10408

မာတိကာသို့

လူမိုက်နဲ့ ပညာရှိခွဲပုံ တရားတော်

ကျေးဇူးတော်ရှင် အမရပူရမြို့ မင်္ဂလာတိုက်ဟောင်း

မိုးကုတ် ဆရာတော်ဘုရား၊ မန္တလေးမြို့

ဦးချစ်ဆွေ ဓမ္မာရုံ၌ ဟောကြားတော်မူသော

လူမိုက်နဲ့ ပညာရှိခွဲပုံ တရားတော်

(၂၀-၂-၆၁)

ဒကာ ဒကာမတို့ မိမိတို့ ခန္ခာကိုယ်ကြီး မနေ့က ပြောထားတယ်၊ မိမိတို့ ခန္ဓာကိုယ်ကြီး အမြဲတမ်း သွားလာနေတဲ့ အလုပ်က သေရွာသွားတယ် ဆိုတဲ့ ဥစ္စာငြင်းစရာ ရှိကြသေးသလား (မရှိပါဘူး ဘုရား)။

မိမိတို့ ခန္ဓာကိုယ်ကြီးသည် ဘယ်ကို အမြဲတမ်း သွားပါလိမ့်မလဲ (သေရွာကိုသွားပါတယ် ဘုရား)။

တားလို့-ဆီးလို့-ကန့်လို့-ကွက်လို့ ရကြပါရဲ့လား (မရပါဘူး ဘုရား) မရဘူးဆိုတာ အထူးသဖြင့် သေချာပြီး သကာလ နေတော့တယ် (မှန်ပါ့)။

ခန္ဓာရတဲ့ ပုဂ္ဂိုလ် အလုပ်

ဒါကြောင့် ဒီခန္ဓာကြီးဟာ ခန္ဓာရတဲ့ပုဂ္ဂိုလ်ဟာ ဒီအလုပ်လမ်းဆုံးတယ်ဆိုတဲ့ ဥစ္စာက ဘာမှ အထူးတလည် စဉ်းစားစရာမလိုပါဘူး (မလိုပါဘူး) မလိုပါဘူး၊ ခန္ဓာရတဲ့ ပုဂ္ဂိုလ် အလုပ်ဟာ အသေသွားတဲ့ အလုပ်ဘဲ (မှန်ပါ့)။

ဒါဖြင့် ဘယ်ခန္ဓာ ဆုတောင်း-ဆုတောင်း ဒကာ ဒကာမတွေ သိတဲ့အတိုင်း ဪ အသေဆုတောင်းပါကလား (မှန်ပါ့) (အသေဆုတောင်းပါတယ် ဘုရား)။

ဪ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ အဖြစ်ကလေးသာ မြင်ပြီးသာလ အပျက်ကို မမြင်တဲ့အတွက် ဆုတောင်း မှားကြီးတွေနဲ့ နေကြတာသည် ဘယ့်နှယ်ကြောင့်ပါလိမ့်မလဲလို့ မေးတော့ အစ-ဇာတိ ဒုက္ခသစ္စာလဲ မသိခဲ့ဘူး၊ အဆုံး မရဏ ဒုက္ခသစ္စာကိုလဲ မသိခဲ့ဘူး။

ဪ သစ္စာမသိတာကြောင့် ဒကာ ဒကာမတွေ အိုရာကို ပြေးလိုက်၊ ပြေးရာမှ သေလိုက်၊ သေပြီးတခါ ထပ်ပြေးလိုက်ဆိုတော့ ကျုပ်တို့ အလုပ်ဟာ ဒါ အမြဲတမ်းအလုပ် ဖြစ်နေပါကလား (မှန်ပ့ါ ဘုရား) သဘောပါကြရဲ့လား (ပါ-ပါတယ် ဘုရား)။

ဒကာ ဒကာမတွေ အလုပ်သည် ဘာများ လုပ်သတုန်း (သေရာသွားတဲ့ အလုပ်ပါ) သေရာသွားတဲ့အလုပ်၊ နို့သေပြီး ပြန်တော့လည်း သေရာတခါထပ်ပြီး ပြေးမှ ပြေးရသေးရဲ့လား (ပြေးရပါမယ် ဘုရား)။

ဒုက္ခသစ္စာကိုမသိလို့

ထပ်ပြေးရတယ်ဆိုတာ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဘယ့်နှယ်ကြောင့် ဒီအလုပ်ကြီး ထပ်ပြန်တလဲလဲ လုပ်ပါလိမ့်မတုန်းလို့ မေးတဲ့အခါကျတော့မှ ပြေးတတ်တဲ့ ဇာတိ ဒုက္ခ သစ္စာကိုလည်းမသိ၊ သေရာဋ္ဌာနရောက်ရတဲ့ မရဏမ္ပိ ဒုက္ခသစ္စာကိုလည်း မသိသောကြောင့် ဪ ဒီသစ္စာနှစ်ခုကို အမှန်အကန်အားဖြင့် မသိကြတဲ့အတွက် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ သေရွာပြေးတဲ့ အလုပ်ကိုဘဲ ထပ်ပြန်တလဲလဲ လုပ်တယ်ဆိုတော့ ရှုးကို ရှုးလွန်းလှတယ် လို့ စွဲချက်တင်ချင်တယ်။(မှန်ပ့ါ) မတင်ထိုက်ကြဘူးလား (တင်ထိုက်ပါတယ် ဘုရား)

အားလုံး ဒကာ ဒကာမတွေ စဉ်းစားပါ၊ ဒီနေ့ သေရွာသွားတဲ့အလုပ်ဟာ အားကျစရာ အလုပ်လား နောက် ဆုတ်စရာအလုပ်လားဆိုတာ စဉ်းစားဘို့ ကောင်းတယ် (နောက်ဆုတ်စရာကောင်းပါ ဘုရား)

သို့သော်လည်း မဆုတ်တတ်ကြဘူး၊ သေရွာသွားတဲ့ အလုပ်သည်ကားလို့ ဆိုလု့ိရှိရင်ဖြင့် လမ်းခွဲမှ ရှိသေးတယ် လို့ တွေးဘူးကြရဲ့လား မေးတဲ့အခါကျလို့ရှိရင် လမ်းခွဲလည်း မရှာတတ်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတာ အသေသွားလိုက်၊ သေပြီး ထပြေးလိုက်-သေလိုက် လမ်းဆုံးနေတယ် (မှန်လှပါ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ သံသရာထဲ တပည့်တော်တို့ဘုရား အမှန်ဖြစ်ပျက်တာ ပြောစမ်းပါဦးလို့ ဘုရားကို ဘဲ ခင်ဗျားတို့ လျှောက်လျှောက်၊ ဆရာဘုန်းကြီးကိုလည်း မေးမေး၊ ဪ မင်းတို့သည်ကား သေရာဋ္ဌာန အရောက်ပြေးတာ မင်းတို့အလုပ်၊ သေတဲ့အလုပ်ဟာလည်း မင်းတို့အလုပ်၊ အဖန်ဖန် သေရတဲ့အလုပ်ကော (တပည့်တော်တို့အလုပ်)။

အဲဒါဘာမသိလို့ ဒီလောက်တောင် ဒီအလုပ်ကို တွင်တွင် ကျယ်ကျယ်ကြီး လုပ်နိုင်ပါလိမ့်မလဲလို့ မေးတော့မှ သစ္စာမသိလို့ (မှန်ပ့ါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား) ဘာမသိလို့ပါလိမ့် (သစ္စာမသိလို့ပါ ဘုရား) ဇာတိပိ ဘာတဲ့ (ဒုက္ခသစ္စာပါ ဘုရား) မရဏမ္ပိ (ဒုက္ခသစ္စာပါ ဘုရား)

မိုက်လွန်းလှတယ်

ဪ ဒကာ ဒကာမတွေ ဒီသစ္စာနှစ်ခု မသိလိုက်တဲ့ဖြစ်တွေလောက် အရုပ်ဆိုး အကျည်းတန်းတဲ့ အလုပ်ကြီး ကို စခန်းသွားနေတာဖြင့် ပြောစရာ ဆိုစရာ မရှိလောက်အောင်ဘဲ မိုက်လွန်းလှတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးလည်း ရောက် ပါတယ်။(ရောက်ပါတယ် ဘုရား)။

လမ်းခွဲမရှာတဲ့ အဖြစ်ကလဲ လမ်းပြတာလည်း ခင်ဗျားတို့က လမ်းပြပေးမဲ့သူ လာပြန်တော့လည်း ဘယ်ချောင် ကပ်နေလို့ ဘယ်လိုနေကြတယ်မသိဘူး၊ လမ်းပြ တွေ့ပြန်တော့လည်း မလိုက်ချင်တဲ့ စိတ်ကလေးတွေကလည်းများနေ ပြန်တော့ ဦးခင်မောင်ရေ အခက်ကြီးကြုံတော့ဘာဘဲ (မှန်လှပါ ဘုရား)။

ဒါကြောင့် ယခုလို သာသနာတွင်း ဆရာသမားတွေ အမျိုးမျိုးအဖုံဖုံ နည်းလမ်းပြပြီးသကာလ နေတဲ့အချိန် မှာ သေရွာ သွားတဲ့အလုပ်ဖြင့် ပျင်းလောက်စရာကောင်းပါပြီ၊ မုန်းလောက်စရာကောင်းပါပြီ၊ ရွံလောက်စရာကောင်းပါ ပြီ သေပြီ-ပြီးကြရဲ့လားဆိုတော့ ဒီနေရာဘဲ မရောက် ရောက်အောင် ပဋိသန္ဓေနေပြီး ထပ်ပြေးရတယ် (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ပဋိသန္ခေနေပြီးပြန်လည်း ဘာလုပ်ပြန်လည်း (ထပြေးရပါတယ်) ထပြေးပြီး ဘာလုပ်ပြန်လည်း (သေရပါတယ်) သေရာကနေပြီးသကာလ ဘာလုပ်ပြန်လည်း (ထပြေးရပါတယ်) ထပြေးပြီးဘာလုပ်ပြန်လည်း (သေရပါတယ်)။

ဪ ဒါကို ကျုပ်တို့ ရိုးရာများ မှတ်နေရင် ခက်သေး (မှန်ပ့ါ ဘုရား)ရိုးရာ မဟုတ်ဘူးလို့ သေသေချာချာ မောင်တို့ကို မှတ်ရလိမ့်မယ် (မှန်လှပါ ဘုရား) ဘယ်လို မှတ်ကြမယ် (ရိုးရာမဟုတ်ပါ ဘုရား)။

ရိုးရာ မဟုတ်တဲ့အကြောင်းကိုလည်း ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူကြတဲ့ မြတ်စွာဘုရားတွေဟာ ဪ သူတို့ဖြင့် လမ်းခွဲတွေ့သွားပြီဆိုတာ ခင်ဗျားတို့ သိကြပါလိမ့်မယ် (မှန်ပါ့ ဘုရား) သိရင် မသွားကြသေးဘူးလား (သွားပါ ပြီ ဘုရား)။

မသေတဲ့အလုပ်ကို ကြိုးစားပါတော့မယ်

အဲ အဲ့ဒီအဖြစ်ကို ကျုပ်တို့သည်ကားလို့ဆိုရင် ယခု သာသနာတွင်းတရားနဲ့ သာသနာတွင်းနာနဲ့ ထောင်လိုက် ပြီးသကာလ ကိုင်း ဆရာပြောတဲ့အလုပ်ကို စိုက်သွင်းပြီးသကာလ မသေရာ မသေတဲ့အလုပ်ကိုသာလျှင် ကြိုးစားပါ တော့မယ်ဆိုတဲ့ စိတ်ဟာ မနေ့က စပြီး ပြောင်းစေချင်တယ်ဆိုတာကိုဖြင့် ဘုန်းကြီးက မေတ္တာရှေ့ထား အကြီးအကျယ် ပြောပါတယ်ဆိုတာ ဦးခင်မောင် သဘောပါပလား (ပါပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ယခု ဒကာ ဒကာမတို့ ဘားများစိုးရိမ်နေကြသေးတုန်း ဆန်းကလေးလည်း အရံသင့်စားကြ ဆီကလေးလည်း အရံသင့်စားကြ၊ သေသွားမိုစိုးလို့ (မှန်ပါ့) ဘယ့်နှယ်ကြောင့် ကျန်းမာရေး လိုက်စား သတုန်း သေသွားမှာဆိုးလို့ (မှန်ပါ့)။

နို မသေတော့ဘူးလားဆိုတော့ သူ့ခန္ဓာထဲ ကျန်းမာရေး လိုက်စားရင်းဘဲ သေတဲ့ဆီ ပြေးနေတာဘဲ (မှန်ပါ့) ကျန်းမာရေး လိုက်စားရင်း (သေတဲ့ဆီ ပြေးနေပါတယ် ဘုရား)။

သေတဲ့ဆီ ပြေးတဲ့အလုပ်ဟာ သူ့ဝတ္တရားဗျ (မှန်ပါ့ ဘုရား) ကျုပ်တို့ လမ်းခွဲရှာဘို့ရာက ဉာဏ်၏ဝတ္တရားဗျ (မှန်ပ့ါ)။

ဒါဖြင့် ခန္ဓာ၏ဝတ္တရားနဲ့ ဉာဏ်၏ဝတ္တရားကို ခွဲခြားပြီးသလာက ယနေ့ ယူကြဦးစို့နော် (မှန်ပါ့ ဘုရား)။

ဉာဏ်၏ဝတ္တရား

ခန္ဓာ၏ဝတ္တရားက သေရွာသွားတဲ့အလုပ်၊ ဉာဏ်၏ဝတ္တရားက အသေရှောင်တဲ့အလုပ် (မှန်ပါ့ ဘုရား) ခန္ဓာ၏ ဝတ္တရားက (သေရွာသွားတဲ့အလုပ်ပါရား) ဉာဏ်၏ဝတ္တရားက (အသေရှောင်တဲ့အလုပ်ပါ ဘုရား)။

သေရာရှောင်တဲ့ အလုပ်ဆိုတာ ဒကာ ဒကာမတွေ သိပြီးသား ဖြစ်နေတဲ့အတွက် ဘုန်းကြီးများက သေရာ ရှောင်တဲ့အလုပ်ဘဲ နည်းပေးဘို့ အချိန်ရောက်လာပြီဆိုတာ ဦးခင်မောင်တို့ မှတ်ရလိမ့်မယ် (မှန်ပ့ါ ဘုရား)။

အဲဒီတော့ ရှေ့ပိုင်းမှာ ဇာဏုသောဏိ ပုဏ္ဏားဆိုတာက စတုက္ကနိပါတ် အဂုၤတုတ္တိုရ်မှာ ဒကာ ဒကာမတွေ ရှေ့ပိုင်းမှာ မဂ္ဂဗြဟ္မစရိယအကျင့် မဟောခင် ဇာဏုသောဏိ ပုဏ္ဏားက ဘုရားမေးလို့ ဘုရားက ဖြေတဲ့အဖြေလေးက ဦးခင်မောင်တို့ ဒကာသစ်တို့ ရှေ့ပိုင်းက မှတ်ကြစမ်းပါဦး (မှန်ပါ့ ဘုရား)။

ဇာဏုသောဏိပုဏ္ဏား

ဇာဏုသောဏိပုဏ္ဏားက ဘုရားသခင် ကိုယ်တော်မြတ်ကြီးမေးလိုက်တယ်၊ တပည့်တော် ဒီလို အယူရှိတယ် ဘုရား၊ လူတွေဟာ သေရမည့် လမ်းခရီးဆိုလို့ရှိရင်ဖြင့် မကြောက်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ တပည့်တော် စိတ်ထဲမှာ တွေး မိတယ် အမှန်ဘဲ။

တပည့်တော် အယူကတော သေမည့်လမ်းခရီးကို မကြောက်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ ယူလေ့ရှိပါတယ်၊ ဒါ အရှင် ဘုရားက ဘယ်လိုအမိန့်ရှိမယ်ဆိုတာ တပည့်တော်ကို သနားသောအားဖြင့် ချီးမြှောက်ပေးပါ။

သူ့အလိုကဖြင့် ရိပ်မိကြပလား (မှန်ပါ့) သေရွာသွားတဲ့ပုဂ္ဂိုလ် သေရတော့မယ်ဆို မကြောက်တဲ့သူ မရှိဘူးတဲ့ သူ ဒီလို အယူရှိထားတယ် (မှန်ပါ့ ဘုရား)။

သေတဲ့ကိစ္စနဲ့ ကြုံရင် ဘယ်လိုတဲ့ (မကြောက်တဲ့သူ မရှိပါဘူး) မကြောက်တဲ့ပုဂ္ဂိုလ်မရှိဘူးလို့ သူ့အယူ ရှိပါ တယ်လို့ သူ ဒီလိုပဲဘဲပြောတယ် (မှန်ပ့ါ)။

ဟ ပုဏ္ဏား ဒီလိုမယူနဲ့ကွ၊ သေရာသွားလို့ ကြောက်တဲ့ပုဂ္ဂိုလ်က တမျိုးကွ၊ မကြောက်တဲ့ပုဂ္ဂိုလ်က တမျိုးကွာ လို့ ဘုရားက နှစ်မျိုးဟောလိုက်တယ်နော် (မှန်ပါ့ ဘုရား) ဘယ်နှစ်မျိုးပါလမ့် (နှစ်မျိုးပါ ဘုရား) နှစ်မျိုးရှိတယ်ဆိုတာ သေချာကြပလား (သေချာပါပြီ)။

သေခါနီးကြောက်သူ မကြောက်သူ

သေခါနီးကြောက်တဲ့ ပုဂ္ဂိုလ်ကော (ရှိပါတယ် ဘုရား) ဪ သေခါနီးမကြောက်တဲ့ပုဂ္ဂိုလ် (ရှိပါတယ် ဘုရား)။

အင်း ဒါဖြင့် ဘုန်းကြီးတို့ဆီမှာ တရားနာလာကြတဲ့ ဘုန်းကြီးများ၏ တပည့်သားမြေးတွေဟာ ဪ ဒို့သည် ကားလို့ဆိုရင် မကြောက်မရွံ့ သေဘို့အလုပ်ဟာ ဒို့တာဝန်ပါကလား (မှန်ပါ့ ဘုရား) ကြောက်ရွံ့ပြီး သေရလို့ ရှိရင်ဖြင့် ဒေါသဇောနဲ့ သေသောကြောင့် တိရစ္ဆာန်ဘုံတို့ ငရဲဘုံတို့ဘဲ ဦးခင်မောင် ရောက်ရလိမ့်မယ် (မှန်ပါ့ ဘုရား)။

ဒါဖြင့် ကျုပ်တို့ သေရာတော့ ကြုံကြရတော့မယ် (မှန်ပါ့) ခန္ဓာကြီး သွားနေလို့ မောင်တို့ကို ရပ်လို့ ဆွဲလို့ ရရဲ့လားဟေ့ (မရပါဘူး ဘုရား)။

အဲဒါ မရတဲ့အထဲမှာဘဲ ဘုန်းကြီးက ဒီနေရာ သင်ပေးဘို့ရာကွာ ဒီခန္ဓာတော့ဖြင့် မင်းတို့က ဝိပါကဝဋ် ဖြစ်နေလို့ မချွတ်တော့ သေရာမှာဘဲ (မှန်ပါ့) ဝိပါကဝဋ်တော့ မတားနိုင်ဘဲကို (မှန်ပါ့) ဘုရားကော တားနိုင်ပ့ါမလား (မတားနိုင်ပါ ဘုရား)။

သို့သော် ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်း ဘုန်းကြီးတို့က ကူညီရမည့် ဝတ္တရားက ဘာရှိသလဲလို့မေးတော့ ကိုမြရွှေတို့ ဦးဇံရင်တို့ မကြောက်ဘို့နည်းကိုပေးဘို့ အရေးကြီးတယ် (မှန်လှပါ ဘုရား)။

တွေ့ရမှာတော့ဖြင့် (သေချာပါတယ် ဘုရား) ဘာအလိုရှိပါလိမ့် (မကြောက်တဲ့နည်းပါ ဘုရား)။

မကြောက်တဲ့နည်း အရေးကြီးတယ်ဆိုတော့ ဘုရားကလည်း ဇာဏုသောဏိပုဏ္ဏားက မေးလို့ သေခါနီး ကြောက်တဲ့ပုဂ္ဂိုလ်၊ မကြောက်တဲ့ပုဂ္ဂိုလ် နှစ်မျိုးရှိတယ်ကွလို့ ဘုရားက ဟောခဲ့တယ်၊ ပုဏ္ဏာကတော့ ကြောက်တဲ့ပုဂ္ဂိုလ် တစ်ယောက်တည်းပဲ ဒီလိုယူလိုက်တယ်နော် (မှန်ပါ့)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ကျုပ်တို့ကော ဒီလမ်းနဲ့ ဒီစခန်း မလွဲသာ လှမ်းရတော့မယ်ဆိုတဲ့ ဥစ္စာကိုလည်း ကိုမြရွှေတို့ငြင်းဘို့ လိုလေးသလား (မလိုပါဘူး ဘုရား)။

မကြောက်တဲ့ အလုပ်

ဒီလမ်းဘဲ သွားနေကြတယ်ဆိုတော့ ကျုပ်တို့မှာ အခု ဆရာဘုန်းကြီး အကူအညီ ယူပြီးသကာလ ကိုယ့်ကိုယ် တိုင် အလုပ်လုပ်ရမှာကဖြင့် မကြောက်တဲ့ အလုပ်ဟာ အရေးအကြီးဆုံးပဲ (မှန်လှပါ့ ဘုရား) ဘာအရေးကြီးပါလိမ့် (မကြောက်တဲ့ အလုပ် အရေးကြီးပါတယ်)။

အို သေရာသွားမှာတော့ဖြင့် အားလုံးပဲ သွားနေကြတာဘဲ၊ ရပ်လို့ကို ဆီးလို့ကို တန့်လို့ကို မရဘူးဆိုတာ ဧကန်သိတယ်သိ ဖြစ်ပြီးသကာလနေတော့ မကြောက်တဲ့ နည်းသည်တားလို့ ဆိုလို့ရှိရင်ဖြင့် ဦးခင်မောင် အကောင်း ဆုံးနည်းပဲ (မှန်လှပါ) ဘာပါလိမ့် (အကောင်းဆုံးနည်းပါ ဘုရား)။

ကောင်းပါပြီ ဒါဖြင့် ဒကာ ဒကာမတို့၊ ပုဏ္ဏား မင်း သေသေချာချာ မှတ်ကွ၊ သေရွာသွားပြီး ကြောက်တတ်တဲ့ ပုဂ္ဂိုလ်ဟာ လေးမျိုးရှိတယ်ကွ ဆိုတော့ လေးပုံ-ပုံပြလိုက်တယ်၊ ဒကာ ဒကာမတို့ ဘယ်နှစ်မျိုးတဲ့တုန်း (လေးမျိုးပါ ဘုရား)။

လေးမျိုးရှိတယ်တဲ့ သေခါနီး ကြောက်တဲ့ ပုဂ္ဂိုလ်က လေးမျိုးရှိတယ်ကွ ဆိုသဖြင့် မကြောက်တဲ့ပုဂ္ဂိုလ်ကလဲ ထို့အတူပေါ့ဗျာ၊ လေးမျိုးပဲ ရှိရတော့မယ်ဆိုတာ ဒကာ ဒကာမတွေ ရှင်းလို့လင်းလို့ပေါလေ့ (မှန်ပါ့ ဘုရား)။

ကိုင်း ဒါဖြင့် သေခါနီး ကြောက်တဲ့ပုဂ္ဂိုလ်ဟာ ဘာတုန်းလို့ မေးတဲ့အခါကျတော့မှ ငါဘုရား သေသေချာချာ ဟောမယ်၊ ဇာဏုသောဏိပုဏ္ဏား သေသေချာချာ နားထောင်ကွဆိုပြီးသကာလ ကြောက်တဲ့ပုဂ္ဂိုလ်က ဒကာ ဒကာမတို့ သားနဲ့သမီး ပစ္စည်းနဲ့နေတဲ့ ပုဂ္ဂိုလ်များသည် သားသမီးပစ္စည်းအပေါ်၌ အပ-ပစ္စည်းတွေပေါ့ဗျာ (မှန်ပါ့) အဲဒီလို ခင်မင်ပြီးနေတဲ့ ပုဂ္ဂိုလ်များကျတော့ တရားကလည်း ဝိပဿနာအလုပ်က လုပ်မထားတော့ မောင်တို့ရေ ခက်လာတယ်နော် (မှန်ပါ့)။

(၁)သာသမီးနဲ့ပစ္စည်း ခင်တွယ်တဲ့ ပုဂ္ဂိုလ်

တရားက ဝိပဿနာ အလုပ်-မလုပ်ထားတော့ ဒီဟာတွေ အနိစ္စပါကလား၊ ဒုက္ခပါကလား၊ အနတ္တပါကလား ဒုက္ခသစ္စာတွေပါကလား၊ ဝိပရိဏာမ လက္ခဏာတွေပါကလား အစရှိသည့် မလာတော့ ဪ ငါရှာထားတဲ့ပစ္စည်း ငါမွေးထားတဲ့ သားသမီးနဲ့ ငါဖြင့် ခွါရတော့မှာဘဲ ဆိုပြီးသကာလ သေခါနီးကျတော့ သာသမီးနဲ့ပစ္စည်း ခင်တွယ်တဲ့ ပုဂ္ဂိုလ်များလည်း ကြောက်ပြီးသေတာပဲ (မှန်ပါ့ ဘုရား)။

ဦးခင်မောင်လည်း ဘာတဲ့ သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ ပုဂ္ဂိုလ်များ (ကြောက်ပြီးသေပါတယ်) ကြောက်သေ တဲ့ပုဂ္ဂိုလ်တယောက်နော် (မှန်ပါ့ ဘုရား) ဒါတစ်မျိုးလို့ ဒကာ ဒကာတွေ မှတ်ထားပါ။

အဲဒီတော့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေဟာ ခန္ဓာ၊ နာမ်၊ ရုပ်-လုပ်မထားလို့ရှိရင် နည်းရချည်းရဲ့ဆိုတာ ပေါ်ကျပြီ (ပေါ်ပါပြီ) ဒီဟာတွေလည်း ခန္ဓာတွေပဲ မဟုတ်လား (မှန်ပါ့) သားသမီးနဲ့ ပစ္စည်းဆိုတာတွေလဲ ခန္ဓာငါးပါး တွေပဲ (မှန်ပါ့)။

ဒါတွေ ဝိပဿနာဉာဏ်နဲ့ ထိုးထိုးသွင်းသွင်းနဲ့ ဪ ဒါတွေသည်ကားလို့ ဆိုလို့ရှိရင် အနိစ္စ၊ ကိုယ့်ခန္ဓာကိုလည်း အနိစ္စ၊ အနိစ္စ-အနိစ္စချင်း မည်သည့်နည်းနှင့်မှ မကယ်နိုင် မယူနိုင်တဲ့သဘော အနိစ္စသဘောမို့ အနိစ္စပြောတာပဲလို့ ဆိုလို့ရှိရင် အရှင်းသား အလင်းသားပေါ့ဗျာ (မှန်ပါ့)။

ခုတော့ ဒီလို မရှင်းမလင်းနိုင်ပဲနဲ့ တရားထူး တရားမြတ်တွေမနာဘူး၊ ကိုယ်ရှားထားတဲ့ သားသမီးနဲ့ ပစ္စည်းကို နောက်ဆုံးပိတ် အခွဲကြီး ခွဲရတော့မယ်ဆိုတဲ့ အခါကျတော့ ဒီလမ်းကလည်း မလွဲသာတဲ့လမ်းဖြစ်တော့ သူ့စိတ်ထဲမှာတဲ့ ဒါတွေ ခင်တွယ်မှုကြောင့်ဦးခင်မောင် ကြောက်လာတယ် (မှန်ပ့ါ ဘုရား)။

ဒါဖြင့် သားသမီးနဲ့ ပစ္စည်းခင်တွယ်တဲ့ ပုဂ္ဂိုလ်များဟာလည်း ဒကာ ဒကာမတွေ သေခါနီးဘာဖြစ်ပါလိမ့် (ကြေပါတယ် ဘုရား) ဟော ၁ နံပါတ်(မှန်ပါ့ ဘုရား)။

ဒါဖြင့် အလုပ်တရားဟော အားလုံး ဒကာ ဒကာမတွေ အင်မတန် အရေးကြီးပေါ့ဆိုတာ မှတ်ရလိမ့်မယ် (မှန်ပါ့)။

အလုပ်တရားမှတပါး ကယ်မည့်ယူမည့်လူဖြင့် ရှားမှ-ရှားထဲက ဖြစ်နေပြီဆိုတာဖြင့် ဘာမှသံသယရှိဘို့ မလိုတော့ပါဘူး (မလိုပါဘူး ဘုရား) လိုသေရဲ့လား (မလိုပါဘူး)။

ကြပ်ကြပ်စဉ်းစားကြပါ၊ ဒါ ဘုရားက သေသေချာချာဟောလို့ ဘုန်းကြီးက အင်မတန် ပြောနေရတယ် ဆိုတာ ကိုလည်း ဒကာ ဒကာမတွေ ဂရုစိုက်နားထောင်ပါ၊ တွေ့ရမည့်လမ်းကို ရှောင်ပြီးသကာလ တွေးလိုက်လို့ရှိရင် တိရစ္ဆာန် နဲ့ ငရဲသွားကြရလိမ့်မယ် (မှန်ပါ့) မသွားရပေဘူးလား (သွားရမှာပါ)။

အဲဒီတော့ ကြောက်နေရင်းနဲ့ မတ္တနဲ့ ဦးခင်မောင်ရေ ကမ္မနိမိတ်တွေက ထင်လာတယ် (မှန်လှပါ) ငရဲမီးတွေ ငရဲမီးလျှံတွေ တောင်ကြီးတွေ ချောက်ကြီးတွေ ကြားကြီးတွေလဲ မောင်ကိုထင်လာတယ် (မှန်ပါ့ ဘုရား)။

ထင်လာတဲ့အခါကျလို့ရှိရင် ဒီကြောက်စိတ်ကြောင့်ဘဲ ပိုပြီးထင်လာတော့ ဖြတ်ဆုစုတ်ပြီး ပဋိသန္ဓေပါ တခါ တည်း ငရဲအိုးထဲမယ် ပဋိသန္ဓေရောက်သွားတယ်၊ (မှန်ပါ့) တောင်ချောက်ကြီးထဲမှာ ပြိတ္တာကြီးရင်လဲ ဥပပတ် ပဋိသန္ဓေကြီး သွားဖြစ်လိုက်တယ်၊ ဒါကြောက်သေတဲ့ ပုဂ္ဂိုလ်၏ လမ်းစဉ်(မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီး ဘုရား)။

သားသမီးနဲ့ ပစ္စည်းမစွန့်နိုင်လို့ ကြောက်တာ

သေခါနီးကြောက်ကြတာလည်း ကြောက်ချင်လို့ ကြောက်တာလား သားသမီးနဲ့ ပစ္စည်းမစွန့်နိုင်လို့ ကြောက် တာလား (သားသမီးနဲ့ပစ္စည်းမစွန့်နိုင်လို့ကြောက်တာပါ ဘုရား)။

မှတ်ထားလိုက်-မှတ်ထားလိုက် ဪ ဒါတွေ ရန်သူတွေပါကလား (မှန်ပါ့) ရန်သူတွေပါကလား ထင်းတုံံး တွေပါကလားဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ)။

ဒါတွေ ဘာတရားတွေပါလိမ့် (ရန်သူတွေ ထင်းတုံးတွေပါ ဘုရား) ထင်းတုံးတွေဆိုတာ သေချာကြပလား (သေချာပါပြီ)။

ဒီဘဝက လူ့ဘဝကနေပြီးသကာလ ငရဲ တိရစ္ဆာန်ဘဝ ဆင်းရတယ်ဆိုတော့ မောင်ကိုရေ ထင်းတုံးကျတယ် (မှန်ပါ့) ဒကာ ဒကာမတွေ ဘာကျပါလိမ့် (ထင်းတုံးကျပါတယ် ဘုရား)။

ထင်းတုံး အင်မတန် ကျသောကြောင့် ဪ ဒါ စောစောစီးစီးဘုရားဟောတဲ့အတိုင်း ဆရာဘုန်းကြီးပေးတဲ့ နည်းနဲ့ ဒါတွေ အစောကြီး ကာကွယ်ထားရမည့် အလုပ်တွေပါကလား ဆိုတာကိုလည်း အလုပ်တရားကို မဟောမီ ဒီဥစ္စာ သိနှင့်ထားဘို့လည်း အရေးမကြီးကြဘူးလား (ကြီးပါတယ် ဘုရား)။

(၂)ကိုယ့်ခန္ဓာကြီး ကိုယ်ခင်နေတဲ့ ပုဂ္ဂိုလ်

ကိုင်း တခါ ဒုတိယအချက်က သားသမီးနဲ့ပစ္စည်း ခင်မိလို့ကြောက်ပြီး ဒုတိယအချက်က ကိုယ့်ခန္ဓာကြီး ကိုယ်ခင်နေတဲ့ ပုဂ္ဂိုလ်များဆိုတော့လည်း ဒါကြောက်ပြီး သေရလိမ့်မကွ ပုဏ္ဏားရလို့ ဘုရားက ဟောပြန်တယ် (မှန်ပါ့ ဘုရား) ခင်နေပြန်တော့လည် ကြောက်ပြီးသေရလိမ့်မယ်)။

ဒီခန္ဓာကိုယ်ကြီးနဲ့ ခွဲရတော့မယ်၊ ဒီခန္ဓာကိုယ်ကြီး ခလုတ်မထိ ဆူးမငြိပါစေနဲ့ဆိုပြီး အထွဋ်အမြတ်ထားတဲ့ ခန္ဓာကိုယ်ကြီးနဲ့ ဒီတခါဖြင့် နောက်ဆုံးပိတ် ခွဲရတော့မယ်ဆိုပြီးသကာလ ခန္ဓာခင်တွယ်တဲ့ တဏှာနဲ့နေတော့ သေခါနီး မှာ ခွဲချင်တော့ ကြောက်လန့်ပြီးသကာလ လာတာပေ့ါဗျာ (မှန်ပ့ါ ဘုရား) မလာပေဘူလား (လာပါတယ် ဘုရား)။

အဲဒီ ကြောက်လန့်နေတုန်းပဲ တခါတည်း ခုနင်က ငရဲထိန်းတို့ ငရဲမီးလျှံတို့ ထင်လာပြန်ရော၊ ထင်လာရင် အဲဒီ သွားပြီ ဦးခင်မောင်ရေ (မှန်ပါ့) ဂတိနိမိတ်ထင်ရာကို သွားရမှာကိုး (မှန်ပါ့ ဘုရား) ဂတိနိမိတ်ထင်ရာကို (သွားရမှာပါ ဘုရား)။

ဪ ဒါဖြင့် ခန္ဓာခင်တဲ့သဘောဟာလဲ အတော်ဆိုးဝါးပါကလားဆိုလဲ ပေါ်လာကြပြီ (ပေါ်လာပါပြီ ဘုရား)။

ကိုင်း ဒါဖြင့် ၂ နံပါတ်ပြီးသွားပြီး (မှန်ပါ့ ဘုရား) ၃နံပါတ်ကလေး ဒကာ ဒကာမတွေ စဉ်းစားစမ်းပါတဲ့။

(၃)ကုက္ကုစ္စတွေ ဖြစ်လာတဲ့ ပုဂ္ဂိုလ်

၃ နံပါတ်က ဘယ်လိုတန်းလို့ မေးတဲ့အခါကျတော့ ငါသည် ကုသိုလ်ဓမ္မတွေတော့ မလုပ်သေးဘူး၊ အကုသိုလ် ဓမ္မတွေတော့ သားရေ၊ သမီးရေ၊ စီးပွားရေးကျတော့ ငါ့မှာ မှိုပေါက်လို့ လုပ်ထားတာတွေ၊ ကုသိုလ်ကတော့ မလုပ် ရ သေး၊ အကုသိုလ်တွေကတော့ မှိုပေါက်နေပါပေါ့လားဆိုတဲ့ ကုက္ကုစ္စတွေ မလာဘူးလား (လာပါတယ် ဘုရား)။

အဲဒီ ကုက္ကုစ္စတွေ ဖြစ်လာတဲ့ ပုဂ္ဂိုလ်လည်း သေခါနီး ကြောက်လာတာပဲ (မှန်ပါ့ ဘုရား) သဘောကျပလား (ကျပါပြီ) ကုသိုလ်ကတော့ ဘာတဲ့ (မလုပ်ရသေးပါဘူး) အကုသိုလ်တွေကတော့ မှိုပေါက်လို့ (မှန်ပါ့)။

အင်း ဟင် ဒီလိုဖြစ်ပြီးသကာလ လာပြန်တော့လည်း ဒကာ ဒကာမတို့ ကြောက်လုံးသန်းပြီးသကာလ ခုနင် က ငရဲ၊ တိရစ္ဆာန်အပါယ်လေးပါးထဲ မရောက်ပေးဘူးလား (ရောက်ပါတယ် ဘုရား)။

ဪ ဒီပုဂ္ဂိုလ်ဟာ ကြောက်သေးတယ်ကွ ပုဏ္ဏားရ သေသေချာချာ မှတ်ထားလို့ ဘုရားက ဟောလိုက်တယ်၊ (မှန်ပါ့ ဘုရား) ဘယ်နှစ်ချက်ရှိသွားပါလိမ့် (သုံးချက်ရှိသွားပါပြီ ဘုရား) သုံးချက်ရှိသွားပြီ ဒကာ ဒကာမတို့ရှင်းပြီးနော် (မှန်ပါ့ရှင်းပါပြီ)။

စတုတ္ထပုဂ္ဂိုလ်ကတောကိုတဲ့ ဒကာ ဒကာမတို့ ခန္ဓာကိုယ်ကြီးကို ဘုရားရှင်ဟောတော်မူသည့်အတိုင်း ခုဘုန်း ကြီးက ဟောနေတယ်၊ ဆရာ၊ ဆရာမတွေလည်း အမျိုးမျိုးဟောနေတယ်၊ ခန္ဓာကိုယ်ကြီးက ပဋိစ္စသမုပ္ပါဒ် ဒေသနာတော် ကြီးဟာက ခန္ဓာဖြစ်စဉ်ဆိုတဲ့ ဥစ္စာက အားလုံးသိပြီးသားဘဲနော် (မှန်ပါ့)။

အဲဒီ ခန္ဓာဖြစ်စဉ်ကြီးကို မသိတော့ ခန္ဓာဖြစ်စဉ်ဆိုတာ တခုချုပ်ပြီး တခုဖြစ်တာပဲမဟုတ်လား (မှန်ပါ့)

(၄)ယုံမှားသံသယ ဝိစိကိစ္ဆာရှိတဲ့ပုဂ္ဂိုလ်

အဲဒီ တခုချုပ်ပြီး တခုဖြစ်တဲ့ဖြစ်စဉ်ကြီး မသိတော့ သူ့မှာ ယုံမှားသံသယ ဝိစိကိစ္ဆာရှိတယ်၊ ဪ ငါတော့ သေတာ့သေရမှာပဲ၊ သေပြီး ငါ ဘာဖြစ်ဦးမှာပါလိမ့် ဆိုတဲ့ ယုံမှားမှုဝိစိကိစ္ဆာကလဲ မရှိဘူးလား (ရှိပါတယ် ဘုရား) ခန္ဓာဖြစ်စဉ် သူနားလည်သလား (မလည်ပါဘုရား ဘုရား)။

ဖြစ်စဉ် နားမလည်တဲ့အတွက် ဒကာ ဒကာမတို့ ယုံမှားသံသယ ဝိစိကိစ္ဆာကြီး ရှိပြီးသကာလနေတော့ သေခါ နီးမှာ ဦးခင်မောင် ကြောက်တယ် (မှန်လှပါ) ဝိစိကိစ္ဆာရှိရင်လည်း ဘာတုန်း (ကြောက်ပါတယ်)။

အဲဒီ ကြောက်သေပြန်တော့လည်း အပါယ်လေးပါးမှတပါး တခြား သွားစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)

အဲ ဒီအချက်နဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်များ စတုက္ကနိပါတ် အင်္ဂတုတ္တိုရ်မှာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက ဇာဏုသောဏီ ပုဏ္ဏားက မေးလို့ ဖြေလုံးလေးခုထွက်လာတယ်ဆိုတာ သဘောကျပလား (ကျပါပြီ ဘုရား)။

ကောင်းပါပြီ ဒါဖြင့် သားသမီးနဲ့ ပစ္စည်းခင်တဲ့ ပုဂ္ဂိုလ်လည်း သေခါနီး ဘာဖြစ်တတ်သလည်း (ကြောက်ပါတယ် ဘုရား)။

ခန္ဓာ ခင်တဲ့ ပုဂ္ဂိုလ် (ကြောက်ပါတယ် ဘုရား)။

ပြုအပ်ပြီးသော ကုသိုလ်က မရှိ အကုသိုလ်တွေက ရှိနေပြန်ရင်လည်း (ကြောက်ပါတယ် ဘုရား)။

ပဋိစ္စသမုပ္ပါဒ်ကြီးကို နားမလည်ပဲနဲ့ ဝိစိကိစ္ဆာရှိနေရင်လည်း (ကြေက်ပါတယ် ဘုရား)။

သေခါနီး ကြောက်တယ်ဆိုတာ ဒီလေးယောက် အားလုံး ဒကာ ဒကာမတွေ ဘယ်သွားမယ်ဆိုတာ သိကြ ပလား (သိပါတယ် ဘုရား) အပါယ်လေးပါးချည်း သွားရမယ်ဆိုတာ မသေချာဘူးလား(သေချာပါတယ် ဘုရား)။

မကြောက်တဲ့ ပုဂ္ဂိုလ်

အေး ဒါဖြင့် မကြောက်တဲ့ ပုဂ္ဂိုလ်ကို ဒကာ ဒကာမတွေ ရှင်းကြလင်းကြပါစို့ဆိုတော့ ကိုယ့်ရေးဟာ နောက် တရားလို့ မှတ်ကြပေတော့ (မှန်ပါ့) ဘာပါလိမ့် (ကိုယ့်အရေးဟာ နောက်တရားပါ ဘုရား)။

ကိုယ့်အရေးဟာ အခုနောက်ပြောမည့် တရားဟာ ဒကာ ဒကာမတွေ၏ ကိုယ်ပိုင်လုပ်ရမည့် အရေးဆိုတာ သေချာပလား (သေချာပါပြီ)။

အေး ဒါကြောင့် ဆရာဘုန်းကြီးကလည်း အကြီးအကျယ် တိုက်တွန်း ဒကာ ဒကာမတွေလည်း ဒီလမ်း သွား ရမှာဖြစ်နေတော့ ကြောက်သေကြီးနဲ့ သေရတော့မယ်ဆိုလို့ရှိရင်ဖြင့် ကိုယ်ကျိုးနည်းရချည်းရဲ့၊ ဒီကိုယ့်ကျိုးနည်းတာကို ဒီဘဝ ဇာတ်သိမ်းကြရအောင်ဆိုပြီးသကာလ ဘုန်းကြီးများကလည်း ပြောလို့ ဒကာ ဒကာမတွေကလည်း လေးလေး စားစား ကျင့်ကြကြံကြ မှတ်ကြ ဒီလိုဆိုလို့ရှိရင်ဖြင့် ဒီအချိန် အကောင်းဆုံး အချိန်ပဲလို့ဆိုရင် မောင်ကို လွဲပါ့မလား (မလွဲပါဘူး ဘုရား)

အေး ဒါကြောင့် ဦးဝတို့ အရေးတကြီးကြီးပါတယ်ဆိုတာ မပေါ်လာသေးဘူးလား (ပေါ်လာပါတယ် ဘုရား)။

မတွေ့ရမည့်လမ်း၊ မကြုံရမည့်လမ်း၊ မဆုံရမည့်လမ်းကော ဆိုစရာ ရှိကြရဲ့လား (မရှိပါဘူး ဘုရား) ပျက်ကြုံ ဆုံရမည့်လမ်းဆိုတာ မသေချာလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ဘုန်းကြီးက ပြောပါတယ် ဒကာ ဒကာမတို့ သားသမီးနဲ့ ပစ္စည်းကိုလည်း ဝိပဿနာ ဉာဏ်တင်နိုင်မှပဲ ရမယ် (မှန်လှပါ ဘုရား) မရပေဘူးလား (ရပါတယ် ဘုရား)။

ကောင်းပြီး ခန္ဓာကော (ဝိပဿနာတင်လို့ရပါတယ် ဘုရား) ဝိပဿနာဉာဏ်တင်ထားတော့ ဒီသံသယ ကုက္ကုစ္စ က အထူးလာစရာ မြင်သေးလား (မမြင်ပါဘူး)။

မမြင်သေးဘူးဆိုတဲ့ ဒီလို သံသယ ကုက္ကုစ္စပြုထားတဲ့ ဝိပဿနာဉာဏ်ကိုက ဒီထက်ကြီးတဲ့ ကုသိုလ် ရှိသေး ရဲ့လား (မရှိပါဘူး ဘုရား) သူထက်ကြီးတာ မဂ် ကုသိုလ်ပဲ ရှိတော့တယ်ဆိုတာ သေချာပလား (သေချာပါပြီ ဘုရား)။

ဝိပဿနာလုပ်ထားတဲ့ ပုဂ္ဂိုလ်

ကိုင်း ဒါဖြင့် ဝိပဿနာလုပ်ထားတဲ့ ပုဂ္ဂိုလ်ကျတော့ ဆရာဘုန်းကြီးကလည်း နေ့တိုင်းလိုလိုပဲ ပဋိစ္စသမုပ္ပါဒ် ခန္ဓာစဉ်ကြီးပြပြီးသကာလ နေတော့ ဪ တခုချုပ် တခုဖြစ်၊ တခုဖြစ် တခုပျက်ပဲဆိုပြီး သလကာ သိနေတော့ သေ တာလည်း အထူး လာမှတ်တယ် ဪ ရှေ့စိတ်ချုပ်ပြီး နောက်စိတ်မပေါ်လာတာ ဆိုတာကိုး (မှန်ပါ့) သေတာ ဘာပါလိမ့် (ရှေ့စိတ်ချုပ်ပြီး နောက်စိတ်မပေါ်တာပါ ဘုရား)။

အဲ့ဒါ ခင်ဗျားတို့ အသေဆိုတာ ထူးထူးခြားခြားလား အောက်မေ့နေတော့ ရှေ့စိတ်ချုပ်ပြီး နောက်စိတ်မလာတာ ဘာခေါ်ကြမယ် (သေတာပါ ဘုရား)။

ဒါဖြင့် စွဲစွဲမြဲမြဲမြင်ထားလို့ရှိရင် ဒီလေးချက် လွတ်မယ် (မှန်ပါ့ ဘုရား) ကြောက်သေ လွတ်ပါလိမ့်မယ် ဒကာ ဒကာမတို့ (မှန်ပါ့) သဘောပါကြလား (ပါ-ပါပြီ)။

ဒါဖြင့် ရှေ့စိတ်သေတာကို နောက်စိတ်နဲ့ မြင်လို့ရှိရင်ဖြင့် ၁ နံပါတ်ကလည်း မလွတ်ပေဘူးလား (လွတ်ပါတယ်) ၂ နံပါတ် (လွတ်ပါတယ်) ၃ နံပါတ် (လွတ်ပါတယ်) ၄ နံပါတ် (လွတ်ပါတယ်)။

ဪ ဒါကြောင့် ဒကာ ဒကာမတို့ ကိုယ့်အသေစောကြီးက မြင်ထားတဲ့ ပုဂ္ဂိုလ်ဟာ ရိုးရာကပါကလား ဆိုတာ သေခါနီးလည်း မလာပေဘူးလား (လာပါတယ် ဘုရား) ကိုယ့်အသေအစောကြီးမြင်ထားတဲ့ ပုဂ္ဂိုလ်အတွက်မှာ ဖြင့် ဒီလေးခုနဲ့ အကုန်ကြောက်မှာပဲ (ကြောက်ပါတယ် ဘုရား) မကြောက်ပေဘူးလား (ကြောက်ပါတယ် ဘုရား)။

ကိုယ့်အသေ ကိုယ်ကြည့်တာ ဝိပဿနာ

ဒါကြောင့် ဝိပဿနာဆိုတာ ဘာပါလိမ့်မလဲလို့ မေးတော့မှ ဒကာ ဒကာမတို့ ကိုယ့်အသေ ကိုယ်ကြည့်တာ (မှန်လှ ဘုရား) ဝိပဿနာဆိုတာ (ကိုယ့်အသေကိုယ်ကြည့်တာပါ ဘုရား) သေသေချာချာမှတ်ပါ ဒကာ ဒကာမတို့ ဝိပဿဆိုတာ ဘာပါလိမ့်တုန်း (ကိုယ့်အသေကိုယ်ကြည့်တာပါ ဘုရား)။

ဪ အစောကြီးက ကိုယ့်အသေကိုမြင်ပြီး ကိုယ်အသေကိုယ်မုန်းလို့ ကိုယ့်အသေ ကိုယ်မရချင်တဲ့ ပုဂ္ဂိုလ်မျိုး ကျလာတော့ ဒကာ ဒကာမတို့ အခုသေတာသည် ကားလို့ဆိုရင် အထူးအဆန်းလို့ ယူသေးသလား (မယူပါဘူး ဘုရား)။

အထူး အဆန်း မယူတဲ့ အပြင်မှာ ဦးခင်မောင် ရှေ့နည်း နည်းကလေးတိုးမှတ်လိုက်စမ်းပါ၊ မိလိန္ဒပဥှာမှာ လာတာက တမျိုးကောင်းတယ်၊ ဒါက အင်္ဂုတ္တိုရ်မှာလာတာ ပြောလိုက်တယ် (မှန်ပါ့ ဘုရား)။

ဘယ်လိုမကြောက်တဲ့ ပုဂ္ဂိုလ်တုန်း

မကြောက်တဲ့ ပုဂ္ဂိုလ်ရှိသဟ ပုဏ္ဏားရ ဘယ်လိုမကြောက်တဲ့ ပုဂ္ဂိုလ်တုန်းလို့ မေးတဲ့အခါကျလို့ရှိရင်ဖြင်တဲ့ ယခုလို သားသမီး နဲ့ ပစ္စည်းလည်း မခင်၊ ခန္ဓာလည်း ဝိပဿနာဉာဏ်လည် ရောက်တဲ့ပုဂ္ဂိုလ်၊ သံသယ ကုက္ကုစ္စလဲ သိမ်း၊ ဝိစိကိစ္ဆာကလည်းဖြစ်ပျက်မြင်နေကတည်းက ပဋိစ္စသမုပ္ပါဒ်ဒေသနာကြီး အကြောင်းဖြစ်လို့ အကျိုးဖြစ်တယ် အကြောင်း ချုပ်လို့ အကျိုးချုပ်တာတွေကို မှန်မှန်ကန်ကန်သိထားတဲ့ ပုဂ္ဂိုလ်မျိုးကတော့ တခါတည်း ဒကာ ဒကာမတို့ ဖြစ်ပျက်တွေမြင်လို့ ဖြစ်ပျက်တွေမြင်ပြီးမုန်းလို့ ဖြစ်ပျက်တွေတခါတည်း ဒုက္ခလို့ ပိုင်းခြားပြီးသကာလ ဆုံးသွားပြီးနိရောဓ မြင်ထားတဲ့ပုဂ္ဂိုလ်များကျတော့ ဒကာ ဒကာမတွေ ဒီခန္ဓာဝန်ကြီး စောစောစီးစီးချချင်တယ် (မှန်လှပါ ဘုရား) သူက တမျိုးပါလား (မှန်ပါ့) သူကဘယ်လိုတဲ့ (စောစောစီးစီးချချင်ပါတယ်)။

စောစောစီးစီးချချင်သေးတော့ ဒကာ ဒကာမတွေ ဒီပုဂ္ဂိုလ်ဟာ ဘယ့်နှယ်ကြောင့် အသေမကြောက်ပါလိမ့် မတုန်းလို့မေးတဲ့အခါကျတော့ ဒုက္ခသစ္စာကြီးဆက်ဖြစ်နေတာ မထမ်းချင်တော့ဘူး၊ မပိုးချင်တော့ဘူးလို့ သူ့စိတ်ထဲ ပေါ်လာတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒုက္ခသစ္စာမထမ်းချင် မပိုးချင်လို့

ဒုက္ခသစ္စာကြီး ဆက်ဖြစ်မှာကို သူကဘယ့်နှယ်တုန်း (ကြောက်ပါတယ်) အင်း ဒုက္ခသစ္စာမထမ်းချင် မပိုးချင်လို့ (ကြောက်ပါတယ်) လန့်နေတယ်၊ ဒုက္ခသစ္စာကြီး ချရတော့မယ်ဆိုတော့ သူ့မှာဝမ်းများသာလိုက်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့ သူ့မှာ သေရတော့မယ်၊ ခန္ဓာကြီး ချရတော့မယ်ဆိုရင် သူ့စိတ်ထဲ ဘယ့်နှယ်ဖြစ်သွားသလည်း (ဝမ်းသာပါတယ် ဘုရား)။

ဝမ်းသာတာမှ ဒီလိုဟေတဲ့ သူဝမ်းသာပုံက တယောက်သောပုဂ္ဂိုလ်အား ရှင်ဘုရားကနေပြီး အမတ်ကြီး တယောက်ကို မင်းတောထဲသွားပြီး သကာလ ဂျွမ်းသူပုန် နှိမ်းနှင်းရမယ်ကွ ဆိုပြီးသကာလ သူအမိန့်ထုတ်လိုက်တဲ့အခါ နှိမ်နှင်းပြီးသကာလ အောင်မြင်ပြန်လာတဲ့အခါမှာ နက်ဖြန်မှ နန်းတော်ဝင်မယ်ဆိုပြီး သူ့အိမ်မှာ နေတဲ့အခါမှာရှင်ဘုရင် ကလဲ အောင်မြင်ခြင်းတော့ ကြားပြီးပြီ၊ အောင်မြင်တဲ့ ပုဂ္ဂိုလ်နဲ့ အထူးတလည် တွေ့ချင်လို့ ရှင်ဘုရင်က နက်ဖြန် နန်းတော်ဝင်ရမယ်ဆိုလို့ရှိရင်ဖြင့် ခုနင်က ဂျွမ်းသူပုန်ကို အနိုင်ရတဲ့ ပုဂ္ဂိုလ်ဟာ ဦးခင်မောင်ရေ ငါ့တော ဆုကြီး လာဘ်ကြီး ချတော့မှာပဲဆိုပြီး ဝမ်းမသာပေဘူးလား (ဝမ်းသာပါတယ် ဘုရား) ဘာဖြစ်လို့ သာတာလည်း အောင်ပွဲယူပြီး လို့ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘယ့်နှယ်ကြောင့် ဝမ်းပါသာပါလိမ့် (အောင်ပွဲယူပြီးလို့ပါ ဘုရား) အောင်ပွဲယူပြီးလို့ ဝမ်းသာ ခဲ့တယ်နော်။

အဲဒီလိုဘဲဟေ့တဲ့ မိလိန္ဒပဥှာမှာ လာတာကလည်း ဒကာ ဒကာမတို့ သူ့ခန္ဓာဝန်ကြီး ချရတော့မယ်ဆိုသဖြင့် ခန္ဓာ့မာရ်အောင်လေပေါ့ ဆိုပြီးသကာလ ဝမ်းများ သာလိုက်သေးတယ် (မှန်ပါ့ ဘုရား)။

ဝန်ထုတ်ကျပေ့ါ

တသံသရာလုံး ထမ်းလာခဲ့ရတာ ဘယ်အခါမှ မချခဲ့ရတာကြီး ဒီတခါတော့ ဝန်ထုတ်ကျပေ့ါဆိုပြီး ဝမ်းများ တောင် သာလိုက်သေးသတဲ့ (မှန်လှပါ ဘုရား) ကြောက်သလား ဝမ်းသာသလား (ဝမ်းသာပါတယ် ဘုရား) အဲဒါကြောင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ဝမ်းသာတဲ့အလုပ်ကြီးနဲ့ပဲ သေကြရအောင် ဝမ်းသာတဲ့အလုပ် လုပ်ကြစို့ရဲ့ဆိုတာကို အထူးတလည် တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား)။

ဒီ စခန်းနဲ့ ဒီစခန်းက ဟောဒီထဲပါတဲ့ ဒကာမတွေနဲ့သာ ဆက်ဆံတယ်၊ ဘုန်းကြီးတွေနဲ့သာ ဆက်ဆံတယ်၊ ဒကာတွေနဲ့သာ ဆက်ဆံတယ်၊ ခလေးတွေနဲ့သာ ဆက်ဆံတယ်လို့ မဟုတ်ဘူး။အကုန်နဲ့ ဆက်ဆံတဲ့တရား (မှန်လှပါ) ဆိုနိုင်ကြမလား (ဆိုနိုင်ပါတယ်) ဘယ်သူနဲ့ ဆက်ဆံပါလိမ့်ဗျာ (အားလုံးနဲ့ ဆက်ဆံပါတယ်)။

အေး ဒါဖြင့် နက်ဖြန် နန်းတော် ဝင်ရတော့မယ်ဆို ဆုလာဘ်ချတော့မှာဘဲဆိုတာသိလို့ ဝမ်းသာတဲ့ အမတ်ကြီး လို ကျုပ်တို့လည်း နက်ဖြန်သေရသေရ ယနေ့ဘဲ အင်း ခန္ဓာဝန်ကြီး ချရသဖြင့် ဝမ်းသာပေပြီ-ဆိုပြီး ပြုံးသေနဲ့ သေရ အောင် ဒကာ ဒကာမတို့ ခုနင်က လေးခုက မဲ့သေကိုး (မှန်လှပါ) ဒါဖြင့် ဝိပဿနာအလုပ်ကို ထမြောက်အောင် လုပ်ပြီးထားတဲ့ပုဂ္ဂိုလ်များ ပြုံးသေမလားပေဘူးလာ (လာပါတယ် ဘုရား) ရှင်းပလား (ရှင်းပါပြီ)။

ပြုံးသေ

ဒါဖြင့် ဒကာ ဒကာမတို့ မဲ့သေကြိုက်သလား၊ ပြုံးသေကြိုက်သလား (ပြုံးသေကြိုက်ပါတယ် ဘုရား) မဲ့သေဟာ အပါယ်လေးပါး လမ်းချည်းဆိုတာ သေချာပလား (သေချာပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ ပြုံးသေဘက်ကိုဘဲ ကျုပ်တို့သည် အားထားပြီးသကာလ ဒီဥစ္စာအထမြောက်အောင် လုပ်ကြစို့လို့ ဆိုတော့ ကိုယ့်ပြုံးသေဆိုတဲ့ အရေးဟာလည်း ကိုယ့်အရေးမှာ အကြီးဆုံးပဲ မကျဘူးလား (ကျပါတယ် ဘုရား)။

အဲ အကြီးဆုံးဘဲ ဖြစ်ပြီးသကာလနေတော့ မောင်ကိုရေ ဒကာဝတို့ ပေါ့ပေါ့နေလို့ တော်ပ့ါမလား (မတော်ပါဘူး ဘုရား)။

တခါတည်း ဆုကြီး လာဘ်ကြီး ရမည့်ပုဂ္ဂိုလ်များ ဝမ်းသာရလသို ပြုံါ်ပြီးသကာလ ဒီခန္ဓာကြီးချပြီး ဟိုခန္ဓာ မယူရလို့ရှိရင်အေးပေါ့ဟ (မှန်ပါ့) အခုလို သေရအောင် အလုပ်လုပ်မှရမယ်ဆိုတာ ရှင်းကြပလား (ရှင်းပါတယ် ဘုရား)။

ဒကာ ဒကာမတို့ မဲ့သေကြိုက်သလား၊ ပြုံးသေကြိုက်သလား (ပြုံးသေကြိုက်ပါတယ်) ပါးစပ်ကြိုက်ရုံနဲ့ မဖြစ်ပါ ဘူး၊ အလုပ်နဲ့မြင်ပြီးတခါတည်းကို ကြိုက်မှသာလျှင် အဘိုးတန်တော့တယ်ဆိုတာလည်း သေသေချာချာ မှတ်ကြဘို့ပါနော် (မှန်ပါ့)။

ပေတေတေ လုပ်မနေပါနဲ့

ဒါ ဒကာရင်း ဆရာရင်းအနေနဲ့ နေ့စဉ် ပြောနေတာတွေနော် (မှန်ပါ့) နေ့စဉ်ပြော နေ့စဉ်ဟောပြီး သကာလ တကယ်သယ်ယူပို့ဆောင်နေတယ်ဆိုတာ သိလျက်သားနဲ့ ပေတေတေ လုပ်မနေပါနဲ့လို့ သတိပေးလိုက်တယ် (မှန်ပါ) ဘယ်လိုသတိပေးပါလိမ့် (ပေတေတေ လုပ်နေပါနဲ့)။

အေး ပေတေတေနဲ့ ယောင်ချာချာနဲ့ ဘုန်းကြီးတို့ ဒကာ ဒကာမတွေက သားရေး၊ သမီးရေး စီးပွားရေးကို ရေးတကြီး ထားပြီးသကာလ ကိုယ့်အတွက် ပြုံးပြီးသေရေး မလုပ်တော့ဘူးဆိုလို့ရှိရင်ဖြင့် သယ်ပိုးပေမယ့် သေခါနီးကျ မှမဲ့ပြီးသေရတော့ ဓါတ်ပုံရိုက်လို့တောင် မကောင်းပါဘူး (မကောင်းပါဘူး ဘုရား) ကောင်းနိုင်သေးရဲ့လား (မကောင်းပါ ဘူးဘုရား။

မဲ့သေအလုပ်ဟာ ဓါတ်ပုံရိုက်ယူတာတောင် ဦးခင်မောင်ရေ (မကောင်းပါဘူး ဘုရား)။

ခုလိုတရားနာပြီးသား ပုဂ္ဂိုတွေကလဲ ဟာာ သူအကောင်းကြီး ကြည့်ရတာဖြင့် ခပ်ရွ့ဲရွဲ့နဲ့ ခပ်မဲ့မဲ့ပဲဆိုကတည်း ကိုက ခုနင်က ဒီလေးခုအနက် တခုခုတော့ ဖောက်ပြန်သွားပေါဆိုတာ မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် သေခါနီး အရှက်ကွဲရတဲ့အလုပ်မျိုါ်ကိုလည်း ဦးခင်မောင်ရေ ဘာလုပ်ရမလည်း (မလုပ်ရပါဘူး) ရှောင်ရမယ် (ရှောင်ရပါမယ်)။

တသက်လုံး ဖုံးလေသမျှ သေခါနီးမှ ပေါ်တယ်ဆိုတော့ ဦးဝတို့ မောင်ကိုတို့ ကောင်းကြသေးရဲ့လား (မကောင်းပါဘူး ဘုရား)။

အဲဒါကြောင့် ဒကာ ဒကာမတို့ ဘယ်သူကပဲ မသာလောင်း လာကြည့်ကြည့် ဪ ပြုံးနေသလိုပဲဆိုလိုရှိရင် ဒါ ခင်ဗျားတို့ ဘာမှအကဲမခတ်နဲ့ သူဒီလေးခု အကုန်လွတ်သွားတယ် (မှန်ပါ့) အကုန်လွတ်သွားတဲ့အတွက် ပြုံးသေဘက် လှည့်နေတယ် (မှန်ပါ့) ရှင်းပြီနော် (ရှင်းပါပြီ)။

သူ့မှာ ဆုကြီး လာဘ်ကြီးရလို့ ဝမ်းသာတဲ့အတွက် သေခါနီးပြုံးရတာ (မှန်ပါ့ ဘုရား)။

ခုနင်က သားစွဲသမီးစွဲ ခန္ဓာစွဲ ကုသိုလ်တွေမလုပ်ခဲ ဝိပဿနာကုသိုလ်တွေ ကမ္မပထကုသိုလ်တွေ လှူဒါန်း ပေးကမ်းတဲ့ ကုသိုလ်တွေ မလုပ်ခဲ့ ခန္ဓာပဋိစ္စသမုပ္ပါဒ် နားမလည်ခဲ့ ငါဘာဖြစ်ဦးမှာတုန်း ရှေ့မှာ ဘယ်လို သွးရမှာ ပါလိမ့်မလည်းဆိုတဲ့ ဝိစိကိစ္ဆာတွေနဲ့ သေခဲ့ကြလို့ရှိရင် ကိုယ်ကျိုးနည်းကြလိမ့်မယ် (နည်းပါတယ် ဘုရား) သဘောပါ ကြလား (ပါပါတယ်)။

ပြုံးသေအလုပ်ကို လုပ်မှ တော်တော့မယ်

ဒါဖြင့် ဒကာ ဒကာမတို့ ဒီနေ့ ဆရာဘုန်းကြီးသည် အားလုံးနဲ့ – ဆက်ဆံတဲ့ မဲ့သေတွေ အကုန်ဖြုတ်ပြီးသကာလ ပြုံးသေအလုပ်ကို လုပ်မှ တော်တော့မယ်ဆိုတာဖြင့် ဒကာ ဒကာမတို့ အထူးတိုက်တွန်းစရာ လိုသေးသလား အလုပ် သွားက ပြနေသလား (အလုပ်သွားက ပြနေပါတယ် ဘုရား)။

အလုပ်သွားက ပြနေပြီဆိုတဲ့အတွက် ဦးဇံရင်ရေ ဒီအတိုင်းနေလို့ မတော်တော့ဘူးနော် (မှန်ပါ့ ဘုရား) တော်ကြ ပါမလား (မတော်ပါဘူး ဘုရား)။

သူများရောင်းသလိုရောင်း၊ သူများဝယ်သလိုဝယ်ပြီးသကာလ သူများ သားသမီး မွေးဖွားသလို ကိုယ်မွေးဖွား ပြီး သူများယုယသလို ကိုယ်ယုယုနေလို့ရှိရင် သူများသွားတဲ့ မဲ့သေလမ်းကျတော့ ဒကာ ဒကာမတို့ သွားနိုင်ပါ့မလား (မသွားနိုင်ပါဘူး ဘုရား)။

မသွားနိုင်လို့ရှိရင် ယခုကတည်းက လမ်းခွဲရှာရလိမ့်မယ် (မှန်ပါ့ ဘုရား) မဲ့သေကနေပြီး ပြုံးသေလမ်းခွဲကို အခုကရှာမှသာလျှင် ရတော့မယ်၊ အချိန်လည်း တယ်ဝေးကြတော့တာ မဟုတ်တော့ပါဘူး (မှန်ပါ့ ဘုရား) ဝေးသေး ရဲ့လား (မဝေးတော့ပါဘူး) ယနေ့လား၊ နက်ဖြန်လားဆိုတာ မောင်ကို ကျေနပ်လားဟေ့ (ကျေနပ်ပါပြီ ဘုရား) ခန္ဓာစဉ် ကလေး (မှန်လှပါ ဘုရား)။

အေးဒါကြောင့် ဒကာ ဒကာမတွေ ဘုန်းကြီးချောက်တွန်းလို့ ဟောနေတာလား၊ ခင်ဗျားတို့ ကျုပ်တို့၏ ဖြစ်စဉ် အမှန် ပြောနေတာလား (ဖြစ်စဉ်အမှန်ပြောနေတာပါ ဘုရား) ဖြစ်စဉ်မှန်ပြောနေတာ ချောက်လုံးတလုံးမှ မပါဘူးဆိုတာ ဦးခင်မောင် သေသေချာချာမှတ်ပါ (မှန်ပ့ါ ဘုရား)။

အေး ဒါကြောင့် ပေါ့ပေါ့တန်တန်နဲ့ နေလို့ထိုင်လို့ မတော်တော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးကိုဖြင့် အားကျိုး မာန်တတ် လုပ်ရန်အချိန်ရောက်ပါပြီ ဆိုတာကိုလည်း တိုက်တွန်းရပြန်တယ်ဦးဝတို့ရဲ့ နော် အရှင်သာရိပုတ္တရာ ကျူးရင့်ပုံကလေး ကြည့်ပါလား ။

ဍယှမာနော တီဟဂ္ဂီဟိ။

ဘဝေသု သံသရိံ အဟံ။

ဘာရိတော ဘဝတောရေန။

ဂိရိံ ဥဒ္စရိတော ယထာ။

(ထေရဂါထာ ဒုတိယအုပ် ၃၉၂)

အရှင်သာရိပုတ္တရာကိုယ်တော်ကြီးက ဘဝများစွာ သံသရာကြီးမှာ ဒီခန္ဓာကြီး ထမ်းပြီးသကာလ လာခဲ့ရတာ ချည်ပဲ ခန္ဓာနဲ့ မထမ်းရတဲ့ ဘဝရယ်လို့ကို ဥိးဝတို့ မောင်ကိုတို့ မရှိဘူးတဲ့ဟေ့ (မရှိပါဘူး ဘုရား)။

ခန္ဓာနဲ့အထမ်းသမား

လူ့ခန္ဓာစွန့်ပြီး ခွေးဖြစ်မည့်ပုဂ္ဂိုလ်ဟာ ခွေးခန္ဓာဆက်ထမ်းရတယ် (မှန်ပါ့) အပါယ်ဘုံဖြစ်မည့် ပုဂ္ဂိုလ်ဖြစ်ရင် (အပါယ်ခန္ဓာ ဆက်ထမ်းရပါတယ်) အပါယ်ခန္ဓာဆက်ထ်မးရတယ်ဆိုတော့ ခန္ဓာနဲ့အထမ်းသမားနဲ့ဟာက ဒကာ ဒကာမတို့သိတဲ့အတိုင်း ပြတ်သေးရဲ့လား (မပြတ်ပါဘူး ဘုရား)။

အဲဒါကြောင့် အရှင်သာရိပုတ္တရာက ဘဝများစွာ သံသရာကြီးမှာ ဒီခန္ဓာဝန်ထုတ်ကြီး ထမ်းခဲ့ရတယ်တဲ့ လေး လိုက်တဲ့ဖြစ်ခြင်းလည်း မပြောပါနဲ့ မြင့်မိုရ်တာင်ထက်ပင် လေးသေးတယ်လို့ ညည်းတော်မူရှာတယ်နော် (မှန်ပါ့ ဘုရား)။

ဘယ့်နှယ်ကြောင့် မြင့်မိုရ်တော်ငထက် လေးသေသတုန်းလို့ ညည်းရပါသလဲဆိုတော့ မြင့်မိုရ်တာင်က ကမ္ဘာပျက် တဲ့အခါ ပြောင်းထွက်သွားတယ် (မှန်ပါ ဘုရား) ကျုပ်တို့က ခန္ဓာပြောင်းထမ်းနေရတောကို ပြတ်သေးရဲ့လား (မပြတ် ပါ ဘုရား)

ဒါဖြင့် မြင့်မိုရ်တောင်က အခြားရှိသေးတယ်၊ ခန္ဓာထမ်းရတာက (မပြတ်ပါ) အခြားမရှိဘူးဆိုတာ ပေါ်လာ ကြပလား (ပေါ်လာပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဒီက သိမ်းမှ တော်မလား ပြဆန်ဆင်းကြဦးမလား (သိမ်းမှ တော်ပါမယ် ဘုရား) သိမ်းမှတော်မယ်ဆိုတာဖြင့် ဆုံးဖြတ်ချက် အကြီးအကျယ်ချပါလို့ တပွဲလုံးပဲ သတိပေးလိုက်ပါတယ် (မှန်ပ့ါ ဘုရား)။

ဘာမှ ဒကာသစ်တို့ မောင်မြတို့ စွဲလမ်းမနေပါနဲ့ကွာ။ထမ်းရတဲ့ ခန္ဓာကလည်း စဉ်းစားကြည့်စမ်းပါလား တခါတလေများ လူဖြစ်တဲ့အခါကျတော့ အဝတ်ကလေးများ ဖုံးပြိးသကာလ ခန္ဓာငါးပါးထမ်းရရှာတယ် (မှန်ပါ့) ခန္ဓာ ငါးပါး အဝတ်ဖုံး ထမ်းတယ် (မှန်ပါ့ ဘုရား) တိရစ္ဆာန်ဖြစ်တော့ ဘယ်သူက အဝတ်ဖုံးသေးတုန်း (မဖုံးပါဘူး ဘုရား)။

ဪ အဝတ်မဖုံးပဲနဲ့လည်း တိရစ္ဆာန်ခန္ဓာကိုယ်ကြီးပဲ ထမ်းတဲ့ပုဂ္ဂိုလ်က ဦးခင်မောင်မြင့် ဦးခင်မောင်က ထမ်းနေရတယ် (မှန်ပါ့) မောင်ကိုဖြင့် မောင်ကိုက (ထမ်းနေရပါတယ် ဘုရား) ထမ်းနေတာဘဲဆိုတာ ပေါ်လာကြပလား (ပေါ်လာပါပြီ)။

အဲဒါတွေ စဉ်းစားကြည့်တော့ ဪ ကျုပ်တို့ သံသရာထဲမှာ ဒီခန္ဓာကြီး ထမ်းနေရတာ အရှက်တကွဲ အကျိုး နည်းကိစ္စကြီးပါကလား (မှန်ပါ့ ဘုရား) ဘယ်လို ဆိုကြပါမယ် (အရှက်တကွဲ အကျိုးနည်း ကိစ္စကြီးပါ ဘုရား)။

ထမ်းတုန်းမှာပဲ အရှက်တကွဲအကျိုးနည်း (မှန်ပါ့) ခွေးဖြစ်လာတယ် နွားဖြစ်လာမယ်ဆိုတော့ ဒကာ ဒကာမတွေ သူတို့ ခန္ဓာတော့ သူတို့ မထမ်းဘူးလား (ထမ်းပါတယ် ဘုရား) အဝတ်များပါသေးသလား (မပါ-ပါဘူး ဘုရား) ဪ ဒီလိုလည်း ထမ်းပြီးခဲ့ကြပြီး (ထမ်းပြီးခဲ့ပါပြီ ဘုရား)။

ထမ်းသာ ထမ်းတယ် အသုဘပဲ

တခါတလေကျတော့ ရှက်စနိုးနိုးရှိတာနဲ့ လူ့ဘဝကလေးရတဲ့အခါ နတ်ဘဝကလေးရတဲ့အခါ အဝတ်ကလေး များ ဖုံးထမ်းရတယ် (မှန်ပါ့ ဘုရား) ထမ်းသာ ထမ်းတယ် အသုဘပဲ (မှန်ပ့ါ ဘုရား) ထမ်းသာထမ်းတယ် (အသုဘပါ ဘုရား) အသုဘ ဒုက္ခသစ္စာ (မှန်ပါ့ ဘုရား)။

ဒကာ ဒကာမတို့ ဘာပါလိမ့် (အသုဘ ဒုက္ဓသစ္စာပါ ဘုရား) အသုဘဒုက္ခသစ္စမှတပါး တခြား ပါသေးရဲ့လား (မပါ- ပါဘူး ဘုရား)။

ဒါကြောင့် ခင်ဗျားတို့က ရှင်တုန်း ဖုံးငြားသော်လည်း မသာဘိတ်စာကျတော့ ပါလာတယ်၊ အသုဘ ကြွတော် မူပါတဲ့ (မှန်ပါ့ ဘုရား) အင် မလာဘူးလား လာသလား (လာပါတယ် ဘုရား)။

ဪ ဒါဖြင့် ဖုံးသ၍ဟာကဖြင့် ဒကာ ဒကာမတို့ နဂိုရ်ကလဲ ဖုံးထားသေးလို့ဟာကိုး၊ စင်စစ်ဖြင့် အသုဘ ချည်းဖိတ်ရတာဆိုတာ ဦးခင်မောင်တို့ သေချာကြပလား (သေချာပါတယ် ဘုရား)။

အဲဒါကြောင့် အသုဘဖိတ်စာ လွတ်တဲ့လမ်းကဖြင့် (နိဗ္ဗာန်ပဲ ရှိပါတယ် ဘုရား)။

အဲဒါကြောင့် သုဘနိဗ္ဗာန် သုခနိဗ္ဗာန် ဆိုတာကြီးဟာ ရှေးသွားပြုလျှက်သားနဲ့ ဒကာ ဒကာမတွေက အသုဘတွေ ဆက်ပြီးသကာလ ဒီဘဝ စုတိမနေ သေလွန်ရလို့ရှိရင် နတ်ဖြစ်ရပါလို၏။ဗြဟ္မာဖြစ်ရပါလို၏ ဆိုတော့ ဟယ် နတ်တွေ လဲ ဘာခန္ဓာတုန်းဆိုတော့ အသုဘပဲ (မှန်ပါ့ ဘုရား) ဗြဟ္မာခန္ဓာလည်း (အသုတ်ဘပါပဲ)။

အို အသုဘများ ဆုတောင်းယူရသေးတယ် ဆိုတော့ ဒကာ ဒကာမတွ ရှုးရာကော မကျဘူးလား (ကျပါတယ် ဘုရား)။

အဲဒါကြောင့် ခန္ဓာဇာတ်သိမ်း ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကိုသာလျှင်-သုဘနိဗ္ဗာန်ကိုသာလျှင် ဒကာ ဒကာမတို့ အရောက်သွားကြလို့ရှိရင်ဖြင့် အကောင်းဆုံးနည်းဘဲဆိုတာကို သိပါစေတော့ ဆိုပြီးသကာလ သွားရားလမ်းခရီး ပြတော့မယ်ဆိုတာလည်း မှတ်ကြပတော့ (မှန်ပါ့ ဘုရား) ဘာပြမယ် ထင်ဩသလည်း (သွားရာလမ်းခရီး ပြပါတယ် ဘုရား)။

သွားရာလမ်းခရီး ပြမယ်ကြံတော့လည်း ဒကာ ဒကာမတွေ ဒီလေးခုကို ပြောင်းလိုက်ပြန်တယ်၊ (မှန်ပါ) ဒီကနေပြီး ဇာတိ ပဋိသန္ဓေနေ၊ ဒီကျတော့ ဇရာ၊ ဒီကျတော့ ဗျာဓိ၊ ဒါကျတော့ မရဏံ၊ ဇာတိ ဇရာ ဗျာတိ မရဏံ၊ ကျုပ်တို့ခန္ဓာမှာ ဒီဘဝမှာ ဒီလေးမျိုးရှိပါတယ်၊ မရှိဘူးလား (ရှိပါတယ် ဘုရား)။

ပဋိသန္ဓေနေရင်အိုတယ်၊ အိုပြီးသကာလ (နာပါတယ်) နာပြီးသကာလ (သေပါတယ် ဘုရား) သေတယ်ဆိုတော့ ဒါခန္ဓာစဉ်လမ်းစဉ်က မသေချာဘူးလား (သေချာပါတယ် ဘုရား)။

အဲဒီတော့ ကျုပ်တို့သည်ကားလို့ ဆိုလို့ရှိရင်ဖြင့် ခန္ဓာကတော့ဖြင့် ဒီကား ၁ ပြီး ၂ သွားမယ်၊ ၂ ပြီး ၃ သွားမယ်၊ ၃ ပြီး ၄ သွားမယ်ဆိုတာ ငြင်းဆန်ဘို့ လိုသေသလား (မလိုပါဘူး ဘုရား)။

အဲဒီတော့ ခန္ဓာကတော့ ဒီလိုသွားမှာပဲတဲ့၊ ကျုပ်တို့ဉာဏ်ကနေပြီးသကာလ ကိုင်း ဒကာ ဒကာမတို့ ဘုန်းကြီး ကရုဏာကြီးကြီးနဲ့ပဲ ဒကာ ဒကာမတွေ သယ်ယူပို့ဆောင်နေတော့ ခင်ဗျားတို့ ခန္ဓာကြီးက ဒီနည်းနဲ့သွားတာ အမှန်ပဲ၊ မသွားခင် ဒီနေရာကလေးမှာ ဝိပဿနာအလုပ် လုပ်စမ်းပါ၊ ဒီနေရာလေးမှာ ဒီကြားတွင်ဘဲ ဆက်ရှု (မှန်ပါ့) သဘောကျ ပလား (ကျပါပြီ) အအိုနဲ့ အနာကြားမှာ (မှန်ပါ့) ဒီကြားတွင် လုပ်နိုငတယ် (မှန်ပ့ါ) ဒီပြင့် လုပ်ချင်တဲ့စိတ်ရှိကော လုပ်နိုင်ပါသေးရဲ့လား (မလုပ်နိုင်ဘူး ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဘယ်ကနေ လမ်းခွဲရမယ် (အအိုနဲ့အနာကြားမှာပါ) အအိုနဲ့ အနာကြားမှာ မဂ္ဂင် လမ်း မရရအောင်ရှာပေါ့ (မှန်ပါ့) မဂ္ဂင်အလုပ် မဖြစ်ဖြစ်အောင် လုပ်ပါ (မှန်ပါ့)။

အအိုက အနားရောက်ပြီ ဆိုလို့ရှိရင် မောင်ကို ဘယ်သူတက်နိုင်သေးသတုန်း (မတတ်နိုင်ပါဘူး ဘုရား) အနားရောက်လို့ရှိရင် အသေကျတော့အဖြင့် ဒကာ ဒကာမတို့ လမ်းဆုံး မသွားလား (ဆုံးပါတယ် ဘုရား)။

ဒါဖြင့် ဒို့ဘယ်နေရာက ယခု လမ်းလွဲခိုင်းပါလိမ့် ဒို့ ဆရာဘုန်းကြီးကဆိုတာ ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

အအိုက အနာမရောက်ခင် ဝိပဿနာလုပ်ပါ

အင်း ဟင် ဘယ်က ဘယ်မရောက်ခင်တုန်း (အအိုက အနာမရောက်ခင်ပါ ဘုရား) အအိုက အနာကို မရောက်ခင်ကလေး ဒီနေရာတွေမှာ ဝိပဿနာအလုပ်-လုပ်ပါ (မှန်ပါ့) ရှင်းပလား (ရှင်းပါပြီ) အအိုက အနားမရောက် ခင်နော် (မှန်ပါ့) ဝိပဿနာလုပ်ရမယ်၊ ရောက်မှာကတော့ မလွဲဘူး သေချာတယ် (မှန်ပါ့)။

အဲ ဘယ်အချိန် လုပ်ရမှာပါလိမ့် (အအိုက အနာမရောက်ခင်ပါ ဘုရား) မရောက်ခင်ကလေးကို မဂ္ဂင်လမ်း ခွဲကလေးဒီနား ရှာကြည့်စမ်းပါဆိုတာကို လေးစားစွာနဲ့ တိုက်တွန်းပါတယ် (မှန်လှပါ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ)။

နို့ ခန္ဓာသွားလမ်းကတော့ လျှောမလားဆိုတော့ သူသွားတာကလေး သွားတာကတော့ ဧကန် သွားတာဘဲ၊ မရောက်ခင်ကလေး ကျုပ်တို့က ဦးအောင်လုပ်ရမယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) ဘာလုပ်ရမှာတုန်း (မရောက် ခင်ကလေး ဦးအောင်လုပ်ရမှာပါ)။

အအိုက အနာသွားတဲ့ကြားထဲမှာ (မှန်ပါ့) ဒီအချိန်ကလေးမှာ ဝိပဿနာအလုပ်-လုပ်ရမယ် (မှန်ပါ့) ဒီအလုပ် -လုပ်တော့မှ မကြောက်သေ ဖြစ်ပြီးသကာလ နိဗ္ဗာန်ရောက်မှာကိုး ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတွေ ခင်ဗျားတို့ခန္ဓာကြီးကလည်း အမြဲတမ်းသွားတာက အအိုက ဘယ်သွားလေ့ရှိသလည်း (အနာသွားပါတယ်) ဒါဖြင့် မရောက်ခင်ကလေး ကျုပ်တို့ ဘာလုပ်ရမလည်း (ဝိပဿနာ လုပ်ရပါမယ်) ဒါ လမ်းခွဲ ပဲဆိုတာ သေချာကြပါလား (သေချာပါပြီ)။

အဲဒီ အအိုက အနောမရောက်ခင်ကလေး သားရေ၊ သမီးရေ စီးပွားရေးနဲ့များ ဒကာ ဒကာမတွေက အချိန် ကုန်လို့ အနာရောက်ပြီးမှ ဆိုလို့ရှိရင်ဖြင် အင်း ဘယ်သူမှ တတ်နိုင်တော့မှမဟုတ်ပါဘူး။(မတတ်နိုင်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

အဲဒီတော့ သိပ်ပြီးသကာလ ခင်ဗျားတို့ ဘုန်းကြီးပြောတာကို လေးလေးစားစားနဲ့ နားထောင်မှကိုယ့်အထင် ကဖြင့် အလွဲချည်းပဲ (မှန်ပါ့ ဘုရား) ကိုယ့်အထင်ကဖြင် (အလွဲချည်းပါ ဘုရား)။

အဲဒီတော အလွဲကြီးကိုပဲ မူတည်ပြီးသူကာလ အကောင်းကြီးရယ်လို့ သိမ်းဆည်းပြီးသကာလ မထားပါနဲ့ဆိုတာ ကိုလည်း အကြီးအကျယ်တားမြစ်ရတယ် (မှန်ပါ့) မတားမြစ်လို့ရှိရင် တော်ပါ့မလား (မတာ်ပါ ဘုရား)။

လမ်းခွဲကလေးတောဖြင့်တွေ့ပြီ

အေး ဒါဖြင့် ဒကာ ဒကာမတို့ လမ်းခွဲကလေးတောဖြင့်တွေ့ပြီနော် (မှန်ပါ့) ဦးခင်မောင် ဘယ်က ဘယ်မရောက် ခင်ကလေး ကျုပ်တို့ လမ်းရှာရမှာပါလိမ့် (အအိုက အနာမရောက်ခင်ပါ ဘုရား)။

အအိုက အနာမရောက်ခင်ကလေး မဂ္ဂင်လမ်း ကျုပ်တို့ မရရအောင် ရှာကြစို့ (မှန်လှပါ) ဒါ လုံးဝလက်လွတ် သွားတယ် ဘုရား) သဘောကျပလား (မှန်ပါ့)။

ကိုယ်ကျိုး အကြီးအကျယ်နည်းလို့ရှိရင် ဦးခင်မောင်ရေ ပြန်လမ်းရှိသေးရဲ့လား (မရှိပါ ဘုရား) အင်မတန် ကြောက်စရာမကောင်းဘူးလား (ကြောက်စရာကောင်းပါတယ် ဘုရား)။

အေး ဒါကြောင့် ကောင်းအောင်ဟောတဲ့ တရားမဟုတ်ဘူး ဒကာ ဒကာမတို့ ခင်ဗျားတို့ အလုပ်ခွင့်ပေးတ်း လမ်း ဘယ်နေရာမှာ လမ်းခွဲပြီး ဒီနေရာကနေပြီး သွားပါတော့ဆိုတာ တိုက်တွန်းတဲ့လမ်းပါပဲ (မှန်ပ့ါ ဘုရား) ရှင်းပြီ နော် (ရှင်းပါပြီ)။

ကိုင်း ဒါဖြင့် အလုပ်-လုပ်နည်းတော့ သင်ပါတော့မယ်ဆိုတာ ဒကာ ဒကာမတွေ သေချာပလား (သေချာပါပြီ) ဒါဖြင့် အလုပ် လုပ်ရတော့မယ်ဆိုတော့ ဒကာ ဒကာမတို့သိတဲ့အတိုင်း ဒကာ ဒကာမတို့၏ ခန္ဓာငါးပါးသည်ကား လို့ ဆိုရှိရင်ဖြင့် ဒါ အားလုံး တရားနာတဲ့ ခန္ဓာငါးပါး (မှန်ပါ့)။

ဒီခန္ဓာငါးပါး ဘယ်က လာပါလိမ့်

ဪ ဒီခန္ဓာငါးပါး ဘယ်ကများ လာပါလိမ့်မလည်းဆိုတဲ့ ဥစ္စာကလေးကို ဦးခင်မောင် စဉ်းစားရလိမ့်မယ် (မှန်ပါ့) သိကြား ဗြဟ္မာ ဘုရားလာပြီးသကာလ ဖန်ဆင်းလို့ ဖြစ်လေ့ရော့သလားဆိုတဲ့ ဥစ္စာကို အမျိုးမျိုး အဖုံဖုံ စဉ်းစားတဲ့အခါကျတော့မှ ဪ ဟုတ်ပါကလား အဝိဇ္ဇာ ပစ္စယာ သင်္ခါရာကြောင့်ဖြစ်တာပါလား မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား) ဘယ်သူ့ကြောင့်ဖြစ်တာပါလိမ့် (အဝိဇ္ဇာပစ္စယာ သင်္ခါရာကြောင့် ဖြစ်တာပါ ဘုရား)။

အဝိဇ္ဇာသင်္ခါရတို့ကြောင့် ခန္ဓာငါးပါး ဖြစ်ရတယ် (မှန်ပ့ါ) ခန္ဓာငါးပါးဆိုတော့ ဒကာ ဒကာမတွေ စာရတဲ့ ပုဂ္ဂိုလ်က ဒီလိုမှတ်လိုက်၊ သင်္ခါရပစ္စယာ ဝိညာဏပစ္စယာနာမရူပဆိုတာလဲ ခန္ဓာပဲ၊ သဘောကျပလား (မှန်ပ့ါ) စေတသိတ် ခန္ဓာနဲ့ ရုပ်ခန္ဓာပဲ၊ ထူးသေးရဲ့လား (မထူးပါဘူး)။

အဲ နာမရူပပစ္စယာ သဠာယတနဆိုတာ စိတ်နဲ့ရုပ်တွေဆိုတာ၊ စက္ခု သောတ ဃာန ဇိဝှါ ကာယ မန – စိတ် နဲ့ ရုပ်ကိုပဲ ဆိုပြန်တာပဲ (မှန်ပ့ါ ဘုရား) ရှင်းပြီနော် (ရှင်းပါပြီး)။

သဠာယတနပစ္စယာ ဖဿောဆိုတာလည်း ဒီနာမက္ခန္ဓာထဲက ဖဿဆိုတာပဲ (မှန်ပါ့) ဖဿ ပစ္စယာ ဝေဒနာ ဆိုတာလည်း အတူတူပဲ၊ ပေါင်းလိုက်တော့ ခန္ဓာငါးပါးပဲ ပြန်ဖြစ်တယ် (မှန်ပ့ါ ဘုရား)။

ဒါဖြင့် ဝိညာဏ်၊ နာမ်ရုပ်၊ သဠာယတန ဖဿ ဝေဒနာ ပေါင်းလိုက်လို့ရှိရင် ခန္ဓာဘယ်နှစ်ပါးဖြစ်မလည်း (ငါးပါးဖြစ်ပါတယ် ဘုရား) ဒါ သေသေချာချာမှတ်ပါတဲ့ ပဋိစ္စသမုပ္ပါဒ် ရှည်မနေပါနဲ့တော့ (မှန်ပါ့)။

ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာတွေဟာ စာဆိုတွင် တန်းငြားသော်လည်း ခန္ဓာဖြစ်စဉ်မှာ တပိုင်းတည်း (မှန်ပါ့) စာဆိုတော့ (တန်းပါတယ် ဘုရား) တန်းပြီးဆိုပါတယ်တယ်တဲ့။

စာသတန်းသာမရေးလို့ရှိရင် ထပ်ပြီးရေးရင်လည်း အောက်စားလုံးလဲကြည့်ရ၊ အပါ်စားလုံးလည်း ပီမှာမဟုတ် တော့ဘူး (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ) အဲဒါကြောင့် ဟိုမှာ စာတန်းရေးသလို ခင်ဗျားတို့ ခန္ဓာဖြစ်စဉ်က ဒီလို ဟုတ်ပါရဲ့လား (မဟုတ်ပါဘူး ဘုရား)။

ခန္ဓာငါးပါးတပေါင်းတည်းဖြစ်

ခန္ဓာဖြစ်စဉ် ဝိညာဏ် နာမ်ရုပ် သဠာယတန ဖဿဝေဒနာသည် ဒကာ ဒကာမတို့ ခန္ဓာငါးပါး တပေါင်းတည်း ဖြစ်လာတယ် (မှန်ပ့ါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ) ဘယ်လိုပါလိမ့်ဗျာ (ခန္ဓာငါးပါးတပေါင်းတည်းဖြစ်လာပါတယ်)။

ဒီခန္ဓာငါးပါး၊ ဒီခန္ဓာငါးပါးသိတယ်၊ ဪ ဒီ ခန္ဓာငါးပါးသည်ကားလို့ ဆိုလို့ရှိရင် ဒကာ ဒကာမတို့ အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ တွေက လုပ်လိုက်တော့ ယောကျာ် ကလေးတွေလား ၊ မိန်းကလေးတွေလားလို့ မေးလို့ရှိရင်ဖြင့် ဘယ်နှယ်ဖြေကြပါမယ့် (ခန္ခာငါးပါးပါ ဘုရား) ခန္ခာငါးပါးပဲ လုပ်လိုက်တာ (မှန်ပါ့)။

ဒကာ ဒကာမတို့ ဘာလုပ်ပါလိမ့် (ခန္ဓာငါးပါးလုပ်ပါတယ် ဘုရား) ယောကျာ်း၊ မိန်းမ နဂိုက ပါ-ပါရဲ့လား (မပါပါဘူး ဘုရား) ဪ မပါဘူး မပါဘူးနော် (မှန်ပါ့)။

သို့သော်လည်း ပြင်ဘက်ကျလာတဲ့အခါ အမေ – အဖေက ဟောဒါ ယောကျာ်း ဟောဒါ မိန်းမဆိုတဲ့ အမှတ် ကလေးကြောင့် ကျုပ်တို့မှာ ယောကျာ်း မိန်းမ တယ်ထင်ပြီးသကာလ နေတယ်၊ ဟိုလုပ်ပေးလိုက်တဲ့ အစဉ်ကတော့ မပါဘူး (မပါ-ပါဘူး ဘုရား) လုပ်ပေးလိုက်တဲ့ အစဉ်ကတော့ (ခန္ဓာငါးပါး) ပါကြရဲ့လား (မပါ-ပါဘူး)။

ဪ ဒါဖြင့် လုပ်ပေးလိုက်တဲ့ အစဉ်နဲ့ ဒီလူများ ပြောသံကြားနဲ့ ဘယ်ဟာ အမှန်ယူကြမယ် (လုပ်ပေးလိုက် တဲ့ အစဉ်ကို အမှန်ယူပါမယ်)။

ဒါဖြင့် ကျုပ်တို့ ဒီဘက်က ထိုင်ကြပါနော် (မှန်ပါ့) ပဋိစ္စသမုပ္ပါဒ်ဘက်က ထိုင်ကြပါ၊ လုပ်ပေးတဲ့အစဉ်ကို အမှန်ယူကြပါတော့ (မှန်ပါ့ ဘုရား)။

ရွာထဲရပ်ထဲက ပြောပြီးသကာလ သမုတိသစ္စာနဲ့ ပြောတာကို တပိုင်းသာမှန်၍ အကုန်မမှန်ဘူးဆိုတာ အသာ ထားလိုက်တာပေါ့ (မှန်ပါ့ ဘုရား)။

တပိုင်းတစတော့ မှန်တာပေါ့ဗျာ သမုတိနယ်က မှန်တာပေါ့ (မှန်ပါ့) ပရမတ္ထနယ်က မှန်ပါရဲ့လား (မမှန်ပါဘူး)။

ပရမတ္ထသစ္စာ

အေးဒါကြောင့် သမုတိသစ္စာနဲ့ ပရမတ္ထသစ္စာ ခွဲလိုက်တဲ့အခါကျတော့ သမုတိသစ္စာက မုသား မတွေ့ရုံတွင် မှန်ပါတယ်၊ ပရမတ္ထသစ္စာကသာ နိဗ္ဗာန်ရောက်သည့်တိုင်အောင် မှန်ပါတယ် (မှန်ပါ့ ဘုရား) သဘောပါပလား (ပါပါပြိ)။

သမုတိသစ္စာကတော့ (မုသား မတွေ့ရုံလောက် မှန်ပါတယ်) မုသားမတွေ့ရုံလောက် မှန်တယ်ဆိုတော့ သီလ လောက်မှန်တာပေါ့ဗျာ (မှန်ပါ့ ဘုရား)။

အဲပရမတ္ထသစ္စာကတော့ဖြင့် နိဗ္ဗာန်ရောက်သည်တိုင်အောင် အမှန်မြင်လို့ရှိရင် အမှန်ရောက်နိုင်တဲ့အွက် ပရမတ္ထသစ္စာကျုပ်တို့ လိုက်ကြစို့ (မှန်ပ့ါ ဘုရား) ဝိပဿနာ အလုပ် လုပ်တော့မယ်ဆိုတော့ ပရမတ္ထသစ္စာ လိုက်ရပါတယ် (မှန်ပါ ဘုရား) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ၊ သင်္ခါရ ပစ္စယာ ခန္ဓာငါးပါး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) အဝိဇ္ဇာခန္ဓာ ငါးပါး (မှန်ပါ့) ပေါ်ကြပလား (ပေါ်ပါပြီ) အဝိဇ္ဇာ ပစ္စယာ (သင်္ခါရပါ ဘုရား) သင်္ခါရပစ္စယာ (ခန္ဓာငါးပါး ပါ ဘုရား) ဟော သင်္ခါရာတွေက ခန္ဓာငါးပါး လုပ်လိုက်တာပဲ ဆိုတာကော သဘောကျကြပလား (ကျပါပြီ)။

ကိုင်း ခန္ဓာငါးပါးကို အခု ရှုပက္ခန္ဓာ ဝေဒနာက္ခန္ဓာ၊ သညာက္ခန္ဓာ၊ သင်္ခါရက္ခန္ဓာလို့ စာတွေ ရွတ်နေလို့ ရှိရင်ဖြင့် သိပြီးသားပဲ ထားလိုက်တော့ (မှန်ပါ့) ဒီအထဲမှာ ဝေဒနာပစ္စယာ ခန္ဓာထဲက ပါနေတယ် (မှန်ပါ့) ဝေဒနာ ပစ္စယာ (တဏှာပါ ဘုရား)။

ဪ ဒီခန္ဓာငါးပါးက ပေါက်ပွားလာတဲ့ တဏှာပါကလား (မှန်ပါ့) ဘယ်ကလာတာတုန်း (ခန္ဓာငါးပါးက ပေါက်ပွားလာတာပါ ဘုရား) ကိုယ့်ခန္ဓာခင်တဲ့ တဏှာ (မှန်ပါ့)။

ဒါက ဘာပါလိမ့်မတုန်း မေးတဲ့ အခါကျတော့မှ ဘဝတဏှာ (မှန်ပါ့) ရောက်ရာမှာ ခင်တဲ့ ဘဝတဏှာ (မှန်ပါ့ ဘုရား) ဘယ်သူ့ခင်ပါလိမ့်ဗျာ (ဘဝခင်ပါတယ် ဘုရား) သူများ ခန္ဓာငါးပါးလား၊ မိမိရလာတာလား (မိမိရလာ တာပါ)။

ဪ ဒါဖြင့် ဒကာ ဒကာမတို့ ကိုယ့်ခန္ဓာကလေးများ ကိုယ်ခင်ကြရဲ့လားမေးရင် ဘယ့်နှယ်ပြောပါ့မလည်း (ခင်ပါတယ် ဘုရား) ခင်ကြတယ်နော် (မှန်ပါ့) ခင်ကြတာပေါ့ ဒကာ ဒကာမတို့။

ခွေးဝဲစားကလေး သေချင်သလား

ခွေးဝဲစားကလေး သေချင်သလားလို့ မေးလို့ရှိရင် ခွေးဝဲစားကလေးက ကျုပ်မသေချင်ပါဘူး အိုင်-အိုင်-အိုင်-အိုင် နဲ့ အော်သေးတယ် သူက (မှန်ပါ့) မသေချင်လို့ သူများကရိုက်တော့ သူ သေချင်သလား- မသေချင်ဘူးလား ဆိုတော့ သေချင်ရင် သူများ အရိုက်ခံမှာပေါ့ (မှန်ပါ့) ဒီ ဒုတ်ရှောင်ပြီးသကာလ အော်ပြီးပြေးတယ် (မှန်ပါ့) သေချင် လို့လား မသေချင်လို့လား (မသေချင်လို့ပါ ဘုရား)။

ဘယ့်နှယ်ကြောင့် ဒီခွေးဝဲစားကလေး မသေချင်ပါလိမ့်ဆိုတော့ သူ့ဘဝကလေး သူနှစ်သက်နေလို့ (မှန်ပါ့ ဘုရား) ခွေးဝဲစားကလေးကလေ (မှန်ပါ့)။

ဦးခင်မောင် ခွေးဝဲစားကလေးက သူ့ကိုယ်သူ မနှမြောဘူးလား (နှမြောပါတယ် ဘုရား) ဒါဖြင့် ဝေဒနာ ပစ္စယာ တဏှာမှ ဟုတ်ပါရဲ့လား (ဟုတ်ပါတယ် ဘုရား)။

ကိုင်း ဒါဖြင့် ဝေဒနာပစ္စယာ တဏှာတွင် မဟုတ်ပါဘူး။ဒီထဲ ခန္ဓာငါးပါး၊ သညာပစ္စယာ တဏှာ၊ ရူပ ပစ္စယာ (တဏှာပါ) အေး သင်္ခါရပစ္စယာ (တဏှာပါ ဘုရား)။

ဪ ခန္ဓာငါးပါး နောက်ကနေပြီး တဏှာလိုက်ပြီးသကာလ နေပြန်တော့ ဒီမှာလည်း အဝိဇ္ဇာသင်္ခါရ နောက်က နေပြီး အဝိဇ္ဇာသင်္ခါရဆိုတာလည်း ဒီတဏှာပါသေးတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) သင်္ခါရဆိုတော့ အကုသိုလ် သင်္ခါရဆိုတော့ တဏှာ မနေဘူးလား (နေပါတယ် ဘုရား)။

အင်း ဟင် ဒါဖြင့် ဒကာ ဒကာမတို့ လူမိုက်မှာ အဝိဇ္ဇာ သင်္ခါရ လာပြီးသကာလ ဒီခန္ဓာကြီး ခန္ဓာငါးပါးလည်း ဒုက္ခသစ္စာရယ်လို့ မသိတော့ ခင်မြဲ မခင်ဘူးလား (ခင်ပါတယ် ဘုရား) ခင်မြဲခင်ပြန်တော့ အဝိဇ္ဇာကော ပါရဲ့လား (ပါ-ပါတယ် ဘုရား)။

ဒါဖြင့် မသိ-ခင် (မှန်ပါ့) ဒီခန္ဓာ ငါးပါးကို ဘယ်လိုဖြစ်လာပါလိမ့် (မသိ-ခင်ပါ ဘုရား)။

ဪ နဂိုရ်တုန်းကတော့ မသိခင်ကြောင့် ခန္ဓာငါးပါးဖြစ်တယ် (မှန်ပါ့) ယခု ဒီဘဝမှာလည်း မသိခင် ပြန်ရပြန်တယ် (မှန်ပါ့) ဘယ်လိုဆိုကြပါ့မလည်း (မသိခင်ပြန်ရပါမယ်) ကိုယ်ကျိုးဖြင့် နည်းပြီး မောင်ကို ကိုယ့်ကျိုး နည်းပြီဟေ့ (မှန်ပါ့) မသိခင်ကြောင့် ဘာရထားသတုန်း (ခန္ဓာငါးပါးရထားပါတယ် ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားကြီး (ရပါတယ် ဘုရား) အသေသွားတဲ့ တရားကြီး ရထားတယ် (မှန်ပ့ါ) ယခု အသေသွားမည် တရားကြီးကျုပ်တို့ ဘာလုပ်နေပြန်ပါလိမ့် (ခင်နေပါတယ် ဘုရား)။

အင်း ခန္ဓာရယ်လို့ ဒုက္ခသစ္စာရယ်လို့ မသိတော့ မသိတာက အဝိဇ္ဇာ ခင်တာက (တဏှာပါ ဘုရား) သဘော ကျပလား (ကျပါပြီး)။

ဪ မသိ ခင်ကလာပြီး မသိခင်နဲ့ပဲ အခုကျုပ်တို့ နေပြန်တော့ ဪ ဒီမသိခင်ကလည်း ဒီခန္ဓာငါးပါး ပြန်လုပ်ဦးမှာဘဲ (မှန်ပါ့ ဘုရား) လုပ်မလား မလုပ်ဘူးလား (လုပ်ပါတယ် ဘုရား) အကြောင်းအကျိုး ဆက်ကြည်တော့ မပေါ်လာဘူးလား (ပေါ်လာပါတယ် ဘုရား)။

ဪ နဂိုရ်က ဘယ်ကလာခဲ့ပါလိမ့် (မသိခင်ကလာခဲ့ပါတယ် ဘုရား) မသိခင်ကလာလို့ ခန္ဓာငါးပါး ဒုက္ခသစ္စာ တရားကြီး ကိုယ်ပိုင် ပွေ့ပိုက်နေရတယ် (မှန်ပါ့ ဘုရား) မပိုက်ရဘူးလား (ပိုက်ရပါတယ်)။

မသိတာက အဝိဇ္ဇာ၊ ခင်တာက တဏှာ

ကိုယ်ပိုင်ပွေ့ပိုက်ပြီးသကာလ နေတဲ့အထဲမှာ မဟုတ်တာကို အဟုတ်ထင်ပြီးသကာလ ဒကာ ဒကာမတို့ ခန္ဓာရယ်လို့လည်း မသိ၊ သစ္စာရယ်လို့လည်း မသိတဲ့အခါကျတော့ မသိတာက ဘာခေါ်ကြမလည်း (အဝိဇ္ဇာပါ ဘုရား) ခင်တာက (တဏှာပါ ဘုရား)။

အင်းမသိခင်က လုပ်လိုက်တဲ့ ခန္ဓာငါးပါးကို ဒီခန္ဓာငါးပါးကိုပဲ တခါမသိခင် ထပ်ပေါ်လာပြန်တယ်ဆိုတော့ ကျုပ်တို့မှာဖြင့် နောက်ခန္ဓာနဲ့ အဆက်ပြတ်တို့ နောက်ခန္ဓာဒုက္ခသစ္စာကြီးနဲ့ အဆက်ပြတ်ဘို့ဖြင့် ဝေးပါသေးတယ် (ဝေးပါသေးတယ် ဘုရား)။

ဦးခင်မောင်ရေ ဘယ့်နှယ်နေကြသတုန်း (ဝေးပါသေးတယ် ဘုရား) ဦးဇံရင်တို့ သဘောပေါက်ကြရဲ့လား (ပါ- ပါတယ် ဘုရား)။

လာတာက ဘယ်ကလာသတုန်း (မသိခင်ကလာပါတယ် ဘုရား) အဝိဇ္ဇာပစ္စယာ သင်္ခါရဆိုတဲ့ မသိခင်က လာတယ် (မှန်ပါ့) မသိခင်က လုပ်လိုက်ခြင်းကြောင့် ခန္ဓာငါးပါး ဒုက္ဓသစ္စာတရား ပေါ်လာတယ် (ပေါ်လာတယ် ဘုရား) မပေါ်ကြဘူးလား (ပေါ်ပါတယ် ဘုရား)။

အခု ဒီခန္ဓာငါးပါး ဒုက္ခသစ္စာတရားကြီးကိုပဲ ဒကာ ဒကာမတွေက ခန္ခာကိုယ်ရယ်လို့မသိ၊ ဒုက္ခသစ္စာရယ်လို့ မသိတာက ဘာခေါ်ကြမယ် (အဝိဇ္ဇာပါ ဘုရား) အဝိဇ္ဇာမသိတော့ ခင်ပေးဦးမှာပဲ (မှန်ပါ့) ရရာခန္ဓာကြိး မခင်ပေဘူလား (ခင်ပါတယ် ဘုရား)။

ဪ ဒါဖြင့် ဒီဆေး ထပ်သောက်လို့ရှိရင်ဖြင့် ဒီအသေကောင်ပေါ်ဦးတော့မှာပဲ (မှန်ပါ့ ဘုရား) ဘယ့်နှယ် ဆိုကြမလည်း (ဒီဆေးသောက်ရင် ဒီအသေကောင် ပေါ်ဦးမှာပါဘဲ)။

အခုဟာက ဒီဆေးသောက်လို့ ဒီအသေကောင်ကြီး ပေါ်လာတာ (မှန်ပါ့) ဒီ ဒုက္ခသစ္စာတရားကြီး သေရမည့်ခန္ဓာကြီးပေါ်မလာဘူးလား (ပေါ်လာပါတယ် ဘုရား) ယခု ပေါ်လာတဲ့အချိန်မှာလဲ ဆေးပြောင်းသောက် သလား ဒီဆေးပဲ ထပ်သောက်သလား (ဒီဆေးပဲ ထပ်သောက်ပါတယ် ဘုရား)။

ကိုယ့်ကျိုးနည်းပြီး ဒကာ ဒကာမတို့ အဲဒါ သံသရာမှာ ဒီအတိုင်းလာခဲ့တယ် မှတ်လိုက်စမ်းပါ (မှန်ပါ့ ဘုရား) သဘောပါကြလား (ပါပါပြီ)။

အင်း ဟင် ဒီဆေးမှားကြောင့် ဒီခန္ဓာ ဘာသစ္စာပါလိမ့် (ဒုက္ခသစ္စာပါ ဘုရား) အင်း သေရာသွားတဲ့ ခန္ခာကြီး ရတယ်၊ မရကြဘူးလား (ရပါတယ် ဘုရား)။

သေရာသွားတဲ့ ခန္ဓာထုတ်ကြီး ရပြန်တော့ ဪ ဒီဟာကြီးကို သစ္စာဉာဏ်နဲ့လည်း လ မသိတဲ့အခါကျတော့ ဒီခန္ဓာကြီးကို ဒုက္ခသစ္စာရယ်လို့မသိ၊ အနိစ္စတရားရယ်လို့လဲ မသိပြန်တော့ မသိတာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) မသိရင် ဘာဖြစ်တော့မယ်ထင်သတုန်း (ခင်ပါတယ် ဘုရား) ခင်ဦးတော့မှာပဲဆိုတာ မသေချာဘူးလား (သေချာပါ တယ် ဘုရား)။

ဪ ဒါကြောင့် မသိခင်ကြောင့် ခန္ဓာငါးပါး ဒုက္ခသစ္စာပေါ်တယ် (မှန်ပါ့) ဒါကို ယခု သာသနာတွင်း ဆရာကောင်း သမားကောင်းနဲ့ မကြုံရင် မသိပြန်ဘူးဆိုလိုရှိရင် သူတို့မသိတဲ့ အဝိဇ္ဇာ သူတို့ခင်တဲ့ တဏှာကြောင့် အဝိဇ္ဇာပစ္စယာ သင်္ခါရာ ပြန်ပေါက်လာတယ် (မှန်ပါ့) မပေါက်ဘူးလား (ပေါက်ပါတယ် ဘုရား)။

အဲဒီတော့ နောက်ခန္ဓာငါးပါး လာမှာပဲ သေလို့ရှိရင် မလာဘူးလား လာမလား (လာပါတယ် ဘုရား)။

ဒါဖြင့် ဦးခင်မောင်တို့ မောင်ကိုတို့ ဒကာဝတို့ အားလုံးပဲ စဉ်းစားကြပါတော့ ဪ ကျုပ်တို့သည် မသိခင် ကြောင့် ဒုက္ခသစ္စာ ပေါက်ပွားတယ်၊ ဒုက္ခသစ္စာကို ဒုက္ခသစ္စာလို့ မသိခင် တခါလာပြန်တော့ နောက်ဒုက္ခသစ္စာ ပေါ်ရမလား မပေါ်ရဘူးလား (ပေါ်ရပါတယ် ဘုရား)။

ဒါ သံသရာအတိုနဲ့ လည်ပြတာပါတဲ့ ပဋိစ္စသမုပ္ပါဒ်နည်းနဲ့၊ သဘောပေါက်ကြလား (ပါ-ပါတယ်) အားလုံး ဒကာ ဒကာမတွေ ကျုပ်တို့ ရှေးဘဝက ဘယ်ကများ လာခဲ့ကြသတုန်း (မသိခင်ကလာပါတယ် ဘုရား)။

မသိခင်ကလာလို့ အခု ကျုပ်တို့မှာ မသိခင်လုပ်လိုက်တဲ့ ဒဏ်ရာကြီးဟာ အခု ခန္ဓာငါးပါး အသုဘတရား ဒုက္ခသစ္စာကြီးနဲ့ နေကြရပါတယ် (မှန်ပါ့ ဘုရား) ဘာနဲ့ နေကြရသလဲ (ဒုက္ခသစ္စာကြီးနဲ့ နေရပါတယ် ဘုရား)။

ခန္ဓာငါးပါး ဒုက္ခသစ္စာကြီးကို ပွေ့ပိုက်ပြီးသကာလယုယနေကြရတယ် (မှန်လှပါ ဘုရား) ဘယ်တော့မှလည်း သုဘဖြစ်မှာတုန်း (မဖြစ်ပါဘူး ဘုရား) ဘယ်တော့မှလည်း သုခသစ္စာကော (မဖြစ်ပါဘူး ဘုရား)။

အင်း ဟင် ကျုပ်တို့ အရုပ်ဆိုး အကျည်းတန်းကြီးကို ထားတယ်ဆိုတာလည်း ပေါ်ကြပလား (ပေါ်လာပါပြီ)။

အရုပ်ဆိုး အကျည်းတန်တာ မသိ

ဒီရုပ်ဆိုးအကျည်းတန်ကို အရုပ်ဆိုး အကျည်းတန်လို့ မသိပြန်တာက ဘာပါလိမ့် (အဝိဇ္ဇာပါ ဘုရား) ဒီခန္ခာထဲ ကပေါ်လာတဲ့ အဝိဇ္ဇာက ပြန်ပေါ်တယ် (ပြန်ပေါ်ပါတယ်) ပြန်ပေါ်လာတော့ ပြန်ပြီးသကာလ ခင်မှုကကော (ပေါ်ပါ တယ် ဘုရား)။

ဒါဖြင့် သူတို့နှစ်ခုကလည်း နောက်ယခု နှစ်ခုကလည်း ဘာလုပ်ဦးမှာပါလိမ့်မတုန်းလို့ မေးကြည့်ရင် ဘယ့်နှယ် ဖြေကြမလည်း (ဒုက္ခသစ္စာပဲ လုပ်ဦးမှာပါ ဘုရား) ခန္ခာငါးပါး ဒုက္ခသစ္စာတရားပဲ လုပ်ဦးမယ် (မှန်ပါ့)။

ဒကာ ဒကာမတို့ ကျုပ်တို့ဖြင့် ထွက်ပေါက်မြင်ကြသေးရဲ့လား (မမြင်ပါဘူး ဘုရား) ဒီဒုက္ခပြီး ဟို ဒုက္ခ ထမ်းရုံပဲ (မှန်ပါ့) ဘာကြောင့်တုန်း ဆိုလို့ရှိရင် ဒီနေရာမှာ မဂ္ဂဗြဟ္မစရိယာအကျင့်က ဒီနေရာမှာ သွင်းရမှာ မသွင်း နိုင်ဘူး (မှန်ပါ့)။

မသွင်းနိုင်ပဲနဲ့ ဆရာကောင်း သမားကောင်းလည်း မတွေ့ ဒကာ ဒကာမတွေမှာ ကိုယ့်ရိုးရာအတိုင်းသာ နေကြတော့မယ်ဆိုလို့ရှိရင်ဖြင့်တဲ့ ဒကာ ဒကာမတို့ ဒါ ဒီတုန်းက မိုက်ပြစ်သင့်တယ် မသင့်ဘူးလား (သင့်ပါတယ် ဘုရား)။

အဝိဇ္ဇာသင်္ခါရကို တည်ထောင်ခဲ့တဲ့အတွက် ခန္ဓာငါးပါး မိုက်ပြစ်သင့်တဲ့ တရားကြီး အမိုက်တရားကြီးကို ကျုပ်တို ရမထားဘူးလား (ရထားပါတယ် ဘုရား)။

ရတဲ့အထဲ ပြန်မိုက်ပြန်တယ် (မှန်လှပါ) မိုက်ခြင်းကြောင့် နောက်ဘာဖြစ်ဦးမလည်း ထင်သလည်း (အမိုက်ခန္ဓာ ဘဲ ပြန်ရပါမယ်) ခန္ခာငါးပါး ဒုက္ခသစ္စာတရားပဲ ဦးဝတို့ မောင်ကိုတို့ရမယ် (မှန်ပါ့ ဘုရား)။

မိုက်လက်စ သတ်သေးရဲ့လား

ဒါဖြင့် ဒို့မိုက်လက်စ သတ်သေးရဲ့လား (မသက်ပါဘူး ဘုရား) ဒီဥစ္စာမိုက်ပြစ်ကြောင့် ဒီ ဥစ္စာရတယ် (မှန်ပါ့) နောက်တခါ ထပ်မိုက်ပြန်တော့ (ဒုက္ခသစ္စာဘဲ ရပါတယ်) နောက်ထပ် ဒုက္ခသစ္စာရတယ် (မှန်ပါ့)။

ဒကာ ဒကာမတွေ ဒီနေ့ တရားသား ပေါ်လာပြီ (မှန်ပါ့) တရားသား ပေါ်လာပါပြီး အလုပ်မသွင်းရသေးဘူး မိုက်ပုံကို ဆက်ပြတာ (မှန်ပါ့ ဘုရား) အလုပ်မသွင်းရသေးပါဘူး ဒကာ ဒကာမတွေ ဘာဆက်ပြတာတုန်း (မိုက်ပုံကို ဆက်ပြတာပါ ဘုရား)။

အဲ တပည့်တော်တို့ ရှေးတုန်းက ဘာဖြစ်ခဲ့သတုန်းဘုရား၊ သံသရာကြီးက ရှည်လိုကတော့ မိုက်ခဲ့သည့် မိုက်ခဲ့တော မိုက်ခဲ့တာ (၁ နံပါတ်ပါ) မိုက်ပြစ်သင်တာက (၂ နံပါတ်ပါ) တခါထပ်မိုက်တာက (၃ နံပါတ်ပါ) ၃ နံပါတ်ပြီးသကာလ တခါမိုက်ပြစ်သင့်တာ (၄နံပါတ်ပါ ဘုရား)။

ဒီလိုချည်း လာခဲ့တယ်ဆိုတာဖြင့် မှတ်လိုက်တာပေါ့ (မှန်ပါ့ ဘုရား) ပေါ်ကြပလား (ပေါ်ပါပြီ) တယ်ဆိုးဝါး ပါကလား (ဆိုးဝါးပါတယ် ဘုရား) အင်မတန်ဆိုးဝါးတယ်ဆိုတာ ပေါ်ကြပလား ဒကာ ဒကာမတို့ (ပေါ်ပါပြီ)။

အခုတခါမှ ဒီနေရာမှာ မပြောင်းလို့ရှိရင် ကျုပ်တို့ဖြင့် ဒီထက်ကိုယ်ကျိုးနည်းတာရှာမတွေ့ပါဘူး (မှန်ပါ့ ဘုရား) ဒီနေရာ ပြောင်းရမည့်နေရာ (မှန်ပါ့)။

ဦးခင်မောင် (ပြောင်းရမည့် နေရာပါ ဘုရား) ၃-မှာပြောင်းရမယ် (မှန်လှပါ) ၁- ကတော့ ကျုပ်တော့ မိုက်ပြီးခဲ့ပြီ (မှန်လှပါ) ၂-ကပဲမိုက်ပြစ်သင့်ပြီးပြီ။မှန်ပါ့ မောင်ကို ၂-ကတော့ (မိုက်ပြစ်သင့်ပြီးပါပြီ) ၃-ပြန်မိုက်မယ်ဆို ရင် သွားပြီ (မှန်ပါ) မသွားသေးဘူးလား (သွားပါပြီ) ၃- ပြန်မိုက်လို့ရှိရင် ၄ -မိုက်ပြစ်သင့်တော့မယ် (မှန်ပါ့) မသင့်ပေဘူးလား (သင့်ပါတယ် ဘုရား)။

ဒကာ ဒကာမတို့ ဒီကောင်ကလေးက တယ်ဆိုးဝါးပါကလား တနေ့ တခါရိုက်ရသေး အခုလည်း အရိုက်ခံချင် ပြန်ပလားလို့ မေးရုံပဲ (မှန်ပါ့) ဒီပြင် မေးစရာများ ရှိသေးရဲ့လား (မရှိပါဘူး)။

အဲဒါကြောင့် ဒကာ ဒကာမတို့ လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်းကွဆိုတော့ ၃ – နံပါတ်မှာ ထူးတယ်လို့ ဒကာ ဒကာမတွေကမှတ်ပါ (မှန်ပ့ါ)။

ဒီဘက်ကလည်း ဒကာ ဒကာမတွေ သိတဲ့အတိုင်းပေါ့ဗျာ။၃ – နံပါတ်မှာထူးတယ်။၃- နံပါတ်ကတော့ လူလိမ်မာမှာ ဒကာ ဒကာမတို့ ဒီနေရာမာ မဂ္ဂဗြဟ္မစရိယာအကျင့် သွင်းလိုက်ပါတယ်။ဝိပဿနာရှုတဲ့မဂ်ကို သွင်း လိုက်ပါတယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

လူလိမ်မာမှာ မဂ္ဂဗြဟ္မစရိယာ သွင်းရမယ်

လူလိမ်မာမှာတော့ မဂ္ဂဗြဟ္မစရိယာ သွင်းရမယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ) လူလိမ်မာမှာ (မဂ္ဂဗြဟ္မ သွင်းရပါမယ်)။

ဒါဖြင့် ဒီခန္ခာငါးပါး ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မနုပဿနာ တခုခုကို ရှုလို့ရှိ ရင် မဂ္ဂဗြဟ္မစရိယာ ဒီနေရာမှာ ဖြစ်ပါတယ် (မှန်ပါ့ ဘုရား) ရှင်းပလား (ရှင်းပါပြီ) လူလိမ်မာက ဘာသွင်းသတုန်း ဒီနေရာမှာ (မဂ္ဂဗြဟ္မစရိယာ သွင်းပါတယ်)။

ကောင်းပြီ လူလိမ်မာက မဂ္ဂဗြဟ္မစရိယာအကျင့်ကို သွင်းတော့ လူမိုက်က ဒီဆေး ထပ်သောက်တယ် (မှန်ပါ့) ဒီဆေးထပ်သောက်တယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ) ကိုယ့်ရှေးဘဝက နှစ်ခုလုပ်ခဲ့တဲ့ အဝိဇ္ဇာသင်္ခါရကိုပဲ အဝိဇ္ဇာနဲ့ တဏှာကိုပဲ ဒီဘဝမှာ အဝိဇ္ဇာနဲ့တဏှာ ပြန်သောက်ပြန်တယ် (မှန်ပါ့) ဒီဆေးသောက်လို့ ဒီခန္ဓာကြီး အရုပ် ဆိုးကြီး ရထားတယ် ဒီဆေးပြန်သောက်တယ် (မှန်ပါ့ ဘုရား)။

ဒီဆေးပြန်သောက်တော့ နောက်စုတိမနေ သေလွန်တော့ ဒီခန္ဓာငါးပါး ဒုက္ခသစ္စာကြီးပဲ ပြန်ရလေဦးမှာပဲ (မှန်ပါ့)။

ဒါဖြင့် ဒီဆေးပြန်သောက်လို့ တော်ပ့ါမလား (မတော်ပါဘူး ဘုရား) ဒါဖြင့် မတော်လို့ရှိရင် ဒီနေရာ ဘာသွင်းရ မယ် (မဂ္ဂဗြဟ္မစရိယာ သွင်းရပါမယ် ဘုရား)။

လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်း

ဒါဖြင့် လူမိုက်နဲ့လူလိမ်မာ ဘာထူးသတုန်းကွလို့ မေးတဲ့အခါ မနေ့က ဗလပဏ္ဍိတသုတ် သံယုတ်ပါဠိတော် ကြီးကို ပြန်ကောက်ပြီးသကာလ ဒကာ ဒကာမတွေ ရှင်းပေးနေတဲ့အတွက် ဪ မဂ္ဂဗြဟ္မစရိယာ သွင်းတာနဲ့ အဝိဇ္ဇာ တဏှာဖြစ်ပြီးသကာလ သွင်းတာနဲ့ ကွာခြားတယ် (မှန်လှပါ ဘုရား) သဘောကျပလား (ကျပါပြီ)။

လူလိမ်မာတော့ ဘာသွင်းလိုက်တယ် (မဂ္ဂဗြဟ္မစရိယာသွင်းလိုက်ပါတယ်) မဂ္ဂဗြဟ္မစရိယာသွင်းလိုက်တယ်။လူမိုက်မှာတော့ အဝိဇ္ဇာတဏှာ ပြန်လာတယ် (မှန်ပါ့) ရှင်းကြပလား (ရှင်းပါပြီ)။

ဒါဖြင့် ဒကာ ဒကာမတို့ လူလိမ်မာနဲ့ လူမိုက် ဘာထူးသတုန်းကွလို့ ဘုရားက မေးလိုက်တဲ့အခါကျလို့ရှိရင် ရဟန်းတွေက မဖြေနိုင်ဘူးဆိုလို့ကွာတဲ့ ငါသေသေချာချာရှင်းပြပါမယ် လူမိုက်ကတော့ ၃ – နံပါတ်မှာ မဂ္ဂဗြဟ္မစရိယာ မသွင်းပဲနဲ့ အဝိဇ္ဇာ တဏှာပြန်သွင်းတယ် (မှန်ပါ့)။

ဒီခန္ဓာကြီး ခန္ဓာဒုက္ခသစ္စာရယ်လို့ ရောက်ပြီးမှ မသိတာ ဘာဆိုကြမယ် (အဝိဇ္ဇာပါ ဘုရား) ဒါဖြင့် မသိရောက်ရာ ခင်ကြတာ ဘာဆိုကြမယ် (တဏှာပါ ဘုရား)။

ဒါဖြင့် လူမိုက်မှာ အဝိဇ္ဇာတဏှာကြောင့် ခန္ခာဖြစ်တယ် အဝိဇ္ဇာတဏှာပဲ ပြန်ပြီးသကာလ လာပြန်တော့ ဒီဆေး ပြန်သောက်တဲ့ အဓိပ္ပါယ် မရောက်ဘူးလား (ရောက်ပါတယ် ဘုရား) နဂိုရ်သောက်တဲ့ ဆေးမှားကြီးပဲ အခု ဒုတိယ ပြန်သောက်တဲ့ အဓိပ္ပါယ်မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် လူလိမ်မာကတော့ ဘာထူးသတုန်းကွဆိုတော့ ဒီဆေး ပြန်မသောက်ဘူးကွာတဲ့ မဂ္ဂဗြဟ္မစရိယာ အကျင့်ကိုသွင်းလိုက်တယ် (မှန်ပါ့) သွင်းလိုက်တော့ မောင်ကို ဒီဘက်က ခန္ဓာတွေ လာဦးမလာ (မလာပါဘူး)။

ဒါဖြင့် ကျုပ်တို့မှာဖြင့် ဪ ဖြတ်လမ်းတွေ့ပြီ (မှန်ပါ့) ဒကာ ဒကာမတို့ ဘာတွေ့ပါလိမ့် (ဖြတ်လမ်းတွေ ပါတယ် ဘုရား)။

ဖြတ်လမ်းတွေ့ပြီ

ဖြတ်လမ်းတွေ့ပြီနော် ဖြတ်လမ်းတွေ့တာတုန်းဆိုတော့ ဒီဘက်မှာ အသေတွေ မပေါ်တော့ဘူး (မှန်ပါ့) ပေါ်ပါ့မလား (မပေါ်ပါဘူး ဘုရား) ဒီအသ သေပြီးရင် နောက်အသေခန္ဓာ လာသေးရဲ့လား (မလာပါဘူး ဘုရား)။

ဒါဖြင့် အသေ-သေပြီးသကာလ ဒီနေ့တရားစလိုက်ကတည်းက သေရာကို ပြေးသေလိုက်၊ သေပြီး ခန္ဓာပြောင်း ပြီး ထမ်းပြီး ပြေးလိုက်သေလိုက်၊ အဲဒီဇာတ်တွေ အကုန်သိမ်းပါတယ် (မှန်ပါ့ ဘုရား) မောင်သစ်တို့ ရိပ်မိပါလား (ရိမ်မိပါပြီ)။

ဒကာ ဒကာမတို့ ဘာသွင်းရပါမယ် (မဂ္ဂဗြဟ္မစရိယာ သွင်းရပါမယ်) လူမိုက်က ဘာသွင်းပါလိမ့် (အဝိဇ္ဇာ တဏှာသွင်းပါတယ် ဘုရား) ဪ အဝိဇ္ဇာနဲ့တဏှာ ဒီဆေးပြန်သောက်တယ် (မှန်ပါ့ ဘုရား)

အဝိဇ္ဇာတဏှာကြောင့် ဒီဆေးဆိုတာကြောင့် ပဋ္ဌမဆေးကိုက ဆေးမှားကြီး(မှန်ပါ့) နောက်ဒီဆေး ပြန်သောက်တယ် အဝိဇ္ဇာတဏှာပဲ ပြန်လုပ်တယ်ဆိုတော့ ဆေးမှားကြီး ပြန်သောက်ူရာ မရောက်ဘူးလား (ရောက်ပါတယ် ဘုရား)။

ဒါဖြင့် ဒကာ ဒကာမတို့ ဆေးပြောင်းကြစို့ရဲ့ နောက် (မှန်ပါ့) ဘယ်လိုများ ဆရာဘုန်းကြီး အမိန့်ရှိပါလိမ့် (ဆေးပြောင်းကြစို့ရဲ့) ဆေးပြောင်းကြစိုးရဲ့ဆိုတော့ ဒကာ ဒကာမတို့ မပြောင်းရင် မဖြစ်တော့ဘူး (မှန်ပါ့) မပြောင်း ရင်ဖြင့် အရင်သေသွားတဲ့ ဒီသေပွဲပြီး ဟိုသေပွဲတွေ့မှာပဲ (မှန်ပါ့) မတွေ့ပေဘူးလား (တွေ့ပါတယ် ဘုရား)။

အဲဒီတော့ အသေဆိုတာဘာလဲ ကောင်းပါရဲ့လား (မကောင်းပါဘူး) အသေဆိုတာလည်း မကောင်းဘူးတဲ့ သေတယ်ဆိုတာကလည်း နေပြီးမှ သေရမှာဖြစ်တော့ နေတာကလည်း အပါယ်လေးပါးမှာ နေရမှာ (မှန်ပါ) သေတော့ကော (အပါယ်လေးပါးမှာပါပဲ) အပါယ်လေးပါးဖြစ်တဲ့ ခန္ဓာကိုလည်း အပါယ်လေးပါး သေရမယ် (မှန်ပါ့)။

ဒါကြောင့် ဒကာ ဒကာမတို့ အင်း ဟင် လူမိုက်နဲ့ လူလိမ်မာ ဘာထူးသလည်းကွလို့ ဘုရားသခင်ကိုယ်တော် မြတ်ကြီးက နိဒါနဝဂ္ဂသံယုတ်ပါဠိတော်မှာ ဘာထူးသတုန်းဆိုတော့ ယနေ့ ထူးပုံကလေး မပေါ်သေးဘူးလား (ပေါ်ပါပြီ ဘုရား)။

လူလိမ်မာက (မဂ္ဂဗြဟ္မစရိယာသွင်းပါတယ်) ၃ နံပါတ်မှာ (မဂ္ဂဗြဟ္မစရိယာသွင်းပါတယ်) နံပါတ်လေးကလည်း မှတ်ထား (မှန်ပါ့) တစ်-နှစ်-သုံး- သဘောကျရဲ့လား (မှန်ပါ့)။

၃- နံပါတ်မှာ မဂ္ဂဗြဟ္မစရိယာသွင်းလိုက်တယ် လိုက်မိုက်ကဘာ သွင်းလိုက်ပါလိမ့် (အဝိဇ္ဇာတဏှာသွင်း လိုက်ပါတယ်) အဝိဇ္ဇာနဲ့ တဏှာ ပြန်သွင်းတယ် လူမိုက်က နော် (မှန်ပါ့)

ဪ ဒါ ခြားနားပါကလား ဆိုတော့ ဒါဖြင့် လက်ရှိခန္ဓာနောက်က အဝိဇ္ဇာနဲ့ တဏှာမလာစေနဲ့ (မှန်ပါ့) ဝိဇ္ဇာနဲ့ အလောဘ လာပါစေဆိုတဲ့ အဓိပ္ပါယ်ဟောတယ် (ဟောပါတယ် ဘုရား) ဝိဇ္ဇာနဲ့ (အလောဘ လာပါစေ)။

ဝိဇ္ဇာနဲ့ အလောဘ လာတယ်ဆိုတော့ ဝိဇ္ဇာနဲ့ အလောဘဆိုတာ ဒကာ ဒကာမတို့ လောကီမဂ္ဂင်ငါးပါးကိုဆို တာ (မှန်ပါ့) ရိပ်မိကြပလား (ရိပ်မိပါပြီ) ဝိဇ္ဇာမဂ္ဂင် လာကြပါစေဆိုတဲ့ ဥစ္စာ သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ယနေ့ နည်းနည်း ခြားနားသွားပါပြီတဲ့ ဒကာ ဒကာမတွေ လူမိုက်နဲ့လူလိမ်မာ ဘာထူးပါလိမ့် (မဂ္ဂဗြဟ္မ စရိယာ သွင်းပါတယ်) ၃-နံပါတ်မှာ မဂ္ဂဗြဟ္မစရိယာသွင်းတယ် ရှင်းပါလား (ရှင်းပါပြီ)။

မောင်ကို ဘယ့်နှယ်တုန်းကွ (၃-နံပါတ်မှာ မဂ္ဂဗြဟ္မစရိယာ သွင်းပါတယ်) နောက်က ဒကာ ဒကာမတွေ (၃ နံပါတ်မှာ မဂ္ဂဗြဟ္မသွင်းပါတယ်)။

ဒါက အဝိဇ္ဇာတဏှာကြောင့် အခု လက်ရှိခန္ဓာကြီးက ခင်ဗျားတို့ ဒါခန္ဓာ (မှန်ပါ့) အတိတ်ဘဝက အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာငါးပါးကြီး ပေါ်မနေဘူးလား (ပေါ်နေပါတယ် ဘုရား)။

ဒါဖြင့် အဝိဇ္ဇာသင်္ခါရက အလုပ်သမား လက်သည်မို့ ၁ (မှန်ပါ့) ခန္ဓာငါးပါးက လုပ်တဲ့ အကျိုးမို့ ၂ (မှန်ပါ့) ပြန်မိုက်တဲ့ဥစ္စာက ခန္ဓာငါးပါးရပြီ ကိုယ့်ခန္ဓာ-ကိုယ်ခန္ဓာရယ်လို့ ဒုက္ခသစ္စာရယ်လို့ မသိ၊ ဖြစ်ပျက်ရယ်လို့ မသိတာက အဝိဇ္ဇာ (မှန်ပါ့) မသိတော့ ကိုယ့်ခန္ဓာကြီး ကိုယ်မခင်ကြဘူးလား (ခင်ပါတယ် ဘုရား) ခင်တာက (တဏှာပါ ဘုရား)။

ဒါဖြင့် အဝိဇ္ဇာတဏှာကြောင့် နောက်ဘာဖြစ်ဦးမယ်ထင်သေးသတုန်း (ခန္ဓာငါးပါးဖြစ်ပါတယ် ဘုရား) နောက် ခန္ဓာငါးပါးရမယ်ဆိုတာက မသေချာဘူးလား (သေချာပါတယ်)။

အို ၁ နဲ့ ၂ ကလုံလောက်ပေါ့၊ နောက် ၁ နဲ့ ၂ ကလည်း ဒီအတိုင်းလာမှာပေါ့ (မှန်ပါ့ ဘုရား) ဒီပြင် ဘာများ ပြောင်းလွဲစရာ ရှိသေးသတုန်း (မရှိပါဘူး)။

ကိုင်း ဒါဖြင့် ဒကာ ဒကာမတို့ ဒီဆေးဘဲ ပြန်သောက်တယ်လို့ အဋ္ဌကထာဆရာဖွင့်လိုက်တာ သိပ်ကိုက်တယ် (ကိုက်ပါတယ် ဘုရား)။

ဆေးမှားပြီးသောက်လို့

ပဋ္ဌမ ဒီဆေးမှားပြီးသောက်လို့ ဒီခန္ဓာဒုက္ခသစ္စာကြီးရတယ် (ရပါတယ် ဘုရား) ဒီဆေး မှားသောက်ပြန်တော့ ဘယ့်နှယ်ဆိုကြမလည်း (နောက်ခန္ဓာရပါတယ်) နောက်ခန္ဓာ ဒုက္ခသစ္စာကြီး မရချင်ပါဘူးဆိုလို့ နေနိုင်ကြပါ့မလား (မနေနိုင်ပါဘူး ဘုရား)။

ဒါဖြင့် ဘုန်းကြီးတို့ ဒကာ ဒကာမတွေ တသံသရာလုံးဟာ ဒီဆေးချည်း ထပ်ထပ်ပြီးသောက်တယ် (မှန်ပါ့) ဘယ်လိုဆိုကြပါမလည်း (ဒီဆေးချည်ထပ်သောက်ပါတယ်) အဝိဇ္ဇာနဲ့ တဏှာကြောင့် ဒီခန္ဓာဖြစ်တယ် (မှန်ပါ့)။

ဟာ ဒီဆေးကောင်းတယ်ထင်လို့ ဒီဘဝကျတော့လည်း လက်ရှိခန္ဓာကြီးကို အနိစ္စလက္ခဏာ ဝိပဿနာလက္ခဏာ တွေလည်း မရှုဘဲနဲ့ ခန္ဓာရယ်လို့လည်းမသိ သစ္စာရယ်လိုလည်း မသိတော့ အဝိဇ္ဇာက လာပြန်တယ် (မှန်ပါ့) အဝိဇ္ဇာ လာပြန်တော့ တဏှာက ဒီခန္ဓာ ဘယ့်နှယ်နေပြန်လည်း မခင်ဘူးလား (ခင်ပါတယ် ဘုရား) ခင်တော့ ဒီဆေး ထပ်သောက် ရာ မရောက်ဘူးလား (ရောက်ပါတယ်)။

ဒီဆေးထပ်သောက်လို့ရှိရင်ဖြင့် ဒီအသေကြီး ရဦးမှာလား (ရမှာပါ) ဒီအသေထဲ ဆင်းရဦးမှလား (ဆင်ရမှာပါ) ဒီအသေပြီးရင် ဒီအသေရမှာပဲ (မှန်ပါ့)။

ဒါဖြင့် မောင်ကိုတို့ ဒကာဝတို့ ကျုပ်တို့မှာ တယ်နစ်နာပါကလား (နစ်နာပါတယ်) ဒါဖြင့် ဒီခန္ဓာငါးပါးကို ကျုပ်တို့သည် ဝိပဿနာ မရှုလို့ရှိရင်ဖြင့် မဂ္ဂဗြဟ္မစရိယာ အကျင့် ဖြစ်ပါတော့မလား (မဖြစ်ပါဘူး ဘုရား) သဘောကျပလား (ကျပါပြီ)။

ဒါဖြင့် ဒီခန္ဓာငါးပါး ဘာလုပ်ရမလည်း (ဝိပဿနာရှုရပါမယ်) ရှုရလိမ့်မယ်နော်၊ ဝိပဿနာရှုလိုက်တဲ့အခါ ကျတော့ သူက ဝိပဿနာ အရှုခံတရား၊ သူက ရှုဉာဏ်တရား သွားဖြစ်မယ် (မှန်ပါ့ ဘုရား)။

အရှုခံတရား၊ ရှုဉာဏ်တရား(မှန်ပ့ါ) အရှုခံနဲ့ ရှုဉာဏ်နဲ့ ကိုက်မှသာလျှင် ဒကာ ဒကာမတို့ ဒီဉာဏ်လောက်တော့ ခုနင်က ဒီဥစ္စာကို အနိစ္စ ဒုက္ခ အနတ္တလို့ ခင်ဗျားတို့ဉာဏ်နဲ့ ဘုန်းကြီးက ထင်မြင်အောင်လည်း ပြောပါ့မယ် (မှန်ပါ့) ရှုနည်းကိုလည်း သေသေချာချာ ပြမှာပဲ၊ နဂိုရ်ကလည်း ပြနေတာပဲ၊ သို့သော် ဒီနှစ်ပိုပြီးသကာလ ပြမယ် (မှန်ပါ့)။

ဒါဖြင့် ဒကာ ဒကာမတို့ အသေလက်စ သတ်နိုင်ပါ့မလား (မသက်နိုင်ပါဘူး) အသေလက်စ မသက်နိုင်ဘူးဆို တာသေချာပလား (သေချာပါပြီ)။

ဒါဖြင့် အသေလက်စကို သတ်နိုင်တဲ့နည်းသည် မဂ္ဂဗြဟ္မစရိယာပဲ ရှိတော့တယ် (မှန်ပါ့ ဘုရား) ဘယ်လိုပါလိမ့် (အသေသတ်နိုင်တဲ့ မဂ္ဂဗြဟ္မစရိယာပဲ ရှိပါတယ်)။

မဂ္ဂဗြဟ္မစရိယာအကျင့်ပဲ ကျုပ်တို့ဖြင့် ကိုးစားရာ အားထားစရာအစစ် ဦးဝတို့ မောင်ကိုတို့ ဒါပဲရှိတော့တယ် (မှန်ပါ့ ဘုရား) ဒါမှ မကျင့်တော့ဘူးဆိုရင်ဖြင့် အဝိဇ္ဇာတဏှာ ပြန်လာမှာပဲ (မှန်ပ့ါ) လာရင်ဘာရမလည်း (ခန္ဓာငါးပါး ဒုက္ခသစ္စာတရားပြန်ရပါမယ်) ခန္ဓာငါးပါး ဒုက္ခသစ္စာတရား ပြန်ရမှာ မဟုတ်လား (မှန်ပါ့ ဘုရား)။

ကိုင်းဒါဖြင့် ဒကာ ဒကာမတို့ ဘာအရေးကြီးသတုန်းဆိုတော့ ၃ – နံပါတ်မှာ ဘာပြောင်းကြရမလည်း (မဂ္ဂ ဗြဟ္မစရိယာပြောင်းရပါမယ်) ၃ နံပါတ်မှာ မဂ္ဂဗြဟ္မစရိယာ အကျင့်ကို မပြောင်းရင် တော်ပ့ါမလား (မတော်ပါဘူး ဘုရား)။

သတိပဋ္ဌာန် ဟောရတော့မယ်

အဲဒီတော့ ဘုန်းကြီး သတိပဋ္ဌာန် ဟောရတော့မယ် မဟောလို့ရှိရင်ဖြစ်ပါ့မလား (မဖြစ်ပါဘူး)။

ကဲခန္ဓာငါးပါး ခွဲကြစို့ဆိုတော့ ရုပ်တရားက ကာယာနုပဿနာနော် (မှန်ပ့ါ) ရုပ်တရားက ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ်က (စိတ္တာနုပဿနာပါ ဘုရား) ကျန်တဲ့ စေတသိတ်ကေလးတွေက (ဓမ္မနုပဿနာပါ ဘုရား)။

ဓမ္မာနုပဿနာဆိုတော့ သတိပဋ္ဌာန်မှာ ဒကာ ဒကာမတို့ သတိပဋ္ဌာန် လေးမျိုးထဲက တပါးပါးဖြင့် ကျုပ်တို့ အားကိုးရတော့မယ် (မှန်ပါ့ ဘုရား) ခန္ဓာငါးပါးကို ဝေဖန်လိုက်တော့ သတိပဋ္ဌာန်လေးပါးလာဖြစ်တယ် (မှန်ပါ့ ဘုရား)။

ခန္ဓာငါးပါး ဝေဖန်လိုက်တော့ သတိပဋ္ဌာန်လေးပါးဖြစ်ပါတယ် ဘုရား) ပဋိစ္စသမုပ္ပါဒ် ပေါင်းလိုက်ပြန်တော့ လည်း (ခန္ဓာငါးပါးဖြစ်ပါတယ်) ခန္ဓာငါးပါး တခါ သတိပဋ္ဌာန်နဲ့ ဝေဖန်လိုက်တော့ ဘယ်လောက်ရသလည်း (လေးပါးရ ပါတယ်)။

အဲဒီ သတိပဋ္ဌာန်လေးပါးဖြစ်သွားတော့မှ ဒီက မဂ္ဂဗြဟ္မစရိယာနဲ့ နောက်က ကျုပ်တို့က လိုက်ရမယ် (မှန်ပါ့) သဘောကျပလား (ကျပါပြီ)။

အခုတော့ နာရီစေ့ပြီ နက်ဖြန်မှ ဆက်ကြဦးစို့။

သာဓု သာဓု သာဓု။