တွေ့တာချုပ်ပြီးမှ ခံစားတာဖြစ်မယ်၊ ရှင်းကြပလား (ရှင်းပါပြီ) ခံစားတာချုပ်ပြီးတော့မှ (လိုချင်တာဖြစ်ပါမယ် ဘုရား) လိုချင်တာချုပ်ပြီးတော့မှ (စွဲလမ်းတာ ဖြစ်ပါမယ် ဘုရား) စွဲလမ်းတာချုပ်ပြီးတော့မှ (အားထုတ်တာဖြစ်ပါမယ်) အားထုတ်တဲ့ကံဖြစ်မယ် (မှန်ပါ့)။
တခုစီပါကလား ဦးခင်မောင်ရဲ့ (မှန်လှပါ ဘုရား) နောက်က ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲ ပေါ်တာက ဖြစ်စဉ်အတိုင်းတော့ တန်းပြီးသကာလ ပြခြင်းကြောင့် ဪ အတန်းပေါ်တယ်ဆိုတာ မအောက်မေ့ဘဲနဲ့ တခုချုပ်ပြီးမှ တခုဖြစ်တယ်လို့ အောက်မေ့ပါ (မှန်ပါ့ ဘုရား) ဘယ်လိုမှတ်ကြမယ် (တခုချုပ်ပြီးမှ တခုဖြစ်ပါတယ် ဘုရား)။
တခုချုပ်ပြီးမှ တခုဖြစ်တယ်ဆိုတာ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ သေသေချာချာ ဘုန်းကြီးတို့ ဒကာ ဒကာမ တွေ မှတ်ထားလို့ရှိရင် တခုချုပ်ပြီးမှ တခုဖြစ်တာကို သေသေချာချာ သိလို့ရှိရင် ဒီကနေ မဂ်နဲ့ ရှုလိုက်ပြီဆိုမှဖြင့် မဂ္ဂင်ငါးပါးနဲ့ ရှုလိုက်တဲ့အခါမှာ နှစ်ခုပြူးတွေ့မလား တခုပဲ တွေ့မလား (တခုပဲ တွေ့ပါမယ် ဘုရား)။
ဒါဖြင့် “ဧကော ဓမ္မော” လုပ်ကြစမ်းပါဆိုတာကော ပေါ်လာသလား (ပေါ်လာပါပြီ) ဘာလုပ်ရမယ် (ဧကော ဓမ္မော လုပ်ရပါမယ်) တခုတည်း ရှုရမှာကွ တခုတည်း ရှုရမှာဆိုတဲ့ဥစ္စာ သတ္တဝါသန္တာန်မှာ နှစ်စိတ်ဖြစ်သလား တစိတ်နဲ့နေရသလား (တစိတ်နဲ့ နေရပါတယ် ဘုရား)။
ဪ ဒါကြောင့် မြင်စိတ်ကလေးနဲ့ နေတုန်း သူမြင်တဲ့စိတ်နဲ့ အသက်ရှင်နေတယ်ဆိုတာကော ကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
”တိဏ္ဏံ အင်္ဂတိ ဖဿော၊ ဖဿပစ္စယာ ဝေဒနာ” ဖဿကတော့ သူနဲ့တွဲဖြစ်လို့ ဘုန်းကြီးက မခွဲတော့ပါဘူး နော် (မှန်ပါ့)။
ကဲ ဒါဖြင့် ဒကာ ဒကာမတို့ မြင်ပြီးသကာလ ခံစားတယ်ဆိုတော့ မြင်တာချုပ်ပြီးမှ ဘာဖြစ်သတုန်း (ခံစားပါတယ် ဘုရား)။
ဝိပဿနာရှုရလိမ့်မယ်
ဟာ ဒါဖြင့် ဒီခံစားတာကလေး ကျုပ်တို့ ဝိပဿနာရှုရလိမ့်မယ် (မှန်ပါ့) ခုနင်က မြင်တာကိုလဲ ရှုရလိမ့်မယ်၊ မြင်တာမရှုတော့ပါဘူးဆိုရင် ဘာရှုရမယ် (ခံစားတာ ရှုရပါမယ်) ခံစားတဲ့ဝေဒနာ ရှုရုံပဲဆိုတာ သဘောကျပလား (ကျပါပြီ)။
ခံစားတဲ့ဝေဒနာ ချုပ်သွားတဲ့အခါ ဒီနေရာ ဘာပေါ်မယ် ထင်ကြသလဲ (တဏှာပါ) တဏှာပေါ်မယ်၊ သဘောကျ ပလား (ကျပါပြီ) ခံစားတဲ့ဝေဒနာ ချုပ်သွားရင် ဝေဒနာချုပ်တဲ့နေရာ ဘာပေါ်မယ် (တဏှာပေါ်ပါတယ် ဘုရား)။
ဒါဖြင့် ဘာရှုမလဲ ဦးခင်မောင်ရေ (တဏှာရှုရပါမယ်) တဏှာကို ဝိပဿနာရှု (မှန်ပါ့ ဘုရား) မောင်ထွန်းလှိုင် ဘာရှုမလဲ (တဏှာရှုရပါမယ်) ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။
ကဲ တဏှာက ချုပ်သွားပြီ ဒကာ ဒကာမတို့ ဒီနေရာ ဘယ်သူပေါ်မလဲ (ဥပါဒါန် ပေါ်ပါမယ် ဘုရား) ဥပါဒါန် မပေါ်ရင်လဲ ကျုပ်တို့သေတော့မယ်၊ စိတ်မရှိတော့ဘူး (မှန်လှပါ) သဘောကျပလား (ကျပါပြီ)။
အဲဒီတော့ တဏှာကြောင့် ဥပါဒါန်ဆိုတဲ့ အကျိုးတရား မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) ပေါ်တော့ ကျုပ်တို့ ဘာဝိပဿနာရှုမယ် (ဥပါဒါန် ရှုရပါမယ်) တဏှာချုပ်ပြီးသည်၏ အခြားမဲ့၌ ရှုစရာမရှိပါဘူးလို့ ဒီလိုမယူလိုက် ပါနဲ့ သူ့နေရာ ဘာပေါ်လာမလဲ (ဥပါဒါန် ပေါ်လာမယ်)။
ဒါဖြင့် ဥပါဒါန် ဘာလုပ်ကြရမယ် (ရှုရပါမယ်) ဒါဖြင့် တခု တခု ရှုရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ကဲ တခါ ဒါဖြင့် ဥပါဒါန် ချုပ်သွားပြီ မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ ဒီနေရာ ဘာပေါ်မလဲ (ကမ္မဘဝ ပေါ်ပါမယ်) ကံ စေတနာ ပေါ်မယ် (မှန်ပါ့) မပေါ်ပါနဲ့ဆိုလို့ရမလား (မရပါဘူး)။
မရတော့ ဦးခင်မောင် ဘာရှုမလဲ (ကံကို ဖြစ်ပျက်ရှုရမယ်) ကံစေတနာကို ဖြစ်ပျက်ရှု “ရူပသဉ္စေတနာ လောကေ သဒ္ဒသဉ္စေတနာ လောကေ” လို့ သတိပဋ္ဌာန်ပါဠိတော်မှာ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒီတော့ ဒီစေတနာကိုပဲ ဘာလုပ်ရမလဲ (ဖြစ်ပျက်ရှုရပါမယ်) ဖြစ်ပျက်ရှုရမယ်ဆိုတာ ဒကာ ဒကာမတို့ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ပေါ်ရာတခုကို ရှုရမှာ
ဒါဖြင့် ကျုပ်တို့ ဝိပဿနာရှုရမှာ ပင်ပန်းသေးသလား ဒကာ ဒကာမတို့ ပေါ်ရာတခုကို ရှုရမှာလား (ပေါ်ရာ တခုကို ရှုရမှာပါ ဘုရား) ပေါ်ရာတခုကို ရှုရမှာဆိုတော့ ပေါ်ရာတခုက ဖြစ်ပျက် ရှုတာက မဂ်ဖြစ်ဖြစ်သွားတယ် (မှန်ပါ့) ပေါ်ရာတခုက (ဖြစ်ပျက်ပါ ဘုရား) ရှုတာက (မဂ်ပါ ဘုရား)။
မဂ်ဖြစ်ပြီးသကာလ သွားတော့ ဪ ဒါသည် ကိုယ့်ခန္ဓာ၏အသေ၊ ဒါ ကိုယ့်ခန္ဓာမဟုတ်လားဗျာ (မှန်ပါ့ ဘုရား) ကိုယ့်ခန္ဓာ၏ အသေကို ကိုယ့်ဉာဏ်နဲ့မြင်တာ (မှန်ပါ့)။
ကိုယ့်အသေကို (ကိုယ့်ဉာဏ်နဲ့မြင်တာပါ) ကိုယ့်အသေကို (ကိုယ့်ဉာဏ်နဲ့မြင်တာပါ) အဲဒါ ဘာခေါ်ကြမလဲ (ဝိပဿနာပါ ဘုရား) ဒကာ ဒကာမတို့ ဝိပဿနာဆိုတာဘာပါလိမ့် (ကိုယ့်အသေကို ကိုယ့်ဉာဏ်နဲ့မြင်တာပါ ဘုရား) သေသေချာချာမှတ်ပါ၊ ဝိပဿနာရှုတယ် ဝိပဿနာရှုတယ်ဆိုတာ ဦးခင်မောင် တလုံးတည်းနဲ့ မိအောင်ပြောတော့ ဘယ်လိုပြောရမယ် (ကိုယ့်အသေ ကိုယ်မြင်အောင် ရှုတာပါ ဘုရား)။
အသေကို အရှင်က အကြည့်ခိုင်းတာ
၁-နံပါတ် အသေကို ၂-နံပါတ် အရှင်က ရှုတယ်၊ သဘောပါပလား (ပါ-ပါတယ်) ၁-နံပါတ် အသေကို ၂-နံပါတ် အရှင်က ရှုပါတယ်) ဒါဖြင့် အသေကို အရှင်က အကြည့်ခိုင်းတာ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ)။
ဘာကိုဘာက အကြည့်ခိုင်းတာတုံး (အသေကို အရှင်က အကြည့်ခိုင်းတာပါ) အသေကို အရှင်က အကြည့်ခိုင်း တော့ကို ဒီအရှင်သည် ဒါက ဒကာ ဒကာမတို့သန္တာန် နောက်မှပေါ်တဲ့စိတ်၊ ဟောဒီစိတ်က ဖြစ်ပျက်၊ ရှုတာက ဘာဆိုကြ မယ် (မဂ်ပါ ဘုရား)။
ဒါဖြင့် ဒီစိတ်ကလေးနဲ့ ပထမ အသက်ရှင်နေတယ်၊ တပွဲလုံး ဒကာ ဒကာမတွေ မြင်စိတ်ကလေးနဲ့ အသက်ရှင် နေတယ် ဥပမာ ကြားစိတ်ကလေးနဲ့ အသက်ရှင်နေတယ်၊ ရှိပါစေတော့ နော် ဒါကလေးကလဲ တစ်၊ နှစ်ဆိုတော့ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
တစ်၊ နှစ် ဆိုတော့ ချုပ်သွားတဲ့အခါကျတော့ ဒီစိတ်ကလေးနဲ့ အသက်ရှင်နေတာ နောက်စိတ်မလာလို့ရှိရင် မောင်ထွန်းလှိုင်တို့ မောင်ကိုတို့ သေပြီဆိုရမယ် (မှန်ပါ့) မဆိုရပေဘူးလား (ဆိုရပါမယ်)။
အခုတော့ ဘယ်သူ့ကြောင့် မသေပါလိမ့်မတုံးလို့ မေးတဲ့အခါကျတော့ ဒကာ ဒကာမတွေ ရှုတဲ့စိတ်ပေါ်လာလို့ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ရှုတဲ့စိတ် ပေါ်လာလို့ပါ ဘုရား) ဦးခင်မောင် ရှင်းရဲ့လား (ရှင်းပါတယ် ဘုရား)။
ဒါဖြင့် ရှုတဲ့စိတ်ပေါ်လာလို့ဆိုတာ ဒကာ ဒကာမတွေက သိတော့ ဪ ရှုတဲ့စိတ်ကလေးနဲ့ အသက်ရှင်နေတယ် ဆိုတာကော ရိပ်မိပလား (ရိပ်မိပါပြီ)။
ရှုတဲ့စိတ်ကလဲ တစ် နှစ် ဆိုပြီးသကာလ ချုပ်သွားတဲ့အခါကျတော့ မြင်တဲ့စိတ် ချုပ်သွားပြီး ဒီနေရာမှာ သူ့ ထုံးစံအတိုင်း ဒကာ ဒကာမတို့ ဝေဒနာပေါ်တယ်၊ ပေါ်ချင်တဲ့စိတ် ပေါ်မှာပေါ့ဗျာ မပေါ်ပေဘူးလား (ပေါ်ပါတယ်)။
ပေါ်ပြန်တော့လဲ ဒါကလေးဟာ အသက်ရှည်မှာလား အသက်တိုမှာလား အကဲခတ်ပါဦး (အသက်တိုမှာပါ)။
အသက်တိုမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ဝိပဿနာဆိုတာ ဘာပါလိမ့်
ဒါဖြင့် သူက ဖြစ်ပျက်၊ နောက်ရှုတဲ့စိတ်က နောက်ကလိုက်ပေးတော့ မဂ်ပဲမဖြစ်ဘူးလား (ဖြစ်ပါတယ် ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ အသေကို အရှင်ကကြည့်ပါ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (အသေကို အရှင်ကကြည့်ပါ) ဝိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်က ကြည့်တာပါ ဘုရား)။
ကောင်းပြီ အသေကို အရှင်က ကြည့်တာမှတပါး တခြားသောအလုပ် ဘာမှမရှိဘူးဆိုတဲ့ဥစ္စာ မောင်ကိုတို့ ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ)။
သူများအသေလား မိမိအသေလား (မိမိအသေပါ ဘုရား) ဒါဖြင့် မိမိအသေကို မိမိအနေက ရှုပါ ရှင်းပလား (ရှင်းပါပြီ) မိမိအသေကို (မိမိအနေကရှုရပါမယ်) မိမိအနေက ရှုပါဆိုတာ အရှင်ကရှုပါဆိုတဲ့ သဘောပါပဲ (မှန်ပါ့)။
ကိုင်း ဒါဖြင့် ဒီခန္ဓာထဲမှာပဲ ကိုယ့်ခန္ဓာကို ကိုယ့်ဉာဏ်နဲ့ကြည့် ဆိုရင်ကော (မလွဲပါဘူး ဘုရား) အဓိပ္ပါယ်မကိုက် ဘူးလား (ကိုက်ပါတယ် ဘုရား)။
ကိုယ့်ခန္ဓာကို (ကိုယ့်ဉာဏ်နဲ့ရှုပါ) အဲ ကိုယ့်ခန္ဓာ ကိုယ့်ဉာဏ်နဲ့ရှုတော့ ကိုယ့်ခန္ဓာက အနိစ္စ၊ ကိုယ့်ဉာဏ်က (မဂ္ဂပါ ဘုရား)။
ကိုယ့်ခန္ဓာက (အနိစ္စပါ ဘုရား) ကိုယ့်ဉာဏ်က (မဂ္ဂပါ ဘုရား) အဲဒီလိုသွားလိုက်တော့ ပဋိစ္စသမုပ္ပါဒ်ကြီးဟာ ပေါ်ချင်သ၍ပေါ်၊ ဒကာ ဒကာမတို့ ဉာဏ်နဲ့ နောက်ကလိုက် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ပဋိစ္စသမုပ္ပါဒ် ခန္ဓာကြီးကတော့ သူဘယ်အခါမဆို အိပ်နေလဲ တစိတ်ပြီးတစိတ် ဖြစ်နေမှာပဲ၊ တရုပ်ပြီး တရုပ် ဖြစ်နေမှာပဲဆိုတာ သေချာပလား (သေချာပါပြီ)။
ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်
အဲဒါ ဉာဏ်မလိုက်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်တယ် (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (ဉာဏ်မလိုက်လို့ရှိရင် ပဋိစ္စသမုပ္ပါဒ် ဆက်ပါတယ်) ဉာဏ်လိုက်ရင် (ပဋိစ္စသမုပါဒ် ပြတ်ပါတယ်) ပဋိစ္စသမုပ္ပါဒ်ပြတ်တယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ကောင်းပြီ ဒါဖြင့် ပဋိစ္စသမုပ္ပါဒ် ပြတ်တော့ကို ဒီဘက်က ပြတ်သွားတာလဲ ဘာသစ္စာတုံး (ဒုက္ခသစ္စာပါ) ဒါဖြင့် ဒုက္ခပြတ်တာဆိုတာပေါ့ (မှန်ပါ့) ဒကာ ဒကာမတို့ ဘာဆိုကြမယ် (ဒုက္ခပြတ်တာပါ ဘုရား) ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿနာရှုဆိုတာ ကိုယ့်ဒုက္ခကိုယ်ဖြတ်နေတာ (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
အမျိုးမျိုး ပြောနေတယ်နော် ဒကာ ဒကာမတို့ (မှန်ပါ့) အမျိုးမျိုး ပြောနေတယ် တဲ့၊ ဒါ သဘောတော့ တသဘော ထဲပဲ (မှန်ပါ့) ထင်လွယ် မြင်လွယ်အောင်လို့ အမျိုးမျိုး ပြောနေတယ်တဲ့။
ဒကာ ဒကာမတို့ ဝိပဿနာရှုတာ ဘာလုပ်တာတုန်းမေးရင် ဘယ့်နှယ်ပြောကြမလဲ (ကိုယ့်ဒုက္ခကိုယ်ဖြတ်နေတာ ပါ ဘုရား)။
စဉ်းစားကြည့်ပါ၊ ဒါကလေး ရှုလိုက်တယ်နော်၊ ဝေဒနာကလေး ရှုလိုက်တော့ ဝေဒနာကလေးက ဖြစ်ပျက်၊ ရှုတာက မဂ်ပဲလို့ နောက်က မလိုက်ရပေဘူးလား (လိုက်ရပါတယ် ဘုရား)။
အဲဒီတော့ ဦးခင်မောင်တို့ ကြည့်လိုက်၊ မောင်ထွန်းလှိုင်တို့ မောင်ကိုတို့က ကြည့်လိုက်တာပေါ့၊ ဝေဒနာပစ္စယာ တဏှာဆိုတော့ကို ဒုက္ခဖြစ်ကြောင်းတခု လာသေးရဲ့လား (မလာပါဘူး) ဥပါဒါန်ကော (မလာပါဘူး) ကံတွေကော (မလာပါဘူး)။
ဘယ့်နှယ်ကြောင့်တုန်းလို့ မေးတဲ့အခါကျလို့ရှိရင် ဒုက္ခဖြစ်ကြောင်းလဲဖြတ်တယ်၊ ဒုက္ခဖြစ်ကျိုးလဲဖြတ်တယ် (မှန်ပါ့ ဘုရား)။
ဝိပဿနာမဂ်သည် ဘာကိုဖြတ်ပါလိမ့်
ဝိပဿနာမဂ်သည် ဘာကိုဖြတ်ပါလိမ့် (ဒုက္ခဖြစ်ကြောင်းလဲဖြတ်ပါတယ်၊ ဒုက္ခဖြစ်ကျိုးလဲ ဖြတ်ပါတယ်)။
ဒါ ဒုက္ခဖြစ်ကြောင်း ဖြတ်တယ်လို့ ဆိုကတည်းက ဘုန်းကြီးတို့ ဒကာ ဒကာမတွေက ဒုက္ခဖြစ်ကျိုး အထူးဖြတ်စရာ လိုသေးသလား (မလိုပါဘူး ဘုရား)။
အဲဒါကြောင့် ဝိပဿနာအလုပ်သည် ဒုက္ခကို ကုန်ဆုံးအောင်လုပ်တဲ့အလုပ် (မှန်လှပါ ဘုရား)။
ဝိပဿနာ လုပ်ကြပါလို့ ဘုရားကတိုက်တွန်း၊ ဘုန်းကြီးများက တိုက်တွန်း ဘယ့်နှယ်ကြောင့် တိုက်တွန်းပါလိမ့် မလဲဆိုရင် ကိုယ့်ဒုက္ခ ကိုယ်သိမ်းကြပါလို့ပြောတာ (မှန်ပါ့ ဘုရား) သဘောပါကြပလား (ပါပါတယ် ဘုရား) ဘယ်လိုပါကြ ပါလိမ့် (ကိုယ့်ဒုက္ခကိုယ်သိမ်းပါလို့ ပြောတာပါ ဘုရား)။
ကိုယ့်ဒုက္ခ ကိုယ်သိမ်းတာဆိုတော့ ဒကာ ဒကာမတို့ နှေးနှေးသိမ်းတာ ကောင်းသလား၊ မြန်မြန်သိမ်းတာ ကောင်းသလား (မြန်မြန်သိမ်းတာ ကောင်းပါတယ် ဘုရား)။
မြန်မြန်သိမ်းတာကောင်းလို့ရှိရင်ဖြင့် ဒကာ ဒကာမတို့သိတဲ့ဘဝမှာ သိမ်းလိုက်ကြ (မှန်ပါ့ ဘုရား)။
ဘယ်လို သတိပေးပါလိမ့် (သိတဲ့ဘဝမှာ သိမ်းလိုက်ကြ) သိတဲ့ဘဝမှာဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သိမ်းဖြစ်အောင် သိမ်းလိုက်ကြပါ ဆိုတာကိုဖြင့် လေးစားစွာနဲ့ဘဲ ဒီတရားပလ္လင်ပေါ်ကနေပြီး တိုက်တွန်းပါတယ် (မှန်ပါ့ ဘုရား)။
ခင်ဗျားတို့က နည်းနည်းကလေးမှ ဒီမဂ်မဝင်လိုက်လို့ ရှိရင်ဖြင့် ဝေဒနာပစ္စယာ တဏှာဆိုတာဟာ ဘယ်နည်းနှင့် မှ ဖြတ်လို့မရပါဘူး (မှန်ပါ့) ရပါ့မလား (မရပါဘူး)။
တဏှာပစ္စယာ ဥပါဒါန်ကော (ဖြတ်လို့မရပါဘူး) ဥပါဒါနပစ္စယာ ကမ္မဘဝေါ (မရပါဘူး) ကမ္မဘဝပစ္စယာ နောက်ဘဝ ဇာတိကော (မရပါဘူး) ဘယ့်နှယ်တုန်း ဖြတ်လို့ (မရပါဘူး ဘုရား)။
ဒါဖြင့် ကျုပ်တို့ကို ဒုက္ခဖြတ်ပေးမည့် တရားက ဘယ်တရားတုန်းဆိုတော့ ဝိပဿနာမဂ် (မှန်ပါ့ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ကျုပ်တို့ကို ဒုက္ခဖြတ်ပေးမည့်တရား ဘယ်တရားပါလိမ့် (ဝိပဿနာမဂ်ပါ ဘုရား) ဝိပဿနာမဂ်ဆိုတာ သေချာ ပလား (သေချာပါပြီ)။
ဝိပဿနာမဂ် မပါဘဲ လောကုတ္တရာ မဂ်ရပါ့မလား
အဲ ဝိပဿနာမဂ် မပါဘဲနဲ့ မောင်ထွန်းလှိုင် လောကုတ္တရာ မဂ် ရပါ့မလား (မရပါဘူး) ရှင်းပလား (ရှင်းပါပြီ)။
ဒါဖြင့် ဒီတရားကလေးဟာ ဒကာ ဒကာမတို့ မဂ်မဝင်လို့ ရှိရင်ဖြင့် ဖြစ်လဲဖြစ်တယ်၊ ပျက်လဲပျက်တယ် (မှန်ပါ့) မဆိုနိုင်ဘူးလား (ဆိုနိုင်ပါတယ်) သူက ဖြစ်ကော (ဖြစ်ပါတယ် ဘုရား)။
ဖြစ်တာ သူ့ရှေးကြောင်း ရှိလိမ့်မယ်ဗျာ့ (မှန်ပါ့) မရှိပေဘူးလား (ရှိပါတယ် ဘုရား) ရှေးကြောင်းတခုကြောင့် သူဘာလုပ်ရသလဲ (ဖြစ်ရပါတယ်) ရှေးကြောင်း ချုပ်သွားရင်ကော (ချုပ်ရမှာပါ ဘုရား)။
ချုပ်သွားမယ်၊ ဒါဖြင့် ဒီတရားကလေးဟာ ဖြစ်လဲဖြစ်တဲ့တရား၊ ပျက်လဲ ပျက်တဲ့တရားဆိုတော့ ဖြစ်လဲဖြစ်တဲ့ တရား ပျက်လဲ ပျက်တဲ့တရားလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သိနေတယ် (မှန်ပါ့)။
ဖြစ်လဲဖြစ်တာ ဪ ရှေးကြောင်းက သူ့လုပ်လိုက်တော့ ဖြစ်မှာပဲ၊ ဥပမာ ဝေဒနာဆိုတာ ဖဿကလုပ်လိုက် တော့ မဖြစ်ဘူးလားဗျာ (ဖြစ်ပါတယ် ဘုရား)။
ဒါကလေးက ဖဿ၊ ဖဿပစ္စယာ ဝေဒနာထားပါတော့၊ အင်း ဒီဝေဒနာကလေးက ဒကာ ဒကာမတို့ ဖြစ်လဲ ဖြစ်သင့်ရဲ့လား (ဖြစ်သင့်ပါတယ် ဘုရား)။
အင်း သူ့ကို ဘယ်သူက ဖြစ်စေပါလိမ့်ဗျာ (ဖဿက ဖြစ်စေပါတယ် ဘုရား) ဖဿက ဖြစ်စေတာဆိုတော့ ဪ သူဖြစ်ပေမှာပဲ၊ အကယ်၍သာ ဖဿများ ချုပ်သွားလို့ရှိရင် ဦးခင်မောင်ရေ ဒီဝေဒနာကလေးဟာ (ချုပ်ပါတယ် ဘုရား)။
ချုပ်မှာပဲဆိုတာ သေချာကြပလား (သေချာပါတယ် ဘုရား) အဲဒီတော့ ဒါကလေးဟာ ဖြစ်တာကိုလဲ ခင်ဗျားတို့ သိပြီ၊ သူဖြစ်လို့သူဖြစ်တယ် (မှန်ပါ့) မသိကြဘူးလား (သိပါတယ် ဘုရား)။
သူချုပ်လို့ (သူချုပ်ပါတယ် ဘုရား) သူချုပ်တယ်၊ ဖဿချုပ်လို့ ဝေဒနာချုပ်တယ်လို့ ဒကာ ဒကာမတွေ မသိလား (သိပါတယ် ဘုရား) သိတော့ ဒကာ ဒကာမတွေ သန္တာန်၌ ဖြစ်တာကိုလဲ ဒီတရားကလေး ဖြစ်ထိုက်လို့ ဖြစ်တယ်၊ ဝေဒနာကလေးဟာလေ (မှန်ပါ့)။
ဘယ်လို ဆိုကြပါ့မယ် (ဖြစ်ထိုက်လို့ ဖြစ်ပါတယ် ဘုရား) အင်း ပျက်ပြန်တော့ကော (ပျက်ထိုက်လို့ ပျက်ပါတယ် ဘုရား)။
ပျက်ထိုက်လို့ ပျက်တယ်
ဒါဖြင့် ဖြစ်ထိုက်လို့ဖြစ်တယ်၊ ပျက်ထိုက်လို့ ပျက်တယ်ဆိုတာ ဒကာ ဒကာမတွေ ခန္ဓာကိုယ်ထဲမှာ ယားတဲ့ဝေဒနာ ကလေး၊ နာတဲ့ဝေဒနာကလေး ဖြစ်ထိုက်လို့ဖြစ်တယ် ပျက်ထိုက်လို့ ပျက်တယ်ဆိုကတည်းကိုက ဪ ဒကာ ဒကာမတို့ ဒီတရားကလေးဟာ ဘယ်အခါမဆို ဖြစ်ထိုက်တဲ့အကြောင်းပေါ်လာရင် ဖြစ်မှာပဲ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ပျက်ထိုက်တဲ့အကြောင်း ပေါ်လာရင် (ပျက်မှာပါပဲ) ဖြစ်ထိုက်တဲ့အကြောင်း ပေါ်လာရင် (ဖြစ်ပါတယ်) ပျက်ထိုက်တဲ့အကြောင်း ပေါ်လာရင် (ပျက်ပါတယ်)။
ပျက်မှာပဲဆိုတာ သိသဖြင့် လောကကြီးထဲမှာ ခိုင်တဲ့တရားလဲမရှိဘူး၊ မြဲတဲ့တရားကော (မရှိပါဘူး) ခိုင်တဲ့တရား (မရှိဘူး) မြဲတဲ့တရား (မရှိပါဘူး)။
သဿတဒိဋ္ဌိ လွတ်သွားပြီ
အဲ ခိုင်တဲ့တရား မရှိဘူးဆိုကတည်းကိုက ဒကာ ဒကာမတွေ သဿတဒိဋ္ဌိ လွတ်သွားပြီ (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) အင် ဟင် မြဲတဲ့တရား မရှိဘူးဆိုကတည်းကလဲ သဿတဒိဋ္ဌိ မလွတ်ဘူးလား (လွတ်ပါတယ် ဘုရား)။
ဒီအကြောင်းရှိသရွေ့ ကာလပတ်လုံး ဒီဥစ္စာဖြစ်နေမှာပဲ မဟုတ်လား ဒီအကြောင်း ချုပ်သွားလို့ရှိရင်လဲ ဒီအကျိုးတရားက ဘယ့်နှယ်နေသလဲ (ချုပ်သွားပါတယ် ဘုရား) ချုပ်သွားမှာပဲဆိုတာ သိသဖြင့်လဲ ဒကာ ဒကာမတို့ ခိုင်တယ်မြဲတယ်ဆိုတာ ယူလို့ရသေးရဲ့လား (မရပါဘူး ဘုရား)။
အဲဒီကတည်းကိုက သဿတဒိဋ္ဌိလွတ်ပါပြီဆိုသဖြင့် ဪ အကြောင်းဖြစ်၍ အကျိုးဖြစ်တယ်ဆိုတော့ ဒီအကြောင်းဖြစ်၍ ဒီအကျိုးဖြစ်တယ်ဆိုတော့ ဒီကြားမှာ ပြတ်သွားသေးသလား (မပြတ်ပါဘူး ဘုရား)။
ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားတယ်
ပြတ်မသွားတာကို သိလိုက်သဖြင့်တဲ့ ဥစ္ဆေဒဒိဋ္ဌိ လွတ်သွားတယ် (လွတ်သွားပါတယ် ဘုရား) သေသေချာချာ မှတ်ပါ။ဒကာ ဒကာမတို့ ဒါ အရှင်အာနန္ဒာက အရှင်ဆန္ဒကို ဟောနေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့)။
ဘယ်သူက ဘယ်သူ့ကို ဟောနေတာပါလိမ့် (အရှင်အာနန္ဒာက အရှင်ဆန္နကို ဟောနေတာပါ ဘုရား) အရှင် အာနန္ဒာက အရှင်ဆန္နဟောနေတာ၊ ဒါပြီးလို့ရှိရင် သူရှုလိမ့်မယ်၊ ရှုလို့ရှိရင် တခါတည်း ရဟန္တာဖြစ်လိမ့်မယ် (မှန်ပါ့)။
ကဲ ဒကာ ဒကာမတို့ ဒီအကြောင်းဖြစ်ရင် ဒီအကျိုးဟာ (ဖြစ်ပါတယ် ဘုရား) ဖဿဖြစ်ရင် (ဝေဒနာဖြစ်ပါတယ် ဘုရား) ဝေဒနာဖြစ်တယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။
ဒီလိုသိလို့ရှိရင်ပဲ ဒကာ ဒကာမတို့ ဪ အကြောင်းဖြစ်လို့ အကျိုးဖြစ်တာပဲလို့ သိလိုက်လို့ရှိရင်ပဲ ဘာဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဥစ္ဆေဒ ဒိဋ္ဌိစင်တယ် ဒီကြားမှာ ဒကာ ဒကာမတို့နောက်ဟာ မပေါ်ဘူး ပြတ်သွားတယ်လို့ ယူလို့ရသေးရဲ့လား (မရပါဘူး) မရကတည်းကိုက ဘာဒိဋ္ဌိစင်သွားသတုန်း (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ်)။
ဪ ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ် ဆိုကတည်းက ဒကာ ဒကာမတို့ အပါယ် ရေသောက်မြစ် ပြုတ်တာနော် (မှန်ပါ့ ဘုရား) ဘာပြုတ်တာပါလိမ့် (အပါယ်ရေသောက်မြစ်ပြုတ်တာပါ ဘုရား) အပါယ်ရေသောက်မြစ်ပြုတ်တယ်ဆိုတာ ကောင်းကောင်း ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒီအကြောင်းသာ ဖဿသာ ချုပ်မယ်ဆိုရင် ဖြစ်ဖော်ဖြစ်ဘက် ဝေဒနာက ဘယ့်နှယ်နေသလဲ (ချုပ်ပါ တယ် ဘုရား) ဪ အကြောင်းချုပ်တော့လဲ ဒီဝေဒနာကလေးက ချုပ်သွားတာပဲလို့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဉာဏ်ထဲမှာ ဒါသိမှုနဲ့ ရှင်းထားရမယ်နော် (မှန်ပါ့)။
အဲဒီကဲ့သို့ ရှင်းထားလိုက်တဲ့အခါကျတော့ စဉ်းစားလိုက်တာပေါ့တဲ့၊ ဪ အကြောင်းချုပ်လို့ အကျိုးချုပ်သွားရှာ တာပဲဆိုသဖြင့် ခိုင်မြဲတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) အကြောင်းချုပ်ရင် (အကျိုးချုပ်သွားတာပဲ) အဲဒီတော့ ခိုင်မြဲတာ ရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။
အကြောင်းကြောင့် အကျိုးဖြစ်တာ မြင်လိုကလို့ရှိရင် ဘယ်ဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ်) အကြောင်း ချုပ်လို့ အကျိုးတရားကလည်း မချုပ်ပဲမနေနိုင်ဘူး ဆိုတော့ ပျက်စီး သွားရတယ်လို့ သိရင်ကော (သဿဒိဋ္ဌိစင်ပါတယ်)။
ဒကာ ဒကာမတွေ ခင်ဗျားတို့ ဒီနှစ်လုံးဟာ တသံသရာလုံးက ပါလာတဲ့ သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိကို အကြီး အကျယ်ဖြတ်တဲ့နေ့ဘဲလို့ ဆုံးဖြတ်ချက်ချပါတယ် (မှန်ပ့ါ)။
မဂ်မဆိုက်တဲ့ ပုဂ္ဂိုလ်ကို မရှိဘူး
ဒါဖြတ်ပြီးမှ ဝိပဿနာ ရှုလို့ရှိရင် မဂ်မဆိုက်တဲ့ ပုဂ္ဂိုလ်ကို မရှိဘူး (မှန်ပါ့ ဘုရား) သဘောပါလား (ပါပါပြီ)။ဒါဖြတ်ပြီးမှ ဝိပဿနာရှုလို့ရှိရင် (မဂ်မဆိုက်တဲ့ပုဂ္ဂိုလ်ကို မရှိဘူး (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြီ) ဒါဖြတ်ပြီး မှ ဝိပဿနာရှုလို့ရှိရင် (မဂ်မဆိုက်တဲ့ပုဂ္ဂိုလ် မရှိပါဘူး)။
အေး သေသေချာချာမှတ်ပါ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဧကန်ပိုင်ပိုင် ရရမယ်ဆိုတဲ့ ဥစ္စာဒကာ ဒကာမတို့ ဘာမှ သံသယမရှိနဲ့နော် (မှန်ပါ့ ဘုရား)။
ကဲဒါဖြင့် ဖဿနဲ့ ဝေဒနာပြောသဖြင့် ဦးခင်မောင်ရေ ဝေဒနာပစ္စယာတဏှာ မလာဘူးလားဗျာ (လာပါတယ် ဘုရား) ဝေဒနာပစ္စယာ တဏှာဝေဒနာဖြစ်လို့ရှိရင် နောက်ကတဏှာက (ဖြစ်ရမှာပါ ဘုရား) ဖြစ်ရမှာပဲဆို တော့ အကြောင်းဖြစ်လို့ (အကျိုးဖြစ်ပါတယ် ဘုရား)။
ဘာဒိဋ္ဌိစင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိ စင်ပါတယ် ဘုရား) သဘောကျရဲ့လား(ကျပါတယ်) မောင်ကို ပြတ်သွားရဲ့လား ဟေ့ (မပြတ်ပါ ဘုရား) အကြောင်းဖြစ်လို့ (အကျိုးဖြစ်ပါတယ်) အကျိုးဖြစ်တယ်ဆိုတော့ အကြောင်းအကျိုးဆက်မနေ ဘူးလား (ဆက်နေပါတယ်)။
အဲဒီလို အကြောင်းအကျိုး ဆက်နေတာမြင်သဖြင့် မဆက်ဘူးလို့ ယူတဲ့ ဥစ္ဆေဒဒိဋ္ဌိဟာ မစင်သေးဘူးလား (စင်ပါတယ် ဘုရား) သေသေချာချာမှတ်ပါနော် ဒကာ ဒကာမတွေ သေသေချာချာမှတ်ပါ။
ဝေဒနာပစ္စယာ တဏှာဆိုတော့ ဝေဒနာကြောင့် တဏှာဖြစ်တယ်လို့ သိလိုက်ရရင်ပဲ ဘယ်ဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေဒဒိဋ္ဌိစင်ပါတယ် ဘုရား)။
ဝေဒနာ ချုပ်သွားလို့ ရှိရင်လည်း ဒီဏှာလည်း သူ့သခင်ကချုပ်ပေါ့၊ သူ့ကျွန်ဟာလည်း ချုပ်ရတော့မှာဆိုတော့ မသေချားဘူးလား (သေချာပါတယ် ဘုရား) ဒါကျတော့ ဘယ်ဒိဋ္ဌိ စင်သွားသတုန်း (သဿတဒိဋ္ဌိစင်သွားပါတယ်)။
အကြောင်းဖြစ်လို့ အကျိုးဖြစ်တာ
တော်ပြီ ဒီလောက်ဆိုရင် ဒကာ ဒကာမတို့ ဒီလောက်ဆို ရင် ခင်ဗျားတို့ သဿတဒိဋ္ဌိစင်ပြီး ခင်ဗျားတို့ စိတ်ကြီးဟာ တနေ့လုံးပတ်နေဦး တနေ့လံးပတ်ပြီးသကာလ လှည့်နေဦး ဪ အကြောင်းဖြစ်လို့ အကျိုးဖြစ်နေတာပဲ အကြောင်းချုပ်လို့ အကျိုးချုပ်နေတာပဲမှတပါး ဘာရှိသေးသတုန်း (ဘာမှမရှိပါဘူး)။
တနေ့လုံးပတ်နေ၊ တနေ့လုံးပတ်နေတာက ဒကာ ဒကာမတွေစိတ်တွေကတော့ မရပ်မနားပါဘဲ ဦးခင်မောင် စိတ်တွေက ဘယ်လိုပါလိမ့် (မရပ်မနားပါ ဘုရား)။
မရပ်မနားဖြစ်ပြီးသကာလ နေငြားသော်လည်း ဪ အကြောင်းဖြစ်ပြီး သကာလ (အကျိုးဖြစ်ပါတယ် ဘုရား) အကြောင်းဖြစ်လို့ အကျိုးဖြစ်နေတာပဲလို့ ခင်ဗျားတို့ဉာဏ်ထဲ ရှင်းပလား(ရှင်းပါပြီ)။
နောက် ပျက်စီးသွားပြန်တော့လည်း ဘယ်လိုဆိုကြပါမယ် (အကြောင်းချုပ်လို့ အကျိုးချုပ်တာပါ ဘုရား) အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲလို့ သိသွားပြန်တော့လည်း ဒကာ ဒကာမတို့ သဿတဒိဋ္ဌိဟာ ခိုင်မြဲတယ်လို့ ယူစရာအကြောင်း မြင်သေးရဲ့လား (မမြင်ပါဘူး ဘုရား) ခိုင်မြဲတယ်လို့ ယူစရ အကြောင်းကို မမြင်ပါဘူးဆိုတာ ကျေနပ်ကြပလား (ကျေနပ်ပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ သဿတ ဥစ္ဆေဒ ယနေ့စင်ပလား (စင်ပါပြီ ဘုရား) ကဲ တခေါက်ပြန်မေးမယ်၊ တခေါက်ပြန်မေးမယ် ပြီးမှ ဝိပဿနာရှုနည်းပြမယ် (မှန်ပ့ါ)။
အလုပ်မလုပ်ခင် ရှင်းတဲ့နည်း
လေးလေးစားစားမှတ်ပါ ဒကာ ဒကာမတို့ယနေ့ ဥစ္စာက အလုပ်မလုပ်ခင် ရှင်းတဲ့နည်းကို ဦးခင်မောင် ပြနေပါတယ် (မှန်လှပါ ဘုရား) ကိုမြရွှေတို့ ဦးဇံရင်တို့ ဘာပြနေသလည်း (ရှင်းတဲ့နည်း ပြနေပါတယ်) အလုပ် မလုပ် ခင် ရှင်းဘို့နည်းကို ပြနေတယ် (မှန်ပါ့ ဘုရား)။
လုပ်ပုံကတော့ အလွယ်ကလေးရယ်၊ လုပ်ပုံကတော ရှုရုံပဲ (မှန်ပါ့) မလုပ်ခင်ကရှင်းရတာ၊ အိမ်ပေါ် တက်နေတာ နဲ့ အိမ်ဆောက်ရတာ ဦးခင်မောင် ဘယ်သူက ကြာသတုန်း (အိမ်ဆောက်ရတာ ကြာပါတယ် ဘုရား)။
ဒီမှာလည်း အိမ်ဆောက်နေရတာက ကြာနေတာ ဒကာ ဒကာမတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် အိမ်ပေါ်တက်ဘို့ ရာက အလွယ်ကလေးပါနော် (မှန်ပ့ါ ဘုရား) သဘောပါကြလား (ပါပါတယ် ဘုရား) ကဲ ဒါဖြင့် ယခု ရှေ့ပိုင်းက ရှင်းပြ နေတာ ဒိဋ္ဌိဘယ်နှစ်ပါး ရှင်းနေသတုန်း (နှစ်ပါး ပါ ဘုရား)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ တဏှာ နဲ့ ဥပါဒါန်နဲ့ ကံလုပ်ပါတော့ ဒါက ဥပါဒါန် ၊ ဥပါဒါန်ရှိနေရင် ကံလာတော့မယ် (မှန်ပါ့) မလပေဘူးလား(လာပါမယ်)။
ဒါဖြင့် ဥပါဒါန်ဖြစ်ခြင်းကြောင့် ကံဖြစ်ရတယ် (မှန်ပါ့ ဘုရား) သိကြပလား (သိပါပြီ ဘုရား) ဥပါဒါန်က ကျေးဇူးပြုသောကြောင့် (ကံဖြစ်ပါတယ် ဘုရား)။
ကိုင်း ဘယ်ဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေဒ စင်ပါတယ်) ဪ အကြောင်းအကျိုးက ဆက်သကိုး၊ ပြတ်သွားတာ မဟုတ်ဘူး (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဆက်သွားသလား ပြတ်သွားသလား (ဆက်သွားပါတယ် ဘုရား)။
သေသေချာချာစဉ်းစားကြပါ ဒကာ ဒကာမတို့ ဥပါဒါန်ရှိနေလို့ရှိရြင် ဥပါဒါန ပစ္စယာ ကမ္မဘဝ ဆိုသဖြင့် ဥပါဒါန် ဖြစ်လို့ရှိရကင် ကဟာ (ဖြစ်ပါတယ် ဘုရား)။း ‘
ဒါကြောင့် ဒကာ ဒကာမတို့ ဟိုဘုံမှာ ပဋိသန္ဓေနေရ ဒီဘုံမှာ ပဋိသန္ဓေနေရ ဒီဥပါဒါန်မပြုတ်တဲ့အတွက် ဒိကံပေါ်ပေးနေတာ (မှန်လှပါ ဘုရား) အဲဒီတော့ ကံကနေပြီး ပဋိသန္ခေ ပစ်ချလိုက်တာပဲ၊ မချပေဘူးလား (ချပါတယ် ဘုရား)။
အဲဒီတော့ လိုရင်းကဘယ်သူပါလိမ့်မတုံးဆိုတာ ရိပ်မိပလား (ရိပ်မိပါပြီ) ဥပါဒါန် မပြုတ်လို့ ကံ – ပြုတ်တာ (မှန်ပါ့) ကံ – မပြုတ်လို့ ကျုပ်တို့မှာ ပစ်ချသလိုခံရတာ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ)။
ဥပါဒါန်မပြုတ်တော့ (ကံ-မပြုတ်ပါဘူး) ကံ – မပြုတ်တော့ (ပစ်ချသလုလိုခံရပါတယ်) ပစ်ချသလိုခံကြရတယ် ပဋိသန္ဓေနေကြတယ်ဆိုတာ ဒကာ ဒကမတွေ သေချာပလား (သေချာပါပြီ)။
ဒါဖြင့် ဒကာ ဒကာမတို့ ဥပါဒါန်ချုပ်မှ ကံ – ချုပ်မယ် (မှန်ပါ့) ဦးခင်မောင် ဘာတဲ့တုန်း (ဥပါဒါန်ချုပ်မှ ကံ ချုပ်ပါမယ် ဘုရား) ဥပါဒါန်ရှိနေရင် (ကံ မချုပ်ပါဘူး)
ဒါဖြင့် ဥပါဒါနပစ္စယာ ကမ္မဘဝေါလို့ သိလိုက်တော့ ဥပါဒါန်တည်းဟူသော အကြောင်းကြောင့် ကံ – ဖြစ်တယ် ဆိုတာ သိသဖြင့် ဘယ်ဒိဋ္ဌိ စင်သတုန်း (ဥစ္ဆေတဒိဋ္ဌိ စင်ပါတယ် ဘုရား)။
အို အတော်ပိုင်ပြီ ဒီတရားပွဲမှာ ဒကာ ဒကာမတို့ တော်တော်ကိုပိုင်သွားပြိ၊ ဥပါဒါန်ဖြစ်လို့ ကံဖြစ်ရတာပဲ ဒီလိုသိလိုက်တော့ ဒိဋ္ဌိစင်သွားသတုန်း (ဥစ္ဆေတဒိဋ္ဌိစင်ပါတယ်) ပြတ်သေးရဲ့လား (မပြတ်ပါဘူး) မပြတ်တာသေချာ မသွားဘူးလား (သေချာပါတယ်)။
ကိုင်း ဒါဖြင့် နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ်များကျတော့ ဒကာ ဒကာမတို့ ဥပါဒါန်က ချုပ်သွားတော့ ဘယ့်နှယ်လည်း (ကံ ကချုပ်သွားပါတယ်) ကံ – က ချုပ်သွားတဲ့အခါကျတော့ ဒီဘက်အတည်ပေါ်သေးရဲ့လား (မပေါ်ပါဘူး ဘုရား)။
မပေါ်တာ ထောက်လိုက်လို့ရှိရင်ဖြင့် ဪ ဥပါဒါန်ချုပ်ရင် ကံ – ချုပ်တာပဲလို့ သိသဖြင့် ဘာဒိဋ္ဌိ စင်သွား သတုန်း (သဿတဒိဋ္ဌိ စင်သွားပါတယ် ဘုရား)။
ဒိဋ္ဌိနှစ်ခုလည်း စင်ပါရော
အဲ အဲ့ဒီတော့ ဒိဋ္ဌိနှစ်ခုလည်း စင်ပါရော ဒကာ ဒကာမတို့ ဒီဘက်က နိဗ္ဗာန် သဘောကျတယ် (မှန်ပါ့ ဘုရား) သဘောမကျဘူးလား (ကျပါတယ် ဘုရား) ဒီဘက်က နိဗ္ဗာန်သေသေချာချာ သဘောကျတယ် (မှန်ပါ့)။
ဪ ဒီအကြောင်းတွေ ချုပ်တဲ့အတွက် အကျိုးတရားဆိုတာ မပေါ်တော့ဘူး၊ ဒုက္ခအကျိုးတရားတွေမပေါ်တော့ ဘူး၊ ဒုက္ခချုပ်ငြိမ်းတာသာ ပေါ်တော့တယ်လို့ မလာဘူးလား (လာပါတယ် ဘုရား)၊ ကျေနပ်ကြပလား (ကျေနပ်ပါတယ် ဘုရား)။
ကောင်းပြီ ဥပါဒါန်တွေ ချုပ်သွားတဲ့အတွက် ကံချုပ်တယ်၊ ကံချုပ်ခြင်းကြောင့် နိဗ္ဗာန်ပေးတယ်ဆိုတာကော မသိဘူးလား (သိပါတယ် ဘုရား)။
အဲဒီတော့ ကံချုပ်ခြင်းကြောင့် နိဗ္ဗာန်ပေါ်တယ်လို့ သိထားပြန်တော့ ဒကာ ဒကမတို့ ဪ သတ္တဝါတွေ ကံမကုန်သရွှေ့ ကာလပတ်လုံးဟာဖြင့် ကံကလှည့်ပြီး အကျိုးပေးနေမယ်ဆိုရင်ဖြင့် နိဗ္ဗာန်ဟာ မရတော့ဘူးပေါ့ (မှန်ပါ့) ကျေနပ်ကြရဲ့လား (ကျေနပ်ပါတယ်)။
ဒါဖြင့် ဥပါဒါန်ချုပ်မှလည်း (ကံ ချုုပ်ပါတယ် ဘုရား) ဥပါဒါန်ချုပ်မှ ကံချုပ်မယ် သိသဖြင့် ဒကာ ဒကာမတွေ ဘယ်ဒိဋ္ဌိ စင်ပါလိမ့် (သဿတဒိဋ္ဌိ စင်ပါတယ် ဘုရား) ဥပါဒါန်ဖြစ်လို့ ကံဖြစ်တယ်လို့သိရင် (ဥစ္ဆေတဒိဋ္ဌိ စင်ပါတယ်)။
သဿတ ဥစ္ဆေဒ ဖြုတ်ပြီးပြီ
နေရာကျပါပြီ ဒကာ ဒကာမတို့ ဝိပဿနာရှုတော့ ခင်ဗျားတို့ပေါ်ရာရှုတော့ ကိုက်ပြီ ဒကာ ဒကာမတို့ ဝိပဿနာရှုနည်း သင်တော့မယ် သဿတ ဥစ္ဆေဒ ဖြုတ်ပြီးပြီ (မှန်ပါ့)။
သဿတဒိဋ္ဌိ ဥစ္ဆေဒဒိဋ္ဌိ ပြုတ်ကတည်းက သက္ကာယဒိဋ္ဌိ က အလိုအလိုပါသွားပြီ၊ သက္ကာယဒိဋ္ဌိ မရှိတော့ပါ ဘူးဆိုတာ မှတ်လိုက်တာပေါ့ (မှန်ပါ့) အခု သညာနဲ့ ဉာတပရိညာနဲ့ ဖြုတ်ပြီးပါပြီတဲ့၊ ပွားမှုနဲ့ ဖြုတ်ပါဦးမယ်၊ ပွားမှု နဲ့ အလုပ်ဟာလဲ ဖြုတ်တဲ့အလုပ်ပဲဆိုတာ မှတ်ထားလိုက် တာပေ့ါ (မှန်ပါ့) ပွားမှုအလုပ်ဟာ (ဖြုတ်တဲ့အလုပ်ပါ ဘုရား)။
ဖြုတ်တဲ့အလုပ်ပဲဆိုတာ မှတ်ထားတာ ဒါဘုန်းကြီး ဟောနေတယ်လို့ မအောက်မေ့ပါနဲ့ အရှင်အာနန္ဒာက အရှင်ဆန္ဒကို ဟောနေတယ်လို့သာ မှတ်ပါနော် (မှန်ပါ့) ဒါသူ့ဝတ္ထုကို ထုတ်ပြနေတာ (မှန်ပါ့)။
အပြင်ဧည့်သည်ခြောက်ယောက်
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သန္တာန်မှာ မျက်စိထဲ မြင်တဲ့စိတ်ကလေးပဲ ပေါ်ပါလိမ့်မယ်နော် (မှန်ပါ့) နားထဲကြားတဲ့ စိတ်ကလေးကတော့ (ပေါ်ပါတယ် ဘုရား) လျှာက စားတဲ့ စိတ်ကလေး (ပေါ်ပါတယ် ဘုရား) ကိုယ်ပေါ်မှာ ယားယံတဲ့ စိတ်ကလေး (ပေါ်ပါတယ်) ကိုယ်ပေါ်မှာ ကောင်းတဲ့စိတ်ကလေး (ပေါ်ပါတယ် ဘုရား)။
ဟော ဒါ တနေ့ကလည်း ပြပြီးခဲ့ပြီ ဒါတွေ ပြင်ဘက်မှာ ပေါ်တဲ့အတွက် အပြင်ဧည့်သည်ခြောက်ယောက် ပါ (မှန်ပါ့) ဘယ့်နှယ်ဆိုကြပါ့မယ် (အပြင်ဧည့်သည့်ခြောက်ယောက်ပါ ဘုရား) အပြင်ဧည့်သည် ခြောက်ယောက် ဒါရှုရလိမ့်မယ် နော် (မှန်ပါ့)။
အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေတော့ မေတ္တာကလည်း ရှေ့ထား၊ ကြားဘူးနားဝကလည်း ဒီဥစ္စာက ပြောနိုင်ဆိုနိုင်မှလည်း အဘိုးတန်တာ ဖြစ်နေတော့ ဒီခြောက်ခုဟာ ဒကာ ဒကာမတို့ တပြိုင်နက် ဖြစ်သလား တခုတည်း နဲ့ ဖြစ်လေ့ရှိသလား (တခုတည်းဘဲ ဖြစ်လေ့ရှိပါတယ် ဘုရား)။
ဪ တခုတည်းကို လိုက်ရှုပါ (မှန်ပ့ါ) ဖြစ်ကောင်းတာက ဘယ်နှစ်ခုတုန်း (ခြောက်ခုပါ ဘုရား) ဖြစ်ပေါ်နိုင်တာ ကတော့ (တခုတည်းပါ ဘုရား) ဖြစ်ပေါ်နိုင်တာက တခုတည်းဖြစ်ကောင်းတာကဖြင့် (ခြောက်ခုပါ ဘုရား) အင်း ဟင် ဒကာ ဒကာမတို့ ဖြစ်ပေါ်နိုင်တာကတော့ဖြင့် (တခုတည်းပါ ဘုရား)။
အေး ဒါကဖြစ်ကောင်းတာက သူ့နေရာနဲ့သူ ဖြစ်ကောင်းတာက ခန္ဓာကိုယ်ရှိနေရင် ဒီခြောက်ခု မပေါ်ရင် မဖြစ်ဘူး၊ သဘောကျပလား (မှန်ပါ့) သို့သော် ခြောက်ခု တပြိုင်နက်တည်း ပေါ်သလား တစိတ်တည်းပေါ်ရသလား (တစ်စိတ်တည်းပေါ်ရပါတယ်)။
စိတ္တာနုပဿနာ
အဲဒီစိတ်ကို ကျုပ်တို့က ဒီကနေ မဂ်နဲ့ လိုက်ရမယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘယ်သူ့လိုက်ရမှာပါလိမ့် (ပေါ်တဲ့စိတ်လိုက်ရမှာပါ) နှစ်စိတ် လိုက်ရမှာလည်း တစိတ်လိုက်ရမှာလည်း (တစိတ်လိုက်ရမှာပါ ဘုရား)။
အဲဒါ စိတ္တာနုပဿနာ၊ ဒီက စိတ္တ – ဒီက အနုပဿနာ (မှန်ပါ့)၊ ရှင်းပါလား (ရှင်းပါပြီ ဘုရား) ချုပ်သွားတာက လေးက ဘာပါလိမ့် (စိတ္တပါ) စိတ္တ၊ ဒီကရှုတာက (အနုပဿနာပါ)။
အဲစိတ္တနဲ့ အနုပဿနာနဲ့ ပေါင်းလိုက်တော့ စိတ္တာနုပဿနာ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)၊ စိတ္တာ နုပဿနာဖြစ်ပုံကို ကျေနပ်ပလား(ကျေနပ်ပါပြီ)။
အဲဒီတော့ ဒီစိတ်ဖြစ်ပျက်တာကို ဒီက မသိဘဲနေလို့ရှိရင် စိတ္တာနုပဿနာမဟုတ်တော့ဘူး (မှန်လှပါ) ပဋိစ္စသမုပ္ပါဒ်ဆက်သွားပြီ (မှန်ပါ့) ဆက်သွားတော့ မြင်တယ်လိုချင်တယ် စွဲလမ်းတယ် ဒီဘက် ဆက်သွယ်ပြန်တာပဲ မသွားပေဘူးလား (သွားပါတယ် ဘုရား)။
အဲဒါ အင်မတန် ကြောက်စရာ မကောင်းဘူးလား (ကောင်းပါတယ် ဘုရား) အေး ဒါကြေင့် စိတ္တာနုပဿနာ ဖြစ်အောင်လုပ်ပါ (မှန်ပါ့) ဘယ်လိုပါလိမ့် (စိတ္တာနုပဿနာဖြစ်အောင် လုပ်ရပါမယ်)။
ချုပ်ပျက်သွားတာကလေးက (စိတ္တပါ ဘုရား)ရှုတာက (မဂ္ဂပါ ဘုရား) ချုပ်ပျက်သွားတဲ့ စိတ်ကလေး (စိတ္တ) အင် ဟင် ရှုတဲ့ဉာဏ်ကလေးက (မဂ္ဂပါ ဘုရား)။
ဉာဏ်ဆိုတာက ဒကာ ဒကာမတို့ခင်ဗျားတို့ ဘယ်အချိန်ရှုရှု၊ ဒီငါးပါးပါ ပါတယ်နော် (မှန်ပါ့) ဒါကလေးတွေ ကို ဖြစ်ပျက်သာ မြင်လို့ရှိရင် ဒီငါးပါးက မြင်တာချည်းဘဲမှတ် ပုဂ္ဂိုလ်သတ္တဝါက မြင်တာ ဟုတ်သေးရဲ့လား (မဟုတ် ပါဘူး)။
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့သန္တာန် အပြင် ဧည့်သည် ဘယ်နှစ်ယောက်ပါလိမ့် (ခြောက်ယောက်ပါ ဘုရား)။
ဒါ တခါတည်း နည်းယူထားကြပါ ဒကာ ဒကာမတို့ ဪ စိတ္တာနုပဿနာဆိုတာ ဒီဖြစ်ကောင်းတာ ခြောက်ခု ဖြစ်ပေါ်တာခုဘဲ တခုကို ဒို့ လိုက်နေရာမှာဘဲဆိုတာ သဘောကျပလား (ကျပါပြီ)။
အတွင်းဧည့်သည်
ကောင်းပြီ တခါသွားလိုက်ပါဦး ဒါက အပြင်ဧည့်သည်ဆိုတော့ အတွင်းဧည့်သည်ကို တခါ ထပ်ပြောပြန်တယ် အရင် ကြာသွားလို့။
တခါတလေ လောဘကလေး ဝမ်းထဲ မပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား) သူက ဝမ်းထဲမှာ ပေါ်တယ်)။
တခါတလေ ဒေါသကလေးကော (ပေါ်ပါတယ်)။
တခါတလေ သံသယရှိတဲ့ ဝိစိကိစ္ဆာတို့ ဥဒ္ဓစ္စတို့ကော မပေါ်ဘူးလား (ပေါ်ပါတယ်) အဲဒါ မောဟခေါ်တာပဲ (မှန်ပါ့) ဒါ မောဟ ခေါ်တာပဲ ဝိစိကိစ္စာ ဥဒ္ဓစ္စ မောဟ ခေါ်တာပဲ (မှန်ပါ့) ရိပ်မိပာလား (ရိပ်မိပါပြိ)။
ကောင်းပြီ တခါတလေကျတော့ လှူချင် တန်းချင်တဲ့ အလောဘကော (ပေါ်ပါတယ် ဘုရား) တခါတလေ မေတ္တာပို့တဲ့ အဒေါသကော (မှန်ပါတယ် ဘုရား)။
အဲဒီလို့ ပေါ်တာကလေးကိုလည်း ဒကာ ဒကာမတို့ ဒီဥစ္စာက အတွင်းမှာ ဝမ်းထဲမှာ ပေါ်တဲ့တရား၊ အပြင် ဘက်မှာ ပေါ်တဲ့ တရားမဟုတ်တဲ့အတွက် အတွင်းဧည့်သည် ဘယ်နှစ်ယောက် (ငါးယောက် ဘုရား) ဒါမှတ်ထားလိုက် တာပေါ့၊ ရှင်းကြပလား (ရှင်းပါပြီ)။
ကောင်းပါပြီ ဒါဖြင့် ဒီငါးယောက် တပြိုင်နက်ပေါ်သလား တခုပဲ ပေါ်သလား (တခုပဲ ပေါ်ပါတယ်)။
ကဲ ပေါင်းလိုက်တော့ ဒကာ ဒကာမတွေပဲ စဉ်းစားပါ၊ အပြင်ဧည့်သည်က ခြောက်၊ အတွင်းဧည့်သည့်က ငါး ဆိုတော့ တဆယ့်တစ် မနေဘူးလား (မှန်ပါ့)။
ဘယ်နှစ်ခု ပေါ်မတုန်းလို့ တဆယ့်တစ် တစ်ပြိုက်နက် ပေါ်မလား တခုပဲလား (တခုပါ ဘုရား) အဲ တခုသာ ရတယ် ရှင်းပလား (ရှင်းပါပြီ)။
အတွင်းဧည့်သည်ပေါ်ရင် အတွင်းဧည့်သည်သာလိုက်ပါ၊ အပြင်ဧည့်ပေါ်ရင် (အပြင်ဧည့်သည်သာ လိုက်ပါ) ပေါ်တာက ဘယ်နှစ်ခု ပေါ်မယ်ထင်ကြသလည်း (တခုပဲ ပေါ်ပါတယ် ဘုရား)။
တခုပဲ ပေါ်မယ်ဆိုတော့ တခုကိုပဲ သဲသဲမဲမဲ စူးစူးစိုက်စိုက် ရှုပေးပါလို့ဆိုရင် ပဋိစ္စသမုပ္ပါဒ် ပြတ်တာချည်းပဲ မှတ်ပါ (ပြတ်ပါတယ် ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
အိမ်သည် နှစ်
ကောင်းပြီ ဒါဖြင့် အိမ်သည် နှစ်လို့ ဘုန်းကြီးက အရင်အပတ်က မသင်ခဲ့ဘူးလား (သင်ခဲ့ပါတယ် ဘုရား) အိမ်သည် နှစ် – ဆိုတာ ခင်ဗျားတို့ သက်စောင့်စိတ်ကလေးပေါ့ဗျာ (မှန်ပါ့)လေဝင်အောင် အားထုတ်တဲ့စိတ်၊ လေ ထွက်အောင် အားထုတ်တဲ့စိတ် မရှိဘူးလား (ရှိပါတယ် ဘုရား)။
အဲဒါကျတော့ ဟောဒီ ဘယ်သူမှ မရှိဘူး ဆိုလို့ရှိရင်လည်း အိပ်နေတောင် သူတို့နှစ်ခုက စောင့်ရှောက်နေတာ ခင်ဗျားတို့ မပုတ်အောင် မသိုးအောင် စောင့်ရှောက်နေတာ သူတို့နှစ်ခုပဲ (မှန်ပါ့) ရှင်းပလား(ရှင်းပါပြီ)။
မပုတ်အောင် မသိုးအောင် စောင့်ရှောက်နေတာက ထုတ်အောင် အားထုတ်တဲ့စိတ်၊ ဝင်အောင် (အားထုတ် တဲ့စိတ်) အဲ လေတွေ ထွက်အောင် အားထုတ်တဲ့စိတ်၊ လေတွေထုတ်တဲ့စိတ် (မှန်ပါ့) လေတွေထုတ်တဲ့စိတ်၊ လေတွေရှိုက် တဲ့စိတ် သဘောကျပလား (မှန်ပါ့) ဒါကတော့ လေတွေရှိုက်တဲ့စိတ် သဘောကျပလား (မှန်ပါ့) ဒါကတော့ ဘာစိတ်လို့ ခေါ်ကြမလည်း (အိမ်သည်စိတ်ပါ) အိမ်သည်စိတ်နှစ်ခု။
ဘာကြောင့် အိမ်သည် စိတ်လို့ မောင်ထွန်းလှိုင် မောင်ကိုတို့ ဆိုရသတုန်းဆိုတော့ သူတို့ ဒီပြင် ခင်ဗျားတို့ စားမှုလည်း မရှိဘူး၊ သော်မှုလည်း မရှိဘူးဆိုတော့ အားတဲ့အချိန်တိုင်းမှာ သူတို့နှစ်ခုနဲ့ နေတာပဲ (မှန်ပါ့)။
ထွက်အောင်အားထုတ်တဲ့စိတ်၊ ဝင်အောင်အားထုတ်တဲ့စိတ်ဒါနဲ့ မနေကြဘူးလား (နေပါတယ် ဘုရား) အဲဒိတော့ ဒကာ ဒကာမတု့ိ ဪ ဒါဖြင့် အိမ်သည်က နှစ်ခုပါကလား ဆိုတာ မပေါ်သေးဘူူးလား (ပေါ်ပါပြီ ဘုရား) အဲဒီတော့ အိမ်သည်နှစ်ခုကလည်း တပြိုင်နက်တည်း ပေါ်သလား တခုစီပဲလား (တခုစီပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ရှုစရာစိတ်သည် အရှုခံတဲ့တရားတွေကို အခု ရှင်းပြလိုက်တဲ့အခါ အပြင်ဧည့်သည် က ဘယ်လောက် (ခြောက်ပါး) အတွင်းဧည့်က ဘယ်လောက် (ငါးယောက်ပါ) အိမ်သည်က ဘယ်လောက် (နှစ် ယောက်ပါ) ပေါင်းလိုက်တဲ့အခါ ဘယ်လောက်ရှိသလည်း (တဆယ့်သုံးယောက်ပါ ဘုရား)။
မဂ္ဂင်ငါးပါးနဲ့ ပေါ်ရာသာ လိုက်ရှုပါတော့
ဒီတဆယ့်သုံးကိုသာ ခင်ဗျားတို့က မဂ္ဂင်ငါးပါးနဲ့ ပေါ်ရာသာ လိုက်ရှုပါတော့လို့ ဆရာဘုန်းကြီးက နည်းပေးလိုက် ပါတယ် (မှန်ပါ့ ဘုရား) မဂ္ဂင်ငါးပါးနဲ့ ခင်ဗျားတို့ရှုသာပေးပါတဲ့ ပေါ်ရာသာလိုက်ရှု၊ ပေါ်ရာလိုက်ဆိုတော့ ဘယ်နှစ်ခု ပေါ်မှာပါလိမ့် (တခုပါ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ တခုတည်းကို မဂ်နဲ့ လိုက်နေလို့ရှိရင်ဖြင့် တခုက ဖြစ်ပျက် ရှုတာက မဂ် (မှန်ပါ့) တခုက ဖြစ်ပျက် (ရှုတာက မဂ်ပါ ဘုရား)။
အဲဒီ မဂ်ပေါ်တိုင်း မဂ်ပေါ်တိုင်း သံသရာစခန်း သတ်နေတယ်လို့ မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) မဂ်ပေါ်တိုင်း မဂ်ပေါ်တိုင်း (သံသရာစခန်း သတ်နေပါမယ် ဘုရား)။
သံသရာစခန်း သတ်နေတာဆိုတော့ သံသရာဆိုတာလည်း ဒုက္ခစက်လည်းတာ သံသရာခေါ်တယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဒုက္ခစက်လည်တာကို (သံသရာခေါ်ပါတယ်)။
အဲဒီ သံသရာကို ခင်ဗျားတို့ရှုတဲ့ မဂ်ကမှာ ဖြတ်မပေးရင် ဘယ်သူက ဖြတ်ပေးမတုန်း (ဘယ်သူကမှ ဖြတ် မပေးပါဘူး) ရှင်းကြပလား (ရှင်းပါပြီ) ကိုမြရွှေ ဘယ်သူက ဖြတ်ပေးမတုန်း (ရှုတဲ့မဂ်က ဖြတ်ပေးပါမယ်) ရှုတဲ့မဂ်က ဖြတ်ပေးရတာပဲဆိုတော ကျေနပ်ကြပလား (ကျေနပ်ပါပြီ ဘုရား)။
ကိုင်း ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ရှုကြစမ်းပါဆိုတဲ့ဥစ္စာ ဘုန်းကြီးက တိုက်တွန်းရမှာလား ကိုယ့်ဒုက္ခကိုယ် သိမ်းတဲ့အလုပ်မို့ ကိုယ်အရေးကြီးရမှာလားဆိုတာ ဝေဖန်စမ်း (ကိုယ့်ဒုက္ခကိုယ် သိမ်းတဲ့အလုပ်မို့ ကိုယ်အရေးကြီးရမှာပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။
ကိုယ့်ဒုက္ခကိုယ်သိမ်းတာမို့ ဘယ်သူက အရေးကြီးရမှာတုန်း (ကိုယ်က အရေးကြီးရမှာပါ)။
ဘုန်းကြီးက ဘာမှ အရေးကြီးစရာမရှိဘူး၊ ဒကာ ဒကာမတို့က အရေးကြီးရမှာ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဘုန်းကြီးက ဘုန်းကြီးအရေးမို့ ကြီးလို့ရှိရင်ဘုန်းကြီးဟာ ဘုန်းကြီးလုပ်၊ ခင်ဗျားတို့ သိမ်းချင်ရင်ကော (တပည့် တော်တို့ လုပ်ရပါမယ်) အဲ ခင်ဗျားတို့ဟာ ခင်ဗျားတို့လုပ်ရမယ်ဆိုတာ သေချာပလား (သေချာပါပြီ)။
ကိုယ့်ကိုကိုယ်ပဲ အားကိုးရ မယ်
အေး ဒါကြောင့် ဘုရားက “အတ္တာ ဟိ အတ္တနော နာထော” အတ္တာဟိ အတ္တာဧဝ=မိမိလုပ်ထားတဲ့ မဂ္ဂင်သည် ပင်လျှင်၊ အတ္တနော=မိမိ၏၊ နာထော=ကိုးကွယ်ရာတည်း၊ ပရော=တပါးသောသူသည်၊ နာထော=မိမိ၏ကိုးကွယ်ရာသည်၊ ကောသိယာ=အဘယ်မှာသာ ဖြစ်နိုင်ရာအံ့နည်း။
အဲဒါတွေ ထောက်ကြည့်တဲ့အခါကျတော့မှ ဘုန်းကြီးတို့ ဒကာ ဒကာမတွေမှာ ဪ ကိုယ့်ကိုကိုယ်ပဲ အားကိုးရ မယ်ဆိုတာ ဒီအထည်ကြီးချည်း ပြောပြောနေကြတယ် (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) ဘာပြောနေကြသလဲ (အထည်ကြီး ချည်း ပြောနေပါတယ် ဘုရား)။
သူ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ သူ့ပဲ အားကိုးနေရတယ်ဆိုရင် လွဲလိုက်တာ၊ ဘာ့ကြောင့် လွဲသတုန်းလို့ မေးခွန်းထုတ်တော့မှ အနိစ္စကြီး အားကိုးနေလို့ (မှန်ပါ့ ဘုရား) ဘယ်လိုဆိုကြမလဲ (အနိစ္စကြီး အားကိုးနေလို့ပါ ဘုရား)။
သစ်ပင်ပေါ်တက်တဲ့လူဟာ အကိုင်းခြောက်ကြီး အားကိုးနေပါတယ်ဆိုရင်တော့ ဒီအကိုင်းခြောက် ပြုတ်ကျတာနဲ့ သူပါ သေရရှာတော့မယ် (မှန်ပါ့) မသေပေဘူးလား (သေပါတယ် ဘုရား)။
အဲဒီတော့ ဒကာ ဒကာမတွေလဲ ခန္ဓာကိုယ်ကြီးကိုသာ အားကိုးနေကြတော့မယ်ဆိုရင် ခန္ဓာကိုယ်ဟာ ခုနင်က ပြောခဲ့တဲ့ အကိုင်းခြောက်ကြီးပါပဲနော် (မှန်ပါ့)။
အကိုင်းခြောက်လို့ ဘယ့်နှယ်ကြောင့် ဆရာဘုန်းကြီးက ဆိုရသတုန်းဆိုတော့ ခန္ဓာကိုယ်က အနိစ္စကြီးပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ) အဲဒီ အနိစ္စကြီး အားကိုးနေတော့ ဒီလိုဖြစ်လိမ့်မယ် ကျုပ်မထင်ဘူးဆိုတာ မလာဘူးလား (လာပါတယ် ဘုရား)။
ဟ ဒါဖြင့် အကိုင်းခြောက်ပြုတ်ကျတာပဲ (မှန်ပါ့) ရိပ်မိပလား (မှန်ပါ့ ဘုရား) ဘာပြုတ်ကျသလဲ (အကိုင်းခြောက် ပြုတ်ကျပါတယ် ဘုရား)။
မဂ်ပဲ အားကိုးကြပါတော့
အဲဒီတော့ ခန္ဓာကိုယ်ထဲမှာဖြင့် အားကိုးစရာ တခုမှမရှိဘူး သာသနာတွင်းဖြစ်တဲ့ မဂ်ပဲ အားကိုးကြပါတော့ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါ-ပါပြီ) ခန္ဓာကိုယ်ထဲမှာဖြင့် (အားကိုးစရာ မရှိပါဘူး) မဂ်ပဲ အားကိုးပါတော့ (မှန်ပါ့ ဘုရား) ရိပ်မိပလား (ရိပ်မိပါပြီ)။
ဥပမာမယ် စဉ်းစားကြည့်ပါ ခင်ဗျားတို့ရှာထားတဲ့ ပစ္စည်းတွေ မရမက ဟိုကသယ်လာ ဒီကသယ်လာ ရှာထား ကြတယ်နော် (မှန်ပါ့)။
နောက်ဆုံးပိတ် မနေ့တနေ့က ပြောသလို တံတားဦး မီးလောင်သလိုကျတော့ မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ ကိုယ်ရှာထားတာလေးတွေက ကဲ ခိုင်ရဲ့လား၊ မြဲရဲ့လား (မမြဲပါဘူး)။
အဲဒါတွေကလဲ ရူပက္ခန္ဓာတွေကိုး ဒကာ ဒကာမတွေရ (မှန်ပါ့) ဘာခန္ဓာတွေပါလိမ့် (ရူပက္ခန္ဓာတွေပါ ဘုရား)။
ကဲ ရူပက္ခန္ဓာဆိုတော့ ပြုတ်ကျတာပေါ့ (မှန်ပါ့) ပြုတ်ကျတော့ မီးလောင်ခံရတဲ့ပုဂ္ဂိုလ်တွေက ဒီလိုဖြစ်လိမ့်မယ် မထင်ဘူးဆိုပြီး မျက်ရည်ကြီးငယ် ကျကြ၊ ပြေးကြလွှားကြ မလာဘူးလား (လာပါတယ် ဘုရား)။
အဲဒါ အားကိုးလွဲလို့လား အားကိုးမှန်လို့လား (အားကိုးလွဲလို့ပါ ဘုရား) ရှင်းပလား (ရှင်းပါပြီ)။
ကောင်းပြီ ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အားကိုးမှန်ဖို့ရာ ဘယ်ဟာ အားကိုးရမလဲ (မဂ်ကို အားကိုးရ ပါမယ်) မဂ်ကို ဆရာဘုန်းကြီးက ဘယ့်နှယ်ကြောင့် အားကိုးအစစ် ပြုလုပ်ကြပါလို့ တိုက်တွန်းရပါလိမ့်မလဲ လို့ ဦးခင်မောင် မေးတဲ့အခါ ကိုယ့်ဒုက္ခဖြတ်ပေးလို့ (မှန်လှပါ ဘုရား)။
အားမကိုးရမည့် တရားတော့ အားမကိုးရမှန်းသိတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ဒီတရားတွေဟာ အနိစ္စလား နိစ္စလား (အနိစ္စပါ ဘုရား) အနိစ္စမို့ သူသည် မဂ္ဂနဲ့ မြင်လိုက်တဲ့အခါကျတော့ ဪ ဒါ အနိစ္စပါကလား လို့ သိတော့ အားကိုးချင်တဲ့ ဒိဋ္ဌိလာသေးရဲ့လား (မလာပါဘူး)။
အင်း အခုပုဂ္ဂိုလ်တွေက စိန် အားကိုးလိုက် ရွှေအားကိုးလိုက်၊ ရွှေနဲ့အုတ်ကြီး အားကိုးလိုက် အမျိုးမျိုးအားကိုး နေတာပဲ၊ ဒါတွေက မီးလောင်ပြာကျသွားတဲ့အခါကျတော့ ဦးခင်မောင် အားကိုးဖြစ်သေးရဲ့လား (မဖြစ်ပါဘူး) ရုပ်တရား တွေ အနိစ္စတွေကိုးဗျ (မှန်ပါ့) ရုပ်တရားတွေ အနိစ္စတွေဆိုတော့ အားကိုးလို့ ဖြစ်ကြရဲ့လား (မဖြစ်ပါဘူး)။
အားကိုးရာအစစ် ဘာဖြစ်ပါလိမ့်မလဲ
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ အားကိုးရာအစစ် ယနေ့ ဘာကိုဖြစ်ပါလိမ့်မလဲဆိုတာ မပေါ်သေးဘူးလား (ပေါ်ပါပြီ) ဘာပါလိမ့် (မဂ္ဂပါ ဘုရား)။
ဝိပဿနာမဂ်နော် (မှန်ပါ့) သူကကြီးရင့်လာရင် လောကုတ္တရာမဂ်ဖြစ်ရမယ် (မှန်ပါ့ ဘုရား) ဖြစ်ပုံကလေး ယနေ့တော့ဖြင့် ရှင်းအောင်ပြောပါ့မယ် (မှန်ပါ့) ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာငါးပါးကိုဖြင့် အားမကိုးကြနဲ့ (မှန်ပါ့) ခန္ဓာငါးပါးကိုဖြင့် (အားမကိုးကြနဲ့)။
ခန္ဓာငါးပါးဆိုတော့ ဒကာ ဒကာမတွေ ရှုပ်နေမှာစိုးရိမ်လို့ ခင်ဗျားတို့ အခုထိုင်နေတဲ့ တပြုံလုံး မိမိလူဆိုတဲ့ ခန္ဓာငါးပါးတကိုယ်လုံးပေါ့ဗျာ (မှန်ပါ့) ရုပ်ရော နာမ်ရော သဘောကျကြပလား (ကျပါပြီ) အဲဒါ တခုမှ အားမကိုးပါနဲ့ ရှင်းပလား (ရှင်းပါပြီ)။
ဘာဖြစ်လို့ အားမကိုးပါနဲ့လို့ တိုက်တွန်းရပါသတုန်း ဆိုတော့ အို သဗ္ဗေသင်္ခါရာ အနိစ္စာမို့ မင်းပြုတ်ကျလိမ့်မယ် ဗျာ၊ အားကိုးရင်သွားလိမ့်မယ်၊ မဆိုထိုက်ဘူးလား (ဆိုထိုက်ပါတယ် ဘုရား)။
အဲဒီတော့ အနိစ္စတရား အားကိုးလို့ရှိရင်ဖြင့် ကိုင်း လောကကြီးထဲမှာ မျက်ရည်ကျကြတယ်၊ ရင်ထုရတယ်၊ မြေလူးကြတယ်၊ ကြမ်းခုန်ကြတယ်ဆိုတာ ဒကာ ဒကာမတို့ နဂိုရ်က အားကိုးထားလို့ ဟိုက အနိစ္စဖြစ်လို့ အနိစ္စမကြိုက်လို့ ဖြစ်ရတာ (မှန်ပါ့)။
ဘယ်လိုမှတ်ကြမယ် (အနိစ္စအားကိုးထားလို့ပါ) အနိစ္စမကြိုက်လို့ဖြစ်ရတာ၊ သား လင်ခင်ပွန်းဆုံးသွားတယ်၊ ဦးခင်မောင်ရေ ဒကာမတွေ မငိုကြဘူးလား (ငိုပါတယ် ဘုရား)။
ဘာဖြစ်လို့တုန်းဆိုတော့ အနိစ္စပြလို့ မျက်ရည်ကျတာ (မှန်ပါ့) ဘယ်လိုမှတ်ကြမယ် (အနိစ္စပြလို့ မျက်ရည်ကျ တာပါ)။
ဒီတောင်ကြီးက ပြိုသွားတယ်
ဒါဖြင့် နဂိုရ်က အနိစ္စသိထားတာက မဂ်နဲ့ သိထားတာလား တဏှာဒိဋ္ဌိနဲ့သိတော့ တောင်ကြီးပမာ အားကိုးရာ လုပ်ထားလိုက်တာကိုး (မှန်ပါ့) မလုပ်ပေဘူးလား (လုပ်ပါတယ်) လုပ်ထားတော့ ဒီတောင်ကြီးက ပြိုသွားတယ် (မှန်လှပါ ဘုရား)။
ပြိုသွားတဲ့အခါကျတော့ ကိုယ်ကျိုးနည်းပေါ့ဆိုပြီးသကာလ မဂ်ပေါ်သလား၊ ဒုက္ခဒေါမနဿ ပေါ်သလား (ဒုက္ခ ဒေါမနဿ ပေါ်ပါတယ်)။
အဲဒီတော့ သူ ဒုက္ခ ဒေါမနဿပေါ်တော့ မောင်ထွန်းလှိုင် သူ့သနားရမှာလား၊ နဂိုရ်က အားမကိုးကောင်းတာ အားကိုးလို့ ဖြစ်နေတာလား (အားမကိုးကောင်းတာ အားကိုးလို့ ဖြစ်နေတာပါ ဘုရား)။
ဒါဖြင့် သူ့အလွဲတော်ပုံကြီးပေါ့ (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) မျက်ရည်ကျတဲ့ ပုဂ္ဂိုလ်၏ အားကိုးရာလွဲမှု ကြီးဆိုတာကော သဘောကျပလား (ကျပါပြီ)။
ရှုခံတဲ့တရား တဆယ့်သုံး၊ ရှုဉာဏ်က ငါး
ကောင်းပြီ ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုဝိပဿနာကို မဂ်ဆိုက်အောင် သွားကြဦးစို့၊ ဒါ ဝိပဿနာမဂ်ဘဲ ရှိ သေးတယ်နော် (မှန်ပါ့) ကိုင်း ဒကာ ဒကာမတို့ အရှုခံတဲ့တရား တဆယ့်သုံး၊ ရှုဉာဏ်က ငါး (မှန်ပါ့) အရှုခံတဲ့တရားက (တဆယ့်သုံးပါ ဘုရား) ရှုဉာဏ်က (ငါးပါးပါ ဘုရား)။
ငါးပါးသည် လောကီမဂ်သာ ဖြစ်ပါသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ငါးပါးသည် (လောကီမဂ် သာဖြစ်ပါသေးတယ်) ငါးပါးသည် လောကီမဂ်သာ ဖြစ်ပါသေးတယ်၊ လောကုတ္တရာမဂ်ဖြစ်ပလား (မဖြစ်သေးပါဘူး ဘုရား)။
ဒီဟာကလေး ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်၊ ဖြစ်ပျက်မဂ်နဲ့ ဒကာ ဒကာမတွေ ရှုပါ-ရှုပါနော် (မှန်ပါ့) လောကီမဂ် သာ ဆိုတယ် သူမပါဘဲနဲ့လဲ လောကုတ္တရာမဂ် ဖြစ်ပါ့မလား (မဖြစ်ပါဘူး ဘုရား)။
အားလုံး တရားတပွဲလုံး ဒကာ ဒကာမတို့ လောကီမဂ် ငါးပါးမပါဘဲနဲ့ လောကုတ္တရာမဂ်ဖြစ်သွားတာ ဘယ်သူမှ မရှိဘူး (မှန်ပါ့ ဘုရား) နိဗ္ဗာန်ဝင်တဲ့ ပုဂ္ဂိုလ်တိုင်း မရှိဘူးလို့ ဆုံးဖြတ်ချက်ချစမ်းပါ (မှန်ပါ ဘုရား) သဘောကျပလား (ကျပါပြီ)။
ဒါဖြင့် လောကီမဂ်ဟာ ဘယ်လိုများ ရှစ်ပါးဖြစ်လာပါလိမ့်မလဲ လောကီမဂ်ငါးပါးက လောကုတ္တရာမဂ္ဂင်ရှစ်ပါး ဘယ်လိုများ ဖြစ်လာပါလိမ့်မလဲဆိုတဲ့ မေးခွန်းဟာ မထွက်ဘူးလားဗျာ (ထွက်ပါတယ် ဘုရား) လောကီမဂ်က မဂ္ဂင် ဘယ်နှစ်ပါးပါလိမ့် (ငါးပါးပါ ဘုရား)။
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ သမ္မဝါယာမ သမ္မာသတိ သမ္မာသတိ၊ ဒါ ဘာမဂ်ပါလိမ့် (လောကီမဂ်ပါ) လောကုတ္တရာ မဂ်ကျတော့ ဒီအထဲ သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇီဝ ထည့်လိုက်တော့ ရှစ်ပါးမနေဘူးလား (မှန်ပါ့)။
ငါးက ရှစ်ဖြစ်အောင် ကြိုးစားပါ
အဲဒီတော့ ဒကာ ဒကာမတို့ ငါးက ရှစ်ဖြစ်အောင် ကြိုးစားပါ (မှန်ပါ့ ဘုရား) ပဋ္ဌမ ဘာဖြစ်အောင် လုပ်ရမယ် (ငါးပါးဖြစ်အောင် လုပ်ရပါမယ်) ဒုတိယ ဘာဖြစ်အောင် လုပ်ရမလဲ (ရှစ်ပါးဖြစ်အောင် လုပ်ရပါမယ်)
ဪ ဒါဖြင့် ဒကာ ဒကာမတို့ ငါးပါးက ရှစ်ပါးဖြစ်ရင် သောတာပန်နော် (မှန်ပါ့) ငါးပါးက ရှစ်ပါးဖြစ်ရင် (သောတာပန်ပါ ဘုရား) သောတာပန်ဆိုတာ သေချာပလား (သေချာပါပြီ)။
ကိုင်း ဒါဖြင့် အရှင်ဆန္နရေ တဲ့ သင် သဿတဥစ္ဆေဒလဲ ကွာပြီတဲ့ ဒါတွေ ဒီအတိုင်း ရှုစမ်းပါလို့ အရှင်အာနန္ဒာ က နည်းပေးတာကိုး (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဒါ ဘယ်သူက နည်းပေးတာပါလိမ့် (အရှင်အာနန္ဒာက နည်းပေးတာပါ ဘုရား) ဘယ့်နှယ်ကြောင့် ဒီကျတော့ နည်းပေးပါလိမ့် ဒါတွေ ဖြစ်ပျက်ချည်းရှုပါ၊ ဒါတွေ အနိစ္စချည်းရှုပါ၊ ဒုက္ခချည်းရှုပါ၊ အနတ္တချည်းရှုပါ၊ ဒုက္ခသစ္စာလို့လဲ ရှုပါ ဘယ့်နှယ်ကြောင့် တိုက်တွန်းပါလိမ့်မလဲဆိုတော့ ခုနင်က ပဋိစ္စသမုပ္ပါဒ်ရှင်းအောင် ပြောခဲ့ပြီးပြီ (မှန်ပါ့ ဘုရား)။
အရှင်ဆန္ဒကို အရှင်အာနန္ဒာက ပဋိစ္စသမုပ္ပါဒ် သဿတဥစ္ဆေဒ ခွါပေးခဲ့ပြီးပြီ ဆိုတာကော သဘောပါပလား (ပါပါပြီ) အဲဒီကျတော့မှ ဝိပဿနာ ငါးခုကို အရှုခိုင်းတယ်လို့ ဒကာ ဒကာမတွေ မှတ်လိုက်စမ်းပါနော် (မှန်ပါ့ ဘုရား)။
ကဲ ဒါဖြင့် ဝိပဿနာရှုတော့ ရှုရင်းရှုရင်း ဒကာ ဒကာမတွေ သိပါပြီ၊ ရှုစရာတွေ သိတဲ့အခါကျတော့ တခုပဲ ရှုရမယ်ဆိုတာလဲ မသေချာသေးဘူးလား (သေချာပါတယ် ဘုရား)။
တခု ရှုရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့ စိတ်ကြိုက်စိတ်ရှု၊ ဝေဒနာကြိုက်ရင် (ဝေဒနာရှုရပါမယ်) ရုပ်ကြိုက် ရင် (ရုပ်ရှုရပါမယ်) သစ္စာကြိုက်ရင် (သစ္စာရှုရပါမယ်)။
တပါးပါးကြိုက်ရာရှုပါ
သစ္စာကြိုက်ရင်လဲ သစ္စာရှုတယ်ဆိုတော့ သတိပဋ္ဌာန်လေးပါးထဲက တပါးပါးကြိုက်ရာရှုပါ (မှန်ပါ့) ရှင်းကြပြီနော် (မှန်ပါ့ ရှင်းပါပြီ)။
ကိုင်း ဒါဖြင့် ဘုန်းကြီးက စိတ်ကိုဘဲ သာမန်ပြောနေတဲ့အတွက် စိတ်ကိုပဲ ဒကာ ဒကာမတွေက ရှုပါ့မယ်ဆိုပြီး ရှုလိုက်တဲ့အခါကျတော့ ဘယ်စိတ်ပေါ်ပေါ် ဒကာ ဒကာမတွေက ရှုပေး၊ မဂ္ဂင်ဘယ်နှစ်ပါးနဲ့ရှုရမယ် (ငါးပါးနဲ့ရှုရမယ်) ဘယ်စိတ်ပေါ်ပေါ် မဂ္ဂင်ငါးပါးနဲ့ ရှုပေးလိုက်။
ရှုပေးလိုက်တဲ့အခါကျတော့ ဒကာ ဒကာမတွေ စိတ်တွေသည်ကားလို့ဆိုရင် ပေါ်လိုက်ပျက်လိုက် ဒကာ ဒကာမ တွေက နောက်ကမဂ်နဲ့ ရှုပေးလိုက်ဆိုတော့ ပဋိစ္စသမုပ္ပါဒ် ပြတ်-ပြတ်မသွားဘူးလား (ပြတ်ပါတယ် ဘုရား)။
ပဋိစ္စသမုပ္ပါဒ် ပြတ်တယ်ဆိုတာ သူပြတ်တာလား ငါပြတ်တာလား ဒုက္ခပြတ်တာလား (ဒုက္ခပြတ်တာပါ ဘုရား) အဲ သူပြတ်၊ ငါပြတ်လို့မထည့်နဲ့နော် (မှန်ပါ့) ဘာပြတ်တာပါလိမ့် (ဒုက္ခပြတ်တာပါ ဘုရား) ဒုက္ခပြတ်တယ်။
ဘယ့်နှယ်ကြောင့် ဒုက္ခပြတ်ပါလိမ့်မတုန်းလို့ ဒကာ ဒကာမတွေက မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား) အို ဒုက္ခမြင်လို့ ဒီဒုက္ခကိုမြင်လို့ ဒကာ ဒကာမတွေ နောက်ဒုက္ခပြတ်တယ်၊ ဒုက္ခမြင်တဲ့ပုဂ္ဂိုလ်မှ ဒုက္ခပြတ်တယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပလား) ဒုက္ခမြင်တဲ့ပုဂ္ဂိုလ်မှ (ဒုက္ခပြတ်ပါတယ် ဘုရား)။
အေး ဒါကြောင့် အင်မတန် အရေးကြီးပါတယ်၊ ဒုက္ခမြင်မှဆိုတော့ ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိမှ သမုဒယသစ္စာ နောက်က ပြတ်တာကိုးဗျ (မှန်ပါ့) ဒုက္ခသစ္စာ ပိုင်ပိုင်နိုင်နိုင်သိမှ (သမုဒယသစ္စာ နောက်ကပြတ်ပါတယ် ဘုရား) သမုဒယသစ္စာ နောက်ကပြတ်တယ်ဆိုတာ ကျေနပ်ပလား (ကျေနပ်ပါပြီ)။
ကိုင်း ဒါဖြင့် ကျုပ်တို့က သမုဒယကို အားထုတ်ဖြတ်ရမှာလား ဒုက္ခမြင်မှုတခု ကျုပ်တို့အလုပ်လား (ဒုက္ခမြင်မှု သာ အလုပ်ပါ ဘုရား) ဒုက္ခမြင်မှုအလုပ်သာလျှင် ကျုပ်တို့အလုပ်ဆိုတာ ကျေနပ်ပါပြီနော် (ကျေနပ်ပါပြီ ဘုရား)။
ဒါဖြင့် ခင်ဗျားတို့ ဘယ်ဟာလာလာ ဒုက္ခသစ္စာချည်းမှတ်၊ (မှန်ပါ့) ဒါဖြင့် ဖြစ်ပျက်-မဂ်၊ ဖြစ်ပျက်-မဂ်နဲ့ ခင်ဗျားတို့ ပွားနိုင်သလောက် ပွားစမ်းပါ (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
ဘယ်စိတ်လာလာ လာတဲ့စိတ်ကို ဘယ်လိုဆိုကြမယ် (ဖြစ်ပျက်အနိစ္စပါ ဘုရား) နောက်ကမြင်တဲ့စိတ်ကို (မဂ္ဂပါ ဘုရား) ရှေ့ကပျက်တဲ့စိတ်က (ဖြစ်ပျက်အနိစ္စပါ) အနိစ္စ၊ နောက်က မြင်တာက ဘာတုန်း (မဂ္ဂပါ ဘုရား) ရှေ့ကပျက်တာ က (အနိစ္စပါ) နောက်က မြင်တာက (မဂ္ဂပါ ဘုရား) ဒီလိုချည်း ပွားနေ-ပွားနေ-ပွားနေ သဘောကျပလား (ကျပါပြီ)။
ကိုယ့်စိတ်ကိုယ် ရှုပါ
ပွားတတ်ကြလား (ပွားတတ်ပါပြီ) ကိုယ့်စိတ်ကိုကိုယ်ရှုနော် (မှန်ပါ့) ကိုယ့်စိတ်ကိုယ် ရှုပါ ဒကာ ဒကာမတို့ ကိုယ့်စိတ်ကိုယ်ရှုရင် သူများစိတ်လဲ ဒီလိုပဲဆိုတာ ပေါ်လာပါလိမ့်မယ် (မှန်ပါ့ ဘုရား)။
အဲဒီလို ရှုဖန်များပြီးသကာလ နေတဲ့အခါကျတော့ ဒကာ ဒကာမတွေ ဒီက ပဋိစ္စသမုပ္ပါဒ်က မောင်ကိုတို့ မောင်ထွန်းလှိုင်တို့ နောက်က ပြတ်ပြတ်နေတယ်ဆိုတာ မသေချာလား (သေချာပါတယ် ဘုရား) သေချာသနော် (မှန်ပါ့) ဒါ ရှုလို့ ပြတ်တာနော် (မှန်ပါ့) မရှုရင် (မပြတ်ပါဘူး) မပြတ်ဘူးဆိုတာ သဘောကျကြပလား (ကျပါပြီ)။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီလိုရှုဖန်များလာတော့ ဒီစိတ်ကလေးတွေက ဖြစ်ပျက်-ဖြစ်ပျက်-ဖြစ်ပျက်နဲ့ ရှေ့က ဘယ်စိတ်ကယ်လို့ မဟုတ်တော့ဘူး ဒကာဒကာတို့ ကိုယ့်သန္တာန်ပေါ်တဲ့စိတ်တွေက စိတ်ရယ်လို့ မပြောတော့ဘူး၊ ဖြစ်ပျက်ဒုက္ခသစ္စာချည်း ပြောတော့တယ် (မှန်ပါ့ ဘုရား) ဘယ်လိုပြောမယ် ထင်သလဲ (ဖြစ်ပျက်ဒုက္ခသစ္စာချည်း ပြောပါတယ် ဘုရား)။
ဧဟိပဿိကော=လာပါ ရှုပါ
အဲဒါကြောင့် ဘုန်းကြီးက ခင်ဗျားတို့ မမေ့အောင်လို့ ခင်ဗျားတို့ရထားတဲ့ ပါဠိကလေးနဲ့ ခဏခဏပြောတာနော် (မှန်ပါ့ ဘုရား) သူက ဧဟိပဿိကော=လာပါ ရှုပါလို့ ခေါ်တယ်လို့ မပြောဘူးလား (ပြောပါတယ် ဘုရား) သူက ဘာတဲ့ (ဧဟိပဿိကောပါ ဘုရား) ဧဟိပဿိကော၊ ဧဟိ=လာခဲ့၊ ပဿ=ငါ့ကို ရှုပါ။
ပေါ်တဲ့စိတ်က ဧဟိ=လာခဲ့၊ ပဿ=ရှုပါလို့ ခေါ်တယ်၊ ဘယ်သူပါလိမ့်ဗျာ (ပေါ်တဲ့စိတ်ပါ ဘုရား) ပေါ်တဲ့စိတ်က ဘယ်လိုများ ခေါ်လေ့ရှိပါလိမ့် (ဧဟိပဿိကောလို့ ခေါ်ပါတယ်) လာ-ရှုပါ (မှန်ပါ့) မြန်မာလိုပြန်တော့ (လာရှုပါ) လာ ရှုပါလို့ သူက မခေါ်ဘူးလား (ခေါ်ပါတယ် ဘုရား)။
အဲဒါကို ခင်ဗျားတို့က သူက လာရှုပါလို့ဆိုရင် ခင်ဗျားတို့က သွားဖြစ်အောင်သွားပါ သဘောကျပလား (မှန်ပါ့) ခင်ဗျားတို့က ဘာလုပ်ရမယ် (သွားဖြစ်အောင် သွားရပါမယ်)။
သွားဖြစ်အောင် သွားပါဆိုတော့ သွားဖြစ်အောင် သွားဆိုတဲ့ဥစ္စာက ဒကာ ဒကာမတို့ အရမ်းမသွားနဲ့၊ ဪ ဘာပါလိမ့်မတုန်း ဘယ်လိုဖြစ်နေတာပါလိမ့်မတုန်းလို့ ကိုယ်တိုင်မြင်အောင် သွားပါ (မှန်ပ့ါ) ဒါကြောင့် သန္ဒိဋ္ဌိကောနဲ့ လိုက်ပါ၊ ဘာနဲ့လိုက်ရမယ် (သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ်)။
ကိုယ်တိုင်မြင်အောင်လိုက်ပါ
သန္ဒိဋ္ဌိကော=သာမံ ပဿိတဗ္ဗော ဆိုတဲ့အတိုင်း ကိုယ်တိုင်မြင်အောင်လိုက်ပါ (မှန်ပါ့) ကိုယ်တိုင်မြင်အောင် လိုက်တဲ့အခါကျတော့ မရှိဒုက္ခသစ္စာ တွေ့လိမ့်မယ် (မှန်ပါ့) ဘာတွေ့မယ်ထင်သတုန်း (မရှိဒုက္ခသစ္စာပါ)။
ကဲ ဒါဖြင့် အခေါ်သမားက ဘယ်သူတဲ့ (ဧဟိပဿိကောပါ) အလိုက်သမားက (သန္ဒိဋ္ဌိကောပါ) အခေါ်သမားက (ဧဟိပဿိကောပါ) အလိုက်သမားက (သန္ဒိဋ္ဌိကောပါ) လိုက်သာနေ လိုက်သာနေ လိုက်ပြီးသကာလနေတော့ ဧဟိ=လာခဲ့ ပဿ=ရှုပါလို့ သူကခေါ်တော့ ခေါ်ရာကိုလိုက် လိုက်တဲ့အခါကျတော့မှ မောင်ထွန်းလှိုင်၊ မောင်ကို သူက ခေါ်သာခေါ် တယ် ခေါ်ရင်းဆုတ်သွားတယ် (မှန်ပါ့) မဆုတ်ဘူးလား (ဆုတ်ပါတယ် ဘုရား)။
ဒါဖြင့် အနိစ္စက ခေါ်တာ၊ ဒုက္ခက ခေါ်တာ၊ အနတ္တက ခေါ်တာဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား) သေချာတော့ ဒီက လိုက်-လိုက်တဲ့အခါကျတော့ အနိစ္စတွေ့တယ်၊ ဒုက္ခတွေ့တယ်၊ အနတ္တတွေ့တယ် ဒုက္ခသစ္စာ တွေ့တယ်ဆိုတာ ဖြစ်ရတော့မယ် (မှန်ပါ့ ဘုရား) မဖြစ်ပါနဲ့လို့ ဆိုလို့ရသေးရဲ့လား (မရပါဘူး ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့ကို အင်မတန်ပဲ စေတနာကြီးကြီးနဲ့ ဆရာဘုန်းကြီးက ဟောနေတယ်ဆိုတာလဲ ခင်ဗျားတို့ သိလောက်ပါပြီ (မှန်ပါ့ ဘုရား)။
ဪ ဘယ်များ ရှုရ မှတ်ရပါလိမ့်မတုန်းဆိုတော့ ပေါ်တဲ့စိတ်က ခေါ်လိမ့်မယ်၊ လိုက်တဲ့ဉာဏ်က လိုက်ဖြစ် အောင် လိုက်ပါ (မှန်ပါ့ ဘုရား) ပေါ်တဲ့စိတ်က (ခေါ်လိမ့်မယ်) လိုက်တဲ့ဉာဏ်က (လိုက်ဖြစ်အောင်လိုက်ပါ)။
အဲ လိုက်ဖြစ်အောင် လိုက်ပါဆိုတော့ မခေါ်တဲ့အချိန်ကော ရှိပါသလား (မရှိပါဘူး) မလိုက်မိတဲ့အချိန်က များလိမ့်မယ် (မှန်ပါ့ ဘုရား) အဲဒါ ဘုန်းကြီးက စိုးရိမ်ပါတယ် (မှန်ပါ့)။
ခေါ်တဲ့အချိန်ကတော့ (အမြဲရှိပါတယ်) အချိန်တိုင်းခေါ်မှာပဲ၊ တစိတ်ပြီးတစိတ် ခေါ်မှာပဲ (မှန်ပါ့) ခင်ဗျားတို့က ဘာဖြစ်နေကြသလဲ (မလိုက်မိပါဘူး)။
မလိုက်မိမှာ အင်မတန် စိုးရိမ်တယ်၊ မလိုက်မိတော့ကို ဉာဏ်က မလိုက်မိတော့ တဏှာက ချောင်းနေတာ၊ တဏှာက အရင်လိုက်သွားလိမ့်မယ် (မှန်ပါ့) မလိုက်မိတော့ ဘယ်သူက လိုက်သွားသတုန်း (တဏှာက အရင်လိုက်သွားပါ တယ်)။
တဏှာက လိုက်သွားတော့ ဦးခင်မောင် မနာဘူးလား (နာပါတယ်) တဏှာလိုက်တော့ တဏှာ့အဖော် ဥပါဒါန် က ကျုပ်လဲ လိုက်ခဲ့ဦးမယ် (မှန်ပါ့) ကံကကော (လိုက်ပါတယ်)။
ကျုပ်လိုက်ဦးမယ်ဆိုပြီး သူတို့လိုက်လို့ရှိရင် ခင်ဗျားတို့ သေမည့်သာ ပြင်ပေတော့ ဇာတိ ဇရာ မရဏလမ်း သွားလိမ့်မယ် (မှန်ပါ့) မသွားပေဘူးလား (သွားပါတယ် ဘုရား)။
အဲဒါကြောင့် ခင်ဗျားတို့သည် ခေါ်တဲ့တရားက ဧဟိပဿိကော သဘောကျပလား (မှန်ပါ့) လိုက်တဲ့တရားက (သန္ဒိဋ္ဌိကောပါ ဘုရား)။
ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော လိုက်ပါ
ဒါဖြင့် ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောသာ လိုက်ပါ (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်ရပါမယ် ဒကာ ဒကာမတို့ မေ့ဦးမှာလား (မမေ့ပါဘူး ဘုရား)။
အခု ဒီတွင်မမေ့မှာလား အိမ်ကျအောင် မမေ့မှာလား ဒါလဲ အတော်ချုပ်ရဦးမှာ အတော်ချုပ်ရဦးမှာ။
ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဧဟိပဿိကော ဧဟိပဿိကောဆိုတာတော့ ခင်ဗျားတို့ ဘုရားရှိခိုးနေတာ မေ့လောက်စရာတော့ မရှိပါဘူး ဟင် (မရှိပါဘူး ဘုရား)။
ဪ ဧဟိပဿိကောဆိုတာ ငါတို့သန္တာန် ၁-ပေါ်တာကို ဆိုတာကိုး သဘောကျပလား (မှန်ပါ့) ၁-နံပါတ် ပေါ်လာတာကို ဘာဆိုကြမယ် (ဧဟိပဿိကောပါ ဘုရား) ၂-နံပါတ်နဲ့ လိုက်ရမှာကို ဘာဆိုကြမယ် (သန္ဒိဋ္ဌိကောပါ ဘုရား) အဲ ၁-ကို ၂-နဲ့လိုက် (မှန်ပါ့ ဘုရား) ဘယ်လိုမှာပါလိမ့် (၁-ကို ၂-နဲ့လိုက်) ၁-ကို (၂-နဲ့ လိုက်ရပါမယ်)။
အဲ ၂-နဲ့ လိုက်လိုက်တဲ့အခါကျတော့ သတ္တဝါသန္တာန်မှာ နှစ်စိတ်နဲ့ အသက်ရှင်သလား တစ်စိတ်နဲ့ အသက်ရှင် သလား (တစိတ်နဲ့ အသက်ရှင်ပါတယ်)။
ဒါဖြင့် ၁-ချုပ်ပြီးသကာလ သွားပြီဆိုတော့ ၂-နဲ့ အသက်ရှင်နေတော့ လိုက်တဲ့ဥစ္စာက အသက်ရှင်နေတော့ ဟိုမှာ ဘာသွားတွေ့သတုန်း ဆိုတော့ အနိစ္စတွေ့တယ်၊ ဒုက္ခတွေ့တယ်၊ အနတ္တတွေ့တယ်၊ ဒုက္ခသစ္စာတွေ့တယ်၊ မဆိုနိုင် ဘူးလား (ဆိုနိုင်ပါတယ် ဘုရား) လိုက်တဲ့ပုဂ္ဂိုလ်မှာလေ (မှန်ပါ့) လိုက်တဲ့ပုဂ္ဂိုလ်မှာ ဒါမှတပါး ဘာတွေ့သေးသလဲ (ဘာမှ မတွေ့ပါဘူး)။
အဲဒီတော့မှ ဒကာ ဒကာမတွေက ဪ ဧဟိပဿိကော ခေါ်ရာကို ဘာလိုက်မယ် (သန္ဒိဋ္ဌိကောပါ ဘုရား)။
သန္ဒိဋ္ဌိကော လိုက်တဲ့အခါကျတော့ ဪ ငါတို့ ဘယ်လိုများ အကျိုးပေးပါလိမ့်မလဲဆိုတာ မေးဖို့မလိုဘူးလား (လိုပါတယ် ဘုရား)။
ဝိပဿနာအလုပ်လုပ်တယ်၊ ဆရာဘုန်းကြီးကတော့ သင်လိုက်တယ်၊ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကော လိုက်ပါလို့ဆိုတော့ သန္ဒိဋ္ဌိကောပြီးတော့ ခင်ဗျားတို့ ရွတ်ကြည့် ပါဠိဘာတွေ့မယ် (အကာလိကောပါ ဘုရား)။
အခါမလင့် အကျိုးပေးတယ်
အကာလိကော အခါမလင့် အကျိုးပေးတယ်ဆိုသဖြင့် တဏှာ ဥပါဒါန် ကံတွေ ချုပ်တယ် (မှန်ပါ့) တဏှာ ဥပါဒါန် ကံတွေ ဘယ့်နှယ်တုန်း (ချုပ်သွားပါတယ် ဘုရား)။
ဘာဖြစ်လို့ ချုပ်သတုန်း ဆိုလို့ရှိရင်တော့ ဪ အကာလိကော အခါမလင့် အကျိုးပေးချလိုက်လို့ ခင်ဗျားတို့ သံသရာ ဒုက္ခပေးမည့်တရားတွေ ဦးခင်မောင် ဘယ့်နှယ်ဖြစ်ကုန်သလဲ (အခါမလင့် အကျိုးပေးပါတယ်)။
သံသရာ ဒုက္ခပေးမည့်တရားတွေ ဦးခင်မောင် မချုပ်သေးဘူးလား ချုပ်သလား (ချုပ်ပါတယ် ဘုရား) ပေါ်ပလား (ပေါ်ပါပြီ ဘုရား)။
အဲဒီချုပ်တာ သူများ ခံစားရတာလား (ရှုတဲ့ပုဂ္ဂိုလ်ခံစားရတာပါ) ဒီအကာလိကောကလေ (မှန်ပါ့) မရှုတဲ့ပုဂ္ဂိုလ် မှာ အကာလိကောကို လာရဲ့လား (မလာပါဘူး ဘုရား)။
ဒါဖြင့် ဪ ယနေ့ အရှင်ဆန္န ဒီအတိုင်း ရှုတာနဲ့ ဧဟိပဿိကော ခေါ်ရာကို သန္ဒိဋ္ဌိကောနဲ့ လိုက်တာနဲ့ အကာလိကောဆိုပြီးသကာလ တဏှာ ဥပါဒါန် ကံတွေချုပ်ပြီး ရဟန္တာဖြစ်တယ် (မှန်ပါ့ ဘုရား) တဏှာ ဥပါဒါန် ကံတွေ ချုပ်ပြီးသကာလ (ရဟန္တာဖြစ်ပါတယ် ဘုရား)။
ဖြစ်မှာပဲ ဒကာ ဒကာမတို့ တဲ့၊ နောက်ကျတော့ ရှုဖန်များလာတော့ ဒါကလေးက ရှုစရာကို ရှိသေးရဲ့လား (မရှိပါဘူး ဘုရား) ဟော သင်္ခါရဒုက္ခတွေ ချုပ်သွားတယ်၊ မချုပ်ဘူးလား (ချုပ်ပါတယ် ဘုရား)။
ဟိုက သင်္ခါရဒုက္ခလဲ ချုပ်ပါရော ဒီက မဂ္ဂင်ရှစ်ပါး ဒကာ ဒကာမတွေ ဖြစ်ပါတယ် မဖြစ်သေးဘူးလား (ဖြစ်ပါတယ် ဘုရား)။
အဲဒီတော့ သင်္ခါရဒုက္ခချုပ်ရာ သင်္ခါရတို့၏ ကုန်ရာကို ဒီမဂ္ဂင်က သွားမြင်တယ် (မှန်ပါ့) ဒီသင်္ခါရဖြစ်ပျက် မြင်သေးရဲ့လား (မမြင်ပါဘူး)။
အဲ သူ အရင်တုန်းက ရှုနေတုန်းကတဲ့ သင်္ခါရတို့၏ ကုန်ရာကို ဘယ်တော့မှ မမြင်ဖူးဘူး သူ (မှန်ပါ့) သဘောပါပလား (ပါပါပြီ)။
အခုတော့ ဘယ့်နှယ်ကြောင့် သင်္ခါရကုန်ရာ နိဗ္ဗာန်ကို မြင်ပါလိမ့်မလဲမေးလို့ရှိရင် ဒကာ ဒကာမတွေ ရိပ်မိပလား (ရိပ်မိပါပြီ) ဒိဋ္ဌိခွါပြီးမှ ရှုတဲ့အတွက် နိဗ္ဗာန်ပေါ်လာတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။
နိဗ္ဗာန်ပေါ်လာတယ်
ဒိဋ္ဌိခွါပြီးမှ ရှုတဲ့အတွက် (နိဗ္ဗာန်ပေါ်လာပါတယ် ဘုရား) နိဗ္ဗာန်ပေါ်လာတယ်ဆိုတာ သေချာကြပလား (သေချာ ပါပြီ ဘုရား)။
ဒါဖြင့် ဒကာ ဒကာမတို့ သုံးလုံးထဲပါပဲ ဧဟိပဿိကော ခေါ်ရာကို ဘာလုပ်ရမယ် (သန္ဒိဋ္ဌိကောလိုက်ရမယ်) သန္ဒိဋ္ဌိကောနဲ့ လိုက်လိုက်လို့ရှိရင်ဖြင့် လိုက်တဲ့ပုဂ္ဂိုလ်ကို ဘာအကျိုးပေးသတုန်း (အကာလိကောပါ ဘုရား) အကာလိကော လာတယ်၊ အကာလိကော ဆိုသဖြင့် တဏှာ ဥပါဒါန် ကံ လာသေးရဲ့လား (မလာပါဘူး ဘုရား) မလာလို့ရှိရင် ဇာတိ ဇရာ မရဏတွေကော (မလာပါဘူး ဘုရား)။
ဒါဖြင့် ဇာတိ ဇရာ မရဏ ချုပ်ရာ ဘာခေါ်ကြမယ် (နိဗ္ဗာန်ပါ ဘုရား) ဪ ဒါဖြင့် ဇာတိ ဇရာ မရဏချုပ်ရာ နိဗ္ဗာန်ဆိုတဲ့ဥစ္စာ ဒီနိဗ္ဗာန်ဟာ တခါတည်း အသက်ရှင်တုန်း ဒီဘက်လာပေါ်တယ် (မှန်ပါ့) သဘောကျပလား (မှန်ပါ့ ဘုရား)။
အသက်ရှင်တုန်း သင်္ခါရဒုက္ခတို့ ချုပ်ရာ အသင်္ခတနိဗ္ဗာန်က ဒီမှာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။
ဒါဖြင့် “ဒါဖြင့် မဂ္ဂဿ အာရမ္မဏ ပစ္စယေန ပစ္စယော” နိဗ္ဗာနံ=နိဗ္ဗာန်သည် မဂ္ဂဿ=မဂ္ဂစိတ်အား၊ အာရမ္မဏ ပစ္စယေန=မွေ့လျော်ဘွယ် အာရမ္မဏပစ္စယသတ္တိဖြင့်၊ ပစ္စယော=ကျေးဇူးပြု၏ ဆိုတာကို ကောင်းကောင်းကျေနပ်ပလား (ကျေနပ်ပါပြီ ဘုရား)။
ဒါနဲ့ အရှင်ဆန္န ရဟန္တာဖြစ်တယ်၊ ဒိဋ္ဌိခွါပြီးမှ ရှုတဲ့အတွက် (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ)။
ကိုင်း ယနေ့ ဒီတွင် တော်ကြစို့။
သာဓု သာဓု သာဓု။